【 သရော်စာ 】" ကိုဗစ် နှင့် သမိုင်းအစဉ်အလာ"

【 သရော်စာ 】" ကိုဗစ် နှင့် သမိုင်းအစဉ်အလာ"

သာယာ၀တီမင်းလက်ထက်က  ဗိုလ်ထွေးကြီး ဆိုတဲ့လူက သူ့သားတွေ ရှင်ပြုအလှူလုပ်တယ်။
အကျွေးအမွေးမှာ မင်းပိုင်းစိုးပိုင်းအရာရှိပိုင်းဆို အိမ်ပေါ်ခေါ်ကျွေးတယ်။ သာမန်ဆင်းရဲသားဆို ရုံထိုးကျွေးတာပေါ့။အဲ့ဒီမှာ သာယာ၀တီမင်းရဲ့ သားတော်ကြီးတွေထဲက ပခန်းမင်းသားကြီးရဲ့ စာဆိုတော်ဦးဖုန်း ဆိုတာ ရောက်လာတယ်။
ပိတ်ပုဆိုး နဲ့ ပင်နီ ရင်ဘတ်ဟပြဲနဲ့ ၊ ခေါင်းပေါင်းအဖြူပေါင်းပြီးလာတာ။
သူ့ခေတ်အခါ ၀တ်စားပုံအရဆို ပေစုတ်စုပ်ပေါ့။
(အခုခေတ် ကျွန်တော့်ဘော်ဒါထဲက အချို့ ကဗျာဆရာ စာရေးဆရာဘဲတွေလို နေမှာပေါ့)
အလှူက လူတွေက သူ့ကို အိမ်ပေါ်မခေါ်ပဲ ဆင်းရဲသားတွေနဲ့အတူ ရုံထဲ မှာ တိုးဝှေ့စားခိုင်းလိုက် တာပေါ့။
အံမယ် ငနဲကြီးက ပေပြီးသွားစားတာဗျာ။

အဲ့ဒီတုန်းကတော့ ဆင်းရဲသားတွေနဲ့ တသားတည်းနေတဲ့ ပစ္စည်းမဲ့စာဆို မတ်စ်ဝါဒီစာဆို ဆိုပြီး သွားစားတာတော့ မဟုတ်လောက်ဘူး၊ ကားလမတ် အမေတောင် အပျိုပဲရှိဦးမှာ။ သူဆင်းရဲ တွေကို ကျွေးတာက ငရုတ်သီးကြော်၊ ငါးကြော်နှစ်ဖက် နဲ့ မျှစ်သနပ်တဲ့။ ဆရာသမား ကစားပြီး ငြိမ်ငြိမ်မနေဘူး။
မီးသွေးခဲ တခဲကောက်ပြီး စားပွဲမှာ စာရေးထားခဲ့တယ်။
အပြင်ထွက်တော့ ဗိုလ်ထွေးကြီးနဲ့ တိုးရော။
ဗိုလ်ထွေးကြီးက စားပြီးပြီလား စာဆိုတော်မင်းဆိုတော့ ခုပဲ ပြီးတယ်။ ဟိုရုံထဲမယ် စာကလေး တောင်ရေးခဲ့သေးတယ်ဆိုပြီး ပြောသွားတယ်။
ဗိုလ်ထွေးကြီး မျက်လုံးပြူးပြီပေါ့။
စားပွဲကို သွားယူကြည့်တော့ မီးသွေးနဲ့ ဒီလိုရေးထားတယ်။
"ငရုတ်ကြော်၊ ငါးကြော်က နှစ်တစ် ၊ ဗိုလ်ထွေးနော် ၊ သူကျွေးတယ်၊ ဈေးဆီက မျှစ်" တဲ့။
ဗိုလ်ထွေးကြီး တိုင်ပတ်ပြီလေ။
ဒီစာချိုးသာ ပြန့်သွားရင် သူလည်းသောက်ရှက်ကွဲပြီ။
ဒါတင်မကပဲ ဒီစာဆိုက သူ့ဆရာ ပခန်းမင်းသားကို ဒီအကြောင်းဖောက်သည်ချရင် မင်းသားက အမျက်ရှမှာလည်း စိုးရသေး။
ဒါနဲ့ပဲ

