【 သရော်စာ 】 စနစ်ကို အရက်တိုက် ချိန်းမည်

【 သရော်စာ 】 စနစ်ကို အရက်တိုက် ချိန်းမည်

“စနစ်ကို အရက်တိုက် ချိန်းမည်..။”

ဒါက ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲဝင်မယ့် စည်ပင်သာယာ လူကြီးလောင်း မောင်ဗြိ ၏ မဲဆွယ်ကြွေးကြော်သံ။

မောင်ဗြိ ဆိုသည်က လေထဲမှာ တိုက်အိမ်ဆောက်၊ ခြင်ထောင်ထဲ ဘုရားတည်သည့် လက်တွေ့မကျသည့် အလုပ်တွေ စိတ်မဝင်စား။မော်ဒယ်တွေ၊ အလှမယ်တွေပင် စည်ပင်လူကြီးလုပ်ဖို့ ရွေးကောက်ပွဲဝင်နေသည့် ခေတ်ကာလကြီးဝယ် စာတိုပေစ ရေးစားနေသော မောင်ဗြိ သည်လည်း သူ၏ ဥပဓိရုပ်ကြီး ဗန်းပြကာ စည်ပင်ရွေးကောက်ပွဲသို့ ဝင်ခဲ့ခြင်းပင်။

“စနစ်ကို အရက်တိုက်ပြီး ချိန်းမည်”

မှန်၏။လူတို့၏ သဘောကား ဘယ်လောက်ပင် ခေါင်းမာမာ အရက်တိုက်လိုက်လျှင် ပျော့ပြောင်းသွားသည်။ဘယ်လောက်ပင် စိတ်ဆိုးဆိုး အရက်တိုက်လိုက်လျှင် ခွင့်လွှတ်တတ်သည်။အရက်က လူတွေကို Head Power ကနေ Soft power  ဖြစ်သွားစေသည်။ဒါက သေရည်တည်းဟူသော အရက်၏ အစွမ်းပကားပင်။စနစ်ဆိုသည်မှာလည်း သူ့ဘာသာ ပေါ်လာတာမဟုတ်။
လူတွေလုပ်လို့ ပေါ်လာသည့် အရာဖြစ်သည်။ဒီတော့ လူတွေကို အရက်တိုက်ပြီး စည်းရုံးလိုက်လျှင် စနစ်သည် အလိုအလျောက် ချိန်းသွားပေလိမ့်မည်ပင်။ဒီလိုနဲ့ပဲ ပုလင်းတစ်လုံး အရင်းဆုံးခံပြီး မင်းဘုန်းရသွားသည့် ခရိုနီတွေ၊ ခရိုပြာတွေ မနည်းမနော မြန်မာပြည်မှာရှိနေသည်။အခု စည်ပင်သာယာ အမှုဆောင်ရွေးပွဲတည်းဟူသော မြူနီစပါယ် လူကြီးဖြစ်ဖို့ကိုလည်း မောင်ဗြိ က ဒီနည်းလမ်းကို ရွေးချယ်ပြီး ဒီကြွေးကြော်သံကို အော်ရခြင်းဖြစ်သည်။

နို့ မောင်ဗြိ ရ..မောင်ရင်က လူကြီးဖြစ်ချင်ရအောင် မောင်ရင့်မှာ ဘာအရည်အချင်း ရှိသလဲ..မေးလာအံ့..။ဝင်ပြိုင်သည့် လူကြီးအများစုက အစိုးရအရာရှိဟောင်းတွေ ပါသည်။စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါသည်။အလှမယ်လည်း ပါသည်။မောင်ဗြိ ကား ဘီအီးသုံးလုံးကို သံပုရာသီးတစ်စိတ်ဖြင့် အပြတ်ဖြိုနိုင်သည်။ဒါကား ကျုပ်အရည်အချင်း..။

