【 သရော်စာ 】 ကျွန်တော်နှင့် ဝက်ခြံ

【 သရော်စာ 】 ကျွန်တော်နှင့် ဝက်ခြံ

(၁၆) ရာစုနှစ်က အာရှတိုက်တွင် အင်အားအတောင့်တင်းဆုံး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင် အနော်ရထာလည်း လူပျိုပေါက်ဘဝက ဝက်ခြံပေါက်ဖူးခဲ့မည်။

ထိုနှယ့် စကားလုံးကွန်တိန်နာကြီးဖြင့် အစချီထားပြီး နောက်ပိုင်းကျမှ ဝက်ခြံပေါက်သည့်ကိစ္စဖြင့် အဆုံးသတ်ထားသဖြင့် ကျွန်တော့်အား မဆဲကြပါနှင့်။တကယ်တော့ ဝက်ခြံသည် ကျွန်တော်တို့ အားလုံးနှင့် မကင်းရာမကင်းကြောင်း ဖြစ်ခဲ့သည်။

pimple သို့မဟုတ် acne ဟု အင်္ဂလိပ်လိုခေါ်သော ထိုအဖု၏ မြန်မာနာမည်က အဘယ့်ကြောင့် ဝက်ခြံဟု ဖြစ်သွားသည်ကိုလည်း ကျွန်တော်တွေးကြည့်မိဖူးသည်။ဝက်ခြံသည် အရေပြားပေါ်မှ ချွေးပေါက်ကလေးများတွင် အဆီအိတ်များ ပိတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ဖတ်ဖူးသည်။ဝက် ဆိုသည်က အဆီများသည့် သတ္တဝါ။ခြံ ကတော့ ဝက်တွေကို လှောင်ခတ်ထားသည့်နေရာ။
ဒါကြောင့် အဆီအိတ်တွေ ပိတ်ပြီးဖြစ်လာတဲ့ အဖုကို ဝက်ခြံဟု ရှေးမြန်မာကြီးများက တင်စားခေါ်ဝေါ်ခဲ့လေသလားဟု ကြံဖန်တွေးကြည့်မိသည်။ကျွန်တော့်တွေးသည့်အတိုင်း မှန်လျင်တော့ ရှေးခေတ်မြန်မာကြီးများသည် ဝက်ခြံရေးရာ ကျွမ်းကျင်သူတွေဖြစ်မှာ သေချာသည်။

ဝက်ခြံသည် အသက်အရွယ်အလိုက် ပြောင်းလဲတတ်သော လူ့စိတ်ကိုပင် ကိုယ်စားပြုနေသည်ဟုလည်း ကျွန်တော်ထင်သည်။ကျွန်တော် အသက် (၁၃) နှစ်သားလောက်တွင် ဝက်ခြံပေါက်ချင်သည့် ရောဂါထခဲ့ဖူးသည်။ဝက်ခြံပေါက်ခြင်းသည် လူပျိုဖြစ်လာခြင်းဟု လူကြီးမိဘများကလည်း သတ်မှတ်ကြသည်။''ဟာ..ဒီကောင်ကြီးတောင် ဝက်ခြံတွေဘာတွေ ပေါက်နေပြီ..လူပျိုပေါက်ဖြစ်ပြီပေါ့'' စသဖြင့် ပြောသံကို ကြားရသည့်အခါ ကိုယ့်ကိုကိုယ် ငါကလေးမဟုတ်တော့ဆိုသည့် အသိနှင့် မြောက်ကြွကြွဖြစ်ရသည်။ကိုယ့်ထက် စီနီယာကျသည့် အကိုကြီးများက မျက်နှာမှ ဝက်ခြံအဖုလေးကို သနပ်ခါးသော် လည်းကောင်း၊ ထုံးသော် လည်းကောင်း တို့ထားသည့် စတိုင်လ်ကို သဘောကျသည်။ကျွန်တော် ထိုအရွယ်တွင် ဝက်ခြံက တော်တော်နှင့် မပေါက်။ကျွန်တော်တို့ အတန်းတူ ယောက်ျားလေးများထဲတွင် တချို့ကောင်တွေ ဝက်ခြံပေါက်ကြပြီ။ဒီကောင်တွေက သူတို့ ဝက်ခြံမဖြစ်စလောက်လေးကိုပင် ထုံးအထူကြီး တို့လာပြီး ဟန်ရေးပြကြသည်။ထိုထဲတွင် အဆိုးဆုံးက ဖြိုးကို ဆိုသည့်ကောင်။

