【 သရော်စာ 】 ကိုဗစ်နှင့် စာရေးဆရာဒုက္ခ

【 သရော်စာ 】 ကိုဗစ်နှင့် စာရေးဆရာဒုက္ခ

ခေါင်းစဥ်ကြည့်ပြီးတော့ ဒီဘဲ ခိုညည်းသလို ညည်းဦးမလားလို့ ထင်ကြရော့မယ်။ဒါမှမဟုတ် အိမ်ထဲမှာ မိန်းမနဲ့အတူပိတ်မိနေတဲ့ ဒုက္ခသည်ချင်းအတူတူ သင်းက ဘာများ ပိုချော်တောငေါ့နေဦးမှာလဲလို့ ဆိုကြရော့မယ်။

မဟုတ်ပါခင်ဗျာ။

ကျွန်တော့်လည်း ကျွန်တော့်ဒုက္ခနဲ့ ကျွန်တော်ပါ။ပြောပြပါ့မယ်။

ကျွန်တော့် မဂ္ဂဇင်းအယ်ဒီတာအလုပ်လေး လွန်ခဲ့တဲ့ရက်ကပဲ နိဋ္ဌိတံသွားခဲ့ပါတယ်။ကျွန်တော် ငါးနှစ်တာ အယ်ဒီတာလုပ်လာတဲ့ မဂ္ဂဇင်းရဲ့ အဓိကအလုပ်ကတော့ လူတွေနဲ့တွေ့ဆုံပြီး သူတို့ဘဝတွေကိုနားထောင် စာပြန်ရေးရတာပါပဲ။ကိုယ်တိုင်မရေးလည်း ရေးမယ့်သူကို ချိတ်ဆက်ပေးရတဲ့အခါ ကိုယ်ပါလိုက်နားထောင်ရတာမျိုးပေါ့။ဒီတော့ အတိုပြောရရင် ကျွန်တော်ဟာ ငါးနှစ်သက်တမ်းအတွင်း လူရာနဲ့ချီပြောတာတွေကို နားထောင်ခဲ့ရတာပေါ့ဗျာ။ဖြတ်သန်းခဲ့ရတဲ့ဘဝတစ်လျှောက်ကို ပြောတာဆိုတော့ အနည်းဆုံး တစ်နာရီကနေ ငါးနာရီလောက်ထိအောင် ထိုင်နားထောင်ဖူးခဲ့တယ်။ဒီတော့ ကျွန်တော့်ရဲ့နားလေးဟာ ဘယ်လောက်သနားဖို့ကောင်းလဲသာ စဥ်းစားကြည့်။နားတင်ဘယ်ကမလဲဗျာ။အောင်မြင်နေသူတွေ၊ အပြောကောင်းသူတွေနဲ့တွေ့တဲ့အခါ သူတို့ထဲမျောသွားတတ်သလို ကျဆုံးနေသူတွေ၊ ဒုက္ခရောက်နေသူတွေ လူမျိုးစုံကို အင်တာဗျူးရတဲ့အခါကျ ကိုယ်ပါလိုက်ခံစားရင်း ရင်ဘတ်တွေအောင့်ရတဲ့အခါလည်း ရှိတာပ။

နောက် ကိုယ်ကဗျူးရတာမျိုးမဟုတ်ပဲ အဗျူးခံချင်လို့ ရောက်လာတဲ့သူတွေ ရှိသေးတယ်။

“ကျွန်တော့်အကြောင်းသာ ရေးလိုက်ရင်တော့ ခင်ဗျားတို့မဂ္ဂဇင်းတော့ ပေါက်ပြီဗျို့” ဆိုပြီး ရောက်လာတယ်။

