【 သရော်စာ 】“ လော်တယ်ဆိုတာ လွယ်တာမှတ်လို့”

【  သရော်စာ  】“ လော်တယ်ဆိုတာ လွယ်တာမှတ်လို့”

ဒီခေတ်က ‘လော်’ ခေတ် ။လော်ခေတ်ဆိုလို ကရင်ဘက်က ဖိုးတခေတ်နဲ့လည်းမှားနေဦးမယ်။ ဟိုက ဘာသာရေး။ဒီက နိုင်ငံရေး …တခြားစီ။
ပြောရဦမယ်။လော်ခေတ်ရဲ့အစ လော်ခေတ်ဦးပေါ့။ဒီကာလမှာ စျေးကွက်ကိုချုပ်ကိုင်ထားတာက ဖေကံ ကောင်းတို့၊ ပေါက်စတို့ မောင်ကာလုတို့ အာယုနဲ့ သာဓုတို့ ။ သူတို့က တစ်ကယ်ကို မြန်မာပြည်ရဲ့ ကော်မာရှယ် လော်သမားတွေ။
သူတို့က လော်တယ်သာဆိုတာ အရာရှိပိုင်းကလူတွေ ဖြစ်ဟန်များတဲ့ အတွက် အပြင်ကို ရုပ်ထွက် မပြ ဘူး။ ဒီတော့ နတ်ဆိုးတို့ နောက်ပေါက် လော်သမားတွေခမျာ သူတို့ ဆီက မျက်နှာပြောင်တိုက် လော်နည်း၊ အရှက် မရှိ လော်နည်း ၊ မြေကွက်ရ လုပ်ပိုင်ခွင့်ရ လော်နည်း စတဲ့ အမျိုးမျိုးအဖုံဖုံ လော်ရည်ပြည်၀ လော်ကဝိကြီး တွေ ဆီက ပညာနို့ရည် မရခဲ့တော့ လော်ပေမယ့် သိပ်နာမည်မထွက်ဘူးဖြစ်တာပေါ့။
ဒီလိုလော်ရည် မပြည့်၀၊ လော်ဓာတ်မ၀တော့ နာမည်ကလည်းမကျော်။ဒီတော့ အချီကြီးရမယ့် လော် ကွက်တွေ မချိတ်မိဘဲ ပြုတ်ပြုတ်ပြုန်း လော်ချိတ်ဆက်တွေလောက်နဲ့ မစားလောက်တဲ့ လော်ကွက်လေးတွေဘဲ ချိတ်မိတာပေါ့။
အခုတော့ ပေါက်စတို့ ဖေကံကောင်းတို့ ၊ဆိတ်ဖွားတို့လို လော်ရည်ပြည့်၀တဲ့ သူတစ်ယောက်ကို ဒီဘက် ခေတ်မှာ ဘွားကနဲ့ တွေ့လိုက်ရတော့ ဘာပြောကောင်းမလဲ လော်ဆရာကောင်းတစ်ယောက်တွေ့ရပြီဟဲ့လို့ ဝမ်း သာအယ်လဲပေါ့..ပညာရည်မှီးပြီပေါ့..။

 

 

 လော်အကြောင်းကို ဒီလောက်ပြောနေလို့ မိတ်ဆွေ ပိုရန်ကောလို့ တွေးမိမယ်..။မပိုပါဘူး မိတ်ဆွေ..။
 လော်တယ်ဆိုတဲ့ ပညာရပ်ဆိုတာ လွယ်တယ်လို့ မထင်ပါနဲ့ ….အခန်မသင့်ရင် လော်ဆရာ တစ်ယောက် ဟာ သေပေါက်တိုးတတ်ပါတယ်။  
ဒါက လော်ရင်းလော်ရင်း ကိုယ့် သေပေါက် ကိုယ်တိုးတတ်တာကို တွေ့ရတတ်ပါတယ်။
သဘောကတော့ သိုးယောင်ဆောင်တဲ့ ဝံပုလွေလို့ လော်ရင်းလော်ရင်းနဲ့ စကားထဲက ဇာတိပြပြီး ဝံပုလွေမှန်းပေါ်သွားသလိုပေါ့..။
၈၈ တုန်းကဆိုရင် တချို့ဆရာကြီးတွေ လူထုဟောပြောပွဲမှာ လူထုကိုတက်ဟောရင် “ -- ကို မထိနဲ့၊-- ကို မပြစ်မှားနဲ့ လို့ ဘက်ပင်းပြီး အလော်ကောင်းလို့  စင်ပေါ်က ပြေးဆင်းရတာ၊ ဆွဲချခံရတာတွေ၊ အသတ်မခံရအောင် ပြေးရတာတွေ အများကြီးပေါ့..။

