【 သရော်စာ 】ဒီဇင်ဘာ၊ ဆေးလိပ် နှင့် သန့် နှစ်သန့်

【  သရော်စာ  】ဒီဇင်ဘာ၊ ဆေးလိပ် နှင့် သန့် နှစ်သန့်

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်ပါသည် တဲ့။
အခုတလော စီးကရက်ဗူးခွံတွေမှာ အဲ့ဒီ စာသားလေးတွေမြင်တိုင်း ဟော့ဒီဆောင်းတွင်း အခါသမယမှာ ဆေးလိပ်ကြောင့် ကံဆိုးသွားရတဲ့ မြန်မာ့သမိုင်းထဲက လူနှစ်ယောက် အကြောင်းကို တွေးမိတယ်။

တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်ဟာ နာမည်လည်း တူကြသဗျ။ပထမ တစ်ယောက် ကတော့ ဦးသန့် တဲ့။
ပန်းတနော်ဦးသန့်လို့ ခေါ်တဲ့ ကျောင်းဆရာကြီး။
မြန်မာလူမျိုးတွေရဲ့ ထာဝရဂုဏ်ယူဖွယ်ရှိတဲ့ ကုလသမဂအတွင်းရေးမှူးချုုပ်၊ နိုင်ငံတကာက လေးစားရတဲ့ ဆရာကြီး။
ဦးသန့်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ဆောင်ချက်တွေကတော့လူတိုင်းသိပြီးသားပါ။
နောက်ဆုံးမှာ သူဟာ ကုလသမဂ က အငြိမ်းစားယူပြီး မကြာခင်ပဲ ပါးချောင်ကင်ဆာ နဲ့ ကွယ်လွန်ခဲ့ပါတယ်။
အဓိက ပြသနာကတော့ ဦးသန့်ဟာ အမြဲတမ်း ဆေးပြင်းလိပ်ကို ခဲထားတတ်တဲ့ အကျင့်
ကြောင့် ဒီကင်ဆာရောဂါဖြစ်ပွားခဲ့ရတာပါ။
ဦးသန့်ဟာ ၁၉၇၄ နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပြီး အခုလို ဒီဇင်ဘာလမှာတော့ ဦးသန့်ရဲ့ အလောင်းကို မြန်မာပြည်ပြန်သယ်လာခဲ့ပါတယ်။
''ငါ့မိန်းမတောင် ကြံတောပဲမြုပ်တာ..ဒီကောင်ကြီးလည်း ကြံတောပဲ ထားလိုက်ကွာ'' ဆိုတဲ့  အာဏာရှင်ဦးနေဝင်းရဲ့ အောက်တန်းကျလှတဲ့အပြုအမူတွေကြောင့် ဦးသန့်ကို လေးစားတဲ့ ကျောင်းသားတွေ ရဲ့ ဆန်ကျင်ပုန်ကန်တဲ့ ဦးသန့်အရေးအခင်းဖြစ်ခဲ့ရပါတယ်။

ဆေးလိပ်ကြောင့် နောက်ထပ်တိုင်ပတ်ခဲ့ရတဲ့ ဦးသန့် နဲ့ နာမည်တူ တစ်ယောက်ကတော့ မောင်သန့်ပါ။
သူကတော့ ဦးသန့်ထက် စီနီယာကျပါတယ်။ ၁၈၉၀ ခုနှစ်တစ်ဝိုက် မြင်းခြံနယ်တဝိုက်မှာ ပေါ်ခဲ့တဲ့ မောင်သန့်ပါ။
မောင်သန့် ဟာ မြင်းခြံနယ်ရွာကြီးတစ်ရွာက သူကြီးအိမ်မှာ မြင်းထိန်း၊ နွားကျောင်း အလုပ်ကို လုပ်ရတဲ့ အလုပ်သမားလေးပါ။
သူ့အလုပ်က မနက်စောစောဆို မြင်းတွေ၊ နွားတွေကို ကောက်ရိုးစင်းပြီး ကျွေးရပါတယ်။
အခုလို ဒီဇင်ဘာမနက်ခင်းတစ်ခုမှာ အညာဆောင်းဟာ အေးလွန်းလှပါတယ်။
မောင်သန့်ဟာ အညာစောင်ထူထူကြီးကို ပတ်ပြီး ပြောင်းဖူးဖတ်ဆေးလိပ်လေးတစ်ဖွာဖွာနဲ့ နွားစာစင်းတာပေါ့။

