【 သရော်စာ 】 ကျွန်တော်နှင့် ဆရာကိစ္စ

【 သရော်စာ 】 ကျွန်တော်နှင့် ဆရာကိစ္စ

ကျွန်တော်တို့ မြန်မာလူမျိုးသည် အင်မတန် ဆရာခေါ်လွယ်ကြသည်။ဆရာခေါ်လွယ်ကြသလို ဆရာလည်း အင်မတန်အခေါ်ခံချင်ကြသည်။ကျောင်းမှာ စာသင်ပေးသည့် ဆရာအလုပ်လုပ်သူမို့ ဆရာခေါ်သည်က ထားပါတော့။

အချို့ကလည်း အလုပ်အကိုင်ကျွမ်းကျင်မှု နောက်ကနေ ဆရာတပ်ခေါ်ကြသည်။ဥပမာ - စာရေးခြင်းအလုပ်ဖြင့် ၀မ်းကျောင်းသူကို စာရေးဆရာ၊ စက်ချုပ်သူကို စက်ချုပ်ဆရာ၊ ၀ပ်ရှော့ပြင်သူကို ၀ပ်ရှော့ဆရာ။ယုတ်စွအဆုံး ဆိုက်ကားနင်းသူကိုပင် ဆိုက်ကားဆရာဟု သူ့ကျွမ်းကျင်မှုအရာကို ဆရာတင်ခေါ်တတ်ကြသည်။အဲ ဆေးကုရာတွင် ကျွမ်းကျင်သည့် သမားတော်များကိုကြ ဆေးကုဆရာဟုမခေါ်။ဆရာ၀န်တဲ့။

၀န် ဆိုတာက ဘာအဓိပ္ပါယ်နဲ့ သုံးမှန်းတော့ ကျွန်တော်သေချာမသိပါ။ရှေးက မူးကြီးမတ်ရာတွေကို ၀န်ကြီး၊ ၀န်မင်းဟု သုံးတတ်သဖြင့် ဆရာ၀န်ဆိုသည်မှာ ဆရာတကာတို့ရဲ့ ၀န်ကြီးဟု ဆိုလိုသည်လား။ဒါမှမဟုတ် ကိုလိုနီခေတ်က မြို့နယ်ဆရာ၀န်ကြီးများသည် မြို့ပိုင်ရာထူး၊ ရာဇ၀တ်၀န်ရာထူး၊ တရားသူကြီးရာထူးကိုပါ တွဲယူရတတ်သဖြင့် ၀န်ထောက်လည်းလုပ် ဆေးလည်းကုတဲ့ဆရာမို့ ဆရာ၀န်ဟု ခေါ်ကြသည်လား။ဒါက ကျွန်တော့်အတွေးသက်သက်။ထားတော့။မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့လူမျိုး ဆရာခေါ်လွယ်သည်က လူတစ်ဖက်သားအပေါ် လေးစားသမှုထားသည့်သဘောမို့ မင်္ဂလာတစ်ပါးဟုပင် မှတ်ယူပါသည်။

အဲ .. ဆရာခေါ်လွယ်သည့်ကိစ္စနဲ့ ကျွဲကူးရေပါ ဖြစ်လာသည်က ဆရာတပ်အခေါ်ခံချင်သည့်ကိစ္စ။တခြားနယ်ပယ်တော့မသိ။ကျွန်တော်က စာရေးသည့်နယ်ပယ်ကဆိုတော့ ကိုယ့်နယ်ပယ်အကြောင်းပဲကိုယ် အခြေခံရမည်ပေါ့။စာရေးဆရာမှန်လျှင် ဆရာခေါ်ရမည်ဟု ဘယ်ပညာရှိက ဆိုလိုက်သည်မသိ။စာဖတ်ပရိသတ်က ပွဲလမ်းသဘင်မှာဖြစ်ဖြစ်၊ အပြင်မှာတွေ့တွေ့ ဆရာဟုခေါ်ကြသည်။တချို့စာဖတ်ပရိသတ် မဟုတ်သူတွေကလည်း စာရေးဆရာမှန်းသိသည်နှင့် ဆရာတပ်ခေါ်လိုက်ကြပြန်သည်။အဲ .. စာရေးဆရာအချင်းချင်းကြပြန်တော့လည်း အချင်းချင်း ဆရာခေါ်ကြပြန်သည်။
ဒါလည်းထားဦး။

