【 သရော်စာ 】“ အဘ….လူ ”

【  သရော်စာ  】“ အဘ….လူ ”

လူတွေက ခက်သား။ကိုယ်တွေသာ ဘာမှမလုပ်တတ်တာ သောက်ပြစ်တော့ အပြောသား။
ခုဘဲကြည့် လေ. . .အစိုးရဘာလုပ်လုပ် လိုက်ဖောင်းထုကြတာ ပွဲတော်အလားပဲ..။
အဟီး… ဒီထဲ အနော်လဲ ပါသေး။
တစ်ကယ်ပြောတာ ..အခုအစိုးရက လွှတ်သဘောကောင်းတာဗျ..။  အဲ…အဘတွေတော့ သွားဖောင်း မထုနဲ့..။ အဘသားပွကြီးက ခုထိလက်စောင်းထက်နေဆဲဗျ။
သွားမလုပ်နဲ့ နွားပြုတ်သွားမယ်ဆိုတာ အဘသား ပွကြီးတို့အုပ်စုကို ပြောတာဗျ။
အခုဆို ရွေးကောက်ပွဲဆိုတာကြီးက နီးလာပြီဗျ..။ ဒီတော့ နတ်ဆိုးလေးတို့ခမျာ အနေအထိုင် အပြော အဆို အတော်ဆင်ခြင်ရတာ..။
နတ်ဆိုးတို့ လို မနေတတ်မထိုင်တတ် အာချောင်လက်သရမ်း တက်လမ်းရှာနေတဲ့ သူတွေအတွက် ငပိကြော်က စောင့်နေတယ် မဟုတ်လား….။

ပြောရရင် ခေတ်က ဟိုမိုခေတ်။ဒီမိုကရေစီတောင် ဟိုမို ဒီမိုကရေစီ ဖြစ်နေတာ။
ခေတ်ကိုက လူမလေး ခွေးမခန့်ခေတ်..။ သာမန်ပြည်သူမပြောနဲ့ အစိုးရတောင် ပြည်သူက ပြန်ဝန်း ရံပေးနေရတဲ့ ခေတ်..။ ဖြစ်ပုံက အဲလို..အဲလို…။
ကိုယ်တင်လိုက်တဲ့ အစိုးရဆိုတော့ ကိုယ်မှာ တာဝန်မကင်းဘူေးလ..။ တစ်ခုခုဖြစ်ပြီး ပြုတ်ကျရင် ကိုယ်တွေဘဲ အပြစ်ဖြစ်မှာ…။
 ဒါကြောင့်လည်း ကိုယ်တွေလည်း ဝန်းရံ့ရ ၊လော်ရ၊လှော်ရ၊ ဖြဲရ သဲရနဲ့။ စောင့်ရှောက်နေရ တာ.. စောင့်ရှောက်နေရတာ….။
 ဖြစ်ပုံက အဲလို …။

အိမ်က ကလေး အခုမှ မူကြိုစထားသလို ဖြစ်နေတာ..။ အားငယ်မှာစိုးလို အားပေးရ၊ ဝန်းရံရ၊ နားလည် ပေးရနဲ့ ပြည်သူတွေလဲ အားရတယ်လို့ မရှိဘူး…..။
မနေ့တစ်နေ့ကဆို ဘာထောက်ခံပွဲ ညာထောာက်ခံပွဲမှာ လိုက်ပြောနေကြ လူကြီးက အစိုးရကိုများ ဟိန်းဟောက်ခြိမ်းခြောက်နေလိုက်တာ …။
အမလေး….အမလေး….။
ဗုံးကြဲခိုင်းမယ်ဆိုလား….…။
ဗုံးဆိုတော့ ဘယ်ကိုများကြဲခိုင်းနေလဲ…. ရခိုင်လား၊ကချင်လား၊ဘင်္ဂလားဒေ့ရှ်လား…..တစ်ခုခု မှတ်တယ်..။
ဘုရားဘုရား။။။။ နေပြည်တော်တဲ့ …။
ဒါသက်သက် …..မခန့်တာ…။စာဖတ်နေသူကြီးကို တဖက်လှည့်ခြိမ်းခြောက်တာ..။
စဉ်းစားကြည့်….။ ဘာတဲ့  နေပြည်တော်အစိုးရရုံးတွေကို ဗုံးကြဲခိုင်းနေတာ …ဗုံးကြဲခိုင်းနေတာ...။
ဘယ်သူများဗုံးကြဲခိုင်းနေသလဲမှတ်တယ်….. အမေရိကန်တပ်တွေကို ကြဲခိုင်းနေတာ….။
သူပြောပုံအရဆို အမေရိကန်လဲ ဖာတန်းက တောက်တိုမယ်ရသာသာဖြစ်နေပြီ…။
အခုနေ အဘတွေများခေတ်သာဆို အဲ့ဒီလိုပြောပါလား အစအနတောင် ရှာရမှာ မဟုတ်ဘူး..။