ဟေ့လူရေ…တိုင်းပြည်အတွက် အနစ်နာခံပြီး ထောင်ကျတန်းကျ ခံခဲ့ရတဲ့သူဆို ရွေးကောက်ပွဲ ကြော်ငြာမှာ ထည့်ရေးရတာ ပိုကောင်းသဗျတဲ့။တချို့ကအကြံပြုကြသည်။မောင်ဗြိ ကလည်း ထောင်နဲ့ပတ်သတ်လာလျှင် ခေသူမဟုတ်။ည ၁၀ နာရီဆို ဝင်ပြီး မနက်ရှစ်နာရီဆို ထွက်လာတဲ့သူ။ထောင်ကို ဝင်လိုက်ထွက်လိုက်သမား..။ဒါပေမယ့် သူ့လို အကျဉ်းထောင်တော့ မဟုတ်။အိမ်က အဖာဗာရပွနှင့် ခြင်ထောင်ဖြစ်သည်။ဟုတ်ပြီ..အရည်အချင်းတွေကတော့ သားရေပင်နဲ့ပင် စည်းထားလို့မရဘူး..ထားပါတော့။

မောင်ဗြိ တစ်ယောက် ဟော့ဒီ စက်ဝိုင်းမြို့ကြီးတွင် စည်ပင်သာယာ လူကြီးဖြစ်လျှင် ဘာလုပ်ပေးမည်နည်း။ပထမဆုံး မိုးတွင်း မြို့ထဲမှာ ရေလျှံသည့်ကိစ္စ မောင်ရင် ဘယ်လိုရှင်းမလဲဆို..။ဒါက ဗြိ အတွက် သိပ်လွယ်သည်။မြို့တွင်းတွင် ရေဘာကြောင့်လျှံသနည်း။မြောင်းတွေပိတ်လို့၊ အမှိုက်တွေပိတ်လို့ ဟု အခြားကိုယ်စားလှယ်လောင်းတွေက လျှောက်ဖြေကြမည်။မောင်ဗြိ ကတော့ သူတို့လို သမရိုးကျမတွေး။ဖြန့်ထွက်တွေးသည်။ခရစ်တီကယ်သင်းကီး၊ လက်ထရယ်သင်းကီးတွေ သုံးသည်။  ဒီကိစ္စကို အဆုံးအထိတွေးသည်။အဖြေကရှင်းပါသည်။တကယ်တော့ ရေလျှံသည်ဆိုသည်မှာ မိုးရွာခြင်းကြောင့်ပင်။ဒီတော့ ရေမလျှံချင်လျှင် ဘာလုပ်ရမည်နည်း။လွယ်သည်။မိုးမရွာအောင် လုပ်လိုက်လျှင် ရေမလျှံတော့..။မိုးမရွာအောင် လုပ်ဖို့အတွက်ကလည်း မောင်ဗြိ တွင် အကြံရှိသည်။မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မိုးမရွာအောင် လုပ်သည့်နည်းကို သုံးရမည်။မောင်ဗြိ တို့ ရွာက မိုးတားဆရာ ဘိုးတော်ပွ ကို စည်ပင်သာယာတွင် ညွှန်ကြားရေးမှူးရာထူး ပေးလိုက်မည်။ရန်ကုန်ကောင်းကင်မှာ မိုးတွေညိုလာပြီဆိုလျှင်ပင် မြို့တော်ခန်းမရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲနှင့် ဖယောင်းတိုင်ထွန်းကာ ကိုယ့်ဆရာကို အသာလွှတ်ပေးလိုက်ရုံသာ။သူ့ဘာသာ မန်းလိုက် မှုတ်လိုက်ရုံဖြင့် ဒေဝေါ သည် ဝေးရာသို့ ပြေးရော့မည်။ကိုင်း..ရေကြီးသည့် ကိစ္စကတော့ ဟုတ်ပါပြီ။

မြို့တော်တစ်ဝန်း သန့်ရှင်းစင်ကြယ်ရေး ကွမ်းတံတွေးကွက်တွေ ကိစ္စကရော။ဒါလည်း အခြေခံကျကျ တွေးဖို့လိုသည်။လူတွေ ကွမ်းဘာကြောင့် စားကြသလဲ။ကွမ်းယာရောင်းတဲ့သူတွေ ရှိလို့မဟုတ်လား။ဂလိုဖြင့် ကွမ်းယာသည် မှန်သမျှကို စည်ပင်မှာ လစာကောင်းကောင်း ရာထူးကြီးကြီးဖြင့် ပေးလိုက်ရင်ရော..။ရောင်းသူမရှိလျှင် စားသူမရှိ။ဒါ မဟာဗျူဟာအကျဆုံး နည်းလမ်းမဟုတ်လား…။

