【 သရော်စာ 】" ကိုဗစ်ဆိုတာ ဂျိုနဲ့လား"

【  သရော်စာ 】" ကိုဗစ်ဆိုတာ ဂျိုနဲ့လား"

ကိုဗစ်ဆိုတာနဲ့ ကြောက်သည့်အထဲ နတ်ဆိုးတို့ ရန်ကုန်သားတွေမပါ။
ရန်ကုန်ဆိုတာ အလောင်းမင်းတရားဆိုတဲ့ တတိယ မြန်မာနိုင်ငံတော်..(.အဲလေ ဟိုလူကြီးပြောသလိုဆို တတိယအင်းဝ နိုင်ငံတော်အထက်ကပေါ့)ထူထောင်တဲ့သူက ရန်အပေါင်းကုန်စင်အောင်ဆိုပြီး ရန်ကုန်လို့ သမုတ်ခဲ့တာ။
နယ်နယ်ရမှတ်သလား။
ရန်ကုန်သားတွေဆိုတာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဂျပန်တွေ လာဗုံးကြဲတဲ့အခါ ဗုံးကိုမော့ကြည့်ပြီး ဗုံးထိသေရဲတဲ့သူတွေ။
ဒါပေမယ့် ရန်ကုန်က သဏ္ဍာန်လုပ် သရုပ်အရမ်းတူတယ်။ပြောချင်တာကတော့ ရန်ကုန်သားတွေ သရုပ်ဆောင် အရမ်းကောင်းတယ်ပြောတာ။
ရန်ကုန်ကို ကိုဗစ် စတော့ အားလုံး စတေးဟုမ်းဆိုပြီး အိမ်ထဲနေခိုင်းပြန်တော့ ကြောက်ဟန်ဆောင်ပြီး နေပြလိုက်ကြတာ ရန်ကုန်ရာဇဝင်မှာ တစ်ခါမှမရှိခဲ့ဘူးတဲ့ အဖြစ်တွေ တမြို့လုံးခြောက်ကပ်တာ လမ်းတွေရှင်းဘာတွေရှင်း..အဲဒီ အထိဖြစ် ကုန်တာ။
ရန်ကုန်ဆိုတာ ဒီလိုမျိုး။
ကြောက်ပြရင်လည်း ..ပိပိရိရိ။
နောက်တော့ ဘာကြာသလဲ ရန်ကုန်ဗီဇက ပြတာဘဲ။

 

 

ဟိုဘက် တိုးလိုက် ဒီဘက်ကျော်လိုက်နဲ့ ။နောက်တော့ ဘီယာဆိုင်တွေ စက်တင်တွေ ကေတီဗွီတွေနဲ့ ပုံမှန်ထက်တောင် ပိုစည်ဆိုသဘဲ။
ခုတော့ ဘာပြောကောင်းမလဲ ရက်နှစ်ဆယ်ကို လူ ရှစ်ရာကျော် ကူးပြီလေ။
ဒါရခိုင်ကနေ ပြန်လာပြီး အဆက်အသွယ်မလုပ်တဲ့ တာဇံတွေလား ဒါမှမဟုတ် ဟိုသွားဒီသွားကယ်ရီယာတွေကြောင့်လား။
ဘာပဲဖြစ်ဖြစ် ရန်ကုန်သားတွေက အေးဆေးပဲ။
ရန်ကုန်သားတွေက ကိုဗစ်မပြောနဲ့ ကိုဗစ်အဖေလာလည်း..အေးဆေးပဲ။
တစ်ကယ်ပြောတာ...။
ရန်ကုန်မှာနေဖို့ဆိုတာ လွယ်သလား။ ပိုက်ဆံရှိရင် ရှိမယ် ပညာတတ်ရင် တတ်မယ်။ ရန်ကုန်ဒဏ်ကို ခံနိုင်ဖို့ ဆိုတာ ဘုရားရှင်လက်ထက်မှာ ဆုတောင်းခဲ့မှရမှာ။ ရန်ကုန်မှာ ရန်ကုန်သားပီပီနေဖို့ဆိုရင် ဟိုဒေါ်စိန်အေး ကျောင်းသွား တက်ရတာထက် ပိုခက်တယ်။
ရန်ကုန်မှာ နယ်ကလို ထမင်းတစ်လုပ်ကို ဘေးကင်းကင်းစားရမယ်မထင်နဲ့။
ဟိုပြေးဒီလွှား။
သွားရင်းလာရင်း တာဇံတွေ ကြည်ညိုလို့ဝေတဲ့ စာရွက်တွေလည်း အားတောင့်အားနာယူရသေးတယ်။ငါ့စကားနွားရ ပြောတတ်တဲ့ တာဇံတွေကိုလည်း သည်းခံရသေးတယ်။
ရန်ကုန်ကလာသမျှ လက်ခံတယ်။ဗိုင်းရပ်လား ရောဂါလား။ဖြစ်သမျှရောဂါ ..။
ရန်ကုန်မှာ ရောဂါပြီးစနစ်က ရှိပြီးသား။