ပြီးရင် ကျွန်တော်ဟာ ငယ်စဥ်ကတည်းက ဆိုးပေတေပြီး ပျက်စီးခဲ့တဲ့ လူငယ်လေးပေါ့ဗျာလို့ အစချီတယ်။ဘယ်လိုဆိုးသတုန်းဆိုတော့ တက္ကသိုလ်ပထမနှစ်မှာ အိမ်ကမသိအောင် ဆေးလိပ်ခိုးသောက်နေပြီတဲ့လေ။ကျွန်တော့်မှာ ဪ..ငါ့မှာ တကယ့်လူဆိုးကြီးနဲ့ လာတွေ့နေရာတာပါပဲဆိုပြီး သူ့ပဲ ထိုင်ငေးနေမိတော့တယ်။နောက်ပြီးရင် မိတ်ဆုံစားပွဲမှာ အရက်သောက်လာလို့ အိမ်က မိန်းမနဲ့ရန်ဖြစ်ပြီး နှစ်ရက်စကားမပြောတာကို သင်္ကြန်မိုးထဲက ကိုငြိမ်းမောင်နဲ့ ခင်ခင်ထားလောက်ပြောပြီး အသဲကွဲဇာတ်လမ်းပြောတဲ့လူနဲ့။
အဆိုးဆုံးကတော့..မြန်မာပြည်မှာ ဘယ်သူမှမသိသေးတဲ့ ကျွန်တော့်ရဲ့ လျှို့ဝှက်ဘဝကို ဖော်ထုတ်ပြောဖို့ပါဆိုပြီး သူ့အိမ်ကိုချိန်းတယ်။အောင်မယ် ဆရာသမားက အနောက်တိုင်းဝတ်စုံတွေ ဘာတွေနဲ့နော်။သူ့အိမ်ကိုရောက်တော့မှ တံခါးကိုပိတ်လိုက်ပြီး...

“ကျွန်တော်က ဗြိတိန် MI 6 က အေးဂျင့်ပါ” ဆိုတော့ ကျွန်တော့်မှာ လန့်ဖြန့်သွားတယ်။

ပြီးတော့မှ “ကျွန်တော် ဒီကိုရောက်နေတာ နှစ်လေးဆယ်ရှိပြီ...ဦးနေဝင်း ကို လုပ်ကြံဖို့ လွှတ်လိုက်တာပေါ့ဗျာ” တဲ့။အဲ့ဒီကတည်းက သွားပြီဆိုတာ သိလိုက်တယ်။ဒါတင်ဘယ်ကမလဲ...အိပ်ကပ်ထဲက ဓါးမြှောင်ကြီးကိုထုတ်ပြီး “ဒီဓါးမြှောင်က အယ်လိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော်ပဲကိုင်ခွင့်ရတဲ့ ဓါးမြှောင်ဗျ” ဆိုပြီး ဓါးကြီးတရမ်းရမ်းနဲ့ လျှောက်ပြောတော့တာ။

ကျွန်တော့်မှာ သူ့ဓါးကြီးတရမ်းရမ်းကြောက်တာနဲ့ သူ့ဇာတ်လမ်းအဆုံးထိ နားထောင်ရတယ်။ဂျိမ်းစ်ဘွန်းကား လေးကားလောက်ကို ရောမွှေပြောပြီးတော့မှ ပြန်လွှတ်လို့ ပြန်လာခဲ့ရတာတွေလည်းရှိပ။အဲဒီလိုနဲ့ ကိုဗစ်ကာလမှ အယ်ဒီတာဘဝလေး တစ်ခန်းရပ်ပေါ့ဗျာ။

အယ်ဒီတာမှ အဲ့ဒီလိုကြုံရတာလားဆိုတော့ မဟုတ်ဘူး။စာရေးဆရာအဖြစ်နဲ့ နယ်တွေသွားတဲ့အခါမှာလည်း ကြုံရတာတွေရှိပါတယ်။

“ဪ မောင်ရင်က စာရေးဆရာဆိုတော့ အတော်ပဲ ကိုယ့်ဘဝအကြောင်းလေး ပြောပြရမယ်..စာရေးပါလား.. အရမ်းပေါက်မှာနော်” ဆိုတဲ့ လူတချို့။

ကျွန်တော့် အခုမအားသေးဘူးဆိုလည်း အားတဲ့အချိန်ထိထိုင်စောင့်မယ်ဆိုလို့ ပတ်ပြေးခဲ့ရတာလည်းရှိတယ်။

