【 သရော်စာ 】မြန်မာ့‌လော်ဘီချန်ပီယံရှစ်

【  သရော်စာ  】မြန်မာ့‌လော်ဘီချန်ပီယံရှစ်

ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများနှင့်အပြိုင် မြန်မာ့လော်ဘီချန်ပီယံရှစ်ရာသီသို့ ရောက်လာပေပြီ။

မိုးဦးကျကာလ မိုးသံလေး တဖွဲဖွဲကြားသည်နှင့် ဖားခုံညင်း၊ စားဖား၊ ဖားပြုတ်၊ ဖားပျံ၊ ဖလက်တက် စသော ဖားအပေါင်းတို့ တဂွမ်ဂွမ်ထွက်ပေါ်လာဘိသကဲ့သို့

ရွေးကောက်ပွဲတည်းဟူသော အသံကြားသည်နှင့် သက်ဆိုင်ရာပါတီအသီးသီး၏ လော်ဘီများ တဂွမ်ဂွမ် အသံပေးလျက် ပေါ်လာပေပြီ။

လော်ဘီ ဆိုသည်ကား အဘယ်နည်း ။
ရှင်းအံ့ ။
ကိုယ်ကြိုက်သည့်အဖွဲ့ ၊ ကိုယ်ထောက်ခံသည့်လူ ကို လူအများကြိုက်လာအောင် တော်ကြောင်း ကောင်းကြောင်း ပိုးစိုးပက်စက် ဝါဒဖြန့် ကြော်ညာပေးရသည့် လူတန်းစားတစ်ရပ်ကို လော်ဘီ ဟု ဗြိတိသျှလိုခေါ်လေ၏။
ယခု ထိုလူတန်းစားကား မြန်မာပြည်တွင် လျင်မြန်စွာ ကြီးထွားလာချေပြီ ။
အစိုးရလော်ဘီ ၊ အတိုက်အခံလော်ဘီ ၊ ပါတီလော်ဘီ ၊ ဘုန်းကြီးလော်ဘီ ၊ တပ်မတော်လော်ဘီ ၊ သူပုန်လော်ဘီ ၊ ကျောင်းသားလော်ဘီ ၊ အလုပ်သမားလော်ဘီ ဟု ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူတန်းစားအလွှာအသီးသီးကို လော်ဘီတို့ အုပ်စီးမိနေလေပြီ ။
သူတို့ကား မြန်မာပြည်တွင် လူသုံးများနေသည့် ဖေ့ဘွတ် လူမှုကွန်ယက်မှ လော်ဘီ လုပ်ကြသည် ။
တစ်ချို့ကလည်း ဂျာနယ်စာမျက်နှာထက်မှ လော်ဘီလုပ်ကြသည် ။
တစ်ချို့များဆို စာအုပ်ပါထုတ်ပြီး လော်ဘီလုပ်ကြသည်အထိ ကိုယ်သန်ရာ သန်ရာ လော်ဘီလုပ်ခဲ့ကြ၏ ။

လော်ဘီဖြစ်ဖို့က လွယ်သည့်ကိစ္စတော့မဟုတ်။

ဥဥသည့်ကြက်ကို ဖိနပ်စီးသည့် ကြက်ဖြစ်အောင် ပြောတတ်ရသည်။

ကျီးအာသီးကို ဘယ်လ်ဂျီယံပန်းသီးဖြစ်အောင် ပလီတတ်ရသည်။

ရေသန့်ဗူးကို စကက်ဒုံးကျည်ဖြစ်အောင်၊ မြေကွက်ကို လေကွက်ဖြစ်အောင် ဝါတတ်ရသည်။

စက်သေနတ်ဖြင့် ပစ်ခံထားရသည့် ဒန်အိုးကို ဖာသလိုမျိုး ပေါက်သမျှ ဖာတတ်ရသည်။

ဤကားလော်ဘီတို့ တတ်အပ်သော ပညာပေတည်း။

ယခုနှစ်တွင်တော့ ခေတ်စားသည်က လော်ဘီချင်း အွန်လိုင်းက ဒီဗိတ်လုပ်ကြသည်တဲ့။

အနီလော်ဘီနှင့် အစိမ်းလော်ဘီ၊ အဝါလော်ဘီနှင့် အပြာလော်ဘီ လော်ဘီတွေ ဆော်ပြီဟေ့ဆို အောက်က ဖော်လိုဝါတသိန်း အပလိန်းမှာ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြ၏။

