【 သရော်စာ 】“ ဗိုင်းရပ်စ်ပြီး နိုင်ငံတော် ”

【  သရော်စာ  】“ ဗိုင်းရပ်စ်ပြီး နိုင်ငံတော် ”

 မြန်မာသည့် အချာပင်မဟုတ်..။
    ဒီလောက်  တကမ္ဘာလုံးဝရုန်းသုန်းကားဖြစ်တာတောင် ရင်တောင်မခုန်…အစားအသောက် မပျက်။ မြန်မာဆိုတာ ဒုက္ခတွေကြားထဲက အခွင့်အရေးကောင်းကို ဆီလို ရှာတတ်တဲ့ သူတွေ။
    စာဆိုတောင်ရှိသေး..။ဘာတဲ့..။
    အင်္ဂလိပ်အခက် မြန်မာအချက်ဆိုပြီး  ဒီလို ဂွင်တွေကနေ လွတ်လပ်ရေးတောင် ရှာသွား သေးသည်။
    နောက်တော့ ကျေးဇူးရှင်တွေပေါ်လာပြီး..မြန်မာလွတ်လပ်ရေးပါ တိုင်ပတ်သွားသည်။
    အခုက “ကမ္ဘာ့အခက်..မြန်မာအချက်..”…။
တိုင်ပတ်တာတွေ တိုင်မပတ်တာတွေက နောက်…။မြန်မာပီပီ အခွင့်အရေးရှာရမည် မဟုတ် လား...။
    မြန်မာဆိုတာ …… နိုင်ငံကိုချစ်ပြီးသား။အချစ်ဆုံးက ကယ်တင်ရှင်တွေ….။
    သူတို့က ဘယ်လိုချစ်လဲဆို မြန်မာမြေသည် ငါတို့ မြေဆိုပြီး ရောင်းလိုရောင်း တူးလိုတူးနဲ့ ၊ နိုင်ငံကို ချစ်သူတိုင်း ချမ်းသာသွားသည်။
သူတို့ထဲက နိုင်ငံကို အနည်းအကျဉ်းသာချစ်တဲ့ သူတွေတောင် အနည်းဆုံး စားပြီးသောက်ပြီး ငါးထောင် တစ်သောင်းပြေးမလွတ်..။
    အခုလဲ နိုင်ငံကို ချစ်သူတွေထဲ အမေရိကန်ပြန် ဂရင်းကတ်တွေ၊ ဘိလပ်ပြန် ကိုသောင်းဖေ တွေ ယိုးဒယားပြန် ဗလာစိန်တွေပါလာပြီ။
ဒီလူတွေကို လူတွေက မုန်းနေကြပေမယ့် ကိုကိုနတ်ဆိုးကတော့ မမုန်း။
    သူတို့က မှ တစ်ကယ်ကို နိုင်ငံချစ်တာ..။စဉ်းစားကြည့်။
    သူတို့ခင်မျာ ဟိုဘက်မှာ အိုက်ဆိုတေးပဂေးဆန်တို့ ၊ အပုပ်ကောင်မိတ်ကပ်ဆင်တို့ ၊စည်ပင် မင်းကြီး မင်းလေးတို့ ၊တောက်တိုမယ်ရ ဒီလီဗာရီဘဝနဲ့ သာသာယာယာကောင်းစားနေတာ။
    ဒီလို ဆန္ဒတပြပြ နိုင်ငံတော်ကို ဘယ်သူကလာမှာလဲ..။
တစ်ကယ်က  တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်လို့ ခုခေတ်စားနေတဲ့ ကိုဗက် ၁၉ ရောဂါမကူးစက် တာလို့ ဝန်ကြီးချုပ်တစ်ယောက်က ပြောလိုက်လို့ သူတို့ခမျာ  စိတ်ထိခိုက်ပြီး ပြန်လာရတာ..။  
တစ်ကယ်သာ မိခင်တိုင်းပြည်ကို သူတို့မပစ်ထားရင် တိုင်းပြည်ကြီး အခုလို ကိုဗက်မဖြစ်လို့ မျက်နှာငယ်ရတာဖြစ်မလည်း။

