【 သရော်စာ 】 "တောသားတွေကို မစော်ကားနဲ့"

【 သရော်စာ 】 "တောသားတွေကို မစော်ကားနဲ့"

ရန်ကုန်သားတွေချည်းပဲသာဆို သာသနာပျောက်တာကြာပြီ။တောသားတွေရှိနေလို့သာ ရန်ကုန်မှာ သာသနာတော်ကြီး စည်ကားနေတာ...။အခုဆိုပဲကြည့်.... ကထိန်၊ တန်ဆောင်တိုင်၊ သီတင်းကျွတ်ပွဲတွေကို...။ ဘယ်သူတွေဦးဆောင်ပြီး လုပ်နေသလဲ...။အကုန်လုံး တောသားတွေချည်းပဲ လုပ်နေရတာ...။

စိုပြေကတော့ တောသားမို့ အခုလို တောသားတွေ သာသနာတော်ကြီးအတွက် အလုပ်အကျွေးပြုနေတာကို ဂုဏ်ယူတယ်။တောသားတွေသာ မရှိတော့ရင် ရန်ကုန်မြို့ကြီးဟာ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကောင်းနေမှာ...။ဘုန်းဘုန်းတွေတောင် ဆွမ်းငတ်ပြီး ပျံလွန်တော်မူကုန်မလား မသိဘူး။ဘုန်းဘုန်းတို့ ဆွမ်းကွမ်းကိစ္စကအစ၊ ကထိန်၊ ဝါဆို အကုန် တောသားတွေပဲ ဦးဆောင်လုပ်နေတာ...။

ဒီလိုအချိန်မှာ မြို့သားတွေ ဘာလုပ်သလဲ...။အလှူခံတွေ နားညီးတယ်ဆိုပြီး ပြောမယ်။အေးအေးမနေရဘူးဆိုပြီး ပွမ်မယ်...။ပြီးတော့ အခန်းအောင်းပြီး ဂိမ်းဆော့မယ်။ညနေ ဘီယာဆိုင်သွားမယ်...။အလှူခံလာရင် လက်ကာပြပြီး သွားတော့လို့ မောင်းထုတ်မယ်။ဘယ်လောက်ရိုင်းသလဲ...။

အခုလို မြို့သားတွေ ဇိမ်ခံနေချိန်မှာ....။တောသားတွေကတော့ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ အလှူတွေ လိုက်ခံနေရတယ်။အနုပညာ လက်ရာမမြောက်ပေမဲ့ စေတနာနဲ့ အဖြစ်လုပ်ထားတဲ့ ကျွဲရုပ်ထဲမှာ ဝင်ကနေရတယ်။ဘာအတွက်လဲ...။သူတို့စားဖို့လား မဟုတ်ပါဘူးခင်ဗျာ....။သာသနာတော်ကြီးအတွက်ပါ...။ကထိန်ခင်းဖို့အတွက် လိုက်လံအလှူခံနေရတာပါ။

အဲ့ဒါကို မြို့သားတွေက ကြည့်နေရက်တယ်။သူတို့နဲ့ မဆိုင်သလိုပဲ...။အမေနံကရိုင်းကိုလည်း ခြင်းကျားကို ပိတ်မဲအုပ်ထားတာ ကြည့်ရဆိုးလိုက်တာဆိုပြီး ဝေဖန်တယ်။နားညီးတယ်ဆိုပြီး မသွားသေးဘူးလားဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်...။

မြို့သားတွေ ဘီယာသောက်နေချိန်မှာတောင် တောသားတွေဟာ မနားရဘူး။အလှူခံနေရတုန်းပဲ...။နေနိုင်ရက်သူကြီးတွေရေ....။

စိုပြေတို့ တောမှာဆိုတာ ဘာလုပ်လုပ် ပွဲလေးသွင်းရမှ...။ဒီရန်ကုန်မှာဆိုတော့ တနယ်တကျေးဖြစ်ပြီး ပွဲမသွင်းနိုင်ဘူး...။ရတာကို ပဒေသာပင်မှာ သီ...။ပြီးရင် ဘုန်းကြီးကျောင်းပို့...။အဲ့လိုမပို့ခင် စပ်ကြားတော့ ရပ်ထဲရွာထဲ လှည့်ရသေးတယ်။မလှည့်ခင်လည်း အလှူခံရသေးတယ်။

