【 သရော်စာ 】“ နတ်ကတော်တွေထက် စွမ်းတဲ့……ကိုကိုတွေ”

 【  သရော်စာ  】“ နတ်ကတော်တွေထက် စွမ်းတဲ့……ကိုကိုတွေ”

   အခုကတော့ ဘယ်သူဘယ်လောက်စွမ်းလဲ ဆိုတာ နတ်ဆိုးတို့သိပြီ။ဒါကြောင့် ဒီခေတ်မှာ နတ်ဆိုးတို့ ဘယ်သူမှ အထင်မသေးဝံတော့..။ ဘယ်သူမှ မစော်ကားရဲတော့ ..။
    ဒီခေတ်ကြီၤးမှာ နတ်ဆိုးတို့ လိမ္မာသွားပြီ။
    မလိမ္မာလို့လည်းမရ..။မလိမ္မာရင် လိမ္မာအောင် လုပ်ပေးမယ့် ကိုကိုတွေ ရှိသည်။
    ကိုကိုတွေဆို ဘယ်သူလဲ ဘယ်ဝါလည်း ရဲ..ကိုကိုလား၊ ထွေ…ကိုကိုလား ၊စစ်…ကိုကိုလား တမျိုး မဟုတ် တမျိုးထင်ကြဦးမည်။
    တစ်ကယ်က ဘယ်ကိုကိုမှ မဟုတ်။လွှတ်..ကိုကိုတွေ ဖြစ်သည်။
    အခုခေတ်မှာ လွှတ်..ကိုကိုတွေက စွမ်းလှသည်။
    ဘာလဲဆို အကြောင်းက ရှိသည်။
    အခု “ ဓားမိုးကရေစီ” အဲလေ ဒီမိုကရေစီ ခေတ်။
ဘယ်သူမှမကြောက်ရတော့။ (ဒါ လွှတ်..ကိုကိုတွေ ပြောတာ)

    ဒါပေမယ့် သူတို့ကိုတော့ မထီလေးစားလုပ်လို့တော့မရ..။ အထာတော့ ထားရမည်။ မထားလျှင် ခြောက်ပူးနဲ့ တွေ့သွားမည်။
    ဘာတဲ့ မြန်မာစကားထဲမှာရှိသည် “ နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်းထက်ကဲ ”ဆိုလား ..။
    ဒါ နတ်ဆိုးပြောတာ မဟုတ်ဘူးနော်..။ရှေးလူတွေ ပြောတာ..။
    လွှတ်…ကိုကိုတွေက စွမ်းသည်။
    ယခင်ကဆို ဈေးသည်မှန်သမျှ ကြောက်ရသည်။

    ကားပေါ်လည်း ကားပေါ်မို့၊ ရထားပေါ်လည်း ရထားပေါ်မို့ ဈေးသည်တွေနဲ့မလွတ်..။ဘယ်နေရာမဆို ဈေးသည်တွေ ထုနဲ့ဒေး။
နူတ်ရဲ လျှာသွက်တွေတောင် မပြောရဲ။ လက်စလက်နသမားတွေတောင် ဈေးသည်တွေကို မလှန်ရဲ..။ လှန်ရင် သူတို့က အုပ်စုနဲ့ ဝိုင်းသမလို့ အလောင်းပိုင်ရှင်မဲ့ ဖြစ်သွားမည်မဟုတ်လား..။
ဈေးသည်တွေ ရထားပေါ်မှာ ဈေးရောင်းတာကိုကြည့်…။

“ဟော ဒီမှာ ကြည့်ထား ..။ခင်ဗျားတို့ မမြင်ဘူး မစားဘူးတဲ့ ပန်းသီးတွေ ၊ ခေါင်သီးတွေ ..။ဘာလဲ ဈေးများတယ် ထင်လား..။ ခင်ဗျားတို့ မနက်စောစော လမ်းလေးမှာ စားတဲ့ အသုပ်တစ်ပွဲစာဘဲ ရှိတယ်။ မတန်ဘူးထင်လား မဝယ်နဲ့..။ ဒီဈေးများတယ်ထင်ရင် ကိုယ်တိုင်စိုက်စား၊ ဈေးပေါပေါလိုချင် လွှင့်ပစ်မဲ့ အပုပ်ဘဲ ရမယ်..။လွှင့်ပစ်မယ့် အပုပ်အနာတွေ ဝယ်နေကျဆို ဒီဈေးက များမှာဘဲ ..။တန်ဖိုးသိတဲ့ သူဘဲ ဝယ်မယ်..”
ကိုယ်တွေမှာ သူရောင်းတဲ့ ပန်းသီးမဝယ်မိတဲ့အတွက် အပုပ်စားတဲ့သူဖြစ်ရ၊သူတို့ရောင်းတာမဝယ်ရင် ကိုယ်တွေဘဲ အဆင့်အတန်းမရှိတဲ့သူ ဖြစ်လိုဖြစ်..။
အနှိမ်ခံရတာ..။ မျက်နှာငယ်လိုက်ရတာ..။
လမ်းဘေးမှာ ဆိုကြည့်..။
“အမ ဒီကြက်သွန်ဖြူဥတစ်လုံးလေး နှစ်ရာဖိုးလောက်”
ဈေးသည်မျက်နှာက လာဝယ်တဲ့ သူကို မျက်စောင်းထိုးပြီး
“မရဘူး၊တစ်ဆယ်သားလေးရာ၊ နှစ်ရာဖိုး မရဘူး။ဈေးလာမဖြတ်နဲ့ ” ဒီလို..။မဝယ်ရင်လည်း စောင်းမြောင်းပြောခံရမည်။
ဒါကို မခံနိုင်လို့ ပြန်ပြောကြည့်..။ လမ်းဘေးမှာ ဈေးသည်နှင့် နပမ်းလုံး သွား ရမည်။