စာဆိုကြီးရယ် အိမ်ပေါ်က ဝိုင်းကို ကြွပါခင်ဗျာ။
၀က်သားနီချက်၊ ကြက်သားဟင်း၊ ယုန်သားဟင်းများ သုံးဆောင်ပါ လုပ်ရတယ်။
ပြီးတော့ ဒီကိစ္စ အပြင်ကို ပြန်မဖွဖို့ဆိုပြီး နှုတ်ပိတ်ဉာဏ်ပူဇော်ခ ငွေသား ၅၀ ပါ ဂါလိုက်ရသေး။
စာရေးဆရာ၊ ကဗျာဆရာများ အကျင့်တန်ချက်က အဲ့ဒီခေတ်ကတည်းကပဲ။ ဘယ့်နှယ့်ဗျာ သူများ အလှူလည်း အလကား၀င်တီးသေး၊ သောက်ဖောင်းကလည်းထုခဲ့သေး၊ ငွေငါးဆယ်ပါ အဆစ်ထပ်မလာလိုက်သေးတယ်။
ဪ ငါတို့ ဘိုးတော်ဘေးတော်စာဆိုတော်များ လက်ထက်ကတည်းက ဂလို သမိုင်းနဲ့ အစဉ်အလာနဲ့မဟုတ်လား။
မောင်ဗြိတို့ဆို အိမ်ခေါ်ပြီး အရက်လည်း ခေါ်တိုက်ရသေး။
ခင်ဗျားပုလင်းက ပလာညင်း ပုလင်းညာကြီး အတုကြီးဆိုပြီး ဖောင်းထုသေး။
အိမ်ရှင်ကိုလည်း စာထဲ မဟုတ်တရုတ် ထည့်ရေးသေး။
ပြီးရင် အိမ်ရှင် အိမ်သာမှာ အီးအစိတ်သားလောက်
အဆစ်၀င်ပါခဲ့သေးတာ။

အစဉ်အလာဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းစောင့်ထိန်းရတာကိုးဗျ။အခု ကိုဗစ်ကာလကျ မောင်ဗြိ တို့ စာပေလောကသားတွေ အတော်များများ အီစိမ့်ကုန်ကြတယ်။
သတင်းစာတွေကရပ်၊ ဟိုတယ်တွေကရပ်နဲ့ စာမူခတွေ နိမ်း၊ ပိုက်ဆံနိမ်း နဲ့မန်မန်တူတူပုန်းမယ့် ကိန်း ဖြစ်လာသူလည်း ဖြစ်ကုန်ပါလေရော။
ဒါပေမယ့်လည်း ချစ်စရာကောင်းတဲ့ ဓလေ့အတိုင်း ရှိတဲ့သူက မရှိတဲ့သူကိုမျှကြဝေကြ ။
အယ်ဒီတာတွေကလည်း ဂျာနယ်နားထားသော်ငြား ဘိုင်ပြတ်နေသူတွေကို စာမူခကြိုထုတ် ပေးကြ။
စာပေသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေကလည်းဆီဆန်ဆား ရိက္ခာတွေ တတ်နိုင်သလောက် ထောက်ပံ့ ပေးကြနဲ့ ။
ဆရာတော်တွေကလည်းတတ်နိုင်သမျှ စာပေလောကသားတွေအတွက်ဆိုပြီး ရိက္ခာတွေ ထောက် ပံ့ပေးကြပါတော့တယ်။
အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ။
ဟိုလူတွေကိုပဲပေးတယ်။ ငါတို့က စာပေလောကသား မဟုတ်လို့လား။
ငါက ဘိုးတော်ဘုရားချိုလိမ်စို့တုန်းက စာစရေးလာတာမသိတာလား။
ရန်ကုန်ကမဟုတ်လို့လား။ နယ်ကမို့လို့လား။
ဘာလားညာလားတွေနဲ့ ထုံးစံအတိုင်း ကွိုင်တွေ ပူးကုန်ပါလေရော။

