【 သရော်စာ 】“ အလွဲများနဲ့ ပျော်ရတဲ့ တိုင်းပြည်”

【  သရော်စာ  】“ အလွဲများနဲ့ ပျော်ရတဲ့ တိုင်းပြည်”

  အခုဆို ပျော်ပြီလေ။
အမေကိုယ်တိုင်က ပြောတယ်မဟုတ်လား..။ဘယ်လောက်ပဲ ဆင်းရဲ့ဆင်းရဲ မပြည်စုံ မပြည့်စုံ မြန်မာပြည်မှာ ပျော်တယ်လို့ ပြောတယ်မဟုတ်လား..။
    တစ်ကယ်က မြန်မာပြည်ဆို အသူရကာယ်ဘုံလို အားလုံးက ထင်နေကြတဲ့ အချိန်မှာ အမေက ဒီလိုပြောချလိုက်တော့ ဒီတိုင်းပြည်မှာ မနေချင်ဘဲ နေနေရတဲ့ နတ်ဆိုးတို့ ပျော်ပြီလေ။
    အဟုတ်တကယ်ပျော်တာ..။
    ဘာကြောင်လဲ့ ဟုတ်လား..။
    ဟိုတစ်လောက ဂန်းမယ်တော်ဆိုလား နမ်းမယ်တော်ဆိုလား ..။ပေါ်လာတယ်လေ။
သူပေါ်လာကတည်းက ယောဂီဝတ်တွေမြင်တာနဲ့ နတ်ဆိုးတို့ခမျာ နေစရာမရှိလောက်အောင် ပြာယာခတ်ရတာ အမော။
    ဒီလိုပြာယာခတ် ရိုသေကောင်းလို့ ဟိုရက်က တရားစခန်းသွားတာ တစ်ကျောင်းလုံး ယောဂီလေးတွေ ဖြစ်နေလို့ အမြန် ပြန်ပြေးလာခဲ့ရတယ်။
ယောဂီဆိုတော့ သိတယ်မဟုတ်လား။
ဂန်းမယ်တော် ယူနီဖောင်းဝတ်တွေလေ။
ကြောက်ပြီဆို နတ်ဆိုးတို့က ဒီလို ပြတ်ပြတ်သားသား ကြောက်တာ...။
    ယောဂီဝတ်ဘဲလားဆို မဟုတ် ။မယ်သီလရှင်တွေမြင်လည်း ကြောက်ပြီးသား....။

`     အရင်ကဆို နတ်ဆိုးတို့က ဒီလိုမဟုတ်။
အိမ်ရှေ့ မယ်သီလရှင်တွေ လာတာနဲ့  “’ဒါနရှင်များ မေတ္တာရပ်ခံပါတယ်” မအော်ခင် နူတ်က  အော်တို “ ကန်တော့ဆွမ်း” လို့ ထွက်ပြီးသား။
    အခုဂန်းမယ်တော်အသံကြားပြီးကတည်းက နတ်ဆိုးတို့ လိမ်မ္မာသွားပြီ။
 အခုဆို သီလရှင်တွေ မပြောနဲ့ ယောဂီဝတ်တောင် ရိုသေတတ်နေပြီ။ မရိုသေလို့ရမလား…ဟိုက မလှူလို့ သေနတ်နဲ့ ထုတ်ပစ်ရင် ဘယ်လို လုပ်မလဲ…။
    ဒါကြောင့် ပြောတာ ခါးညွတ်လိုက်လို့ ဘာအပမ်းကြီးသွားမလဲ …ဟိုက စိတ်အခန့်မသင့်လို့ ဒီကောင်ထောင်ထောင်နဲ့ မခန့်လေးစားဆိုပြီး ဂန်းထုတ်ဆွဲထည့်လိုက်ရင် နေရင်းထိုင်ရင်း ကိုယ်အချောင်သေနေဦးမည်…။
    ဒါကြောင့် ပြောတာ..လမ်းသွားရင်း ယောဂီလေးတွေ့ရင် ခါးလေးညွှတ်ထားပါလို့ …..။
    အခုဆို နတ်ဆိုးတို့ ရိုသေထိုက်သူမှန်သမျှ  ရိုသေတတ်နေပြီ။
    ဒါဘဲလားဆို ..ဘယ်ဟုတ်ပါ့မလဲ..။
အခုဆို ပွဲတိုင်းရှုံး ဘောလုံးသမားလေး တွေကိုလည်း အပြစ်မမြင်တော့….. ..။
ဘာကြောင့်လဲဆို မေမေကပြောတယ်မဟုတ်လား။

