【 သရော်စာ 】“ ဘာဖြစ်ဖြစ်….လော်မယ် ”
【 သရော်စာ 】“ ဘာဖြစ်ဖြစ်….လော်မယ် ”
ရွေးကောက်ပွဲနီးပြီ။
ဘော်ဘော်တို့ ပျော်လေပြီ။ သူတို့ ပျော်လဲပျော်ချင်စရာ .......နီတို့ မေမေတက်လာကတည်းက ဘော်ဘော်တို့ အလုပ်မကောင်းတာကြာပြီ။အရင်လို အော်လိုက်ဟစ်လိုက် ဝိုင်းရိုက်ရုံနှင့် ပိုက်ဆံမရတော့။
ဒေါသထွက်နေသည့် လူအုပ်ကြီးလည်း ခဏခဏ မဖြစ်ရတော့ ဘော်ဘော်တို့ ဝင်ငွေ ပိတ်ပြီ။
ဘဘတို့တုန်းကဆို အရက်လည်းသောက်ရ၊ လူလဲရိုက်ရ ဒီကြားထဲ့နေတွက်ခလည်းရသဖြင့် အတော်လေးပွဲစည်သည်။အခုကြတော့ ဆန္ဒပြတဲ့တစ်ပေါက်သာရှိတော့သည်။
ဒီတော့ အားလုံး အလုပ်ရဖို့ မလွယ်။ဒီကြားထဲ ခေါက်တိုဆန္ဒပြသမားတွေ ဝင်လာသလို ဆန္ဒပြရင် ဖမ်းတတ်သဖြင့် ယခင်လိုခေတ်ကမကောင်းတော့။
နီတို့ခေတ်မှာ ဘော်ဘော်တွေ ငတ်တလှည့် ပြတ်တလှည့်။
ဒီတော့ အရင်လိုလူတွေ ပြန်လာမည့်အချိန်ကိုဘော်ဘော်တို့ မျှော်ကြသည်။
ယခု ဆန္ဒပြည့်တော့မည်။
ဘာကြောင့်ဆို လာမည်နှစ် ရွေးကောက်ပွဲရှိသည်။
ရွေးကောက်ပွဲ ဆိုတာ ဘော်ဘော်တို့အတွက် ငွေတွင်း၊ ဘဘတို့ရဲ့မျှော်လင့်ချက်ဖြစ်သည်။
ဒီရွေးကောက်ပွဲ မှာ နီတို့မေမေကို ဖြုတ်ရမည်။ မဖြုတ်လို့မဖြစ်။
နီတိုမေမေ မပြုတ်သမျှ ဘဘတို့စုထားဆောင်းထားသမျှ ကုန်တော့မည်။
ဒီတစ်ခါတော့ ဘဘတို့ အများကြီးမျှော်လင့်ထားသည်။ဘဘတို့ဒီလိုမျှော်လင့်လေ ဘော်ဘော်တို့ အလုပ်ဖြစ်လေ ဖြစ်သည်။
ဘဘတို့မျှော်လင့်ချက် ပြည့့််မပြည့်တော့မသိ။ အနည်းဆုံးတော့ ဘော်ဘော်တို့ ခြောက်လတစ်နှစ် အလုပ်ရမည်။
အားလုံးက ဘဘတို့ကို အနိုင်ရစေချင်သည်။ဒါမှ ဘဘတို့ ငွေသုံးမည်။ဘဘတို့ငွေသုံးလေ ဘော်ဘော်တို အနေအစားချောင်လေလေ ဖြစ်သည်။
ဒီတော့ ဘဘတို့နိုင်မှ ဖြစ်မည်။
အများကြီးမနိုင်လျှင်နေ တစ်ခါလောက်တော့ ဘဘတို့ကိုနိုင်စေချင်သည်။
ဒါမှ အနီရော အစိမ်းရော အသုံးမကျမှန်း ပြည်သူတွေ သိမည်။
ရွေးကောက်ပွဲဆိုလို ရွေးကောက်ပွဲကို ငါးနှစ်မှ တစ်ခါ လေးနှစ်မှ တစ်ခါ မှ လုပ်ရမည်ဟု ဘယ်ငကြောင်က သတ်မှတ်ခဲ့သလဲ မသိ။
တကယ်သာ တစ်နှစ်တစ်ခါ ရွေးကောက်ပွဲ လုပ်ကြည့် အတော်လေးကောင်းမည်ဖြစ်သည်။
အမတ်တွေလည်း နှစ်တိုင်းရွေးကောက်ပွဲရှိသဖြင့် ဘယ်တော့မှ ပြည်သူတွေကို ကလန်ကဆန် လုပ်ရဲမည်မဟုတ်။ ပြည်သူမြင်တာနဲ့ ပျာပျာသလဲ ဖြစ်နေကြမည်။
ဒီမှာက ရွေးကောက်ပွဲကို ငါးနှစ်ကြာမှ တစ်ခါလုပ်တော့ ရွေးကောက်ပွဲနီးမှ အမတ်တွေကိုမြင်ရသည်။ ကျန်လေးနှစ် အမတ်တွေမြင်ချင်လျှင် လွှတ်တော်ချန်နယ်သာကြည့်။ဒါတောင် မီးလာဦးမှ ။
ဒီတော့ ပြည်သူတွေခမျာ အမတ်တွေကို ကိစ္စရှိလျှင်တောင် မခိုင်းရဲ။ မတော် သူတို့ကိုခိုင်းရပါလားဆိုပြီး နေပြည်တော်က မပြန်တော့ဘူးဆိုလျှင် ဘယ်လိုလုပ်မလဲ။
