【 သရော်စာ 】 မဟာရန်ကုန်သမုဒ္ဒရာအား ဖြတ်ကျော်ခြင်း

【 သရော်စာ 】 မဟာရန်ကုန်သမုဒ္ဒရာအား ဖြတ်ကျော်ခြင်း

ဝေါခနဲ လေတစ်ချက်ပင့်အခပ်တွင် ခြေသလုံးမြုပ်နေသောရေပြင်ထက်ဆီမှ လှိုင်းကြပ်ခွပ်လေးများက ဒူးခေါင်းအထက်နားကို လာရောက်ရိုက်ခတ်သည်။ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ရင်း ရေပြင်ထက်ဆီမှ မျောပါလာသော ဘီယာဘူးခွံတစ်ခုကို အသာအယာရှောင်ကွင်းလိုက်ပြန်သည်။

ယခု မောင်ဗြိ ရောက်နေသည်မှာ ချောင်းသာကမ်းခြေလော။ငွေဆောင်ကမ်းခြေလော။လူတွေက ထင်မှတ်မှားကြလေမည်။မဟုတ်ပါ။မောင်ဗြိ လမ်းလျှောက်နေသည့်နေရာကား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ မြို့တော်ဟောင်းတစ်ဖြစ်လဲ စီးပွားရေးမြို့တော် မဟာရန်ကုန်၏ မြို့တွင်းတစ်နေရာပင် ဖြစ်လေသည်။

သမုဒ္ဒရာ၀မ်းတစ်ထွာဟူသော မြန်မာစကားပုံရှိ၏။တစ်ထွာသာရှိသော ၀မ်းဗိုက်ပြည့်ရေးအတွက် သမုဒ္ဒရာမက ရှာဖွေရသည်ဟူသည့်သဘော။ထိုစကားပုံ၏သဘောကို မောင်ဗြိတို့ ရန်ကုန်မြို့သားများကတော့ မိုးရာသီရောက်တိုင်း ကိုယ်တွေ့ နားလည်သွားကြရသည်။

ဟုတ်သည်။မိုးကလေးတစ်ပြိုက် ရွာပြီဆိုသည်နှင့် ရန်ကုန်သည် မိုးရေတက်ရေတဖွေးဖွေးနှင့် သမုဒ္ဒရာငယ်လေးကို မောင်ဗြိတို့ဖြတ်ကူးပြီး ၀မ်းစာရေးအတွက် ရှာရဖွေရ သွားရလာရသည်။ဒီတော့ လူတွေက မြူနီစပါယ်လူကြီးတွေကို ဆဲကြသည်။မြူနီစပါယ်လူကြီးတွေခမျာလည်း ရန်ကုန်သူ ရန်ကုန်သားတို့အား ကတိအမျိုးမျိုးပေးမှာ ရွေးကောက်ပွဲဖြင့် တက်လာရသူများဖြစ်သဖြင့် ဆဲသမျှခံရရှာတော့၏။ယခင်မြို့တော်စည်ပင်အဆက်အဆက်က ဆို့ခဲ့သမျှ၊ ပိတ်ခဲ့သမျှ ခါးစည်းကျော့ကော့ကာ အဆဲခံရတော့သည်။မတတ်နိုင်။

ရန်ကုန်သူ ရန်ကုန်သားတို့အတွက်ကလည်း မိုးတွင်းရောက်တိုင်း ရေကူးချန်ပီယံဖြစ်နေရသည့် ဒီပြသနာကလည်း အခုထိမဖြေရှင်းနိုင်မဟုတ်လား။မောင်ဗြိကတော့ သိတဲ့အတိုင်း အကောင်းမြင်ဝါဒသမား။ဒီလို မြို့တော်တွင်းရေကြီးခြင်းသည် မြူနီစပါယ်လူကြီးမင်းများရော အစိုးရမင်းများ၏ စေတနာတွေ အမျှော်အမြင်ကြီးမှုတွေဟုပဲ တွေးမိသည်။စဉ်းစားကြည့်။

