【 သရော်စာ 】“သူခိုးပေါတဲ့ မြန်မာပြည်”

 【 သရော်စာ 】“သူခိုးပေါတဲ့ မြန်မာပြည်”

အခုတစ်လော တစ်ဒေါ်လာဆိုလား နှစ်ဒေါ်လာထည့်ပြီး မြစ်ကိုရွေးဖို့ လုပ်ကြမယ်ဆိုလာ ..။ နတ်ဆိုး တို့တော့ ဉာဏ်မမီ တော့မသိ။
 ဘယ်နှဲ့ ကိုယ်ရှေ့မှာ အရှင်လတ်လတ်မြင်နေရတဲ့ မြစ်က ဘယ်တုန်းက အပေါင်ခံလိုက်ရမှန်း ကိုယ်တောင် မသိ ။ ကိုယ်တွေ နုံချက်က။
အခု နေရင်းထိုင်ရင်း တစ်ဒေါ်လာကုန်တော့မည့် … …။
ဘယ်နှဲ့ဗျာ… စားစရာမရှိလို့ ငတ်နေရတဲ့ ကြားထဲ စားစရာမရှိ လျော်စရာရှိဆိုမလား။
စဉ်းစားကြည့်တော့ သဘာဝအတိုင်းရှိနေတဲ့ မြစ်ကိုတောင် ပေါင်နိုင်တဲ့သူတွေ။တော်တော်ဆိုးတဲ့ လူတွေ..။
ဒါတောင် ဒီလူတွေ နှစ်လေး နှစ်ဆယ် သုံးဆယ်လောက်မိုလို့။ ရာစုဝက်သာဆို မြန်မာပြည်တောင် အင်္ဂါဂြိုလ်သားတွေဆီ သွားပေါင်လေမလားမသိ ။
ဒါကြောင့် ပြောတာ “ ကောင်းမှန်းသိ သာအိ တစိုစို”ဆိုသလို။

အခုလည်း အာဏာကို သည်းကြီးမည်းကြီး ပြန်လိုချင်နေတာ ဒါကြောင့်ဘဲဖြစ်မည်။
ဒါကြောင့် ဒီလူတွေကို နတ်ဆိုးလေးစားသည်။လိုချင်ခပ်ပြတ်ပြတ်ဘဲ။ အရှက်ကို ဘေးချိတ်လို့..။
ဒီလူတွေကိုမှ နတ်ဆိုး မလေးစားလျှင် ဘယ်သူကို နတ်ဆိုးလေးစားမလဲ  ..။
နတ်ဆိုး တအားလေးစားသွားသည်။ ဒီလူတွေ ဘာကြောင့် ဒီလောက်တော်ရတာလဲ…။
ဘာကျောင်းဆင်းတွေမို့လဲ…။ဘာဘွဲရတွေလည်း။ ဘယ်သူတပည့်တွေလည်း ..။အရမ်း သိချင် သွားသည်။
ဖြစ်နိုင်ရင် ဒီလူတွေ တက်ခဲ့တဲ့ ကျောင်းကိုတောင် သွားတက်လိုက်ချင်သည်။ သူတို့ကျောင်းမှာ ဘာတွေ များသင်ပေးသလဲ..။
တကယ်ဆို မြစ်တစ်ခုလုံးကို တခြားနိုင်ငံဆီပေါင်နိုင်တဲ့ အရည်အသွေးက နည်းတဲ့ အရည် အသွေးလား….။
နတ်ဆိုးတို့ ငယ်ငယ်တုန်းကတော့ ကြားဖူးသည်။

