【 သရော်စာ 】အဝေးပြေးကားပေါ်ကပေါကားများ

 【  သရော်စာ 】အဝေးပြေးကားပေါ်ကပေါကားများ

တနေ့က ပြည်ဘက်ကို ခရီးသွားတယ်။ကားက ၇ နာရီလောက် စီးရတယ်။အဲ့တော့ ကားပေါ်မှာ မပျင်းရအောင် ဗီဒီယိုပြတယ်။ထုံးစံအတိုင်း မြန်မာကားပေါ့။ကြာချိန်က ၇ နာရီတောင်ဆိုတော့ နှစ်ကားကြည့်ရတယ်။ပျော်လိုက်တာဆိုတာလေ။
 
လူတွေအမြင်မှသာ မြန်မာပေါကား ဆန့်ကျင့်သူ ဘာညာဆိုပေမဲ့ စိုပြေက မြန်မာကားတွေကို သိပ်ချစ်တာ။လူတွေအမြင်မှာတော့ မြန်မာကားမကြည့်ဘူးပေါ့လေ။ရပ်ကွက်ထဲလဲ အခွေမငှားရဲဘူး။အခွေဆိုင်က လူတွေက ဒီကောင် ပေါကားတော့ ဆန့်ကျင်ပြီး ပေါကားတွေ ကြည့်နေပါလားလို့ အတင်းပြန်တုတ်မှာ။ရုပ်ရှင်ရုံလည်း သွားမကြည့်ရဲဘူး။ပိုဆိုးတယ်လေ။ပေါကားဆန့်ကျင်သူကြီး ပေါကားလာကြည့်တယ်ဆိုပြီး ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ တင်လိုက်ရင် ဂွမ်းပြီ။အဲ့တော့ မြန်မာကားတွေကို ကြိုက်ပါလျှက် မကြည့်ရဘူး။တီဗွီမှာလာတဲ့ ကားတွေကြတော့လည်း အကုန်လုံး ကြည့်ပြီးနေပြီ။ခဏခဏပြန်လွှင့်နေတာကိုး။အဲ့တော့ ကြည့်စရာကမရှိ။ဒါကြောင့် ခရီးသွားတဲ့ အချိန်မှာပဲ ပေါကားကို တဝကြည့်ရရှာတယ်။ဘယ်လောက် သနားစရာကောင်းလိုက်တဲ့ စိုပြေလဲ။
 
အဲ့တော့ ပြည်ကိုသွားတဲ့ လမ်းမှာ မြန်မာကားနှစ်ကား ကြည့်ဖြစ်တယ်။တီဗွီနှစ်လုံးပါတဲ့ ကားကိုစီးတာ။ဒုတိယတီဗွီက စိုပြေ့ အရှေ့လေးတင်ပဲ။ဘာလိုသေးတုန်း။စပျစ်သီးလေးစားလိုက်။မြန်မာကားလေးကို အရသာခံကြည့်လိုက်နဲ့။ရယ်လိုက်။ငိုလိုက်။ပတ်ဝန်းကျင်ကိုတောင် မေ့သွားတယ်။ဗိုက်တွေတောင် မဆာတော့ဘူး။လမ်းမှာကားရပ်တော့လည်း ဘာမှမစားဖြစ်ဘူး။မပြီးသေးတဲ့ မြန်မာကားကိုပဲ စိတ်ထဲရောက်နေတယ်။ဘယ်လိုများ အဆုံးသတ်မလဲ။ဇာတ်သိမ်းမှာ ဘယ်လိုလှည့်ကွက်လေးတွေ လာမလဲဆိုတာကိုပေါ့။ပြည်နဲ့ နီးသွားလို့ လက်ကျန်အခန်းလေး ပြန်မပြမှာတောင် စိုးရိမ်သွားမိသေးတယ်။ဒါပေမဲ့ ကားဆရာကြီးတွေက သဘောကောင်းပါတယ်။ဇာတ်ကားတစ်ကားလုံးကို ပြီးအောင်ပြရှာတယ်။
 