“အကိုလည်း စာရေးချင်တာ၊ အခုက အလုပ်တွေနဲ့မအားသေးလို့ မရေးနိုင်သေးတာကွာ၊ ပင်စင်ယူပြီးရင်တော့ အေးအေးဆေးဆေးစာရေးမယ် စိတ်ကူးတယ်..အခုတော့ အကိုပြောတာတွေ မင်းနားထောင်သွား..စာရေးဖို့ကုန်ကြမ်းရတယ်”

သူပြောမှ ကျွန်တော်က အလုပ်မရှိအကိုင်မရှိ အားနေလို့ စာရေးနေရတဲ့ဘဝပေါ့။မသိရင် စာရေးဆရာဆိုတာ ပင်စင်ယူပြီးမှလုပ်ရတဲ့ အလုပ်လိုမျိုး။အဲ့ဒါမျိုးပြောတဲ့ လူအတော်များများလည်း ကြုံရပါသဗျာ။

ကဲ..အခုမှ စာရေးဆရာနှင့် ကိုဗစ်ဒုက္ခစပါပြီ။ဖုန်းတစ်လုံးဝင်လာတယ်။

“ဆရာ...ကျွန်တော့်အိမ်မှာနေရင်း စဥ်းစားမိတာ...ကျွန်တော့်ဘကြီးတစ်ယောက်က အရင်က အရမ်းဆိုးတာဗျ.. နောက်တော့ လိမ္မာသွားတယ်..သူ့အကြောင်းရေးပါလား..ကျွန်တော်ပြောပြမယ်.. ...... ........ .... .......”

ကျွန်တော့်မှာ ဖုန်းချရမှာအားနာလို့ တစ်နာရီလောက် နားထောင်လိုက်ရတယ်။ဖေ့ဘွတ် မက်ဆေ့ဘောက်စ်မှာ တစ်ခါလာပြန်တယ်။

“ကိုဗြိ....ကျွန်တော် တွေးမိတာလေး တစ်ခုရှိတယ်..ကိုဗြိသာရေးရင် ရေလည်မိုက်မှာ..ဒီလိုဗျ”

“ကျွန်တော်စိတ်ကူးထားတဲ့ ဇာတ်လေးရှိတယ်..ကိုဗြိ နားထောင်ပြီး ဝတ္ထုရေးလိုက်..အောင်မြင်ပြီပဲ..ဇာတ်လမ်းက.... ထောင်ကထွက်ပြေးပြီး ပါတီဥက္ကဋ္ဌကြီးဖြစ်သွားတဲ့ ဇာတ်လေးပေါ့ဗျာ.” သွားပြီ။

“ကျွန်တော်တို့နယ်က ဓါးပြမောင်လှိုင်အကြောင်း ရေးပါလား..သူက သူကြီးအိမ်ကိုတောင် နေ့ခင်းကြောင်တောင် တက်ဓါးပြတိုက်တာနော်.. စပါးနှစ်တင်းပါသွားတယ်...အဘွားပြောပြလို့သိတာ”

“ကျွန်တော်ဘဝက ငယ်ငယ်က သိပ်ဆင်းရဲခဲ့တာ။ကျောင်းသွားရင် အိမ်က လေးဘီးကားနဲ့လိုက်ပို့လို့ အမြဲတမ်းသိမ်ငယ်ခဲ့ရတယ်..အဲ့ဒီလိုနဲ့ အဖေက ကျွန်တော့်ကို တီဗွီဂိမ်းစက်မဝယ်ပေးတဲ့အခါ....ငါ့ဘဝကို တစ်နေ့အောင်မြင်အောင်ကြိုးစားမယ်ဆိုပြီး..”

အဲ့ဒါသာကြည့်။

အိမ်တွင်းအောင်းလို့ တစ်နေ့တစ်နေ့ ဘူနေရတဲ့အထဲ မော်တော်ကားနံပါတ်ပြားအပ်သလို ဇာတ်လမ်းတွေ၊ စိတ်ကူးတွေ အအပ်ခံနေရတဲ့ဘဝ။လူဆိုတာ ကိုယ့်ဇာတ်လမ်း ကိုယ်ဇာတ်လိုက်၊ ကိုယ့်စိတ်ကူး ကိုယ့်ဇာတ်လမ်းဆိုတာက သဘာဝဆိုတော့လည်း သူတို့အပြစ်တော့မဟုတ်။အတော်များများက အိမ်တွင်းအောင်းနေရတော့ စိတ်ကူးဥာဏ်တွေကွန့်မြူးနေတဲ့ ကာလပေကိုး။ခက်တာက သူတို့ကွန့်မြူးတိုင်းလည်း ကျွန်တော့်မှာ နားထောင်ပေးနေရတဲ့ဘဝ။နားမထောင်ချင်ဘူးဗျာဆိုလည်း ဒီဘဲ မာန်တက်တာလားဆိုပြီး ပြောမှာလည်းစိုးရသေး။လူမှုရေးကရှိသေးသကိုး။