သူတို့သာ ပစ်ပစ်ခါခါမလုပ်ခဲ့ရင် နိုင်ငံလည်းတိုးတက်၊ ရောဂါတိုင်းလည်းဖြစ်..။
ဘယ်လောက်ပျော်စရာကောင်းသလဲ..။
ခုတော့ သူတို့ ပစ်ပစ်ခါခါလုပ်လို့ တိုင်းပြည်မှာရောဂါမဖြစ်တာ..။
သူတို့ ပယောဂမကင်း။
ဒီလို ဝန်ကြီးချုပ်စကားကြားရပြီးကတည်းက သူတို့ခမျာ တာဝန်မကင်းသဖြင့် မြန်မာပြည် သတင်းတွေ ရှာရဖွေရဖတ်ရ ပြုရနဲ့…။ နေ့တိုင်း…ဖေ့စဖုတ်ထဲကနေ မြန်မာပြည်ထဲ လှမ်းလှမ်း ကြည့်ရတာလဲ အမော….။
ဒီမှာ သွားတွေ့ရပါလေရော..။
မြန်မာပြည်သူတွေ ကိုဗက်မဖြစ်သေးလို့ မျက်နှာငယ်နေရတာ..။
သူတို့ကြေကွဲပြီလေ…။ကြားရတာ နှလုံးကြေကွဲ စိတ်မချမ်းမြေ့စရာ…။

မြန်မာပြည်မှာ ကိုဗက်အသံကြားတာနဲ့ တချို့ဆို အစားအသောက်တွေ ပြေးဝယ်ကြ၊စုကြနဲ့ ဂယက်ကိုထ ပွဲတော်ကိုဖြစ်နေလို့..။
ဈေးပေါတဲ့ တစ်ရူးတွေလည်း ဂယက်ထတိုင်း နေ့နေ့ညည တိုးဝယ်ကြလွန်းလို့ တစ်ရှုး ရောင်းမလောက်…။
တစ်ရှုးရောင်းရလွန်းလို့ သဘာဝပတ်ဝန်းကျင်သမားတွေတောင်  ဆန္ဒပြဖို့ စဉ်းစားနေရပြီ။ဟုတ်တယ်လေ … ဒီလိုပုံစံနဲ့ လက်ကျန်သစ်တော တွေ လုံးပါးပါး ပါးမယ်လေ..။
တချို့တွေဆို ကိုဗက်နဲ့ ပတ်သက်ပြီး အိမ်မက်ပန်းတိုင်တွေ ပန်းခွေတွေ ထားလို့…။
ကိုဗက်လာရင် ဘာလုံ ညာလုံခေါ်ခိုင်းမယ်ဆိုပြီး ကိုဗက်-၁၉ ကို အမျှော်ကြီး မျှော် တဲ့ သူတွေက မျှော်လိုမျှော်လို့…။
မျှော်သာမျှော် ကိုဗက်ကတော့ တစ်ရက်လည်းပေါ်မလာ တစ်ရက်လည်း ပေါ်မလာနဲ့..။
ဈေးသည်တွေခမျာ ကိုဗက်ကြားတိုင်း ဈေးလိုက်တက်ရ ကိုဗက်က မဖြစ်တော့ သူတို့ခမျာစေ◌ျးဝယ်  တဲ့ သူတွေကို အားနာစရာတွေကိုဖြစ်လို့ …။
လူတွေလဲ အသံကြားတိုင်း ညဘက်ပြေးဝယ် နံနက်ဘက် ပြေးဝယ်နဲ့…။ထထပြေးဝယ်ရလို့ မျက်တွင်းတွေလည်း ချောင်လို့..။