ဒီတော့ အမတ်တွေလဲ ပြည်သူနှင့်မကင်းကွာအောင် တကယ်ဆို ရွေးကောက်ပွဲကို တစ်နှစ်တစ်ခါလုပ်သင့်သည်။ဒီလိုသာဆို ဘာ်ဘော်တွေလည်း အလုပ်ပြတ်တော့မည်မထင်။ ဒါကြောင့် ခြေဥပြင်တုန်း ဒီအချက်လေး ထည့်ပေးဖို့ ပြောသင့်သည်။
တော်ရုံဆို ဘယ်သူမှ ဒီအကွတ်ကိုမသိ။
တော်ဆို ဘော်ဘော်တွေထဲမှာ ခေါင်းရွပ်ဗျပ်ထိုးကနေ ထိပ်ပိုင်းအထိ ပါသည်။ ဒီတော့ မဟုတ်မက အကြံမှန်သမျှ အကုန်ထွက်သည်။
ကောင်းသည့်အကြံဆို ထွက်ကိုမထွက်။
ဟိုတလောက ဆရာတော်ကြီးတစ်ပါးအနားယူတာတောင် အတင်းထုတ်တယ်ဆိုပြီး လုပ်လိုက်သေးသည်။
ဒါဘော်ဘော်တွေ လက်ချက်။
ဘော်ဘော်တို့စနက် ထိရောက်လွန်းသဖြင့် အတော်လေးရှင်းလိုက်ရသည်။
ဒီလောက်ထိ ဘော်ဘော်တို့လော်ချက်ပြင်းသည်။
ယခုဆို ဘော်ဘော်တို့က အလုပ်က အရင်လို တုတ် ဓားဆွဲစရာမလို။
လမ်းလျှောက်အော်စရာမလို။
ဖုန်းတစ်လုံး ဖေ့စ်ဘုတ် တစ်ခုရှိဖို့သာလိုသည်။
သို့သော်အလုပ်က လော်ရတာခြင်း တူတူ။
ယခင်ကဆို အော်ဟစ်ပြီး လော်ရသည်။
ယခုကတော့ ဖုန်းထဲကနေ လော်ရ ရှဲရ ကွန်မန်ရေးရတာပဲရှိသည်။
ဒီအတွက် အရည်အချင်းတစ်ခုဘဲလိုသည်။
ဒါကတခြား မဟုတ်..။
ကျပ်မပြည့်ဖို့။
ကျပ်ပြည့်လျှင် ဒီလိုလော်ပေးဖိုမလွယ်။
ဒါကလည်း တစ်ကယ်စဉ်းစားကြည့်ရင် ခွင့်လွှတ်လို့ရသည့် ကိစ္စဖြစ်သည်။ ဒီလိုကျပ်မပြည့်တာလေးတွေကြောင့်ပဲ အားလုံး အမောပြေ နေရတာ ဖြစ်သည်။
တစ်ကယ်ဆို သူတို့လို့ အများပြည်သူရယ်စေဖို့ ပေါတောတောတွေ ပြောဖို့ ဆိုတာ အတော့်ကိုမလွယ်သည့် ကိစ္စပင်။
အတော်လေးပေါရင် ပေါ၊မပေါရင် အတော်ကို မျက်နှာပြောင်တိုက်ပြီး ဝမ်းတွင်းရှုးမှသာဖြစ်နိုင်မည်။
ဒီအတွက် အားလုံးတူတာ တစ်ခုရှိသည်။
ဒါက .. ပိုက်ဆံမက်ချင်းပင်။
ပိုက်ဆံသာ ရမယ်ဆို ဘာဖြစ်ဖြစ်လော်မည်ဆိုတဲ့ သူတွေချည်း စုထားတာဖြစ်သည်။
သူတို့နားလည်တာက ခန္ဓာဆိုတာ မမြဲ..။ဒါကြောင့် နောက်ဘဝနောက်ခန္ဓာဖြင့် ခံကြမည်။
ဘဘတွေလည်း ဒီဝါဒဖြစ်သည်။ဒါကြောင့်တိုင်းပြည်တောင်မမြဲတော့။
ဒီတော့ သည်လူတွေကြောင့် တိုင်းပြည်ဘာမှ မကျန်တာ အဆိုးတော့မဟုတ်။
တကယ်ဆိုးတာက ပြည်သူတွေ။
သူတို့နေရာပေးလို့ ဘဘတွေ သကိဆိုးရှည်နေတာဖြစ်သည်။
အခုထိ ဘဘကိုမျှော်နေသူတွေရှိသည်။
ဘဘလာလျှင် ပျော်ရမည်။
ရှိတာမရှိတာအပထား အဘတို့က ဘောိဘော်တွေကို လျှော်သည်။
ဒီတော့ ဘော်ဘော်တွေက လော်မည်။
အမှားကို အမှန် ဖြစ်ရမည်။ဘဘတိုခေတ်ရောက်တော့မည်။ 
                                                                                          နတ်ဆိုး
(   Zawgyi  )
 ရွေးကောက်ပွဲနီးပြီ။
ယခု ဆန္ဒပြည့်တော့မည်။