【 သရော်စာ 】"ဘာဘဲဖြစ်ဖြစ် ချမယ်"

 【  သရော်စာ 】"ဘာဘဲဖြစ်ဖြစ် ချမယ်"

အီရန် ဗိုလ်ချုပ်ကို အမေရိကန်က သတ်လိုက်ပြီတဲ့။အားလုံး အသံတိတ်သွားကြသည်။

ဝမ်းနည်းကြောင်းတို့ ထောက်ခံကြောင်းတို့ ဘယ်သူမှ မထုတ်ရဲ။

OIC တို့ ICJ တို့ မြန်မာပြည်က နှစ်ယောက်တစ်ပိုင်းအဖွဲ့လောက်တောင် သတ္တိမရှိ။

မြန်မာပြည်က နှစ်ယောက်တစ်ပိုင်းအာချောင်ပါတီတွေ၊ အာချောင်အဖွဲ့တွေ၊ အာချောင်သမဂ္ဂတွေ ကတော့ ဒီလိုမဟုတ်။

အမေရိကန်ကိုလည်းမကြောက် ။မကြာခင် ဝမ်းနည်းကြောင်းအပြိုင်အဆိုင်  ထုတ်ပြန်တော့မည်။
သို့သော် နိုင်ငံခြားဆို အမြင့်ဆုံး ယူနန်နဲ့ မဲဆောက်သာရောက်ကြသူတွေ ဘယ်လို ဝမ်းနည်းရမလား ထောက်ခံရမလားမသိ။

ဒီတော့ ဒီအတိုင်း အီရန်ဗိုလ်ချုပ် ရက်လည်တဲ့နေ့ပြီးမှ စာထုတ်မည်ဆိုသည်။ဒီကစာထုတ်လည်း ကမ္ဘာ့ပုလိပ်ကြီးက ဂရုစိုက်မည်မဟုတ်။

 ထိန်းထိန်းသိမ်းသိမ်းလုပ်ပါပြောတဲ့ ဘာဘူကြီးနဲ့ ပေါက်ဖော်ကြီးတောင် ဟိုက စောက်ဖက်မလုပ်။
ဒေါ်နွယ်ထွန်းက ပြတ်သည်။သမ္မတဖြစ်စက သူ့ကို  ငပေါ အရူးလို့ ထင်တဲ့သူတွေ အခု တစ်ချက် တည်း လုပ်ပြလိုက်သည်။
ကြားထဲကခံလိုက်ရသူက အီရန်ဗိုလ်ချုပ်။
အခု ကမ္ဘာ မီးနဲ့ရှို့ဖို့ ဒေါ်နွယ်ထွန်း ကြံလေပြီ။
ကမ္ဘာလည်း မနိူင်တော့။
ဒီတော့ ဘယ်ကောင်မှ အာမချောင်ရဲ။
ဒေါ်နွယ်ထွန်းက အာချောင်လျှင် အာချောင်တဲ့နိုင်ငံကို  ဗုံးနဲ့ ထုမည်ဆိုသည်။
ဒီတော့ ဒေါ်နွယ်ထွန်းကို အာမချောင်ရဲ ။
မစရဲ။
ဒေါ်နွယ်ထွန်းကို သွားစသည် ပူတင်းတို့ ပေါက်ဖော်တို့ အော်တိုမန်ကြီးတွေတောင် အခု ဒေါ်နွယ်ထွန်း အကွတ်နဲ့ ဆန့်နေကြပြီ။