 

အိမ်မှာ ဘယ်သူကိုမကြောက်ရတဲ့ သူတွေ ဈေးရောက်ရင် အပြောအဆို ချိုသာရသည်။ဈေးသည်တွေ စိတ်ကြည်သာအောင် ကြည့်နေကြည်ပြောရသည်။ မတော်ပြောမိဆိုမလို့ သူတိုစိတ်ဆိုးသွားရင် အခက် ။
အခန့်မသင့်ရင် ဝိုင်းဆွမ်းကြီးလောင်းလို့ နဖူးကွဲခေါင်းကွဲ ဖြစ် အခက်မဟုတ်လား..။
ဒါက ဈေးဝယ်တဲ့ သူတွေဘဝ..။
လမ်းသွားလမ်းသားတွေအတွက်ကတော့ ဈေးသည်ဆိုတာ အနန္တောအနန္တ ငါး ပါးထက် ပိုအလေးဂရုပြု ရတဲ့ သူတွေ။ မပြုလို့မရ။ သူတို့ ဈေးခင်းထားတဲ့ ပလက်ဖောင်းကို တက်မလျှောက်ရဲ။တချို့ဆို ပလက်ဖောင်း ပေါ် ၊မှတ်တိုင်တွေမှာ အကျအန ဈေးဗန်းလေးခင်း ၊ဆိုင်နဲ့ ကန္နားနဲ့…..။
ဒီလို ဒီလို ဓားမိုးကရေစီခေတ် အဲလေ ဒီမိုကရေစီခေတ်မှာ ဖြစ်နေပုံက….။
ရပ်ထဲလည်းရပ်ထဲ ၊လမ်းထဲလည်း လမ်းထဲ…။
မနက် စောစော ကိုယ်အိမ်ရှေ့ဈေးလာရောင်းနေရင်တောင် တံခါးဖွင့်တာ တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းရသည်။ ဘာကြောင်လဲဆို သူတို့က ဆိုင်ရာပိုင်ရာကို ဈေးကောက်လား၊ပသကြေးဆိုလား ပေးထား ရတာ။ ကိုတွေမှာ ကိုယ်အိမ်ရှေ့တောင် ကိုယ်မပိုင်တဲ့ ဘဝ..။
ခုဆို မိမနိုင်ဖမနိုင် ဆရာမနိုင်နှစ်ဆောင်ပြိုင် လမ်းဘေး ဈေးသည်တွေကို တုပ်တုပ်မလှုပ်အောင် လုပ်နိုင်ပြီ။
ဒါ လွှတ်….ကိုကိုတွေ အစွမ်း…။    

 