 

ဒါလော်ရည်မပြည့်၀လို့ ဖြစ်တဲ့ သဘောပေါ့။
လော်တယ်ဆိုတာ ဘာလဲ..။သဘောကတော့ လော်တယ်ဆိုတာ ကိုယ်ဘက်ပါအောင် သိမ်သွင်းပြောဆို နည်းပေါ့ကွယ်။
စဉ်းစားကြည့်ရင်တော့ ကောင်းသလိုလိုနဲ့ မကောင်းတဲ့ အလုပ်ပါ။ လော်ပညာအစ ဘယ်ကစသလဲဆိုရင် ရှေးခေတ်က အောင်သွယ်က စသကွဲ့..။အလော်ပညာဟာ စေတနာအဓိကကွဲ။ ဒါပေမယ့်အသပြာ အဓိကဆို ရင်တော့ အလော်ခံရသူအဖို့ ဘ၀ပါပျက်ကရော။
ဥပမာပြောရရင်………..။
အရပ်ထဲ မူးရှုးရမ်းကား၊ စောက်ကျင့်ကတစ်စက်မှမကောင်းပေမယ့် အလော်ကောင်းတဲ့ အောင်သွယ် ကောင်းနဲ့ တွေ့ရင် အဲဒီအမျိုးသမီးအတွက်   ချက်ချင်းဘဲ ဘော်ဒီထု ရွိုင်းလိုက်တာနဲ့ မာစီဒီးဖြစ်တော့မယ် ကားအမျိုးစားကောင်းတစ်စီးကို ရတော့မလိုပေါ့။
အေး ယူလည်း ယူပြီးရော ….ဒီဘ၀မှာဘဲ အကုသိုလ်မလုပ်ဘဲ  ငရဲပြည်ကို ဗီဇာမလိုဘဲ တန်း ရောက်ပါရော…။ ဒီလို လော်တွေရဲ့ အစွမ်းက ။
ဒါက အောင်သွယ်လော်တာ။နိုင်ငံရေးလော်ဘီတွေ စွမ်းပြီဆို တိုင်းပြည်ပါပျက်ကရော..။ကောင်းတဲ့ အစိုးရ၊ ကောင်းတဲ့ ခေါင်းဆောင်ကို လော်မိရင် ပြည်သူတွေ အဖို့ မထောင်းတာပေမယ့် မကောင်းတဲ့ အဆိုးရ(အစိုးရ) ဖြစ်မယ်လူတွေကို အာရုံဝေဝါးပြီး ရွေးမိအောင် အစုအဖွဲ့နဲ့ လော်ကြရင် တစ်ပြည် လုံး ဒုက္ခရောက်၊ ဒုက္ခဆိုး ကြုံရော..။

 