မြန်မာကားကိုကြိုက်ဆို စိုပြေက ငယ်ငယ်ကတည်းက မြန်မာကားပဲကြည့်တာ။ရွာမှာ ပွဲရှိတဲ့ရက်မှသာ အင်္ဂလိပ်ဆင်းရဲသားကားတွေ ကြည့်ရတာ။ငယ်ငယ်က မိုးချုပ်တာနဲ့ ဗီဒီယိုရုံထဲရောက်နေပြီ။ ဗီဒီယိုကြည့်ခ လာကောက်ရင်လည်း စိုပြေက ပေးစရာမလိုဘူး။အမေက လရှင်းနဲ့ ပေးထားတယ်လေ။အဲ့လိုနေ့တိုင်းကြည့်လာတဲ့ မြန်မာကားကိုဖြတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတာပဲ။
အခုနောက်ပိုင်းလည်း လူတွေက ပေါကားတွေ ဘာညာဆိုပြီး လုပ်လာတယ်။မြန်မာကားကို ကြည့်ရင်ပဲ ဉာဏ်မမှီသလိုလို။ စောက်ပေါတွေလို ပြောလာကြတယ်။အဲ့တော့ စိုပြေလည်း ဟန်ဆောင်ရတော့တာပေါ့။မြန်မာကားကြိုက်ပေမဲ့ ဉာဏ်ရည်မမှီဘူးတော့ အပြောမခံနိုင်ဘူးလေ။အဲ့တော့ သိပ်ကြိုက်တဲ့ မြန်မာကားကို ဇွတ်ဖြတ်ခဲ့ရတယ်။
ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။လူတွေကတော့ ပြောကြပါတယ်။မြန်မာကားတွေက ဘာလော့ဂျစ်မှမရှိ။ရှေ့နောက်ကမညီ။မျက်နှာသေနဲ့ သရုပ်ဆောင်။အပြင်မှာ မပြောတဲ့ စကားတွေပြော၊ အပြင်မှာမရှိတဲ့ အမူအယာတွေ လုပ်။ပရိတ်သတ်ကို အဆိပ်ခတ်။နိုင်ငံခြားကကားတိုင်းကို ကော်ပီလုပ်။သူတို့ ဝယ်ရိုက်တဲ့ စာရေးဆရာတွေကလည်း အဆင့်မရှိ။
အဲ့စာရေးဆရာတွေကလည်း နိုင်ငံခြားကားတွေကြည့်ပြီး ကူးလို့ကူး။နှစ်ရက်ကို တစ်ကားရိုက်။ဇာတ်ဝင်ခန်းတွေကမညီ ပြီးတော့ အင်္ကျ ီတွေကလည်း ရှေ့အခန်း နောက်အခန်း မတူ။ပြီးတော့ အချင်းချင်း စောက်တင်းကပြောသေး။သူ့ထက်သာမနာလို။ဥက္ကဌကိုယ်တိုင်က အတင်းပြော။ဝါဒဖြန့်။အရင်က ဆည်ဖွင့်ပွဲတွေတက်။ပေါ်လစီကားတွေမှာ သရုပ်မဆောင်ရရင် သေမလိုဖြစ်။
ပေါ်လစီကားထဲပါပြီးရင် မြေကွက်တွေတောင်း၊ ဖုန်းတွေတောင်း။သူများတွေ ပြောကြတာပဲ။ဘာတွေမှန်းလည်း မသိပါဘူး။စိုပြေကလည်း မယုံပါဘူး။ယုံစရာလည်း မကောင်းဘူးလေ။ အကယ်ဒမီပွဲတက်ရင် ရွှေတွေ အများကြီးဝတ်လာတဲ့ မင်းသမီးတွေက အဲ့လို မြေကွက်တွေ ဖုန်းတွေ တောင်းပါ့မလားနော်။ဒီလောက် သိက္ခာသမာဓိတွေ ကြီးမားပြီး ထောင်ကျခံ အနစ်နာခံပြီး တိုင်းပြည်တိုးတက်ရေးအတွက် လုပ်နေသူတွေက သူများစောက်တင်းတုတ်ပါ့မလားနော်။စိုပြေ့အတွက်တော့ မင်းသား မင်းသမီး သရုပ်ဆောင်တွေဟာ အိုင်ဒေါပဲ။အယ်လယ့်။
 