အပူချိန်ပြင်းထန်လှသော ရန်ကုန်၏နွေကို ဖြတ်ကျော်ခဲ့ရသော မြို့တော်သူ မြို့တော်သားအပေါင်းခမျာ စီးပွားရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ရသဖြင့် ကမ်းခြေတွေဘာတွေ အလည်သွားဖို့ဆိုတာ ခက်လှသည်။အခုတော့ မိုးလေးတစ်ပြိုက်ကျသည်နှင့် မောင်ဗြိ အစပိုင်းကရေးခဲ့သလို လှိုင်းကြပ်ခွပ်လေးတွေ ခြေကျင်း၀တ်ကိုလာထိပြီး ကမ်းစပ်ကခြေရာများအရသာကို အလုပ်သွား အလုပ်ပြန်ရင်း ခံစားနိုင်လာပြီမဟုတ်လား။

ဟိုတစ်လောလေးဆီက သတင်းတစ်ပုဒ်ထဲမှာ မြန်မာပြည်အထက်ပိုင်းက အင်းလေးကန်ကြီး ရေခမ်းနေပြီဟု ဖတ်လိုက်ရပြန်သည်။ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အင်းလေးကန်ကြီးသည် အရေးပါသည်။ရေပေါ်တွင် အိမ်လေးတွေဆောက်ကာ ခြေထောက်နှင့်လှေလှော်သည့် အင်းလေးကန်ကို နိုင်ငံခြားသားဧည့်သည်တိုင်း စိတ်၀င်စားကြ၏။အခုတော့ အင်းလေးကန်ကြီးက နိုင်ငံပိုင်သတင်းစာတွေထဲမှာသာ ရေပြည့်လျက် အပြင်မှာတော့ ရေခမ်းနေပြီဟု သိရသည်။အင်းလေးကန်ကြီးမရှိလျှင် နိုင်ငံခြား၀င်ငွေများလျော့သွားမည်ကို အစိုးရမင်းများ စိုးရိမ်ကြမှာတော့အသေအချာ။သို့သော်လည်း သိပ်တော့စိုးရိမ်စရာမလို။မိုးရာသီအတွင်း နိုင်ငံခြားသားဧည့်သည်များလာလျှင် အင်းလေးအစား ရန်ကုန်မြို့ကို လိုက်ပြယုံနှင့် ကျေနပ်သွားနိုင်သည်။

ရေပေါ်အိမ်များသာမက ရေပေါ်တိုက်တွေ တွေ့ရမည်။ရေပေါ်မှ ဘတ်စ်ကားများတွေ့ရမည်။ရေပေါ်အမှိုက်ပုံးများတွေ့ရမည်။ဒီတော့ ရန်ကုန်တစ်မြို့ထဲနှင့်ပင် နိုင်ငံခြား၀င်ငွေတွေတိုးတော့မည်။အရှေ့တောင်အာရှ၏ ဗင်းနစ်မြို့ဆိုပြီး ကမ္ဘာပင်ကျော်ကောင်းကျော်သွားနိုင်သည်။နောက်ဆယ်နှစ်ခန့် ဒီအတိုင်းဆက်သွားလျှင် ရန်ကုန်သည် မျိုးတုန်းလုနီးပါးဖြစ်နေသော ဆလုံတို့၏မြို့တော်ကြီးပင် ဖြစ်သွားနိုင်ချေရှိသည်။

ဘယ်နှယ့် မောင်ဗြိ ဒါတော့ မင်းလွန်နေပြီ။ငါတို့ မြန်မာလူမျိုးတွေနေတဲ့ နိုင်ငံကမြို့က ဘယ်နှယ့် ဆလုံတွေရဲ့မြို့ ဖြစ်သွားမှာတုန်းဟု မေးအံ့။ရှင်းပြပါ့မည်။ဆလုံလူမျိုးတို့သည် တစ်နှစ်ပတ်လည်ကာလတွင် မုန်တိုင်းသည်းထန်သည့် မိုးတွင်းကာလများမှလွဲပြီး ကျန်သည့်အချိန်တွင် ရေထဲတွင်သာ နေထိုင်ကြသည်။ကုန်းပေါ်ခြောက်လ၊ ရေထဲခြောက်လ နေသည်ဟုလည်း ဆိုကြ၏။ရန်ကုန်သူ ရန်ကုန်သားတို့ကရော..။