 မြို့သားတစ်ယောက်က တောကတက်လာတဲ့ တောသားတွေကို မီးရထားကို ပြပြီး တစ်ရက်တစ်ရက် ဘယ်လောက် ဝင်ငွေတွေရသည် ၊သူအခု ဒီအလုပ်ကို မလုပ်နိုင်တော့လို့ တခြားသူကို ရောင်းမည်လို့ စကားခေါ်တော့ တောသားက တစ်ကယ်ဘဲ သူ့အပိုင်ထင်ပြီး  သူမှာပါတဲ့ မရှိရှိတဲ့ငွေနဲ့ ထုတ်ဝယ်သည်။ နောက်တော့မှ အလိမ်ခံရမှန်းသိသည်။
ဒီဇာတ်လမ်းကို ကြားတုန်းက အဟုတ်မှတ်ပြီး ရယ်လိုက်ရတာ။  ဒိလောက်တောင် ထူလှချည်လားဟု။
အခုကတော့ ဒီလိုမဟုတ်..။ မြို့သားကို တောသားက အိမ်ပြပြီးရောင်းသွားလို့ တမိသားစုလုံး ဒုက္ခရောက်သည့် ဇာတ်ဖြစ်သည်။
ရယ်စရာမဟုတ်..။ တစ်ကယ်ကို ..။

သူတို့တိုင်းပြည်ကို ချောက်ထဲကျမှာစိုးလို့ ကယ်လိုက်တာ မြစ်တောင် ပြည်သူတွေ ပိုက်ဆံစုပြီး ပြန်ရွေးရတဲ့ အဖြစ်…။
ဒီတော့ ဂါပြီလေ…။ နတ်ဆိုး သူတို့ကို လေးစားပြီလေ…..။
ဘာကြောင့် ဒီလောက်တောင် တော်ရသလဲကွယ်..။
ကမ္ဘာမှာ နိုင်ငံတိုင်းက သူဂုဏ်ယူစရာနှင့် သူ နာမည်ကြီးကြသည်။ ဒူရင်းသီးတိုင်းပြည်၊ မဆလာ တိုင်းပြည်၊ တိဘက်တို့ နီပေါတို့ဆို အေးချမ်းမှုနှင့်ထင်ရှားသည်။ ဘူတန်ဆို သူရဲ့ တိုင်းပြည်တည်နေပုံကြောင့်။
နတ်ဆိုးတို့ တိုင်းပြည်လည်း အရင်က ကျောက်စိမ်းတိုင်းပြည်ဆိုပြီးထင်ရှားသည်။နောက်တော့ ကျောက် စိမ်းအစား ရွှေတိုင်းပြည်။ ရွှေတိုင်းပြည်အစား အလှူပေးတိုင်းပြည်။
သြော် တစ်ကယ်ပြောတော..။

ဘဘတွေ လက်ထက် အလှူပေးတဲ့နေရာမှာ ဘယ်လောက်တောင်ရက်ရောသလဲဆို ကမ္ဘာမှာ တစ်နှစ်သုံးထိပ်တန်းနေရာက ဘယ်တော့ မှ မဆင်း။
ဘာတဲ့…. ကမ္ဘာအလှူအတန်းရက်ရောဆုံးနိုင်ငံဆိုသလား။
တစ်ကယ်တော့  အဲဒီတုန်းက  ရောင်းစရာနှံစရာ ရေနံ၊သဘာဝဓာတ်ငွေ့တွေ ၊သစ်တွေ ရှိနေတော့ ယူကျပေါ့ အဟောသိကံ..။ငါအိမ်လည်း ထည့်ပေးခဲ့ဦးပေါ့..။
ဘဘတွေ စုတေပြီး အမေစုတက်လာတော့လည်း အဆင်းအတက်မှာ ဝိုင်းသမလိုက်တာ  အိမ်သာခွက်တွေ၊ မြက်ခင်းတွေပါမကျန် ခွာယူကြတာ..။
နိုင်ငံတောင် အခွံသာကျန်တဲ့အထိ  ပြုတ်ပြုတ်ပြုန်းတာ။ ‘မ’တာ ပြောပါတယ်။
အမေစုခမြာ အစိုးရဖွဲပြီးပြီးချင်း ကမ္ဘာပတ်ပြီး အလှူခံထွက်ရတာ။