အစိုးရကလည်း အစိုးရဘဲလေ…..။
ဘယ်လောက်ပြောပြော တေမိဘဲ…။ ….သည်းခံလွန်းအားကြီးတယ်..။
တခြားမကြည့်နဲ့…..။
ခုထိ ဟိုကိုယ်တော်ပုန်းနေတာ ရအောင် မရှာနိုင်သေးဘူး။ ပရဆေးဥယျာဉ်မှာ စုပ်စမြုပ်စ ပျောက်သွား တဲ့ ဟိုလူငယ်သဘာ၀ လေးလဲ ခုထိ ရှာမရသေးဘူး….။
၂၀၂၀ ကျော်ရင် ပြန်ပေါ်လာမယ်ထင်တယ်။
မပေါ်လဲ တစ်ရန်အေးတာပဲ…။
အစိုးရဆိုလို ပြောမယ့်သာပြောရတာ သူတို့ ခမျာလည်း  ရပ်ကွက်ထဲ  လူပျိုကြီး ရာအိမ်မှုးတက်ဖြစ် သ လိုဘဲ မျက်နှာနာစရာတွေက အများသား..။
လူပျိုကြီး ရာအိမ်မှုးဖြစ်တော့ ဘာဖြစ်လဲ ဟုတ်လား…။
လူပျိုကြီးတွေဆိုတာ ရပ်ထဲရွာထဲ ညီမအပျို၊ အမအပျိုကြီးရှိတဲ့ လူငယ်တွေ၊လူရွယ်တွေ၊ သမီးရှိတဲ့ သူမှန်သမျှ တနေ့ ငါ့ယောက်ဖ ငါ့ယောက္ခမ ဖြစ်နိုင်တယ်ဆိုပြီး  မာမာထန်ထန် မပြောရဲဘူးလေ….။
ဟုတ်တယ် မဟုတ်လား…။
အခုလည်း ဘာထူးသလဲ။
ဟိုဟာမထိရဲ ဒီဟာမလုပ်ရဲနဲ့။
အဘတို့နဲ့များ…တခြားဆီ။
ဒါကြောင့်ပြောတာ အဘခေတ်ကို သိပ်လွမ်းတာ ..။
အဘတွေက သူတို့ကိုတော့ မထိနဲ့ ….. ထိလို့ကတော့ သေပြီသာမှတ်..။ ဆွေခုနှစ်ဆက် မျိုးခုနှစ် ဆက် အစတုန်းပြီ…။

အဲ…ပိုင်လို့များကတော့ စိတ်ကြိုက်ဗြောင်ကို ခိုးပေတော့….။
အဘတိုခေတ်မှာ  ဝန်ကြီးလောက်ဖြစ်တာနဲ့ ဘာတဲ့ လက်ညှိုးထိုးမလွဲ  ဖြစ်ကုန်တာ…. ပိုင်ဆိုင်တာ ပြောပါတယ်။
ဒါကြောင့် ဒီခေတ်မှာ နတ်ဆိုးကို ခင်ဗျားဝန်ကြီးလုပ်မလားဆို နိုးနိုး-----နိုးနိုးဘဲ..။
နတ်ဆိုးလုပ်ချင်တာ အဘလူလုပ်ချင်တာ။
အဘလူဆိုတာ သိလား ဒီခေတ်မှာ  ဘာလုပ်လုပ်ရတယ်။ဘယ်သူကထိရဲလဲ…။
မေ့မေ့သားတွေကလည်း မထိရဲဘူး။မေမေမှာထားတယ်။
အဘလူတွေကလည်း မထိရဲဘူး။ ဘဘမှာထားတယ်လေ။
ဒါကြောင့်ပြောတာ နတ်ဆိုးကို ဟေ့ကောင် နတ်ဆိုး ဝန်ကြီးလုပ်မလား အဘလူ လုပ်မလား မေး ..။ အချိန်မရွေး နတ်ဆိုးကတော့ အဘလူဘဲ လုပ်ချင်တာ။
တစ်ကယ်ပြောရရင် ဖေ့စ်ဘွတ်ထဲမှာတောင် အဘလူဘဲ လုပ်ချင်တာ….။ဟုတ်တယ်လေ အဘသားအဲ လေ အဘလူလုပ်ရတာ အချိန်တန်ပိုက်ဆံလဲရ၊လုပ်ချင်တာလဲ လုပ်ရ…။
ဘယ်လောက် မိုက်လဲ..။