ရန်ကုန်မိုးသည် မေလလယ်လောက်မှစပြီး အောက်တိုဘာလကုန်လောက်အထိ ရွာတတ်သည်။မိုးရွာတိုင်းလည်း ရန်ကုန်သည် ရေအတိဖွေးဖွေးလှုပ်၏။ရန်ကုန်သားတို့မှာ ထိုခြောက်လအတွင်း မိုးရွာသမျှ ရေထဲတွင်ရုန်းကန်သွားလာနေရသည်။ရေခြောက်လ ကုန်းခြောက်လ ဆလုံတို့လို ရန်ကုန်သားတို့လည်း ရေကျွမ်းကျင်သည့် ရန်ကုန်ဆလုံများ ဖြစ်လာကြတော့မည်။

ဒီတော့ ရန်ကုန်သည် ဆလုံတို့၏မြို့ပင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မောင်ဗြိက ခန့်မှန်းလိုက်ခြင်းပင်။ရန်ကုန်သူ ရန်ကုန်သားတို့သည်လည်း ထူးဆန်းသော ကုန်းနေရေနေလူသားများစာရင်းတွင် ၀င်သွားကာ ကမ္ဘာကျော်သွားနိုင်သည့် အခွင့်အရေးမျိုးရှိနေသည်ကား မြူနီစပါယ်နှင့် အစိုးရမင်းများ ကျေးဇူးပင်မဟုတ်လား။

ဒီလိုမျိုးလူကြီးတွေ၏ အမျှော်အမြင်လေးကို မောင်ဗြိ ကျေးဇူးတင်မိသော်လည်း စိုးရိမ်မိသည်တစ်ချက်တော့ရှိသည်။အခုခေတ်စားနေသည့် လှေစီးဒုက္ခသည်များ လှေကိုယ်စီ စီးပြီး ရေပြင်ကျယ်မြို့လယ်ခေါင်ကြီးကို ဖြတ်ကျော်ကာ မြို့တော်ခန်းမရှေ့သို့ ဆိုက်ရောက်လာလျှင်တော့ ရှော့နည်းနည်းရှိနိုင်၏။နဂိုကတည်းကမှ ရန်ကုန်တွင် ရေထဲမျောနေသည့် မြန်မာဘတ်စ်ကားစီးဒုက္ခသည်များက ကြပ်ညပ်နေရသည့်အထဲ လှေစီးသည့် သင်းတို့တွေပါ ထပ်ရောက်လာလျှင်ဖြင့် အားလုံးရှုပ်ကုန်တော့မည်။

ဘာပဲဖြစ်ဖြစ် မောင်ဗြိ က အကောင်းမြင်သော်လည်း မြို့တော်သူ မြို့တော်သားအပေါင်းကတော့ မိုးရွာတိုင်းရေကြီးသည်ကို စိတ်ညစ်ကြမှာတော့ သေချာသည်။ဒီတော့ နောက်တစ်ခါ မြူနီစပယ်ရွေးကောက်ပွဲတွင် ထပ်နိုင်အောင် ရေမကြီးစေသည့်နည်းလမ်းကို မောင်ဗြိ က မြူနီစပယ်လူကြီးများကို အကြံပြုချင်သည်။နည်းလမ်းက ရှင်းရှင်းလေးပင်။

ရန်ကုန်တွင် ရေဘာကြောင့်ကြီးသနည်း။မိုးရွာလို့ ကြီးခြင်းဖြစ်သည်။ထို့ကြောင့် မိုးမရွာအောင်လုပ်နိုင်လျှင် ရေမကြီးတော့။ဒီတော့ မြို့တော်စည်ပင်ဌာနတွင် မလိုအပ်သည့် ထိုင်ခုံပေါ်မှာ မိုးကျရွှေကိုယ်ကြီးများကို တာ၀န်မှအနားပေးလိုက်။သူတို့အားပေးမည့်လစာကို အထက်အညာမှ မိုးတားဆရာများကို မြို့တော်စည်ပင်တွင် အလုပ်ခန့်လိုက်လျင် အိုကေနိုင်သည်။အထက်အညာမှ မိုးတားဆရာဆိုသော်လည်း သေချာစိစစ်ရန်လိုသည်။

ဟိုးအရင် သမ္မတကြီးလက်ထက် စစ်ကိုင်း ရှင်ငါးထောင်ပွဲမှ မိုးတားဆရာလိုမျိုး မှားခန့်မိလျှင်တော့ ရန်ကုန်ကလူတွေ ရေငုတ်၀တ်စုံနှင့် အပြင်ထွက်ရမည့်ကိန်းဆိုက်သွားနိုင်၏။