ဟိုနိုင်ငံသွားလည်း ကြွေးတွေလျော်ခိုင်းရ၊ဒီနိုင်ငံ သွားလည်း ဘာထောက်ပံမှုယူရ၊ ဟိုနိုင်ငံက လာလည်း ဘာလှူပါ ၊ညာလှူပါနဲ့။
မြန်မာနိုင်ငံဆိုတာ အလှူခံနိုင်ငံဆိုလား။ဘာလား…။နာမည်ထွက်သေး…။
အခုတော့ နောက်ထပ်နာမည်တစ်မျိုး ..။
ထွက်ဆို ဒီသြင်္ကန်ကတည်းက နိမိတ်ပြနေတာ။ ဘာတဲ့ ထီးတွေခိုးသတဲ့ ဆိုသလား။ပြောလိုက်ကျတာ ထီးလေးတစ်ချောင်း ခိုးမိတာ တစ်နိုင်ငံလုံးဖာတန်းရောက်တော့မယ့် အတိုင်း။
အဆိုးဆုံးက ဟိုဟာဒီဟာ မနေတဲ့သူတွေလေ။ သူတို့တုန်းက ဆို ဒီလိုမရှိဘူးဆိုလား။ ဘယ်ရှိမလဲ သူတို့တုန်းက လုပ်မှ မလုပ်ပေးခဲ့ဘဲ ခိုးလို့ရသမျှ အကုန်ခိုး ယူလို့ရသမျှ အကုန်ယူဆိုလား ဆောင်ပုဒ်နဲ့ တိုင်း ပြည်ကို တစ်တပ်တစ်အား တက်ညီလက်ညီ ဝိုင်းဝုန်းကြတာ။

နတ်ဆိုးကတော့ ထီးသူခိုးတွေကို သနားသည်။
သြော်သူတို့ခမျာ ထီးလေးတစ်ချောင်းနဲ့ ခိုးမိတာနဲ့ ဘီလျံနဲ့ချီပြီး ခိုးတဲ့သူတွေအလား အပြောခံ လိုက်ရတာ ..။ မတန်လိုက်တာ ..။
ဘီလျံနံ့ချီပြီး ခိုးတဲ့သူတွေ ဘုရားဒကာကျောင်းဒကာဖြစ်နေချိန်မှာ  ထီးကလေးတစ်ချောင်းနဲ့ သူခိုူလို့ တိုင်းပြည်က ဝိုင်းခေါ်လိုက်ကြတာ…။
တစ်ကယ်တော့ ပြည်သူတွေက ထီးသူခိုးတွေကို သူခိုးလို့ခေါ်တာမဟုတ်..။  
ပညာရှိဆန်ဆန် သူတို့ သူခိုးလို့ ခေါ်ချင်တဲ့ သူကိုခေါ်လိုက်တာ..။  
ပြည်သူတွေ တက်ညီလက်ညီ သူခိုးလို့ ဆဲချင်ဆိုချင်ကြတဲ့ သူတွေက အရင်တုန်းနဲ့ အခုလက်ရှိ အထိ မျက်နှာပြောင်တိုက်ပြီး တိုင်းပြည်ဘဏ္ဍာ သူဟာမှတ်ပါလို့ ဆိုပြီး ခိုးပြီး ပြန်မပေးဘဲ အရှုးကွက်နင်းနေတဲ့ သူတွေကို ဆဲချင်တာ…..။
ဒီလို ဆဲခွင့်မရတော့ တစ်ချောင်း သုံးထောင်တန်ဖိုးရှိတဲ့ ထီးခိုးသူတွေကိုမိတဲ့အခါ …နင်လားဟဲ့ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ သူခိုးဆိုပြီး ရစရာမရှိအောင် အတိုးချပြီး ဝက်ဝက်ကွဲအောင် ဆဲကြဆိုကြတာ။  
သြော်…သူတို့ခမျာ သူခိုးကြီးတွေအတွက် ဓားစာခံဖြစ်လို့..။

