【 သရော်စာ 】“ အဘတစ်ခေတ် ဆန်းသစ်လေပြီ”

【  သရော်စာ 】“ အဘတစ်ခေတ် ဆန်းသစ်လေပြီ”

ဘယ်သူများ နတ်ဆိုးကို မတရားလာလုပ်ရသလဲ…။နတ်ဆိုးနောက်မှာ အဘတွေရှိသည်။အဘတွေမှ သူများတွေလိုတစ်ယောက်ထဲ မဟုတ်..။
 အများကြီးမှ အများကြီး…။

 ဒါကြောင့် နတ်ဆိုးတို့ သတ္တိရှိတာလဲ မပြောနှင့်…။ ဘာကြောင့်ဆို နတ်ဆိုးလုပ်သမျှ ဖြေရှင်းပေးမည့် သူတွေရှိတယ်မဟုတ်လား…...။
နတ်ဆိုးတို့က  ဒီလိုသတ္တိကောင်းတာ..။
ဒါပေမယ့် နတ်ဆိုးတို့ ဘယ်လို သတ္တိကောင်းကောင်း….. ပြည်ရွှေဆံတော်က  ရဲမမတွေကို မမီ..။
ဒီမမတွေက နောက်က ဘဘတွေ ဘာတွေမရှိဘဲ ဝုန်းရဲသည်။ ဒါကြောင့် ပြည်မမတွေက နတ်ဆိုး ထက် ပိုသတ္တိ ကောင်းသည်။
ပြည်မမတွေထက် သတ္တိကောင်းတာ ဘာမှ မဟုတ်သေး။ ခုတစ်လော ဟိုကြက်ခြေခတ်မမ  က သတ္တိအကောင်းဆုံး ။ သတ္တိကောင်းချက်ကတော့  ကလေးတွေ ဟိုတုန်းကပြောသလို လက်လန်သည် ခြွေခွင်သည်လို့ ဆိုရမလို။
ဒီလောက် တဗြောဗြော မုဒိမ်းမှုပေါင်းစုံ  ဖြစ်နေတာတောင် သူမို့မကြောက်မရွှံ ။ ဟိုပြလိုက် ဒီပြလိုက်နှင့်…....။
ဒါကြောင့် ပြောတာ။မြန်မာပြည်မှာ မမတွေက ပိုသတ္တိကောင်းနေသလားလို့..။
ထားပါတော့ ..။
စဉ်းစားကြည့်ရင် မမတွေ သတ္တိကောင်းတာ သိပ်တော့မဆန်း..။
မြန်မာပြည်ဆိုတာ နဂိုကတည်းက မအက္ခရာနှင့် စာလုံးပေါင်းထားတာ မဟုတ်လား။      မြန်မာဆိုတော့ ‘ မ’  အက္ခရာလေ။
ဒါကြောင့်များလားတော့မသိ။ လူတွေ လူတွေ မိန်းမဆန်ဆန်လာတာက နားကပ်မှာ အပေါက် ဖောက်လားဆို ဖောက်လားဖောက်ရဲ့။
ဆံပင်ကောက်လားဆို ကောက်ရဲ့။ဟိုမိုလားဆို ဟိုမိုလေရဲ့။ဘာပဲလုပ်လုပ် တက်ညီလက်ညီ။
ဒါလည်းကောင်းတဲ့ အချက်ပဲ မဟုတ်လား..။
အရင်ခေတ်တုန်းကဆို ‘ ခိုးဟေ့’ ဆိုတာနဲ့ ဘာမှမပြောနဲ့။တက်ညီလက်ညီ..စက်ရုံအပျောက်..။ ဒါတောင် မြေကွက်လက်လွှဲရောင်းတာတွေတောင် ရှိတာ။
အခု အဘခေတ်ကနေ အမခေတ်ရောက်လာပြီ။
အမခေတ်ရောက်ပြီဆိုတော့ အဘတွေ ခဏငုပ်သွားသည်။

