【 သရော်စာ 】 "သူတောင်းစားညီလာခံ"

【 သရော်စာ 】 "သူတောင်းစားညီလာခံ"

အချိန်ကား ကိုဗစ်ဒုတိယလှိုင်းကာလ။နေရာကား ရန်ကုန်မြို့ ကုန်းတံတားအောက် တစ်နေရာ။အရေးပေါ် သူတောင်းစားညီလာခံကြီး စပေပြီ။

 
ရန်ကုန်တစ်မြို့လုံးမှ အလွှာအသီးသီး သူတောင်းစားကြီးများ တက်ရောက်ကြသည့်ပွဲမို့ စည်ကားလှပေသည်။အရေးပါ် သူတောင်းစားညီလာခံကြီးကား အဘယ်ကစသနည်း။ဟိုမအေနှမကလွှား ကိုဗစ်ပိုးကြီးက စသည်ဟု ဆိုရမည်။ဒီကာလနာပိုးကြီး မရှိခင်ကတော့ သူတောင်းစားလောကကား ပြဿနာသိပ်မရှိလှ။
 
"ဖြတ်လျှောက် ခွက်မောက်" ဟူသော သူတောင်းစား အီကိုနော်မီသီအိုရီအရ လူများများ လမ်းပေါ်ဖြတ်လျှောက်သမျှ မစ္စတာသူတောင်းစားတို့ ခွက်ကား မောက်စမြဲ။လူစည်ကားရာ လမ်းပေါ်မှာ ခွက်ကလေးအသာချ ညှောင်နာနာအသံလေးပြုပြီးသာ ဇိမ်နဲ့ဝပ်နေလိုက်။ခွက်ကလေးက သူ့အချိန်တန် ပြည့်သွားသည်ချည်း မဟုတ်တုံလော။ဘတ်စ်ကားပေါ် စာရွက်လိုက်ဝေပြီး တောင်းစားသည့် စက္ကူဖြူသူတောင်းစားတွေဆိုလည်း ဘတ်စ်ကားအပြည့် အိတ်အပြည့် ရကြသည်ပဲ။ 
 
အခုတော့ ဒီလိုမဟုတ်။ကိုဗစ်ပိုးကြောင့် လူတွေက စတေးဟုမ်းကုန်ကြ၏။သူတောင်းစားတို့မည်သည် ခွက်စုတ်ချည်းကျန် ရာတန်မလွဲဟူသော သူတောင်းစားမာန်လေးများရှိရငြား အရင်လို လမ်းမထက် ဖင်ကျောက်ချခြင်းငှာ မတတ်သာခဲ့တော့။ဒိုးတူဒိုး ဒလီဗာရီခေတ်ဖြစ်လာသည့်အလျောက် လမ်းပေါက်စေ့ လျှောက်တောင်းရတော့သည်။အရင်လို လမ်းပေါ်သာထိုင်ပြီး အနိမ့်သံဖြင့် တောင်း၍တော့မရ။တိုက်ခန်းအမြင့်တွေအလယ် ဟိုက်တုန်းဖြင့် ဖင်ဂေါင်းဟိန်းအောင် အော်ကြရသည်။
"အကြွေလေးများရှိရင် ထမင်းဖိုးလေး သနားပါခင်ညာ" ဆိုသည်ကို ညှောင်ရမည်၊ ပီရမည်၊ ကျယ်ရမည်ဆိုသည့် ညှောင်ပီကျယ်သုံးသွယ်သံ စနစ်တကျထုတ်ရသည်။အသံတင်မဟုတ် မျက်လုံးကလည်း ရှေ့နောက်ဝဲယာ တိုက်ဂေဟာတို့ကို မပြတ်တမ်းလိုက်ကြည့်ရသေးသည်။တိုက်ပေါ်မှ ပလူပလံကျလာသည့် အကြွေပိုက်ဆံဆိုလျင်လည်း ရေမြောင်းထဲမကျဖို့အရေး အပြေးကောက်ရ‌သေး၏။သူတောင်းစားသမိုင်းတစ်လျှောက် အခက်ခဲဆုံး သူတောင်းစားတစ်ခေတ်အဖြစ် စံချိန်တင်ခဲ့လေပြီ။
 