ထိုင်းတို့ စင်ကာပူတို့ မလေးရှားတို့လို့ နိုင်ငံတွေမှာ  ကိုဗက်ဖြစ်ကုန်ပြီ။
ကမ္ဘာနိုင်ငံတွေလည်း အားလုံးနီးပါး ကိုဗက် ဖြစ်ကုန်ပြီ။ ကိုယ်နိုင်ငံ
ကိုဗက်မဖြစ်သဖြင့်  သူတို့ခမျာ စိတ်ထဲမကောင်း..။
အာဖရိကလို ခပ်စုတ်စုတ်နိုင်ငံတွေတောင် ကိုဗက်ကို ခံစားဘူးနေပြီ။
ခေတ်မီအသုံးအဆောင်ပစ္စည်းတွေပေါ်တိုင်း ကိုယ်သုံးသလို ကိုယ်ချစ်တဲ့ သူတွေကိုလဲ စားစေချင် သုံးစေချင်သည်မဟုတ်လား..။
ဒီတော့ ဒီလိုခေတ်မီရောဂါ ကိုယ်ချစ်တဲ့ သူတွေ ခံစားစေချင်သည်။
တိုင်းပြည်မွဲတုန်းက ပြဿနာမရှိ..။ဒီလို တကမ္ဘာလုံး ဖြစ်မှ မဖြစ်လျှင် မြန်မာမှာနေတဲ့ သူတွေ ကမ္ဘာမှာ လူရာမဝင်ဖြစ်မည်။ နိုင်ငံသိက္ခာကျမည်။
ဟိုဝန်ကြီးချုပ်ပြောသလို ကိုယ်နိုင်ငံ မဖွံ့ဖြိုးတာ လူသိတော့မည့်။
ဒီလိုတော့ မဖြစ်..။
ဒါကြောင့် ဂရင်းကတ်နဲ့ ဘာကတ်ညာကတ်ဒုက္ခသည်ကတ်နဲ့အဆင်ပြေနေတာတောင် သူတို့မနေ…။ ရောက်အောင်ပြန်ကြသည်။

ဒီလို ဒီနိုင်ငံတွေက မောင်းထုတ်နေတုန်း အခွင့်ကောင်းယူပြီး အမိနိုင်ငံအတွက် ဒီရောဂါကို နည်းပေါင်းစုံဖြင့် အမိအရ ယူကာ ပြန်ကြသည်။
ဘာဘဲဖြစ်ဖြစ် ကိုဗက်ကို ခိုးထုတ်ပြီး အမိနိုင်ငံသို့ အရောက်သယ်လာသူတွေကို ချီးကျူးရမည်။ သူတို့စေတနာကို လေးစားရမည်။
သူတို့ကြောင့် ယခုဆို နိုင်ငံတကာမှာ မျက်နှာမငယ်ရတော့..။သူတို့ကြောင့် ကမ္ဘာတန်း ဝင်သွား ပြီ။ တစ်ပတ်အတွင်း ၈ ယောက်..။
 ကံကောင်းလျှင် ဒေသတွင်းကိုတောင် ကျော်သွားနိုင်သည်။ အားလုံးတင်းပြည် ကျပ်ပြည့် ခံစားရနိုင်သည်။
သူများနိုင်ငံတွေဆို အခုလောက်ဆို ဟိုပိတ် ဒီပိတ်နဲ့ ..လူတွေလည်း ဘယ်မှ ထွက်မရလုပ်ပြီ..။
 မြန်မာပြည်မှာ ဒီလောက်ထိမလို ၊ဆရာခိုရှိသည်။တမာချည်ပြုတ်ရှိသည်။ ဓာတ်မြေဩဇာ အရက်ဖြူရှိသည်.။  
ပြီးတော့  “ ဖျားသွားအောင် ပြင်ဆင်ထားတယ်”ဆိုတဲ့ ဟိုဝန်ကြီး ရှိသည်။
ဒါကြောင့် ကိုဗက်လား  အသာထား..။
နိုင်ငံကိုက ရောဂါပြီးနေတဲ့ နိုင်ငံလေ..။

                                                                                              နတ်ဆိုး

 

(  Zawgyi  )