အလှူခံပါတယ်ဆိုမှ တိတ်တိတ်လေး အလှူလိုက်ခံရမလား...။အဲ့လို တိတ်တိတ်လေး အလှူခံတော့ ဘယ်သူကသိမလဲ။ဘယ်သူကထည့်မလဲ...။သီချင်းလေးနဲ့ ဖျော်ဖြေမှုလေးနဲ့ မြူးမြူးကြွကြွလေးမှ ကောင်းမပေါ့...။အဲ့တော့ လူတွေကလည်း အော်... အလှူခံပါလားဆိုပြီး သိမပေါ့...။

ဖြစ်နိုင်ရင်တော့ စိုပြေတို့ တောမှာလို အိုးစည်ဒိုးပတ်တွေနဲ့ လှည့်ချင်တာ။ဒီထက်တတ်နိုင်ရင် ဆိုင်းဝိုင်းနဲ့ကို လှည့်ပြီးအလှူခံချင်တာ...။ဒါပေမဲ့ မဖြစ်နိုင်ဘူး။တစ်နယ်တစ်ကျေးက လာရသူတွေ ချို့တဲ့ပါတယ်...။မြို့သားတွေက စေတနာကလည်းမွဲတော့ အလှူငွေက သိပ်မရ...။ဒီတော့ လော်စပီကာနဲ့ ဓါတ်စက်ပဲ ငှားရတာ...။အဲ့စက်လေးနဲ့ပဲ ကိုအောင်နိုင်လေးဖွင့်...။ဒစ်စကိုလေးဖွင့်...။ဗိုလ်အောင်ဒင်လေး ဖွင့်ပြီး အလှူခံရတာ...။

ဒါကိုလည်း ဒီသီချင်းပဲ ဖွင့်တယ်ဆိုပြီး ကဲ့ရဲ့သူတွေကရှိသေးရဲ့...။မြန်မာသံလေးဖွင့်တော့လည်း တောသားတွေဆိုပြီး နှိမ်။ဒစ်စကိုလေး ဖွင့်ပြန်တော့လည်း အလှူခံနဲ့ မအပ်မစပ်ဆိုပြီး အပြစ်ကပြောသေး...။အဲ့တော့ ဒစ်စကိုမြန်မာသံပဲ ဖွင့်ရရှာတယ်။

စိုပြေတို့က တောသားဆိုတော့ မြို့သီချင်းတွေလည်း မကြိုက်ပါဘူး။ဘာတွေဆိုနေမှန်းမှ မသိတာ...။အဲ့တော့ မြန်မာသံလေးတွေ နားထောင်ချင်လို့ အလှူခံတွေ မျှော်နေရတာ အမောပဲ...။ဘာပဲဖြစ်ဖြစ် စိုပြေကတော့ ကံကောင်းပါတယ်....။အခုလိုရာသီဆိုရင် လမ်းထဲမှာ အလှူခံကိုမပြတ်ဘူး...။တစ်ဖွဲ့ပြီးတစ်ဖွဲ့လာကြတာ...။အဲ့တော့ စိုပြေကြိုက်တဲ့ မြန်မာသံ ဒစ်စကိုလေးတွေကို မိုးလင်းကတည်းက မိုးချုပ်တဲ့အထိ နားထောင်ရတာပဲ...။အိမ်မှာ စကားပြောချိန်တောင်မရှိဘူး...။မနက်ခင်းဆို ရေနွေးကြမ်းလေးတည် လက်ဖက်လေးသုတ်ပြီး ဝရံဒါထွက်လို့ အလှူခံသီချင်းတွေ နားထောင်တော့တာပဲ...။

အော်.. မြို့သားတွေခမြာ နားညီးလေမပေါ့လေ...။အကုသိုလ်တွေ...။သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိ...။နားမရှိ...။အီးဒီအမ်ဆိုတဲ့ ဒုန်းဒုန်းဒိုင်းဒိုင်းကြတော့ ဆော်တွေ ဂုတ်ပေါ်တင်ပြီး သွားကြတာ...။အခုလို အိမ်တိုင်ရာရောက် လိုက်လံဖျော်ဖြေနေသူတွေကိုတော့ တန်ဖိုးထားရမှန်းမသိ...။သနားစရာကောင်းလိုက်ပါဘိ....။