ထိုသို့နှင့် သူတောင်းစားထု၏ တောင်းဆိုချက်အရ နယူးနော်မယ် တောင်းနည်းစနစ်များ ပေါ်ထွက်လာရန်အလို့ငှာ အရေးပေါ် သူတောင်းစားညီလာခံကြီးကို ခေါ်ခဲ့ရခြင်းပေတည်း။သူတောင်းစားညီလာခံ ကျင်းပရာ ကုန်းတံတားမဟာကြီးအောက်သို့ အလွှာစုံသူတောင်းစားများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
 
"သဘာပတိကြီး ကြွလာပြီ"
 
ရှေ့ဆုံးမှ ခွေးရိုက်တုတ်ကိုင် သူတောင်းစားအရာရှိနှင့်အတူ ညီလာခံသဘာပတိကြီးဖြစ်သော သူတောင်းစားဗြိ ကြွလာလေပြီ။သဘာပတိကြီးဗြိကား လက်စွဲတော် ဒန်ခွက်အပိန်ကို ဝင့်ကြွားစွာကိုင်လျက် သဘာပတိထိုင်ရာ အုတ်ခဲတပိုင်းပြတ်ပေါ်တွင် တည်ငြိမ်သောဣန္ဒြေဖြင့် စောင့်ကြောင့်ထိုင်ချလိုက်လေသည်။
 
"အစီအစဉ်- ၁ အရ သဘာပတိကြီးမှ အဖွင့်စကားပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်ရှင့်"
 
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် ဝါးဆစ်ပိတ်တီးဝိုင်းသူတောင်းစားအလွှာမှ အမျိုးသမီးလေး၏အသံက ညောင်နာနာဖြင့် သာယာဖွယ်ထွက်လာသည်။
 
သဘာပတိကြီး သူတောင်းစားဗြိကား ဝါရင့်သူတောင်းစားကြီးဖြစ်သည့်အပြင် ခေတ်အဆက်ဆက် သူတောင်းစား အတတ်ပညာများဆည်ပူးခဲ့သည့် ဒန်ခွက်ရ သူတောင်းစားကြီးမို့ သူတောင်းစားထုက အားကိုးကြရှာသည်။
 
သို့သော် သဘာပတိကြီးကား လူရှေ့မို့ ဟန်ကိုယ့်ဖို့နေရသော်လည်း သူ့ဒန်ခွက်ကြီးထဲ အကြွေမဝင်သည်မှာ သုံးလရှိပြီမို့ မန်မန်တူတူပုန်းနေသည်မှာ ကြာပေပြီ။
 
"လေးစားအပ်ပါသော..သူတောင်းစားအပေါင်းတို့ခင်ဗျာ...ကျွန်တော်တို့ရဲ့ သူတောင်းစားသမိုင်းကို ထွန်းပြောင်စေခဲ့တဲ့ ဘုရားအလောင်း မဒင်္ဂသူ‌တောင်းစားမှ အစချီရလျှင်ဖြင့်"
 
သဘာပတိကြီးက သူတောင်းစားသမိုင်းအဆက်ဆက်နှင့် သူတောင်းစားတို့၏ ရည်မှန်းချက်သုံးရပ်ကို အကျဉ်းချုပ်ပြောကြားသွားလေသည်။ ထို့နောက် ကိုယ်စားလှယ်အသီးသီးက နယူးနော်မန်တောင်းနည်းများကို ဆွေးနွေးကြတော့သည်။
 
"သဘာပတိကြီးခင်ဗျား...ကျွန်တော်တို့ဟာ အခုအခါ တောင်းကြရမ်းကြတဲ့အခါ တောင်းစားပုံအခြေခံဥပဒေ အခန်း ၂ အပိုဒ်ကြီး ၃ (ခ) အရ ညှောင်ပီကျယ်အသံစနစ်ကို သုံးပါတယ်။ဒါပေမယ့် ဈေးသည်တွေရဲ့ အော်လံသံကို မတိုးနိုင်တဲ့အတွက် ကျွန်တော်တို့အသံကို အထပ်မြင့်တိုက်တွေက မကြားနိုင်ပါဘူး။ဒါကြောင့် တောင်းစားပုံ အခြေခံဥပဒေမှာ အော်လံကိုင်တောင်းစားခွင့်ဆိုတဲ့ နောက်တိုးပုဒ်မလေး ပြဋ္ဌာန်းပေးစေချင်ပါတယ်။"
 