ဒီကောင်က တရုတ်သွေးစပ်။အသားကဖြူဖြူ၊ မျက်နှာက အဆီပြန်ပြန်ဆိုတော့ ဝက်ခြံအလွန်ပေါက်ကောင်းသည့် မျက်နှာမျိုး။ဝက်ခြံငါးဖုလောက် နဖူးပတ်လည်မှာ ပေါက်တော့ ဒီကောင့် နဖူးတွင် ထုံးစက်တွေတို့ကာ ကျောင်းကိုလာသည်။ကျွန်တော့်မျက်စိထဲတော့ ဒီအကောင်ဟာ ဝက်ခြံလေး သုံးလေးဖုလောက်နဲ့ မြောက်ကြွမြောက်ကြွဖြစ်နေသည်ဟု မြင်ကာ ကြည့်မရဖြစ်မိသည်။နောက်ထပ် အတန်းထဲက သုံးလေးယောက်ကလည်း ဝက်ခြံလေးတွေ ဖြစ်လာကြပြီ။အတန်းထဲတွင် ကျွန်တော်ချိန်နေသည့် တင်ဇာလွင် ဆိုသည့် ခပ်ထွားထွား ကောင်မလေးဆိုလျှင် နှုတ်ခမ်းအပေါ်တွင် ရင့်မှည့်သော ဝက်ခြံအနီကြီးကိုပင် ပိုင်ဆိုင်နေချေပြီ။ကျွန်တော့်မျက်နှာ ကျွန်တော် မှန်ထဲပြန်ကြည့်သည်။ဝက်ခြံနှင့်တူတာ တစ်ခုမှမတွေ့။
ကျောင်းပိတ်ရက်က နေပူထဲ စွန်လွှတ်ထားသဖြင့် ပေါက်နေသည့် မိတ်ဖုတွေသာ ရှိသည်။သူများတွေက ဝက်ခြံကိုယ်စီပေါက်နေပြီး ကိုယ်ကမပေါက်။ဒီတော့ ရွယ်တူတွေက လူပျို၊ အပျိုဖြစ်ကုန်ကြပြီး ကိုယ်က ကလေးဘဝမှာပဲ ကျန်ရစ်သည်ဟု ထင်လာသည်။ဝက်ခြံမပေါက်သည့်အတွက် သိမ်ငယ်လာသည်။ခက်တာက ဝက်ခြံပျောက်ဆေး ဆိုတာသာ ရှိသည်။ဝက်ခြံပေါက်ဆေးဆိုတာ မရှိ။ဒီဆေးပညာရှင်ဆိုတဲ့ ဘဲတွေက ဘာလို့ ဝက်ခြံပေါက်ဆေးကို မတီထွင်ခဲ့ရတာလဲဟုတွေးပြီး မကျေမနပ်ပင် ဖြစ်မိသည်။ဝက်ခြံမပေါက်သဖြင့် အတန်းထဲမှ သူငယ်ချင်းများကြား မျက်နှာငယ်ခဲ့ရသော ကျွန်တော့်အတွက် စိတ်သက်သာရာတစ်ခုတော့ ပေါ်လာခဲ့သည်။ထိုအရာကား ယောက်ျားလေး အိမ်သာထဲတွင် ဖြစ်လာခဲ့ခြင်းပင်။