ဖြစ်ချင်တော့ မြောက်ပြန်လေတစ်ချက်အဝေ့မှာ ပြောင်းဖူးဖက်ဆေးလိပ်က မီးဖွားတွေဟာ မောင်သန့်ရဲ့ ပုခုံးမှာ ပတ်ထားတဲ့ အညာစောင်ကြီးပေါ်ကျပြီး မောင်သန့်ရဲ့ ပုခုံးက အညာစောင်ကြီး မီးဆွဲပါတော့တယ်။
အလုပ်ထဲ အာရုံရောက်နေတဲ့ မောင်သန့်ဟာ သူ့ပုခုံးပေါ်မီးဖွားကျပြီး မီးခိုးတွေအူနေတာကို လုံးဝမသိရှာပါဘူး။ အညာစောင်ဆိုတာကလည်း အထူးကြီးကိုး။
ဒါပေမယ့် …အဲ့ဒီမြင်ကွင်းကို သူကြီးအိမ်ဝရံတာမှာ ရှိနေတဲ့ သူကြီးကတော်က မြင်လိုက်ပါ တယ်။
သူကြီးကတော်က မြင်မြင်ခြင်းပဲ..သူကြီးကို လှမ်းခေါ်ပြီးပြပါတယ်။
သူတို့နှစ်ယောက်လုံး ပြိုင်တူချလိုက်တဲ့ မှတ်ချက်က…….
''မောင်သန့် ဟာ လက်ရုံးက မီးတောက်နေပြီ..ဒါဟာ..မင်းလောင်းဖြစ်မယ့် နိမိတ်ပဲ''
တကယ်လည်း မောင်သန့် ရုံထားတဲ့ အညာစောင်ကြီးက မီးတွေတောက်လာတဲ့အခါ မနည်းငြိမ်း ရသတ်ရပါတယ်။

မုဆိုးဖိုရွာသူကြီးကနေ ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့တဲ့ ဦးအောင်ဇေယျတုန်းကလည်း လက်ရုံးမီးတောက်ခဲ့တယ်လို့ ကြားဖူးခဲ့ကြတယ်မဟုတ်လား။
ပြောရရင် သူကြီးက စလိုက်တဲ့ဇာတ်လမ်းအရ နောက်ဆုံး မောင်သန့်ဟာ သူကြီး သမီးနဲ့
ပေးစားခံရပြီး သူကြီးသမက်ဖြစ်လာတဲ့အပြင် တစ်ရွာလုံးက မောင်သန့်ဟာ မင်းလောင်းပဲ ဆိုပြီး သတ်မှတ်လိုက်ကြတယ်။
တကယ်တော့ မောင်သန့်ခမျာလည်း အူကြောင်ကြောင်ပါ။
ဖြစ်စဉ်ရဲ့ အဓိက အကြောင်းကို ဘာကြောင့်မှန်းသူမသိရှာပါဘူး။

နောက်ဆုံးတော့ မြင်းခြံနယ်တဝိုက်ရွာတွေက မင်းလောင်းမောင်သန့်၊ မင်းလောင်းမောင်သန့် ဆိုပြီး လာဖူးကြ၊ ပဏ္ဍာဆက်ကြနဲ့ နောက်ဆုံးမှာ မောင်သန့် ဟာ ရှင်ဘုရင်ပိုး ဝင်သွား ပါတော့ တယ်။