 

 

ဘာကြောင့်လဲ ဟုတ်လား။
ရန်ကုန်သားစစ်တွေက မွေးကတည်းက လမ်းဘေးစနစ် လမ်းဘေးဆိုင်တွေနဲ့ ကြီးပြင်းရတာ..။ရောဂါပေါင်းစုံအတွက် အင်မြူ့စစ္စတန်က ဖြစ်ထွန်းပြီးသား။
ရန်ကုန်က ထမင်းဆိုင်တွေ စားသောက်ဆိုင်တွေကိုကြည့်။ညစ်ပတ်နေတာ ။ကြွက်လား  ဘယ်ဆိုက် ဘယ်အရွယ်စား လိုချင်လဲ ..။
ဆိုင်မှာ အသားကုန်လို့ အချိန်မရရင်  အမြည်းထဲ လယ်ကြွက်ဆူဆူဖြိုးဖြိုးနေရာ ဒီကောင်တွေက ဝင်ယူထားတာ။ ရန်ကုန် က အဲဒီလောက်ထိ အသုံးချဗေဒ ကျွမ်းကျင်တာ။
တခြားအကောင်ပလောင်တော့ပြောမနေနဲ့။
ရန်ကုန်ဆိုတာ ဒီလို။
ချက်တာလည်းကြည့်။ ဆီကတစ်သက်မှာ တစ်ခါဘဲ ဝယ်တာ ။ဘာဆီလဲဆို ဖန်တစ်ရာတေအောင်ခံတဲ့  အကြော်ခံဆီတွေ။
ဒါဆို သဘောပေါက်..။

 

 

အကြော်ခံဆီတောင် ရွဲရွဲတောင်းလို့ ထသတ်ကြတဲ့ ဆိုင်ရှင်နဲ့ စားသုံးသူရန်ပွဲဆိုတာ ရန်ကုန်မှာရှိတယ်။
ဒီတော့ အနံပေါင်းစုံ ရောဂါပေါင်းစုံအတွက် ခံနိုင်ရည်ရှိအောင် ရန်ကုန်က အင်မြူ့စစ္စတန်ပေါ်အောင် လေ့ကျင့်ပေးပြီးသား။
ဒါ‌ကြောင့်ရန်ကုန်က ဘာလာလာဒေါင်းတယ်။ ကိန်းကြီးခမ်းကြီးမတန်ဘူး။
ဘာလဲ ...ကိန်းကြီးခမ်းကြီး။
အခုဆို ....နေပြည်တော်ဝင်ရင် ဘယ်လောက်ဆိုလား။နေပြည်တော်မကူးအောင်တဲ့ ။ဉာဏ်ကောင်းလိုက်ပုံများ..။
ရန်ကုန်လား ...ဒီလို သတ်မှတ်ပြီးကောက်လိုက်ရင် ရန်ကုန်သားတွေ ထားစရာမရှိ ချမ်းသာသွားမယ်။ဟုတ်တယ်မဟုတ်လား..။ ဘယ်ရွာသား ဘယ်တာဇံ  ရန်ကုန်နဲ့ ကင်းသလဲ။
တခြားမကြည့်နဲ့ ။နိုင်ငံကိုအုပ်ချုပ်နေတာရန်ကုန်တာမွေသား။ဒါဘဲကြည့်တော့ ရန်ကုန် ဆိုတာ ဒီလိုဒုသားပေသားကြနေတဲ့သူတွေ ခံနိုင်ရည်ရှိတဲ့သူတွေချည်း။
ရန်ကုန်မှာ ရောဂါတစ်ခုခုဖြစ်ရင် ခဏဘဲ။ရန်ကုန်ရဲ့ နေ့စဉ် ဒုက္ခတွေထဲက ကူးစက်ရောဂါထက်ဆိုးတယ်..။ ရန်ကုန်ဆိုတာ  ရောဂါအတွက် အချိန်မပေးနိုင်ဘူး။
ရောဂါက ရန်ကုန်မှာ တန်းမဝင်ဘူး။

