【 သရော်စာ 】 ကျီးအာသီးရွာ ဒလိန်းပြပွဲ

【  သရော်စာ  】 ကျီးအာသီးရွာ ဒလိန်းပြပွဲ

ကျီးအာသီးရွာသူကြီး ဦးရွှီး က ဒလိန်းပြပွဲကြီးလုပ်မယ်လို့ ကြေညာလိုက်တယ်..။
ရွာသားတွေ အံသြကြတာပေါ့ ။ ဒလိန်းပြပွဲဆိုတာ ဘာပါလိမ့်..။ မနှစ်က ရွာဘုန်းကြီးပျံပွဲမှာ လာတဲ့ ဆိုင်းဝိုင်းလိုများလား ။ ဒါမှမဟုတ် ရွာဘုရားပွဲမှာ လာကတဲ့ ဇာတ်ပွဲလိုပဲလားပေါ့..။

 “ဒါ လွန်ခဲ့တဲ့ ရှင်ဘုရင်တွေလက်ထက်ကတည်းက ကျုပ်တို့ရွာမှာ လုပ်ဖူးပါတယ်.. အင်္ဂလိပ်မင်း လက်ထက် ဝေလမင်းသားရွာကို လာလည်တော့လည်း ဒလိန်းတစ်ခါပြဖူးပါတယ်”
သူကြီး ကတော့ ဒီလိုပဲ ခပ်တည်တည်ဖိန့်တော့ မင်းသားဆိုလို့ ရွှေမန်းတင်မောင်လောက်သာ သိတဲ့ ရွာသားတွေခမျာတော့  ယုံလိုက်ရတာပေါ့..။
မယုံလို့ကလည်း မရဘူး ။ ဒီသူကြီး ဦးရွှီး ဆိုတာ မျိုးရိုးစဉ်ဆက် ဒီရွာကို မောင်ပိုင်စီးပြီး အုပ်ချုပ် ခဲ့တာ..။
သူ့အဖေ ဦးဖြီး ဆို အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်တစ်ခေတ်လုံး တစ်ရွာလုံးကို နှစ်လုံးပြူးတစ်လက်နဲ့ ပြားပြားဝပ်နေအောင် အုပ်ချုပ်ခဲ့တာမို့လား..။
ဦးဖြီး သေတော့ ဂျပန်ပြေးလို့ အင်္ဂလိပ်တောင် ပြန်ဝင်လာပြီ..။
ဒါနဲ့ပဲ ထုံးစံအတိုင်း သူ့သား ဦးရွှီး က သူကြီးဖြစ်လာတော့တာပေါ့..။

ဦးရွှီးသူကြီးဖြစ်လို့ သိပ်မကြာဘူး လွတ်လပ်ရေးဆိုတာကြီးက ရပြီး ပါလီမန်အစိုးရတက်လာတယ်..။
အခု ဒလိန်းပြပွဲကလည်း အဲ့ဒီလို ခေတ်ပြောင်းလာတာနဲ့ တိုက်ရိုက်ကြီးသက်ဆိုင်တယ် ။
ဒလိန်းပြပွဲက ဦးရွှီး ရဲ့ ရာထူးတည်မြဲရေး အိုင်ဒီယိုလော်ဂျီအသစ်..။
ဟုတ်တယ်လေ…။
ဘယ်နှယ့် အခု လွတ်လပ်ရေးရပြီး ကိုယ့်လူမျိုးတွေ အစိုးရမင်းဖြစ်မှပဲ စနစ်တွေက ပြောင်းကုန်တာ..။

အရင် အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ်လို့ မျိုးရိုးစဉ်ဆက်သူကြီးမလုပ်ရတော့ဘူးတဲ့..။
ရွာသူရွာသားတွေက မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်တဲ့ သူကြီး ကိုသာ ခန့်အပ်ရတော့မယ်တဲ့…။
ဒီတော့ သူကြီး ဦးရွှီးခေါင်းခဲပြီပေါ့…။
အရင် အရင့် သူ့အဘိုး အဖေ သူကြီးတွေလက်ထက်ကတော့ ရွာသားတွေ ကြိုက်ဖို့ မကြိုက်ဖို့က အဓိက မဟုတ်ဘူး ။
မြို့က အိုင်စီအက်စ်တွေ ၊ ဘိလပ်စာရေးတွေကို အဖားတော်ရင်..အခွံ့တော်ရင် သူကြီးရာထူးက မြဲနေတာပဲလေ..။
အခုတော့ ရွာသားတွေ သူ့ကို ကြိုက်အောင်လုပ်ဖို့ သူကြီး ခေါင်းခဲပြီပေါ့..။

ကြိုက်အောင်လုပ်ဖို့သာပြောတာ သူ့လက်ထက်မှာက ရွာထဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် တိုးတက် ခဲ့ တာမရှိဘူး..။
သူတင်မကဘူး သူ့အဘိုး အဖေ သူကြီးတွေလည်း ရွာအတွက် ဘာမှ ကောင်းအောင်လုပ်ခဲ့တာ မဟုတ်ဘူး..။
အဲ ရွာအလယ်မှာတော့ သူ့အဖေ ဦးဖြီး ဖောက်ခဲ့တဲ့ လမ်းသစ်ကြီးတစ်ခုတော့ လမ်းညှိုးထိုးပြ စရာရှိ ပါရဲ့ ။
ဒါကလည်း ရွာသားတွေကို စေတနာရှိလွန်းလို့မဟုတ်ဘူး ။

မြို့က အိုင်စီအက်စ်တွေရဲ့ မော်တော်ကားကြီးတွေလာရင် မောင်းကောင်းအောင်ရယ်.. သူကြီးပိုင်တဲ့ စပါးတွေ နှမ်းတွေ မြို့ကို ရောင်းတဲ့အခါမှာ လှည်းမောင်းကောင်းပြီး အဖိတ်အစင်မရှိအောင်ရယ် ရည်ရွယ်ပြီး ဖောက်ထားတာ။
အခုသူ့လက်ထက်ကျတော့လည်း နာမည်နဲ့လိုက်အောင် ရွှီးလုံးတွေသာ များခဲ့တာ ။ ရွာအတွက် ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့…။
အဲ..သူကြီးဆွေမျိုးတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကတော့ ထုံးစံအတိုင်း ပန်းပန်လျက် ပဲပေါ့လေ..။
မြို့ကို အစည်းအဝေးသွားတော့  မြို့အုပ်က ကာကွယ်ရေးအဖွဲ့တွေ ရွာတိုင်းမှာ ဖွဲ့ရမယ် လို့ ပြောတယ်..။