ကျောင်းမုန့်စားဆင်းချိန် ယောက်ျားလေးအိမ်သာထဲရှိ ရှူးတန်းစီပေါက်သည့်နေရာတွင် ကျွန်တော်က ဟိုအကောင်တွေထက် သာသွားလေ၏။မရိုသေ့စကား။ကျွန်တော်သည် သူတို့လို မျက်နှာတွင် ဝက်ခြံမထွက်သေးသော်လည်း ဟိုနေရာတွင်တော့ ကျွန်တော်က သူတို့ထက် အမွှေးအတောင် သွားစုံနေခြင်း ဖြစ်သည်။အခုခေတ်စကားနှင့်ဆိုလျှင် သေးပေါက်ခန်းတွင်တော့ ကျွန်တော်က အကောင်ဖြစ်ခဲ့သည်။သို့သော်ငြား..ထိုအကောင်ဖြစ်မှုက ယောက်ျားလေးခြင်းသာ ကြွားစရာဖြစ်ခဲ့ပြီး ဝက်ခြံလိုမျိုး မိန်းကလေးတွေရှေ့ ထုံးလေးတို့ပြီး လမ်းသလားပြလို့ ကောင်းသည့်ကိစ္စ မဟုတ်။

''ဟဲ့..တင်ဇာလွင်..ငါမှာ ဝက်ခြံမပေါက်ပေမယ့်..ဟိုဟာတော့ ပေါက်နေပြီ …မယုံ.နင်လိုက်ကြည့်ပါလား'' ဟု သွားပြောလျင် ပါးကျိုးရုံမက ကျောင်းပါ ထုတ်ခံရမည့်အပေါက်။

ဒီလိုနှင့် ကျွန်တော့်မှာ မနက်မိုးလင်းသည်နှင့် မှန်ရှေ့မတ်တပ်ရပ်ပြီး ကိုယ့်မျက်နှာမှာ ဝက်ခြံ ထွက်၊ မထွက် ပြူးပြဲရှာရသည်မှာ ရှစ်တန်းတစ်နှစ်လုံးပင်။ကိုးတန်း ကျောင်းဖွင့်ခါနီးမှသာ မေးစေ့ပေါ်တွင် ဝက်ခြံတစ်လုံးကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါတော့သည်။

အခုရော။ဆယ့်ငါးနှစ်ကျော်ကြာပြီးတဲ့ နောက်..အခု ကျွန်တော် အသက်သုံးဆယ်ကျော်အချိန်။ကျွန်တော့် နှာခေါင်းထိပ်တွင် ဧရာမဝက်ခြံကြီး ထွက်လာသည်။လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကာလက အသည်းအသန် ပေါက်ချင်ခဲ့ဖူးသော ဝက်ခြံသည် ယခုအခါ တကယ့်ပြဿနာကြီးတစ်ခု ဖြစ်နေပြန်ချေ၏။ဝက်ခြံသည် အခြားနေရာတွင် ပေါက်သည်က ပြဿနာမဟုတ်။
နှာခေါင်းထိပ်တွင် ပေါက်သည်ကတော့ ပြဿနာ။နဂိုကမှ နှာခေါင်းကြီးသော ကျွန်တော့်အတွက် ဒီဝက်ခြံကြီးပါ ထပ်ဖြည့်လိုက်သောအခါ မှန်ထဲတွင်ပင် ကိုယ့်ကိုကိုယ် နှာဗူးရုပ်ကြီးဟု ထင်လာသည်။

ဘတ်စ်ကားပေါ်တွင်လည်း ဒီ နီရဲပွယောင်းနေသော ဝက်ခြံဖြင့် ကြံ့နှာခေါင်းကို ကောင်မလေးများကကြည့်ပြီး ဟယ်..နှာဗူးကြီးထင်တယ်..တွယ်ချိတ်အသင့်ပြင်ထားမှဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်ဟု ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်လာသည်။

အိမ်သူသက်ထား လေဒီဗြိ ကတော့ အားပေးရှာပါသည်။

''ယောက်ျားရယ်…ရှင့်ဥပဓိရုပ်က နှာခေါင်းမှာ ဝက်ခြံမပေါက်လဲ..နှာဗူးရုပ်ပါပဲ.မထူးပါဘူး'' တဲ့။