တချို့ကျ သူတို့ကို ဆရာခေါ်မှကြိုက်ကြသည်။ဆရာတပ်မခေါ်ရင်တောင် စကားထဲ "ဆရာကလေ ... ဆရာကလေ" ဟု ကိုယ့်ကိုကိုယ် နာမ်စားပြုကြသည်ကို ကျွန်တော်တွေ့ဖူးသည်။တချို့ဆိုလျှင် တွေ့သူတိုင်းကို စကားပြောလျှင် "ဆရာကလေ..ဆရာကတော့" ဟု ပြောတာကိုကြားဖူးသည်။
အတတ်ပညာ အနုပညာတစ်ခုကို ဖန်တီးတတ်ရုံဖြင့် သူ့ကိုယ်သူ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဆရာစာရင်းသွင်းလိုက်ပုံပင်။ကိုယ့်ဆီက စာပေဆိုင်ရာတွေ လာဆည်းပူးနေသူ၊ သက်ဆိုင်ရာပညာရပ်များကို လာဆည်းပူးနေသူတွေမို့ ဆရာက ဆရာကဟု ပြောနေလျှင်ကိစ္စမရှိ။အခုမှတွေ့ဖူးရုံနှင့် တဖက်သားကို ဆရာကလေ ဆရာကလေဟု ဆီးပြောသည်ကတော့ အပြန်အလှန်လေးစားမှု အားနည်းသည်ဟုပင် ကျွန်တော်ထင်ပါသည်။

ကျွန်တော် ၀တ္ထုရေးတတ်သလို၊ ကျွန်တော်တို့လမ်းထိပ်က ဆိုက်ကားနင်းသည့် ဦးမျိုးလင်းကြီးလည်း ဆိုက်ကားကို ကျွမ်းကျင်စွာနင်းတတ်ပါသည်။ကျွန်တော်က ၀တ္ထုလေးဘာလေး ရေးတတ်ရုံဖြင့် ဆိုက်ကားဆရာ ဦးမျိုးလင်းကြီး၏ ဆရာဖြစ်မသွားဟု ကျွန်တော်ကတော့ ခံယူသည်။
လေးစားသမှုနဲ့ ဆရာခေါ်ကြခြင်းကိစ္စကတော့ ခေါ်ခံရသူရော၊ ခေါ်သူပါ ပြဿနာမရှိ။ပြဿနာရှိသည်က  ကိုယ့်ကိုကိုယ် ဆရာအခေါ်ခံချင်လွန်းနေသူများကိစ္စ။

သူတို့၏ ဆရာခေါ်ခံချင်သည့် ရောဂါကတော့ အတော်ဆိုးဆိုး။ဂမ္ဘီရဂျာနယ်ထဲ လိပ်ဂေါင်းပျောက်ဆေးနည်းတစ်ခု ပါဖူးသည့်သူကလည်း သူ့ကိုယ်သူ ဆရာကလေ၊ ဆရာကလေချည်း။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း သူ့ ဆရာခေါ်မှကြိုက်သည်။နယ်ထိန်းကလည်း သူ့ ဆရာခေါ်မှ ကျေနပ်သည်။မဆီမဆိုင် ဦးရှင်ကြီးတင်သည့် လူကလည်း စကားဝိုင်းတွင် သူ့ကိုယ်သူ ဆရာ ဆရာခြင်း မိုးမွှန်နေသည်ကို တွေ့ဖူးသည်။

