【 သရော်စာ 】“ ကိုက်လိုက်ရမလား”

【  သရော်စာ  】“ ကိုက်လိုက်ရမလား”

ခွေးလောက ဆိုတာအရှုပ်သား..။ လူတွေလို သားပေးသမီးပေးဆိုတာသာမရှိတာ  အဲ … ဆရာမွေး တပည့်မွေးတော့ ရှိသည်။
ဒါလည်း မြန်မာခွေးလောကကို နိုင်ငံခြားက ဘိုခွေးတွေ ဝင်လာပြီးမှ ဖြစ်လာတာ။
မြန်မာခွေးဆိုတာ သိတယ်မဟုတ်လား ..။ ကြည့်မရရင် ထကိုက်လိုက်ရုံ။
ဒီကောင်တွေ မြန်မာခွေးလောကထဲ ရောက်လဲ ရောက်လာရော ခွေးလောကလည်း ပျက်ကရော။ မပျက်ဘဲနေကရိုးလား..။ ခွေးချင်းတူတူ ဖားကြယားကြနဲ့ ဒီကောင်တွေလုပ်ကြလို့ ခွေးပါးတွေဝပြီး ဆရာမွေး တပည်မွေးတွေ ဖြစ်လာတာ။
ခွေးဆိုတာ သိတယ်မဟုတ်လား။ နေတာထိုင်တာ..ရှင်းရှင်းလေး။
ခြံလုံရင် ကိုယ့်တာဝန်ကြေပြီ။ ခွေးဆိုတာ ခြံလုံဖို့..။
ဒီနိုင်ငံခြားက တယ်ရီယာလို့ ဘိုခွေးတွေ ဝင်လာမှ ခြံလုံဖို့က ခွေးတာဝန်မဟုတ်ဘဲ အလှပြရုံ အမြီးနှံပြ သခင်ကိုဖားပြ ချွဲပြရုံနဲ့ ခွေးတာဝန်က ကပြောင်းကပြန်တွေ ဖြစ်ကရော..။
ဘယ်လောက်တောင် ကမောက်ကမလဲ။
ဒါကြောင့်ပြောတာ။ ခွေးလောကထဲ လူစရိုက်တွေ ကူးတာ ခွေးတွေပါ စရိုက်ပျက်ကရော..။

ခွေးမှန်ရင် ဟောင်ရမယ်လေ..။ ဟုတ်တယ်မဟုတ်လား..။ ခုတော့ ခွေးကဟောင်တာတောင် ဘယ်သူမှ ဘယ်ဝါမှနဲ့ အဆင့်ပါ ခွဲတတ်နေပြီ။
မြန်မာခွေးဆိုတာ ထန်းညက်လေးလောက်နဲ့ သခင်လို့သတ်မှတ်တာ..။ နိုင်ငံခြားဘိုခွေးတွေနဲ့ ကွာပ..။ ဟိုက ဘယ်လောက်ကျွေးကျွေး သခင်လို့မသတ်မှတ်..။ ကျွေးတဲ့ သူကိုတောင် သူ့အစေခံလို့ ထင်နေတာ…။
ခွေးတွေက သခင်တစ်ယောက်သေမှ နောက်သခင်တစ်ယောက် ပြောင်း တာ။ ကိုယ်သခင်မှ ကိုယ် သခင် ဆိုတဲ့ အမျိုး….။ဒါက လူတွေနဲ့ ကွာပ။
လူတွေ အကြောင်း သောက်တင်း တုပ်နေတာနဲ့ ကိုယ်ခွေးလောကအကြောင်းပြောနေတာ ဘယ်နေရာ တောင် ရောက်မှန်းတောင်မသိတော့။
အဲ..မှတ်မိပြီ။ကိုယ်တွေ ခွေးတွေမှာလည်း လူတွေလိုဘဲ ခွဲထားခံရတာရှိသည်။ဟိုဘုန်းကြီးကျောင်းခွေး၊ ဒီဘုန်းကြီးကျောင်း ခွေး၊ ဟိုအိမ်ကခွေး၊ဒီအိမ်ကခွေး၊ ဟိုသူဌေးရဲ့ ခွေး၊ ဟိုအရာရှိကြီးရဲ့ခွေးဆိုတာတွေလည်း ရှိသည်။
ဒါက ဟိုဘိုခွေးတွေ ဝင်လာပြီးမှ ခွေးခွေးချင်း အဆင့်ခွဲခံရတာ..။ သွေးကွဲကြတာ။
ခွေးဖြစ်လို ဉာဏ်နုံနည်းရတဲ့ ကြားထဲ ထပ်သွေးခွဲခံရ အဆင့်ခွဲခံရနဲ့…။ခွေးဖြစ်ရှုံးပါ့…။
ဒါပေမယ့် ဆန်းတာက လူတွေက ခွေးတွေ အတုကို ခိုးလာကြတာ။