သို့ပေတည့်...သူ့ခမျာ မနေသာပါ။ကျွန်တော့်အတွက် ဝက်ခြံပျောက်ဆေးကို သူညွှန်ကြားသလို လိုက်နာရတော့သည်။ကျွန်တော်တို့ကလည်း အလှအပရေးရာမှာကျတော့ ဘာမှမသိသည့် ငတိတွေကိုး။ရေချိုးခန်းဝင်ပြီး နှာခေါင်းက ဝက်ခြံကြီး အပါအဝင် မျက်နှာတစ်ပြင်လုံးကို သူဝယ်လာပေးသော ဝက်ခြံပျောက်ဆပ်ပြာဖြင့် အမြုပ်ထွက်သည်အထိ သစ်ရသည်။
ပြီးတော့ ရေခြောက်သောအခါ ဝက်ခြံပျောက်ဆေး ဆိုသောအရာ လိမ်းရ၏။ယင်းသို့ အဆင့်ဆင့်အတွက် ငွေသုံးထောင် ကုန်ခဲ့သည်ဟုလည်း ဇနီးသည်က ဆိုသည်။ထိုသို့ဖြင့် ဇနီးသည်၏ ကုသမှုကို ခံယူရင်း သံဝေဂတစ်ခု ရလိုက်ပါသည်။

ကျွန်တော် တစ်ချိန်က အရမ်းပေါက်ချင်ခဲ့သော ဝက်ခြံကို ယခုတော့ ငွေသုံးထောင် အကုန်ခံပြီး ရှင်းထုတ်နေရပါ၏။ဝက်ခြံပေါက်ဆေး လိုချင်ခဲ့ဖူးသော ကျွန်တော်သည် ဝက်ခြံပျောက်ဆေးကို သုံးနေရပါသည်။ကျွန်တော် ကြိတ်ကြိုက်ခဲ့သော တောင့်တောင့်ထွားထွား တင်ဇာလွင်ကြီးသည်လည်း ကလေးနှစ်ယောက်အမေ ဝတုတ်ကြီး ဖြစ်နေသည်ဟု သတင်းရထားပါသည်။

ကျွန်တော်တို့ တစ်ချိန်တစ်ခါက အလွန်လိုချင်ခဲ့သော အရာများသည် အချိန်ကာလ တစ်ခုကျလျှင် ကျွန်တော်တို့ မလိုချင်ဆုံးသော အရာများ ဖြစ်နေတတ်ပြန်သည်။

သြော်..ဝက်ခြံကပေးတဲ့ သင်္ခါရတွေပါလားကွယ်ရို့။

ဗြိတိသျှကိုကိုမောင်
ဇွန် - ၉

( Zawgyi )

(၁၆) ရာစုႏွစ္က အာရွတိုက္တြင္ အင္အားအေတာင့္တင္းဆုံး ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီးကို ထူေထာင္ခဲ့သည့္ ဟံသာဝတီ ဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္ေက်ာ္ထင္ အေနာ္ရထာလည္း လူပ်ိဳေပါက္ဘဝက ဝက္ၿခံေပါက္ဖူးခဲ့မည္။

ထိုႏွယ့္ စကားလုံးကြန္တိန္နာႀကီးျဖင့္ အစခ်ီထားၿပီး ေနာက္ပိုင္းက်မွ ဝက္ၿခံေပါက္သည့္ကိစၥျဖင့္ အဆုံးသတ္ထားသျဖင့္ ကြၽန္ေတာ့္အား မဆဲၾကပါႏွင့္။တကယ္ေတာ့ ဝက္ၿခံသည္ ကြၽန္ေတာ္တို႔ အားလုံးႏွင့္ မကင္းရာမကင္းေၾကာင္း ျဖစ္ခဲ့သည္။