ရှင်ဘုရင်ပိုး ဝင်ပြီဆိုတော့ အမတ်ပိုး၊ စစ်သူကြီးပိုးဝင်တဲ့လူတွေကလည်း လာစုကြတော့ နောက်ဆုံး အင်္ဂလိပ်အစိုးရနဲ့ ဖိုက်တဲ့ အဆင့်ရောက်ကုန်ပါလေရောလား။
ခက်တာက မင်းလောင်း မောင်သန့် ဟာ မျိုးချစ်စိတ် ဘာညာတိတိပပ ရှိတာမဟုတ်ပဲ ဘေးက ဝိုင်းမြှောက်ပေးတာကြောင့် သူ့ကိုယ်သူ ရှင်ဘုရင်လောင်းလို့ တကယ်မှတ်ထင်ပြီး ဓါးလှံတွေနဲ့ အင်္ဂလိပ်အစိုးရကို ဖြစ်သလို တော်လှန်တာပါပဲ။
နောက်ဆုံးတော့ တစ်နှစ်မကြာဘူး။ မောင်သန့် လည်း အင်္ဂလိပ်တွေ လက်ချက်နဲ့ မာလကီးယားတော့တာပါပဲ။

ဒီနေ့ ဒီအခါမှာ ကိုယ်တိုင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မဟုတ်ပဲ ဘေးက လူအချို့ ဝိုင်းမြှောက်ပေးတာကြောင့် စင်ပေါ်တက်နေရတဲ့ လူတစ်ချို့ကို မြင်ရတဲ့အခါ မင်းလောင်း
မောင်သန့် ကို သတိရမိတယ်။
ဒါပေမယ့်..မင်းလောင်းမောင်သန့် ကမှ နယ်ချဲ့အစိုးရကို တနည်းတစ်ဖုံ အနှောင့်အယှက်
ပေးပြီး တိုင်းပြည်အကျိုးကို ပြုခဲ့ပါသေးတယ်။
အခုခေတ် ဝေလေလေတစ်စုကတော့ နေရာတကာ သောက်ကျိုးနည်း အကွက်တွေခင်းပြီး နောက်ပြန်ဆွဲဖို့ ကြိုးပမ်းနေကြဆဲပါ။
သူတို့ကြောင့် မြန်မာပြည်ဟာ ဘောကျနေတဲ့ အပြေးသမားတစ်ယောက်လို ဖြစ်နေပါတယ်။
ပြေးတော့ ပြေးပါရဲ့ ဘောကြီးက ကြီးနေလို့ သူ့ကို မနေရတာနဲ့ လိုရာကို မရောက်နိုင်ဘူး။
…………..
တကယ်တော့ ကုလသမဂအတွင်းရေးမှူးချုပ် ဦးသန့် နဲ့ မင်းလောင်းမောင်သန့် ဟာ ဘာမှကို မဆိုင်တာပါ။
နာမည်တူတာက လွဲပြီး အရည်အချင်းက တခြားစီပါ။
ဒါပေမယ့်..သူတို့ ကံအကြောင်းတရားတွေကို ဟော့ဒီလို ဒီဇင်ဘာလမှာ ဆေးလိပ်က ဆုံးဖြတ်ပေးသွားတာခြင်းတော့ တူတယ်လို့ မောင်ဗြိ တွေးမိတာလေးကို ရေးကြည့်တာပါဗျာ။

ဗြိတိသျှကိုကိုမောင် 

(  Zawgyi  )

 ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးကို ဆိုး႐ြာစြာ ထိခိုက္ေစႏိုင္ပါသည္ တဲ့။
အခုတေလာ စီးကရက္ဗူးခြံေတြမွာ အဲ့ဒီ စာသားေလးေတြျမင္တိုင္း ေဟာ့ဒီေဆာင္းတြင္း အခါသမယမွာ ေဆးလိပ္ေၾကာင့္ ကံဆိုးသြားရတဲ့ ျမန္မာ့သမိုင္းထဲက လူႏွစ္ေယာက္ အေၾကာင္းကို ေတြးမိတယ္။

