【 သရော်စာ 】၀န်ကြီးချုပ်ဖြစ်ချင်သော တူမောင်အကောင်းစားလေးသို့ ဦးလေးဗြိမှ ပေးစာ

【  သရော်စာ 】၀န်ကြီးချုပ်ဖြစ်ချင်သော တူမောင်အကောင်းစားလေးသို့ ဦးလေးဗြိမှ ပေးစာ

သို့
တူမောင်
ကျန်းမာတော်မူပါစကွယ်။

ငါ့ တူမောင်ကြီးက အလည်ခေါ်သော်ငြား ဦးလေးဗြိ တစ်ယောက်မှာ မောင်တို့ရန်ကုန်မြို့ကြီးထဲ ကွာရန်တင်းစင်တာ ဆိုသဟာကြီးမှာ အကျယ်ချုပ်နေရမှာ ကြောက်သမို့ မလာဝံ့ပေါင်ကွယ်။

အဲ့ဒီ ကွာရန်တင်းတာထက် အိမ်က မင့်အဒေါ်က ဦးလေးဖြင့် သူ့ရှိရာအရပ်က နည်းနည်းကွာတာနဲ့ ရန်တင်းနေတာက ပိုခက်တယ်မဟုတ်လား။

တူမောင်ကြီး ပို့လိုက်တဲ့ အီးမေးလ်စာလွှာကို ဦးလေးဗြိ ရပါတယ်။

ဘာတဲ့ တူမောင်ဟာ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်၊ ဝန်ကြီးလောင်း၊ ဝန်ကြီးချုပ်အလောင်းအလျာအထိ မှန်းဆိုကွဲ့။

အိမ်း..ဟုတ်ပေသား။
အခုဆို ကိုဗစ်ရောဂါကြီးကို အာရုံရောက်နေတာနဲ့ လာမယ့်  ရွေးကောက်ပွဲဆိုသဟာကြီးကို  ဦးလေးဖြင့် မေ့တောင်နေတာ။

ဘာတဲ့...ဝန်ကြီးချုပ်ဖြစ်ချင်လို့ ဘာလုပ်ရမလဲ ဟုတ်လား။

အောင်မလေး ငါ့တူရယ်..အရင်‌ရွေးကောက်ပွဲတုန်းကတော့ နာမည်ရှေ့ ဒေါက်တာပါသူတွေ အတော်များများဝန်ကြီးချုပ် ဖြစ်ကုန်တာ ဦးလေးဖြင့် သတိထားမိတယ်။

ဒီတော့ ဒီနှစ်မှာလည်း မင့်နာမည်ရှေ့ ဒေါက်တာ ပါအောင် အရင်လုပ်။

ဦးလေးဗြိနှယ့် ကျုပ်က ဆေးဆို ပါရာစီတမော့ နဲ့ ဘာမီတုံတောင်ခွဲမသိတာ ဘယ့်နှယ့်ဒေါက်တာဖြစ်မတုန်း။
ဝန်ကြီးချုပ်ဖြစ်ချင်တယ်ပြောတာ ဒေါက်တာလာလုပ်ခိုင်းနေတယ်လို့ ဦးလေးဗြိ ကို အပြစ်ပြောမစောစေချင်ဘူး။

ဒေါက်တာဆိုတာ ဆေးပညာဒေါက်တာ တစ်ခုတည်းမဟုတ်ဘူး။ သောင်းပြောင်းထွေလာ ဒေါက်တာအမျိုးမျိုးရှိသဗျ။
ခုနေခါက ဒေါက်တာခေတ်ကွဲ့။
ဘာပဲနေနေ မောင်ရင်
နာမည်ရှေ့ ဒေါက်တာလေးသာတတ်လိုက်။
ရယကဥက္ကဌလောက်တော့ ဝင်ရွေးခံလို့ရတယ်။
အရင့်အရင် အဘကြီးများလက်ထက်က ဗိုလ်ကြီး ဗိုလ်မှူး ဆို ဟန်ကျသလိုပေါ့ကွယ်။
ဒီခေတ်ကတော့ ဒေါက်တာဆို သဘောကျပြီးသားကွယ့်။
ငါ့တူလည်း ဝန်ကြီးဖြစ်ဖို့အရေး နာမည်ရှေ့မှာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒေါက်တာသာ တပ်လိုက်။
ဒေါက်တာထည့်တာတော့ ဟုတ်ပါပြီ။ ကိုယ်က ဝန်ကြီးချုပ်ဖြစ်ပြီး ဘာမှ မလုပ်တတ်ရင် ဘယ့်နှယ့်လုပ်မတုန်း စောဒကတတ်ကြပြန်မယ်ထင်တယ်။