ခုဆို ကမ္ဘာလည်း မြန်မာပြည်က သူခိုးတွေအကြောင်း တော်တော် သိသွားပြီး။
မသိဘဲ နေရိုးလား။ ဒီကလူတွေ ထီးတောင် ဗြောင်ခိုးတာ တခြားဟာဆို အခွံတောင် ကျန်ပါ့မလား ဟု….။
အခုလည်း ထပ်ပြီး ကမ္ဘာက သိပြန်ပြီ ။
မြစ်ကို ရွေးဖို့ ပြည်သူတွေ တစ်ဒေါ်လာဆီစုမယ်ဆိုတော့ ..
ဟာ ဟ ..မြန်မာတွေ ခိုးချက်က လက်လှန်ဘဲဟု။
ဒါကြောင့်ပြောတာ မြန်မာဆိုတာ မလုပ်ရင် အရှင်း …။လုပ်ရင်လည်း အရှင်း..။  
မခိုးဘူးဆို ဆန်တစေ့တောင် မခိုးဘူး။ (ဒါ ဘုရားရှင်လက်ထက်က )
အခုကတော့ ခိုးပြီဆို ထီးကအစ မြစ်အဆုံး ဆိုမလား..။
ဒါကြောင့်ပြောပါတယ်။
မြန်မာဆိုတာ သူခိုးတွေ ပေါတဲ့ ပြည်ဆိုလား..။

နတ်ဆိုး

(  Zawgyi  )

 အခုတစ္ေလာ တစ္ေဒၚလာဆိုလား ႏွစ္ေဒၚလာထည့္ၿပီး ျမစ္ကိုေ႐ြးဖို႔ လုပ္ၾကမယ္ဆိုလာ ..။ နတ္ဆိုး တို႔ေတာ့ ဉာဏ္မမီ ေတာ့မသိ။
 ဘယ္ႏွဲ႔ ကိုယ္ေရွ႕မွာ အရွင္လတ္လတ္ျမင္ေနရတဲ့ ျမစ္က ဘယ္တုန္းက အေပါင္ခံလိုက္ရမွန္း ကိုယ္ေတာင္ မသိ ။ ကိုယ္ေတြ ႏုံခ်က္က။
အခု ေနရင္းထိုင္ရင္း တစ္ေဒၚလာကုန္ေတာ့မည့္ … …။
ဘယ္ႏွဲ႔ဗ်ာ… စားစရာမရွိလို႔ ငတ္ေနရတဲ့ ၾကားထဲ စားစရာမရွိ ေလ်ာ္စရာရွိဆိုမလား။
စဥ္းစားၾကည့္ေတာ့ သဘာဝအတိုင္းရွိေနတဲ့ ျမစ္ကိုေတာင္ ေပါင္ႏိုင္တဲ့သူေတြ။ေတာ္ေတာ္ဆိုးတဲ့ လူေတြ..။
ဒါေတာင္ ဒီလူေတြ ႏွစ္ေလး ႏွစ္ဆယ္ သုံးဆယ္ေလာက္မိုလို႔။ ရာစုဝက္သာဆို ျမန္မာျပည္ေတာင္ အဂၤါၿဂိဳလ္သားေတြဆီ သြားေပါင္ေလမလားမသိ ။
ဒါေၾကာင့္ ေျပာတာ “ ေကာင္းမွန္းသိ သာအိ တစိုစို”ဆိုသလို။