    ဒီလိုဖြစ်ဖို့  လွှတ်…ကိုကိုတွေဘက်က တစ်ခုဘဲ …။ ငဖြီးကြီးဟု ခေါ်လိုက်ရုံသာ ….။
    နတ်ဆိုးတို့ ပြည်သူတွေအဖို့ လွှတ်ကိုကိုတွေ ပြီးရင် ကျောင်း…ကိုကိုတွေ ၊တိုင်း..ကိုကိုတွေ … ကိုလည်း အလေးထားရသည်။မထားလို့ မရ..။
    ကျောင်း…ကိုကိုတွေကတော့  ဗာစတီက ကျောင်းသားတွေ ..။ ဒါကို ကလေးတွေ ဆိုပြီး သွားလျော့ မတွက်နဲ့။မကြာသေးတုန်းက အထက်အညာဘက်က ကျောင်း…ကိုကိုတွေ သခင်ဘွဲခံကြတယ်ဆိုသလား..။
    သခင်ဘွဲပဲခံခံ ဘာပဲ ခံခံ…..နတ်ဆိုးတို့ကတော့ ဒီလိုလုပ်တာ သဘောကျသည်။ အနည်းဆုံးတော့ သခင်ဖြစ်သွားပြီ မဟုတ်လား.။
    သူတို့တွေ သခင်ဖြစ်ပြီဆိုတော့ ဘယ်တော့မှ မပြီးသည့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား အတွက် မပူရတော့..။ နောင်ဆို သခင်တွေ လိုသလောက် ခေါ်သုံးနိုင်ပြီ မဟုတ်လား…။
    အခုတောင် ဒီမိုကရေစီ ကော်ဖီဆိုလား ..။ရေသန့်ဆိုလား….တွေ့နေရပြီ။ နောင်ဆို ဒီသခင်တွေ စီးပွားရေးဈေးကွက်မဝင်ဘူးလို့ ပြောနိုင်မလား…။
သခင်တွေသာ ကျော်ကြားလာရင် “ သခင် စမူဆာသုပ်၊သခင် ဒုတ်ထိုး၊ သခင် ကော်ဖီမစ်”  ဆိုတာတွေ “သခင် ဟိုတယ်တွေ၊ သခင်တည်းခိုခန်းတွေ” ဘာတွေထိဖြစ်လာနိုင်သည်။
    ခုကတည်းက သခင် မူပိုင်ခွင့်လေး ဘာလေးလုပ်ထားမှ ။ ဒါမှ သခင် ဇီးထုပ်တွေ ချီးထုပ်တွေ ဘာပဲ ထုတ်ထုတ် ဘာပဲလုပ်လုပ် သခင် နာမည်သုံးရင် မူပိုင်ခွင့်တောင်းလို့ရမှာ ။ ရုပ်ရှင်ဗီဒီယိုထဲ သခင် ကြီးအဖြစ် သရုပ်ဆောင်တဲ့ ဟိုလူကြီးကတော့ ခြွင်းချက်ပေါ့..။သူခမျာ သခင်လုပ်လှ နောင် လေးငါးဆယ်နှစ်၊အိုလဲ အိုလှပြီ မဟုတ်လား..။

 

    နောက် အလေးထားရတဲ့ သူတွေက တိုင်း…ကိုကိုတွေ။
    တိုင်း…ကိုကိုတွေဆိုတာ အတိုကောက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆိုတာ..။သူတို့က အခုတလော လူမျိုးတူရာစုပြီး နိုင်ငံထောင်မယ်ဆိုလား ဘာလား ကြားနေရတာ ။
ဟုတ်လားမဟုတ်လားတော့ မသိ။
    ဒီလိုကြားတော့ တောင်ငူကလည်း ကေတုမတီဆိုလား..။
 ရွှေဘိုက သူငယ်ချင်းကတော့ အလောင်း ဘုရားသွေးဆက်ကို ရရင် ဘုရင်တင်ပြီး နိုင်ငံထောင်မယ် ဆိုလား။
ပြည်ဘက်ကတော့ ဒွတ္တဘောင်နဲ့ ပန်ထွာ ဘယ်သူရရ ဆိုဘဲ ။ ဘုရင်နိုင်ငံဖြစ်ဖြစ် ဘုရင်မ နိုင်ငံဖြစ် ဖြစ်…။
မိန်းမ ကြောက်ပြည်သား သူငယ်ချင်းကတော့ မြန်မြန်နိုင်ငံတွေခွဲထောင်စေချင်နေတာ..။ ဒါဆို သူမိန်းမလက်ကလွတ်မှာ …..။
ဒါပေမယ့် ဒီလို့သာ တူရာလူမျိုးတွေ စုပြီး နိုင်ငံထောင်မယ်ဆို ပြဿနာက လူမျိုးစုံတဲ့ ရန်ကုန်မှာ …။
    တစ်ကယ်ပြောတာ ။ရန်ကုန်က လူမျိုးတော်တော်စုံတာ..။ ဥပမာ -စမ်းချောင်းဆို ဒီဘက် ရှမ်းလမ်း ဘက်ခြမ်းမှာ ရခိုင်တွေ၊ မြေနီကုန်းဘက်မှာကျ ကချင်တွေ၊ချင်းတွေ။
ဒီပုံစံအတိုင်းဆိုရင် စမ်းချောင်းမှာတင် နိုင်ငံသုံးလေးခုလောက် ဖြစ်သွားနိုင်သည်။ ဒါဆို ညဘက် အရက်သောက်ရင် နိုင်ငံတစ်ခု ၊ထမင်းစားရင် နိုင်ငံတစ်ခု။တုတ်ထိုးစားရင် နိုင်ငံတစ်ခု ..။
    ဒီလိုသာ တိုင်း…ကိုကိုတွေ အကြံအောင်မြင်သွားရင် ခက်မည်။ ညဘက် ဘီယာသောက်ဖို့ လှိုင် ဘက်ကနေ ကမာရွတ်ကိုလာရင် ပတ်စပို့ တစ်ခု၊ကမာရွက်ကနေ စမ်းချောင်းကို ပတ်စပို့ တစ်ခု ..။ ပတ်စပို့တွေ နိုင်ငံကူးလက်မှတ်တွေ အများကြီးလုပ်မှ ရတော့မည်။ပြီးတော့ ထုံးစံအတိုင်း ဆိုင်ရာကိုလည်း အာရကေပေးရဦးမည်။