ရေနံအားကိုးနဲ့ ငပွလုပ်နေသည့် OIC လဲ  အခုပြဿ  နာမှာ ဒေါ်နွယ်ထွန်းကို မကလန့်ရဲ။
အခြေအနေက  အီရန်နဲ့ အမေရိကန် စစ်ဖြစ်ရာကနေ အခုဘဲ တတိယကမ္ဘာစစ် ဖြစ်တော့မလိုလို ။
ဒီတော့ တကမ္ဘာလုံး လန့်နေကြသည်။
နတ်ဆိုးကတော့ နည်းနည်းမှ မလန့်။
တတိယကမ္ဘာစစ်ဖြစ်လဲ ဘာဖြစ်လဲ။
နတ်ဆိုးတို့မှာ  လေးဂွ တပ်ဖွဲ့၊ ဝါးရင်းတုတ် တပ်ဖွဲ့၊ ထန်းလုံးတပ်ဖွဲ့ တွေ ရှိသည်။
ပြီးတော့ ကမ္ဘာပေါ်မှာ အခုထိ စစ်ဖြစ်နေတဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် အဲလေ ပြည်တွင်းတိုက်ပွဲ ဖြစ်နေတဲ့ နိုင်ငံမှာ နေနေသည်။
ဒီတော့ တစ်နိုင်ငံလုံး စစ်ပြေး အဲလေ တိုက်ပွဲပြေးရည် ဝပြီးသား။
ပြီးတော့ ကမ္ဘာကျော် လေကြောင်းချီတပ်ဖွဲ့လည်း မြန်မာပြည်တွက်ရှိသည်။
ယခုတောင် ဖေ့စ်ဘွတ်ထဲ လေကြောင်းချီ တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့် ၊ စစ်ဗျူဟာရေးဆွဲနဲ့ စည်ကားနေပြီ။
ဒါမှ မလုံလောက်လျှင် အရိုးနဲ့ စည်းရိုးထိုးမည့် ဝရမ်းပြေးတပ်ဖွဲ့လည်းမြန်မာပြည်တွင် ရှိသည်။
ဘာကြောက်စရာရှိလဲ။

ဒီလိုမတရားလုပ်တာ မြန်မာတွေခံမည်မဟုတ်။ အီရမ်ဘက်က ဝင်တိုက်မည်တကဲကဲ။ မနည်းဖြောင့်ဖြထားရသည်။
တစ်ကယ်က ခေါင်းဆောင်တွေက အသံကောင်းဟစ်ပြီး ဆွဲနေကြသည်။တစ်ကယ် စစ်ဖြစ်စေချင်
နေကြတာ။
စစ်ဖြစ်မှ စီးပွားရေးကောင်းမည်မဟုတ်လား။
နတ်ဆိုးကတော့
စစ်တွေဖြစ်ကြ။
ချ ကြ ။  အကုန်သေ။ အေးရော။
ဘယ်လောက်ကောင်းလဲ....။
အဲ .... တစ်ခုတော့ရှိသည်။
ဒီစစ်ထဲ မြန်မာပြည်ပါလို့ မဖြစ်။

မြန်မာပြည် စစ်ထဲပါလို့ အကုန်သေလျှင် ခက်ပြီ။
ဘာကြောင်ဆို စစ်ကို နှောင်းလူတွေ သိအောင်ထိန်းသိမ်းပေးနေသည့် လူတွေ သေလို့မဖြစ်သေး လို့ဖြစ်သည်။
မြန်မာပြည်က လူတွေ အထူးသဖြင့် ဘာခေါင်းဆောင် ညာခေါင်းဆောင်ဆိုသူတွေ သေလို့မဖြစ်။
ဒီလူတွေသာသေရင် နောင်ဆို  စစ်ဆိုတာ ဘာလဲဆိုတာ သိကြတော့မည် မဟုတ်။
ဒါကြောင် သူတို့ကို ကာကွယ်ဖို့လိုသည်။
ဒါကြောင့် ဒီလိုလူတွေ မသေအောင် ကာကွယ်ရမည်။

ဒီလူတွေက အချင်းချင်းတော့မချ။ ငယ်သားတွေချအောင် ကြပ်ပေးတတ်သည်။
ဒီလူတွေ မသေဘဲကျန်ရစ်မှ နောင် ပွင့်မည့် အရိမေတ္တယျဘုရားလက်ထက်အထိ  မြန်မာပြည်မှာ    စစ်ဖြစ်နေတာ မြင်တွေ့ခွင့်ရမည် ဖြစ်သည်။
ဒါကြောင့် ဘာဖြစ်ဖြစ် ချမည်ဆိုသူတွေ မသေအောင် ကာကွယ်ရမည်။
ဒါအုတ်ကျင်းပေးတာဝန် အဲလေ သမိုင်းပေးတာဝန်ဖြစ်သည်။
 
                                နတ်ဆိုး

 

(  Zawgyi  )