အောင်သွယ်တွေ လော်လေ့ရှိတဲ့ လက်သုံးစကားလို့ “ လူကလူကောင်းလေးပါဟယ် ။ အပေါင်း အသင်းမကောင်းလို့ ပျက်နေတာ ညည်းပြင်ရင် ရမှာပါဟယ် ” ဆိုသလို ..
“လူတွေက လူကောင်းတွေပါဟယ်… မြင်သမျှခိုးတာရယ် လိုချင်လောဘကြီးတာရယ် လေးဘဲရှိ တာပါ” လို ပြောသလိုပါဘဲ။အသပြာလော်ဆရာတွေရဲ အလုပ်က  ဒီသဘောပါဘဲ။
လူမသုံးတဲ့ ပစ္စည်း၊လူမကြိုက်တဲ့ ပစ္စည်းကို လူထုမကြိုက်တဲ့ သူတွေကို လက်ခံလာ‌အောင် အယုံသွင်း ရောင်းချသလိုပါဘဲ။  
လော်တာက ဟိုးရှေးခေတ်ကတည်းကပေါ်ခဲ့တာဆိုတော့ ခုချိန်မှာ ဒီပညာက အတော်လေးကို ကျယ်ပြန့်နေပါပြီ ။
လော်ပညာဆိုတာ နက်နဲတယ်၊ခက်ခဲတယ်။ သင်ယူလို့ မဆုံးဘူး။ အကွက်ဆန်းတွေက အများကြီး ခဏခဏ ပေါ်တယ်။
ဒီကြားထဲ ရပေါက်ရပေါက်အခွင့်အလမ်းကကြီးမားလွန်းအားကြီးရင် မွေးရာပါ သန္ဓေယုတ်ပါရမီရှင် အသပြာလော်ဆရာလေးတွေလည်း ရုတ်ခြည်း (သိုးဆောင်းစကားအရဆို emerge) ပေါ်ထွက်လာတတ်တယ်။
လော်ဘီလောက ဆိုတာ တစ်ဆုံးမက ကျယ်ပြန်လှပါတယ်..။
လော်လောကမှာ ဆရာတဆူဖြစ်ဖို့ လိုက်မီဖို့ ဆိုရင် ဖြတ်လမ်းက တစ်လမ်းဘဲ ရှိတယ်။ “ လျှာ “ကို ကောင်းကောင်းသုံးတတ်မှ ရမယ်။ သဘောက “လျှက်” ရမယ်ဆိုတဲ့ သဘောပဲ။တချို့ လူသာငယ်တာ ။ လျှာကို သုံးလွန်းအားကြီးလို့ လျှာခင်တောင် ပြတ်မထွက် ဖြစ်နေပြီ။

 

အလုပ်ဖြစ်ဖို့ လျှာ ရင်းရပေမယ့်  လော်ဆရာတွေရဲ့ အခန်းကဏ္ဍကလည်း သေးတာ မဟုတ်ဘူး။
ပြီးခဲ့တဲ့ အရပ်ပျက်ဒီမိုကရေစီအရေခြုံခေတ်က ဘဘကြီး နွားနို့လက်ထက်မှာ ဆိုရင် အိုဘားမားကို ဂျင်းထည့်ဖို့  အမေရိကန်လို့ နိုင်ငံကြီးကိုတောင် သွားပြီး လော်ဆရာ ငှားရတဲ့ အထိ လော်တခေတ်ဖြစ်ခဲ့သတဲ့..။
ဒီကတည်းက ဘဘကြီးတွေလည်း သူတို့ထုတ်ထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်ပအားကို ငမွေထိုး” ဆိုတဲ့ ဆောင်ပုဒ်ကို အားနာပြီး ကိုယ်ထူကိုယ်ထ မြန်မာနည်းမြန်မာဟန် ဒီမိုကရေစီကလုန်း လုပ်သလို လော်တက္ကသိုလ် ထောင်ပြီး မွေးမြူလိုက်တာ ခုဆို နယ်ပယ်အစုံစုံမှာ     မြန်မာဖြစ် လော်ဆရာတွေ၊ လော်သရုပ် ဆောင် တွေ၊ လော်အဆိုတော်တွေ လော်ပညာရှင်တွေ၊ လော် နိုင်ငံရေးသမားတွေ အများကြီး မွေးထုတ်နိုင်ခဲ့ပြီ။
အခုဆို ဘာပူစရာရှိလဲ…။
ပြည်ပအားကိုးစရာမလိုဘဲ ပြည်တွင်းဖြစ် လော်မျိုးဆက်ကို မွေးထုတ်နိုင်ပြီလေ…

ကဲ…. အားရပါးရလော်လေပြီ။ လူမိုက်အဖွဲ့အားကိုးနဲ့ ….။

တစ်တိုင်းပြည်လုံး ဘုရားတရားသာ တကြပေတော့…..။

 နတ်ဆိုး

(  Zawgyi  )