 

    ဒီဒုက္ခက ကိုယ်တွေ အမျိုးသားတွေ ဘဲလားဆို မဟုတ်..။ အစားကောင်းကြိုက်တဲ့အမျိုးသမီး တွေ ရှောပင်းထွက်တဲ့ အမျိုးသမီးတွေလည်း နားကားပြီ။ ဂျန်ရှင်း အိပ်စ်ကို သွားချင်ရင် နိုင်ငံကူးလက်မှတ် လုပ်ရ တော့မည်။ ဒါမှ ..။
    ၈ မိုင်ကသူတွေ ညဘက်မြို့ထဲ လာဒွန့်ရင် ပတ်စပို့တွေ တသီချည်း ယူလာပေတော့။ တရားစခန်း ဝင်မယ့် ဘွားတော်တွေလည်း ဒီလို… ။ကိုရပ်ကွက်ထဲမှာဘဲ တရားနာ၊တရားထိုင်..။ သွားနေကြ ဝင်နေကြ တရားစခန်းဝင်လျှင် နိုင်ငံကူးလက်မှတ်လျှောက်ရတော့မည်။
ယောဂီတွေပဲလားဆို မဟုတ်…။ တရားဟောဆရာတော်တွေလည်း ဒီလိုပဲ…။ တစ်ညတည်း တစ်ပွဲ ထက်ပိုဟောရင် တစ်ညတည်း နိုင်ငံ ၃ ခုဟောသည့် ဆရာတော်တို့ ဘာတို့ ဖြစ်သွားမည်။ ဒါဆို ယခုမြန်မာ ပြည်ကသူတွေက နောင်တစ်ချိန်မှာ  ဂရင်းနစ်စံချိန်ဝင်မည်သူတွေ အများကြီး ၊ တစ်ညတည်း နိုင်ငံ ၄/၅ ခု ပတ် ကာ ဖွန်ကြောင်သူတွေ၊ နိုင်ငံ ၅ နိုင်ငံက မယားတွေကို တစ်ညတည်းပေါင်းနိုင်သူတွေ ဖြစ်လာတော့မည်။
စာရေးဆရာတွေလည်း တစ်ညတည်း နိုင်ငံ ၄ ခုဟောသည့် အာဂစာရေးဆရာတွေ ဖြစ်တော့မည်။ နတ်ဆိုးတို့လည်း YBS စီးရင်း ကမ္ဘာပတ်သူတွေ ဖြစ်လာနိုင်သည်။ နောင်ဆို ၁၉ လမ်းနိုင်ငံတို့၊ မုန်တီ နိုင်ငံ တို့၊ အညာနိုင်ငံတို့၊ဘေထုပ်နိုင်ငံ၊ နတ်ကတော်နိုင်ငံတို့ ဖြစ်လာနိုင်သည်မဟုတ်လား။
ဘာပဲပြောပြော ဒီခေတ်မှာ တစ်ယောက်တစ်ပေါက်နဲ့ ပျော်စရာတော့ အကောင်းသား ..။ ဒီလူတွေ ကိုယ်တူရာတူရာစုပြီးနေမယ်ဆိုတာ သိပ်တော့မဆိုး။
အခုလည်း အရှုးတွေအတွက် ရွာသာကြီးဆိုလား..ရှိပြီးသား။

ဟိုလူတွေအတွက် …..ဘာဆိုလား…။
နတ်ဆိုးတို့ကတော့ အားပေးသည်။ ဘာကြောင့်ဆို..ကြားဖူးတယ်မဟုတ်လား…။
 “ -----စိတ်ချမ်းသာ တိုင်းပြည်အေးချမ်းတယ်ဆိုလား …. ”…...။
ဘာ….။
ဟေ့လူ အဲ့ဒါ ခင်ဗျားပြောတာနော်.. ကျွန်တော်ပြောတာ မဟုတ်ဘူး..။

                                                                                        နတ်ဆိုး  

(  Zawgyi  )