ဒါဖြင့် မော်တော်ကား လမ်းတွေကြပ်တာရောဗျာတဲ့..။ကုန်းတံတား ထိုးတယ်ဆိုတာ ပိုက်ဆံကုန်သည်။တိုင်းပြည်ဘတ်ဂျက်ကို ဖြုန်းရာလည်းကျသည်။လမ်းလယ်ကောင်မှာ တုံးတွေချထားတာကလည်း ထင်သလောက်အလုပ်မဖြစ်။အရင်က ရန်ကုန်က လူတွေ လမ်းကူးလျှင် ကားတိုက်မိမှာသာ စိုးရသည်။အခုတော့ တုံးတိုက်မိမှာပါ စိုးနေရသဖြင့် စကားပုံကိုတောင် တုံးတိုက်တိုက် ကားတိုက်တိုက်လို့ ပြင်ရမလိုဖြစ်နေပြီ မဟုတ်လား။မော်တော်ကားလမ်းတွေ ကြပ်သည့် အကြောင်းအရင်းကို စည်ပင်လူကြီးလောင်း မောင်ဗြိ သေချာသုတေသန ပြုကြည့်တော့အဖြေတစ်ခုရသည်။မော်တော်ကားတွေ ကြပ်နေခြင်းသည် ကားစီးနိုင်တဲ့လူ များနေသည့်အတွက်ပင် ဖြစ်သည်။ဒီတော့ ကားတစ်စီးဝယ်ပြီးရင် ထိန်းသိမ်းခဆိုပြီး တစ်လတစ်ခါ အဲ့ကားနှစ်စီးစာလောက် အခွန်လိုက် ကောက်ပစ်လျှင် ဇာတ်လမ်းပြတ်မည်။နို့ ကိုယ့်အိမ်ကိုယ်ထားတဲ့ မီတာတောင် ထိန်းသိမ်းခဆိုပြီး ကောက်သေးတာပဲ..ကားလမ်းတွေရှင်းဖို့အရေး ဒီလိုပဲ မျက်နှာပြောင်တိုက် ကောက်သင့် ကောက်ဖို့လိုမည်။

နောက်ဆုံး မောင်ဗြိ သာ စည်ပင်လူကြီးဖြစ်လျှင် ရဲရဲတောက် ကတိတစ်ခု ပေးလိုက်ချင်သည်။ရန်ကုန်ကို တစ်လအတွင်း စင်္ကာပူလိုဖြစ်အောင် လုပ်ပြမည်။မယုံမရှိနှင့်။ရန်ကုန်မြို့တွင် နေထိုင်သည့် မည်သည့်လူမျိုးခြားမဆို  ပန်းရောင်မှတ်ပုံတင်ကဒ် ပေးမည်ဟုသာ စည်ပင်ဥပဒေသစ် ပြဌာန်းလိုက်..။တစ်နိုင်ငံလုံးမှ မှတ်ပုံတင်မရှိသူတွေ..ရန်ကုန်ကို စုပြုံပြီးရောက်လာမည်က အသေအချာ။ဒီအခါ…ရန်ကုန်သည် တရုတ်နှင့် ကုလား လူမျိုးနှစ်မျိုးသာ အများဆုံးရှိသော  စင်္ကာပူလိုမျိုး  မကြာမီ ဘုရားစူး ဖြစ်စေရပါမည်…။

ရန်ကုန်ကို စင်ကာပူလို ဖြစ်ချင်လျင်….စနစ်ကို အရက်တိုက်ချိန်းမည့်………………ဥုံဖွဆို အကုန်ရသည့် စည်ပင်လူကြီးလောင်း မောင်ဗြိ ကို မဲပေးဖို့ပဲ လိုပါသည်။

ဗြိတိသျှကိုကိုမောင်
ဖေဖော်ဝါရီ - ၁၇

( Zawgyi )

“စနစ္ကို အရက္တိုက္ ခ်ိန္းမည္..။”

ဒါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ ေ႐ြးေကာက္ပြဲဝင္မယ့္ စည္ပင္သာယာ လူႀကီးေလာင္း ေမာင္ၿဗိ ၏ မဲဆြယ္ေႂကြးေၾကာ္သံ။