အခုတော့ မောင်စိုပြေဟာ မြို့ကြီးသား လူလည်တွေ ဂျင်းထည့်သလို မြန်မာကားကြည့်ရင် ဉာဏ်နည်းသူ၊ စောက်ပေါ၊ တောသားလို့ အပြောမခံနိုင်လို့ မြန်မာကားတွေကို ခိုးကြည့်နေရတယ်။အိမ်မှာလည်း မိန်းမကရှိတော့ မြန်မာပေါကားတွေကို မကြည့်ရဲဘူးလေ။ရှင်ပြောတော့ ပေါကားဆန့်ကျင်တယ်ဆို။အခုတော့ ပေါကားတွေ ကြည့်နေပါလားဆိုပြီး ခဏခဏအပြောခံရတယ်။ဒါကြောင့် ခရီးဝေးသွားမှပဲ မြန်မာကားတွေကို တဝကြီး ကြည့်ရရှာတယ်။တော်သေးတာက ပြည်ကအပြန်မှာလည်း မြန်မာကားနှစ်ကား ထပ်ပြတယ်။ဘယ်လောက်ကံကောင်းလိုက်တဲ့ စိုပြေလဲ။ခရီးတစ်ခုသွားတာ မြန်မာကား လေးကားတောင် ကြည့်လိုက်ရတယ်။ဒီခရီးကတော့ တော်တော်လေးတန်သွားပြီ။တစ်ခုတော့ စဉ်းစားမိသား။အဝေးပြေးကားပေါ်မှာ အဲ့လို မြန်မာကားတွေပြတာ ထုတ်လုပ်သူနဲ့ မင်းသား မင်းသမီးတွေအတွက် ကိုက်ပါ့မလားလို့လေ။
 
အဝေးပြေးကားပေါ်မှာ ကြည့်တဲ့လူတွေက ရုံဝင်ခပေးကြည့်တာလည်း မဟုတ်။အခွေငှားကြည့်တာလည်း မဟုတ်။လူတွေအများကြီး အလကားဝိုင်းကြည့်တော့ ရုပ်ရှင်သမားတွေအတွက် နစ်နာတယ်လေ။ဒီတော့ စိုပြေ မကြည့်ရရင်လည်း နေပစေတော့။အဝေးပြေးကားတွေပေါ်မှာ မြန်မာကားတွေပြနေတာကို ပိတ်ပင်သင့်တယ်။ရုပ်ရှင်သမားတွေ ကောင်းစားရေးအတွက်ပါ။
 
တစ်ကားကို နှစ်ရက်သုံးရက် အပင်ပန်းခံရိုက်ထားတာကို ကားစီးသူတွေက အလကားကြည့်သွားတာ မဖြစ်သင့်ဘူးလေ။
 
စိုပြေ
မတ် - ၃၁
 
( Zawgyi )
 
တေန႔က ျပည္ဘက္ကို ခရီးသြားတယ္။ကားက ၇ နာရီေလာက္ စီးရတယ္။အဲ့ေတာ့ ကားေပၚမွာ မပ်င္းရေအာင္ ဗီဒီယိုျပတယ္။ထုံးစံအတိုင္း ျမန္မာကားေပါ့။ၾကာခ်ိန္က ၇ နာရီေတာင္ဆိုေတာ့ ႏွစ္ကားၾကည့္ရတယ္။ေပ်ာ္လိုက္တာဆိုတာေလ။
 