တိုက္တိုက္ဆိုင္ဆိုင္ သူတို႔ႏွစ္ေယာက္ဟာ နာမည္လည္း တူၾကသဗ်။ပထမ တစ္ေယာက္ ကေတာ့ ဦးသန႔္ တဲ့။
ပန္းတေနာ္ဦးသန႔္လို႔ ေခၚတဲ့ ေက်ာင္းဆရာႀကီး။
ျမန္မာလူမ်ိဳးေတြရဲ႕ ထာဝရဂုဏ္ယူဖြယ္ရွိတဲ့ ကုလသမဂအတြင္းေရးမႉးခ်ဳုပ္၊ ႏိုင္ငံတကာက ေလးစားရတဲ့ ဆရာႀကီး။
ဦးသန႔္ရဲ႕ ၿငိမ္းခ်မ္းေရးဆိုင္ရာလုပ္ေဆာင္ခ်က္ေတြကေတာ့လူတိုင္းသိၿပီးသားပါ။
ေနာက္ဆုံးမွာ သူဟာ ကုလသမဂ က အၿငိမ္းစားယူၿပီး မၾကာခင္ပဲ ပါးေခ်ာင္ကင္ဆာ နဲ႔ ကြယ္လြန္ခဲ့ပါတယ္။
အဓိက ျပသနာကေတာ့ ဦးသန႔္ဟာ အၿမဲတမ္း ေဆးျပင္းလိပ္ကို ခဲထားတတ္တဲ့ အက်င့္
ေၾကာင့္ ဒီကင္ဆာေရာဂါျဖစ္ပြားခဲ့ရတာပါ။
ဦးသန႔္ဟာ ၁၉၇၄ ႏိုဝင္ဘာလမွာ ကြယ္လြန္ခဲ့ၿပီး အခုလို ဒီဇင္ဘာလမွာေတာ့ ဦးသန႔္ရဲ႕ အေလာင္းကို ျမန္မာျပည္ျပန္သယ္လာခဲ့ပါတယ္။
''ငါ့မိန္းမေတာင္ ႀကံေတာပဲျမဳပ္တာ..ဒီေကာင္ႀကီးလည္း ႀကံေတာပဲ ထားလိုက္ကြာ'' ဆိုတဲ့  အာဏာရွင္ဦးေနဝင္းရဲ႕ ေအာက္တန္းက်လွတဲ့အျပဳအမူေတြေၾကာင့္ ဦးသန႔္ကို ေလးစားတဲ့ ေက်ာင္းသားေတြ ရဲ႕ ဆန္က်င္ပုန္ကန္တဲ့ ဦးသန႔္အေရးအခင္းျဖစ္ခဲ့ရပါတယ္။

ေဆးလိပ္ေၾကာင့္ ေနာက္ထပ္တိုင္ပတ္ခဲ့ရတဲ့ ဦးသန႔္ နဲ႔ နာမည္တူ တစ္ေယာက္ကေတာ့ ေမာင္သန႔္ပါ။
သူကေတာ့ ဦးသန႔္ထက္ စီနီယာက်ပါတယ္။ ၁၈၉၀ ခုႏွစ္တစ္ဝိုက္ ျမင္းၿခံနယ္တဝိုက္မွာ ေပၚခဲ့တဲ့ ေမာင္သန႔္ပါ။
ေမာင္သန႔္ ဟာ ျမင္းၿခံနယ္႐ြာႀကီးတစ္႐ြာက သူႀကီးအိမ္မွာ ျမင္းထိန္း၊ ႏြားေက်ာင္း အလုပ္ကို လုပ္ရတဲ့ အလုပ္သမားေလးပါ။
သူ႔အလုပ္က မနက္ေစာေစာဆို ျမင္းေတြ၊ ႏြားေတြကို ေကာက္႐ိုးစင္းၿပီး ေကြၽးရပါတယ္။
အခုလို ဒီဇင္ဘာမနက္ခင္းတစ္ခုမွာ အညာေဆာင္းဟာ ေအးလြန္းလွပါတယ္။
ေမာင္သန႔္ဟာ အညာေစာင္ထူထူႀကီးကို ပတ္ၿပီး ေျပာင္းဖူးဖတ္ေဆးလိပ္ေလးတစ္ဖြာဖြာနဲ႔ ႏြားစာစင္းတာေပါ့။