ရောင်စုံသောင်းကျန်းသူတွေ ရွာကို လာပြီး ဆက်ကြေးတောင်းရင် တိုက်ထုတ်ဖို့တဲ့…။
ရွာကိုပြန်ရောက်တော့ သူကြီးက ရွာသားတွေကို မောင်းထုပြီး အစည်းအဝေးခေါ်တယ်…။
မြို့မှာတော့ ရောင်စုံသောင်းကျန်းသူဆိုတာကြီးတွေ သောင်းကျန်းနေပြီ ။ ကျုပ်တို့ ရွာတွေကိုလည်း ဒီကောင်တွေ ရောက်လာနိုင်တယ် ။ ဒီတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ရမယ် ဘာညာပေါ့..။
အမှန်က သူတို့ ကျီးအာသီး ရွာဆိုတာ မြို့နဲ့အလှမ်းကွာသလို တောနဲ့လဲ အလှမ်းကွာတယ်..။
ဒီကြားထဲ သူကြီးအဆက်ဆက်က ဗိုလ်ကျလက်ဝါးကြီးအုပ်ခဲ့တော့ ရွာက ချွတ်ခြုံကျနေတာ..။
ဘယ်သောင်းကျန်းသူမှ သူတို့ရွာကို ဝင်စီးဖို့ စိတ်ကူးမရှိဘူး..။
ဝင်စီးမိရင်လဲ ငတ်နေတဲ့ ရွာသားတွေကို သောင်းကျန်းသူတွေကတောင် သူတို့ရိက္ခာခွဲတမ်းထဲက ပြန်ပေးရမှာ သေချာတယ်…။

ဒါပေမယ့်လည်း သူကြီးက မြို့က ကြားလာတဲ့သတင်းတွေကို လေသံကြားတရားနာပြီး ဖြဲလုံး ခြောက်လုံးတွေ သုံးရတာပေါ့..။
ကျုပ်တို့ ရွာမှာ ကာကွယ်ရေးမရှိရင် သူပုန်တွေက မီးလာရှို့လိမ့်မယ် ။ ရွာသူတွေကို အဓမ္မ လာကျင့်ကြလိမ့်မယ် ဆိုတော့ ရွာသားတွေခင်မျာလည်း မျက်လုံးလေးကလယ်ကလယ်နဲ့ ကြောက်ကြရှာတယ်.။
ဒီတော့ ကာကွယ်ရေးအဖွဲ့တွေဖွဲ့မယ်..။ ပြီးရင် ရွာသားတိုင်းစစ်ပညာတတ်ကြောင်းကို ဒလိန်းပြပွဲ လုပ်မယ် ဆိုပြီး သူကြီးက ကြေညာပါလေရောလား…။
သူကြီး ဦးရွှီးပဲဟာ…။
သောင်းကျန်းသူနဲ့ဖြဲခြောက်မယ် ။ ပြီးတော့ ဘိုးစဉ်ဘောင်ဆက်က ကျည်မထွက်တာ ဘယ်နှစ်နှစ်မှန်း မသိတဲ့ သူ့နှစ်လုံးပြူးကြီးကို ထမ်းပြီး ငါသာလျှင် ဒီရွာကို ကာကွယ်နိုင်တာဆိုပြီးရွာသားကိုမြင်အောင်
ုပြမယ် ။

ဒီတော့မှ ရွာသားတွေကလည်း ဟား ဦးရွှီးနဲ့ နှလုံးပြူးမရှိရင်တော့ ငါတို့ရွာတော့ သောင်းကျန်းသူ ဆိုတာတွေ လာတော့မှာပဲဆိုပြီး နောက်တစ်ခါ သူကြီးရွေးပွဲကျ ဦးရွှီးကိုပဲ မဲထည့်ကြ မယ်… မဟုတ်လား..။
ဒါ သူကြီး ဦးရွှီးရဲ့ မဟာဗျူဟာမြောက် အတွေးအခေါ် ။
ဒလိန်းပြပွဲဆိုတာ ရွာထဲက လူငယ်တွေနဲ့ဖွဲ့ထားတဲ့ ကာကွယ်ရေးအဖွဲ့တွေက သူကြီးမင်းအိမ်ရှေ့မှာ စစ်ရေးလာပြရမဲ့ ပွဲ…။
ဒီအိုင်ဒီယာလည်း ဦးရွှီး မြို့ကပဲ ရခဲ့တာ…။

မြို့မှာက ဘီဒီအေတွေ ၊ ပြည်သူ့ရဲဘော်ဆိုတာတွေက ပွဲလန်းသဘင်ရှိရင် ဒီလိုပဲ ဒလိန်းပြကြတာ ။
ပြည်သူတွေက လက်ခုပ်တီးကြ ပန်းကုံးစွပ်ကြ..အဲ့ဒီမြင်ကွင်းကို ဦးရွှီး တစ်ခါမြင်ကတည်းက ရွာမှာလည်း ဒီနည်းသုံးမယ်ဆိုပြီး ကြံစည်ခဲ့တာပေါ့…။
ကဲ..ဒလိန်းပြတာတော့ ဟုတ်ပါပြီ ။ ရွာကလူငယ်တွေ က ဒလိန်းပြတယ် စစ်ရေးပြတယ်ဆိုတာ ဘာမှန်းသိတာမဟုတ် ။
သေနတ်ဆိုလို့တောင် ပွဲလန်းသဘင်ရှိမှ ထုတ်ကိုင်တတ်တဲ့ သူကြီးရဲ့ နိုင်တီးဂွမ်တီး နှစ်လုံးပြူးကြီး သာ မြင်ဖူးတာရယ်..။
ဒီလိုမေးကြတော့ သူကြီးက ပြုံးတယ်…။
ကိစ္စမရှိ ။ သူကြီးတူ အောင်ကြီး ဆိုတာ ရှိတယ်..။