 

 

အခုတောင် ကမ္ဘာနဲ့ချီပြီး ဖြစ်နေတဲ့ ရောဂါမို့လို့ အထာထားပြီး ရန်ကုန်သားတွေက ကြောက်ပြနေတာ။
ရန်ကုန်ဆိုတာ ကြောက်တဲ့သူတွေနေတဲ့နေရာမဟုတ်ဘူး။
လက်နက်ပြပြီး အုပ်ချုပ်တဲ့ခေတ်ဆိုးခေတ်ပျက်မှာတောင်  ရန်ကုန်သားတွေက မာရှယ်လောကို ကျော်ခွပြီး လဘက်ရည်တစ်ခွက်အတွက် အသက်နဲ့ရင်းပြီး သောက်ပြခဲ့တဲ့တဲသူတွေ ဒုနဲ့ဒေး။
လဘက်ရည်ကြောင့်မဟုတ်ဘူး။မခန့်ဘူးဆိုတာ အာခံပြတာ။
အခုလဲ ရခိုင်ဘက်က ပြန်လာပြီး မဆက်သွယ်တဲ့သူတွေ တာဇံတွေနှစ်ထောင့်ငါးရာကျော်တဲ့။
အမေစုကတော့ ပူတာပေါ့။  ဟိတ်တလုံး ဟန်တစ်လုံးနဲ့ တိုင်းပြည်ကာကွယ်မယ်ဆိုတဲ့သူတွေလဲ သူတို့မိသားစုတွေအတွက်ပူပြီး အထဲကနေ အပြင်မထွက်ခိုင်းနဲ့  ။
ရန်ကုန်သားတွေက မပူပေါင်....။
ပိုးပြန့်နေပေမယ် ရန်ကုန်သားတွေ လမ်းထွက်စမြဲထွက်တယ်။
ရန်ကုန်သားတွေဆိုတာ
ကိုဗစ်ထက်လက်စောင်းထက်ခဲ့တဲ့ သေနတ်မိုးခဲ့တဲ့ သူတွေကိုတောင် မကြောက်ခဲ့တာ ။
ကိုဗစ်ဆိုတာ နားထားပေါ့ ...။
ဘာလို့လဲ.......။
ရန်ကုန်သားစစ်စစ်တွေက maskတပ်တယ်လေ။
ဒါကြောင့် ........
ရန်ကုန်သားစစ်စစ်တွေက......
"ကိုဗစ်ဆိုတာ  ဂျိုနဲ့လားလို့တောင်"  မေးကြတာ..။

 

နတ်ဆိုး 

 

(  Zawgyi  )

 