ငယ်ငယ်ကတည်းက အသားဓာတ်ပြည့်ဝအောင်မစားခဲ့ရလို့တန်းတူမယှဉ်နိုင်ဘူး ဆိုလား....
ဒီတော့ ပြိုင်ပွဲကနေ  ရှုံးပြီး ပြန်ပြန်လာတိုင်း မအေနှမ ကိုယ်ချင်းမစာ ကိုင်တုပ်ရာကနေ အခုဆို...
“ သြော် သူတို့ခမျာ ငယ်ငယ်တုန်းက အသားဝအောင် မစားခဲ့ရလို့ ပြိုင်ဘက်နဲ့ မယှဉ်နိုင်အောင်
နိမ့်နေပါလား …..အင်အားမပြည့်ပါလားလို့ပေါ့…….။
ကြံဖန်သနားနေရတာ
အရင်က ပြောမိတာတွေတောင် စိတ်ထဲမကောင်း။
    ဘယ်လောက် သနားဖို့ ကောင်းလဲ …။သူတို့ခမျာ မရှိမဲ့ ရှိမဲ့ အားလေးနဲ့ လက်ရွေးစင်လဲကန်ရ၊ကလပ် လဲကန်ရ ၊သက်တမ်းအရလည်းကန်ရနဲ့ အသက်တွေ ကြီးတာတောင် မနားရနဲ့ သနားဖို့ ကောင်း လိုက် တာ။
သူတို့မို့တိုင်းကျိုးပြည့်ပြု အကြာကြီးပေးဆပ်နိုင်ကြတာ။
တစ်ကယ်ဆို သူတို့လဲ တိုင်းပြည်အတွက်ရယူမှု့အနည်းဆုံး ပေးဆပ်နိုင်မှုအများဆုံးသူတွေထဲ ပါသင့်တယ် မဟုတ်လား...။
    ဘာ …ဒါ ရွဲ့တာ ဟုတ်လား..။
    ဘုရားရေ …ရွဲကို မရွဲ့ရဲပါဗျာ..။

    ခင်ဗျားလုပ်တာနဲ့ နိုင်ငံတော်အကြည့်ညိုပျက်တယ် ပုဒ်မနားနီးနီးလာတယ်။
ဒီလောက် မေတ္တာတရားနဲ့ ပြည်စုံတဲ့ သူတွေနဲ့ နေရတာ ဘယ်ရွဲ့ရဲပါ့မလဲ,...
ဟိုတစ်လောက မင်းသားလေးတစ်ယောက် ဆေးမှုနဲ့ ထောင် ၁၇ နှစ်ချလိုက်တယ်မှတ်လား။
လူတွေက မင်းသားလေးချောတော့ နှမြောပြီး ပြောလိုက်ကြတာ ....။
တကယ်ဆို  လူကြီးတွေစေတနာကို နားမလည်တာ။
ကောင်လေး အပြင်မှာ ဆက်နေရင် ပင်ပမ်းမယ်၊မိဘလည်း ဟိုပူရဒီပူရနဲ့။မတော်တရော်တွေနဲ့ရသွားရင် ဘယ်လိုလုပ်မလဲ
အခုဆို နောက် ၁၅ နှစ် မိဘလည်း စိတ်မပူရဘူး။ပရိတ်သတ်တွေလည်း မင်းသားလေး မိန်းမယူသွားမှာ မစိုးရိမ်ရတော့ဘူး။ဘယ်လောက်စေတနာကြီးလဲ....။
စိတ်ကြွဆေးတွေ ကားနဲ့အထုပ်လိုက်အထည်လိုက်မိတာတွေ ဖမ်းမရတာလား...။
တစ်ကယ်က ဒီလူတွေကို  စောက်မြင်ကပ်လို့  စောက်ဖက်လုပ်ပြီး ဖမ်းကို မဖမ်းတာ။သေချင်သေပါလိမ်စေ။
ဒါကြောင့်ပြောတာ လူကြီးတွေစေတနာကို နားမလည်ဘဲအပြစ်တင်စောလိုက်ကြတာ...။
အခုလည်းကြည်....
ပြည်သူတွေ တစ်သောင်းတန် သုံးသာ သုံးနေကြတာ ၊ပိုက်ဆံမှာ ရေစာ ဘာရေးထည့်ထားမှန်း မသိ။
အရုပ်တွေပါမှန်းမသိ။