 ဒီေခတ္က ‘ေလာ္’ ေခတ္ ။ေလာ္ေခတ္ဆိုလို ကရင္ဘက္က ဖိုးတေခတ္နဲ႔လည္းမွားေနဦးမယ္။ ဟိုက ဘာသာေရး။ဒီက ႏိုင္ငံေရး …တျခားစီ။
ေျပာရဦမယ္။ေလာ္ေခတ္ရဲ႕အစ ေလာ္ေခတ္ဦးေပါ့။ဒီကာလမွာ ေစ်းကြက္ကိုခ်ဳပ္ကိုင္ထားတာက ေဖကံ ေကာင္းတို႔၊ ေပါက္စတို႔ ေမာင္ကာလုတို႔ အာယုနဲ႔ သာဓုတို႔ ။ သူတို႔က တစ္ကယ္ကို ျမန္မာျပည္ရဲ႕ ေကာ္မာရွယ္ ေလာ္သမားေတြ။
သူတို႔က ေလာ္တယ္သာဆိုတာ အရာရွိပိုင္းကလူေတြ ျဖစ္ဟန္မ်ားတဲ့ အတြက္ အျပင္ကို ႐ုပ္ထြက္ မျပ ဘူး။ ဒီေတာ့ နတ္ဆိုးတို႔ ေနာက္ေပါက္ ေလာ္သမားေတြခမ်ာ သူတို႔ ဆီက မ်က္ႏွာေျပာင္တိုက္ ေလာ္နည္း၊ အရွက္ မရွိ ေလာ္နည္း ၊ ေျမကြက္ရ လုပ္ပိုင္ခြင့္ရ ေလာ္နည္း စတဲ့ အမ်ိဳးမ်ိဳးအဖုံဖုံ ေလာ္ရည္ျပည္၀ ေလာ္ကဝိႀကီး ေတြ ဆီက ပညာႏို႔ရည္ မရခဲ့ေတာ့ ေလာ္ေပမယ့္ သိပ္နာမည္မထြက္ဘူးျဖစ္တာေပါ့။
ဒီလိုေလာ္ရည္ မျပည့္၀၊ ေလာ္ဓာတ္မ၀ေတာ့ နာမည္ကလည္းမေက်ာ္။ဒီေတာ့ အခ်ီႀကီးရမယ့္ ေလာ္ ကြက္ေတြ မခ်ိတ္မိဘဲ ျပဳတ္ျပဳတ္ျပဳန္း ေလာ္ခ်ိတ္ဆက္ေတြေလာက္နဲ႔ မစားေလာက္တဲ့ ေလာ္ကြက္ေလးေတြဘဲ ခ်ိတ္မိတာေပါ့။
အခုေတာ့ ေပါက္စတို႔ ေဖကံေကာင္းတို႔ ၊ဆိတ္ဖြားတို႔လို ေလာ္ရည္ျပည့္၀တဲ့ သူတစ္ေယာက္ကို ဒီဘက္ ေခတ္မွာ ဘြားကနဲ႔ ေတြ႕လိုက္ရေတာ့ ဘာေျပာေကာင္းမလဲ ေလာ္ဆရာေကာင္းတစ္ေယာက္ေတြ႕ရၿပီဟဲ့လို႔ ဝမ္း သာအယ္လဲေပါ့..ပညာရည္မွီးၿပီေပါ့..။

 ေလာ္အေၾကာင္းကို ဒီေလာက္ေျပာေနလို႔ မိတ္ေဆြ ပိုရန္ေကာလို႔ ေတြးမိမယ္..။မပိုပါဘူး မိတ္ေဆြ..။
 ေလာ္တယ္ဆိုတဲ့ ပညာရပ္ဆိုတာ လြယ္တယ္လို႔ မထင္ပါနဲ႔ ….အခန္မသင့္ရင္ ေလာ္ဆရာ တစ္ေယာက္ ဟာ ေသေပါက္တိုးတတ္ပါတယ္။  
ဒါက ေလာ္ရင္းေလာ္ရင္း ကိုယ့္ ေသေပါက္ ကိုယ္တိုးတတ္တာကို ေတြ႕ရတတ္ပါတယ္။
သေဘာကေတာ့ သိုးေယာင္ေဆာင္တဲ့ ဝံပုေလြလို႔ ေလာ္ရင္းေလာ္ရင္းနဲ႔ စကားထဲက ဇာတိျပၿပီး ဝံပုေလြမွန္းေပၚသြားသလိုေပါ့..။
၈၈ တုန္းကဆိုရင္ တခ်ိဳ႕ဆရာႀကီးေတြ လူထုေဟာေျပာပြဲမွာ လူထုကိုတက္ေဟာရင္ “ -- ကို မထိနဲ႔၊-- ကို မျပစ္မွားနဲ႔ လို႔ ဘက္ပင္းၿပီး အေလာ္ေကာင္းလို႔  စင္ေပၚက ေျပးဆင္းရတာ၊ ဆြဲခ်ခံရတာေတြ၊ အသတ္မခံရေအာင္ ေျပးရတာေတြ အမ်ားႀကီးေပါ့..။