 ကိုဗစ္ဆိုတာနဲ႔ ေၾကာက္သည့္အထဲ နတ္ဆိုးတို႔ ရန္ကုန္သားေတြမပါ။
ရန္ကုန္ဆိုတာ အေလာင္းမင္းတရားဆိုတဲ့ တတိယ ျမန္မာႏိုင္ငံေတာ္..(.အဲေလ ဟိုလူႀကီးေျပာသလိုဆို တတိယအင္းဝ ႏိုင္ငံေတာ္အထက္ကေပါ့)ထူေထာင္တဲ့သူက ရန္အေပါင္းကုန္စင္ေအာင္ဆိုၿပီး ရန္ကုန္လို႔ သမုတ္ခဲ့တာ။
နယ္နယ္ရမွတ္သလား။
ရန္ကုန္သားေတြဆိုတာ ဒုတိယကမာၻစစ္ျဖစ္ေတာ့ ဂ်ပန္ေတြ လာဗုံးႀကဲတဲ့အခါ ဗုံးကိုေမာ့ၾကည့္ၿပီး ဗုံးထိေသရဲတဲ့သူေတြ။
ဒါေပမယ့္ ရန္ကုန္က သ႑ာန္လုပ္ သ႐ုပ္အရမ္းတူတယ္။ေျပာခ်င္တာကေတာ့ ရန္ကုန္သားေတြ သ႐ုပ္ေဆာင္ အရမ္းေကာင္းတယ္ေျပာတာ။
ရန္ကုန္ကို ကိုဗစ္ စေတာ့ အားလုံး စေတးဟုမ္းဆိုၿပီး အိမ္ထဲေနခိုင္းျပန္ေတာ့ ေၾကာက္ဟန္ေဆာင္ၿပီး ေနျပလိုက္ၾကတာ ရန္ကုန္ရာဇဝင္မွာ တစ္ခါမွမရွိခဲ့ဘူးတဲ့ အျဖစ္ေတြ တၿမိဳ႕လုံးေျခာက္ကပ္တာ လမ္းေတြရွင္းဘာေတြရွင္း..အဲဒီ အထိျဖစ္ ကုန္တာ။
ရန္ကုန္ဆိုတာ ဒီလိုမ်ိဳး။
ေၾကာက္ျပရင္လည္း ..ပိပိရိရိ။
ေနာက္ေတာ့ ဘာၾကာသလဲ ရန္ကုန္ဗီဇက ျပတာဘဲ။

ဟိုဘက္ တိုးလိုက္ ဒီဘက္ေက်ာ္လိုက္နဲ႔ ။ေနာက္ေတာ့ ဘီယာဆိုင္ေတြ စက္တင္ေတြ ေကတီဗြီေတြနဲ႔ ပုံမွန္ထက္ေတာင္ ပိုစည္ဆိုသဘဲ။
ခုေတာ့ ဘာေျပာေကာင္းမလဲ ရက္ႏွစ္ဆယ္ကို လူ ရွစ္ရာေက်ာ္ ကူးၿပီေလ။
ဒါရခိုင္ကေန ျပန္လာၿပီး အဆက္အသြယ္မလုပ္တဲ့ တာဇံေတြလား ဒါမွမဟုတ္ ဟိုသြားဒီသြားကယ္ရီယာေတြေၾကာင့္လား။
ဘာပဲျဖစ္ျဖစ္ ရန္ကုန္သားေတြက ေအးေဆးပဲ။
ရန္ကုန္သားေတြက ကိုဗစ္မေျပာနဲ႔ ကိုဗစ္အေဖလာလည္း..ေအးေဆးပဲ။
တစ္ကယ္ေျပာတာ...။
ရန္ကုန္မွာေနဖို႔ဆိုတာ လြယ္သလား။ ပိုက္ဆံရွိရင္ ရွိမယ္ ပညာတတ္ရင္ တတ္မယ္။ ရန္ကုန္ဒဏ္ကို ခံႏိုင္ဖို႔ ဆိုတာ ဘုရားရွင္လက္ထက္မွာ ဆုေတာင္းခဲ့မွရမွာ။ ရန္ကုန္မွာ ရန္ကုန္သားပီပီေနဖို႔ဆိုရင္ ဟိုေဒၚစိန္ေအး ေက်ာင္းသြား တက္ရတာထက္ ပိုခက္တယ္။
ရန္ကုန္မွာ နယ္ကလို ထမင္းတစ္လုပ္ကို ေဘးကင္းကင္းစားရမယ္မထင္နဲ႔။
ဟိုေျပးဒီလႊား။
သြားရင္းလာရင္း တာဇံေတြ ၾကည္ညိဳလို႔ေဝတဲ့ စာ႐ြက္ေတြလည္း အားေတာင့္အားနာယူရေသးတယ္။ငါ့စကားႏြားရ ေျပာတတ္တဲ့ တာဇံေတြကိုလည္း သည္းခံရေသးတယ္။
ရန္ကုန္ကလာသမွ် လက္ခံတယ္။ဗိုင္းရပ္လား ေရာဂါလား။ျဖစ္သမွ်ေရာဂါ ..။
ရန္ကုန္မွာ ေရာဂါၿပီးစနစ္က ရွိၿပီးသား။