သူက ဂျပန်ခေတ်တုန်းက မြို့မှာ ကျောင်းနေတော့ အာရှလူငယ်အစည်းအရုံးဆိုတာမှာ ဝင်ခဲ့ဖူးတယ်..။
အဲ့ဒီအဖွဲ့မှ စစ်ရေးပြတွေဘာတွေသင်ပြီး ဒလိန်းပြပွဲမှာတောင် ဝင်လမ်းလျှောက်ခဲ့ဖူးတာပဲ..။
ဒလိန်းပြပွဲအတွက် အောင်ကြီးကို နည်းပြချုပ် တန်းခန့်လိုက်ရုံပဲ…။
ဒီလိုနဲ့ပဲ ကျီးအာသီး ရွာရဲ့ မရှိမဖြစ်ကာကွယ်ရေးသူကြီးမင်းရဲ့ ဒလိန်းပြပွဲကြီး အတွက်ပြင်ကြဆင်ကြတော့တာ..။
ရွာထဲက ရှိစုမဲ့စုလူငယ်တွေနဲ့ဖွဲ့ထားတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ကို သူကြီးတူ အောင်ကြီးက ဒလိန်းလျှောက်နည်းသင်ပေးတယ်…။
ဒီလူငယ်တွေ စားဖို့သောက်ဖို့ နဲ့ ထန်းရေဖိုးကအစ သူကြီးက ရွာရံပုံငွေထဲက သုံးရတော့တာပေါ့…။
ကိစ္စမရှိ….။ ရွာထဲမှာ ကလေးတွေ ငတ်ပြီး တွေ့ကရာလျှောက်စားလို့ ဝမ်းလျောနေတာလည်း ကိစ္စမရှိ ။

ရွာတောင်ပိုင်းမှာ မီးလောင်လို့ အိမ်ဆယ်အိမ်လောက်ပြာကျပြီး လူတွေစားစရာနေစရာမရှိတာလည်း ကိစ္စမရှိ ။
ကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာကောင်းကောင်းမရှိတာလည်း ကိစ္စမရှိ ။
ရွာဘုန်းကြီးကျောင်းကြီးမှာ အမိုးတွေစုတ်ပြဲပြီး ကြမ်းခင်းတွေ ဆွေးနေတာလည်း ကိစ္စမရှိ ။
ကိစ္စရှိတာက နောက်တစ်ကြိမ် မြို့ကလူကြီးတွေလာပြီး သူကြီးရွေးပွဲလုပ်ရင် ကာကွယ်ရေးတောင့်တင်းတဲ့ မရှိမဖြစ်သူကြီးရာထူးက ဦးရွှီးအတွက်ဖြစ်နေဖို့ အဓိက ။
အဲဒီတော့..ရွာကလူတွေ သဘောအကျကြီး ကျဖို့..အားအကျကြီး ကျဖို့ ဒလိန်းသည်သာ အဓိက…။
အောင်မယ် ဒီကြားထဲ သူကြီးဦးရွှီးတို့ ကံကောင်းခြင်တော့..တစ်ဖက်ရွာက ဓားပြဗိုလ်ကျော်ရှိန်းနဲ့ ချိတ်ဆက်မိပြီး စစ်ကျန် ရိုင်ဖယ်နှစ်လက် ကို လျော့ဈေးနှင့်ရလိုက်သေးတယ်…။

နှစ်လုံးပြူးကြီးတစ်လက် ၊ ဓားပြဗိုလ်ဆီက ဝယ်ထားတဲ့ စစ်ကျန်ရိုင်ဖယ်နှစ်လက် နဲ့ သူကြီး ဦးရွှီးရဲ့ မီးကျိုးမောင်းပျက် ကျီးအာသီးကာကွယ်ရေးအဖွဲ့ကြီးကတော့ အင်အားတောင့်တင်သွားပြီ ။
ကျီးအာသီးရွာထဲမှာလည်း ဘယ်ညာ ဘယ်ညာဆိုတဲ့အသံတွေ ရွာထဲမှာ ညံနေတော့တာ…။
ဒလိန်းပြပွဲလေ့ကျင်နေတဲ့ကွင်းမှာဆို ကလေးလူကြီး တရုန်းရုန်းနဲ့ပေါ့..။
အဲ….တစ်ခုရှိတာက စစ်ကျန်ရိုင်ဖယ်နှစ်လက်ကိစ္စကိုတော့ သူကြီးက ရွာသားတွေ အသိမပေးဘူး ..။
ဒလိန်းပွဲနေ့ကျမှ ရွာသားတွေ အံသြသွားအောင် သူ့လက်နက်ဆန်းတွေ ထုတ်ပြမယ်လို့ ကြံစည်ထားသကိုး..။
ဒီလိုနဲ့ ဒလိန်းပြပွဲနေ့ရောက်ပါပြီ…။

သူကြီးရယ် ၊ သူကြီးကတော်ရယ် ရွာလူကြီးအပေါင်းသူတော်ကောင်းတို့က သူကြီးရဲ့ နှစ်ဆောင်မြိုင် အိမ်ကြီး ဝရံတာမှာ ဒလိန်းသဘင်ကို ရှုစားဖို့ ခန့်ခန့်ကြီးရောက်နေပြီ..။
ဟော့ လာပါပြီ..ဒလိန်းတပ်ဖွဲ့…။
ဒိုးပတ်ဆရာ ကိုဆလံ ကလည်း ဒိုးပတ်ကို အင်္ဂလိပ်ဘင်နဲ့ခပ်ဆင်ဆင်တီးလုံးမျိုး ထွင်ပြီး တီးလာတာ..။
အဲ့ဒီနောက်ကမှ ကျီးအာသီးရွာရဲ့ ဒလိန်းနည်းပြချုပ် သူကြီးတူအောင်ကြီးက လေးကင်းကြီးကို ထမ်းပြီး ဘယ်ညာ ဘယ်ညာ အော်လာတယ်..။

သူ့နောက်က ထန်းရည်လေးထွေထွေနဲ့လိုက်လာတဲ့ ရွာကာကွယ်ရေးအဖွဲ့တွေကလည်း လက်ကြီးတွေလွှဲ ၊ ခြေထောက်ကြီးတွေမြှောက်ပြီး..ဘယ်ညာ..ဘယ်ညာပေါ့…။
အဲ့ဒီနောက်မှာတော့ သူကြီးရဲ့ လျှို့ဝှက်အထူးအစီအစဉ်လက်နက်ပြပွဲလာပါပြီ…။
သာခင် မောင်းတဲ့ နွားလှည်းမှာ ရှေးအစဉ်အလာမပျက် ကျီးအာသီး သူကြီးမင်း၏ ဂုဏ်ကျက်သရေဆောင် နှစ်လုံးပြူးကြီးကို ခွထောက်တွေဘာတွေနဲ့ အသေအချာထောက်ပြီး တအိအိမောင်းလာတာ..။