ဒါေလာ္ရည္မျပည့္၀လို႔ ျဖစ္တဲ့ သေဘာေပါ့။
ေလာ္တယ္ဆိုတာ ဘာလဲ..။သေဘာကေတာ့ ေလာ္တယ္ဆိုတာ ကိုယ္ဘက္ပါေအာင္ သိမ္သြင္းေျပာဆို နည္းေပါ့ကြယ္။
စဥ္းစားၾကည့္ရင္ေတာ့ ေကာင္းသလိုလိုနဲ႔ မေကာင္းတဲ့ အလုပ္ပါ။ ေလာ္ပညာအစ ဘယ္ကစသလဲဆိုရင္ ေရွးေခတ္က ေအာင္သြယ္က စသကြဲ႕..။အေလာ္ပညာဟာ ေစတနာအဓိကကြဲ။ ဒါေပမယ့္အသျပာ အဓိကဆို ရင္ေတာ့ အေလာ္ခံရသူအဖို႔ ဘ၀ပါပ်က္ကေရာ။
ဥပမာေျပာရရင္………..။
အရပ္ထဲ မူးရႈးရမ္းကား၊ ေစာက္က်င့္ကတစ္စက္မွမေကာင္းေပမယ့္ အေလာ္ေကာင္းတဲ့ ေအာင္သြယ္ ေကာင္းနဲ႔ ေတြ႕ရင္ အဲဒီအမ်ိဳးသမီးအတြက္   ခ်က္ခ်င္းဘဲ ေဘာ္ဒီထု ႐ြိဳင္းလိုက္တာနဲ႔ မာစီဒီးျဖစ္ေတာ့မယ္ ကားအမ်ိဳးစားေကာင္းတစ္စီးကို ရေတာ့မလိုေပါ့။
ေအး ယူလည္း ယူၿပီးေရာ ….ဒီဘ၀မွာဘဲ အကုသိုလ္မလုပ္ဘဲ  ငရဲျပည္ကို ဗီဇာမလိုဘဲ တန္း ေရာက္ပါေရာ…။ ဒီလို ေလာ္ေတြရဲ႕ အစြမ္းက ။
ဒါက ေအာင္သြယ္ေလာ္တာ။ႏိုင္ငံေရးေလာ္ဘီေတြ စြမ္းၿပီဆို တိုင္းျပည္ပါပ်က္ကေရာ..။ေကာင္းတဲ့ အစိုးရ၊ ေကာင္းတဲ့ ေခါင္းေဆာင္ကို ေလာ္မိရင္ ျပည္သူေတြ အဖို႔ မေထာင္းတာေပမယ့္ မေကာင္းတဲ့ အဆိုးရ(အစိုးရ) ျဖစ္မယ္လူေတြကို အာ႐ုံေဝဝါးၿပီး ေ႐ြးမိေအာင္ အစုအဖြဲ႕နဲ႔ ေလာ္ၾကရင္ တစ္ျပည္ လုံး ဒုကၡေရာက္၊ ဒုကၡဆိုး ႀကဳံေရာ..။