လူေတြအျမင္မွသာ ျမန္မာေပါကား ဆန႔္က်င့္သူ ဘာညာဆိုေပမဲ့ စိုေျပက ျမန္မာကားေတြကို သိပ္ခ်စ္တာ။လူေတြအျမင္မွာေတာ့ ျမန္မာကားမၾကည့္ဘူးေပါ့ေလ။ရပ္ကြက္ထဲလဲ အေခြမငွားရဲဘူး။အေခြဆိုင္က လူေတြက ဒီေကာင္ ေပါကားေတာ့ ဆန႔္က်င္ၿပီး ေပါကားေတြ ၾကည့္ေနပါလားလို႔ အတင္းျပန္တုတ္မွာ။႐ုပ္ရွင္႐ုံလည္း သြားမၾကည့္ရဲဘူး။ပိုဆိုးတယ္ေလ။ေပါကားဆန႔္က်င္သူႀကီး ေပါကားလာၾကည့္တယ္ဆိုၿပီး ဓါတ္ပုံေတြ၊ ဗီဒီယိုေတြ တင္လိုက္ရင္ ဂြမ္းၿပီ။အဲ့ေတာ့ ျမန္မာကားေတြကို ႀကိဳက္ပါလွ်က္ မၾကည့္ရဘူး။တီဗြီမွာလာတဲ့ ကားေတြၾကေတာ့လည္း အကုန္လုံး ၾကည့္ၿပီးေနၿပီ။ခဏခဏျပန္လႊင့္ေနတာကိုး။အဲ့ေတာ့ ၾကည့္စရာကမရွိ။ဒါေၾကာင့္ ခရီးသြားတဲ့ အခ်ိန္မွာပဲ ေပါကားကို တဝၾကည့္ရရွာတယ္။ဘယ္ေလာက္ သနားစရာေကာင္းလိုက္တဲ့ စိုေျပလဲ။
 
အဲ့ေတာ့ ျပည္ကိုသြားတဲ့ လမ္းမွာ ျမန္မာကားႏွစ္ကား ၾကည့္ျဖစ္တယ္။တီဗြီႏွစ္လုံးပါတဲ့ ကားကိုစီးတာ။ဒုတိယတီဗြီက စိုေျပ့ အေရွ႕ေလးတင္ပဲ။ဘာလိုေသးတုန္း။စပ်စ္သီးေလးစားလိုက္။ျမန္မာကားေလးကို အရသာခံၾကည့္လိုက္နဲ႔။ရယ္လိုက္။ငိုလိုက္။ပတ္ဝန္းက်င္ကိုေတာင္ ေမ့သြားတယ္။ဗိုက္ေတြေတာင္ မဆာေတာ့ဘူး။လမ္းမွာကားရပ္ေတာ့လည္း ဘာမွမစားျဖစ္ဘူး။မၿပီးေသးတဲ့ ျမန္မာကားကိုပဲ စိတ္ထဲေရာက္ေနတယ္။ဘယ္လိုမ်ား အဆုံးသတ္မလဲ။ဇာတ္သိမ္းမွာ ဘယ္လိုလွည့္ကြက္ေလးေတြ လာမလဲဆိုတာကိုေပါ့။ျပည္နဲ႔ နီးသြားလို႔ လက္က်န္အခန္းေလး ျပန္မျပမွာေတာင္ စိုးရိမ္သြားမိေသးတယ္။ဒါေပမဲ့ ကားဆရာႀကီးေတြက သေဘာေကာင္းပါတယ္။ဇာတ္ကားတစ္ကားလုံးကို ၿပီးေအာင္ျပရွာတယ္။
 