အဲ့ဒီနောက်က လှည်းမှာတော့ သူကြီးရဲ့ ဝှက်ဖဲ….စစ်ကျန် အင်္ဂလိပ်ရိုင်ဖယ်ကြီး နှစ်လက် ။
အောင်မယ် သူကြီးတို့ ဉာဏ်ပြေးချက်က သေနတ်နှစ်လက်ကို  ရွှေပိန်းတွေဘာတွေချပြီး တင်လာတာမှ လိုးလိုးလက်လက်နဲ့…။
“အို” “ဟာ” “ဟင်”
သူကြီး ဦးရွှီးရဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ကြီးရဲ့ လက်နက်ဆန်းနှစ်လက်ကို ရွာသားတွေ ကြည့်ပြီး တအံတသြနဲ့ မှင်တက်ကုန်ကြတယ်..။
ပြီးတော့ လက်ခုပ် တစ်ဖြောင်းဖြောင်း တီးကြတယ်..။
“ဟေ့ ဘာမှတ်လဲကွ..ကျီးအာသီးရွာမှာ ဒီလို လက်နက်တွေရှိတယ်”
တစ်ချို့ရွာသားတွေက နှစ်လုံးပြူး နဲ့ ရိုင်ဖယ်နှစ်လက်ကိုကြည်ပြီး လက်ပန်းပေါက် ခပ်ကြတယ်…။

“ဒါပဲကွ..တို့သူကြီး ဦးရွှီး ရဲ့ ဘုန်းတန်ခိုး ဆိုတာ…ဟေး..ဒါမှ တို့ကျီးအာသီးရွာသားကွ”
တစ်ချို့လည်း ခါးတောင်းကိုမြှောင်နေအောင် ကြိုက်ပြီး ဇာတိမာန်ပြကြပေါ့…။
ရွာသားတစ်ချို့ကတော့..
“တောက် ဒီဒလိန်းပွဲမှာ ကုန်မဲ့ငွေတွေအစား ရွာစာသင်ကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေ ပြင်ပေးလိုက်ရင်ကွာ” ဆိုပြီး ညည်းမိကြတယ်..။
အဲ့ဒီအခါကျ ခုန ခါးတောင်းကျိုက်နေတဲ့ ရွာသားတွေက ဘုကြည့်ဝိုင်းကြည့်ကြ..ဆဲဆိုကြဆိုတော့ ပြောမိတဲ့ ရွာသားတွေမှာလည်း ဇက်ကလေးပုပြီး လက်နက်ဆန်းတွေ ကို သာ အသာလေးငေးနေလိုက်ရရှာတယ်..။

ဘာပဲဖြစ်ဖြစ် ရွာသားအများစုကတော့ ဒီလက်နက်ဆန်းတွေမြင်တော့ အားတွေတက်ကြ..သူကြီးကို ပိုပြီးလေးစားကြ..ခန့်ညားကြ ဖြစ်ကုန်တာ..။
သူကြီးကတော့ သူ့အိမ်ကြီး ဝရံတာကနေ သူ့လက်နက်ဆန်းတွေကိုကြည့်လိုက် ၊ သူ့ကို တလေးတစားဖြစ်ကုန်ကြတဲ့ ရွာသားတွေကို ကြည့်လိုက်နဲ့..
ရှေးကဗျာတွေထဲက စကားငှားသုံးရရင် ဘီလူးသွား လဖြဲ တည်း ကို ဖြစ်နေတော့တာပေါ့…။
တကယ်တော့ အဲ့ဒီနေ့ဟာ ကျီးအာသီးရွာသားတွေအတွက် သူတို့ ဝမ်းခေါင်ခေါင်တွေကို ခဏမေ့ပြီး ရွှေကျောင်းပြောင်ပြောင်ကြီးကို ရေစက်ချလိုက်ကြတဲ့ နေ့ပေါ့…။

ကျီးအာသီးရွာသားတွေက သူတို့ရဲ့ နှစ်လုံးပြူး ၊ ရိုင်ဖယ်လက်နက်ဆန်းတွေကို ဂုဏ်ယူနေချိန်မှာ သူတို့နဲ့ အနီးဆုံးမြို့မှာတော့ ဆိုဗီယက်ရုရှားက အနုမြူဗုံးကို အောင်မြင်စွာတီထွင်လိုက်နိုင်တဲ့အကြောင်း သတင်းစာတွေ ရောင်းကောင်းနေတယ်…။
အို..ဘာပဲဖြစ်ဖြစ်လေ..။
တို့ကျီးအာသီး ရွာဆိုတဲ့ ဝါးလုံးခေါင်းလေးထဲမှာတော့…………… လကသာ လို့…။
 
ဗြိတိသျှကိုကိုမောင်

(  Zawgyi  )

 က်ီးအာသီး႐ြာသူႀကီး ဦး႐ႊီး က ဒလိန္းျပပြဲႀကီးလုပ္မယ္လို႔ ေၾကညာလိုက္တယ္..။
႐ြာသားေတြ အံၾသၾကတာေပါ့ ။ ဒလိန္းျပပြဲဆိုတာ ဘာပါလိမ့္..။ မႏွစ္က ႐ြာဘုန္းႀကီးပ်ံပြဲမွာ လာတဲ့ ဆိုင္းဝိုင္းလိုမ်ားလား ။ ဒါမွမဟုတ္ ႐ြာဘုရားပြဲမွာ လာကတဲ့ ဇာတ္ပြဲလိုပဲလားေပါ့..။