တလောက ကျွန်တော် ပရိုဂရမ်တစ်ခုရိုက်ရန် ခရီးထွက်သည့်အခါ ဒိုခူမန်ထရီ ဒါရိုက်တာနှင့် ရိုက်ကူးရေးကင်မရာမန်းများက ဆရာ ဆရာချည်း ခေါ်နေသဖြင့် မခေါ်ဖို့တောင်းပန်ရသေးသည်။ခင်ဗျားတို့လည်း ခင်ဗျားတို့ ပရိုလိုင်းမှာ ဆရာတွေပဲ၊ ဒီတော့ ကျွန်တော့်ကို ဆရာခေါ်ရင် ကျွန်တော်လည်း ခင်ဗျားတို့ကို ဆရာပြန်ခေါ်မှာနော်ဟု ခြိမ်းခြောက်ရသေးသည်။

ဆရာကိစ္စတွေးမိသည့်အခါ ဒုတိယကမ္ဘာစစ်မဖြစ်မီကာလက ဗြိတိသျှဘားမား ရုပ်ရှင်ခြံကြီးအတွင်း စာရေးဆရာများကြား ဖြစ်သွားခဲ့သော ဆရာဖြုတ်ပွဲအကြောင်း သွားသတိရမိသည်။ထိုစဉ်က ဗြိတိသျှဘားမားဦးညွှန့်သည် နာမည်ကျော်စာရေးဆရာများကို လစာကောင်းပေးလျက် သူ့ရုပ်ရှင်ကုမ္ပဏီကို စထူထောင်ချိန်။ဆရာကြီးပီမိုးနင်း၊ ဆရာဦးဉာဏ၊ ဆရာမြမျိုးလွင်၊ ဆရာဇေယျ၊ ဆရာဇ၀န စသော ထိုခေတ်က နာမည်ကျော်စာရေးဆရာများက ထိုခြံတွင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးပေးကြရသည်။ဒါရိုက်တာများ၊ ကင်မရာသမားများ၊ စက်အဖွဲ့သားများက စာရေးဆရာများကို ဆရာဟုခေါ်ကြသည်။ဒါရိုက်တာများ၊ ကင်မရာသမားများကို မင်းသား၊ မင်းသမီး သရုပ်ဆောင်များက ဆရာဟု ခေါ်ကြပြန်သည်။စမတ်ကျကျ လှလှပပ မင်းသား၊ မင်းသမီး သရုပ်ဆောင်များကို ရုပ်ရှင်ခြံထိပ်က ကာကာဆိုင်မှ ကာကာဘာဘူ က ဆရာ၊ ဆရာမဟု ခေါ်ပြန်သည်။စာရေးဆရာများ လာသောက်လျှင် အကြွေးပေးတတ်သော၊ အကြမ်းအိုး အလကားတိုက်တတ်သော ကာကာဆိုင် ဘာဘူ ကို စာရေးဆရာများက ဆရာဟု တမင်ခေါ်ကြပြန်သည်။ဆရာသံသရာဇာတ်ရှုပ်ကြီးပေတည်း။

"တစ်ခြံလုံး ဆရာသံတွေချည်း ထပ်နေတာပဲဗျာ။ဘတ်စ်ကားမဆံ့လို့ ကျန်နေရစ်တဲ့ သုခမိန်တွေစုရာ အရပ်ဆိုတော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြင်မြင်သမျှတွေက ကိုယ့်ကို ဆရာခေါ်ကြလိမ့်မယ်၊ ကိုယ်ကလည်း အားလုံးကိုဆရာပြန်ခေါ်၊ ဆရာခေါ်မှုဖလှယ်ရေးစီမံကိန်းပေါ့ .. ကိုယ့်လူရေ" ဟု ဆရာဦးဉာဏ က ဆရာမြမျိူးလွင် ကို အရွှန်းဖောက်ခဲ့သည်။နောက်တော့ ဆရာသံတွေညံနေတာကို စိတ်ကုန်လာသည့် စာရေးဆရာများ ရုံးခန်းတွင်စုပြီး ဆရာမခေါ်ကြဘဲ နာမည်ရင်းခေါ်ကြဖို့ ဆွေးနွေးပွဲလုပ်ကြပါတော့သည်။