အခုတစ်သောင်းတန်အတုပေါ်လာတော့ လူတွေ ပိုက်ဆံထောင်ကြည်ကြ၊ ပွတ်ကြည့်ကြနဲ့
တစ်သောင်းတန်မှာ ကြာပန်းရေစာပါတာ အခုမှ သိကြပြီ။
ိသိပြီလား  ဒါ လူကြီးတွေရဲ့ စေတနာ။
လူတွေက နားကို နားမလည်ကြတာ။တစ်ခုခုဆို အပြစ်ကိုတင်လိုက်ကြတာ။
တစ်ကယ်ဆို အမေခမျာ နလိမ်ပိန်းတုံးတွေများတဲ့တိုင်းပြည်မှာ ချစ်လွန်းလို့  သည်းခံပြီးနေနေရတာ ။
ဟိုအဘတွေလို အသုံးမကျရင် ပါးရိုက်မယ်လဲ မပြောရဲ..,
ထမင်းတစ်နပ်လျော့စားလည်း မပြောရဲ။
ဒါတောင် အမေကို အပြစ်တင်နေကြတာ။ခက်ပါ့...။

ခင်ဗျားစဉ်းစားကြည့် ဘယ်လောက်ဆင်းရဲ ဆင်းရဲ ဘယ်လောက် ငတ်ငတ် တစ်ချက်မှ တိုင်းပြည်အပေါ် မေတ္တာ တစ်စက်မှ မရှိတဲ့ အဲလေမေတ္တာ တစ်စက်မှမပျက်တဲ့ သူတွေနဲ့ နေရတာ့ မပျော်ဘဲနေမလား…
အဟုတ်ပြောတာ ..။
ဘာခင်ဗျား ရယ်တာလဲ ..။

 

  နတ်ဆိုး

(  Zawgyi  )

   အခုဆို ေပ်ာ္ၿပီေလ။
အေမကိုယ္တိုင္က ေျပာတယ္မဟုတ္လား..။ဘယ္ေလာက္ပဲ ဆင္းရဲ႕ဆင္းရဲ မျပည္စုံ မျပည့္စုံ ျမန္မာျပည္မွာ ေပ်ာ္တယ္လို႔ ေျပာတယ္မဟုတ္လား..။
    တစ္ကယ္က ျမန္မာျပည္ဆို အသူရကာယ္ဘုံလို အားလုံးက ထင္ေနၾကတဲ့ အခ်ိန္မွာ အေမက ဒီလိုေျပာခ်လိုက္ေတာ့ ဒီတိုင္းျပည္မွာ မေနခ်င္ဘဲ ေနေနရတဲ့ နတ္ဆိုးတို႔ ေပ်ာ္ၿပီေလ။
    အဟုတ္တကယ္ေပ်ာ္တာ..။
    ဘာေၾကာင္လဲ့ ဟုတ္လား..။
    ဟိုတစ္ေလာက ဂန္းမယ္ေတာ္ဆိုလား နမ္းမယ္ေတာ္ဆိုလား ..။ေပၚလာတယ္ေလ။
သူေပၚလာကတည္းက ေယာဂီဝတ္ေတြျမင္တာနဲ႔ နတ္ဆိုးတို႔ခမ်ာ ေနစရာမရွိေလာက္ေအာင္ ျပာယာခတ္ရတာ အေမာ။
    ဒီလိုျပာယာခတ္ ႐ိုေသေကာင္းလို႔ ဟိုရက္က တရားစခန္းသြားတာ တစ္ေက်ာင္းလုံး ေယာဂီေလးေတြ ျဖစ္ေနလို႔ အျမန္ ျပန္ေျပးလာခဲ့ရတယ္။
ေယာဂီဆိုေတာ့ သိတယ္မဟုတ္လား။
ဂန္းမယ္ေတာ္ ယူနီေဖာင္းဝတ္ေတြေလ။
ေၾကာက္ၿပီဆို နတ္ဆိုးတို႔က ဒီလို ျပတ္ျပတ္သားသား ေၾကာက္တာ...။
    ေယာဂီဝတ္ဘဲလားဆို မဟုတ္ ။မယ္သီလရွင္ေတြျမင္လည္း ေၾကာက္ၿပီးသား....။