 “ဒါ လြန္ခဲ့တဲ့ ရွင္ဘုရင္ေတြလက္ထက္ကတည္းက က်ဳပ္တို႔႐ြာမွာ လုပ္ဖူးပါတယ္.. အဂၤလိပ္မင္း လက္ထက္ ေဝလမင္းသား႐ြာကို လာလည္ေတာ့လည္း ဒလိန္းတစ္ခါျပဖူးပါတယ္”
သူႀကီး ကေတာ့ ဒီလိုပဲ ခပ္တည္တည္ဖိန႔္ေတာ့ မင္းသားဆိုလို႔ ေ႐ႊမန္းတင္ေမာင္ေလာက္သာ သိတဲ့ ႐ြာသားေတြခမ်ာေတာ့  ယုံလိုက္ရတာေပါ့..။
မယုံလို႔ကလည္း မရဘူး ။ ဒီသူႀကီး ဦး႐ႊီး ဆိုတာ မ်ိဳး႐ိုးစဥ္ဆက္ ဒီ႐ြာကို ေမာင္ပိုင္စီးၿပီး အုပ္ခ်ဳပ္ ခဲ့တာ..။
သူ႔အေဖ ဦးၿဖီး ဆို အဂၤလိပ္ေခတ္နဲ႔ ဂ်ပန္ေခတ္တစ္ေခတ္လုံး တစ္႐ြာလုံးကို ႏွစ္လုံးျပဴးတစ္လက္နဲ႔ ျပားျပားဝပ္ေနေအာင္ အုပ္ခ်ဳပ္ခဲ့တာမို႔လား..။
ဦးၿဖီး ေသေတာ့ ဂ်ပန္ေျပးလို႔ အဂၤလိပ္ေတာင္ ျပန္ဝင္လာၿပီ..။
ဒါနဲ႔ပဲ ထုံးစံအတိုင္း သူ႔သား ဦး႐ႊီး က သူႀကီးျဖစ္လာေတာ့တာေပါ့..။

ဦး႐ႊီးသူႀကီးျဖစ္လို႔ သိပ္မၾကာဘူး လြတ္လပ္ေရးဆိုတာႀကီးက ရၿပီး ပါလီမန္အစိုးရတက္လာတယ္..။
အခု ဒလိန္းျပပြဲကလည္း အဲ့ဒီလို ေခတ္ေျပာင္းလာတာနဲ႔ တိုက္႐ိုက္ႀကီးသက္ဆိုင္တယ္ ။
ဒလိန္းျပပြဲက ဦး႐ႊီး ရဲ႕ ရာထူးတည္ၿမဲေရး အိုင္ဒီယိုေလာ္ဂ်ီအသစ္..။
ဟုတ္တယ္ေလ…။
ဘယ္ႏွယ့္ အခု လြတ္လပ္ေရးရၿပီး ကိုယ့္လူမ်ိဳးေတြ အစိုးရမင္းျဖစ္မွပဲ စနစ္ေတြက ေျပာင္းကုန္တာ..။

အရင္ အဂၤလိပ္ေခတ္ ၊ ဂ်ပန္ေခတ္လို႔ မ်ိဳး႐ိုးစဥ္ဆက္သူႀကီးမလုပ္ရေတာ့ဘူးတဲ့..။
႐ြာသူ႐ြာသားေတြက မဲစနစ္နဲ႔ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ သူႀကီး ကိုသာ ခန႔္အပ္ရေတာ့မယ္တဲ့…။
ဒီေတာ့ သူႀကီး ဦး႐ႊီးေခါင္းခဲၿပီေပါ့…။
အရင္ အရင့္ သူ႔အဘိုး အေဖ သူႀကီးေတြလက္ထက္ကေတာ့ ႐ြာသားေတြ ႀကိဳက္ဖို႔ မႀကိဳက္ဖို႔က အဓိက မဟုတ္ဘူး ။
ၿမိဳ႕က အိုင္စီအက္စ္ေတြ ၊ ဘိလပ္စာေရးေတြကို အဖားေတာ္ရင္..အခြံ႕ေတာ္ရင္ သူႀကီးရာထူးက ၿမဲေနတာပဲေလ..။
အခုေတာ့ ႐ြာသားေတြ သူ႔ကို ႀကိဳက္ေအာင္လုပ္ဖို႔ သူႀကီး ေခါင္းခဲၿပီေပါ့..။

ႀကိဳက္ေအာင္လုပ္ဖို႔သာေျပာတာ သူ႔လက္ထက္မွာက ႐ြာထဲ ဘာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ တိုးတက္ ခဲ့ တာမရွိဘူး..။
သူတင္မကဘူး သူ႔အဘိုး အေဖ သူႀကီးေတြလည္း ႐ြာအတြက္ ဘာမွ ေကာင္းေအာင္လုပ္ခဲ့တာ မဟုတ္ဘူး..။
အဲ ႐ြာအလယ္မွာေတာ့ သူ႔အေဖ ဦးၿဖီး ေဖာက္ခဲ့တဲ့ လမ္းသစ္ႀကီးတစ္ခုေတာ့ လမ္းညႇိဳးထိုးျပ စရာရွိ ပါရဲ႕ ။
ဒါကလည္း ႐ြာသားေတြကို ေစတနာရွိလြန္းလို႔မဟုတ္ဘူး ။

ၿမိဳ႕က အိုင္စီအက္စ္ေတြရဲ႕ ေမာ္ေတာ္ကားႀကီးေတြလာရင္ ေမာင္းေကာင္းေအာင္ရယ္.. သူႀကီးပိုင္တဲ့ စပါးေတြ ႏွမ္းေတြ ၿမိဳ႕ကို ေရာင္းတဲ့အခါမွာ လွည္းေမာင္းေကာင္းၿပီး အဖိတ္အစင္မရွိေအာင္ရယ္ ရည္႐ြယ္ၿပီး ေဖာက္ထားတာ။
အခုသူ႔လက္ထက္က်ေတာ့လည္း နာမည္နဲ႔လိုက္ေအာင္ ႐ႊီးလုံးေတြသာ မ်ားခဲ့တာ ။ ႐ြာအတြက္ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္မရွိခဲ့…။
အဲ..သူႀကီးေဆြမ်ိဳးေတြနဲ႔ ပတ္သက္ရာပတ္သက္ေၾကာင္းေတြကေတာ့ ထုံးစံအတိုင္း ပန္းပန္လ်က္ ပဲေပါ့ေလ..။
ၿမိဳ႕ကို အစည္းအေဝးသြားေတာ့  ၿမိဳ႕အုပ္က ကာကြယ္ေရးအဖြဲ႕ေတြ ႐ြာတိုင္းမွာ ဖြဲ႕ရမယ္ လို႔ ေျပာတယ္..။