ဆရာကြီး ပီမိုးနင်း ကို ဦးကျော်

ဒဂုန်ဇေယျ ကို ကိုယော

ဉာဏ ကို ကိုအုန်းမောင်

မြမျိုးလွင် ကို ကိုလွင်

ဇ၀န ကို ကိုသိန်း စသဖြင့်ပေါ့။

ရှေးက စာရေးဆရာကြီးများကား ထို့နှယ့် ချစ်ဖို့ကောင်းကြပါသည်။ကျွန်တော့်ရှေ့တွင် "ဆရာကလေ .. ဆရာကလေ" ဟူသော အသံကြားရလျှင် ဆရာကြီးပီမိုးနင်းတို့ အုပ်စုကြီး ကြုံခဲ့ရသည့် ဆရာပတ်ချာလည်ခေါ်ပွဲနှင့် ဆရာဖြုတ်ပွဲအကြောင်းကိုတွေးပြီး ပြုံးသာပြုံးမိတော့၏။

ဗြိတိသျှကိုကိုမောင်
မေ- ၁၆
( Zawgyi )
ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးသည္ အင္မတန္ ဆရာေခၚလြယ္ၾကသည္။ဆရာေခၚလြယ္ၾကသလို ဆရာလည္း အင္မတန္အေခၚခံခ်င္ၾကသည္။ေက်ာင္းမွာ စာသင္ေပးသည့္ ဆရာအလုပ္လုပ္သူမို႔ ဆရာေခၚသည္က ထားပါေတာ့။

အခ်ိဳ႕ကလည္း အလုပ္အကိုင္ကြၽမ္းက်င္မႈ ေနာက္ကေန ဆရာတပ္ေခၚၾကသည္။ဥပမာ - စာေရးျခင္းအလုပ္ျဖင့္ ၀မ္းေက်ာင္းသူကို စာေရးဆရာ၊ စက္ခ်ဳပ္သူကို စက္ခ်ဳပ္ဆရာ၊ ၀ပ္ေရွာ့ျပင္သူကို ၀ပ္ေရွာ့ဆရာ။ယုတ္စြအဆုံး ဆိုက္ကားနင္းသူကိုပင္ ဆိုက္ကားဆရာဟု သူ႔ကြၽမ္းက်င္မႈအရာကို ဆရာတင္ေခၚတတ္ၾကသည္။အဲ ေဆးကုရာတြင္ ကြၽမ္းက်င္သည့္ သမားေတာ္မ်ားကိုၾက ေဆးကုဆရာဟုမေခၚ။ဆရာ၀န္တဲ့။

၀န္ ဆိုတာက ဘာအဓိပၸါယ္နဲ႔ သုံးမွန္းေတာ့ ကြၽန္ေတာ္ေသခ်ာမသိပါ။ေရွးက မူးႀကီးမတ္ရာေတြကို ၀န္ႀကီး၊ ၀န္မင္းဟု သုံးတတ္သျဖင့္ ဆရာ၀န္ဆိုသည္မွာ ဆရာတကာတို႔ရဲ႕ ၀န္ႀကီးဟု ဆိုလိုသည္လား။ဒါမွမဟုတ္ ကိုလိုနီေခတ္က ၿမိဳ႕နယ္ဆရာ၀န္ႀကီးမ်ားသည္ ၿမိဳ႕ပိုင္ရာထူး၊ ရာဇ၀တ္၀န္ရာထူး၊ တရားသူႀကီးရာထူးကိုပါ တြဲယူရတတ္သျဖင့္ ၀န္ေထာက္လည္းလုပ္ ေဆးလည္းကုတဲ့ဆရာမို႔ ဆရာ၀န္ဟု ေခၚၾကသည္လား။ဒါက ကြၽန္ေတာ့္အေတြးသက္သက္။ထားေတာ့။မည္သို႔ပင္ျဖစ္ေစ ကြၽန္ေတာ္တို႔လူမ်ိဳး ဆရာေခၚလြယ္သည္က လူတစ္ဖက္သားအေပၚ ေလးစားသမႈထားသည့္သေဘာမို႔ မဂၤလာတစ္ပါးဟုပင္ မွတ္ယူပါသည္။