မပူနဲ့ ငါလူတို့။
ဝန်ကြီး ဆိုတာ ဝင်ကတည်းက အကြီးကြီး . ဆိုတော့ အောက်ကလူ ကိုယ့်တပည့်ချည်းပဲ မဟုတ်လား။

အဓိက က ဟန်ကိုယ့်ဖို့နေတတ်ဖို့ နဲ့ ကလောင်တံကိုင်ပြီး လက်မှတ်ထိုးတတ်ဖို့ပဲ။

အဓိက က အပေါင်းအနုတ်မြှောက်အစားတတ်ရင် ရပြီကွယ်။

ကိုယ်ဝန်ကြီးဖြစ်တဲ့အခါကျ ကိုယ့်ကို မေးခွန်းတွေမေးပြီးအကြပ်ရိုက်စေမယ့် လွှတ်တော်အမတ်များကို ပေါင်းတန်ပေါင်း။

ကိုယ့်အောက်ကနေ ကိုယ့်ထက် သိတတ်နေပြီး ကိုယ့်ကျော်တက်မယ့်လူဆို နုတ်တန်နုတ်။
ပါတီက သြဇာရှိလူကြီးသူမများဆို ဂါရဝတရားအပြည့်နဲ့မြှောက်တန်မြှောက်ပေး။
စား တာကတော့ အဲ ကိုယ့်လစာနဲ့ပဲ ချွေတာစားကြပါကွယ်လို့။
မဟုတ်ရင်တော့ တရားလိုကနေ တရားခံဖြစ်ပြီး ထိုင်နေအကောင်းသား ဝန်ကြီးချုပ်လုပ်မိမှ ထောင်ကျတဲ့ သာဓကတွေ ရှိတာကိုးကွဲ့။

ဟိုးအရင် အဘများလက်ထက်ကတော့ တိုင်းမှူးတို့၊ ဝန်ကြီးချုပ်တို့နေရာဆိုတာ စူဇကာပုဏ္ဍား တွေ အတွက် သီးသန့်ထားသလိုပဲမို့ ပူစရာမရှိပေမယ့် ဒီ‌ခေတ်ကတော့ တယ်မလွယ်လှဘူးမောင်ရဲ့။

ခိုးစား၊ တောင်းစားတဲ့ခေတ်က ကုန်ပြီဆိုတော့ တိုက်စားတဲ့ခေတ် ရောက်နေပြီ မောင်။

အင်း..တိုက်စားတယ်ဆိုတာကလည်း လုပ်တတ်မှ။

အသက်အာမခံကုမ္ပဏီလေးဘာလေး ထောင်ထားနိုင်တော့မှ ပိုတွက်ခြေကိုက်တာကိုးကွဲ့။

ကဲ.. ကဲ
ကျန်တာတော့ဆက် မပြောရဲဘူး။
ဦးလေးလည်း
အသက်က ကြီးလှပြီကွဲ့။ ရာသီဥတုလေး ခုတလော မိုးအေးတယ်။ သမံတလင်း‌ပေါ်ဆို နေရထိုင်ရတယ်မလွယ်လှဘူး။