ဘာေၾကာင့္လဲ ဟုတ္လား။
ရန္ကုန္သားစစ္ေတြက ေမြးကတည္းက လမ္းေဘးစနစ္ လမ္းေဘးဆိုင္ေတြနဲ႔ ႀကီးျပင္းရတာ..။ေရာဂါေပါင္းစုံအတြက္ အင္ျမဴ႕စစၥတန္က ျဖစ္ထြန္းၿပီးသား။
ရန္ကုန္က ထမင္းဆိုင္ေတြ စားေသာက္ဆိုင္ေတြကိုၾကည့္။ညစ္ပတ္ေနတာ ။ႂကြက္လား  ဘယ္ဆိုက္ ဘယ္အ႐ြယ္စား လိုခ်င္လဲ ..။
ဆိုင္မွာ အသားကုန္လို႔ အခ်ိန္မရရင္  အျမည္းထဲ လယ္ႂကြက္ဆူဆူၿဖိဳးၿဖိဳးေနရာ ဒီေကာင္ေတြက ဝင္ယူထားတာ။ ရန္ကုန္ က အဲဒီေလာက္ထိ အသုံးခ်ေဗဒ ကြၽမ္းက်င္တာ။
တျခားအေကာင္ပေလာင္ေတာ့ေျပာမေနနဲ႔။
ရန္ကုန္ဆိုတာ ဒီလို။
ခ်က္တာလည္းၾကည့္။ ဆီကတစ္သက္မွာ တစ္ခါဘဲ ဝယ္တာ ။ဘာဆီလဲဆို ဖန္တစ္ရာေတေအာင္ခံတဲ့  အေၾကာ္ခံဆီေတြ။
ဒါဆို သေဘာေပါက္..။

အေၾကာ္ခံဆီေတာင္ ႐ြဲ႐ြဲေတာင္းလို႔ ထသတ္ၾကတဲ့ ဆိုင္ရွင္နဲ႔ စားသုံးသူရန္ပြဲဆိုတာ ရန္ကုန္မွာရွိတယ္။
ဒီေတာ့ အနံေပါင္းစုံ ေရာဂါေပါင္းစုံအတြက္ ခံႏိုင္ရည္ရွိေအာင္ ရန္ကုန္က အင္ျမဴ႕စစၥတန္ေပၚေအာင္ ေလ့က်င့္ေပးၿပီးသား။
ဒါ‌ေၾကာင့္ရန္ကုန္က ဘာလာလာေဒါင္းတယ္။ ကိန္းႀကီးခမ္းႀကီးမတန္ဘူး။
ဘာလဲ ...ကိန္းႀကီးခမ္းႀကီး။
အခုဆို ....ေနျပည္ေတာ္ဝင္ရင္ ဘယ္ေလာက္ဆိုလား။ေနျပည္ေတာ္မကူးေအာင္တဲ့ ။ဉာဏ္ေကာင္းလိုက္ပုံမ်ား..။
ရန္ကုန္လား ...ဒီလို သတ္မွတ္ၿပီးေကာက္လိုက္ရင္ ရန္ကုန္သားေတြ ထားစရာမရွိ ခ်မ္းသာသြားမယ္။ဟုတ္တယ္မဟုတ္လား..။ ဘယ္႐ြာသား ဘယ္တာဇံ  ရန္ကုန္နဲ႔ ကင္းသလဲ။
တျခားမၾကည့္နဲ႔ ။ႏိုင္ငံကိုအုပ္ခ်ဳပ္ေနတာရန္ကုန္တာေမြသား။ဒါဘဲၾကည့္ေတာ့ ရန္ကုန္ ဆိုတာ ဒီလိုဒုသားေပသားၾကေနတဲ့သူေတြ ခံႏိုင္ရည္ရွိတဲ့သူေတြခ်ည္း။
ရန္ကုန္မွာ ေရာဂါတစ္ခုခုျဖစ္ရင္ ခဏဘဲ။ရန္ကုန္ရဲ႕ ေန႔စဥ္ ဒုကၡေတြထဲက ကူးစက္ေရာဂါထက္ဆိုးတယ္..။ ရန္ကုန္ဆိုတာ  ေရာဂါအတြက္ အခ်ိန္မေပးႏိုင္ဘူး။
ေရာဂါက ရန္ကုန္မွာ တန္းမဝင္ဘူး။