လူတွေလည်းခွေးတွေလို့  တစ်ယောက်နဲ့ တစ်ယောက် ကိုက်ကြဖဲ့ကြ..အဲလေ..ယောင်လို့ ရိုက်ကြနှက်ကြ သတ်ကြဖြတ်ကြနဲ့….။
ဒါပေမယ့် ခွေးဆိုတာ ကိုယ်ဘ၀ ကိုယ်မက်သည်။
လူတွေကို နောင်ဘ၀ ခွေးဖြစ်မယ်ဆို ပြောကြည့် တော်တော်နာကျ ဒေါသထွက်ကျ။ ခွေးတွေကလည်း ဒီလိုဘဲ … နောင်ဘဝလူဖြစ်မယ်လို့ ပြောကြည့်…။ ပြောတဲ့ သူကို ဆွေ့ဆွေ့ခုန်အောင် ကိုက်သတ်မှာ ..။
ဘာလို့ ခွေးတွေ လူမဖြစ်ချင်တာလည်း ဟုတ်လား….။
ခွေးကိုက်လို့ လူတွေ ခဏခဏသေကြတာ ကြားဖူးတယ်မဟုတ်လား ..။ ခွေးရှုးရောဂါကြောင့် သေရတာနဲ့၊ဝိုင်းကိုက်ခံရလို့ သေရတာနဲ့..။
ဒါနဲ့ အဲဒီခွေးတွေ ဖမ်းမိတယ် ကြားဖူးလား..။ အသတ်ခံရတာ ကြားဘူးလား။ ကြားဖူးလည်း တစ်ခါနှစ်ခါပေါ့..။
မြန်မာပြည်မှာ ခွေးရှုးကိုက်ခံရလို့ သေတာ ဘယ်လောက်တောင်ရှိသလဲ ..ခင်ဗျားသိလား..။
ဘာလဲ ..။လူကိုခွေးကိုက်သတ်တာ..။မကြားဘူးလား ဟိုတစ်လောတုန်းက အထက်အညာဘက်မှာ ခွေးတွေ ရွာထဲ ဝင်ကိုက်လို့ ကလေးတစ်ယောက်သေတယ်ဆိုတာ..။
မသိသေးရင် ဖေ့စ်ဘွတ်မှာ ခွေးကိုက်လို့ ရိုက်ပြီး ရှာကြည့်လိုက်..။ ခွေးကြောင့် သေတာတွေ တွေ့ရမယ်.။

အံမယ် ..။ခွေးဖြစ်ပြီး ဖေ့စ်ဘွတ်သုံးတယ် ဟုတ်လား..။ ဟားဟား ..အိန္ဒိယမှာ လူမိန်းမနဲ့ ခွေးထီးတွေ မင်္ဂလာတောင်ဆောင်နေပြီ ..မကြားလိုက်ဘူးလားး။အခုလည်း ခွေးတွေကိုအိပ်ယာထဲ ခေါ်သိပ်တာ နဲ့..သားလေး သမီးလေးခေါ်နေကြတာနဲ့….။
နောင်ဆို ခင်ဗျားနဲ့ အမျိုးတောင် တော်ချင်တော်နေမှာ..ဟဟ..။နောက်တာ..။
အခုတောင်ကြည့် ခွေးအရေးကို လွှတ်တော်ထဲ တစ်ခုတ်တရဆွေးနွေးနေရပြီမဟုတ်လား...။ဘာတဲ့ ခွေးတွေကိုမသတ်ဖို့ ဆိုလား..။ တိရစ္ဆာန် အခွင့်အရေးဆိုလား..။
ဒါကြောင့် ပြောတာ နောင်ဆို ခွေးတွေက လူတွေက ရင်ဘောင်တန်းလာတော့မှာ..။
ခွေးဖြစ်ရတာ ဂုဏ်ငယ်စရာ ထင်နေသလား..။
လွှတ်တော်ထဲမှာတောင် ခင်ဗျားအတွက် ကာကွယ်ပေးတဲ့ သူရှိလား…။ ကိုယ်တွေ ခွေးတွေအတွက် ကာကွယ်ပေးနေတဲ့ သူရှိတယ်။ အပြင်မှာလည်း ရှိတယ်။ ခင်ဗျားကိုချစ်တနဲ့သူဆိုပြီး ဖန်ဖွဲတာတွေ ဂရုဖွဲ့တာတွေ ရှိသလား..။
ခွေးတွေမှာ ရှိတယ်။ ခွေးချစ်သူများအဖွဲ့တို့ ဘာတို့ ..။
ဒါကြောင့်ပြောတာ ခွေးဖြစ်ရတာ မြတ်သလဲလို့..။  