မိုးတားဆရာတွေကို စည်ပင်၀န်ထမ်းခန့်ပြီးသည်နှင့် မြို့တော်စည်ပင်ရှေ့တွင် အုန်းပွဲ ငှက်ပျောပွဲလေးများချကာ မိုးရာသီအထူးဂျူတီများ အလှည့်ကျချကာ မိုးကို တားသင့်တားရမည်။ ရွာခိုင်းသင့်ရွာခိုင်းရမည်။ထိုသို့ဆိုလျှင်ကား မြို့တော်စည်ပင်၏ မိုးတားစီမံကိန်းကြီးအောင်မြင်ပြီး ရန်ကုန်သားတို့လည်း နှစ်စဉ် ရေကူးပြိုင်ပွဲ၀င်ရသည့်ဒုက္ခမှ ကင်းလွတ်နိုင်တော့မည်ဖြစ်သည်။

ရန်ကုန် ပူရံ မနော ရမ္မံ

ရန်ကုန် မြို့တော်သူ မြို့တော်သားများအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေတမုံ့..။

ဗြိတိသျှကိုကိုမောင်
ဇူလိုင် - ၅
( Zawgyi )
ေဝါခနဲ ေလတစ္ခ်က္ပင့္အခပ္တြင္ ေျခသလုံးျမဳပ္ေနေသာေရျပင္ထက္ဆီမွ လႈိင္းၾကပ္ခြပ္ေလးမ်ားက ဒူးေခါင္းအထက္နားကို လာေရာက္႐ိုက္ခတ္သည္။ခႏၶာကိုယ္ကို ဟန္ခ်က္ထိန္းလိုက္ရင္း ေရျပင္ထက္ဆီမွ ေမ်ာပါလာေသာ ဘီယာဘူးခြံတစ္ခုကို အသာအယာေရွာင္ကြင္းလိုက္ျပန္သည္။

ယခု ေမာင္ၿဗိ ေရာက္ေနသည္မွာ ေခ်ာင္းသာကမ္းေျခေလာ။ေငြေဆာင္ကမ္းေျခေလာ။လူေတြက ထင္မွတ္မွားၾကေလမည္။မဟုတ္ပါ။ေမာင္ၿဗိ လမ္းေလွ်ာက္ေနသည့္ေနရာကား ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ႀကီး၏ ၿမိဳ႕ေတာ္ေဟာင္းတစ္ျဖစ္လဲ စီးပြားေရးၿမိဳ႕ေတာ္ မဟာရန္ကုန္၏ ၿမိဳ႕တြင္းတစ္ေနရာပင္ ျဖစ္ေလသည္။

သမုဒၵရာ၀မ္းတစ္ထြာဟူေသာ ျမန္မာစကားပုံရွိ၏။တစ္ထြာသာရွိေသာ ၀မ္းဗိုက္ျပည့္ေရးအတြက္ သမုဒၵရာမက ရွာေဖြရသည္ဟူသည့္သေဘာ။ထိုစကားပုံ၏သေဘာကို ေမာင္ၿဗိတို႔ ရန္ကုန္ၿမိဳ႕သားမ်ားကေတာ့ မိုးရာသီေရာက္တိုင္း ကိုယ္ေတြ႕ နားလည္သြားၾကရသည္။

ဟုတ္သည္။မိုးကေလးတစ္ၿပိဳက္ ႐ြာၿပီဆိုသည္ႏွင့္ ရန္ကုန္သည္ မိုးေရတက္ေရတေဖြးေဖြးႏွင့္ သမုဒၵရာငယ္ေလးကို ေမာင္ၿဗိတို႔ျဖတ္ကူးၿပီး ၀မ္းစာေရးအတြက္ ရွာရေဖြရ သြားရလာရသည္။ဒီေတာ့ လူေတြက ျမဴနီစပါယ္လူႀကီးေတြကို ဆဲၾကသည္။ျမဴနီစပါယ္လူႀကီးေတြခမ်ာလည္း ရန္ကုန္သူ ရန္ကုန္သားတို႔အား ကတိအမ်ိဳးမ်ိဳးေပးမွာ ေ႐ြးေကာက္ပြဲျဖင့္ တက္လာရသူမ်ားျဖစ္သျဖင့္ ဆဲသမွ်ခံရရွာေတာ့၏။ယခင္ၿမိဳ႕ေတာ္စည္ပင္အဆက္အဆက္က ဆို႔ခဲ့သမွ်၊ ပိတ္ခဲ့သမွ် ခါးစည္းေက်ာ့ေကာ့ကာ အဆဲခံရေတာ့သည္။မတတ္ႏိုင္။