အချိန်တန်တော့လည်း မြန်မာဟာ ကမ္ဘာပေါ်မှာ အလှူဆုံး နိုင်ငံစာရင်းဝင်မှာပဲ။အမေရိကန်နဲ့ အပြိုင်ပေါ့...။အဲ့အခါကျရင်တော့ မြို့သားတွေက တွေ့လား....။မြန်မာပြည်ကွ...။စေတနာအရှိဆုံးနိုင်ငံ...။ဘာညာဆိုပြီး ဂုဏ်ယူဦးမယ်...။အဲ့လိုမြို့သားတွေ ဂုဏ်ယူနိုင်ဖို့ တောသားတွေကတော့ နေပူစပ်ခါးမရှောင် နားတွေအူနေအောင် အလှူလိုက်ခံရတယ်...။
တော်တော်လည်တဲ့ မြို့သားတွေ...။တွေ့ကြသေးတာပေါ့....။ဒီကောင်တွေ နားညီးတဲ့ မြန်မာသံဒစ်စကို ကို အသံကုန်ဖွင့်ဖို့ လမ်းထိပ်က အလှူခံကို သွားပြောထားဦးမယ်...။

စိုပြေ
အောက်တိုဘာ - ၂၇

( Zawgyi )

ရန္ကုန္သားေတြခ်ည္းပဲသာဆို သာသနာေပ်ာက္တာၾကာၿပီ။ေတာသားေတြရွိေနလို႔သာ ရန္ကုန္မွာ သာသနာေတာ္ႀကီး စည္ကားေနတာ...။အခုဆိုပဲၾကည့္.... ကထိန္၊ တန္ေဆာင္တိုင္၊ သီတင္းကြၽတ္ပြဲေတြကို...။ ဘယ္သူေတြဦးေဆာင္ၿပီး လုပ္ေနသလဲ...။အကုန္လုံး ေတာသားေတြခ်ည္းပဲ လုပ္ေနရတာ...။

စိုေျပကေတာ့ ေတာသားမို႔ အခုလို ေတာသားေတြ သာသနာေတာ္ႀကီးအတြက္ အလုပ္အေကြၽးျပဳေနတာကို ဂုဏ္ယူတယ္။ေတာသားေတြသာ မရွိေတာ့ရင္ ရန္ကုန္ၿမိဳ႕ႀကီးဟာ ေျခာက္ကပ္ကပ္နဲ႔ ပ်င္းစရာေကာင္းေနမွာ...။ဘုန္းဘုန္းေတြေတာင္ ဆြမ္းငတ္ၿပီး ပ်ံလြန္ေတာ္မူကုန္မလား မသိဘူး။ဘုန္းဘုန္းတို႔ ဆြမ္းကြမ္းကိစၥကအစ၊ ကထိန္၊ ဝါဆို အကုန္ ေတာသားေတြပဲ ဦးေဆာင္လုပ္ေနတာ...။

ဒီလိုအခ်ိန္မွာ ၿမိဳ႕သားေတြ ဘာလုပ္သလဲ...။အလႉခံေတြ နားညီးတယ္ဆိုၿပီး ေျပာမယ္။ေအးေအးမေနရဘူးဆိုၿပီး ပြမ္မယ္...။ၿပီးေတာ့ အခန္းေအာင္းၿပီး ဂိမ္းေဆာ့မယ္။ညေန ဘီယာဆိုင္သြားမယ္...။အလႉခံလာရင္ လက္ကာျပၿပီး သြားေတာ့လို႔ ေမာင္းထုတ္မယ္။ဘယ္ေလာက္႐ိုင္းသလဲ...။