ေရာင္စုံေသာင္းက်န္းသူေတြ ႐ြာကို လာၿပီး ဆက္ေၾကးေတာင္းရင္ တိုက္ထုတ္ဖို႔တဲ့…။
႐ြာကိုျပန္ေရာက္ေတာ့ သူႀကီးက ႐ြာသားေတြကို ေမာင္းထုၿပီး အစည္းအေဝးေခၚတယ္…။
ၿမိဳ႕မွာေတာ့ ေရာင္စုံေသာင္းက်န္းသူဆိုတာႀကီးေတြ ေသာင္းက်န္းေနၿပီ ။ က်ဳပ္တို႔ ႐ြာေတြကိုလည္း ဒီေကာင္ေတြ ေရာက္လာႏိုင္တယ္ ။ ဒီေတာ့ ကာကြယ္ေရးတပ္ဖြဲ႕ေတြဖြဲ႕ရမယ္ ဘာညာေပါ့..။
အမွန္က သူတို႔ က်ီးအာသီး ႐ြာဆိုတာ ၿမိဳ႕နဲ႔အလွမ္းကြာသလို ေတာနဲ႔လဲ အလွမ္းကြာတယ္..။
ဒီၾကားထဲ သူႀကီးအဆက္ဆက္က ဗိုလ္က်လက္ဝါးႀကီးအုပ္ခဲ့ေတာ့ ႐ြာက ခြၽတ္ၿခဳံက်ေနတာ..။
ဘယ္ေသာင္းက်န္းသူမွ သူတို႔႐ြာကို ဝင္စီးဖို႔ စိတ္ကူးမရွိဘူး..။
ဝင္စီးမိရင္လဲ ငတ္ေနတဲ့ ႐ြာသားေတြကို ေသာင္းက်န္းသူေတြကေတာင္ သူတို႔ရိကၡာခြဲတမ္းထဲက ျပန္ေပးရမွာ ေသခ်ာတယ္…။

ဒါေပမယ့္လည္း သူႀကီးက ၿမိဳ႕က ၾကားလာတဲ့သတင္းေတြကို ေလသံၾကားတရားနာၿပီး ၿဖဲလုံး ေျခာက္လုံးေတြ သုံးရတာေပါ့..။
က်ဳပ္တို႔ ႐ြာမွာ ကာကြယ္ေရးမရွိရင္ သူပုန္ေတြက မီးလာရႈိ႕လိမ့္မယ္ ။ ႐ြာသူေတြကို အဓမၼ လာက်င့္ၾကလိမ့္မယ္ ဆိုေတာ့ ႐ြာသားေတြခင္မ်ာလည္း မ်က္လုံးေလးကလယ္ကလယ္နဲ႔ ေၾကာက္ၾကရွာတယ္.။
ဒီေတာ့ ကာကြယ္ေရးအဖြဲ႕ေတြဖြဲ႕မယ္..။ ၿပီးရင္ ႐ြာသားတိုင္းစစ္ပညာတတ္ေၾကာင္းကို ဒလိန္းျပပြဲ လုပ္မယ္ ဆိုၿပီး သူႀကီးက ေၾကညာပါေလေရာလား…။
သူႀကီး ဦး႐ႊီးပဲဟာ…။
ေသာင္းက်န္းသူနဲ႔ၿဖဲေျခာက္မယ္ ။ ၿပီးေတာ့ ဘိုးစဥ္ေဘာင္ဆက္က က်ည္မထြက္တာ ဘယ္ႏွစ္ႏွစ္မွန္း မသိတဲ့ သူ႔ႏွစ္လုံးျပဴးႀကီးကို ထမ္းၿပီး ငါသာလွ်င္ ဒီ႐ြာကို ကာကြယ္ႏိုင္တာဆိုၿပီး႐ြာသားကိုျမင္ေအာင္
ုျပမယ္ ။

ဒီေတာ့မွ ႐ြာသားေတြကလည္း ဟား ဦး႐ႊီးနဲ႔ ႏွလုံးျပဴးမရွိရင္ေတာ့ ငါတို႔႐ြာေတာ့ ေသာင္းက်န္းသူ ဆိုတာေတြ လာေတာ့မွာပဲဆိုၿပီး ေနာက္တစ္ခါ သူႀကီးေ႐ြးပြဲက် ဦး႐ႊီးကိုပဲ မဲထည့္ၾက မယ္… မဟုတ္လား..။
ဒါ သူႀကီး ဦး႐ႊီးရဲ႕ မဟာဗ်ဴဟာေျမာက္ အေတြးအေခၚ ။
ဒလိန္းျပပြဲဆိုတာ ႐ြာထဲက လူငယ္ေတြနဲ႔ဖြဲ႕ထားတဲ့ ကာကြယ္ေရးအဖြဲ႕ေတြက သူႀကီးမင္းအိမ္ေရွ႕မွာ စစ္ေရးလာျပရမဲ့ ပြဲ…။
ဒီအိုင္ဒီယာလည္း ဦး႐ႊီး ၿမိဳ႕ကပဲ ရခဲ့တာ…။

ၿမိဳ႕မွာက ဘီဒီေအေတြ ၊ ျပည္သူ႔ရဲေဘာ္ဆိုတာေတြက ပြဲလန္းသဘင္ရွိရင္ ဒီလိုပဲ ဒလိန္းျပၾကတာ ။
ျပည္သူေတြက လက္ခုပ္တီးၾက ပန္းကုံးစြပ္ၾက..အဲ့ဒီျမင္ကြင္းကို ဦး႐ႊီး တစ္ခါျမင္ကတည္းက ႐ြာမွာလည္း ဒီနည္းသုံးမယ္ဆိုၿပီး ႀကံစည္ခဲ့တာေပါ့…။
ကဲ..ဒလိန္းျပတာေတာ့ ဟုတ္ပါၿပီ ။ ႐ြာကလူငယ္ေတြ က ဒလိန္းျပတယ္ စစ္ေရးျပတယ္ဆိုတာ ဘာမွန္းသိတာမဟုတ္ ။
ေသနတ္ဆိုလို႔ေတာင္ ပြဲလန္းသဘင္ရွိမွ ထုတ္ကိုင္တတ္တဲ့ သူႀကီးရဲ႕ ႏိုင္တီးဂြမ္တီး ႏွစ္လုံးျပဴးႀကီး သာ ျမင္ဖူးတာရယ္..။
ဒီလိုေမးၾကေတာ့ သူႀကီးက ၿပဳံးတယ္…။
ကိစၥမရွိ ။ သူႀကီးတူ ေအာင္ႀကီး ဆိုတာ ရွိတယ္..။

