【 သရော်စာ 】အောင်သွယ်တော် ဝန်ကြီးချုပ်

【 သရော်စာ 】အောင်သွယ်တော် ဝန်ကြီးချုပ်

ပဲခူးဝန်ကြီးချုုပ်ကား လူတော်တယောက်ဖြစ်သည်။
မြန်မာပြည်တွင် ဆရာ၊ ဆရာမ ရှားပါးနေသည်ကို သူသိ၏။
ဒါကြောင့်လည်း အခုလို စကားကို ပြောခဲ့ခြင်းဖြစ်မည်။
"ဆရာမတွေမြဲအောင် ရွာသားတွေက ဆရာမကို ရည်းစားစကားလိုက်ပြော။ ဆရာမနဲ့ ညား။
အဲ့တော့ ဆရာမလည်း ရွာသူဖြစ်။ အခြားနေရာမပြောင်း၊ ယောင်္ကျားရတော့ ဆရာမအတွက် နေစရာကလည်း မပူရတော့"
ဝန်ကြီးချုပ်ရဲ့ ပြောစကားပေါ့။

ဒီလို အတွေးမျိုးသည် တော်ရုံ ဉာဏ်ရှိရုံဖြင့် မတွေးနိုင်။
ဒါကြောင့် ဉာဏ်မမှီသူတွေရဲ့ ဝေဖန်ခြင်းကိုတော့ ဝန်ကြီးချုပ် အလူးအလဲခံရပါသည်။
သားသမီးခြင်း ကိုယ်ခြင်းမစာဘူးလား။
ပေါက်လွတ်ပဲစား ပါးစပ်။
ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာ။
မဖြုတ်သေးဘူး။
မရှက်ဘူးလား။
စသည်ဖြင့် ဝေဖန်ကြတော့သည်။

ဉာဏ်ရည်ထက်မြတ်သူ ဝန်ကြီးချုပ်ကတော့ ခပ်ပြုံးပြုံးပင်။
သူ့ပြောစကားကြောင့် မကြာမီ မြန်မာ့ပညာရေးလောကတွင် ဆရာ၊ ဆရာမများ ပေါများလာမည်ကို ကြိုမြင်သောကြောင့် ပြုံးနေခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ကား အရင်ကလည်း အဲ့လို ဉာဏ်ရည်မြင့်မားသည့် စကားတွေ အများကြီးပြောခဲ့ဖူးသည်။
ပုဇွန်တွေ ရောင်းမကုန်ရင် အခြောက်လှမ်းလိုက်တို့။
စဉ့်အိုးကနေ ညူကလီးယားထုတ်ဖို့တို့။
သူ့ရဲ့ ပြောစကားတွေကြောင့် မြန်မာပြည်မှာ ပုဇွန်ခြောက်တွေ ပေါလာသည်။
ညူကလီးယားဓါတ်ပေါင်းဖိုဝယ်ဖို့ နိုင်ငံခြားကပင် လာကမ်းလှမ်းကုန်ကြသည်။

အခုတော့ ဆရာမကို ရည်စားစကားလိုက်ပြောဖို့ တိုက်တွန်းလိုက်ပြီ။
ဝန်ကြီးချုပ်ကတိုက်တွန်းတော့ ဆရာမမြင်လျှင် ရွာသားတွေ ရည်းစားစကားလိုက်ပြောတော့မည်။
တခုခု ပြဿနာဖြစ်လျှင်လည်း ဝန်ကြီးချုပ်က ပြောခိုင်းလို့ဟု ဆင်ခြေပေးလို့ရသည်။
ဒါကို ရွာသူတွေက ကျေနပ်မည်မဟုတ်။
ရွာနားကမြက် ရွာနွားမစားဘဲ ကျောင်းကမြက်ကို စားမှာကို ကြည်ဖြူမည်မထင်။
ဒီတော့ ရွာသူတွေကလည်း အားကျမခံ ကျောင်းဆရာတွေကို ရေလာမြောင်းပေးလုပ်မည်။ ရည်းစားစကားလိုက်ပြောမည်။
အမိဖမ်းနိုင်သည်။

ဒီလိုနှင့် ပညာရေးဌာနကို စုံစမ်းသူတွေ များလာခြင်းပင်။
အဓိကကတော့ ကျောင်းဆရာမနဲ့ ဆရာဖြစ်ချင်သူတွေပါ။

ဆရာမလုပ်ဖို့ ဘာတွေလိုလဲ။
ဆရာလုပ်ဖို့ ဘာတွေလိုလဲ။ ဟု လူအများအပြား စုံစမ်းကြသည်။
ဖုန်းဖြင့် ဆက်သွယ်သူတွေကလည်း မနည်း။
အွန်လိုင်းမှာ မေးသူတွေကလည်း အများအပြား။