ေမာင္ၿဗိ ဆိုသည္က ေလထဲမွာ တိုက္အိမ္ေဆာက္၊ ျခင္ေထာင္ထဲ ဘုရားတည္သည့္ လက္ေတြ႕မက်သည့္ အလုပ္ေတြ စိတ္မဝင္စား။ေမာ္ဒယ္ေတြ၊ အလွမယ္ေတြပင္ စည္ပင္လူႀကီးလုပ္ဖို႔ ေ႐ြးေကာက္ပြဲဝင္ေနသည့္ ေခတ္ကာလႀကီးဝယ္ စာတိုေပစ ေရးစားေနေသာ ေမာင္ၿဗိ သည္လည္း သူ၏ ဥပဓိ႐ုပ္ႀကီး ဗန္းျပကာ စည္ပင္ေ႐ြးေကာက္ပြဲသို႔ ဝင္ခဲ့ျခင္းပင္။

“စနစ္ကို အရက္တိုက္ၿပီး ခ်ိန္းမည္”

မွန္၏။လူတို႔၏ သေဘာကား ဘယ္ေလာက္ပင္ ေခါင္းမာမာ အရက္တိုက္လိုက္လွ်င္ ေပ်ာ့ေျပာင္းသြားသည္။ဘယ္ေလာက္ပင္ စိတ္ဆိုးဆိုး အရက္တိုက္လိုက္လွ်င္ ခြင့္လႊတ္တတ္သည္။အရက္က လူေတြကို Head Power ကေန Soft power  ျဖစ္သြားေစသည္။ဒါက ေသရည္တည္းဟူေသာ အရက္၏ အစြမ္းပကားပင္။စနစ္ဆိုသည္မွာလည္း သူ႔ဘာသာ ေပၚလာတာမဟုတ္။
လူေတြလုပ္လို႔ ေပၚလာသည့္ အရာျဖစ္သည္။ဒီေတာ့ လူေတြကို အရက္တိုက္ၿပီး စည္း႐ုံးလိုက္လွ်င္ စနစ္သည္ အလိုအေလ်ာက္ ခ်ိန္းသြားေပလိမ့္မည္ပင္။ဒီလိုနဲ႔ပဲ ပုလင္းတစ္လုံး အရင္းဆုံးခံၿပီး မင္းဘုန္းရသြားသည့္ ခ႐ိုနီေတြ၊ ခ႐ိုျပာေတြ မနည္းမေနာ ျမန္မာျပည္မွာရွိေနသည္။အခု စည္ပင္သာယာ အမႈေဆာင္ေ႐ြးပြဲတည္းဟူေသာ ျမဴနီစပါယ္ လူႀကီးျဖစ္ဖို႔ကိုလည္း ေမာင္ၿဗိ က ဒီနည္းလမ္းကို ေ႐ြးခ်ယ္ၿပီး ဒီေႂကြးေၾကာ္သံကို ေအာ္ရျခင္းျဖစ္သည္။

ႏို႔ ေမာင္ၿဗိ ရ..ေမာင္ရင္က လူႀကီးျဖစ္ခ်င္ရေအာင္ ေမာင္ရင့္မွာ ဘာအရည္အခ်င္း ရွိသလဲ..ေမးလာအံ့..။ဝင္ၿပိဳင္သည့္ လူႀကီးအမ်ားစုက အစိုးရအရာရွိေဟာင္းေတြ ပါသည္။စီးပြားေရးလုပ္ငန္းရွင္ေတြလည္း ပါသည္။အလွမယ္လည္း ပါသည္။ေမာင္ၿဗိ ကား ဘီအီးသုံးလုံးကို သံပုရာသီးတစ္စိတ္ျဖင့္ အျပတ္ၿဖိဳႏိုင္သည္။ဒါကား က်ဳပ္အရည္အခ်င္း..။

ေဟ့လူေရ…တိုင္းျပည္အတြက္ အနစ္နာခံၿပီး ေထာင္က်တန္းက် ခံခဲ့ရတဲ့သူဆို ေ႐ြးေကာက္ပြဲ ေၾကာ္ျငာမွာ ထည့္ေရးရတာ ပိုေကာင္းသဗ်တဲ့။တခ်ိဳ႕ကအႀကံျပဳၾကသည္။ေမာင္ၿဗိ ကလည္း ေထာင္နဲ႔ပတ္သတ္လာလွ်င္ ေခသူမဟုတ္။ည ၁၀ နာရီဆို ဝင္ၿပီး မနက္ရွစ္နာရီဆို ထြက္လာတဲ့သူ။ေထာင္ကို ဝင္လိုက္ထြက္လိုက္သမား..။ဒါေပမယ့္ သူ႔လို အက်ဥ္းေထာင္ေတာ့ မဟုတ္။အိမ္က အဖာဗာရပြႏွင့္ ျခင္ေထာင္ျဖစ္သည္။ဟုတ္ၿပီ..အရည္အခ်င္းေတြကေတာ့ သားေရပင္နဲ႔ပင္ စည္းထားလို႔မရဘူး..ထားပါေတာ့။