ဒီတော့ ဖုန်းစိမ်းတစ်လုံးလာရင် လန့်နေပြီ။မက်ဆေ့ထဲ ဖုန်းနံပါတ်လေးပေးပါလားဆို ကြက်သီးတွေပါထနေပြီ။ကျွန်တော့်ခမြာ ကိုဗစ်ကာလမှာ ကိုဗစ်မကြောက်ပဲ စိတ်ကူးသမား၊ ဇာတ်လမ်းသမားတွေကို အတော်လေးကိုကြောက်နေပါပြီ။

ဒါပါပဲ။

ကိုဗစ်နဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဒုက္ခကတော့ ဒါပါပဲခင်ညာ။

ဗြိတိသျှကိုကိုမောင်
စက်တင်ဘာ - ၄

( Zawgyi )

ေခါင္းစဥ္ၾကည့္ၿပီးေတာ့ ဒီဘဲ ခိုညည္းသလို ညည္းဦးမလားလို႔ ထင္ၾကေရာ့မယ္။ဒါမွမဟုတ္ အိမ္ထဲမွာ မိန္းမနဲ႔အတူပိတ္မိေနတဲ့ ဒုကၡသည္ခ်င္းအတူတူ သင္းက ဘာမ်ား ပိုေခ်ာ္ေတာေငါ့ေနဦးမွာလဲလို႔ ဆိုၾကေရာ့မယ္။

မဟုတ္ပါခင္ဗ်ာ။

ကြၽန္ေတာ့္လည္း ကြၽန္ေတာ့္ဒုကၡနဲ႔ ကြၽန္ေတာ္ပါ။ေျပာျပပါ့မယ္။

ကြၽန္ေတာ့္ မဂၢဇင္းအယ္ဒီတာအလုပ္ေလး လြန္ခဲ့တဲ့ရက္ကပဲ နိ႒ိတံသြားခဲ့ပါတယ္။ကြၽန္ေတာ္ ငါးႏွစ္တာ အယ္ဒီတာလုပ္လာတဲ့ မဂၢဇင္းရဲ႕ အဓိကအလုပ္ကေတာ့ လူေတြနဲ႔ေတြ႕ဆုံၿပီး သူတို႔ဘဝေတြကိုနားေထာင္ စာျပန္ေရးရတာပါပဲ။ကိုယ္တိုင္မေရးလည္း ေရးမယ့္သူကို ခ်ိတ္ဆက္ေပးရတဲ့အခါ ကိုယ္ပါလိုက္နားေထာင္ရတာမ်ိဳးေပါ့။ဒီေတာ့ အတိုေျပာရရင္ ကြၽန္ေတာ္ဟာ ငါးႏွစ္သက္တမ္းအတြင္း လူရာနဲ႔ခ်ီေျပာတာေတြကို နားေထာင္ခဲ့ရတာေပါ့ဗ်ာ။ျဖတ္သန္းခဲ့ရတဲ့ဘဝတစ္ေလွ်ာက္ကို ေျပာတာဆိုေတာ့ အနည္းဆုံး တစ္နာရီကေန ငါးနာရီေလာက္ထိေအာင္ ထိုင္နားေထာင္ဖူးခဲ့တယ္။ဒီေတာ့ ကြၽန္ေတာ့္ရဲ႕နားေလးဟာ ဘယ္ေလာက္သနားဖို႔ေကာင္းလဲသာ စဥ္းစားၾကည့္။နားတင္ဘယ္ကမလဲဗ်ာ။ေအာင္ျမင္ေနသူေတြ၊ အေျပာေကာင္းသူေတြနဲ႔ေတြ႕တဲ့အခါ သူတို႔ထဲေမ်ာသြားတတ္သလို က်ဆုံးေနသူေတြ၊ ဒုကၡေရာက္ေနသူေတြ လူမ်ိဳးစုံကို အင္တာဗ်ဴးရတဲ့အခါက် ကိုယ္ပါလိုက္ခံစားရင္း ရင္ဘတ္ေတြေအာင့္ရတဲ့အခါလည္း ရွိတာပ။