ဝန်ကြီးဆိုတာ ဒီခေတ်မှာ ဘာမှလုပ်လို့မရဘူးလေ….။ ပြီးတော့ စကားလည်းမှားလို့မရဘူး။ ဒီခေတ်မှာ ဝန်ကြီးဆိုတာ နေ့မြင် ညပြုတ် အဲ့လေ…။
ဒါကြောင့် ပြောတာ….။
 လုပ်ချင်းလုပ် မဖြစ်မနေ လုပ်ရမယ်ဆို အနေအစားချောင်တဲ့ အဘလူသာလုပ်ချင်တာ..။ အဘလူ သာဆို ဘယ်သူမှလည်း မထိရဲဘူး။..
လုပ်ချင်တာလုပ် ပြောချင်တာပြော …။
ဖေ့စ်ဘွတ်ထဲမှတောင် အဘလူတွေကို ဘာမှ လုပ်လို့မရတာ…။
အပြင်မှာတော့ ပြောမနေနဲ….။
ကဲပြော ….အဘလူလုပ်မလား….။
အဘလူတွေမှာ လုပ်ချင်တာလုပ်လို့ရမယ့် ဘာလက်မှတ် ညာလက်မှတ် ရှိတယ်ဆိုလား…. ။

                                                                                        နတ်ဆိုး 

(   Zawgyi  )

လူေတြက ခက္သား။ကိုယ္ေတြသာ ဘာမွမလုပ္တတ္တာ ေသာက္ျပစ္ေတာ့ အေျပာသား။
ခုဘဲၾကည့္ ေလ. . .အစိုးရဘာလုပ္လုပ္ လိုက္ေဖာင္းထုၾကတာ ပြဲေတာ္အလားပဲ..။
အဟီး… ဒီထဲ အေနာ္လဲ ပါေသး။
တစ္ကယ္ေျပာတာ ..အခုအစိုးရက လႊတ္သေဘာေကာင္းတာဗ်..။  အဲ…အဘေတြေတာ့ သြားေဖာင္း မထုနဲ႔..။ အဘသားပြႀကီးက ခုထိလက္ေစာင္းထက္ေနဆဲဗ်။
သြားမလုပ္နဲ႔ ႏြားျပဳတ္သြားမယ္ဆိုတာ အဘသား ပြႀကီးတို႔အုပ္စုကို ေျပာတာဗ်။
အခုဆို ေ႐ြးေကာက္ပြဲဆိုတာႀကီးက နီးလာၿပီဗ်..။ ဒီေတာ့ နတ္ဆိုးေလးတို႔ခမ်ာ အေနအထိုင္ အေျပာ အဆို အေတာ္ဆင္ျခင္ရတာ..။
နတ္ဆိုးတို႔ လို မေနတတ္မထိုင္တတ္ အာေခ်ာင္လက္သရမ္း တက္လမ္းရွာေနတဲ့ သူေတြအတြက္ ငပိေၾကာ္က ေစာင့္ေနတယ္ မဟုတ္လား….။

ေျပာရရင္ ေခတ္က ဟိုမိုေခတ္။ဒီမိုကေရစီေတာင္ ဟိုမို ဒီမိုကေရစီ ျဖစ္ေနတာ။
ေခတ္ကိုက လူမေလး ေခြးမခန႔္ေခတ္..။ သာမန္ျပည္သူမေျပာနဲ႔ အစိုးရေတာင္ ျပည္သူက ျပန္ဝန္း ရံေပးေနရတဲ့ ေခတ္..။ ျဖစ္ပုံက အဲလို..အဲလို…။
ကိုယ္တင္လိုက္တဲ့ အစိုးရဆိုေတာ့ ကိုယ္မွာ တာဝန္မကင္းဘူေးလ..။ တစ္ခုခုျဖစ္ၿပီး ျပဳတ္က်ရင္ ကိုယ္ေတြဘဲ အျပစ္ျဖစ္မွာ…။
 ဒါေၾကာင့္လည္း ကိုယ္ေတြလည္း ဝန္းရံ႕ရ ၊ေလာ္ရ၊ေလွာ္ရ၊ ၿဖဲရ သဲရနဲ႔။ ေစာင့္ေရွာက္ေနရ တာ.. ေစာင့္ေရွာက္ေနရတာ….။
 ျဖစ္ပုံက အဲလို …။