pimple သို႔မဟုတ္ acne ဟု အဂၤလိပ္လိုေခၚေသာ ထိုအဖု၏ ျမန္မာနာမည္က အဘယ့္ေၾကာင့္ ဝက္ၿခံဟု ျဖစ္သြားသည္ကိုလည္း ကြၽန္ေတာ္ေတြးၾကည့္မိဖူးသည္။ဝက္ၿခံသည္ အေရျပားေပၚမွ ေခြၽးေပါက္ကေလးမ်ားတြင္ အဆီအိတ္မ်ား ပိတ္သြားျခင္းေၾကာင့္ ျဖစ္ေပၚလာသည္ဟု ဖတ္ဖူးသည္။ဝက္ ဆိုသည္က အဆီမ်ားသည့္ သတၱဝါ။ၿခံ ကေတာ့ ဝက္ေတြကို ေလွာင္ခတ္ထားသည့္ေနရာ။
ဒါေၾကာင့္ အဆီအိတ္ေတြ ပိတ္ၿပီးျဖစ္လာတဲ့ အဖုကို ဝက္ၿခံဟု ေရွးျမန္မာႀကီးမ်ားက တင္စားေခၚေဝၚခဲ့ေလသလားဟု ႀကံဖန္ေတြးၾကည့္မိသည္။ကြၽန္ေတာ့္ေတြးသည့္အတိုင္း မွန္လ်င္ေတာ့ ေရွးေခတ္ျမန္မာႀကီးမ်ားသည္ ဝက္ၿခံေရးရာ ကြၽမ္းက်င္သူေတြျဖစ္မွာ ေသခ်ာသည္။

ဝက္ၿခံသည္ အသက္အ႐ြယ္အလိုက္ ေျပာင္းလဲတတ္ေသာ လူ႔စိတ္ကိုပင္ ကိုယ္စားျပဳေနသည္ဟုလည္း ကြၽန္ေတာ္ထင္သည္။ကြၽန္ေတာ္ အသက္ (၁၃) ႏွစ္သားေလာက္တြင္ ဝက္ၿခံေပါက္ခ်င္သည့္ ေရာဂါထခဲ့ဖူးသည္။ဝက္ၿခံေပါက္ျခင္းသည္ လူပ်ိဳျဖစ္လာျခင္းဟု လူႀကီးမိဘမ်ားကလည္း သတ္မွတ္ၾကသည္။''ဟာ..ဒီေကာင္ႀကီးေတာင္ ဝက္ၿခံေတြဘာေတြ ေပါက္ေနၿပီ..လူပ်ိဳေပါက္ျဖစ္ၿပီေပါ့'' စသျဖင့္ ေျပာသံကို ၾကားရသည့္အခါ ကိုယ့္ကိုကိုယ္ ငါကေလးမဟုတ္ေတာ့ဆိုသည့္ အသိႏွင့္ ေျမာက္ႂကြႂကြျဖစ္ရသည္။ကိုယ့္ထက္ စီနီယာက်သည့္ အကိုႀကီးမ်ားက မ်က္ႏွာမွ ဝက္ၿခံအဖုေလးကို သနပ္ခါးေသာ္ လည္းေကာင္း၊ ထုံးေသာ္ လည္းေကာင္း တို႔ထားသည့္ စတိုင္လ္ကို သေဘာက်သည္။ကြၽန္ေတာ္ ထိုအ႐ြယ္တြင္ ဝက္ၿခံက ေတာ္ေတာ္ႏွင့္ မေပါက္။ကြၽန္ေတာ္တို႔ အတန္းတူ ေယာက္်ားေလးမ်ားထဲတြင္ တခ်ိဳ႕ေကာင္ေတြ ဝက္ၿခံေပါက္ၾကၿပီ။ဒီေကာင္ေတြက သူတို႔ ဝက္ၿခံမျဖစ္စေလာက္ေလးကိုပင္ ထုံးအထူႀကီး တို႔လာၿပီး ဟန္ေရးျပၾကသည္။ထိုထဲတြင္ အဆိုးဆုံးက ၿဖိဳးကို ဆိုသည့္ေကာင္။