ဒီချိန်မှာ အဘတွေ စမုံတုန်းပြီ ဆိုပြီး အဘနားကလူတွေ ဝရုန်းသုံးကား ခွာကြသည်။
အချို့ဆို “အဘ ပူနော အန္တန္တော” ကနေ “အမပူနော အန္တန္တော” တွေ ညတွင်းချင်းပြောင်းရွတ်ကြသည်။ ဘဘတွေခမျာ တောက်တစ်ခတ်ခတ် ခံတပြင်းပြင်း..။
ကိုယ်ဘေးရှိခဲ့သူတွေကို အထုပ်ပြ တားလည်းမရ..။ဒုတ်ပြ တားလည်းမရ..။
ဘယ်လောက်ခံပြင်းမလဲ ကြည့်။

တချို့ကလည်း အထုပ်မပြီး ပြေးတဲ့ သူကလည်း ပြေး။(မတော်လို့  ပြန်ပေးဖို့ ခွဲတမ်းခွဲပေးနေရ ရင် မခက်လား)တချို့ကတော့  ဒီလိုမဟုတ်။ လာမယ့် ခေတ်ကို ကြိုမြင်သည်။ စာအုပ်စိမ်းလား ဘာလား ကြေညက်အောင် ဖတ်သည်။
စာအုပ်စိမ်းထဲမှာ အဘတွေ စမုံတုန်းမယ့် အချက်တစ်ချက်မှ မပါ။ဒါကို အသင်းပြောင်းမယ်သူတွေ မသိ။  ဂါထာပြောင်းရွတ်သူတွေ မသိ။
သူတို့သိတာ အမခေတ်ရောက်ရင် အဘတွေ စမုံတုန်းကုန်မယ်လို့ဘဲ ထင်ထားတာ။
သူတို့ ထင်လဲ ထင်ချင်စရာ။သူတို့က ငယ်ငယ်ကတည်းက “  ပြည်တွင်းဖြစ်အားပေးပါ” ဖတ်စာကို ဖတ်ထားရတာမဟုတ်လား။

ကြီးလာတော့ ကြက်ဆူပင်တွေ စိုက်၊ မြန်မာပေါကားတွေကြည့်။ဒီလို လူလားမြောက်ရတော့ မြန်မာ ပေါကားတွေထဲကလို့ ဇာတ်လိုက်လာရင် လူဆိုးတွေ အကုန်သေတဲ့ချည်းဘဲ မှတ်နေသည်။
ဇာတ်လိုက်က လူဆိုးကို ဖက်ပြီး ငိုယိုခွင့်လွှတ်တာ၊ လူဆိုးနဲ့ ဇာတ်လိုက် ညီအစ်ကိုတွေ ဖြစ်နေတာ ကြည့်ဖူးပုံမရ။  

ဒီတော့ အဘခေတ်ကုန်ပြီ ဆိုပြီး နီးစပ်ရာ နီပေါတွေဆီ ကိုယ်လွတ်ရုန်းပြီး ပြေးသည်။
ဒါ ပေါင်ချိန်ကားတွေ ကြည့်တာများသွားတဲ့ အကျိုး။
လူလယ်တွေကတော့ သိတဲ့ အတိုင်း စာအုပ်အစိမ်းကိုအရည်ကြိုသောက်ကာ အဘတွေ စမုံတုံးချိန်မှာ အဘတွေကိုချည်း လိုက်ဂါသည်။
(ဂါတယ်ဆိုတာ ဗန်းစကား။တကယ်တော့ ဂါရဝတရားကိုပြောတာ..။ ဤကားစကားချပ်တည်း။)  
အဘတွေကလည်း ဒီလို ပါးနပ်တဲ့ လူတွေကိုကြိုက်သည်။ ဘာကြောင့်ဆို ဒီလို လူတွေမရှိလို့ ဒီလိုဖြစ်ရတာမဟုတ်လား။