တချို့ကတော့ ခွေးတွေကိုစွံတာကို မနာလိုပြီး သင်းကွပ်မယ်ဆိုလား..။ ဒီလူတွေ ကိုယ်ချင်း မစာတာ။ ခွေးဖြစ်တာတောင် အခြောက်ဖြစ်ရမယ့် ဘဝ။
ခွေးအခြောက် ဘဝရောက်ရင် ဘယ်လို နေရမလဲ။လူတွေလို  အလှပြင်ဆိုင်ဖွင့်ပြီး သူငယ်ထောင်လို့လဲ မရ။ ခက်ပါ့..။
ဒါကြောင့်ပြောတာ အလုပ်မရှိ အလုပ်ရှာ..။ သူဘာသာနေတဲ့ ခွေးတောင် ခွေးအကြောင်းပြ မဲဆွယ်တဲ့ သူက ဆွယ်နဲ့ ..။ခွေးက အဓိက တော့ပစ်ဖြစ်လာပြီ..။
အခုတော့ သူတို့တွေ ငြိမ်ငြိမ်မနေလို့် ကိုယ်တွေ ခွေးဘ၀ စမုံတုန်းဖို့ ခပ်လှုပ်လှုပ်ဖြစ်လာပြီ။
ဘာတဲ့..။ ခွေးတွေကို ခုတ်မယ်ထစ်မယ် အဆိပ်ချမယ် သင်းကွပ်မယ် ကိုရီးယားပို့မယ် ဆိုလား…။
တစ်ကယ်တော့ ခွေးဘ၀ ဘယ်လောက်ကောင်းသလဲ ဆိုတာ လူတွေမသိလို့ ..။

ခွေးဆိုတာ လူကို ကိုက်သတ်လဲ ရတယ်။ ခွေးခွေးချင်းကိုက်သတ်လဲ ရတယ်။ ဘယ်သူမှာ မဖမ်းဘူး။ ဖမ်းမယ် သတ်မယ်ဆို ကာကွယ်မယ့်သူတွေက အပြည့်..။
နေချင်သလို နေ..။ကိုက်ချင်သလို ကိုက်..၊ကြိုက်သည့် နေရာနေ ကြိုက်သည့်ခွေးနဲ့ တော်သလင်း ကျရုံ..။
ဒါကြောင့်ပြောတာ လူကို ခွေးက အားကျသလား ..။ လူက ခွေးကို အားကျနေသလားဆိုတာ..။
ခွေးတွေက သူကိုက်ချင်ပြီဆို ဘုန်းကြီးရော လူရော ကလေးရော ရှောင်တော့တာ မဟုတ်..။ ကိုက်မယ် ဆိုတာ ချည်း…။
လူတွေရော ဘာထူးသလဲ ..။ လေးဘက်နဲ့နှစ်ဘက်ဘဲ ကွာသည်။
မကျေနပ်တာနဲ့  အုပ်စုလိုက် ဝိုင်းကိုက်မယ်ဆိုတာချည်းဘဲ မဟုတ်လား…။

   နတ်ဆိုး 

 

(   Zawgyi   )