ေမာင္ၿဗိ တစ္ေယာက္ ေဟာ့ဒီ စက္ဝိုင္းၿမိဳ႕ႀကီးတြင္ စည္ပင္သာယာ လူႀကီးျဖစ္လွ်င္ ဘာလုပ္ေပးမည္နည္း။ပထမဆုံး မိုးတြင္း ၿမိဳ႕ထဲမွာ ေရလွ်ံသည့္ကိစၥ ေမာင္ရင္ ဘယ္လိုရွင္းမလဲဆို..။ဒါက ၿဗိ အတြက္ သိပ္လြယ္သည္။ၿမိဳ႕တြင္းတြင္ ေရဘာေၾကာင့္လွ်ံသနည္း။ေျမာင္းေတြပိတ္လို႔၊ အမႈိက္ေတြပိတ္လို႔ ဟု အျခားကိုယ္စားလွယ္ေလာင္းေတြက ေလွ်ာက္ေျဖၾကမည္။ေမာင္ၿဗိ ကေတာ့ သူတို႔လို သမ႐ိုးက်မေတြး။ျဖန႔္ထြက္ေတြးသည္။ခရစ္တီကယ္သင္းကီး၊ လက္ထရယ္သင္းကီးေတြ သုံးသည္။  ဒီကိစၥကို အဆုံးအထိေတြးသည္။အေျဖကရွင္းပါသည္။တကယ္ေတာ့ ေရလွ်ံသည္ဆိုသည္မွာ မိုး႐ြာျခင္းေၾကာင့္ပင္။ဒီေတာ့ ေရမလွ်ံခ်င္လွ်င္ ဘာလုပ္ရမည္နည္း။လြယ္သည္။မိုးမ႐ြာေအာင္ လုပ္လိုက္လွ်င္ ေရမလွ်ံေတာ့..။မိုးမ႐ြာေအာင္ လုပ္ဖို႔အတြက္ကလည္း ေမာင္ၿဗိ တြင္ အႀကံရွိသည္။ျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ မိုးမ႐ြာေအာင္ လုပ္သည့္နည္းကို သုံးရမည္။ေမာင္ၿဗိ တို႔ ႐ြာက မိုးတားဆရာ ဘိုးေတာ္ပြ ကို စည္ပင္သာယာတြင္ ၫႊန္ၾကားေရးမႉးရာထူး ေပးလိုက္မည္။ရန္ကုန္ေကာင္းကင္မွာ မိုးေတြညိဳလာၿပီဆိုလွ်င္ပင္ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ငွက္ေပ်ာပြဲ အုန္းပြဲႏွင့္ ဖေယာင္းတိုင္ထြန္းကာ ကိုယ့္ဆရာကို အသာလႊတ္ေပးလိုက္႐ုံသာ။သူ႔ဘာသာ မန္းလိုက္ မႈတ္လိုက္႐ုံျဖင့္ ေဒေဝါ သည္ ေဝးရာသို႔ ေျပးေရာ့မည္။ကိုင္း..ေရႀကီးသည့္ ကိစၥကေတာ့ ဟုတ္ပါၿပီ။

ၿမိဳ႕ေတာ္တစ္ဝန္း သန႔္ရွင္းစင္ၾကယ္ေရး ကြမ္းတံေတြးကြက္ေတြ ကိစၥကေရာ။ဒါလည္း အေျခခံက်က် ေတြးဖို႔လိုသည္။လူေတြ ကြမ္းဘာေၾကာင့္ စားၾကသလဲ။ကြမ္းယာေရာင္းတဲ့သူေတြ ရွိလို႔မဟုတ္လား။ဂလိုျဖင့္ ကြမ္းယာသည္ မွန္သမွ်ကို စည္ပင္မွာ လစာေကာင္းေကာင္း ရာထူးႀကီးႀကီးျဖင့္ ေပးလိုက္ရင္ေရာ..။ေရာင္းသူမရွိလွ်င္ စားသူမရွိ။ဒါ မဟာဗ်ဴဟာအက်ဆုံး နည္းလမ္းမဟုတ္လား…။