ပြီးတော့ ဒီလူတွေက သူတို့ စမုံတုန်းချိန် မခွာတဲ့ သူတွေ။ သစ္စာရှိတဲ့သူတွေ ။
ဒီမှာ အဘတွေက ဒီလူတွေနဲ့  “ အဘတစ်ခေတ် ဆန်းသစ်လေပြီ” ။
အခု အမခေတ် တစ်ဝက်ကျိုးပြီ။ ဘာဆို ဘာမှ မဘာသေး။ ရင်ကြားစေ့ရေးကြောင့် ..အမခေတ်လား အဘခေတ် လားမကွဲတော့ ။
ရင်ကြားစေ့ရေးကြောင့် အဘခေတ်ထက်တောင် ဘဘတွေက ပိုပြီး လက်စွမ်းထက်လာကြသည်။
 ဒီမှာ ဖုတ်ပူမီးတိုက် အဘကနေ အမကို ကူးသူတွေ နားကားလေပြီ။
ဒီကြားထဲ နီပေါတွေ တမှောင့်။
ဒါကြောင့်ပြောသည်။ ဒီလူတွေ အပင်မကူးတတ်ပါဘူးလို့..။ အခုတော့ အဘနားပြန်ကပ်ဖို့ ဟိုလူတွေ ကို မျက်နှာချိုသွေးနေရပြီ…။

ဟိုလူတွေ ဆိုတာ သိတယ်မဟုတ်လား ..။ဟိုလူတွေလေ။
အခုတော့ ဟိုလူတွေက အဘများရဲ့လူတွေ ဖြစ်ကုန်ပြီ။ အရင်တုန်းက အဘတစ်ယောက်ရှိရင်တောင် တော်တော်လေးအလုပ်ဖြစ်နေတာ။
အခု ဒီလူတွေနောက်မှာ အဘတွေ အများကြီးဆိုတော့ ဘာပြောကောင်းမလဲ…။
အမခေတ်ထဲ အဘခေတ် ထွန်းကားချိန်ဆိုတော့ ….အဘတွေ လုပ်သမျှ တင့်တယ်သည်။အဘကို မထိနဲ့ ဘာဖြစ်သွားမယ်ထင်သလဲ ဆိုတာတွေချည်း။
လုပ်ချင်ရာလုပ်…ပြီးရင် အဘတွေဆီ သွားဂါ..။ပြီးရင် အဲဒီပုံကို လူမှုကွန်ရက်တင်..။
ဘယ်နီပေါမှ လူမထင်..။ အဲလေယောင်လို့ ဘယ်သူမှ လူမထင် လုပ်ကြလေပြီ။
ကောင်းလေစွကောင်းလေစွ..။
ခေတ်ကိုက စိမ်းပေါတွေ ၊နီပေါတွေ စော်ကားတာ ခံရတဲ့ ခေတ်..။

နတ်ဆိုးကတော့ ခပ်ညံညံပြည်သူတော့ မဟုတ်..။
နတ်ဆိုးက လည်သည်။
ဘာကြောင့်ဆို ခါတော်မီ  အဘတွေ မွေးထားသည်။
နတ်ဆိုးကို ထိရဲထိကြည့်….။နတ်ဆိုး မွေးထားတဲ့ အဘတွေနဲ့ တွေ့သွားမည်။
အဘတွေဆိုလို နယ်နယ်ရရမထင်နဲ့။
သိတယ်မဟုတ်လား …။
သတ္တိရှိရင် နတ်ဆိုးအဘတွေနဲ့ ချမလား..။
နတ်ဆိုးအဘတွေက  အားလုံးအသက် ၈၀ ကျော်ချည်း။

 

  နတ်ဆိုး

(  Zawgyi  )

 ဘယ္သူမ်ား နတ္ဆိုးကို မတရားလာလုပ္ရသလဲ…။နတ္ဆိုးေနာက္မွာ အဘေတြရွိသည္။အဘေတြမွ သူမ်ားေတြလိုတစ္ေယာက္ထဲ မဟုတ္..။
 အမ်ားႀကီးမွ အမ်ားႀကီး…။