    အခုကေတာ့ ဘယ္သူဘယ္ေလာက္စြမ္းလဲ ဆိုတာ နတ္ဆိုးတို႔သိၿပီ။ဒါေၾကာင့္ ဒီေခတ္မွာ နတ္ဆိုးတို႔ ဘယ္သူမွ အထင္မေသးဝံေတာ့..။ ဘယ္သူမွ မေစာ္ကားရဲေတာ့ ..။
    ဒီေခတ္ႀကီၤးမွာ နတ္ဆိုးတို႔ လိမၼာသြားၿပီ။
    မလိမၼာလို႔လည္းမရ..။မလိမၼာရင္ လိမၼာေအာင္ လုပ္ေပးမယ့္ ကိုကိုေတြ ရွိသည္။
    ကိုကိုေတြဆို ဘယ္သူလဲ ဘယ္ဝါလည္း ရဲ..ကိုကိုလား၊ ေထြ…ကိုကိုလား ၊စစ္…ကိုကိုလား တမ်ိဳး မဟုတ္ တမ်ိဳးထင္ၾကဦးမည္။
    တစ္ကယ္က ဘယ္ကိုကိုမွ မဟုတ္။လႊတ္..ကိုကိုေတြ ျဖစ္သည္။
    အခုေခတ္မွာ လႊတ္..ကိုကိုေတြက စြမ္းလွသည္။
    ဘာလဲဆို အေၾကာင္းက ရွိသည္။
    အခု “ ဓားမိုးကေရစီ” အဲေလ ဒီမိုကေရစီ ေခတ္။
ဘယ္သူမွမေၾကာက္ရေတာ့။ (ဒါ လႊတ္..ကိုကိုေတြ ေျပာတာ)

    ဒါေပမယ့္ သူတို႔ကိုေတာ့ မထီေလးစားလုပ္လို႔ေတာ့မရ..။ အထာေတာ့ ထားရမည္။ မထားလွ်င္ ေျခာက္ပူးနဲ႔ ေတြ႕သြားမည္။
    ဘာတဲ့ ျမန္မာစကားထဲမွာရွိသည္ “ ေနာက္လာတဲ့ ေမာင္ပုလဲ၊ ဒိုင္းဝန္းထက္ကဲ ”ဆိုလား ..။
    ဒါ နတ္ဆိုးေျပာတာ မဟုတ္ဘူးေနာ္..။ေရွးလူေတြ ေျပာတာ..။
    လႊတ္…ကိုကိုေတြက စြမ္းသည္။
    ယခင္ကဆို ေဈးသည္မွန္သမွ် ေၾကာက္ရသည္။

    ကားေပၚလည္း ကားေပၚမို႔၊ ရထားေပၚလည္း ရထားေပၚမို႔ ေဈးသည္ေတြနဲ႔မလြတ္..။ဘယ္ေနရာမဆို ေဈးသည္ေတြ ထုနဲ႔ေဒး။
ႏူတ္ရဲ လွ်ာသြက္ေတြေတာင္ မေျပာရဲ။ လက္စလက္နသမားေတြေတာင္ ေဈးသည္ေတြကို မလွန္ရဲ..။ လွန္ရင္ သူတို႔က အုပ္စုနဲ႔ ဝိုင္းသမလို႔ အေလာင္းပိုင္ရွင္မဲ့ ျဖစ္သြားမည္မဟုတ္လား..။
ေဈးသည္ေတြ ရထားေပၚမွာ ေဈးေရာင္းတာကိုၾကည့္…။

“ေဟာ ဒီမွာ ၾကည့္ထား ..။ခင္ဗ်ားတို႔ မျမင္ဘူး မစားဘူးတဲ့ ပန္းသီးေတြ ၊ ေခါင္သီးေတြ ..။ဘာလဲ ေဈးမ်ားတယ္ ထင္လား..။ ခင္ဗ်ားတို႔ မနက္ေစာေစာ လမ္းေလးမွာ စားတဲ့ အသုပ္တစ္ပြဲစာဘဲ ရွိတယ္။ မတန္ဘူးထင္လား မဝယ္နဲ႔..။ ဒီေဈးမ်ားတယ္ထင္ရင္ ကိုယ္တိုင္စိုက္စား၊ ေဈးေပါေပါလိုခ်င္ လႊင့္ပစ္မဲ့ အပုပ္ဘဲ ရမယ္..။လႊင့္ပစ္မယ့္ အပုပ္အနာေတြ ဝယ္ေနက်ဆို ဒီေဈးက မ်ားမွာဘဲ ..။တန္ဖိုးသိတဲ့ သူဘဲ ဝယ္မယ္..”
ကိုယ္ေတြမွာ သူေရာင္းတဲ့ ပန္းသီးမဝယ္မိတဲ့အတြက္ အပုပ္စားတဲ့သူျဖစ္ရ၊သူတို႔ေရာင္းတာမဝယ္ရင္ ကိုယ္ေတြဘဲ အဆင့္အတန္းမရွိတဲ့သူ ျဖစ္လိုျဖစ္..။
အႏွိမ္ခံရတာ..။ မ်က္ႏွာငယ္လိုက္ရတာ..။
လမ္းေဘးမွာ ဆိုၾကည့္..။
“အမ ဒီၾကက္သြန္ျဖဴဥတစ္လုံးေလး ႏွစ္ရာဖိုးေလာက္”
ေဈးသည္မ်က္ႏွာက လာဝယ္တဲ့ သူကို မ်က္ေစာင္းထိုးၿပီး
“မရဘူး၊တစ္ဆယ္သားေလးရာ၊ ႏွစ္ရာဖိုး မရဘူး။ေဈးလာမျဖတ္နဲ႔ ” ဒီလို..။မဝယ္ရင္လည္း ေစာင္းေျမာင္းေျပာခံရမည္။
ဒါကို မခံႏိုင္လို႔ ျပန္ေျပာၾကည့္..။ လမ္းေဘးမွာ ေဈးသည္ႏွင့္ နပမ္းလုံး သြား ရမည္။