ဒီေကာင္က တ႐ုတ္ေသြးစပ္။အသားကျဖဴျဖဴ၊ မ်က္ႏွာက အဆီျပန္ျပန္ဆိုေတာ့ ဝက္ၿခံအလြန္ေပါက္ေကာင္းသည့္ မ်က္ႏွာမ်ိဳး။ဝက္ၿခံငါးဖုေလာက္ နဖူးပတ္လည္မွာ ေပါက္ေတာ့ ဒီေကာင့္ နဖူးတြင္ ထုံးစက္ေတြတို႔ကာ ေက်ာင္းကိုလာသည္။ကြၽန္ေတာ့္မ်က္စိထဲေတာ့ ဒီအေကာင္ဟာ ဝက္ၿခံေလး သုံးေလးဖုေလာက္နဲ႔ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနသည္ဟု ျမင္ကာ ၾကည့္မရျဖစ္မိသည္။ေနာက္ထပ္ အတန္းထဲက သုံးေလးေယာက္ကလည္း ဝက္ၿခံေလးေတြ ျဖစ္လာၾကၿပီ။အတန္းထဲတြင္ ကြၽန္ေတာ္ခ်ိန္ေနသည့္ တင္ဇာလြင္ ဆိုသည့္ ခပ္ထြားထြား ေကာင္မေလးဆိုလွ်င္ ႏႈတ္ခမ္းအေပၚတြင္ ရင့္မွည့္ေသာ ဝက္ၿခံအနီႀကီးကိုပင္ ပိုင္ဆိုင္ေနေခ်ၿပီ။ကြၽန္ေတာ့္မ်က္ႏွာ ကြၽန္ေတာ္ မွန္ထဲျပန္ၾကည့္သည္။ဝက္ၿခံႏွင့္တူတာ တစ္ခုမွမေတြ႕။
ေက်ာင္းပိတ္ရက္က ေနပူထဲ စြန္လႊတ္ထားသျဖင့္ ေပါက္ေနသည့္ မိတ္ဖုေတြသာ ရွိသည္။သူမ်ားေတြက ဝက္ၿခံကိုယ္စီေပါက္ေနၿပီး ကိုယ္ကမေပါက္။ဒီေတာ့ ႐ြယ္တူေတြက လူပ်ိဳ၊ အပ်ိဳျဖစ္ကုန္ၾကၿပီး ကိုယ္က ကေလးဘဝမွာပဲ က်န္ရစ္သည္ဟု ထင္လာသည္။ဝက္ၿခံမေပါက္သည့္အတြက္ သိမ္ငယ္လာသည္။ခက္တာက ဝက္ၿခံေပ်ာက္ေဆး ဆိုတာသာ ရွိသည္။ဝက္ၿခံေပါက္ေဆးဆိုတာ မရွိ။ဒီေဆးပညာရွင္ဆိုတဲ့ ဘဲေတြက ဘာလို႔ ဝက္ၿခံေပါက္ေဆးကို မတီထြင္ခဲ့ရတာလဲဟုေတြးၿပီး မေက်မနပ္ပင္ ျဖစ္မိသည္။ဝက္ၿခံမေပါက္သျဖင့္ အတန္းထဲမွ သူငယ္ခ်င္းမ်ားၾကား မ်က္ႏွာငယ္ခဲ့ရေသာ ကြၽန္ေတာ့္အတြက္ စိတ္သက္သာရာတစ္ခုေတာ့ ေပၚလာခဲ့သည္။ထိုအရာကား ေယာက္်ားေလး အိမ္သာထဲတြင္ ျဖစ္လာခဲ့ျခင္းပင္။