ေအာင္သြယ္ေတြ ေလာ္ေလ့ရွိတဲ့ လက္သုံးစကားလို႔ “ လူကလူေကာင္းေလးပါဟယ္ ။ အေပါင္း အသင္းမေကာင္းလို႔ ပ်က္ေနတာ ညည္းျပင္ရင္ ရမွာပါဟယ္ ” ဆိုသလို ..
“လူေတြက လူေကာင္းေတြပါဟယ္… ျမင္သမွ်ခိုးတာရယ္ လိုခ်င္ေလာဘႀကီးတာရယ္ ေလးဘဲရွိ တာပါ” လို ေျပာသလိုပါဘဲ။အသျပာေလာ္ဆရာေတြရဲ အလုပ္က  ဒီသေဘာပါဘဲ။
လူမသုံးတဲ့ ပစၥည္း၊လူမႀကိဳက္တဲ့ ပစၥည္းကို လူထုမႀကိဳက္တဲ့ သူေတြကို လက္ခံလာ‌ေအာင္ အယုံသြင္း ေရာင္းခ်သလိုပါဘဲ။  
ေလာ္တာက ဟိုးေရွးေခတ္ကတည္းကေပၚခဲ့တာဆိုေတာ့ ခုခ်ိန္မွာ ဒီပညာက အေတာ္ေလးကို က်ယ္ျပန႔္ေနပါၿပီ ။
ေလာ္ပညာဆိုတာ နက္နဲတယ္၊ခက္ခဲတယ္။ သင္ယူလို႔ မဆုံးဘူး။ အကြက္ဆန္းေတြက အမ်ားႀကီး ခဏခဏ ေပၚတယ္။
ဒီၾကားထဲ ရေပါက္ရေပါက္အခြင့္အလမ္းကႀကီးမားလြန္းအားႀကီးရင္ ေမြးရာပါ သေႏၶယုတ္ပါရမီရွင္ အသျပာေလာ္ဆရာေလးေတြလည္း ႐ုတ္ျခည္း (သိုးေဆာင္းစကားအရဆို emerge) ေပၚထြက္လာတတ္တယ္။
ေလာ္ဘီေလာက ဆိုတာ တစ္ဆုံးမက က်ယ္ျပန္လွပါတယ္..။
ေလာ္ေလာကမွာ ဆရာတဆူျဖစ္ဖို႔ လိုက္မီဖို႔ ဆိုရင္ ျဖတ္လမ္းက တစ္လမ္းဘဲ ရွိတယ္။ “ လွ်ာ “ကို ေကာင္းေကာင္းသုံးတတ္မွ ရမယ္။ သေဘာက “လွ်က္” ရမယ္ဆိုတဲ့ သေဘာပဲ။တခ်ိဳ႕ လူသာငယ္တာ ။ လွ်ာကို သုံးလြန္းအားႀကီးလို႔ လွ်ာခင္ေတာင္ ျပတ္မထြက္ ျဖစ္ေနၿပီ။

အလုပ္ျဖစ္ဖို႔ လွ်ာ ရင္းရေပမယ့္  ေလာ္ဆရာေတြရဲ႕ အခန္းက႑ကလည္း ေသးတာ မဟုတ္ဘူး။
ၿပီးခဲ့တဲ့ အရပ္ပ်က္ဒီမိုကေရစီအေရၿခဳံေခတ္က ဘဘႀကီး ႏြားႏို႔လက္ထက္မွာ ဆိုရင္ အိုဘားမားကို ဂ်င္းထည့္ဖို႔  အေမရိကန္လို႔ ႏိုင္ငံႀကီးကိုေတာင္ သြားၿပီး ေလာ္ဆရာ ငွားရတဲ့ အထိ ေလာ္တေခတ္ျဖစ္ခဲ့သတဲ့..။
ဒီကတည္းက ဘဘႀကီးေတြလည္း သူတို႔ထုတ္ထားတဲ့ ေဆာင္ပုဒ္ျဖစ္တဲ့ “ျပည္ပအားကို ငေမြထိုး” ဆိုတဲ့ ေဆာင္ပုဒ္ကို အားနာၿပီး ကိုယ္ထူကိုယ္ထ ျမန္မာနည္းျမန္မာဟန္ ဒီမိုကေရစီကလုန္း လုပ္သလို ေလာ္တကၠသိုလ္ ေထာင္ၿပီး ေမြးျမဴလိုက္တာ ခုဆို နယ္ပယ္အစုံစုံမွာ     ျမန္မာျဖစ္ ေလာ္ဆရာေတြ၊ ေလာ္သ႐ုပ္ ေဆာင္ ေတြ၊ ေလာ္အဆိုေတာ္ေတြ ေလာ္ပညာရွင္ေတြ၊ ေလာ္ ႏိုင္ငံေရးသမားေတြ အမ်ားႀကီး ေမြးထုတ္ႏိုင္ခဲ့ၿပီ။
အခုဆို ဘာပူစရာရွိလဲ…။
ျပည္ပအားကိုးစရာမလိုဘဲ ျပည္တြင္းျဖစ္ ေလာ္မ်ိဳးဆက္ကို ေမြးထုတ္ႏိုင္ၿပီေလ…

ကဲ…. အားရပါးရေလာ္ေလၿပီ။ လူမိုက္အဖြဲ႕အားကိုးနဲ႔ ….။

တစ္တိုင္းျပည္လုံး ဘုရားတရားသာ တၾကေပေတာ့…..။

 နတ္ဆိုး