 အီရန္ ဗိုလ္ခ်ဳပ္ကို အေမရိကန္က သတ္လိုက္ၿပီတဲ့။အားလုံး အသံတိတ္သြားၾကသည္။

ဝမ္းနည္းေၾကာင္းတို႔ ေထာက္ခံေၾကာင္းတို႔ ဘယ္သူမွ မထုတ္ရဲ။

OIC တို႔ ICJ တို႔ ျမန္မာျပည္က ႏွစ္ေယာက္တစ္ပိုင္းအဖြဲ႕ေလာက္ေတာင္ သတၱိမရွိ။

ျမန္မာျပည္က ႏွစ္ေယာက္တစ္ပိုင္းအာေခ်ာင္ပါတီေတြ၊ အာေခ်ာင္အဖြဲ႕ေတြ၊ အာေခ်ာင္သမဂၢေတြ ကေတာ့ ဒီလိုမဟုတ္။

အေမရိကန္ကိုလည္းမေၾကာက္ ။မၾကာခင္ ဝမ္းနည္းေၾကာင္းအၿပိဳင္အဆိုင္  ထုတ္ျပန္ေတာ့မည္။
သို႔ေသာ္ ႏိုင္ငံျခားဆို အျမင့္ဆုံး ယူနန္နဲ႔ မဲေဆာက္သာေရာက္ၾကသူေတြ ဘယ္လို ဝမ္းနည္းရမလား ေထာက္ခံရမလားမသိ။

ဒီေတာ့ ဒီအတိုင္း အီရန္ဗိုလ္ခ်ဳပ္ ရက္လည္တဲ့ေန႔ၿပီးမွ စာထုတ္မည္ဆိုသည္။ဒီကစာထုတ္လည္း ကမာၻ႔ပုလိပ္ႀကီးက ဂ႐ုစိုက္မည္မဟုတ္။

 ထိန္းထိန္းသိမ္းသိမ္းလုပ္ပါေျပာတဲ့ ဘာဘူႀကီးနဲ႔ ေပါက္ေဖာ္ႀကီးေတာင္ ဟိုက ေစာက္ဖက္မလုပ္။
ေဒၚႏြယ္ထြန္းက ျပတ္သည္။သမၼတျဖစ္စက သူ႔ကို  ငေပါ အ႐ူးလို႔ ထင္တဲ့သူေတြ အခု တစ္ခ်က္ တည္း လုပ္ျပလိုက္သည္။
ၾကားထဲကခံလိုက္ရသူက အီရန္ဗိုလ္ခ်ဳပ္။
အခု ကမာၻ မီးနဲ႔ရႈိ႕ဖို႔ ေဒၚႏြယ္ထြန္း ႀကံေလၿပီ။
ကမာၻလည္း မႏိူင္ေတာ့။
ဒီေတာ့ ဘယ္ေကာင္မွ အာမေခ်ာင္ရဲ။
ေဒၚႏြယ္ထြန္းက အာေခ်ာင္လွ်င္ အာေခ်ာင္တဲ့ႏိုင္ငံကို  ဗုံးနဲ႔ ထုမည္ဆိုသည္။
ဒီေတာ့ ေဒၚႏြယ္ထြန္းကို အာမေခ်ာင္ရဲ ။
မစရဲ။
ေဒၚႏြယ္ထြန္းကို သြားစသည္ ပူတင္းတို႔ ေပါက္ေဖာ္တို႔ ေအာ္တိုမန္ႀကီးေတြေတာင္ အခု ေဒၚႏြယ္ထြန္း အကြတ္နဲ႔ ဆန႔္ေနၾကၿပီ။