တော်ကြာ ဟိုသံချပ်ထိုးမိတဲ့ ကျောင်းသားတွေလို မြန်မာပြည်မြို့နယ်ပေါင်းစုံတရားရုံးတွေက ထောင်တစ်နှစ်စီ ဆွမ်းကြီးလောင်းပေးလိုက်လို့ သပိတ်လျှံ အိတ်လျှံ ထောင်ဒဏ်တွေနဲ့ ညားမှာလည်း ကြောက်ရသေးကိုး။

ဘာပဲဖြစ်ဖြစ် ဦးလေးဗြိ ပြောခဲ့သလို
သင်္ချာပညာလည်းကျွမ်းကျင် ဒေါက်တာဘွဲ့လေးလည်းရှိဆို ဝန်ကြီးလောင်း အဌာရသစာမေးပွဲမှာ မအောင် မရှိ ငါ့တပည့်လို့ပဲ ဦးလေးဗြိ ရဲရဲကြီး အာမခံသကွယ့်။

တကယ်လို့ ငါ့တူကြီးများဝန်ကြီးဖြစ်ရင် မရှိမဖြစ် လိုအပ်တဲ့ နောက်အရည်အချင်းတစ်ခုကတော့ ဘိုးဘိုးအောင်ဗျူဟာကို တတ်ဖို့ပဲ။

တို့ခေါင်းဆောင်တွေတော့ နိုင်ငံခြားတွေသွားပြီး တိုင်းပြည်အတွက် တိုးတက်ရာလမ်းစတွေ ရှာနေကြပြီ။

ကျုပ်တို့ဝန်ကြီးများကလည် ခြောက်လအတွင်း နှစ်ဆတိုးအောင်
လုပ်ပေးပါမယ်တို့ဘာတို့  နဲ့ ဘိုးဘိုးအောင်
ဂိုက်နဲ့ ရဲရဲသာ ကတိပေး။
ဘာကို နှစ်ဆ တက်အောင် လုပ်ပေးမယ်တော့ ထည့်ပြောမနေနဲ့။
နောက်ခါလာနောက်ခါစျေးလောလောဆယ် လူတွေ လက်ခုပ်တီးကောင်းအောင်သာပြော။
ကျန်တာ ထိပ်က ခေါင်းဆောင်တွေ ရှင်းလိမ့်မယ်။

ခြောက်လကြာတော့ ကုန်စျေးနှုန်းတွေ
ချည်း နှစ်ဆတက်မှ ကဲ ကျုပ်မပြောလား နှစ်ဆတိုးအောင် လုပ်ပေးပါပြီဆိုတဲ့ မျက်နှာပြောင်ပြောင်သာ ထားတတ်ဖို့လိုတာ။
နဂိုကမှ ကိုယ်မတတ်လို့ အစိုးရကို ပုံအပ်ထားတဲ့ပြည်သူကို ရွှီးရတာတော့ ဟုတ်ပါပြီ။
လွှတ်တော်မှာ ကိုလို့ကန့်လန့်တွေ မေးရင် ဘယ်လိုဖြေရမလဲ ဟုတ်လား။
ဒါများ တူမောင်တို့ရာ။
အဆင်သင့်မဖြစ်သေးလို့ မဖြေနိုင်ပါဘူး ခင်ဗျာပေါ့။
နော့..ဘာများခက်သတုန်း။

ဆောင်ရန်တွေတော့ ဦးလေးပြောပြီးပြီ။
ရှောင်ရန်လည်း ပြောမှ သင့်ပေမယ် ငါတူတို့။
ဝန်ကြီးဖြစ်ဖြစ်၊ ဝန်ကလေးဖြစ်ဖြစ်၊ အရည်အချင်း ရှိရှိ မရှိရှိ ငါတူမောင်များအနေနဲ့ အထက်ကိုတော့ ကလန်ကဆန်သွားမလုပ်လေနဲ့။
မင့် ဘယ်လောက်အလုပ်လုပ်ပါစေ။ ဆိုင်ရာပိုင်ရာ က မျက်စေ့နောက်တာနဲ့ ကန်ထုတ်ခံရမည်မလွဲကွဲ့။