 ေခြးေလာက ဆိုတာအရႈပ္သား..။ လူေတြလို သားေပးသမီးေပးဆိုတာသာမရွိတာ  အဲ … ဆရာေမြး တပည့္ေမြးေတာ့ ရွိသည္။
ဒါလည္း ျမန္မာေခြးေလာကကို ႏိုင္ငံျခားက ဘိုေခြးေတြ ဝင္လာၿပီးမွ ျဖစ္လာတာ။
ျမန္မာေခြးဆိုတာ သိတယ္မဟုတ္လား ..။ ၾကည့္မရရင္ ထကိုက္လိုက္႐ုံ။
ဒီေကာင္ေတြ ျမန္မာေခြးေလာကထဲ ေရာက္လဲ ေရာက္လာေရာ ေခြးေလာကလည္း ပ်က္ကေရာ။ မပ်က္ဘဲေနက႐ိုးလား..။ ေခြးခ်င္းတူတူ ဖားၾကယားၾကနဲ႔ ဒီေကာင္ေတြလုပ္ၾကလို႔ ေခြးပါးေတြဝၿပီး ဆရာေမြး တပည္ေမြးေတြ ျဖစ္လာတာ။
ေခြးဆိုတာ သိတယ္မဟုတ္လား။ ေနတာထိုင္တာ..ရွင္းရွင္းေလး။
ၿခံလုံရင္ ကိုယ့္တာဝန္ေၾကၿပီ။ ေခြးဆိုတာ ၿခံလုံဖို႔..။
ဒီႏိုင္ငံျခားက တယ္ရီယာလို႔ ဘိုေခြးေတြ ဝင္လာမွ ၿခံလုံဖို႔က ေခြးတာဝန္မဟုတ္ဘဲ အလွျပ႐ုံ အၿမီးႏွံျပ သခင္ကိုဖားျပ ခြၽဲျပ႐ုံနဲ႔ ေခြးတာဝန္က ကေျပာင္းကျပန္ေတြ ျဖစ္ကေရာ..။
ဘယ္ေလာက္ေတာင္ ကေမာက္ကမလဲ။
ဒါေၾကာင့္ေျပာတာ။ ေခြးေလာကထဲ လူစ႐ိုက္ေတြ ကူးတာ ေခြးေတြပါ စ႐ိုက္ပ်က္ကေရာ..။

ေခြးမွန္ရင္ ေဟာင္ရမယ္ေလ..။ ဟုတ္တယ္မဟုတ္လား..။ ခုေတာ့ ေခြးကေဟာင္တာေတာင္ ဘယ္သူမွ ဘယ္ဝါမွနဲ႔ အဆင့္ပါ ခြဲတတ္ေနၿပီ။
ျမန္မာေခြးဆိုတာ ထန္းညက္ေလးေလာက္နဲ႔ သခင္လို႔သတ္မွတ္တာ..။ ႏိုင္ငံျခားဘိုေခြးေတြနဲ႔ ကြာပ..။ ဟိုက ဘယ္ေလာက္ေကြၽးေကြၽး သခင္လို႔မသတ္မွတ္..။ ေကြၽးတဲ့ သူကိုေတာင္ သူ႔အေစခံလို႔ ထင္ေနတာ…။
ေခြးေတြက သခင္တစ္ေယာက္ေသမွ ေနာက္သခင္တစ္ေယာက္ ေျပာင္း တာ။ ကိုယ္သခင္မွ ကိုယ္ သခင္ ဆိုတဲ့ အမ်ိဳး….။ဒါက လူေတြနဲ႔ ကြာပ။
လူေတြ အေၾကာင္း ေသာက္တင္း တုပ္ေနတာနဲ႔ ကိုယ္ေခြးေလာကအေၾကာင္းေျပာေနတာ ဘယ္ေနရာ ေတာင္ ေရာက္မွန္းေတာင္မသိေတာ့။
အဲ..မွတ္မိၿပီ။ကိုယ္ေတြ ေခြးေတြမွာလည္း လူေတြလိုဘဲ ခြဲထားခံရတာရွိသည္။ဟိုဘုန္းႀကီးေက်ာင္းေခြး၊ ဒီဘုန္းႀကီးေက်ာင္း ေခြး၊ ဟိုအိမ္ကေခြး၊ဒီအိမ္ကေခြး၊ ဟိုသူေဌးရဲ႕ ေခြး၊ ဟိုအရာရွိႀကီးရဲ႕ေခြးဆိုတာေတြလည္း ရွိသည္။
ဒါက ဟိုဘိုေခြးေတြ ဝင္လာၿပီးမွ ေခြးေခြးခ်င္း အဆင့္ခြဲခံရတာ..။ ေသြးကြဲၾကတာ။
ေခြးျဖစ္လို ဉာဏ္ႏုံနည္းရတဲ့ ၾကားထဲ ထပ္ေသြးခြဲခံရ အဆင့္ခြဲခံရနဲ႔…။ေခြးျဖစ္ရႈံးပါ့…။
ဒါေပမယ့္ ဆန္းတာက လူေတြက ေခြးေတြ အတုကို ခိုးလာၾကတာ။