အဲ .. ဆရာေခၚလြယ္သည့္ကိစၥနဲ႔ ကြၽဲကူးေရပါ ျဖစ္လာသည္က ဆရာတပ္အေခၚခံခ်င္သည့္ကိစၥ။တျခားနယ္ပယ္ေတာ့မသိ။ကြၽန္ေတာ္က စာေရးသည့္နယ္ပယ္ကဆိုေတာ့ ကိုယ့္နယ္ပယ္အေၾကာင္းပဲကိုယ္ အေျခခံရမည္ေပါ့။စာေရးဆရာမွန္လွ်င္ ဆရာေခၚရမည္ဟု ဘယ္ပညာရွိက ဆိုလိုက္သည္မသိ။စာဖတ္ပရိသတ္က ပြဲလမ္းသဘင္မွာျဖစ္ျဖစ္၊ အျပင္မွာေတြ႕ေတြ႕ ဆရာဟုေခၚၾကသည္။တခ်ိဳ႕စာဖတ္ပရိသတ္ မဟုတ္သူေတြကလည္း စာေရးဆရာမွန္းသိသည္ႏွင့္ ဆရာတပ္ေခၚလိုက္ၾကျပန္သည္။အဲ .. စာေရးဆရာအခ်င္းခ်င္းၾကျပန္ေတာ့လည္း အခ်င္းခ်င္း ဆရာေခၚၾကျပန္သည္။
ဒါလည္းထားဦး။

တခ်ိဳ႕က် သူတို႔ကို ဆရာေခၚမွႀကိဳက္ၾကသည္။ဆရာတပ္မေခၚရင္ေတာင္ စကားထဲ "ဆရာကေလ ... ဆရာကေလ" ဟု ကိုယ့္ကိုကိုယ္ နာမ္စားျပဳၾကသည္ကို ကြၽန္ေတာ္ေတြ႕ဖူးသည္။တခ်ိဳ႕ဆိုလွ်င္ ေတြ႕သူတိုင္းကို စကားေျပာလွ်င္ "ဆရာကေလ..ဆရာကေတာ့" ဟု ေျပာတာကိုၾကားဖူးသည္။
အတတ္ပညာ အႏုပညာတစ္ခုကို ဖန္တီးတတ္႐ုံျဖင့္ သူ႔ကိုယ္သူ လူ႔အဖြဲ႕အစည္းတစ္ခုလုံး၏ ဆရာစာရင္းသြင္းလိုက္ပုံပင္။ကိုယ့္ဆီက စာေပဆိုင္ရာေတြ လာဆည္းပူးေနသူ၊ သက္ဆိုင္ရာပညာရပ္မ်ားကို လာဆည္းပူးေနသူေတြမို႔ ဆရာက ဆရာကဟု ေျပာေနလွ်င္ကိစၥမရွိ။အခုမွေတြ႕ဖူး႐ုံႏွင့္ တဖက္သားကို ဆရာကေလ ဆရာကေလဟု ဆီးေျပာသည္ကေတာ့ အျပန္အလွန္ေလးစားမႈ အားနည္းသည္ဟုပင္ ကြၽန္ေတာ္ထင္ပါသည္။