ျမန္မာကားကိုႀကိဳက္ဆို စိုေျပက ငယ္ငယ္ကတည္းက ျမန္မာကားပဲၾကည့္တာ။႐ြာမွာ ပြဲရွိတဲ့ရက္မွသာ အဂၤလိပ္ဆင္းရဲသားကားေတြ ၾကည့္ရတာ။ငယ္ငယ္က မိုးခ်ဳပ္တာနဲ႔ ဗီဒီယို႐ုံထဲေရာက္ေနၿပီ။ ဗီဒီယိုၾကည့္ခ လာေကာက္ရင္လည္း စိုေျပက ေပးစရာမလိုဘူး။အေမက လရွင္းနဲ႔ ေပးထားတယ္ေလ။အဲ့လိုေန႔တိုင္းၾကည့္လာတဲ့ ျမန္မာကားကိုျဖတ္ဖို႔ဆိုတာ ေတာ္ေတာ္ခဲယဥ္းတာပဲ။
အခုေနာက္ပိုင္းလည္း လူေတြက ေပါကားေတြ ဘာညာဆိုၿပီး လုပ္လာတယ္။ျမန္မာကားကို ၾကည့္ရင္ပဲ ဉာဏ္မမွီသလိုလို။ ေစာက္ေပါေတြလို ေျပာလာၾကတယ္။အဲ့ေတာ့ စိုေျပလည္း ဟန္ေဆာင္ရေတာ့တာေပါ့။ျမန္မာကားႀကိဳက္ေပမဲ့ ဉာဏ္ရည္မမွီဘူးေတာ့ အေျပာမခံႏိုင္ဘူးေလ။အဲ့ေတာ့ သိပ္ႀကိဳက္တဲ့ ျမန္မာကားကို ဇြတ္ျဖတ္ခဲ့ရတယ္။
ဘယ္ေလာက္ဝမ္းနည္းစရာေကာင္းလဲ။လူေတြကေတာ့ ေျပာၾကပါတယ္။ျမန္မာကားေတြက ဘာေလာ့ဂ်စ္မွမရွိ။ေရွ႕ေနာက္ကမညီ။မ်က္ႏွာေသနဲ႔ သ႐ုပ္ေဆာင္။အျပင္မွာ မေျပာတဲ့ စကားေတြေျပာ၊ အျပင္မွာမရွိတဲ့ အမူအယာေတြ လုပ္။ပရိတ္သတ္ကို အဆိပ္ခတ္။ႏိုင္ငံျခားကကားတိုင္းကို ေကာ္ပီလုပ္။သူတို႔ ဝယ္႐ိုက္တဲ့ စာေရးဆရာေတြကလည္း အဆင့္မရွိ။
အဲ့စာေရးဆရာေတြကလည္း ႏိုင္ငံျခားကားေတြၾကည့္ၿပီး ကူးလို႔ကူး။ႏွစ္ရက္ကို တစ္ကား႐ိုက္။ဇာတ္ဝင္ခန္းေတြကမညီ ၿပီးေတာ့ အက်ၤ ီေတြကလည္း ေရွ႕အခန္း ေနာက္အခန္း မတူ။ၿပီးေတာ့ အခ်င္းခ်င္း ေစာက္တင္းကေျပာေသး။သူ႔ထက္သာမနာလို။ဥကၠဌကိုယ္တိုင္က အတင္းေျပာ။ဝါဒျဖန႔္။အရင္က ဆည္ဖြင့္ပြဲေတြတက္။ေပၚလစီကားေတြမွာ သ႐ုပ္မေဆာင္ရရင္ ေသမလိုျဖစ္။
ေပၚလစီကားထဲပါၿပီးရင္ ေျမကြက္ေတြေတာင္း၊ ဖုန္းေတြေတာင္း။သူမ်ားေတြ ေျပာၾကတာပဲ။ဘာေတြမွန္းလည္း မသိပါဘူး။စိုေျပကလည္း မယုံပါဘူး။ယုံစရာလည္း မေကာင္းဘူးေလ။ အကယ္ဒမီပြဲတက္ရင္ ေ႐ႊေတြ အမ်ားႀကီးဝတ္လာတဲ့ မင္းသမီးေတြက အဲ့လို ေျမကြက္ေတြ ဖုန္းေတြ ေတာင္းပါ့မလားေနာ္။ဒီေလာက္ သိကၡာသမာဓိေတြ ႀကီးမားၿပီး ေထာင္က်ခံ အနစ္နာခံၿပီး တိုင္းျပည္တိုးတက္ေရးအတြက္ လုပ္ေနသူေတြက သူမ်ားေစာက္တင္းတုတ္ပါ့မလားေနာ္။စိုေျပ့အတြက္ေတာ့ မင္းသား မင္းသမီး သ႐ုပ္ေဆာင္ေတြဟာ အိုင္ေဒါပဲ။အယ္လယ့္။
 