လူေတြလည္းေခြးေတြလို႔  တစ္ေယာက္နဲ႔ တစ္ေယာက္ ကိုက္ၾကဖဲ့ၾက..အဲေလ..ေယာင္လို႔ ႐ိုက္ၾကႏွက္ၾက သတ္ၾကျဖတ္ၾကနဲ႔….။
ဒါေပမယ့္ ေခြးဆိုတာ ကိုယ္ဘ၀ ကိုယ္မက္သည္။
လူေတြကို ေနာင္ဘ၀ ေခြးျဖစ္မယ္ဆို ေျပာၾကည့္ ေတာ္ေတာ္နာက် ေဒါသထြက္က်။ ေခြးေတြကလည္း ဒီလိုဘဲ … ေနာင္ဘဝလူျဖစ္မယ္လို႔ ေျပာၾကည့္…။ ေျပာတဲ့ သူကို ေဆြ႕ေဆြ႕ခုန္ေအာင္ ကိုက္သတ္မွာ ..။
ဘာလို႔ ေခြးေတြ လူမျဖစ္ခ်င္တာလည္း ဟုတ္လား….။
ေခြးကိုက္လို႔ လူေတြ ခဏခဏေသၾကတာ ၾကားဖူးတယ္မဟုတ္လား ..။ ေခြးရႈးေရာဂါေၾကာင့္ ေသရတာနဲ႔၊ဝိုင္းကိုက္ခံရလို႔ ေသရတာနဲ႔..။
ဒါနဲ႔ အဲဒီေခြးေတြ ဖမ္းမိတယ္ ၾကားဖူးလား..။ အသတ္ခံရတာ ၾကားဘူးလား။ ၾကားဖူးလည္း တစ္ခါႏွစ္ခါေပါ့..။
ျမန္မာျပည္မွာ ေခြးရႈးကိုက္ခံရလို႔ ေသတာ ဘယ္ေလာက္ေတာင္ရွိသလဲ ..ခင္ဗ်ားသိလား..။
ဘာလဲ ..။လူကိုေခြးကိုက္သတ္တာ..။မၾကားဘူးလား ဟိုတစ္ေလာတုန္းက အထက္အညာဘက္မွာ ေခြးေတြ ႐ြာထဲ ဝင္ကိုက္လို႔ ကေလးတစ္ေယာက္ေသတယ္ဆိုတာ..။
မသိေသးရင္ ေဖ့စ္ဘြတ္မွာ ေခြးကိုက္လို႔ ႐ိုက္ၿပီး ရွာၾကည့္လိုက္..။ ေခြးေၾကာင့္ ေသတာေတြ ေတြ႕ရမယ္.။

အံမယ္ ..။ေခြးျဖစ္ၿပီး ေဖ့စ္ဘြတ္သုံးတယ္ ဟုတ္လား..။ ဟားဟား ..အိႏၵိယမွာ လူမိန္းမနဲ႔ ေခြးထီးေတြ မဂၤလာေတာင္ေဆာင္ေနၿပီ ..မၾကားလိုက္ဘူးလားး။အခုလည္း ေခြးေတြကိုအိပ္ယာထဲ ေခၚသိပ္တာ နဲ႔..သားေလး သမီးေလးေခၚေနၾကတာနဲ႔….။
ေနာင္ဆို ခင္ဗ်ားနဲ႔ အမ်ိဳးေတာင္ ေတာ္ခ်င္ေတာ္ေနမွာ..ဟဟ..။ေနာက္တာ..။
အခုေတာင္ၾကည့္ ေခြးအေရးကို လႊတ္ေတာ္ထဲ တစ္ခုတ္တရေဆြးေႏြးေနရၿပီမဟုတ္လား...။ဘာတဲ့ ေခြးေတြကိုမသတ္ဖို႔ ဆိုလား..။ တိရစာၦန္ အခြင့္အေရးဆိုလား..။
ဒါေၾကာင့္ ေျပာတာ ေနာင္ဆို ေခြးေတြက လူေတြက ရင္ေဘာင္တန္းလာေတာ့မွာ..။
ေခြးျဖစ္ရတာ ဂုဏ္ငယ္စရာ ထင္ေနသလား..။
လႊတ္ေတာ္ထဲမွာေတာင္ ခင္ဗ်ားအတြက္ ကာကြယ္ေပးတဲ့ သူရွိလား…။ ကိုယ္ေတြ ေခြးေတြအတြက္ ကာကြယ္ေပးေနတဲ့ သူရွိတယ္။ အျပင္မွာလည္း ရွိတယ္။ ခင္ဗ်ားကိုခ်စ္တနဲ႔သူဆိုၿပီး ဖန္ဖြဲတာေတြ ဂ႐ုဖြဲ႕တာေတြ ရွိသလား..။
ေခြးေတြမွာ ရွိတယ္။ ေခြးခ်စ္သူမ်ားအဖြဲ႕တို႔ ဘာတို႔ ..။
ဒါေၾကာင့္ေျပာတာ ေခြးျဖစ္ရတာ ျမတ္သလဲလို႔..။  