ေရနံအားကိုးနဲ႔ ငပြလုပ္ေနသည့္ OIC လဲ  အခုျပႆ  နာမွာ ေဒၚႏြယ္ထြန္းကို မကလန႔္ရဲ။
အေျခအေနက  အီရန္နဲ႔ အေမရိကန္ စစ္ျဖစ္ရာကေန အခုဘဲ တတိယကမာၻစစ္ ျဖစ္ေတာ့မလိုလို ။
ဒီေတာ့ တကမာၻလုံး လန႔္ေနၾကသည္။
နတ္ဆိုးကေတာ့ နည္းနည္းမွ မလန႔္။
တတိယကမာၻစစ္ျဖစ္လဲ ဘာျဖစ္လဲ။
နတ္ဆိုးတို႔မွာ  ေလးဂြ တပ္ဖြဲ႕၊ ဝါးရင္းတုတ္ တပ္ဖြဲ႕၊ ထန္းလုံးတပ္ဖြဲ႕ ေတြ ရွိသည္။
ၿပီးေတာ့ ကမာၻေပၚမွာ အခုထိ စစ္ျဖစ္ေနတဲ့ အရွည္ၾကာဆုံး ျပည္တြင္းစစ္ အဲေလ ျပည္တြင္းတိုက္ပြဲ ျဖစ္ေနတဲ့ ႏိုင္ငံမွာ ေနေနသည္။
ဒီေတာ့ တစ္ႏိုင္ငံလုံး စစ္ေျပး အဲေလ တိုက္ပြဲေျပးရည္ ဝၿပီးသား။
ၿပီးေတာ့ ကမာၻေက်ာ္ ေလေၾကာင္းခ်ီတပ္ဖြဲ႕လည္း ျမန္မာျပည္တြက္ရွိသည္။
ယခုေတာင္ ေဖ့စ္ဘြတ္ထဲ ေလေၾကာင္းခ်ီ တပ္ဖြဲ႕ဝင္ေတြ စစ္ေရးေလ့က်င့္ ၊ စစ္ဗ်ဴဟာေရးဆြဲနဲ႔ စည္ကားေနၿပီ။
ဒါမွ မလုံေလာက္လွ်င္ အ႐ိုးနဲ႔ စည္း႐ိုးထိုးမည့္ ဝရမ္းေျပးတပ္ဖြဲ႕လည္းျမန္မာျပည္တြင္ ရွိသည္။
ဘာေၾကာက္စရာရွိလဲ။

ဒီလိုမတရားလုပ္တာ ျမန္မာေတြခံမည္မဟုတ္။ အီရမ္ဘက္က ဝင္တိုက္မည္တကဲကဲ။ မနည္းေျဖာင့္ျဖထားရသည္။
တစ္ကယ္က ေခါင္းေဆာင္ေတြက အသံေကာင္းဟစ္ၿပီး ဆြဲေနၾကသည္။တစ္ကယ္ စစ္ျဖစ္ေစခ်င္
ေနၾကတာ။
စစ္ျဖစ္မွ စီးပြားေရးေကာင္းမည္မဟုတ္လား။
နတ္ဆိုးကေတာ့
စစ္ေတြျဖစ္ၾက။
ခ် ၾက ။  အကုန္ေသ။ ေအးေရာ။
ဘယ္ေလာက္ေကာင္းလဲ....။
အဲ .... တစ္ခုေတာ့ရွိသည္။
ဒီစစ္ထဲ ျမန္မာျပည္ပါလို႔ မျဖစ္။

ျမန္မာျပည္ စစ္ထဲပါလို႔ အကုန္ေသလွ်င္ ခက္ၿပီ။
ဘာေၾကာင္ဆို စစ္ကို ေႏွာင္းလူေတြ သိေအာင္ထိန္းသိမ္းေပးေနသည့္ လူေတြ ေသလို႔မျဖစ္ေသး လို႔ျဖစ္သည္။
ျမန္မာျပည္က လူေတြ အထူးသျဖင့္ ဘာေခါင္းေဆာင္ ညာေခါင္းေဆာင္ဆိုသူေတြ ေသလို႔မျဖစ္။
ဒီလူေတြသာေသရင္ ေနာင္ဆို  စစ္ဆိုတာ ဘာလဲဆိုတာ သိၾကေတာ့မည္ မဟုတ္။
ဒါေၾကာင္ သူတို႔ကို ကာကြယ္ဖို႔လိုသည္။
ဒါေၾကာင့္ ဒီလိုလူေတြ မေသေအာင္ ကာကြယ္ရမည္။

ဒီလူေတြက အခ်င္းခ်င္းေတာ့မခ်။ ငယ္သားေတြခ်ေအာင္ ၾကပ္ေပးတတ္သည္။
ဒီလူေတြ မေသဘဲက်န္ရစ္မွ ေနာင္ ပြင့္မည့္ အရိေမတၱယ်ဘုရားလက္ထက္အထိ  ျမန္မာျပည္မွာ    စစ္ျဖစ္ေနတာ ျမင္ေတြ႕ခြင့္ရမည္ ျဖစ္သည္။
ဒါေၾကာင့္ ဘာျဖစ္ျဖစ္ ခ်မည္ဆိုသူေတြ မေသေအာင္ ကာကြယ္ရမည္။
ဒါအုတ္က်င္းေပးတာဝန္ အဲေလ သမိုင္းေပးတာဝန္ျဖစ္သည္။

                                နတ္ဆိုး