`     အရင္ကဆို နတ္ဆိုးတို႔က ဒီလိုမဟုတ္။
အိမ္ေရွ႕ မယ္သီလရွင္ေတြ လာတာနဲ႔  “’ဒါနရွင္မ်ား ေမတၱာရပ္ခံပါတယ္” မေအာ္ခင္ ႏူတ္က  ေအာ္တို “ ကန္ေတာ့ဆြမ္း” လို႔ ထြက္ၿပီးသား။
    အခုဂန္းမယ္ေတာ္အသံၾကားၿပီးကတည္းက နတ္ဆိုးတို႔ လိမ္မၼာသြားၿပီ။
 အခုဆို သီလရွင္ေတြ မေျပာနဲ႔ ေယာဂီဝတ္ေတာင္ ႐ိုေသတတ္ေနၿပီ။ မ႐ိုေသလို႔ရမလား…ဟိုက မလႉလို႔ ေသနတ္နဲ႔ ထုတ္ပစ္ရင္ ဘယ္လို လုပ္မလဲ…။
    ဒါေၾကာင့္ ေျပာတာ ခါးၫြတ္လိုက္လို႔ ဘာအပမ္းႀကီးသြားမလဲ …ဟိုက စိတ္အခန႔္မသင့္လို႔ ဒီေကာင္ေထာင္ေထာင္နဲ႔ မခန႔္ေလးစားဆိုၿပီး ဂန္းထုတ္ဆြဲထည့္လိုက္ရင္ ေနရင္းထိုင္ရင္း ကိုယ္အေခ်ာင္ေသေနဦးမည္…။
    ဒါေၾကာင့္ ေျပာတာ..လမ္းသြားရင္း ေယာဂီေလးေတြ႕ရင္ ခါးေလးၫႊတ္ထားပါလို႔ …..။
    အခုဆို နတ္ဆိုးတို႔ ႐ိုေသထိုက္သူမွန္သမွ်  ႐ိုေသတတ္ေနၿပီ။
    ဒါဘဲလားဆို ..ဘယ္ဟုတ္ပါ့မလဲ..။
အခုဆို ပြဲတိုင္းရႈံး ေဘာလုံးသမားေလး ေတြကိုလည္း အျပစ္မျမင္ေတာ့….. ..။
ဘာေၾကာင့္လဲဆို ေမေမကေျပာတယ္မဟုတ္လား။

ငယ္ငယ္ကတည္းက အသားဓာတ္ျပည့္ဝေအာင္မစားခဲ့ရလို႔တန္းတူမယွဥ္ႏိုင္ဘူး ဆိုလား....
ဒီေတာ့ ၿပိဳင္ပြဲကေန  ရႈံးၿပီး ျပန္ျပန္လာတိုင္း မေအႏွမ ကိုယ္ခ်င္းမစာ ကိုင္တုပ္ရာကေန အခုဆို...
“ ေၾသာ္ သူတို႔ခမ်ာ ငယ္ငယ္တုန္းက အသားဝေအာင္ မစားခဲ့ရလို႔ ၿပိဳင္ဘက္နဲ႔ မယွဥ္ႏိုင္ေအာင္
နိမ့္ေနပါလား …..အင္အားမျပည့္ပါလားလို႔ေပါ့…….။
ႀကံဖန္သနားေနရတာ
အရင္က ေျပာမိတာေတြေတာင္ စိတ္ထဲမေကာင္း။
    ဘယ္ေလာက္ သနားဖို႔ ေကာင္းလဲ …။သူတို႔ခမ်ာ မရွိမဲ့ ရွိမဲ့ အားေလးနဲ႔ လက္ေ႐ြးစင္လဲကန္ရ၊ကလပ္ လဲကန္ရ ၊သက္တမ္းအရလည္းကန္ရနဲ႔ အသက္ေတြ ႀကီးတာေတာင္ မနားရနဲ႔ သနားဖို႔ ေကာင္း လိုက္ တာ။
သူတို႔မို႔တိုင္းက်ိဳးျပည့္ျပဳ အၾကာႀကီးေပးဆပ္ႏိုင္ၾကတာ။
တစ္ကယ္ဆို သူတို႔လဲ တိုင္းျပည္အတြက္ရယူမႈ႕အနည္းဆုံး ေပးဆပ္ႏိုင္မႈအမ်ားဆုံးသူေတြထဲ ပါသင့္တယ္ မဟုတ္လား...။
    ဘာ …ဒါ ႐ြဲ႕တာ ဟုတ္လား..။
    ဘုရားေရ …႐ြဲကို မ႐ြဲ႕ရဲပါဗ်ာ..။