သူက ဂ်ပန္ေခတ္တုန္းက ၿမိဳ႕မွာ ေက်ာင္းေနေတာ့ အာရွလူငယ္အစည္းအ႐ုံးဆိုတာမွာ ဝင္ခဲ့ဖူးတယ္..။
အဲ့ဒီအဖြဲ႕မွ စစ္ေရးျပေတြဘာေတြသင္ၿပီး ဒလိန္းျပပြဲမွာေတာင္ ဝင္လမ္းေလွ်ာက္ခဲ့ဖူးတာပဲ..။
ဒလိန္းျပပြဲအတြက္ ေအာင္ႀကီးကို နည္းျပခ်ဳပ္ တန္းခန႔္လိုက္႐ုံပဲ…။
ဒီလိုနဲ႔ပဲ က်ီးအာသီး ႐ြာရဲ႕ မရွိမျဖစ္ကာကြယ္ေရးသူႀကီးမင္းရဲ႕ ဒလိန္းျပပြဲႀကီး အတြက္ျပင္ၾကဆင္ၾကေတာ့တာ..။
႐ြာထဲက ရွိစုမဲ့စုလူငယ္ေတြနဲ႔ဖြဲ႕ထားတဲ့ ေက်း႐ြာကာကြယ္ေရးအဖြဲ႕ကို သူႀကီးတူ ေအာင္ႀကီးက ဒလိန္းေလွ်ာက္နည္းသင္ေပးတယ္…။
ဒီလူငယ္ေတြ စားဖို႔ေသာက္ဖို႔ နဲ႔ ထန္းေရဖိုးကအစ သူႀကီးက ႐ြာရံပုံေငြထဲက သုံးရေတာ့တာေပါ့…။
ကိစၥမရွိ….။ ႐ြာထဲမွာ ကေလးေတြ ငတ္ၿပီး ေတြ႕ကရာေလွ်ာက္စားလို႔ ဝမ္းေလ်ာေနတာလည္း ကိစၥမရွိ ။

႐ြာေတာင္ပိုင္းမွာ မီးေလာင္လို႔ အိမ္ဆယ္အိမ္ေလာက္ျပာက်ၿပီး လူေတြစားစရာေနစရာမရွိတာလည္း ကိစၥမရွိ ။
ေက်း႐ြာစာသင္ေက်ာင္းမွာ ေက်ာင္းဆရာေကာင္းေကာင္းမရွိတာလည္း ကိစၥမရွိ ။
႐ြာဘုန္းႀကီးေက်ာင္းႀကီးမွာ အမိုးေတြစုတ္ၿပဲၿပီး ၾကမ္းခင္းေတြ ေဆြးေနတာလည္း ကိစၥမရွိ ။
ကိစၥရွိတာက ေနာက္တစ္ႀကိမ္ ၿမိဳ႕ကလူႀကီးေတြလာၿပီး သူႀကီးေ႐ြးပြဲလုပ္ရင္ ကာကြယ္ေရးေတာင့္တင္းတဲ့ မရွိမျဖစ္သူႀကီးရာထူးက ဦး႐ႊီးအတြက္ျဖစ္ေနဖို႔ အဓိက ။
အဲဒီေတာ့..႐ြာကလူေတြ သေဘာအက်ႀကီး က်ဖို႔..အားအက်ႀကီး က်ဖို႔ ဒလိန္းသည္သာ အဓိက…။
ေအာင္မယ္ ဒီၾကားထဲ သူႀကီးဦး႐ႊီးတို႔ ကံေကာင္းျခင္ေတာ့..တစ္ဖက္႐ြာက ဓားျပဗိုလ္ေက်ာ္ရွိန္းနဲ႔ ခ်ိတ္ဆက္မိၿပီး စစ္က်န္ ႐ိုင္ဖယ္ႏွစ္လက္ ကို ေလ်ာ့ေဈးႏွင့္ရလိုက္ေသးတယ္…။

ႏွစ္လုံးျပဴးႀကီးတစ္လက္ ၊ ဓားျပဗိုလ္ဆီက ဝယ္ထားတဲ့ စစ္က်န္႐ိုင္ဖယ္ႏွစ္လက္ နဲ႔ သူႀကီး ဦး႐ႊီးရဲ႕ မီးက်ိဳးေမာင္းပ်က္ က်ီးအာသီးကာကြယ္ေရးအဖြဲ႕ႀကီးကေတာ့ အင္အားေတာင့္တင္သြားၿပီ ။
က်ီးအာသီး႐ြာထဲမွာလည္း ဘယ္ညာ ဘယ္ညာဆိုတဲ့အသံေတြ ႐ြာထဲမွာ ညံေနေတာ့တာ…။
ဒလိန္းျပပြဲေလ့က်င္ေနတဲ့ကြင္းမွာဆို ကေလးလူႀကီး တ႐ုန္း႐ုန္းနဲ႔ေပါ့..။
အဲ….တစ္ခုရွိတာက စစ္က်န္႐ိုင္ဖယ္ႏွစ္လက္ကိစၥကိုေတာ့ သူႀကီးက ႐ြာသားေတြ အသိမေပးဘူး ..။
ဒလိန္းပြဲေန႔က်မွ ႐ြာသားေတြ အံၾသသြားေအာင္ သူ႔လက္နက္ဆန္းေတြ ထုတ္ျပမယ္လို႔ ႀကံစည္ထားသကိုး..။
ဒီလိုနဲ႔ ဒလိန္းျပပြဲေန႔ေရာက္ပါၿပီ…။

သူႀကီးရယ္ ၊ သူႀကီးကေတာ္ရယ္ ႐ြာလူႀကီးအေပါင္းသူေတာ္ေကာင္းတို႔က သူႀကီးရဲ႕ ႏွစ္ေဆာင္ၿမိဳင္ အိမ္ႀကီး ဝရံတာမွာ ဒလိန္းသဘင္ကို ရႈစားဖို႔ ခန႔္ခန႔္ႀကီးေရာက္ေနၿပီ..။
ေဟာ့ လာပါၿပီ..ဒလိန္းတပ္ဖြဲ႕…။
ဒိုးပတ္ဆရာ ကိုဆလံ ကလည္း ဒိုးပတ္ကို အဂၤလိပ္ဘင္နဲ႔ခပ္ဆင္ဆင္တီးလုံးမ်ိဳး ထြင္ၿပီး တီးလာတာ..။
အဲ့ဒီေနာက္ကမွ က်ီးအာသီး႐ြာရဲ႕ ဒလိန္းနည္းျပခ်ဳပ္ သူႀကီးတူေအာင္ႀကီးက ေလးကင္းႀကီးကို ထမ္းၿပီး ဘယ္ညာ ဘယ္ညာ ေအာ္လာတယ္..။