 စာရေးဆရာ ဆိုတာ ကိုယ်ပိုင်နံပါတ်နဲ့ ကျောင်းဆင်းလာကြတာမဟုတ်၊ ယူနီဖောင်း ၀တ်လည်း မဟုတ်တော့ ဘယ်သူ ဘယ်သူ ခွဲခြားမနေနိုင်ပဲ နီးစပ်ရာ ပေးကြကမ်းကြ ရတာဆိုတော့ လှူဒါန်း ထောက်ပံ့သူတွေမှာလည်း အကုန်စိစစ်ပြီး ဘယ်ပေးနိုင်မလဲ။
ဒါက ကိုယ်နဲ့နီးစပ်တဲ့ စာပေလောကသားတွေပဲ ရှိသေး။
တလောက အစိုးရက လက်လုပ်လက်စားတွေကို ထောက်ပံ့တုန်းကဆို ရပ်ကွက်ရုံးရှေ့ တစ်နေ့ ရန်ပွဲသုံးလေးပွဲက အသာလေး။
ဒီလိုနဲ့ မောင်ဗြိ တို့ ရွှေပြည်ကြီး ထုံးစံအတိုင်း ဝုန်းကြ၊ ဒိုင်းကြ၊ ကွဲကြ၊ ပြဲကြ တွေ ၊ ဆော်ကြ နှက်ကြတဲ့ကြားထဲ အလှူရှင်တွေခမြာ ဗိုလ်ထွေးကြီး ရှင်ပြုမိသလို လှူလည်းလှူရသေး ဘယ်နေ့ စာချိုးပြီး ဆဲခံရမလဲဆိုတာ ရင်တမမ ဖြစ်နေရှာမှာပဲ။
ဪ..သမိုင်းအစဉ်အလာကို ကိုဗစ်ကာလမှတောင် မပျက်စေကြတဲ့..လူမျိုးကိုဗျ..။

ဗြိတိသျှကိုကိုမောင်

(  Zawgyi  )

 သာယာ၀တီမင္းလက္ထက္က  ဗိုလ္ေထြးႀကီး ဆိုတဲ့လူက သူ႔သားေတြ ရွင္ျပဳအလႉလုပ္တယ္။
အေကြၽးအေမြးမွာ မင္းပိုင္းစိုးပိုင္းအရာရွိပိုင္းဆို အိမ္ေပၚေခၚေကြၽးတယ္။ သာမန္ဆင္းရဲသားဆို ႐ုံထိုးေကြၽးတာေပါ့။အဲ့ဒီမွာ သာယာ၀တီမင္းရဲ႕ သားေတာ္ႀကီးေတြထဲက ပခန္းမင္းသားႀကီးရဲ႕ စာဆိုေတာ္ဦးဖုန္း ဆိုတာ ေရာက္လာတယ္။
ပိတ္ပုဆိုး နဲ႔ ပင္နီ ရင္ဘတ္ဟၿပဲနဲ႔ ၊ ေခါင္းေပါင္းအျဖဴေပါင္းၿပီးလာတာ။
သူ႔ေခတ္အခါ ၀တ္စားပုံအရဆို ေပစုတ္စုပ္ေပါ့။
(အခုေခတ္ ကြၽန္ေတာ့္ေဘာ္ဒါထဲက အခ်ိဳ႕ ကဗ်ာဆရာ စာေရးဆရာဘဲေတြလို ေနမွာေပါ့)
အလႉက လူေတြက သူ႔ကို အိမ္ေပၚမေခၚပဲ ဆင္းရဲသားေတြနဲ႔အတူ ႐ုံထဲ မွာ တိုးေဝွ႔စားခိုင္းလိုက္ တာေပါ့။
အံမယ္ ငနဲႀကီးက ေပၿပီးသြားစားတာဗ်ာ။