ထိုသို့ ဆရာ၊ ဆရာမဖြစ်ချင်သူများကို မေးမြန်းကြည့်တော့....။
အခုခေတ်က လင်ကောင်း၊ မယားကောင်းရှားပါးသည်ဟုဆိုသည်။
မင်္ဂလာဆောင်ဖို့ကလည်း မလွယ်။ ဈေးကြီးလွန်းသည်။
ဒါကြောင့် လူပျိုကြီး၊ အပျိုကြီးတွေလည်း များလာသည်။

ဒီအတိုင်းအပြင်လောကမှာ နေလို့ကတော့ အချို့မှာ လင်ရဖို့မလွယ်။ မယားရဖို့မလွယ်။
ပြီးတော့ မိန်းမလျာများဆိုလျှင်လည်း သူငယ်ရဖို့မလွယ်။
အလုပ်အကိုင်ကလည်း ရှားပါးလွန်းလှသည်။

ဆရာမ လုပ်လိုက်လျှင်....။
ရိုးသားကျိုးစားသော ရွာသားလင်လည်း ရနိုင်သည်။ နေစရာလည်း မပူရတော့။
ဆရာလုပ်လျှင် ....။
ဗိုင်းကောက်ကျောက်ဖိ ရိုးသားလှသော ရွာသူလေးကို မယားတော်ရမည်။
အဲ.... Gay ဆရာများအတွက်လည်း အေးဆေးပင်။
ရွာသားသူငယ်အငုံးလေးတွေနှင့် တွေ့ရမည်။

ဒါကြောင့် ကျောင်းဆရာ၊ ဆရာမများ ဖြစ်ရန် လူအများစိတ်ဝင်စားကုန်ကြခြင်းဖြစ်သည်။

ဒါပေမဲ့ အခုလက်ရှိ ဆရာ၊ ဆရာမတွေကတော့ လန့်ကုန်ကြသည်။
ဟိုတလောကတင် ရွာသားတစ်ယောက်က သူ့ကို ပြန်မကြိုက်သည့် ဆရာမကို လူပြတ်ချိန်စောင့်ပြီး ဓားနှင့် ခုတ်သတ်လိုက်တာ အားလုံးအသိ။
နောက်ပြီးတော့ ဆရာမ များနေသည့် အိမ်ရှေ့နားမှာ ရွာသားတွေ ဂစ်တာတီးသည့် ကိစ္စနှင့် ပြဿနာတွေ တက်၊ ရန်တွေ ဖြစ်လိုက်ကြတာလည်း ဟိုးလေးတကျော်။
ဆရာမကို မုဒိန်းကျင့်တာ။ ရေချိုးချိန်၊ အိမ်သာတက်ချိန် လာလာချောင်းတာတွေကလည်း မနည်းမနော။
အဲ့တော့ ရွာသားက ရည်းစားစကားပြောလို့ ကြိုက်လိုက်လျှင်တော်သေး။
ပြန်မကြိုက်လျှင် ရန်ငြိုးထားပြီး တခုခု လာလုပ်မှာ ဆရာမတွေ လန့်ကြသည်။

နောက်ပြီး ဆရာမတွေ အများကြီး တိုးလာလျှင် လက်ရှိ ဆရာမတွေ ဝင်ငွေတွေ လျှော့နိုင်သည်။
ကျူရှင်တွေ ခွဲသင်ရတောမည်ဟု လန့်သူများလည်း ရှိနိုင်သည်။

ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်စကားကတော့ သမိုင်းဝင်ပါသည်။
ဆရာ၊ ဆရာမတွေလည်း အိမ်ထောင်ရက်သားကျတော့မည်။
ဆရာဖြစ်ချင်သူတွေလည်း ပိုများလာပြီ။

အခုဆို နိုင်ငံခြားသားတွေတောင် မြန်မာပြည်မှာ ဆရာ၊ ဆရာမ လာလုပ်ကြတော့မလို့တဲ့။

စိုပြေ

(  Zawgyi  )

 ပဲခူးဝန္ႀကီးခ်ဳုပ္ကား လူေတာ္တေယာက္ျဖစ္သည္။
ျမန္မာျပည္တြင္ ဆရာ၊ ဆရာမ ရွားပါးေနသည္ကို သူသိ၏။
ဒါေၾကာင့္လည္း အခုလို စကားကို ေျပာခဲ့ျခင္းျဖစ္မည္။
"ဆရာမေတြၿမဲေအာင္ ႐ြာသားေတြက ဆရာမကို ရည္းစားစကားလိုက္ေျပာ။ ဆရာမနဲ႔ ညား။
အဲ့ေတာ့ ဆရာမလည္း ႐ြာသူျဖစ္။ အျခားေနရာမေျပာင္း၊ ေယာက်ၤားရေတာ့ ဆရာမအတြက္ ေနစရာကလည္း မပူရေတာ့"
ဝန္ႀကီးခ်ဳပ္ရဲ႕ ေျပာစကားေပါ့။