အခုလည္း အာဏာကို သည္းႀကီးမည္းႀကီး ျပန္လိုခ်င္ေနတာ ဒါေၾကာင့္ဘဲျဖစ္မည္။
ဒါေၾကာင့္ ဒီလူေတြကို နတ္ဆိုးေလးစားသည္။လိုခ်င္ခပ္ျပတ္ျပတ္ဘဲ။ အရွက္ကို ေဘးခ်ိတ္လို႔..။
ဒီလူေတြကိုမွ နတ္ဆိုး မေလးစားလွ်င္ ဘယ္သူကို နတ္ဆိုးေလးစားမလဲ  ..။
နတ္ဆိုး တအားေလးစားသြားသည္။ ဒီလူေတြ ဘာေၾကာင့္ ဒီေလာက္ေတာ္ရတာလဲ…။
ဘာေက်ာင္းဆင္းေတြမို႔လဲ…။ဘာဘြဲရေတြလည္း။ ဘယ္သူတပည့္ေတြလည္း ..။အရမ္း သိခ်င္ သြားသည္။
ျဖစ္ႏိုင္ရင္ ဒီလူေတြ တက္ခဲ့တဲ့ ေက်ာင္းကိုေတာင္ သြားတက္လိုက္ခ်င္သည္။ သူတို႔ေက်ာင္းမွာ ဘာေတြ မ်ားသင္ေပးသလဲ..။
တကယ္ဆို ျမစ္တစ္ခုလုံးကို တျခားႏိုင္ငံဆီေပါင္ႏိုင္တဲ့ အရည္အေသြးက နည္းတဲ့ အရည္ အေသြးလား….။
နတ္ဆိုးတို႔ ငယ္ငယ္တုန္းကေတာ့ ၾကားဖူးသည္။

 ၿမိဳ႕သားတစ္ေယာက္က ေတာကတက္လာတဲ့ ေတာသားေတြကို မီးရထားကို ျပၿပီး တစ္ရက္တစ္ရက္ ဘယ္ေလာက္ ဝင္ေငြေတြရသည္ ၊သူအခု ဒီအလုပ္ကို မလုပ္ႏိုင္ေတာ့လို႔ တျခားသူကို ေရာင္းမည္လို႔ စကားေခၚေတာ့ ေတာသားက တစ္ကယ္ဘဲ သူ႔အပိုင္ထင္ၿပီး  သူမွာပါတဲ့ မရွိရွိတဲ့ေငြနဲ႔ ထုတ္ဝယ္သည္။ ေနာက္ေတာ့မွ အလိမ္ခံရမွန္းသိသည္။
ဒီဇာတ္လမ္းကို ၾကားတုန္းက အဟုတ္မွတ္ၿပီး ရယ္လိုက္ရတာ။  ဒိေလာက္ေတာင္ ထူလွခ်ည္လားဟု။
အခုကေတာ့ ဒီလိုမဟုတ္..။ ၿမိဳ႕သားကို ေတာသားက အိမ္ျပၿပီးေရာင္းသြားလို႔ တမိသားစုလုံး ဒုကၡေရာက္သည့္ ဇာတ္ျဖစ္သည္။
ရယ္စရာမဟုတ္..။ တစ္ကယ္ကို ..။

သူတို႔တိုင္းျပည္ကို ေခ်ာက္ထဲက်မွာစိုးလို႔ ကယ္လိုက္တာ ျမစ္ေတာင္ ျပည္သူေတြ ပိုက္ဆံစုၿပီး ျပန္ေ႐ြးရတဲ့ အျဖစ္…။
ဒီေတာ့ ဂါၿပီေလ…။ နတ္ဆိုး သူတို႔ကို ေလးစားၿပီေလ…..။
ဘာေၾကာင့္ ဒီေလာက္ေတာင္ ေတာ္ရသလဲကြယ္..။
ကမာၻမွာ ႏိုင္ငံတိုင္းက သူဂုဏ္ယူစရာႏွင့္ သူ နာမည္ႀကီးၾကသည္။ ဒူရင္းသီးတိုင္းျပည္၊ မဆလာ တိုင္းျပည္၊ တိဘက္တို႔ နီေပါတို႔ဆို ေအးခ်မ္းမႈႏွင့္ထင္ရွားသည္။ ဘူတန္ဆို သူရဲ႕ တိုင္းျပည္တည္ေနပုံေၾကာင့္။
နတ္ဆိုးတို႔ တိုင္းျပည္လည္း အရင္က ေက်ာက္စိမ္းတိုင္းျပည္ဆိုၿပီးထင္ရွားသည္။ေနာက္ေတာ့ ေက်ာက္ စိမ္းအစား ေ႐ႊတိုင္းျပည္။ ေ႐ႊတိုင္းျပည္အစား အလႉေပးတိုင္းျပည္။
ေၾသာ္ တစ္ကယ္ေျပာေတာ..။