အိမ်း
ဦးလေးဆိုလိုတာက ဆိုင်ရာပိုင်ရာ အထက်နတ်များကို ဆိုလိုတာပါကွယ်။
ရှေးထုံးရိုးရာဆိုတာ မပယ်ကောင်းဘူးကိုးကွဲ့။

ဒီထက်တော့ ဦးလေးလည်း ပိုမပြောရဲပါဘူး။
ပြောပြီးပါပကော။
ရာသီဥတုလေး ခုတလော မိုးအေးတယ်။ သမံတလင်း‌ပေါ်ဆို နေရထိုင်ရတယ်မလွယ်လှဘူး။

တကယ်လို့များ
ငါ့တူမောင် အကောင်းစားလေး ဝန်ကြီးဖြစ်ခဲ့ရင် ဦးလေးဗြိ တောင်းဆိုချင်တာလေးတစ်ခုရှိပါတယ်။
အဲဒါကတော့ ဦးလေးတို့ အိမ်မှာ ဝါဝင်ဝါထွက် ဦးရှင်ကြီးတင်တဲ့အခါ တူမောင်ဝန်ကြီးချုပ်ကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးဖို့ပါပဲ။

ကိုင်း..ဒါလောက်ပါပဲကွယ်။

ငါတူမောင် ဘာလချောင်ဝန်ကြီးချုပ်လောင်း‌လေး
အဖြုတ်အထုတ်ကင်းစေသော်။

ဗြိတိသျှကိုကိုမောင်

(  Zawgyi  )

 သို႔
တူေမာင္
က်န္းမာေတာ္မူပါစကြယ္။

ငါ့ တူေမာင္ႀကီးက အလည္ေခၚေသာ္ျငား ဦးေလးၿဗိ တစ္ေယာက္မွာ ေမာင္တို႔ရန္ကုန္ၿမိဳ႕ႀကီးထဲ ကြာရန္တင္းစင္တာ ဆိုသဟာႀကီးမွာ အက်ယ္ခ်ဳပ္ေနရမွာ ေၾကာက္သမို႔ မလာဝံ့ေပါင္ကြယ္။

အဲ့ဒီ ကြာရန္တင္းတာထက္ အိမ္က မင့္အေဒၚက ဦးေလးျဖင့္ သူ႔ရွိရာအရပ္က နည္းနည္းကြာတာနဲ႔ ရန္တင္းေနတာက ပိုခက္တယ္မဟုတ္လား။

တူေမာင္ႀကီး ပို႔လိုက္တဲ့ အီးေမးလ္စာလႊာကို ဦးေလးၿဗိ ရပါတယ္။

ဘာတဲ့ တူေမာင္ဟာ မၾကာခင္လုပ္မယ့္ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ္၊ ဝန္ႀကီးေလာင္း၊ ဝန္ႀကီးခ်ဳပ္အေလာင္းအလ်ာအထိ မွန္းဆိုကြဲ႕။

အိမ္း..ဟုတ္ေပသား။
အခုဆို ကိုဗစ္ေရာဂါႀကီးကို အာ႐ုံေရာက္ေနတာနဲ႔ လာမယ့္  ေ႐ြးေကာက္ပြဲဆိုသဟာႀကီးကို  ဦးေလးျဖင့္ ေမ့ေတာင္ေနတာ။

ဘာတဲ့...ဝန္ႀကီးခ်ဳပ္ျဖစ္ခ်င္လို႔ ဘာလုပ္ရမလဲ ဟုတ္လား။

ေအာင္မေလး ငါ့တူရယ္..အရင္‌ေ႐ြးေကာက္ပြဲတုန္းကေတာ့ နာမည္ေရွ႕ ေဒါက္တာပါသူေတြ အေတာ္မ်ားမ်ားဝန္ႀကီးခ်ဳပ္ ျဖစ္ကုန္တာ ဦးေလးျဖင့္ သတိထားမိတယ္။