သူ႔ေနာက္က ထန္းရည္ေလးေထြေထြနဲ႔လိုက္လာတဲ့ ႐ြာကာကြယ္ေရးအဖြဲ႕ေတြကလည္း လက္ႀကီးေတြလႊဲ ၊ ေျခေထာက္ႀကီးေတြေျမႇာက္ၿပီး..ဘယ္ညာ..ဘယ္ညာေပါ့…။
အဲ့ဒီေနာက္မွာေတာ့ သူႀကီးရဲ႕ လွ်ိဳ႕ဝွက္အထူးအစီအစဥ္လက္နက္ျပပြဲလာပါၿပီ…။
သာခင္ ေမာင္းတဲ့ ႏြားလွည္းမွာ ေရွးအစဥ္အလာမပ်က္ က်ီးအာသီး သူႀကီးမင္း၏ ဂုဏ္က်က္သေရေဆာင္ ႏွစ္လုံးျပဴးႀကီးကို ခြေထာက္ေတြဘာေတြနဲ႔ အေသအခ်ာေထာက္ၿပီး တအိအိေမာင္းလာတာ..။

အဲ့ဒီေနာက္က လွည္းမွာေတာ့ သူႀကီးရဲ႕ ဝွက္ဖဲ….စစ္က်န္ အဂၤလိပ္႐ိုင္ဖယ္ႀကီး ႏွစ္လက္ ။
ေအာင္မယ္ သူႀကီးတို႔ ဉာဏ္ေျပးခ်က္က ေသနတ္ႏွစ္လက္ကို  ေ႐ႊပိန္းေတြဘာေတြခ်ၿပီး တင္လာတာမွ လိုးလိုးလက္လက္နဲ႔…။
“အို” “ဟာ” “ဟင္”
သူႀကီး ဦး႐ႊီးရဲ႕ ေက်း႐ြာကာကြယ္ေရးအဖြဲ႕ႀကီးရဲ႕ လက္နက္ဆန္းႏွစ္လက္ကို ႐ြာသားေတြ ၾကည့္ၿပီး တအံတၾသနဲ႔ မွင္တက္ကုန္ၾကတယ္..။
ၿပီးေတာ့ လက္ခုပ္ တစ္ေျဖာင္းေျဖာင္း တီးၾကတယ္..။
“ေဟ့ ဘာမွတ္လဲကြ..က်ီးအာသီး႐ြာမွာ ဒီလို လက္နက္ေတြရွိတယ္”
တစ္ခ်ိဳ႕႐ြာသားေတြက ႏွစ္လုံးျပဴး နဲ႔ ႐ိုင္ဖယ္ႏွစ္လက္ကိုၾကည္ၿပီး လက္ပန္းေပါက္ ခပ္ၾကတယ္…။

“ဒါပဲကြ..တို႔သူႀကီး ဦး႐ႊီး ရဲ႕ ဘုန္းတန္ခိုး ဆိုတာ…ေဟး..ဒါမွ တို႔က်ီးအာသီး႐ြာသားကြ”
တစ္ခ်ိဳ႕လည္း ခါးေတာင္းကိုေျမႇာင္ေနေအာင္ ႀကိဳက္ၿပီး ဇာတိမာန္ျပၾကေပါ့…။
႐ြာသားတစ္ခ်ိဳ႕ကေတာ့..
“ေတာက္ ဒီဒလိန္းပြဲမွာ ကုန္မဲ့ေငြေတြအစား ႐ြာစာသင္ေက်ာင္းေတြ ၊ ဘုန္းႀကီးေက်ာင္းေတြ ျပင္ေပးလိုက္ရင္ကြာ” ဆိုၿပီး ညည္းမိၾကတယ္..။
အဲ့ဒီအခါက် ခုန ခါးေတာင္းက်ိဳက္ေနတဲ့ ႐ြာသားေတြက ဘုၾကည့္ဝိုင္းၾကည့္ၾက..ဆဲဆိုၾကဆိုေတာ့ ေျပာမိတဲ့ ႐ြာသားေတြမွာလည္း ဇက္ကေလးပုၿပီး လက္နက္ဆန္းေတြ ကို သာ အသာေလးေငးေနလိုက္ရရွာတယ္..။

ဘာပဲျဖစ္ျဖစ္ ႐ြာသားအမ်ားစုကေတာ့ ဒီလက္နက္ဆန္းေတြျမင္ေတာ့ အားေတြတက္ၾက..သူႀကီးကို ပိုၿပီးေလးစားၾက..ခန႔္ညားၾက ျဖစ္ကုန္တာ..။
သူႀကီးကေတာ့ သူ႔အိမ္ႀကီး ဝရံတာကေန သူ႔လက္နက္ဆန္းေတြကိုၾကည့္လိုက္ ၊ သူ႔ကို တေလးတစားျဖစ္ကုန္ၾကတဲ့ ႐ြာသားေတြကို ၾကည့္လိုက္နဲ႔..
ေရွးကဗ်ာေတြထဲက စကားငွားသုံးရရင္ ဘီလူးသြား လၿဖဲ တည္း ကို ျဖစ္ေနေတာ့တာေပါ့…။
တကယ္ေတာ့ အဲ့ဒီေန႔ဟာ က်ီးအာသီး႐ြာသားေတြအတြက္ သူတို႔ ဝမ္းေခါင္ေခါင္ေတြကို ခဏေမ့ၿပီး ေ႐ႊေက်ာင္းေျပာင္ေျပာင္ႀကီးကို ေရစက္ခ်လိုက္ၾကတဲ့ ေန႔ေပါ့…။

က်ီးအာသီး႐ြာသားေတြက သူတို႔ရဲ႕ ႏွစ္လုံးျပဴး ၊ ႐ိုင္ဖယ္လက္နက္ဆန္းေတြကို ဂုဏ္ယူေနခ်ိန္မွာ သူတို႔နဲ႔ အနီးဆုံးၿမိဳ႕မွာေတာ့ ဆိုဗီယက္႐ုရွားက အႏုျမဴဗုံးကို ေအာင္ျမင္စြာတီထြင္လိုက္ႏိုင္တဲ့အေၾကာင္း သတင္းစာေတြ ေရာင္းေကာင္းေနတယ္…။
အို..ဘာပဲျဖစ္ျဖစ္ေလ..။
တို႔က်ီးအာသီး ႐ြာဆိုတဲ့ ဝါးလုံးေခါင္းေလးထဲမွာေတာ့…………… လကသာ လို႔…။
 
ၿဗိတိသွ်ကိုကိုေမာင္