ဒါျဖင့္ ေမာ္ေတာ္ကား လမ္းေတြၾကပ္တာေရာဗ်ာတဲ့..။ကုန္းတံတား ထိုးတယ္ဆိုတာ ပိုက္ဆံကုန္သည္။တိုင္းျပည္ဘတ္ဂ်က္ကို ျဖဳန္းရာလည္းက်သည္။လမ္းလယ္ေကာင္မွာ တုံးေတြခ်ထားတာကလည္း ထင္သေလာက္အလုပ္မျဖစ္။အရင္က ရန္ကုန္က လူေတြ လမ္းကူးလွ်င္ ကားတိုက္မိမွာသာ စိုးရသည္။အခုေတာ့ တုံးတိုက္မိမွာပါ စိုးေနရသျဖင့္ စကားပုံကိုေတာင္ တုံးတိုက္တိုက္ ကားတိုက္တိုက္လို႔ ျပင္ရမလိုျဖစ္ေနၿပီ မဟုတ္လား။ေမာ္ေတာ္ကားလမ္းေတြ ၾကပ္သည့္ အေၾကာင္းအရင္းကို စည္ပင္လူႀကီးေလာင္း ေမာင္ၿဗိ ေသခ်ာသုေတသန ျပဳၾကည့္ေတာ့အေျဖတစ္ခုရသည္။ေမာ္ေတာ္ကားေတြ ၾကပ္ေနျခင္းသည္ ကားစီးႏိုင္တဲ့လူ မ်ားေနသည့္အတြက္ပင္ ျဖစ္သည္။ဒီေတာ့ ကားတစ္စီးဝယ္ၿပီးရင္ ထိန္းသိမ္းခဆိုၿပီး တစ္လတစ္ခါ အဲ့ကားႏွစ္စီးစာေလာက္ အခြန္လိုက္ ေကာက္ပစ္လွ်င္ ဇာတ္လမ္းျပတ္မည္။ႏို႔ ကိုယ့္အိမ္ကိုယ္ထားတဲ့ မီတာေတာင္ ထိန္းသိမ္းခဆိုၿပီး ေကာက္ေသးတာပဲ..ကားလမ္းေတြရွင္းဖို႔အေရး ဒီလိုပဲ မ်က္ႏွာေျပာင္တိုက္ ေကာက္သင့္ ေကာက္ဖို႔လိုမည္။

ေနာက္ဆုံး ေမာင္ၿဗိ သာ စည္ပင္လူႀကီးျဖစ္လွ်င္ ရဲရဲေတာက္ ကတိတစ္ခု ေပးလိုက္ခ်င္သည္။ရန္ကုန္ကို တစ္လအတြင္း စကၤာပူလိုျဖစ္ေအာင္ လုပ္ျပမည္။မယုံမရွိႏွင့္။ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သည့္ မည္သည့္လူမ်ိဳးျခားမဆို  ပန္းေရာင္မွတ္ပုံတင္ကဒ္ ေပးမည္ဟုသာ စည္ပင္ဥပေဒသစ္ ျပဌာန္းလိုက္..။တစ္ႏိုင္ငံလုံးမွ မွတ္ပုံတင္မရွိသူေတြ..ရန္ကုန္ကို စုၿပဳံၿပီးေရာက္လာမည္က အေသအခ်ာ။ဒီအခါ…ရန္ကုန္သည္ တ႐ုတ္ႏွင့္ ကုလား လူမ်ိဳးႏွစ္မ်ိဳးသာ အမ်ားဆုံးရွိေသာ  စကၤာပူလိုမ်ိဳး  မၾကာမီ ဘုရားစူး ျဖစ္ေစရပါမည္…။

ရန္ကုန္ကို စင္ကာပူလို ျဖစ္ခ်င္လ်င္….စနစ္ကို အရက္တိုက္ခ်ိန္းမည့္………………ၪုံဖြဆို အကုန္ရသည့္ စည္ပင္လူႀကီးေလာင္း ေမာင္ၿဗိ ကို မဲေပးဖို႔ပဲ လိုပါသည္။

ၿဗိတိသွ်ကိုကိုေမာင္
ေဖေဖာ္ဝါရီ - ၁၇