 ဒါေၾကာင့္ နတ္ဆိုးတို႔ သတၱိရွိတာလဲ မေျပာႏွင့္…။ ဘာေၾကာင့္ဆို နတ္ဆိုးလုပ္သမွ် ေျဖရွင္းေပးမည့္ သူေတြရွိတယ္မဟုတ္လား…...။
နတ္ဆိုးတို႔က  ဒီလိုသတၱိေကာင္းတာ..။
ဒါေပမယ့္ နတ္ဆိုးတို႔ ဘယ္လို သတၱိေကာင္းေကာင္း….. ျပည္ေ႐ႊဆံေတာ္က  ရဲမမေတြကို မမီ..။
ဒီမမေတြက ေနာက္က ဘဘေတြ ဘာေတြမရွိဘဲ ဝုန္းရဲသည္။ ဒါေၾကာင့္ ျပည္မမေတြက နတ္ဆိုး ထက္ ပိုသတၱိ ေကာင္းသည္။
ျပည္မမေတြထက္ သတၱိေကာင္းတာ ဘာမွ မဟုတ္ေသး။ ခုတစ္ေလာ ဟိုၾကက္ေျခခတ္မမ  က သတၱိအေကာင္းဆုံး ။ သတၱိေကာင္းခ်က္ကေတာ့  ကေလးေတြ ဟိုတုန္းကေျပာသလို လက္လန္သည္ ေႁခြခြင္သည္လို႔ ဆိုရမလို။
ဒီေလာက္ တေျဗာေျဗာ မုဒိမ္းမႈေပါင္းစုံ  ျဖစ္ေနတာေတာင္ သူမို႔မေၾကာက္မ႐ႊံ ။ ဟိုျပလိုက္ ဒီျပလိုက္ႏွင့္…....။
ဒါေၾကာင့္ ေျပာတာ။ျမန္မာျပည္မွာ မမေတြက ပိုသတၱိေကာင္းေနသလားလို႔..။
ထားပါေတာ့ ..။
စဥ္းစားၾကည့္ရင္ မမေတြ သတၱိေကာင္းတာ သိပ္ေတာ့မဆန္း..။
ျမန္မာျပည္ဆိုတာ နဂိုကတည္းက မအကၡရာႏွင့္ စာလုံးေပါင္းထားတာ မဟုတ္လား။      ျမန္မာဆိုေတာ့ ‘ မ’  အကၡရာေလ။
ဒါေၾကာင့္မ်ားလားေတာ့မသိ။ လူေတြ လူေတြ မိန္းမဆန္ဆန္လာတာက နားကပ္မွာ အေပါက္ ေဖာက္လားဆို ေဖာက္လားေဖာက္ရဲ႕။
ဆံပင္ေကာက္လားဆို ေကာက္ရဲ႕။ဟိုမိုလားဆို ဟိုမိုေလရဲ႕။ဘာပဲလုပ္လုပ္ တက္ညီလက္ညီ။
ဒါလည္းေကာင္းတဲ့ အခ်က္ပဲ မဟုတ္လား..။
အရင္ေခတ္တုန္းကဆို ‘ ခိုးေဟ့’ ဆိုတာနဲ႔ ဘာမွမေျပာနဲ႔။တက္ညီလက္ညီ..စက္႐ုံအေပ်ာက္..။ ဒါေတာင္ ေျမကြက္လက္လႊဲေရာင္းတာေတြေတာင္ ရွိတာ။
အခု အဘေခတ္ကေန အမေခတ္ေရာက္လာၿပီ။
အမေခတ္ေရာက္ၿပီဆိုေတာ့ အဘေတြ ခဏငုပ္သြားသည္။