ျဖစ္ခ်င္ေတာ့ ေျမာက္ျပန္ေလတစ္ခ်က္အေဝ့မွာ ေျပာင္းဖူးဖက္ေဆးလိပ္က မီးဖြားေတြဟာ ေမာင္သန႔္ရဲ႕ ပုခုံးမွာ ပတ္ထားတဲ့ အညာေစာင္ႀကီးေပၚက်ၿပီး ေမာင္သန႔္ရဲ႕ ပုခုံးက အညာေစာင္ႀကီး မီးဆြဲပါေတာ့တယ္။
အလုပ္ထဲ အာ႐ုံေရာက္ေနတဲ့ ေမာင္သန႔္ဟာ သူ႔ပုခုံးေပၚမီးဖြားက်ၿပီး မီးခိုးေတြအူေနတာကို လုံးဝမသိရွာပါဘူး။ အညာေစာင္ဆိုတာကလည္း အထူးႀကီးကိုး။
ဒါေပမယ့္ …အဲ့ဒီျမင္ကြင္းကို သူႀကီးအိမ္ဝရံတာမွာ ရွိေနတဲ့ သူႀကီးကေတာ္က ျမင္လိုက္ပါ တယ္။
သူႀကီးကေတာ္က ျမင္ျမင္ျခင္းပဲ..သူႀကီးကို လွမ္းေခၚၿပီးျပပါတယ္။
သူတို႔ႏွစ္ေယာက္လုံး ၿပိဳင္တူခ်လိုက္တဲ့ မွတ္ခ်က္က…….
''ေမာင္သန႔္ ဟာ လက္႐ုံးက မီးေတာက္ေနၿပီ..ဒါဟာ..မင္းေလာင္းျဖစ္မယ့္ နိမိတ္ပဲ''
တကယ္လည္း ေမာင္သန႔္ ႐ုံထားတဲ့ အညာေစာင္ႀကီးက မီးေတြေတာက္လာတဲ့အခါ မနည္းၿငိမ္း ရသတ္ရပါတယ္။

မုဆိုးဖို႐ြာသူႀကီးကေန ကုန္းေဘာင္မင္းဆက္ကို ထူေထာင္ခဲ့တဲ့ ဦးေအာင္ေဇယ်တုန္းကလည္း လက္႐ုံးမီးေတာက္ခဲ့တယ္လို႔ ၾကားဖူးခဲ့ၾကတယ္မဟုတ္လား။
ေျပာရရင္ သူႀကီးက စလိုက္တဲ့ဇာတ္လမ္းအရ ေနာက္ဆုံး ေမာင္သန႔္ဟာ သူႀကီး သမီးနဲ႔
ေပးစားခံရၿပီး သူႀကီးသမက္ျဖစ္လာတဲ့အျပင္ တစ္႐ြာလုံးက ေမာင္သန႔္ဟာ မင္းေလာင္းပဲ ဆိုၿပီး သတ္မွတ္လိုက္ၾကတယ္။
တကယ္ေတာ့ ေမာင္သန႔္ခမ်ာလည္း အူေၾကာင္ေၾကာင္ပါ။
ျဖစ္စဥ္ရဲ႕ အဓိက အေၾကာင္းကို ဘာေၾကာင့္မွန္းသူမသိရွာပါဘူး။

ေနာက္ဆုံးေတာ့ ျမင္းၿခံနယ္တဝိုက္႐ြာေတြက မင္းေလာင္းေမာင္သန႔္၊ မင္းေလာင္းေမာင္သန႔္ ဆိုၿပီး လာဖူးၾက၊ ပ႑ာဆက္ၾကနဲ႔ ေနာက္ဆုံးမွာ ေမာင္သန႔္ ဟာ ရွင္ဘုရင္ပိုး ဝင္သြား ပါေတာ့ တယ္။