အခုေတာ့ ေမာင္စိုေျပဟာ ၿမိဳ႕ႀကီးသား လူလည္ေတြ ဂ်င္းထည့္သလို ျမန္မာကားၾကည့္ရင္ ဉာဏ္နည္းသူ၊ ေစာက္ေပါ၊ ေတာသားလို႔ အေျပာမခံႏိုင္လို႔ ျမန္မာကားေတြကို ခိုးၾကည့္ေနရတယ္။အိမ္မွာလည္း မိန္းမကရွိေတာ့ ျမန္မာေပါကားေတြကို မၾကည့္ရဲဘူးေလ။ရွင္ေျပာေတာ့ ေပါကားဆန႔္က်င္တယ္ဆို။အခုေတာ့ ေပါကားေတြ ၾကည့္ေနပါလားဆိုၿပီး ခဏခဏအေျပာခံရတယ္။ဒါေၾကာင့္ ခရီးေဝးသြားမွပဲ ျမန္မာကားေတြကို တဝႀကီး ၾကည့္ရရွာတယ္။ေတာ္ေသးတာက ျပည္ကအျပန္မွာလည္း ျမန္မာကားႏွစ္ကား ထပ္ျပတယ္။ဘယ္ေလာက္ကံေကာင္းလိုက္တဲ့ စိုေျပလဲ။ခရီးတစ္ခုသြားတာ ျမန္မာကား ေလးကားေတာင္ ၾကည့္လိုက္ရတယ္။ဒီခရီးကေတာ့ ေတာ္ေတာ္ေလးတန္သြားၿပီ။တစ္ခုေတာ့ စဥ္းစားမိသား။အေဝးေျပးကားေပၚမွာ အဲ့လို ျမန္မာကားေတြျပတာ ထုတ္လုပ္သူနဲ႔ မင္းသား မင္းသမီးေတြအတြက္ ကိုက္ပါ့မလားလို႔ေလ။
 
အေဝးေျပးကားေပၚမွာ ၾကည့္တဲ့လူေတြက ႐ုံဝင္ခေပးၾကည့္တာလည္း မဟုတ္။အေခြငွားၾကည့္တာလည္း မဟုတ္။လူေတြအမ်ားႀကီး အလကားဝိုင္းၾကည့္ေတာ့ ႐ုပ္ရွင္သမားေတြအတြက္ နစ္နာတယ္ေလ။ဒီေတာ့ စိုေျပ မၾကည့္ရရင္လည္း ေနပေစေတာ့။အေဝးေျပးကားေတြေပၚမွာ ျမန္မာကားေတြျပေနတာကို ပိတ္ပင္သင့္တယ္။႐ုပ္ရွင္သမားေတြ ေကာင္းစားေရးအတြက္ပါ။
 
တစ္ကားကို ႏွစ္ရက္သုံးရက္ အပင္ပန္းခံ႐ိုက္ထားတာကို ကားစီးသူေတြက အလကားၾကည့္သြားတာ မျဖစ္သင့္ဘူးေလ။
 
စိုေျပ
မတ္ - ၃၁