ဒီခ်ိန္မွာ အဘေတြ စမုံတုန္းၿပီ ဆိုၿပီး အဘနားကလူေတြ ဝ႐ုန္းသုံးကား ခြာၾကသည္။
အခ်ိဳ႕ဆို “အဘ ပူေနာ အႏၲေႏၲာ” ကေန “အမပူေနာ အႏၲေႏၲာ” ေတြ ညတြင္းခ်င္းေျပာင္း႐ြတ္ၾကသည္။ ဘဘေတြခမ်ာ ေတာက္တစ္ခတ္ခတ္ ခံတျပင္းျပင္း..။
ကိုယ္ေဘးရွိခဲ့သူေတြကို အထုပ္ျပ တားလည္းမရ..။ဒုတ္ျပ တားလည္းမရ..။
ဘယ္ေလာက္ခံျပင္းမလဲ ၾကည့္။

တခ်ိဳ႕ကလည္း အထုပ္မၿပီး ေျပးတဲ့ သူကလည္း ေျပး။(မေတာ္လို႔  ျပန္ေပးဖို႔ ခြဲတမ္းခြဲေပးေနရ ရင္ မခက္လား)တခ်ိဳ႕ကေတာ့  ဒီလိုမဟုတ္။ လာမယ့္ ေခတ္ကို ႀကိဳျမင္သည္။ စာအုပ္စိမ္းလား ဘာလား ေၾကညက္ေအာင္ ဖတ္သည္။
စာအုပ္စိမ္းထဲမွာ အဘေတြ စမုံတုန္းမယ့္ အခ်က္တစ္ခ်က္မွ မပါ။ဒါကို အသင္းေျပာင္းမယ္သူေတြ မသိ။  ဂါထာေျပာင္း႐ြတ္သူေတြ မသိ။
သူတို႔သိတာ အမေခတ္ေရာက္ရင္ အဘေတြ စမုံတုန္းကုန္မယ္လို႔ဘဲ ထင္ထားတာ။
သူတို႔ ထင္လဲ ထင္ခ်င္စရာ။သူတို႔က ငယ္ငယ္ကတည္းက “  ျပည္တြင္းျဖစ္အားေပးပါ” ဖတ္စာကို ဖတ္ထားရတာမဟုတ္လား။

ႀကီးလာေတာ့ ၾကက္ဆူပင္ေတြ စိုက္၊ ျမန္မာေပါကားေတြၾကည့္။ဒီလို လူလားေျမာက္ရေတာ့ ျမန္မာ ေပါကားေတြထဲကလို႔ ဇာတ္လိုက္လာရင္ လူဆိုးေတြ အကုန္ေသတဲ့ခ်ည္းဘဲ မွတ္ေနသည္။
ဇာတ္လိုက္က လူဆိုးကို ဖက္ၿပီး ငိုယိုခြင့္လႊတ္တာ၊ လူဆိုးနဲ႔ ဇာတ္လိုက္ ညီအစ္ကိုေတြ ျဖစ္ေနတာ ၾကည့္ဖူးပုံမရ။  

ဒီေတာ့ အဘေခတ္ကုန္ၿပီ ဆိုၿပီး နီးစပ္ရာ နီေပါေတြဆီ ကိုယ္လြတ္႐ုန္းၿပီး ေျပးသည္။
ဒါ ေပါင္ခ်ိန္ကားေတြ ၾကည့္တာမ်ားသြားတဲ့ အက်ိဳး။
လူလယ္ေတြကေတာ့ သိတဲ့ အတိုင္း စာအုပ္အစိမ္းကိုအရည္ႀကိဳေသာက္ကာ အဘေတြ စမုံတုံးခ်ိန္မွာ အဘေတြကိုခ်ည္း လိုက္ဂါသည္။
(ဂါတယ္ဆိုတာ ဗန္းစကား။တကယ္ေတာ့ ဂါရဝတရားကိုေျပာတာ..။ ဤကားစကားခ်ပ္တည္း။)  
အဘေတြကလည္း ဒီလို ပါးနပ္တဲ့ လူေတြကိုႀကိဳက္သည္။ ဘာေၾကာင့္ဆို ဒီလို လူေတြမရွိလို႔ ဒီလိုျဖစ္ရတာမဟုတ္လား။