အဲ့ဒီတုန္းကေတာ့ ဆင္းရဲသားေတြနဲ႔ တသားတည္းေနတဲ့ ပစၥည္းမဲ့စာဆို မတ္စ္ဝါဒီစာဆို ဆိုၿပီး သြားစားတာေတာ့ မဟုတ္ေလာက္ဘူး၊ ကားလမတ္ အေမေတာင္ အပ်ိဳပဲရွိဦးမွာ။ သူဆင္းရဲ ေတြကို ေကြၽးတာက င႐ုတ္သီးေၾကာ္၊ ငါးေၾကာ္ႏွစ္ဖက္ နဲ႔ မွ်စ္သနပ္တဲ့။ ဆရာသမား ကစားၿပီး ၿငိမ္ၿငိမ္မေနဘူး။
မီးေသြးခဲ တခဲေကာက္ၿပီး စားပြဲမွာ စာေရးထားခဲ့တယ္။
အျပင္ထြက္ေတာ့ ဗိုလ္ေထြးႀကီးနဲ႔ တိုးေရာ။
ဗိုလ္ေထြးႀကီးက စားၿပီးၿပီလား စာဆိုေတာ္မင္းဆိုေတာ့ ခုပဲ ၿပီးတယ္။ ဟို႐ုံထဲမယ္ စာကေလး ေတာင္ေရးခဲ့ေသးတယ္ဆိုၿပီး ေျပာသြားတယ္။
ဗိုလ္ေထြးႀကီး မ်က္လုံးျပဴးၿပီေပါ့။
စားပြဲကို သြားယူၾကည့္ေတာ့ မီးေသြးနဲ႔ ဒီလိုေရးထားတယ္။
"င႐ုတ္ေၾကာ္၊ ငါးေၾကာ္က ႏွစ္တစ္ ၊ ဗိုလ္ေထြးေနာ္ ၊ သူေကြၽးတယ္၊ ေဈးဆီက မွ်စ္" တဲ့။
ဗိုလ္ေထြးႀကီး တိုင္ပတ္ၿပီေလ။
ဒီစာခ်ိဳးသာ ျပန႔္သြားရင္ သူလည္းေသာက္ရွက္ကြဲၿပီ။
ဒါတင္မကပဲ ဒီစာဆိုက သူ႔ဆရာ ပခန္းမင္းသားကို ဒီအေၾကာင္းေဖာက္သည္ခ်ရင္ မင္းသားက အမ်က္ရွမွာလည္း စိုးရေသး။
ဒါနဲ႔ပဲ

စာဆိုႀကီးရယ္ အိမ္ေပၚက ဝိုင္းကို ႂကြပါခင္ဗ်ာ။
၀က္သားနီခ်က္၊ ၾကက္သားဟင္း၊ ယုန္သားဟင္းမ်ား သုံးေဆာင္ပါ လုပ္ရတယ္။
ၿပီးေတာ့ ဒီကိစၥ အျပင္ကို ျပန္မဖြဖို႔ဆိုၿပီး ႏႈတ္ပိတ္ဉာဏ္ပူေဇာ္ခ ေငြသား ၅၀ ပါ ဂါလိုက္ရေသး။
စာေရးဆရာ၊ ကဗ်ာဆရာမ်ား အက်င့္တန္ခ်က္က အဲ့ဒီေခတ္ကတည္းကပဲ။ ဘယ့္ႏွယ့္ဗ်ာ သူမ်ား အလႉလည္း အလကား၀င္တီးေသး၊ ေသာက္ေဖာင္းကလည္းထုခဲ့ေသး၊ ေငြငါးဆယ္ပါ အဆစ္ထပ္မလာလိုက္ေသးတယ္။
ဪ ငါတို႔ ဘိုးေတာ္ေဘးေတာ္စာဆိုေတာ္မ်ား လက္ထက္ကတည္းက ဂလို သမိုင္းနဲ႔ အစဥ္အလာနဲ႔မဟုတ္လား။
ေမာင္ၿဗိတို႔ဆို အိမ္ေခၚၿပီး အရက္လည္း ေခၚတိုက္ရေသး။
ခင္ဗ်ားပုလင္းက ပလာညင္း ပုလင္းညာႀကီး အတုႀကီးဆိုၿပီး ေဖာင္းထုေသး။
အိမ္ရွင္ကိုလည္း စာထဲ မဟုတ္တ႐ုတ္ ထည့္ေရးေသး။
ၿပီးရင္ အိမ္ရွင္ အိမ္သာမွာ အီးအစိတ္သားေလာက္
အဆစ္၀င္ပါခဲ့ေသးတာ။