ရန္ကုန္သူ ရန္ကုန္သားတို႔အတြက္ကလည္း မိုးတြင္းေရာက္တိုင္း ေရကူးခ်န္ပီယံျဖစ္ေနရသည့္ ဒီျပသနာကလည္း အခုထိမေျဖရွင္းႏိုင္မဟုတ္လား။ေမာင္ၿဗိကေတာ့ သိတဲ့အတိုင္း အေကာင္းျမင္ဝါဒသမား။ဒီလို ၿမိဳ႕ေတာ္တြင္းေရႀကီးျခင္းသည္ ျမဴနီစပါယ္လူႀကီးမင္းမ်ားေရာ အစိုးရမင္းမ်ား၏ ေစတနာေတြ အေမွ်ာ္အျမင္ႀကီးမႈေတြဟုပဲ ေတြးမိသည္။စဥ္းစားၾကည့္။

အပူခ်ိန္ျပင္းထန္လွေသာ ရန္ကုန္၏ေႏြကို ျဖတ္ေက်ာ္ခဲ့ရေသာ ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားအေပါင္းခမ်ာ စီးပြားေရးအတြက္ ႐ုန္းကန္လႈပ္ရွားခဲ့ရသျဖင့္ ကမ္းေျခေတြဘာေတြ အလည္သြားဖို႔ဆိုတာ ခက္လွသည္။အခုေတာ့ မိုးေလးတစ္ၿပိဳက္က်သည္ႏွင့္ ေမာင္ၿဗိ အစပိုင္းကေရးခဲ့သလို လႈိင္းၾကပ္ခြပ္ေလးေတြ ေျခက်င္း၀တ္ကိုလာထိၿပီး ကမ္းစပ္ကေျခရာမ်ားအရသာကို အလုပ္သြား အလုပ္ျပန္ရင္း ခံစားႏိုင္လာၿပီမဟုတ္လား။

ဟိုတစ္ေလာေလးဆီက သတင္းတစ္ပုဒ္ထဲမွာ ျမန္မာျပည္အထက္ပိုင္းက အင္းေလးကန္ႀကီး ေရခမ္းေနၿပီဟု ဖတ္လိုက္ရျပန္သည္။ကမာၻလွည့္ခရီးသြားလုပ္ငန္းအတြက္ အင္းေလးကန္ႀကီးသည္ အေရးပါသည္။ေရေပၚတြင္ အိမ္ေလးေတြေဆာက္ကာ ေျခေထာက္ႏွင့္ေလွေလွာ္သည့္ အင္းေလးကန္ကို ႏိုင္ငံျခားသားဧည့္သည္တိုင္း စိတ္၀င္စားၾက၏။အခုေတာ့ အင္းေလးကန္ႀကီးက ႏိုင္ငံပိုင္သတင္းစာေတြထဲမွာသာ ေရျပည့္လ်က္ အျပင္မွာေတာ့ ေရခမ္းေနၿပီဟု သိရသည္။အင္းေလးကန္ႀကီးမရွိလွ်င္ ႏိုင္ငံျခား၀င္ေငြမ်ားေလ်ာ့သြားမည္ကို အစိုးရမင္းမ်ား စိုးရိမ္ၾကမွာေတာ့အေသအခ်ာ။သို႔ေသာ္လည္း သိပ္ေတာ့စိုးရိမ္စရာမလို။မိုးရာသီအတြင္း ႏိုင္ငံျခားသားဧည့္သည္မ်ားလာလွ်င္ အင္းေလးအစား ရန္ကုန္ၿမိဳ႕ကို လိုက္ျပယုံႏွင့္ ေက်နပ္သြားႏိုင္သည္။