အိမ္မွာ ဘယ္သူကိုမေၾကာက္ရတဲ့ သူေတြ ေဈးေရာက္ရင္ အေျပာအဆို ခ်ိဳသာရသည္။ေဈးသည္ေတြ စိတ္ၾကည္သာေအာင္ ၾကည့္ေနၾကည္ေျပာရသည္။ မေတာ္ေျပာမိဆိုမလို႔ သူတိုစိတ္ဆိုးသြားရင္ အခက္ ။
အခန႔္မသင့္ရင္ ဝိုင္းဆြမ္းႀကီးေလာင္းလို႔ နဖူးကြဲေခါင္းကြဲ ျဖစ္ အခက္မဟုတ္လား..။
ဒါက ေဈးဝယ္တဲ့ သူေတြဘဝ..။
လမ္းသြားလမ္းသားေတြအတြက္ကေတာ့ ေဈးသည္ဆိုတာ အနေႏၲာအနႏၲ ငါး ပါးထက္ ပိုအေလးဂ႐ုျပဳ ရတဲ့ သူေတြ။ မျပဳလို႔မရ။ သူတို႔ ေဈးခင္းထားတဲ့ ပလက္ေဖာင္းကို တက္မေလွ်ာက္ရဲ။တခ်ိဳ႕ဆို ပလက္ေဖာင္း ေပၚ ၊မွတ္တိုင္ေတြမွာ အက်အန ေဈးဗန္းေလးခင္း ၊ဆိုင္နဲ႔ ကႏၷားနဲ႔…..။
ဒီလို ဒီလို ဓားမိုးကေရစီေခတ္ အဲေလ ဒီမိုကေရစီေခတ္မွာ ျဖစ္ေနပုံက….။
ရပ္ထဲလည္းရပ္ထဲ ၊လမ္းထဲလည္း လမ္းထဲ…။
မနက္ ေစာေစာ ကိုယ္အိမ္ေရွ႕ေဈးလာေရာင္းေနရင္ေတာင္ တံခါးဖြင့္တာ ေတာင္းေတာင္းပန္ပန္နဲ႔ ဖယ္ခိုင္းရသည္။ ဘာေၾကာင္လဲဆို သူတို႔က ဆိုင္ရာပိုင္ရာကို ေဈးေကာက္လား၊ပသေၾကးဆိုလား ေပးထား ရတာ။ ကိုေတြမွာ ကိုယ္အိမ္ေရွ႕ေတာင္ ကိုယ္မပိုင္တဲ့ ဘဝ..။
ခုဆို မိမႏိုင္ဖမႏိုင္ ဆရာမႏိုင္ႏွစ္ေဆာင္ၿပိဳင္ လမ္းေဘး ေဈးသည္ေတြကို တုပ္တုပ္မလႈပ္ေအာင္ လုပ္ႏိုင္ၿပီ။
ဒါ လႊတ္….ကိုကိုေတြ အစြမ္း…။    