ဒီလို အေတြးမ်ိဳးသည္ ေတာ္႐ုံ ဉာဏ္ရွိ႐ုံျဖင့္ မေတြးႏိုင္။
ဒါေၾကာင့္ ဉာဏ္မမွီသူေတြရဲ႕ ေဝဖန္ျခင္းကိုေတာ့ ဝန္ႀကီးခ်ဳပ္ အလူးအလဲခံရပါသည္။
သားသမီးျခင္း ကိုယ္ျခင္းမစာဘူးလား။
ေပါက္လြတ္ပဲစား ပါးစပ္။
ဆြမ္းဆန္ထဲ ႂကြက္ေခ်းေရာေနတာ။
မျဖဳတ္ေသးဘူး။
မရွက္ဘူးလား။
စသည္ျဖင့္ ေဝဖန္ၾကေတာ့သည္။

ဉာဏ္ရည္ထက္ျမတ္သူ ဝန္ႀကီးခ်ဳပ္ကေတာ့ ခပ္ၿပဳံးၿပဳံးပင္။
သူ႔ေျပာစကားေၾကာင့္ မၾကာမီ ျမန္မာ့ပညာေရးေလာကတြင္ ဆရာ၊ ဆရာမမ်ား ေပါမ်ားလာမည္ကို ႀကိဳျမင္ေသာေၾကာင့္ ၿပဳံးေနျခင္းျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ကား အရင္ကလည္း အဲ့လို ဉာဏ္ရည္ျမင့္မားသည့္ စကားေတြ အမ်ားႀကီးေျပာခဲ့ဖူးသည္။
ပုဇြန္ေတြ ေရာင္းမကုန္ရင္ အေျခာက္လွမ္းလိုက္တို႔။
စဥ့္အိုးကေန ညဴကလီးယားထုတ္ဖို႔တို႔။
သူ႔ရဲ႕ ေျပာစကားေတြေၾကာင့္ ျမန္မာျပည္မွာ ပုဇြန္ေျခာက္ေတြ ေပါလာသည္။
ညဴကလီးယားဓါတ္ေပါင္းဖိုဝယ္ဖို႔ ႏိုင္ငံျခားကပင္ လာကမ္းလွမ္းကုန္ၾကသည္။

အခုေတာ့ ဆရာမကို ရည္စားစကားလိုက္ေျပာဖို႔ တိုက္တြန္းလိုက္ၿပီ။
ဝန္ႀကီးခ်ဳပ္ကတိုက္တြန္းေတာ့ ဆရာမျမင္လွ်င္ ႐ြာသားေတြ ရည္းစားစကားလိုက္ေျပာေတာ့မည္။
တခုခု ျပႆနာျဖစ္လွ်င္လည္း ဝန္ႀကီးခ်ဳပ္က ေျပာခိုင္းလို႔ဟု ဆင္ေျခေပးလို႔ရသည္။
ဒါကို ႐ြာသူေတြက ေက်နပ္မည္မဟုတ္။
႐ြာနားကျမက္ ႐ြာႏြားမစားဘဲ ေက်ာင္းကျမက္ကို စားမွာကို ၾကည္ျဖဴမည္မထင္။
ဒီေတာ့ ႐ြာသူေတြကလည္း အားက်မခံ ေက်ာင္းဆရာေတြကို ေရလာေျမာင္းေပးလုပ္မည္။ ရည္းစားစကားလိုက္ေျပာမည္။
အမိဖမ္းႏိုင္သည္။

ဒီလိုႏွင့္ ပညာေရးဌာနကို စုံစမ္းသူေတြ မ်ားလာျခင္းပင္။
အဓိကကေတာ့ ေက်ာင္းဆရာမနဲ႔ ဆရာျဖစ္ခ်င္သူေတြပါ။

ဆရာမလုပ္ဖို႔ ဘာေတြလိုလဲ။
ဆရာလုပ္ဖို႔ ဘာေတြလိုလဲ။ ဟု လူအမ်ားအျပား စုံစမ္းၾကသည္။
ဖုန္းျဖင့္ ဆက္သြယ္သူေတြကလည္း မနည္း။
အြန္လိုင္းမွာ ေမးသူေတြကလည္း အမ်ားအျပား။