အိမ္က ကေလး အခုမွ မူႀကိဳစထားသလို ျဖစ္ေနတာ..။ အားငယ္မွာစိုးလို အားေပးရ၊ ဝန္းရံရ၊ နားလည္ ေပးရနဲ႔ ျပည္သူေတြလဲ အားရတယ္လို႔ မရွိဘူး…..။
မေန႔တစ္ေန႔ကဆို ဘာေထာက္ခံပြဲ ညာေထာာက္ခံပြဲမွာ လိုက္ေျပာေနၾက လူႀကီးက အစိုးရကိုမ်ား ဟိန္းေဟာက္ၿခိမ္းေျခာက္ေနလိုက္တာ …။
အမေလး….အမေလး….။
ဗုံးႀကဲခိုင္းမယ္ဆိုလား….…။
ဗုံးဆိုေတာ့ ဘယ္ကိုမ်ားႀကဲခိုင္းေနလဲ…. ရခိုင္လား၊ကခ်င္လား၊ဘဂၤလားေဒ့ရွ္လား…..တစ္ခုခု မွတ္တယ္..။
ဘုရားဘုရား။။။။ ေနျပည္ေတာ္တဲ့ …။
ဒါသက္သက္ …..မခန႔္တာ…။စာဖတ္ေနသူႀကီးကို တဖက္လွည့္ၿခိမ္းေျခာက္တာ..။
စဥ္းစားၾကည့္….။ ဘာတဲ့  ေနျပည္ေတာ္အစိုးရ႐ုံးေတြကို ဗုံးႀကဲခိုင္းေနတာ …ဗုံးႀကဲခိုင္းေနတာ...။
ဘယ္သူမ်ားဗုံးႀကဲခိုင္းေနသလဲမွတ္တယ္….. အေမရိကန္တပ္ေတြကို ႀကဲခိုင္းေနတာ….။
သူေျပာပုံအရဆို အေမရိကန္လဲ ဖာတန္းက ေတာက္တိုမယ္ရသာသာျဖစ္ေနၿပီ…။
အခုေန အဘေတြမ်ားေခတ္သာဆို အဲ့ဒီလိုေျပာပါလား အစအနေတာင္ ရွာရမွာ မဟုတ္ဘူး..။

အစိုးရကလည္း အစိုးရဘဲေလ…..။
ဘယ္ေလာက္ေျပာေျပာ ေတမိဘဲ…။ ….သည္းခံလြန္းအားႀကီးတယ္..။
တျခားမၾကည့္နဲ႔…..။
ခုထိ ဟိုကိုယ္ေတာ္ပုန္းေနတာ ရေအာင္ မရွာႏိုင္ေသးဘူး။ ပရေဆးဥယ်ာဥ္မွာ စုပ္စျမဳပ္စ ေပ်ာက္သြား တဲ့ ဟိုလူငယ္သဘာ၀ ေလးလဲ ခုထိ ရွာမရေသးဘူး….။
၂၀၂၀ ေက်ာ္ရင္ ျပန္ေပၚလာမယ္ထင္တယ္။
မေပၚလဲ တစ္ရန္ေအးတာပဲ…။
အစိုးရဆိုလို ေျပာမယ့္သာေျပာရတာ သူတို႔ ခမ်ာလည္း  ရပ္ကြက္ထဲ  လူပ်ိဳႀကီး ရာအိမ္မႈးတက္ျဖစ္ သ လိုဘဲ မ်က္ႏွာနာစရာေတြက အမ်ားသား..။
လူပ်ိဳႀကီး ရာအိမ္မႈးျဖစ္ေတာ့ ဘာျဖစ္လဲ ဟုတ္လား…။
လူပ်ိဳႀကီးေတြဆိုတာ ရပ္ထဲ႐ြာထဲ ညီမအပ်ိဳ၊ အမအပ်ိဳႀကီးရွိတဲ့ လူငယ္ေတြ၊လူ႐ြယ္ေတြ၊ သမီးရွိတဲ့ သူမွန္သမွ် တေန႔ ငါ့ေယာက္ဖ ငါ့ေယာကၡမ ျဖစ္ႏိုင္တယ္ဆိုၿပီး  မာမာထန္ထန္ မေျပာရဲဘူးေလ….။
ဟုတ္တယ္ မဟုတ္လား…။
အခုလည္း ဘာထူးသလဲ။
ဟိုဟာမထိရဲ ဒီဟာမလုပ္ရဲနဲ႔။
အဘတို႔နဲ႔မ်ား…တျခားဆီ။
ဒါေၾကာင့္ေျပာတာ အဘေခတ္ကို သိပ္လြမ္းတာ ..။
အဘေတြက သူတို႔ကိုေတာ့ မထိနဲ႔ ….. ထိလို႔ကေတာ့ ေသၿပီသာမွတ္..။ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ ဆက္ အစတုန္းၿပီ…။