ေနာက္ ကိုယ္ကဗ်ဴးရတာမ်ိဳးမဟုတ္ပဲ အဗ်ဴးခံခ်င္လို႔ ေရာက္လာတဲ့သူေတြ ရွိေသးတယ္။

“ကြၽန္ေတာ့္အေၾကာင္းသာ ေရးလိုက္ရင္ေတာ့ ခင္ဗ်ားတို႔မဂၢဇင္းေတာ့ ေပါက္ၿပီဗ်ိဳ႕” ဆိုၿပီး ေရာက္လာတယ္။

ၿပီးရင္ ကြၽန္ေတာ္ဟာ ငယ္စဥ္ကတည္းက ဆိုးေပေတၿပီး ပ်က္စီးခဲ့တဲ့ လူငယ္ေလးေပါ့ဗ်ာလို႔ အစခ်ီတယ္။ဘယ္လိုဆိုးသတုန္းဆိုေတာ့ တကၠသိုလ္ပထမႏွစ္မွာ အိမ္ကမသိေအာင္ ေဆးလိပ္ခိုးေသာက္ေနၿပီတဲ့ေလ။ကြၽန္ေတာ့္မွာ ဪ..ငါ့မွာ တကယ့္လူဆိုးႀကီးနဲ႔ လာေတြ႕ေနရာတာပါပဲဆိုၿပီး သူ႔ပဲ ထိုင္ေငးေနမိေတာ့တယ္။ေနာက္ၿပီးရင္ မိတ္ဆုံစားပြဲမွာ အရက္ေသာက္လာလို႔ အိမ္က မိန္းမနဲ႔ရန္ျဖစ္ၿပီး ႏွစ္ရက္စကားမေျပာတာကို သၾကၤန္မိုးထဲက ကိုၿငိမ္းေမာင္နဲ႔ ခင္ခင္ထားေလာက္ေျပာၿပီး အသဲကြဲဇာတ္လမ္းေျပာတဲ့လူနဲ႔။
အဆိုးဆုံးကေတာ့..ျမန္မာျပည္မွာ ဘယ္သူမွမသိေသးတဲ့ ကြၽန္ေတာ့္ရဲ႕ လွ်ိဳ႕ဝွက္ဘဝကို ေဖာ္ထုတ္ေျပာဖို႔ပါဆိုၿပီး သူ႔အိမ္ကိုခ်ိန္းတယ္။ေအာင္မယ္ ဆရာသမားက အေနာက္တိုင္းဝတ္စုံေတြ ဘာေတြနဲ႔ေနာ္။သူ႔အိမ္ကိုေရာက္ေတာ့မွ တံခါးကိုပိတ္လိုက္ၿပီး...

“ကြၽန္ေတာ္က ၿဗိတိန္ MI 6 က ေအးဂ်င့္ပါ” ဆိုေတာ့ ကြၽန္ေတာ့္မွာ လန႔္ျဖန႔္သြားတယ္။

ၿပီးေတာ့မွ “ကြၽန္ေတာ္ ဒီကိုေရာက္ေနတာ ႏွစ္ေလးဆယ္ရွိၿပီ...ဦးေနဝင္း ကို လုပ္ႀကံဖို႔ လႊတ္လိုက္တာေပါ့ဗ်ာ” တဲ့။အဲ့ဒီကတည္းက သြားၿပီဆိုတာ သိလိုက္တယ္။ဒါတင္ဘယ္ကမလဲ...အိပ္ကပ္ထဲက ဓါးေျမႇာင္ႀကီးကိုထုတ္ၿပီး “ဒီဓါးေျမႇာင္က အယ္လိဇဘက္ဘုရင္မႀကီးရဲ႕ ၾကင္ယာေတာ္ပဲကိုင္ခြင့္ရတဲ့ ဓါးေျမႇာင္ဗ်” ဆိုၿပီး ဓါးႀကီးတရမ္းရမ္းနဲ႔ ေလွ်ာက္ေျပာေတာ့တာ။