ဒီေတာ့ ဒီႏွစ္မွာလည္း မင့္နာမည္ေရွ႕ ေဒါက္တာ ပါေအာင္ အရင္လုပ္။

ဦးေလးၿဗိႏွယ့္ က်ဳပ္က ေဆးဆို ပါရာစီတေမာ့ နဲ႔ ဘာမီတုံေတာင္ခြဲမသိတာ ဘယ့္ႏွယ့္ေဒါက္တာျဖစ္မတုန္း။
ဝန္ႀကီးခ်ဳပ္ျဖစ္ခ်င္တယ္ေျပာတာ ေဒါက္တာလာလုပ္ခိုင္းေနတယ္လို႔ ဦးေလးၿဗိ ကို အျပစ္ေျပာမေစာေစခ်င္ဘူး။

ေဒါက္တာဆိုတာ ေဆးပညာေဒါက္တာ တစ္ခုတည္းမဟုတ္ဘူး။ ေသာင္းေျပာင္းေထြလာ ေဒါက္တာအမ်ိဳးမ်ိဳးရွိသဗ်။
ခုေနခါက ေဒါက္တာေခတ္ကြဲ႕။
ဘာပဲေနေန ေမာင္ရင္
နာမည္ေရွ႕ ေဒါက္တာေလးသာတတ္လိုက္။
ရယကဥကၠဌေလာက္ေတာ့ ဝင္ေ႐ြးခံလို႔ရတယ္။
အရင့္အရင္ အဘႀကီးမ်ားလက္ထက္က ဗိုလ္ႀကီး ဗိုလ္မႉး ဆို ဟန္က်သလိုေပါ့ကြယ္။
ဒီေခတ္ကေတာ့ ေဒါက္တာဆို သေဘာက်ၿပီးသားကြယ့္။
ငါ့တူလည္း ဝန္ႀကီးျဖစ္ဖို႔အေရး နာမည္ေရွ႕မွာ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ေဒါက္တာသာ တပ္လိုက္။
ေဒါက္တာထည့္တာေတာ့ ဟုတ္ပါၿပီ။ ကိုယ္က ဝန္ႀကီးခ်ဳပ္ျဖစ္ၿပီး ဘာမွ မလုပ္တတ္ရင္ ဘယ့္ႏွယ့္လုပ္မတုန္း ေစာဒကတတ္ၾကျပန္မယ္ထင္တယ္။

မပူနဲ႔ ငါလူတို႔။
ဝန္ႀကီး ဆိုတာ ဝင္ကတည္းက အႀကီးႀကီး . ဆိုေတာ့ ေအာက္ကလူ ကိုယ့္တပည့္ခ်ည္းပဲ မဟုတ္လား။

အဓိက က ဟန္ကိုယ့္ဖို႔ေနတတ္ဖို႔ နဲ႔ ကေလာင္တံကိုင္ၿပီး လက္မွတ္ထိုးတတ္ဖို႔ပဲ။

အဓိက က အေပါင္းအႏုတ္ေျမႇာက္အစားတတ္ရင္ ရၿပီကြယ္။

ကိုယ္ဝန္ႀကီးျဖစ္တဲ့အခါက် ကိုယ့္ကို ေမးခြန္းေတြေမးၿပီးအၾကပ္႐ိုက္ေစမယ့္ လႊတ္ေတာ္အမတ္မ်ားကို ေပါင္းတန္ေပါင္း။

ကိုယ့္ေအာက္ကေန ကိုယ့္ထက္ သိတတ္ေနၿပီး ကိုယ့္ေက်ာ္တက္မယ့္လူဆို ႏုတ္တန္ႏုတ္။
ပါတီက ၾသဇာရွိလူႀကီးသူမမ်ားဆို ဂါရဝတရားအျပည့္နဲ႔ေျမႇာက္တန္ေျမႇာက္ေပး။
စား တာကေတာ့ အဲ ကိုယ့္လစာနဲ႔ပဲ ေခြၽတာစားၾကပါကြယ္လို႔။
မဟုတ္ရင္ေတာ့ တရားလိုကေန တရားခံျဖစ္ၿပီး ထိုင္ေနအေကာင္းသား ဝန္ႀကီးခ်ဳပ္လုပ္မိမွ ေထာင္က်တဲ့ သာဓကေတြ ရွိတာကိုးကြဲ႕။