ေက်ာင္းမုန႔္စားဆင္းခ်ိန္ ေယာက္်ားေလးအိမ္သာထဲရွိ ရွဴးတန္းစီေပါက္သည့္ေနရာတြင္ ကြၽန္ေတာ္က ဟိုအေကာင္ေတြထက္ သာသြားေလ၏။မ႐ိုေသ့စကား။ကြၽန္ေတာ္သည္ သူတို႔လို မ်က္ႏွာတြင္ ဝက္ၿခံမထြက္ေသးေသာ္လည္း ဟိုေနရာတြင္ေတာ့ ကြၽန္ေတာ္က သူတို႔ထက္ အေမႊးအေတာင္ သြားစုံေနျခင္း ျဖစ္သည္။အခုေခတ္စကားႏွင့္ဆိုလွ်င္ ေသးေပါက္ခန္းတြင္ေတာ့ ကြၽန္ေတာ္က အေကာင္ျဖစ္ခဲ့သည္။သို႔ေသာ္ျငား..ထိုအေကာင္ျဖစ္မႈက ေယာက္်ားေလးျခင္းသာ ႂကြားစရာျဖစ္ခဲ့ၿပီး ဝက္ၿခံလိုမ်ိဳး မိန္းကေလးေတြေရွ႕ ထုံးေလးတို႔ၿပီး လမ္းသလားျပလို႔ ေကာင္းသည့္ကိစၥ မဟုတ္။

''ဟဲ့..တင္ဇာလြင္..ငါမွာ ဝက္ၿခံမေပါက္ေပမယ့္..ဟိုဟာေတာ့ ေပါက္ေနၿပီ …မယုံ.နင္လိုက္ၾကည့္ပါလား'' ဟု သြားေျပာလ်င္ ပါးက်ိဳး႐ုံမက ေက်ာင္းပါ ထုတ္ခံရမည့္အေပါက္။

ဒီလိုႏွင့္ ကြၽန္ေတာ့္မွာ မနက္မိုးလင္းသည္ႏွင့္ မွန္ေရွ႕မတ္တပ္ရပ္ၿပီး ကိုယ့္မ်က္ႏွာမွာ ဝက္ၿခံ ထြက္၊ မထြက္ ျပဴးၿပဲရွာရသည္မွာ ရွစ္တန္းတစ္ႏွစ္လုံးပင္။ကိုးတန္း ေက်ာင္းဖြင့္ခါနီးမွသာ ေမးေစ့ေပၚတြင္ ဝက္ၿခံတစ္လုံးကို ေအာင္ျမင္စြာ ေမြးျမဴႏိုင္ခဲ့ပါေတာ့သည္။

အခုေရာ။ဆယ့္ငါးႏွစ္ေက်ာ္ၾကာၿပီးတဲ့ ေနာက္..အခု ကြၽန္ေတာ္ အသက္သုံးဆယ္ေက်ာ္အခ်ိန္။ကြၽန္ေတာ့္ ႏွာေခါင္းထိပ္တြင္ ဧရာမဝက္ၿခံႀကီး ထြက္လာသည္။လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ေက်ာ္ကာလက အသည္းအသန္ ေပါက္ခ်င္ခဲ့ဖူးေသာ ဝက္ၿခံသည္ ယခုအခါ တကယ့္ျပႆနာႀကီးတစ္ခု ျဖစ္ေနျပန္ေခ်၏။ဝက္ၿခံသည္ အျခားေနရာတြင္ ေပါက္သည္က ျပႆနာမဟုတ္။
ႏွာေခါင္းထိပ္တြင္ ေပါက္သည္ကေတာ့ ျပႆနာ။နဂိုကမွ ႏွာေခါင္းႀကီးေသာ ကြၽန္ေတာ့္အတြက္ ဒီဝက္ၿခံႀကီးပါ ထပ္ျဖည့္လိုက္ေသာအခါ မွန္ထဲတြင္ပင္ ကိုယ့္ကိုကိုယ္ ႏွာဗူး႐ုပ္ႀကီးဟု ထင္လာသည္။