ေရေပၚအိမ္မ်ားသာမက ေရေပၚတိုက္ေတြ ေတြ႕ရမည္။ေရေပၚမွ ဘတ္စ္ကားမ်ားေတြ႕ရမည္။ေရေပၚအမႈိက္ပုံးမ်ားေတြ႕ရမည္။ဒီေတာ့ ရန္ကုန္တစ္ၿမိဳ႕ထဲႏွင့္ပင္ ႏိုင္ငံျခား၀င္ေငြေတြတိုးေတာ့မည္။အေရွ႕ေတာင္အာရွ၏ ဗင္းနစ္ၿမိဳ႕ဆိုၿပီး ကမာၻပင္ေက်ာ္ေကာင္းေက်ာ္သြားႏိုင္သည္။ေနာက္ဆယ္ႏွစ္ခန္႔ ဒီအတိုင္းဆက္သြားလွ်င္ ရန္ကုန္သည္ မ်ိဳးတုန္းလုနီးပါးျဖစ္ေနေသာ ဆလုံတို႔၏ၿမိဳ႕ေတာ္ႀကီးပင္ ျဖစ္သြားႏိုင္ေခ်ရွိသည္။

ဘယ္ႏွယ့္ ေမာင္ၿဗိ ဒါေတာ့ မင္းလြန္ေနၿပီ။ငါတို႔ ျမန္မာလူမ်ိဳးေတြေနတဲ့ ႏိုင္ငံကၿမိဳ႕က ဘယ္ႏွယ့္ ဆလုံေတြရဲ႕ၿမိဳ႕ ျဖစ္သြားမွာတုန္းဟု ေမးအံ့။ရွင္းျပပါ့မည္။ဆလုံလူမ်ိဳးတို႔သည္ တစ္ႏွစ္ပတ္လည္ကာလတြင္ မုန္တိုင္းသည္းထန္သည့္ မိုးတြင္းကာလမ်ားမွလြဲၿပီး က်န္သည့္အခ်ိန္တြင္ ေရထဲတြင္သာ ေနထိုင္ၾကသည္။ကုန္းေပၚေျခာက္လ၊ ေရထဲေျခာက္လ ေနသည္ဟုလည္း ဆိုၾက၏။ရန္ကုန္သူ ရန္ကုန္သားတို႔ကေရာ..။

ရန္ကုန္မိုးသည္ ေမလလယ္ေလာက္မွစၿပီး ေအာက္တိုဘာလကုန္ေလာက္အထိ ႐ြာတတ္သည္။မိုး႐ြာတိုင္းလည္း ရန္ကုန္သည္ ေရအတိေဖြးေဖြးလႈပ္၏။ရန္ကုန္သားတို႔မွာ ထိုေျခာက္လအတြင္း မိုး႐ြာသမွ် ေရထဲတြင္႐ုန္းကန္သြားလာေနရသည္။ေရေျခာက္လ ကုန္းေျခာက္လ ဆလုံတို႔လို ရန္ကုန္သားတို႔လည္း ေရကြၽမ္းက်င္သည့္ ရန္ကုန္ဆလုံမ်ား ျဖစ္လာၾကေတာ့မည္။

ဒီေတာ့ ရန္ကုန္သည္ ဆလုံတို႔၏ၿမိဳ႕ပင္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္ဟု ေမာင္ၿဗိက ခန္႔မွန္းလိုက္ျခင္းပင္။ရန္ကုန္သူ ရန္ကုန္သားတို႔သည္လည္း ထူးဆန္းေသာ ကုန္းေနေရေနလူသားမ်ားစာရင္းတြင္ ၀င္သြားကာ ကမာၻေက်ာ္သြားႏိုင္သည့္ အခြင့္အေရးမ်ိဳးရွိေနသည္ကား ျမဴနီစပါယ္ႏွင့္ အစိုးရမင္းမ်ား ေက်းဇူးပင္မဟုတ္လား။

ဒီလိုမ်ိဳးလူႀကီးေတြ၏ အေမွ်ာ္အျမင္ေလးကို ေမာင္ၿဗိ ေက်းဇူးတင္မိေသာ္လည္း စိုးရိမ္မိသည္တစ္ခ်က္ေတာ့ရွိသည္။အခုေခတ္စားေနသည့္ ေလွစီးဒုကၡသည္မ်ား ေလွကိုယ္စီ စီးၿပီး ေရျပင္က်ယ္ၿမိဳ႕လယ္ေခါင္ႀကီးကို ျဖတ္ေက်ာ္ကာ ၿမိဳ႕ေတာ္ခန္းမေရွ႕သို႔ ဆိုက္ေရာက္လာလွ်င္ေတာ့ ေရွာ့နည္းနည္းရွိႏိုင္၏။နဂိုကတည္းကမွ ရန္ကုန္တြင္ ေရထဲေမ်ာေနသည့္ ျမန္မာဘတ္စ္ကားစီးဒုကၡသည္မ်ားက ၾကပ္ညပ္ေနရသည့္အထဲ ေလွစီးသည့္ သင္းတို႔ေတြပါ ထပ္ေရာက္လာလွ်င္ျဖင့္ အားလုံးရႈပ္ကုန္ေတာ့မည္။