    ခင္ဗ်ားလုပ္တာနဲ႔ ႏိုင္ငံေတာ္အၾကည့္ညိဳပ်က္တယ္ ပုဒ္မနားနီးနီးလာတယ္။
ဒီေလာက္ ေမတၱာတရားနဲ႔ ျပည္စုံတဲ့ သူေတြနဲ႔ ေနရတာ ဘယ္႐ြဲ႕ရဲပါ့မလဲ,...
ဟိုတစ္ေလာက မင္းသားေလးတစ္ေယာက္ ေဆးမႈနဲ႔ ေထာင္ ၁၇ ႏွစ္ခ်လိုက္တယ္မွတ္လား။
လူေတြက မင္းသားေလးေခ်ာေတာ့ ႏွေျမာၿပီး ေျပာလိုက္ၾကတာ ....။
တကယ္ဆို  လူႀကီးေတြေစတနာကို နားမလည္တာ။
ေကာင္ေလး အျပင္မွာ ဆက္ေနရင္ ပင္ပမ္းမယ္၊မိဘလည္း ဟိုပူရဒီပူရနဲ႔။မေတာ္တေရာ္ေတြနဲ႔ရသြားရင္ ဘယ္လိုလုပ္မလဲ
အခုဆို ေနာက္ ၁၅ ႏွစ္ မိဘလည္း စိတ္မပူရဘူး။ပရိတ္သတ္ေတြလည္း မင္းသားေလး မိန္းမယူသြားမွာ မစိုးရိမ္ရေတာ့ဘူး။ဘယ္ေလာက္ေစတနာႀကီးလဲ....။
စိတ္ႂကြေဆးေတြ ကားနဲ႔အထုပ္လိုက္အထည္လိုက္မိတာေတြ ဖမ္းမရတာလား...။
တစ္ကယ္က ဒီလူေတြကို  ေစာက္ျမင္ကပ္လို႔  ေစာက္ဖက္လုပ္ၿပီး ဖမ္းကို မဖမ္းတာ။ေသခ်င္ေသပါလိမ္ေစ။
ဒါေၾကာင့္ေျပာတာ လူႀကီးေတြေစတနာကို နားမလည္ဘဲအျပစ္တင္ေစာလိုက္ၾကတာ...။
အခုလည္းၾကည္....
ျပည္သူေတြ တစ္ေသာင္းတန္ သုံးသာ သုံးေနၾကတာ ၊ပိုက္ဆံမွာ ေရစာ ဘာေရးထည့္ထားမွန္း မသိ။
အ႐ုပ္ေတြပါမွန္းမသိ။

အခုတစ္ေသာင္းတန္အတုေပၚလာေတာ့ လူေတြ ပိုက္ဆံေထာင္ၾကည္ၾက၊ ပြတ္ၾကည့္ၾကနဲ႔
တစ္ေသာင္းတန္မွာ ၾကာပန္းေရစာပါတာ အခုမွ သိၾကၿပီ။
ိသိၿပီလား  ဒါ လူႀကီးေတြရဲ႕ ေစတနာ။
လူေတြက နားကို နားမလည္ၾကတာ။တစ္ခုခုဆို အျပစ္ကိုတင္လိုက္ၾကတာ။
တစ္ကယ္ဆို အေမခမ်ာ နလိမ္ပိန္းတုံးေတြမ်ားတဲ့တိုင္းျပည္မွာ ခ်စ္လြန္းလို႔  သည္းခံၿပီးေနေနရတာ ။
ဟိုအဘေတြလို အသုံးမက်ရင္ ပါး႐ိုက္မယ္လဲ မေျပာရဲ..,
ထမင္းတစ္နပ္ေလ်ာ့စားလည္း မေျပာရဲ။
ဒါေတာင္ အေမကို အျပစ္တင္ေနၾကတာ။ခက္ပါ့...။

ခင္ဗ်ားစဥ္းစားၾကည့္ ဘယ္ေလာက္ဆင္းရဲ ဆင္းရဲ ဘယ္ေလာက္ ငတ္ငတ္ တစ္ခ်က္မွ တိုင္းျပည္အေပၚ ေမတၱာ တစ္စက္မွ မရွိတဲ့ အဲေလေမတၱာ တစ္စက္မွမပ်က္တဲ့ သူေတြနဲ႔ ေနရတာ့ မေပ်ာ္ဘဲေနမလား…
အဟုတ္ေျပာတာ ..။
ဘာခင္ဗ်ား ရယ္တာလဲ ..။

  နတ္ဆိုး