ကြၽန္ေတာ့္မွာ သူ႔ဓါးႀကီးတရမ္းရမ္းေၾကာက္တာနဲ႔ သူ႔ဇာတ္လမ္းအဆုံးထိ နားေထာင္ရတယ္။ဂ်ိမ္းစ္ဘြန္းကား ေလးကားေလာက္ကို ေရာေမႊေျပာၿပီးေတာ့မွ ျပန္လႊတ္လို႔ ျပန္လာခဲ့ရတာေတြလည္းရွိပ။အဲဒီလိုနဲ႔ ကိုဗစ္ကာလမွ အယ္ဒီတာဘဝေလး တစ္ခန္းရပ္ေပါ့ဗ်ာ။

အယ္ဒီတာမွ အဲ့ဒီလိုႀကဳံရတာလားဆိုေတာ့ မဟုတ္ဘူး။စာေရးဆရာအျဖစ္နဲ႔ နယ္ေတြသြားတဲ့အခါမွာလည္း ႀကဳံရတာေတြရွိပါတယ္။

“ဪ ေမာင္ရင္က စာေရးဆရာဆိုေတာ့ အေတာ္ပဲ ကိုယ့္ဘဝအေၾကာင္းေလး ေျပာျပရမယ္..စာေရးပါလား.. အရမ္းေပါက္မွာေနာ္” ဆိုတဲ့ လူတခ်ိဳ႕။

ကြၽန္ေတာ့္ အခုမအားေသးဘူးဆိုလည္း အားတဲ့အခ်ိန္ထိထိုင္ေစာင့္မယ္ဆိုလို႔ ပတ္ေျပးခဲ့ရတာလည္းရွိတယ္။

“အကိုလည္း စာေရးခ်င္တာ၊ အခုက အလုပ္ေတြနဲ႔မအားေသးလို႔ မေရးႏိုင္ေသးတာကြာ၊ ပင္စင္ယူၿပီးရင္ေတာ့ ေအးေအးေဆးေဆးစာေရးမယ္ စိတ္ကူးတယ္..အခုေတာ့ အကိုေျပာတာေတြ မင္းနားေထာင္သြား..စာေရးဖို႔ကုန္ၾကမ္းရတယ္”

သူေျပာမွ ကြၽန္ေတာ္က အလုပ္မရွိအကိုင္မရွိ အားေနလို႔ စာေရးေနရတဲ့ဘဝေပါ့။မသိရင္ စာေရးဆရာဆိုတာ ပင္စင္ယူၿပီးမွလုပ္ရတဲ့ အလုပ္လိုမ်ိဳး။အဲ့ဒါမ်ိဳးေျပာတဲ့ လူအေတာ္မ်ားမ်ားလည္း ႀကဳံရပါသဗ်ာ။

ကဲ..အခုမွ စာေရးဆရာႏွင့္ ကိုဗစ္ဒုကၡစပါၿပီ။ဖုန္းတစ္လုံးဝင္လာတယ္။

“ဆရာ...ကြၽန္ေတာ့္အိမ္မွာေနရင္း စဥ္းစားမိတာ...ကြၽန္ေတာ့္ဘႀကီးတစ္ေယာက္က အရင္က အရမ္းဆိုးတာဗ်.. ေနာက္ေတာ့ လိမၼာသြားတယ္..သူ႔အေၾကာင္းေရးပါလား..ကြၽန္ေတာ္ေျပာျပမယ္.. ...... ........ .... .......”