အခုေတာင္ ကမာၻနဲ႔ခ်ီၿပီး ျဖစ္ေနတဲ့ ေရာဂါမို႔လို႔ အထာထားၿပီး ရန္ကုန္သားေတြက ေၾကာက္ျပေနတာ။
ရန္ကုန္ဆိုတာ ေၾကာက္တဲ့သူေတြေနတဲ့ေနရာမဟုတ္ဘူး။
လက္နက္ျပၿပီး အုပ္ခ်ဳပ္တဲ့ေခတ္ဆိုးေခတ္ပ်က္မွာေတာင္  ရန္ကုန္သားေတြက မာရွယ္ေလာကို ေက်ာ္ခြၿပီး လဘက္ရည္တစ္ခြက္အတြက္ အသက္နဲ႔ရင္းၿပီး ေသာက္ျပခဲ့တဲ့တဲသူေတြ ဒုနဲ႔ေဒး။
လဘက္ရည္ေၾကာင့္မဟုတ္ဘူး။မခန႔္ဘူးဆိုတာ အာခံျပတာ။
အခုလဲ ရခိုင္ဘက္က ျပန္လာၿပီး မဆက္သြယ္တဲ့သူေတြ တာဇံေတြႏွစ္ေထာင့္ငါးရာေက်ာ္တဲ့။
အေမစုကေတာ့ ပူတာေပါ့။  ဟိတ္တလုံး ဟန္တစ္လုံးနဲ႔ တိုင္းျပည္ကာကြယ္မယ္ဆိုတဲ့သူေတြလဲ သူတို႔မိသားစုေတြအတြက္ပူၿပီး အထဲကေန အျပင္မထြက္ခိုင္းနဲ႔  ။
ရန္ကုန္သားေတြက မပူေပါင္....။
ပိုးျပန႔္ေနေပမယ္ ရန္ကုန္သားေတြ လမ္းထြက္စၿမဲထြက္တယ္။
ရန္ကုန္သားေတြဆိုတာ
ကိုဗစ္ထက္လက္ေစာင္းထက္ခဲ့တဲ့ ေသနတ္မိုးခဲ့တဲ့ သူေတြကိုေတာင္ မေၾကာက္ခဲ့တာ ။
ကိုဗစ္ဆိုတာ နားထားေပါ့ ...။
ဘာလို႔လဲ.......။
ရန္ကုန္သားစစ္စစ္ေတြက maskတပ္တယ္ေလ။
ဒါေၾကာင့္ ........
ရန္ကုန္သားစစ္စစ္ေတြက......
"ကိုဗစ္ဆိုတာ  ဂ်ိဳနဲ႔လားလို႔ေတာင္"  ေမးၾကတာ..။

နတ္ဆိုး