  ျမန္မာသည့္ အခ်ာပင္မဟုတ္..။
    ဒီေလာက္  တကမာၻလုံးဝ႐ုန္းသုန္းကားျဖစ္တာေတာင္ ရင္ေတာင္မခုန္…အစားအေသာက္ မပ်က္။ ျမန္မာဆိုတာ ဒုကၡေတြၾကားထဲက အခြင့္အေရးေကာင္းကို ဆီလို ရွာတတ္တဲ့ သူေတြ။
    စာဆိုေတာင္ရွိေသး..။ဘာတဲ့..။
    အဂၤလိပ္အခက္ ျမန္မာအခ်က္ဆိုၿပီး  ဒီလို ဂြင္ေတြကေန လြတ္လပ္ေရးေတာင္ ရွာသြား ေသးသည္။
    ေနာက္ေတာ့ ေက်းဇူးရွင္ေတြေပၚလာၿပီး..ျမန္မာလြတ္လပ္ေရးပါ တိုင္ပတ္သြားသည္။
    အခုက “ကမာၻ႔အခက္..ျမန္မာအခ်က္..”…။
တိုင္ပတ္တာေတြ တိုင္မပတ္တာေတြက ေနာက္…။ျမန္မာပီပီ အခြင့္အေရးရွာရမည္ မဟုတ္ လား...။
    ျမန္မာဆိုတာ …… ႏိုင္ငံကိုခ်စ္ၿပီးသား။အခ်စ္ဆုံးက ကယ္တင္ရွင္ေတြ….။
    သူတို႔က ဘယ္လိုခ်စ္လဲဆို ျမန္မာေျမသည္ ငါတို႔ ေျမဆိုၿပီး ေရာင္းလိုေရာင္း တူးလိုတူးနဲ႔ ၊ ႏိုင္ငံကို ခ်စ္သူတိုင္း ခ်မ္းသာသြားသည္။
သူတို႔ထဲက ႏိုင္ငံကို အနည္းအက်ဥ္းသာခ်စ္တဲ့ သူေတြေတာင္ အနည္းဆုံး စားၿပီးေသာက္ၿပီး ငါးေထာင္ တစ္ေသာင္းေျပးမလြတ္..။
    အခုလဲ ႏိုင္ငံကို ခ်စ္သူေတြထဲ အေမရိကန္ျပန္ ဂရင္းကတ္ေတြ၊ ဘိလပ္ျပန္ ကိုေသာင္းေဖ ေတြ ယိုးဒယားျပန္ ဗလာစိန္ေတြပါလာၿပီ။
ဒီလူေတြကို လူေတြက မုန္းေနၾကေပမယ့္ ကိုကိုနတ္ဆိုးကေတာ့ မမုန္း။
    သူတို႔က မွ တစ္ကယ္ကို ႏိုင္ငံခ်စ္တာ..။စဥ္းစားၾကည့္။
    သူတို႔ခင္မ်ာ ဟိုဘက္မွာ အိုက္ဆိုေတးပေဂးဆန္တို႔ ၊ အပုပ္ေကာင္မိတ္ကပ္ဆင္တို႔ ၊စည္ပင္ မင္းႀကီး မင္းေလးတို႔ ၊ေတာက္တိုမယ္ရ ဒီလီဗာရီဘဝနဲ႔ သာသာယာယာေကာင္းစားေနတာ။
    ဒီလို ဆႏၵတျပျပ ႏိုင္ငံေတာ္ကို ဘယ္သူကလာမွာလဲ..။
တစ္ကယ္က  တိုင္းျပည္မဖြံ႕ၿဖိဳးမတိုးတက္လို႔ ခုေခတ္စားေနတဲ့ ကိုဗက္ ၁၉ ေရာဂါမကူးစက္ တာလို႔ ဝန္ႀကီးခ်ဳပ္တစ္ေယာက္က ေျပာလိုက္လို႔ သူတို႔ခမ်ာ  စိတ္ထိခိုက္ၿပီး ျပန္လာရတာ..။  
တစ္ကယ္သာ မိခင္တိုင္းျပည္ကို သူတို႔မပစ္ထားရင္ တိုင္းျပည္ႀကီး အခုလို ကိုဗက္မျဖစ္လို႔ မ်က္ႏွာငယ္ရတာျဖစ္မလည္း။