    ဒီလိုျဖစ္ဖို႔  လႊတ္…ကိုကိုေတြဘက္က တစ္ခုဘဲ …။ ငၿဖီးႀကီးဟု ေခၚလိုက္႐ုံသာ ….။
    နတ္ဆိုးတို႔ ျပည္သူေတြအဖို႔ လႊတ္ကိုကိုေတြ ၿပီးရင္ ေက်ာင္း…ကိုကိုေတြ ၊တိုင္း..ကိုကိုေတြ … ကိုလည္း အေလးထားရသည္။မထားလို႔ မရ..။
    ေက်ာင္း…ကိုကိုေတြကေတာ့  ဗာစတီက ေက်ာင္းသားေတြ ..။ ဒါကို ကေလးေတြ ဆိုၿပီး သြားေလ်ာ့ မတြက္နဲ႔။မၾကာေသးတုန္းက အထက္အညာဘက္က ေက်ာင္း…ကိုကိုေတြ သခင္ဘြဲခံၾကတယ္ဆိုသလား..။
    သခင္ဘြဲပဲခံခံ ဘာပဲ ခံခံ…..နတ္ဆိုးတို႔ကေတာ့ ဒီလိုလုပ္တာ သေဘာက်သည္။ အနည္းဆုံးေတာ့ သခင္ျဖစ္သြားၿပီ မဟုတ္လား.။
    သူတို႔ေတြ သခင္ျဖစ္ၿပီဆိုေတာ့ ဘယ္ေတာ့မွ မၿပီးသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဇာတ္ကား အတြက္ မပူရေတာ့..။ ေနာင္ဆို သခင္ေတြ လိုသေလာက္ ေခၚသုံးႏိုင္ၿပီ မဟုတ္လား…။
    အခုေတာင္ ဒီမိုကေရစီ ေကာ္ဖီဆိုလား ..။ေရသန႔္ဆိုလား….ေတြ႕ေနရၿပီ။ ေနာင္ဆို ဒီသခင္ေတြ စီးပြားေရးေဈးကြက္မဝင္ဘူးလို႔ ေျပာႏိုင္မလား…။
သခင္ေတြသာ ေက်ာ္ၾကားလာရင္ “ သခင္ စမူဆာသုပ္၊သခင္ ဒုတ္ထိုး၊ သခင္ ေကာ္ဖီမစ္”  ဆိုတာေတြ “သခင္ ဟိုတယ္ေတြ၊ သခင္တည္းခိုခန္းေတြ” ဘာေတြထိျဖစ္လာႏိုင္သည္။
    ခုကတည္းက သခင္ မူပိုင္ခြင့္ေလး ဘာေလးလုပ္ထားမွ ။ ဒါမွ သခင္ ဇီးထုပ္ေတြ ခ်ီးထုပ္ေတြ ဘာပဲ ထုတ္ထုတ္ ဘာပဲလုပ္လုပ္ သခင္ နာမည္သုံးရင္ မူပိုင္ခြင့္ေတာင္းလို႔ရမွာ ။ ႐ုပ္ရွင္ဗီဒီယိုထဲ သခင္ ႀကီးအျဖစ္ သ႐ုပ္ေဆာင္တဲ့ ဟိုလူႀကီးကေတာ့ ႁခြင္းခ်က္ေပါ့..။သူခမ်ာ သခင္လုပ္လွ ေနာင္ ေလးငါးဆယ္ႏွစ္၊အိုလဲ အိုလွၿပီ မဟုတ္လား..။

    ေနာက္ အေလးထားရတဲ့ သူေတြက တိုင္း…ကိုကိုေတြ။
    တိုင္း…ကိုကိုေတြဆိုတာ အတိုေကာက္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြကို ဆိုတာ..။သူတို႔က အခုတေလာ လူမ်ိဳးတူရာစုၿပီး ႏိုင္ငံေထာင္မယ္ဆိုလား ဘာလား ၾကားေနရတာ ။
ဟုတ္လားမဟုတ္လားေတာ့ မသိ။
    ဒီလိုၾကားေတာ့ ေတာင္ငူကလည္း ေကတုမတီဆိုလား..။
 ေ႐ႊဘိုက သူငယ္ခ်င္းကေတာ့ အေလာင္း ဘုရားေသြးဆက္ကို ရရင္ ဘုရင္တင္ၿပီး ႏိုင္ငံေထာင္မယ္ ဆိုလား။
ျပည္ဘက္ကေတာ့ ဒြတၱေဘာင္နဲ႔ ပန္ထြာ ဘယ္သူရရ ဆိုဘဲ ။ ဘုရင္ႏိုင္ငံျဖစ္ျဖစ္ ဘုရင္မ ႏိုင္ငံျဖစ္ ျဖစ္…။
မိန္းမ ေၾကာက္ျပည္သား သူငယ္ခ်င္းကေတာ့ ျမန္ျမန္ႏိုင္ငံေတြခြဲေထာင္ေစခ်င္ေနတာ..။ ဒါဆို သူမိန္းမလက္ကလြတ္မွာ …..။
ဒါေပမယ့္ ဒီလို႔သာ တူရာလူမ်ိဳးေတြ စုၿပီး ႏိုင္ငံေထာင္မယ္ဆို ျပႆနာက လူမ်ိဳးစုံတဲ့ ရန္ကုန္မွာ …။
    တစ္ကယ္ေျပာတာ ။ရန္ကုန္က လူမ်ိဳးေတာ္ေတာ္စုံတာ..။ ဥပမာ -စမ္းေခ်ာင္းဆို ဒီဘက္ ရွမ္းလမ္း ဘက္ျခမ္းမွာ ရခိုင္ေတြ၊ ေျမနီကုန္းဘက္မွာက် ကခ်င္ေတြ၊ခ်င္းေတြ။
ဒီပုံစံအတိုင္းဆိုရင္ စမ္းေခ်ာင္းမွာတင္ ႏိုင္ငံသုံးေလးခုေလာက္ ျဖစ္သြားႏိုင္သည္။ ဒါဆို ညဘက္ အရက္ေသာက္ရင္ ႏိုင္ငံတစ္ခု ၊ထမင္းစားရင္ ႏိုင္ငံတစ္ခု။တုတ္ထိုးစားရင္ ႏိုင္ငံတစ္ခု ..။
    ဒီလိုသာ တိုင္း…ကိုကိုေတြ အႀကံေအာင္ျမင္သြားရင္ ခက္မည္။ ညဘက္ ဘီယာေသာက္ဖို႔ လႈိင္ ဘက္ကေန ကမာ႐ြတ္ကိုလာရင္ ပတ္စပို႔ တစ္ခု၊ကမာ႐ြက္ကေန စမ္းေခ်ာင္းကို ပတ္စပို႔ တစ္ခု ..။ ပတ္စပို႔ေတြ ႏိုင္ငံကူးလက္မွတ္ေတြ အမ်ားႀကီးလုပ္မွ ရေတာ့မည္။ၿပီးေတာ့ ထုံးစံအတိုင္း ဆိုင္ရာကိုလည္း အာရေကေပးရဦးမည္။