ကြၽန္ေတာ္ ၀တၳဳေရးတတ္သလို၊ ကြၽန္ေတာ္တို႔လမ္းထိပ္က ဆိုက္ကားနင္းသည့္ ဦးမ်ိဳးလင္းႀကီးလည္း ဆိုက္ကားကို ကြၽမ္းက်င္စြာနင္းတတ္ပါသည္။ကြၽန္ေတာ္က ၀တၳဳေလးဘာေလး ေရးတတ္႐ုံျဖင့္ ဆိုက္ကားဆရာ ဦးမ်ိဳးလင္းႀကီး၏ ဆရာျဖစ္မသြားဟု ကြၽန္ေတာ္ကေတာ့ ခံယူသည္။
ေလးစားသမႈနဲ႔ ဆရာေခၚၾကျခင္းကိစၥကေတာ့ ေခၚခံရသူေရာ၊ ေခၚသူပါ ျပႆနာမရွိ။ျပႆနာရွိသည္က  ကိုယ့္ကိုကိုယ္ ဆရာအေခၚခံခ်င္လြန္းေနသူမ်ားကိစၥ။

သူတို႔၏ ဆရာေခၚခံခ်င္သည့္ ေရာဂါကေတာ့ အေတာ္ဆိုးဆိုး။ဂမၻီရဂ်ာနယ္ထဲ လိပ္ေဂါင္းေပ်ာက္ေဆးနည္းတစ္ခု ပါဖူးသည့္သူကလည္း သူ႔ကိုယ္သူ ဆရာကေလ၊ ဆရာကေလခ်ည္း။ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကလည္း သူ႔ ဆရာေခၚမွႀကိဳက္သည္။နယ္ထိန္းကလည္း သူ႔ ဆရာေခၚမွ ေက်နပ္သည္။မဆီမဆိုင္ ဦးရွင္ႀကီးတင္သည့္ လူကလည္း စကားဝိုင္းတြင္ သူ႔ကိုယ္သူ ဆရာ ဆရာျခင္း မိုးမႊန္ေနသည္ကို ေတြ႕ဖူးသည္။

တေလာက ကြၽန္ေတာ္ ပ႐ိုဂရမ္တစ္ခု႐ိုက္ရန္ ခရီးထြက္သည့္အခါ ဒိုခူမန္ထရီ ဒါ႐ိုက္တာႏွင့္ ႐ိုက္ကူးေရးကင္မရာမန္းမ်ားက ဆရာ ဆရာခ်ည္း ေခၚေနသျဖင့္ မေခၚဖို႔ေတာင္းပန္ရေသးသည္။ခင္ဗ်ားတို႔လည္း ခင္ဗ်ားတို႔ ပ႐ိုလိုင္းမွာ ဆရာေတြပဲ၊ ဒီေတာ့ ကြၽန္ေတာ့္ကို ဆရာေခၚရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားတို႔ကို ဆရာျပန္ေခၚမွာေနာ္ဟု ၿခိမ္းေျခာက္ရေသးသည္။