အခုလို ၿမိဳ႕သားေတြ ဇိမ္ခံေနခ်ိန္မွာ....။ေတာသားေတြကေတာ့ တစ္လမ္းဝင္ တစ္လမ္းထြက္နဲ႔ အလႉေတြ လိုက္ခံေနရတယ္။အႏုပညာ လက္ရာမေျမာက္ေပမဲ့ ေစတနာနဲ႔ အျဖစ္လုပ္ထားတဲ့ ကြၽဲ႐ုပ္ထဲမွာ ဝင္ကေနရတယ္။ဘာအတြက္လဲ...။သူတို႔စားဖို႔လား မဟုတ္ပါဘူးခင္ဗ်ာ....။သာသနာေတာ္ႀကီးအတြက္ပါ...။ကထိန္ခင္းဖို႔အတြက္ လိုက္လံအလႉခံေနရတာပါ။

အဲ့ဒါကို ၿမိဳ႕သားေတြက ၾကည့္ေနရက္တယ္။သူတို႔နဲ႔ မဆိုင္သလိုပဲ...။အေမနံက႐ိုင္းကိုလည္း ျခင္းက်ားကို ပိတ္မဲအုပ္ထားတာ ၾကည့္ရဆိုးလိုက္တာဆိုၿပီး ေဝဖန္တယ္။နားညီးတယ္ဆိုၿပီး မသြားေသးဘူးလားဆိုတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္တယ္...။

ၿမိဳ႕သားေတြ ဘီယာေသာက္ေနခ်ိန္မွာေတာင္ ေတာသားေတြဟာ မနားရဘူး။အလႉခံေနရတုန္းပဲ...။ေနႏိုင္ရက္သူႀကီးေတြေရ....။

စိုေျပတို႔ ေတာမွာဆိုတာ ဘာလုပ္လုပ္ ပြဲေလးသြင္းရမွ...။ဒီရန္ကုန္မွာဆိုေတာ့ တနယ္တေက်းျဖစ္ၿပီး ပြဲမသြင္းႏိုင္ဘူး...။ရတာကို ပေဒသာပင္မွာ သီ...။ၿပီးရင္ ဘုန္းႀကီးေက်ာင္းပို႔...။အဲ့လိုမပို႔ခင္ စပ္ၾကားေတာ့ ရပ္ထဲ႐ြာထဲ လွည့္ရေသးတယ္။မလွည့္ခင္လည္း အလႉခံရေသးတယ္။

အလႉခံပါတယ္ဆိုမွ တိတ္တိတ္ေလး အလႉလိုက္ခံရမလား...။အဲ့လို တိတ္တိတ္ေလး အလႉခံေတာ့ ဘယ္သူကသိမလဲ။ဘယ္သူကထည့္မလဲ...။သီခ်င္းေလးနဲ႔ ေဖ်ာ္ေျဖမႈေလးနဲ႔ ျမဴးျမဴးႂကြႂကြေလးမွ ေကာင္းမေပါ့...။အဲ့ေတာ့ လူေတြကလည္း ေအာ္... အလႉခံပါလားဆိုၿပီး သိမေပါ့...။

ျဖစ္ႏိုင္ရင္ေတာ့ စိုေျပတို႔ ေတာမွာလို အိုးစည္ဒိုးပတ္ေတြနဲ႔ လွည့္ခ်င္တာ။ဒီထက္တတ္ႏိုင္ရင္ ဆိုင္းဝိုင္းနဲ႔ကို လွည့္ၿပီးအလႉခံခ်င္တာ...။ဒါေပမဲ့ မျဖစ္ႏိုင္ဘူး။တစ္နယ္တစ္ေက်းက လာရသူေတြ ခ်ိဳ႕တဲ့ပါတယ္...။ၿမိဳ႕သားေတြက ေစတနာကလည္းမြဲေတာ့ အလႉေငြက သိပ္မရ...။ဒီေတာ့ ေလာ္စပီကာနဲ႔ ဓါတ္စက္ပဲ ငွားရတာ...။အဲ့စက္ေလးနဲ႔ပဲ ကိုေအာင္ႏိုင္ေလးဖြင့္...။ဒစ္စကိုေလးဖြင့္...။ဗိုလ္ေအာင္ဒင္ေလး ဖြင့္ၿပီး အလႉခံရတာ...။