အနီလော်ဘီအချင်းချင်း မြို့ခံပြိုင်ဘက်ဒါဘီတွေလည်း ရှိသည်။

အစိမ်းလော်ဘီအချင်းချင်း ပါတီစိမ်းနှင့် အာမီစိမ်း ပြိုင်ကြသည်။

အသစ်စက်စက် လော်ပြာမကလေးတွေကလည်း အလှအပဗန်းပြပြီးတော့ မဲတမဲရအောင် ပြုစားရက်ကြသည်။

လော်ဘီချန်ပီယံရှစ်ကြီးကား ရွေးကောက်ပွဲနီးလေ အားကောင်းလေပင်။

 ခါတော်မီ လော်ဘီချန်ပီယံရှစ်ထဲ ၀င်နွှဲလိုသည့် လူငယ်ခြေတက်ကလေးများက ရှေ့မှီနောက်မှီ ဦးလေးဗြိ ကို လာတီးခေါက်ကြသည်။

"ကျွန်တော်တို့ ဘယ်လော်ဘီလုပ်ရမလဲ" ဟူ၏။

ဦးလေးဗြိ ကား ပညာရှိပီပီ နဖာချေးလေးကလော်ရင်း လော်ဘီအလောင်း သူတော်ကောင်းလေးများကို ပြုံးပြလိုက်သည်။

"အလွယ်ဆုံးနဥ့ ဘေးအကင်းဆုံး လော်ဘီလုပ်နည်းကတော့
မဲနိုင်တဲ့ အစိုးရ ကို လော်ဘီလုပ်တာပဲကွဲ့။ ဘယ်အစိုးရ တက်တက် ကိုယ့်အစိုးရလို့ မှတ်ပြီး ဖားသာဖား။ ဖာသာဖာ။ အစိုးရကို ဖားလို့ အဖမ်းခံရတယ်ဆိုတာ ခေတ်အဆက်ဆက် ဘယ်ဘဒ္ဒကမ္ဘာမှာမှ မရှိဘူး..တူမောင်တို့"

"အစိုးရလော်ဘီလုပ်ရင် ဘာအမြတ်ရမှာလဲ..ဦးလေးဗြိ"

"အဲ့ဒီလို အစိုးရလော်ဘီလုပ်တဲ့အခါ လူကြိုက်များတဲ့ အစိုးရဆို မင်းတို့ရဲ့ လော်ကစားကွက် အလိုက် မင်းတို့ကို လူကြိုက်များမယ်။ အဲ လူကြိုက်နည်းတဲ့အစိုးရဆို သူတို့ကိုလော်ပေးတဲ့ အတွက် အစိုးရက မင်းတို့ကို ပြန်ဖားရလိမ့်မယ်ကွယ့်၊ အစိုးရက မင်းတို့ကို ပြန်ဖားရပြီဆိုရင်တော့ ခိုင်ပြီသာမှတ် ကိုယ့်လူတို့"

အလောင်းအလျာသော လော်ဘီလေးများက ပညာရှိဦးလေးဗြိ ၏ အနှစ်သာရပြည့်၀လှသော စကားများ ကို ပေကလပ် ပေကလပ် ကြည်ညိုလျက်ရှိကြသည်။

"ဦးလေးဗြိ ရယ်...အစိုးရလော်ဘီလုပ်နည်းလေးလည်း မစ ပါဦး"

ဦးလေးဗြိ ၏ မျက်နှာကား တည်ကြည်လေးနက်သွား၏။

"အစိုးရလော်ဘီ လုပ်တဲ့နေရာမှာ တစ်ပုဒ်တည်းသော ဂါထာကိုသာ နာနာရွတ်ဖတ်သရဇ္ဈယ်ကြလော..တူမောင်တို့"

"ဘာဂါထာလဲ..ဦးလေးဗြိ"

"သေချာ လိုက်ရွတ်ကြ..တူမောင်တို့...အားလုံးကောင်းပါသည်ခင်ဗျ...အားလုံးကောင်းပါသည်ခင်ဗျ...အားလုံးကောင်းပါသည် ခင်ဗျ"

ဤတွင် ဦးလေးဗြိ သင်တန်းဆင်း လော်ဘီချန်ပီယံလောင်းလေးများ၏ ကြွေးကျော်သံဖြင့် အထက်ဘဝဂ်ညံတက်ကြကုန်လေသတည်း။

                                                                                                                     ဗြိတိသျှကိုကိုမောင်

(  Zawgyi  )