ဘတ္စ္ကားေပၚတြင္လည္း ဒီ နီရဲပြေယာင္းေနေသာ ဝက္ၿခံျဖင့္ ႀကံ့ႏွာေခါင္းကို ေကာင္မေလးမ်ားကၾကည့္ၿပီး ဟယ္..ႏွာဗူးႀကီးထင္တယ္..တြယ္ခ်ိတ္အသင့္ျပင္ထားမွဆိုသည့္ အၾကည့္မ်ိဳးျဖင့္ ၾကည့္ေနၾကသည္ဟု ကိုယ့္ကိုကိုယ္ မလုံမလဲျဖစ္လာသည္။

အိမ္သူသက္ထား ေလဒီၿဗိ ကေတာ့ အားေပးရွာပါသည္။

''ေယာက္်ားရယ္…ရွင့္ဥပဓိ႐ုပ္က ႏွာေခါင္းမွာ ဝက္ၿခံမေပါက္လဲ..ႏွာဗူး႐ုပ္ပါပဲ.မထူးပါဘူး'' တဲ့။

သို႔ေပတည့္...သူ႔ခမ်ာ မေနသာပါ။ကြၽန္ေတာ့္အတြက္ ဝက္ၿခံေပ်ာက္ေဆးကို သူၫႊန္ၾကားသလို လိုက္နာရေတာ့သည္။ကြၽန္ေတာ္တို႔ကလည္း အလွအပေရးရာမွာက်ေတာ့ ဘာမွမသိသည့္ ငတိေတြကိုး။ေရခ်ိဳးခန္းဝင္ၿပီး ႏွာေခါင္းက ဝက္ၿခံႀကီး အပါအဝင္ မ်က္ႏွာတစ္ျပင္လုံးကို သူဝယ္လာေပးေသာ ဝက္ၿခံေပ်ာက္ဆပ္ျပာျဖင့္ အျမဳပ္ထြက္သည္အထိ သစ္ရသည္။
ၿပီးေတာ့ ေရေျခာက္ေသာအခါ ဝက္ၿခံေပ်ာက္ေဆး ဆိုေသာအရာ လိမ္းရ၏။ယင္းသို႔ အဆင့္ဆင့္အတြက္ ေငြသုံးေထာင္ ကုန္ခဲ့သည္ဟုလည္း ဇနီးသည္က ဆိုသည္။ထိုသို႔ျဖင့္ ဇနီးသည္၏ ကုသမႈကို ခံယူရင္း သံေဝဂတစ္ခု ရလိုက္ပါသည္။

ကြၽန္ေတာ္ တစ္ခ်ိန္က အရမ္းေပါက္ခ်င္ခဲ့ေသာ ဝက္ၿခံကို ယခုေတာ့ ေငြသုံးေထာင္ အကုန္ခံၿပီး ရွင္းထုတ္ေနရပါ၏။ဝက္ၿခံေပါက္ေဆး လိုခ်င္ခဲ့ဖူးေသာ ကြၽန္ေတာ္သည္ ဝက္ၿခံေပ်ာက္ေဆးကို သုံးေနရပါသည္။ကြၽန္ေတာ္ ႀကိတ္ႀကိဳက္ခဲ့ေသာ ေတာင့္ေတာင့္ထြားထြား တင္ဇာလြင္ႀကီးသည္လည္း ကေလးႏွစ္ေယာက္အေမ ဝတုတ္ႀကီး ျဖစ္ေနသည္ဟု သတင္းရထားပါသည္။

ကြၽန္ေတာ္တို႔ တစ္ခ်ိန္တစ္ခါက အလြန္လိုခ်င္ခဲ့ေသာ အရာမ်ားသည္ အခ်ိန္ကာလ တစ္ခုက်လွ်င္ ကြၽန္ေတာ္တို႔ မလိုခ်င္ဆုံးေသာ အရာမ်ား ျဖစ္ေနတတ္ျပန္သည္။

ေၾသာ္..ဝက္ၿခံကေပးတဲ့ သခၤါရေတြပါလားကြယ္႐ို႕။

ၿဗိတိသွ်ကိုကိုေမာင္
ဇြန္ - ၉