ဒါကိုလည္း ဒီသီခ်င္းပဲ ဖြင့္တယ္ဆိုၿပီး ကဲ့ရဲ႕သူေတြကရွိေသးရဲ႕...။ျမန္မာသံေလးဖြင့္ေတာ့လည္း ေတာသားေတြဆိုၿပီး ႏွိမ္။ဒစ္စကိုေလး ဖြင့္ျပန္ေတာ့လည္း အလႉခံနဲ႔ မအပ္မစပ္ဆိုၿပီး အျပစ္ကေျပာေသး...။အဲ့ေတာ့ ဒစ္စကိုျမန္မာသံပဲ ဖြင့္ရရွာတယ္။

စိုေျပတို႔က ေတာသားဆိုေတာ့ ၿမိဳ႕သီခ်င္းေတြလည္း မႀကိဳက္ပါဘူး။ဘာေတြဆိုေနမွန္းမွ မသိတာ...။အဲ့ေတာ့ ျမန္မာသံေလးေတြ နားေထာင္ခ်င္လို႔ အလႉခံေတြ ေမွ်ာ္ေနရတာ အေမာပဲ...။ဘာပဲျဖစ္ျဖစ္ စိုေျပကေတာ့ ကံေကာင္းပါတယ္....။အခုလိုရာသီဆိုရင္ လမ္းထဲမွာ အလႉခံကိုမျပတ္ဘူး...။တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕လာၾကတာ...။အဲ့ေတာ့ စိုေျပႀကိဳက္တဲ့ ျမန္မာသံ ဒစ္စကိုေလးေတြကို မိုးလင္းကတည္းက မိုးခ်ဳပ္တဲ့အထိ နားေထာင္ရတာပဲ...။အိမ္မွာ စကားေျပာခ်ိန္ေတာင္မရွိဘူး...။မနက္ခင္းဆို ေရေႏြးၾကမ္းေလးတည္ လက္ဖက္ေလးသုတ္ၿပီး ဝရံဒါထြက္လို႔ အလႉခံသီခ်င္းေတြ နားေထာင္ေတာ့တာပဲ...။

ေအာ္.. ၿမိဳ႕သားေတြချမာ နားညီးေလမေပါ့ေလ...။အကုသိုလ္ေတြ...။သူတို႔မွာ ခံစားတတ္တဲ့ ႏွလုံးသားမရွိ...။နားမရွိ...။အီးဒီအမ္ဆိုတဲ့ ဒုန္းဒုန္းဒိုင္းဒိုင္းၾကေတာ့ ေဆာ္ေတြ ဂုတ္ေပၚတင္ၿပီး သြားၾကတာ...။အခုလို အိမ္တိုင္ရာေရာက္ လိုက္လံေဖ်ာ္ေျဖေနသူေတြကိုေတာ့ တန္ဖိုးထားရမွန္းမသိ...။သနားစရာေကာင္းလိုက္ပါဘိ....။

အခ်ိန္တန္ေတာ့လည္း ျမန္မာဟာ ကမာၻေပၚမွာ အလႉဆုံး ႏိုင္ငံစာရင္းဝင္မွာပဲ။အေမရိကန္နဲ႔ အၿပိဳင္ေပါ့...။အဲ့အခါက်ရင္ေတာ့ ၿမိဳ႕သားေတြက ေတြ႕လား....။ျမန္မာျပည္ကြ...။ေစတနာအရွိဆုံးႏိုင္ငံ...။ဘာညာဆိုၿပီး ဂုဏ္ယူဦးမယ္...။အဲ့လိုၿမိဳ႕သားေတြ ဂုဏ္ယူႏိုင္ဖို႔ ေတာသားေတြကေတာ့ ေနပူစပ္ခါးမေရွာင္ နားေတြအူေနေအာင္ အလႉလိုက္ခံရတယ္...။
ေတာ္ေတာ္လည္တဲ့ ၿမိဳ႕သားေတြ...။ေတြ႕ၾကေသးတာေပါ့....။ဒီေကာင္ေတြ နားညီးတဲ့ ျမန္မာသံဒစ္စကို ကို အသံကုန္ဖြင့္ဖို႔ လမ္းထိပ္က အလႉခံကို သြားေျပာထားဦးမယ္...။

စိုေျပ
ေအာက္တိုဘာ - ၂၇