ကြၽန္ေတာ့္မွာ ဖုန္းခ်ရမွာအားနာလို႔ တစ္နာရီေလာက္ နားေထာင္လိုက္ရတယ္။ေဖ့ဘြတ္ မက္ေဆ့ေဘာက္စ္မွာ တစ္ခါလာျပန္တယ္။

“ကိုၿဗိ....ကြၽန္ေတာ္ ေတြးမိတာေလး တစ္ခုရွိတယ္..ကိုၿဗိသာေရးရင္ ေရလည္မိုက္မွာ..ဒီလိုဗ်”

“ကြၽန္ေတာ္စိတ္ကူးထားတဲ့ ဇာတ္ေလးရွိတယ္..ကိုၿဗိ နားေထာင္ၿပီး ဝတၳဳေရးလိုက္..ေအာင္ျမင္ၿပီပဲ..ဇာတ္လမ္းက.... ေထာင္ကထြက္ေျပးၿပီး ပါတီဥကၠ႒ႀကီးျဖစ္သြားတဲ့ ဇာတ္ေလးေပါ့ဗ်ာ.” သြားၿပီ။

“ကြၽန္ေတာ္တို႔နယ္က ဓါးျပေမာင္လႈိင္အေၾကာင္း ေရးပါလား..သူက သူႀကီးအိမ္ကိုေတာင္ ေန႔ခင္းေၾကာင္ေတာင္ တက္ဓါးျပတိုက္တာေနာ္.. စပါးႏွစ္တင္းပါသြားတယ္...အဘြားေျပာျပလို႔သိတာ”

“ကြၽန္ေတာ္ဘဝက ငယ္ငယ္က သိပ္ဆင္းရဲခဲ့တာ။ေက်ာင္းသြားရင္ အိမ္က ေလးဘီးကားနဲ႔လိုက္ပို႔လို႔ အၿမဲတမ္းသိမ္ငယ္ခဲ့ရတယ္..အဲ့ဒီလိုနဲ႔ အေဖက ကြၽန္ေတာ့္ကို တီဗြီဂိမ္းစက္မဝယ္ေပးတဲ့အခါ....ငါ့ဘဝကို တစ္ေန႔ေအာင္ျမင္ေအာင္ႀကိဳးစားမယ္ဆိုၿပီး..”

အဲ့ဒါသာၾကည့္။

အိမ္တြင္းေအာင္းလို႔ တစ္ေန႔တစ္ေန႔ ဘူေနရတဲ့အထဲ ေမာ္ေတာ္ကားနံပါတ္ျပားအပ္သလို ဇာတ္လမ္းေတြ၊ စိတ္ကူးေတြ အအပ္ခံေနရတဲ့ဘဝ။လူဆိုတာ ကိုယ့္ဇာတ္လမ္း ကိုယ္ဇာတ္လိုက္၊ ကိုယ့္စိတ္ကူး ကိုယ့္ဇာတ္လမ္းဆိုတာက သဘာဝဆိုေတာ့လည္း သူတို႔အျပစ္ေတာ့မဟုတ္။အေတာ္မ်ားမ်ားက အိမ္တြင္းေအာင္းေနရေတာ့ စိတ္ကူးဥာဏ္ေတြကြန႔္ျမဴးေနတဲ့ ကာလေပကိုး။ခက္တာက သူတို႔ကြန႔္ျမဴးတိုင္းလည္း ကြၽန္ေတာ့္မွာ နားေထာင္ေပးေနရတဲ့ဘဝ။နားမေထာင္ခ်င္ဘူးဗ်ာဆိုလည္း ဒီဘဲ မာန္တက္တာလားဆိုၿပီး ေျပာမွာလည္းစိုးရေသး။လူမႈေရးကရွိေသးသကိုး။

ဒီေတာ့ ဖုန္းစိမ္းတစ္လုံးလာရင္ လန႔္ေနၿပီ။မက္ေဆ့ထဲ ဖုန္းနံပါတ္ေလးေပးပါလားဆို ၾကက္သီးေတြပါထေနၿပီ။ကြၽန္ေတာ့္ချမာ ကိုဗစ္ကာလမွာ ကိုဗစ္မေၾကာက္ပဲ စိတ္ကူးသမား၊ ဇာတ္လမ္းသမားေတြကို အေတာ္ေလးကိုေၾကာက္ေနပါၿပီ။

ဒါပါပဲ။

ကိုဗစ္နဲ႔ စာေရးဆရာတစ္ေယာက္ရဲ႕ ဒုကၡကေတာ့ ဒါပါပဲခင္ညာ။

ၿဗိတိသွ်ကိုကိုေမာင္
စက္တင္ဘာ - ၄