ရွင္ဘုရင္ပိုး ဝင္ၿပီဆိုေတာ့ အမတ္ပိုး၊ စစ္သူႀကီးပိုးဝင္တဲ့လူေတြကလည္း လာစုၾကေတာ့ ေနာက္ဆုံး အဂၤလိပ္အစိုးရနဲ႔ ဖိုက္တဲ့ အဆင့္ေရာက္ကုန္ပါေလေရာလား။
ခက္တာက မင္းေလာင္း ေမာင္သန႔္ ဟာ မ်ိဳးခ်စ္စိတ္ ဘာညာတိတိပပ ရွိတာမဟုတ္ပဲ ေဘးက ဝိုင္းေျမႇာက္ေပးတာေၾကာင့္ သူ႔ကိုယ္သူ ရွင္ဘုရင္ေလာင္းလို႔ တကယ္မွတ္ထင္ၿပီး ဓါးလွံေတြနဲ႔ အဂၤလိပ္အစိုးရကို ျဖစ္သလို ေတာ္လွန္တာပါပဲ။
ေနာက္ဆုံးေတာ့ တစ္ႏွစ္မၾကာဘူး။ ေမာင္သန႔္ လည္း အဂၤလိပ္ေတြ လက္ခ်က္နဲ႔ မာလကီးယားေတာ့တာပါပဲ။

ဒီေန႔ ဒီအခါမွာ ကိုယ္တိုင္ ဘာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္မဟုတ္ပဲ ေဘးက လူအခ်ိဳ႕ ဝိုင္းေျမႇာက္ေပးတာေၾကာင့္ စင္ေပၚတက္ေနရတဲ့ လူတစ္ခ်ိဳ႕ကို ျမင္ရတဲ့အခါ မင္းေလာင္း
ေမာင္သန႔္ ကို သတိရမိတယ္။
ဒါေပမယ့္..မင္းေလာင္းေမာင္သန႔္ ကမွ နယ္ခ်ဲ႕အစိုးရကို တနည္းတစ္ဖုံ အေႏွာင့္အယွက္
ေပးၿပီး တိုင္းျပည္အက်ိဳးကို ျပဳခဲ့ပါေသးတယ္။
အခုေခတ္ ေဝေလေလတစ္စုကေတာ့ ေနရာတကာ ေသာက္က်ိဳးနည္း အကြက္ေတြခင္းၿပီး ေနာက္ျပန္ဆြဲဖို႔ ႀကိဳးပမ္းေနၾကဆဲပါ။
သူတို႔ေၾကာင့္ ျမန္မာျပည္ဟာ ေဘာက်ေနတဲ့ အေျပးသမားတစ္ေယာက္လို ျဖစ္ေနပါတယ္။
ေျပးေတာ့ ေျပးပါရဲ႕ ေဘာႀကီးက ႀကီးေနလို႔ သူ႔ကို မေနရတာနဲ႔ လိုရာကို မေရာက္ႏိုင္ဘူး။
…………..
တကယ္ေတာ့ ကုလသမဂအတြင္းေရးမႉးခ်ဳပ္ ဦးသန႔္ နဲ႔ မင္းေလာင္းေမာင္သန႔္ ဟာ ဘာမွကို မဆိုင္တာပါ။
နာမည္တူတာက လြဲၿပီး အရည္အခ်င္းက တျခားစီပါ။
ဒါေပမယ့္..သူတို႔ ကံအေၾကာင္းတရားေတြကို ေဟာ့ဒီလို ဒီဇင္ဘာလမွာ ေဆးလိပ္က ဆုံးျဖတ္ေပးသြားတာျခင္းေတာ့ တူတယ္လို႔ ေမာင္ၿဗိ ေတြးမိတာေလးကို ေရးၾကည့္တာပါဗ်ာ။

ၿဗိတိသွ်ကိုကိုေမာင္