သူတို႔သာ ပစ္ပစ္ခါခါမလုပ္ခဲ့ရင္ ႏိုင္ငံလည္းတိုးတက္၊ ေရာဂါတိုင္းလည္းျဖစ္..။
ဘယ္ေလာက္ေပ်ာ္စရာေကာင္းသလဲ..။
ခုေတာ့ သူတို႔ ပစ္ပစ္ခါခါလုပ္လို႔ တိုင္းျပည္မွာေရာဂါမျဖစ္တာ..။
သူတို႔ ပေယာဂမကင္း။
ဒီလို ဝန္ႀကီးခ်ဳပ္စကားၾကားရၿပီးကတည္းက သူတို႔ခမ်ာ တာဝန္မကင္းသျဖင့္ ျမန္မာျပည္ သတင္းေတြ ရွာရေဖြရဖတ္ရ ျပဳရနဲ႔…။ ေန႔တိုင္း…ေဖ့စဖုတ္ထဲကေန ျမန္မာျပည္ထဲ လွမ္းလွမ္း ၾကည့္ရတာလဲ အေမာ….။
ဒီမွာ သြားေတြ႕ရပါေလေရာ..။
ျမန္မာျပည္သူေတြ ကိုဗက္မျဖစ္ေသးလို႔ မ်က္ႏွာငယ္ေနရတာ..။
သူတို႔ေၾကကြဲၿပီေလ…။ၾကားရတာ ႏွလုံးေၾကကြဲ စိတ္မခ်မ္းေျမ့စရာ…။

ျမန္မာျပည္မွာ ကိုဗက္အသံၾကားတာနဲ႔ တခ်ိဳ႕ဆို အစားအေသာက္ေတြ ေျပးဝယ္ၾက၊စုၾကနဲ႔ ဂယက္ကိုထ ပြဲေတာ္ကိုျဖစ္ေနလို႔..။
ေဈးေပါတဲ့ တစ္႐ူးေတြလည္း ဂယက္ထတိုင္း ေန႔ေန႔ညည တိုးဝယ္ၾကလြန္းလို႔ တစ္ရႈး ေရာင္းမေလာက္…။
တစ္ရႈးေရာင္းရလြန္းလို႔ သဘာဝပတ္ဝန္းက်င္သမားေတြေတာင္  ဆႏၵျပဖို႔ စဥ္းစားေနရၿပီ။ဟုတ္တယ္ေလ … ဒီလိုပုံစံနဲ႔ လက္က်န္သစ္ေတာ ေတြ လုံးပါးပါး ပါးမယ္ေလ..။
တခ်ိဳ႕ေတြဆို ကိုဗက္နဲ႔ ပတ္သက္ၿပီး အိမ္မက္ပန္းတိုင္ေတြ ပန္းေခြေတြ ထားလို႔…။
ကိုဗက္လာရင္ ဘာလုံ ညာလုံေခၚခိုင္းမယ္ဆိုၿပီး ကိုဗက္-၁၉ ကို အေမွ်ာ္ႀကီး ေမွ်ာ္ တဲ့ သူေတြက ေမွ်ာ္လိုေမွ်ာ္လို႔…။
ေမွ်ာ္သာေမွ်ာ္ ကိုဗက္ကေတာ့ တစ္ရက္လည္းေပၚမလာ တစ္ရက္လည္း ေပၚမလာနဲ႔..။
ေဈးသည္ေတြခမ်ာ ကိုဗက္ၾကားတိုင္း ေဈးလိုက္တက္ရ ကိုဗက္က မျဖစ္ေတာ့ သူတို႔ခမ်ာေစ◌်းဝယ္  တဲ့ သူေတြကို အားနာစရာေတြကိုျဖစ္လို႔ …။
လူေတြလဲ အသံၾကားတိုင္း ညဘက္ေျပးဝယ္ နံနက္ဘက္ ေျပးဝယ္နဲ႔…။ထထေျပးဝယ္ရလို႔ မ်က္တြင္းေတြလည္း ေခ်ာင္လို႔..။