ဟိုးအရင္ အဘမ်ားလက္ထက္ကေတာ့ တိုင္းမႉးတို႔၊ ဝန္ႀကီးခ်ဳပ္တို႔ေနရာဆိုတာ စူဇကာပု႑ား ေတြ အတြက္ သီးသန႔္ထားသလိုပဲမို႔ ပူစရာမရွိေပမယ့္ ဒီ‌ေခတ္ကေတာ့ တယ္မလြယ္လွဘူးေမာင္ရဲ႕။

ခိုးစား၊ ေတာင္းစားတဲ့ေခတ္က ကုန္ၿပီဆိုေတာ့ တိုက္စားတဲ့ေခတ္ ေရာက္ေနၿပီ ေမာင္။

အင္း..တိုက္စားတယ္ဆိုတာကလည္း လုပ္တတ္မွ။

အသက္အာမခံကုမၸဏီေလးဘာေလး ေထာင္ထားႏိုင္ေတာ့မွ ပိုတြက္ေျခကိုက္တာကိုးကြဲ႕။

ကဲ.. ကဲ
က်န္တာေတာ့ဆက္ မေျပာရဲဘူး။
ဦးေလးလည္း
အသက္က ႀကီးလွၿပီကြဲ႕။ ရာသီဥတုေလး ခုတေလာ မိုးေအးတယ္။ သမံတလင္း‌ေပၚဆို ေနရထိုင္ရတယ္မလြယ္လွဘူး။

ေတာ္ၾကာ ဟိုသံခ်ပ္ထိုးမိတဲ့ ေက်ာင္းသားေတြလို ျမန္မာျပည္ၿမိဳ႕နယ္ေပါင္းစုံတရား႐ုံးေတြက ေထာင္တစ္ႏွစ္စီ ဆြမ္းႀကီးေလာင္းေပးလိုက္လို႔ သပိတ္လွ်ံ အိတ္လွ်ံ ေထာင္ဒဏ္ေတြနဲ႔ ညားမွာလည္း ေၾကာက္ရေသးကိုး။

ဘာပဲျဖစ္ျဖစ္ ဦးေလးၿဗိ ေျပာခဲ့သလို
သခ်ၤာပညာလည္းကြၽမ္းက်င္ ေဒါက္တာဘြဲ႕ေလးလည္းရွိဆို ဝန္ႀကီးေလာင္း အဌာရသစာေမးပြဲမွာ မေအာင္ မရွိ ငါ့တပည့္လို႔ပဲ ဦးေလးၿဗိ ရဲရဲႀကီး အာမခံသကြယ့္။

တကယ္လို႔ ငါ့တူႀကီးမ်ားဝန္ႀကီးျဖစ္ရင္ မရွိမျဖစ္ လိုအပ္တဲ့ ေနာက္အရည္အခ်င္းတစ္ခုကေတာ့ ဘိုးဘိုးေအာင္ဗ်ဴဟာကို တတ္ဖို႔ပဲ။

တို႔ေခါင္းေဆာင္ေတြေတာ့ ႏိုင္ငံျခားေတြသြားၿပီး တိုင္းျပည္အတြက္ တိုးတက္ရာလမ္းစေတြ ရွာေနၾကၿပီ။

က်ဳပ္တို႔ဝန္ႀကီးမ်ားကလည္ ေျခာက္လအတြင္း ႏွစ္ဆတိုးေအာင္
လုပ္ေပးပါမယ္တို႔ဘာတို႔  နဲ႔ ဘိုးဘိုးေအာင္
ဂိုက္နဲ႔ ရဲရဲသာ ကတိေပး။
ဘာကို ႏွစ္ဆ တက္ေအာင္ လုပ္ေပးမယ္ေတာ့ ထည့္ေျပာမေနနဲ႔။
ေနာက္ခါလာေနာက္ခါေစ်းေလာေလာဆယ္ လူေတြ လက္ခုပ္တီးေကာင္းေအာင္သာေျပာ။
က်န္တာ ထိပ္က ေခါင္းေဆာင္ေတြ ရွင္းလိမ့္မယ္။