ဆရာကိစၥေတြးမိသည့္အခါ ဒုတိယကမာၻစစ္မျဖစ္မီကာလက ၿဗိတိသွ်ဘားမား ႐ုပ္ရွင္ၿခံႀကီးအတြင္း စာေရးဆရာမ်ားၾကား ျဖစ္သြားခဲ့ေသာ ဆရာျဖဳတ္ပြဲအေၾကာင္း သြားသတိရမိသည္။ထိုစဥ္က ၿဗိတိသွ်ဘားမားဦးၫႊန႔္သည္ နာမည္ေက်ာ္စာေရးဆရာမ်ားကို လစာေကာင္းေပးလ်က္ သူ႔႐ုပ္ရွင္ကုမၸဏီကို စထူေထာင္ခ်ိန္။ဆရာႀကီးပီမိုးနင္း၊ ဆရာဦးဉာဏ၊ ဆရာျမမ်ိဳးလြင္၊ ဆရာေဇယ်၊ ဆရာဇ၀န စေသာ ထိုေခတ္က နာမည္ေက်ာ္စာေရးဆရာမ်ားက ထိုၿခံတြင္ ဇာတ္လမ္း၊ ဇာတ္ၫႊန္းေရးေပးၾကရသည္။ဒါ႐ိုက္တာမ်ား၊ ကင္မရာသမားမ်ား၊ စက္အဖြဲ႕သားမ်ားက စာေရးဆရာမ်ားကို ဆရာဟုေခၚၾကသည္။ဒါ႐ိုက္တာမ်ား၊ ကင္မရာသမားမ်ားကို မင္းသား၊ မင္းသမီး သ႐ုပ္ေဆာင္မ်ားက ဆရာဟု ေခၚၾကျပန္သည္။စမတ္က်က် လွလွပပ မင္းသား၊ မင္းသမီး သ႐ုပ္ေဆာင္မ်ားကို ႐ုပ္ရွင္ၿခံထိပ္က ကာကာဆိုင္မွ ကာကာဘာဘူ က ဆရာ၊ ဆရာမဟု ေခၚျပန္သည္။စာေရးဆရာမ်ား လာေသာက္လွ်င္ အေႂကြးေပးတတ္ေသာ၊ အၾကမ္းအိုး အလကားတိုက္တတ္ေသာ ကာကာဆိုင္ ဘာဘူ ကို စာေရးဆရာမ်ားက ဆရာဟု တမင္ေခၚၾကျပန္သည္။ဆရာသံသရာဇာတ္ရႈပ္ႀကီးေပတည္း။

"တစ္ၿခံလုံး ဆရာသံေတြခ်ည္း ထပ္ေနတာပဲဗ်ာ။ဘတ္စ္ကားမဆံ့လို႔ က်န္ေနရစ္တဲ့ သုခမိန္ေတြစုရာ အရပ္ဆိုေတာ့ လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ ျမင္ျမင္သမွ်ေတြက ကိုယ့္ကို ဆရာေခၚၾကလိမ့္မယ္၊ ကိုယ္ကလည္း အားလုံးကိုဆရာျပန္ေခၚ၊ ဆရာေခၚမႈဖလွယ္ေရးစီမံကိန္းေပါ့ .. ကိုယ့္လူေရ" ဟု ဆရာဦးဉာဏ က ဆရာျမမ်ိဴးလြင္ ကို အ႐ႊန္းေဖာက္ခဲ့သည္။ေနာက္ေတာ့ ဆရာသံေတြညံေနတာကို စိတ္ကုန္လာသည့္ စာေရးဆရာမ်ား ႐ုံးခန္းတြင္စုၿပီး ဆရာမေခၚၾကဘဲ နာမည္ရင္းေခၚၾကဖို႔ ေဆြးေႏြးပြဲလုပ္ၾကပါေတာ့သည္။

ဆရာႀကီး ပီမိုးနင္း ကို ဦးေက်ာ္

ဒဂုန္ေဇယ် ကို ကိုေယာ

ဉာဏ ကို ကိုအုန္းေမာင္

ျမမ်ိဳးလြင္ ကို ကိုလြင္

ဇ၀န ကို ကိုသိန္း စသျဖင့္ေပါ့။

ေရွးက စာေရးဆရာႀကီးမ်ားကား ထို႔ႏွယ့္ ခ်စ္ဖို႔ေကာင္းၾကပါသည္။ကြၽန္ေတာ့္ေရွ႕တြင္ "ဆရာကေလ .. ဆရာကေလ" ဟူေသာ အသံၾကားရလွ်င္ ဆရာႀကီးပီမိုးနင္းတို႔ အုပ္စုႀကီး ႀကဳံခဲ့ရသည့္ ဆရာပတ္ခ်ာလည္ေခၚပြဲႏွင့္ ဆရာျဖဳတ္ပြဲအေၾကာင္းကိုေတြးၿပီး ၿပဳံးသာၿပဳံးမိေတာ့၏။

ၿဗိတိသွ်ကိုကိုေမာင္
ေမ- ၁၆