ဘာပဲျဖစ္ျဖစ္ ေမာင္ၿဗိ က အေကာင္းျမင္ေသာ္လည္း ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားအေပါင္းကေတာ့ မိုး႐ြာတိုင္းေရႀကီးသည္ကို စိတ္ညစ္ၾကမွာေတာ့ ေသခ်ာသည္။ဒီေတာ့ ေနာက္တစ္ခါ ျမဴနီစပယ္ေ႐ြးေကာက္ပြဲတြင္ ထပ္ႏိုင္ေအာင္ ေရမႀကီးေစသည့္နည္းလမ္းကို ေမာင္ၿဗိ က ျမဴနီစပယ္လူႀကီးမ်ားကို အႀကံျပဳခ်င္သည္။နည္းလမ္းက ရွင္းရွင္းေလးပင္။

ရန္ကုန္တြင္ ေရဘာေၾကာင့္ႀကီးသနည္း။မိုး႐ြာလို႔ ႀကီးျခင္းျဖစ္သည္။ထို႔ေၾကာင့္ မိုးမ႐ြာေအာင္လုပ္ႏိုင္လွ်င္ ေရမႀကီးေတာ့။ဒီေတာ့ ၿမိဳ႕ေတာ္စည္ပင္ဌာနတြင္ မလိုအပ္သည့္ ထိုင္ခုံေပၚမွာ မိုးက်ေ႐ႊကိုယ္ႀကီးမ်ားကို တာ၀န္မွအနားေပးလိုက္။သူတို႔အားေပးမည့္လစာကို အထက္အညာမွ မိုးတားဆရာမ်ားကို ၿမိဳ႕ေတာ္စည္ပင္တြင္ အလုပ္ခန္႔လိုက္လ်င္ အိုေကႏိုင္သည္။အထက္အညာမွ မိုးတားဆရာဆိုေသာ္လည္း ေသခ်ာစိစစ္ရန္လိုသည္။

ဟိုးအရင္ သမၼတႀကီးလက္ထက္ စစ္ကိုင္း ရွင္ငါးေထာင္ပြဲမွ မိုးတားဆရာလိုမ်ိဳး မွားခန္႔မိလွ်င္ေတာ့ ရန္ကုန္ကလူေတြ ေရငုတ္၀တ္စုံႏွင့္ အျပင္ထြက္ရမည့္ကိန္းဆိုက္သြားႏိုင္၏။

မိုးတားဆရာေတြကို စည္ပင္၀န္ထမ္းခန္႔ၿပီးသည္ႏွင့္ ၿမိဳ႕ေတာ္စည္ပင္ေရွ႕တြင္ အုန္းပြဲ ငွက္ေပ်ာပြဲေလးမ်ားခ်ကာ မိုးရာသီအထူးဂ်ဴတီမ်ား အလွည့္က်ခ်ကာ မိုးကို တားသင့္တားရမည္။ ႐ြာခိုင္းသင့္႐ြာခိုင္းရမည္။ထိုသို႔ဆိုလွ်င္ကား ၿမိဳ႕ေတာ္စည္ပင္၏ မိုးတားစီမံကိန္းႀကီးေအာင္ျမင္ၿပီး ရန္ကုန္သားတို႔လည္း ႏွစ္စဥ္ ေရကူးၿပိဳင္ပြဲ၀င္ရသည့္ဒုကၡမွ ကင္းလြတ္ႏိုင္ေတာ့မည္ျဖစ္သည္။

ရန္ကုန္ ပူရံ မေနာ ရမၼံ

ရန္ကုန္ ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားမ်ားအေပါင္း စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းႏွင့္ ျပည့္စုံၾကပါေစတမုံ႔..။

ၿဗိတိသွ်ကိုကိုေမာင္
ဇူလိုင္ - ၅