ေျခာက္လၾကာေတာ့ ကုန္ေစ်းႏႈန္းေတြ
ခ်ည္း ႏွစ္ဆတက္မွ ကဲ က်ဳပ္မေျပာလား ႏွစ္ဆတိုးေအာင္ လုပ္ေပးပါၿပီဆိုတဲ့ မ်က္ႏွာေျပာင္ေျပာင္သာ ထားတတ္ဖို႔လိုတာ။
နဂိုကမွ ကိုယ္မတတ္လို႔ အစိုးရကို ပုံအပ္ထားတဲ့ျပည္သူကို ႐ႊီးရတာေတာ့ ဟုတ္ပါၿပီ။
လႊတ္ေတာ္မွာ ကိုလို႔ကန႔္လန႔္ေတြ ေမးရင္ ဘယ္လိုေျဖရမလဲ ဟုတ္လား။
ဒါမ်ား တူေမာင္တို႔ရာ။
အဆင္သင့္မျဖစ္ေသးလို႔ မေျဖႏိုင္ပါဘူး ခင္ဗ်ာေပါ့။
ေနာ့..ဘာမ်ားခက္သတုန္း။

ေဆာင္ရန္ေတြေတာ့ ဦးေလးေျပာၿပီးၿပီ။
ေရွာင္ရန္လည္း ေျပာမွ သင့္ေပမယ္ ငါတူတို႔။
ဝန္ႀကီးျဖစ္ျဖစ္၊ ဝန္ကေလးျဖစ္ျဖစ္၊ အရည္အခ်င္း ရွိရွိ မရွိရွိ ငါတူေမာင္မ်ားအေနနဲ႔ အထက္ကိုေတာ့ ကလန္ကဆန္သြားမလုပ္ေလနဲ႔။
မင့္ ဘယ္ေလာက္အလုပ္လုပ္ပါေစ။ ဆိုင္ရာပိုင္ရာ က မ်က္ေစ့ေနာက္တာနဲ႔ ကန္ထုတ္ခံရမည္မလြဲကြဲ႕။

အိမ္း
ဦးေလးဆိုလိုတာက ဆိုင္ရာပိုင္ရာ အထက္နတ္မ်ားကို ဆိုလိုတာပါကြယ္။
ေရွးထုံး႐ိုးရာဆိုတာ မပယ္ေကာင္းဘူးကိုးကြဲ႕။

ဒီထက္ေတာ့ ဦးေလးလည္း ပိုမေျပာရဲပါဘူး။
ေျပာၿပီးပါပေကာ။
ရာသီဥတုေလး ခုတေလာ မိုးေအးတယ္။ သမံတလင္း‌ေပၚဆို ေနရထိုင္ရတယ္မလြယ္လွဘူး။

တကယ္လို႔မ်ား
ငါ့တူေမာင္ အေကာင္းစားေလး ဝန္ႀကီးျဖစ္ခဲ့ရင္ ဦးေလးၿဗိ ေတာင္းဆိုခ်င္တာေလးတစ္ခုရွိပါတယ္။
အဲဒါကေတာ့ ဦးေလးတို႔ အိမ္မွာ ဝါဝင္ဝါထြက္ ဦးရွင္ႀကီးတင္တဲ့အခါ တူေမာင္ဝန္ႀကီးခ်ဳပ္ႀကီး ကိုယ္တိုင္ တက္ေရာက္ခ်ီးျမႇင့္ေပးဖို႔ပါပဲ။

ကိုင္း..ဒါေလာက္ပါပဲကြယ္။

ငါတူေမာင္ ဘာလေခ်ာင္ဝန္ႀကီးခ်ဳပ္ေလာင္း‌ေလး
အျဖဳတ္အထုတ္ကင္းေစေသာ္။

ၿဗိတိသွ်ကိုကိုေမာင္