တခ်ိဳ႕ကေတာ့ ေခြးေတြကိုစြံတာကို မနာလိုၿပီး သင္းကြပ္မယ္ဆိုလား..။ ဒီလူေတြ ကိုယ္ခ်င္း မစာတာ။ ေခြးျဖစ္တာေတာင္ အေျခာက္ျဖစ္ရမယ့္ ဘဝ။
ေခြးအေျခာက္ ဘဝေရာက္ရင္ ဘယ္လို ေနရမလဲ။လူေတြလို  အလွျပင္ဆိုင္ဖြင့္ၿပီး သူငယ္ေထာင္လို႔လဲ မရ။ ခက္ပါ့..။
ဒါေၾကာင့္ေျပာတာ အလုပ္မရွိ အလုပ္ရွာ..။ သူဘာသာေနတဲ့ ေခြးေတာင္ ေခြးအေၾကာင္းျပ မဲဆြယ္တဲ့ သူက ဆြယ္နဲ႔ ..။ေခြးက အဓိက ေတာ့ပစ္ျဖစ္လာၿပီ..။
အခုေတာ့ သူတို႔ေတြ ၿငိမ္ၿငိမ္မေနလို႔္ ကိုယ္ေတြ ေခြးဘ၀ စမုံတုန္းဖို႔ ခပ္လႈပ္လႈပ္ျဖစ္လာၿပီ။
ဘာတဲ့..။ ေခြးေတြကို ခုတ္မယ္ထစ္မယ္ အဆိပ္ခ်မယ္ သင္းကြပ္မယ္ ကိုရီးယားပို႔မယ္ ဆိုလား…။
တစ္ကယ္ေတာ့ ေခြးဘ၀ ဘယ္ေလာက္ေကာင္းသလဲ ဆိုတာ လူေတြမသိလို႔ ..။

ေခြးဆိုတာ လူကို ကိုက္သတ္လဲ ရတယ္။ ေခြးေခြးခ်င္းကိုက္သတ္လဲ ရတယ္။ ဘယ္သူမွာ မဖမ္းဘူး။ ဖမ္းမယ္ သတ္မယ္ဆို ကာကြယ္မယ့္သူေတြက အျပည့္..။
ေနခ်င္သလို ေန..။ကိုက္ခ်င္သလို ကိုက္..၊ႀကိဳက္သည့္ ေနရာေန ႀကိဳက္သည့္ေခြးနဲ႔ ေတာ္သလင္း က်႐ုံ..။
ဒါေၾကာင့္ေျပာတာ လူကို ေခြးက အားက်သလား ..။ လူက ေခြးကို အားက်ေနသလားဆိုတာ..။
ေခြးေတြက သူကိုက္ခ်င္ၿပီဆို ဘုန္းႀကီးေရာ လူေရာ ကေလးေရာ ေရွာင္ေတာ့တာ မဟုတ္..။ ကိုက္မယ္ ဆိုတာ ခ်ည္း…။
လူေတြေရာ ဘာထူးသလဲ ..။ ေလးဘက္နဲ႔ႏွစ္ဘက္ဘဲ ကြာသည္။
မေက်နပ္တာနဲ႔  အုပ္စုလိုက္ ဝိုင္းကိုက္မယ္ဆိုတာခ်ည္းဘဲ မဟုတ္လား…။

   နတ္ဆိုး