ၿပီးေတာ့ ဒီလူေတြက သူတို႔ စမုံတုန္းခ်ိန္ မခြာတဲ့ သူေတြ။ သစၥာရွိတဲ့သူေတြ ။
ဒီမွာ အဘေတြက ဒီလူေတြနဲ႔  “ အဘတစ္ေခတ္ ဆန္းသစ္ေလၿပီ” ။
အခု အမေခတ္ တစ္ဝက္က်ိဳးၿပီ။ ဘာဆို ဘာမွ မဘာေသး။ ရင္ၾကားေစ့ေရးေၾကာင့္ ..အမေခတ္လား အဘေခတ္ လားမကြဲေတာ့ ။
ရင္ၾကားေစ့ေရးေၾကာင့္ အဘေခတ္ထက္ေတာင္ ဘဘေတြက ပိုၿပီး လက္စြမ္းထက္လာၾကသည္။
 ဒီမွာ ဖုတ္ပူမီးတိုက္ အဘကေန အမကို ကူးသူေတြ နားကားေလၿပီ။
ဒီၾကားထဲ နီေပါေတြ တေမွာင့္။
ဒါေၾကာင့္ေျပာသည္။ ဒီလူေတြ အပင္မကူးတတ္ပါဘူးလို႔..။ အခုေတာ့ အဘနားျပန္ကပ္ဖို႔ ဟိုလူေတြ ကို မ်က္ႏွာခ်ိဳေသြးေနရၿပီ…။

ဟိုလူေတြ ဆိုတာ သိတယ္မဟုတ္လား ..။ဟိုလူေတြေလ။
အခုေတာ့ ဟိုလူေတြက အဘမ်ားရဲ႕လူေတြ ျဖစ္ကုန္ၿပီ။ အရင္တုန္းက အဘတစ္ေယာက္ရွိရင္ေတာင္ ေတာ္ေတာ္ေလးအလုပ္ျဖစ္ေနတာ။
အခု ဒီလူေတြေနာက္မွာ အဘေတြ အမ်ားႀကီးဆိုေတာ့ ဘာေျပာေကာင္းမလဲ…။
အမေခတ္ထဲ အဘေခတ္ ထြန္းကားခ်ိန္ဆိုေတာ့ ….အဘေတြ လုပ္သမွ် တင့္တယ္သည္။အဘကို မထိနဲ႔ ဘာျဖစ္သြားမယ္ထင္သလဲ ဆိုတာေတြခ်ည္း။
လုပ္ခ်င္ရာလုပ္…ၿပီးရင္ အဘေတြဆီ သြားဂါ..။ၿပီးရင္ အဲဒီပုံကို လူမႈကြန္ရက္တင္..။
ဘယ္နီေပါမွ လူမထင္..။ အဲေလေယာင္လို႔ ဘယ္သူမွ လူမထင္ လုပ္ၾကေလၿပီ။
ေကာင္းေလစြေကာင္းေလစြ..။
ေခတ္ကိုက စိမ္းေပါေတြ ၊နီေပါေတြ ေစာ္ကားတာ ခံရတဲ့ ေခတ္..။

နတ္ဆိုးကေတာ့ ခပ္ညံညံျပည္သူေတာ့ မဟုတ္..။
နတ္ဆိုးက လည္သည္။
ဘာေၾကာင့္ဆို ခါေတာ္မီ  အဘေတြ ေမြးထားသည္။
နတ္ဆိုးကို ထိရဲထိၾကည့္….။နတ္ဆိုး ေမြးထားတဲ့ အဘေတြနဲ႔ ေတြ႕သြားမည္။
အဘေတြဆိုလို နယ္နယ္ရရမထင္နဲ႔။
သိတယ္မဟုတ္လား …။
သတၱိရွိရင္ နတ္ဆိုးအဘေတြနဲ႔ ခ်မလား..။
နတ္ဆိုးအဘေတြက  အားလုံးအသက္ ၈၀ ေက်ာ္ခ်ည္း။

  နတ္ဆိုး