    ဒီဒုကၡက ကိုယ္ေတြ အမ်ိဳးသားေတြ ဘဲလားဆို မဟုတ္..။ အစားေကာင္းႀကိဳက္တဲ့အမ်ိဳးသမီး ေတြ ေရွာပင္းထြက္တဲ့ အမ်ိဳးသမီးေတြလည္း နားကားၿပီ။ ဂ်န္ရွင္း အိပ္စ္ကို သြားခ်င္ရင္ ႏိုင္ငံကူးလက္မွတ္ လုပ္ရ ေတာ့မည္။ ဒါမွ ..။
    ၈ မိုင္ကသူေတြ ညဘက္ၿမိဳ႕ထဲ လာဒြန႔္ရင္ ပတ္စပို႔ေတြ တသီခ်ည္း ယူလာေပေတာ့။ တရားစခန္း ဝင္မယ့္ ဘြားေတာ္ေတြလည္း ဒီလို… ။ကိုရပ္ကြက္ထဲမွာဘဲ တရားနာ၊တရားထိုင္..။ သြားေနၾက ဝင္ေနၾက တရားစခန္းဝင္လွ်င္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ရေတာ့မည္။
ေယာဂီေတြပဲလားဆို မဟုတ္…။ တရားေဟာဆရာေတာ္ေတြလည္း ဒီလိုပဲ…။ တစ္ညတည္း တစ္ပြဲ ထက္ပိုေဟာရင္ တစ္ညတည္း ႏိုင္ငံ ၃ ခုေဟာသည့္ ဆရာေတာ္တို႔ ဘာတို႔ ျဖစ္သြားမည္။ ဒါဆို ယခုျမန္မာ ျပည္ကသူေတြက ေနာင္တစ္ခ်ိန္မွာ  ဂရင္းနစ္စံခ်ိန္ဝင္မည္သူေတြ အမ်ားႀကီး ၊ တစ္ညတည္း ႏိုင္ငံ ၄/၅ ခု ပတ္ ကာ ဖြန္ေၾကာင္သူေတြ၊ ႏိုင္ငံ ၅ ႏိုင္ငံက မယားေတြကို တစ္ညတည္းေပါင္းႏိုင္သူေတြ ျဖစ္လာေတာ့မည္။
စာေရးဆရာေတြလည္း တစ္ညတည္း ႏိုင္ငံ ၄ ခုေဟာသည့္ အာဂစာေရးဆရာေတြ ျဖစ္ေတာ့မည္။ နတ္ဆိုးတို႔လည္း YBS စီးရင္း ကမာၻပတ္သူေတြ ျဖစ္လာႏိုင္သည္။ ေနာင္ဆို ၁၉ လမ္းႏိုင္ငံတို႔၊ မုန္တီ ႏိုင္ငံ တို႔၊ အညာႏိုင္ငံတို႔၊ေဘထုပ္ႏိုင္ငံ၊ နတ္ကေတာ္ႏိုင္ငံတို႔ ျဖစ္လာႏိုင္သည္မဟုတ္လား။
ဘာပဲေျပာေျပာ ဒီေခတ္မွာ တစ္ေယာက္တစ္ေပါက္နဲ႔ ေပ်ာ္စရာေတာ့ အေကာင္းသား ..။ ဒီလူေတြ ကိုယ္တူရာတူရာစုၿပီးေနမယ္ဆိုတာ သိပ္ေတာ့မဆိုး။
အခုလည္း အရႈးေတြအတြက္ ႐ြာသာႀကီးဆိုလား..ရွိၿပီးသား။

ဟိုလူေတြအတြက္ …..ဘာဆိုလား…။
နတ္ဆိုးတို႔ကေတာ့ အားေပးသည္။ ဘာေၾကာင့္ဆို..ၾကားဖူးတယ္မဟုတ္လား…။
 “ -----စိတ္ခ်မ္းသာ တိုင္းျပည္ေအးခ်မ္းတယ္ဆိုလား …. ”…...။
ဘာ….။
ေဟ့လူ အဲ့ဒါ ခင္ဗ်ားေျပာတာေနာ္.. ကြၽန္ေတာ္ေျပာတာ မဟုတ္ဘူး..။

                                                                                        နတ္ဆိုး