ဘဘေတြ လက္ထက္ အလႉေပးတဲ့ေနရာမွာ ဘယ္ေလာက္ေတာင္ရက္ေရာသလဲဆို ကမာၻမွာ တစ္ႏွစ္သုံးထိပ္တန္းေနရာက ဘယ္ေတာ့ မွ မဆင္း။
ဘာတဲ့…. ကမာၻအလႉအတန္းရက္ေရာဆုံးႏိုင္ငံဆိုသလား။
တစ္ကယ္ေတာ့  အဲဒီတုန္းက  ေရာင္းစရာႏွံစရာ ေရနံ၊သဘာဝဓာတ္ေငြ႕ေတြ ၊သစ္ေတြ ရွိေနေတာ့ ယူက်ေပါ့ အေဟာသိကံ..။ငါအိမ္လည္း ထည့္ေပးခဲ့ဦးေပါ့..။
ဘဘေတြ စုေတၿပီး အေမစုတက္လာေတာ့လည္း အဆင္းအတက္မွာ ဝိုင္းသမလိုက္တာ  အိမ္သာခြက္ေတြ၊ ျမက္ခင္းေတြပါမက်န္ ခြာယူၾကတာ..။
ႏိုင္ငံေတာင္ အခြံသာက်န္တဲ့အထိ  ျပဳတ္ျပဳတ္ျပဳန္းတာ။ ‘မ’တာ ေျပာပါတယ္။
အေမစုချမာ အစိုးရဖြဲၿပီးၿပီးခ်င္း ကမာၻပတ္ၿပီး အလႉခံထြက္ရတာ။

ဟိုႏိုင္ငံသြားလည္း ေႂကြးေတြေလ်ာ္ခိုင္းရ၊ဒီႏိုင္ငံ သြားလည္း ဘာေထာက္ပံမႈယူရ၊ ဟိုႏိုင္ငံက လာလည္း ဘာလႉပါ ၊ညာလႉပါနဲ႔။
ျမန္မာႏိုင္ငံဆိုတာ အလႉခံႏိုင္ငံဆိုလား။ဘာလား…။နာမည္ထြက္ေသး…။
အခုေတာ့ ေနာက္ထပ္နာမည္တစ္မ်ိဳး ..။
ထြက္ဆို ဒီၾသကၤန္ကတည္းက နိမိတ္ျပေနတာ။ ဘာတဲ့ ထီးေတြခိုးသတဲ့ ဆိုသလား။ေျပာလိုက္က်တာ ထီးေလးတစ္ေခ်ာင္း ခိုးမိတာ တစ္ႏိုင္ငံလုံးဖာတန္းေရာက္ေတာ့မယ့္ အတိုင္း။
အဆိုးဆုံးက ဟိုဟာဒီဟာ မေနတဲ့သူေတြေလ။ သူတို႔တုန္းက ဆို ဒီလိုမရွိဘူးဆိုလား။ ဘယ္ရွိမလဲ သူတို႔တုန္းက လုပ္မွ မလုပ္ေပးခဲ့ဘဲ ခိုးလို႔ရသမွ် အကုန္ခိုး ယူလို႔ရသမွ် အကုန္ယူဆိုလား ေဆာင္ပုဒ္နဲ႔ တိုင္း ျပည္ကို တစ္တပ္တစ္အား တက္ညီလက္ညီ ဝိုင္းဝုန္းၾကတာ။