ထိုသို႔ ဆရာ၊ ဆရာမျဖစ္ခ်င္သူမ်ားကို ေမးျမန္းၾကည့္ေတာ့....။
အခုေခတ္က လင္ေကာင္း၊ မယားေကာင္းရွားပါးသည္ဟုဆိုသည္။
မဂၤလာေဆာင္ဖို႔ကလည္း မလြယ္။ ေဈးႀကီးလြန္းသည္။
ဒါေၾကာင့္ လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြလည္း မ်ားလာသည္။

ဒီအတိုင္းအျပင္ေလာကမွာ ေနလို႔ကေတာ့ အခ်ိဳ႕မွာ လင္ရဖို႔မလြယ္။ မယားရဖို႔မလြယ္။
ၿပီးေတာ့ မိန္းမလ်ာမ်ားဆိုလွ်င္လည္း သူငယ္ရဖို႔မလြယ္။
အလုပ္အကိုင္ကလည္း ရွားပါးလြန္းလွသည္။

ဆရာမ လုပ္လိုက္လွ်င္....။
႐ိုးသားက်ိဳးစားေသာ ႐ြာသားလင္လည္း ရႏိုင္သည္။ ေနစရာလည္း မပူရေတာ့။
ဆရာလုပ္လွ်င္ ....။
ဗိုင္းေကာက္ေက်ာက္ဖိ ႐ိုးသားလွေသာ ႐ြာသူေလးကို မယားေတာ္ရမည္။
အဲ.... Gay ဆရာမ်ားအတြက္လည္း ေအးေဆးပင္။
႐ြာသားသူငယ္အငုံးေလးေတြႏွင့္ ေတြ႕ရမည္။

ဒါေၾကာင့္ ေက်ာင္းဆရာ၊ ဆရာမမ်ား ျဖစ္ရန္ လူအမ်ားစိတ္ဝင္စားကုန္ၾကျခင္းျဖစ္သည္။

ဒါေပမဲ့ အခုလက္ရွိ ဆရာ၊ ဆရာမေတြကေတာ့ လန႔္ကုန္ၾကသည္။
ဟိုတေလာကတင္ ႐ြာသားတစ္ေယာက္က သူ႔ကို ျပန္မႀကိဳက္သည့္ ဆရာမကို လူျပတ္ခ်ိန္ေစာင့္ၿပီး ဓားႏွင့္ ခုတ္သတ္လိုက္တာ အားလုံးအသိ။
ေနာက္ၿပီးေတာ့ ဆရာမ မ်ားေနသည့္ အိမ္ေရွ႕နားမွာ ႐ြာသားေတြ ဂစ္တာတီးသည့္ ကိစၥႏွင့္ ျပႆနာေတြ တက္၊ ရန္ေတြ ျဖစ္လိုက္ၾကတာလည္း ဟိုးေလးတေက်ာ္။
ဆရာမကို မုဒိန္းက်င့္တာ။ ေရခ်ိဳးခ်ိန္၊ အိမ္သာတက္ခ်ိန္ လာလာေခ်ာင္းတာေတြကလည္း မနည္းမေနာ။
အဲ့ေတာ့ ႐ြာသားက ရည္းစားစကားေျပာလို႔ ႀကိဳက္လိုက္လွ်င္ေတာ္ေသး။
ျပန္မႀကိဳက္လွ်င္ ရန္ၿငိဳးထားၿပီး တခုခု လာလုပ္မွာ ဆရာမေတြ လန႔္ၾကသည္။

ေနာက္ၿပီး ဆရာမေတြ အမ်ားႀကီး တိုးလာလွ်င္ လက္ရွိ ဆရာမေတြ ဝင္ေငြေတြ ေလွ်ာ့ႏိုင္သည္။
က်ဴရွင္ေတြ ခြဲသင္ရေတာမည္ဟု လန႔္သူမ်ားလည္း ရွိႏိုင္သည္။

ဘာပဲျဖစ္ျဖစ္ ဝန္ႀကီးခ်ဳပ္စကားကေတာ့ သမိုင္းဝင္ပါသည္။
ဆရာ၊ ဆရာမေတြလည္း အိမ္ေထာင္ရက္သားက်ေတာ့မည္။
ဆရာျဖစ္ခ်င္သူေတြလည္း ပိုမ်ားလာၿပီ။

အခုဆို ႏိုင္ငံျခားသားေတြေတာင္ ျမန္မာျပည္မွာ ဆရာ၊ ဆရာမ လာလုပ္ၾကေတာ့မလို႔တဲ့။

စိုေျပ