အစဥ္အလာဆိုတာ ဒီလိုပဲ လက္ဆင့္ကမ္းေစာင့္ထိန္းရတာကိုးဗ်။အခု ကိုဗစ္ကာလက် ေမာင္ၿဗိ တို႔ စာေပေလာကသားေတြ အေတာ္မ်ားမ်ား အီစိမ့္ကုန္ၾကတယ္။
သတင္းစာေတြကရပ္၊ ဟိုတယ္ေတြကရပ္နဲ႔ စာမူခေတြ နိမ္း၊ ပိုက္ဆံနိမ္း နဲ႔မန္မန္တူတူပုန္းမယ့္ ကိန္း ျဖစ္လာသူလည္း ျဖစ္ကုန္ပါေလေရာ။
ဒါေပမယ့္လည္း ခ်စ္စရာေကာင္းတဲ့ ဓေလ့အတိုင္း ရွိတဲ့သူက မရွိတဲ့သူကိုမွ်ၾကေဝၾက ။
အယ္ဒီတာေတြကလည္း ဂ်ာနယ္နားထားေသာ္ျငား ဘိုင္ျပတ္ေနသူေတြကို စာမူခႀကိဳထုတ္ ေပးၾက။
စာေပသမဂၢေတြ၊ အဖြဲ႕အစည္းေတြကလည္းဆီဆန္ဆား ရိကၡာေတြ တတ္ႏိုင္သေလာက္ ေထာက္ပံ့ ေပးၾကနဲ႔ ။
ဆရာေတာ္ေတြကလည္းတတ္ႏိုင္သမွ် စာေပေလာကသားေတြအတြက္ဆိုၿပီး ရိကၡာေတြ ေထာက္ ပံ့ေပးၾကပါေတာ့တယ္။
အဲ့ဒီမွာ ဇာတ္လမ္းက စေတာ့တာပါပဲ။
ဟိုလူေတြကိုပဲေပးတယ္။ ငါတို႔က စာေပေလာကသား မဟုတ္လို႔လား။
ငါက ဘိုးေတာ္ဘုရားခ်ိဳလိမ္စို႔တုန္းက စာစေရးလာတာမသိတာလား။
ရန္ကုန္ကမဟုတ္လို႔လား။ နယ္ကမို႔လို႔လား။
ဘာလားညာလားေတြနဲ႔ ထုံးစံအတိုင္း ကြိဳင္ေတြ ပူးကုန္ပါေလေရာ။

 စာေရးဆရာ ဆိုတာ ကိုယ္ပိုင္နံပါတ္နဲ႔ ေက်ာင္းဆင္းလာၾကတာမဟုတ္၊ ယူနီေဖာင္း ၀တ္လည္း မဟုတ္ေတာ့ ဘယ္သူ ဘယ္သူ ခြဲျခားမေနႏိုင္ပဲ နီးစပ္ရာ ေပးၾကကမ္းၾက ရတာဆိုေတာ့ လႉဒါန္း ေထာက္ပံ့သူေတြမွာလည္း အကုန္စိစစ္ၿပီး ဘယ္ေပးႏိုင္မလဲ။
ဒါက ကိုယ္နဲ႔နီးစပ္တဲ့ စာေပေလာကသားေတြပဲ ရွိေသး။
တေလာက အစိုးရက လက္လုပ္လက္စားေတြကို ေထာက္ပံ့တုန္းကဆို ရပ္ကြက္႐ုံးေရွ႕ တစ္ေန႔ ရန္ပြဲသုံးေလးပြဲက အသာေလး။
ဒီလိုနဲ႔ ေမာင္ၿဗိ တို႔ ေ႐ႊျပည္ႀကီး ထုံးစံအတိုင္း ဝုန္းၾက၊ ဒိုင္းၾက၊ ကြဲၾက၊ ၿပဲၾက ေတြ ၊ ေဆာ္ၾက ႏွက္ၾကတဲ့ၾကားထဲ အလႉရွင္ေတြချမာ ဗိုလ္ေထြးႀကီး ရွင္ျပဳမိသလို လႉလည္းလႉရေသး ဘယ္ေန႔ စာခ်ိဳးၿပီး ဆဲခံရမလဲဆိုတာ ရင္တမမ ျဖစ္ေနရွာမွာပဲ။
ဪ..သမိုင္းအစဥ္အလာကို ကိုဗစ္ကာလမွေတာင္ မပ်က္ေစၾကတဲ့..လူမ်ိဳးကိုဗ်..။

ၿဗိတိသွ်ကိုကိုေမာင္