နတ္ဆိုးကေတာ့ ထီးသူခိုးေတြကို သနားသည္။
ေၾသာ္သူတို႔ခမ်ာ ထီးေလးတစ္ေခ်ာင္းနဲ႔ ခိုးမိတာနဲ႔ ဘီလ်ံနဲ႔ခ်ီၿပီး ခိုးတဲ့သူေတြအလား အေျပာခံ လိုက္ရတာ ..။ မတန္လိုက္တာ ..။
ဘီလ်ံနံ႔ခ်ီၿပီး ခိုးတဲ့သူေတြ ဘုရားဒကာေက်ာင္းဒကာျဖစ္ေနခ်ိန္မွာ  ထီးကေလးတစ္ေခ်ာင္းနဲ႔ သူခိုူလို႔ တိုင္းျပည္က ဝိုင္းေခၚလိုက္ၾကတာ…။
တစ္ကယ္ေတာ့ ျပည္သူေတြက ထီးသူခိုးေတြကို သူခိုးလို႔ေခၚတာမဟုတ္..။  
ပညာရွိဆန္ဆန္ သူတို႔ သူခိုးလို႔ ေခၚခ်င္တဲ့ သူကိုေခၚလိုက္တာ..။  
ျပည္သူေတြ တက္ညီလက္ညီ သူခိုးလို႔ ဆဲခ်င္ဆိုခ်င္ၾကတဲ့ သူေတြက အရင္တုန္းနဲ႔ အခုလက္ရွိ အထိ မ်က္ႏွာေျပာင္တိုက္ၿပီး တိုင္းျပည္ဘ႑ာ သူဟာမွတ္ပါလို႔ ဆိုၿပီး ခိုးၿပီး ျပန္မေပးဘဲ အရႈးကြက္နင္းေနတဲ့ သူေတြကို ဆဲခ်င္တာ…..။
ဒီလို ဆဲခြင့္မရေတာ့ တစ္ေခ်ာင္း သုံးေထာင္တန္ဖိုးရွိတဲ့ ထီးခိုးသူေတြကိုမိတဲ့အခါ …နင္လားဟဲ့ ျပည္သူပိုင္ပစၥည္းခိုးတဲ့ သူခိုးဆိုၿပီး ရစရာမရွိေအာင္ အတိုးခ်ၿပီး ဝက္ဝက္ကြဲေအာင္ ဆဲၾကဆိုၾကတာ။  
ေၾသာ္…သူတို႔ခမ်ာ သူခိုးႀကီးေတြအတြက္ ဓားစာခံျဖစ္လို႔..။

ခုဆို ကမာၻလည္း ျမန္မာျပည္က သူခိုးေတြအေၾကာင္း ေတာ္ေတာ္ သိသြားၿပီး။
မသိဘဲ ေန႐ိုးလား။ ဒီကလူေတြ ထီးေတာင္ ေျဗာင္ခိုးတာ တျခားဟာဆို အခြံေတာင္ က်န္ပါ့မလား ဟု….။
အခုလည္း ထပ္ၿပီး ကမာၻက သိျပန္ၿပီ ။
ျမစ္ကို ေ႐ြးဖို႔ ျပည္သူေတြ တစ္ေဒၚလာဆီစုမယ္ဆိုေတာ့ ..
ဟာ ဟ ..ျမန္မာေတြ ခိုးခ်က္က လက္လွန္ဘဲဟု။
ဒါေၾကာင့္ေျပာတာ ျမန္မာဆိုတာ မလုပ္ရင္ အရွင္း …။လုပ္ရင္လည္း အရွင္း..။  
မခိုးဘူးဆို ဆန္တေစ့ေတာင္ မခိုးဘူး။ (ဒါ ဘုရားရွင္လက္ထက္က )
အခုကေတာ့ ခိုးၿပီဆို ထီးကအစ ျမစ္အဆုံး ဆိုမလား..။
ဒါေၾကာင့္ေျပာပါတယ္။
ျမန္မာဆိုတာ သူခိုးေတြ ေပါတဲ့ ျပည္ဆိုလား..။

နတ္ဆိုး