ထိုင္းတို႔ စင္ကာပူတို႔ မေလးရွားတို႔လို႔ ႏိုင္ငံေတြမွာ  ကိုဗက္ျဖစ္ကုန္ၿပီ။
ကမာၻႏိုင္ငံေတြလည္း အားလုံးနီးပါး ကိုဗက္ ျဖစ္ကုန္ၿပီ။ ကိုယ္ႏိုင္ငံ
ကိုဗက္မျဖစ္သျဖင့္  သူတို႔ခမ်ာ စိတ္ထဲမေကာင္း..။
အာဖရိကလို ခပ္စုတ္စုတ္ႏိုင္ငံေတြေတာင္ ကိုဗက္ကို ခံစားဘူးေနၿပီ။
ေခတ္မီအသုံးအေဆာင္ပစၥည္းေတြေပၚတိုင္း ကိုယ္သုံးသလို ကိုယ္ခ်စ္တဲ့ သူေတြကိုလဲ စားေစခ်င္ သုံးေစခ်င္သည္မဟုတ္လား..။
ဒီေတာ့ ဒီလိုေခတ္မီေရာဂါ ကိုယ္ခ်စ္တဲ့ သူေတြ ခံစားေစခ်င္သည္။
တိုင္းျပည္မြဲတုန္းက ျပႆနာမရွိ..။ဒီလို တကမာၻလုံး ျဖစ္မွ မျဖစ္လွ်င္ ျမန္မာမွာေနတဲ့ သူေတြ ကမာၻမွာ လူရာမဝင္ျဖစ္မည္။ ႏိုင္ငံသိကၡာက်မည္။
ဟိုဝန္ႀကီးခ်ဳပ္ေျပာသလို ကိုယ္ႏိုင္ငံ မဖြံ႕ၿဖိဳးတာ လူသိေတာ့မည့္။
ဒီလိုေတာ့ မျဖစ္..။
ဒါေၾကာင့္ ဂရင္းကတ္နဲ႔ ဘာကတ္ညာကတ္ဒုကၡသည္ကတ္နဲ႔အဆင္ေျပေနတာေတာင္ သူတို႔မေန…။ ေရာက္ေအာင္ျပန္ၾကသည္။

ဒီလို ဒီႏိုင္ငံေတြက ေမာင္းထုတ္ေနတုန္း အခြင့္ေကာင္းယူၿပီး အမိႏိုင္ငံအတြက္ ဒီေရာဂါကို နည္းေပါင္းစုံျဖင့္ အမိအရ ယူကာ ျပန္ၾကသည္။
ဘာဘဲျဖစ္ျဖစ္ ကိုဗက္ကို ခိုးထုတ္ၿပီး အမိႏိုင္ငံသို႔ အေရာက္သယ္လာသူေတြကို ခ်ီးက်ဴးရမည္။ သူတို႔ေစတနာကို ေလးစားရမည္။
သူတို႔ေၾကာင့္ ယခုဆို ႏိုင္ငံတကာမွာ မ်က္ႏွာမငယ္ရေတာ့..။သူတို႔ေၾကာင့္ ကမာၻတန္း ဝင္သြား ၿပီ။ တစ္ပတ္အတြင္း ၈ ေယာက္..။
 ကံေကာင္းလွ်င္ ေဒသတြင္းကိုေတာင္ ေက်ာ္သြားႏိုင္သည္။ အားလုံးတင္းျပည္ က်ပ္ျပည့္ ခံစားရႏိုင္သည္။
သူမ်ားႏိုင္ငံေတြဆို အခုေလာက္ဆို ဟိုပိတ္ ဒီပိတ္နဲ႔ ..လူေတြလည္း ဘယ္မွ ထြက္မရလုပ္ၿပီ..။
 ျမန္မာျပည္မွာ ဒီေလာက္ထိမလို ၊ဆရာခိုရွိသည္။တမာခ်ည္ျပဳတ္ရွိသည္။ ဓာတ္ေျမဩဇာ အရက္ျဖဴရွိသည္.။  
ၿပီးေတာ့  “ ဖ်ားသြားေအာင္ ျပင္ဆင္ထားတယ္”ဆိုတဲ့ ဟိုဝန္ႀကီး ရွိသည္။
ဒါေၾကာင့္ ကိုဗက္လား  အသာထား..။
ႏိုင္ငံကိုက ေရာဂါၿပီးေနတဲ့ ႏိုင္ငံေလ..။

                                                                                              နတ္ဆိုး