အဲ…ပိုင္လို႔မ်ားကေတာ့ စိတ္ႀကိဳက္ေျဗာင္ကို ခိုးေပေတာ့….။
အဘတိုေခတ္မွာ  ဝန္ႀကီးေလာက္ျဖစ္တာနဲ႔ ဘာတဲ့ လက္ညႇိဳးထိုးမလြဲ  ျဖစ္ကုန္တာ…. ပိုင္ဆိုင္တာ ေျပာပါတယ္။
ဒါေၾကာင့္ ဒီေခတ္မွာ နတ္ဆိုးကို ခင္ဗ်ားဝန္ႀကီးလုပ္မလားဆို ႏိုးႏိုး-----ႏိုးႏိုးဘဲ..။
နတ္ဆိုးလုပ္ခ်င္တာ အဘလူလုပ္ခ်င္တာ။
အဘလူဆိုတာ သိလား ဒီေခတ္မွာ  ဘာလုပ္လုပ္ရတယ္။ဘယ္သူကထိရဲလဲ…။
ေမ့ေမ့သားေတြကလည္း မထိရဲဘူး။ေမေမမွာထားတယ္။
အဘလူေတြကလည္း မထိရဲဘူး။ ဘဘမွာထားတယ္ေလ။
ဒါေၾကာင့္ေျပာတာ နတ္ဆိုးကို ေဟ့ေကာင္ နတ္ဆိုး ဝန္ႀကီးလုပ္မလား အဘလူ လုပ္မလား ေမး ..။ အခ်ိန္မေ႐ြး နတ္ဆိုးကေတာ့ အဘလူဘဲ လုပ္ခ်င္တာ။
တစ္ကယ္ေျပာရရင္ ေဖ့စ္ဘြတ္ထဲမွာေတာင္ အဘလူဘဲ လုပ္ခ်င္တာ….။ဟုတ္တယ္ေလ အဘသားအဲ ေလ အဘလူလုပ္ရတာ အခ်ိန္တန္ပိုက္ဆံလဲရ၊လုပ္ခ်င္တာလဲ လုပ္ရ…။
ဘယ္ေလာက္ မိုက္လဲ..။

ဝန္ႀကီးဆိုတာ ဒီေခတ္မွာ ဘာမွလုပ္လို႔မရဘူးေလ….။ ၿပီးေတာ့ စကားလည္းမွားလို႔မရဘူး။ ဒီေခတ္မွာ ဝန္ႀကီးဆိုတာ ေန႔ျမင္ ညျပဳတ္ အဲ့ေလ…။
ဒါေၾကာင့္ ေျပာတာ….။
 လုပ္ခ်င္းလုပ္ မျဖစ္မေန လုပ္ရမယ္ဆို အေနအစားေခ်ာင္တဲ့ အဘလူသာလုပ္ခ်င္တာ..။ အဘလူ သာဆို ဘယ္သူမွလည္း မထိရဲဘူး။..
လုပ္ခ်င္တာလုပ္ ေျပာခ်င္တာေျပာ …။
ေဖ့စ္ဘြတ္ထဲမွေတာင္ အဘလူေတြကို ဘာမွ လုပ္လို႔မရတာ…။
အျပင္မွာေတာ့ ေျပာမေနနဲ….။
ကဲေျပာ ….အဘလူလုပ္မလား….။
အဘလူေတြမွာ လုပ္ခ်င္တာလုပ္လို႔ရမယ့္ ဘာလက္မွတ္ ညာလက္မွတ္ ရွိတယ္ဆိုလား…. ။

                                                                                        နတ္ဆိုး