"ဂုဏ်သရေရှိ သူတောင်းစားကိုယ်စားလှယ်ကြီး တင်ပြသွားတာ ကောင်းပါတယ်။ဒါပေမယ့် သူတောင်းစားတို့မည်သည် ရှေးရိုးအစဉ်အလာအရ ညှောင်နာနာ၊ ညှောင်ပီကျယ်ဆိုတဲ့ မူလသနားစဖွယ်အသံနဲ့သာ တောင်းရမယ်ဆိုတဲ့ တောင်းစားပုံအခြေခံဥပဒေ အခန်း ၁၊ အပိုဒ် ၂ ကို ဆန့်ကျင်နေပါတယ်။ဒါကြောင့် ကိုယ်စားလှယ်တော်ကြီးရဲ့ အဆိုကို ညီလာခံကနေ မှတ်တမ်းအဖြစ် ထားရှိပေးပါ့မယ်။"
 
"သဘာပတိကြီးခင်ဗျား...ကျွန်တော်ကတော့ သူတောင်းစားယဉ်ကျေးမှုဆိုင်ရာကော်မတီ ကိုယ်စားလှယ်ပါ..ကျွန်တော်မေးချင်တာက..အခုနောက်ပိုင်း ဆောင်းဘောက်စ်နဲ့ တွန်းလှည်းနဲ့ သီချင်းဆိုပြီး တောင်းနေသူ တွေကရော တောင်းစားပုံအခြေခံဥပဒေကို ချိုးဖောက်ရာမကျဘူးလား ခင်ဗျ။"
 
"ဒါကတော့ သီဆိုတောင်းရမ်းသူအစုအဖွဲ့ဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေမှာ ခေတ်၏လိုအပ်ချက်အရ ပြင်ဆင်ခွင့်ပြုပေးရမည်ဆိုတဲ့ အချက်အရ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ခွင့်ပြုပေးထားတာပါ။"
 
"သဘာပတိကြီးခင်ဗျား...ကျွန်တော်ကတော့ သရုပ်ပြတောင်းရမ်းသူအစုရဲ့ ကိုယ်စားလှယ်ပါ။ကျွန်တော်တို့မှာ ကျောက်ပတ်တီး၊ ချိုင်းထောက်နဲ့ သရုပ်ပြတောင်းရမ်းရတာမို့ အခုအခါ ဒိုးတူဒိုးဒလီဗာရီအတောင်းစနစ်နဲ့ အဆင်မပြေလှပါ။ဒီတော့ ဝှီးချဲတွေ စီစဉ်ပေးပြီး သရုပ်ပြတောင်းရင်ဖြင့် ခေတ်နဲ့လည်းလျော်ညီ၊ ခရီးလည်း အမြန်တွင်ကောင်းပါရဲ့ခင်ဗျာ။"
 
"ကိုယ်စားလှယ်တော်ကြီးပြောသလို ဝှီးချဲတွေကို စီစဉ်ပေးဖို့က ကော်မတီရဲ့ ဘဏ္ဍာရေးအခြေအနေအရ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။"
 
"အဆိုမှန်သမျှ ပယ်ချနေတော့ ကျုပ်တို့က ဘယ့်နှယ်တောင်းရမတုန်း သူတောင်းစားသဘာပတိ ဒန်ခွက်ဗြိရေ"
 
သူတောင်းစားထု၏ အသံက ဆူညံစာထွက်လာသည်။
 
ထိုအချိန်တွင် ကုန်းတံတားအောက်သို့ ကားတစ်စီး ထိုးဆိုက်လာတော့သည်။
 
"သူတောင်းစားထုအခွင့်အရေးအတွက် ကျုပ်ရှေ့က မားမားမတ်မတ်ရပ်မယ်။"
 
ကားပေါ်က ဆင်းလာသူက ရွှေကိုင်းမျက်မှန်နှင့် စမတ်ကျကျ။လက်ထဲမှာလည်း အမေရိကန်လုပ် သတ္တုခွက်ကြီး ကိုင်လျက်။သူတောင်းစားထုက သူ့ကိုငေးကြည့်နေကြသည်။သူက သူတောင်းစားထုကို လွှားခနဲ လွှားခနဲ ခုန်ကျော်ကာ သဘာပတိကြီးဗြိရှေ့ ရောက်လာသည်။သဘာပတိကြီးဗြိကား သူ့ထိုင်ခုံ အုတ်ခဲကျိုးလေးပေါ်မှပင် ဖင်တခြမ်းလျှောကျသွား၏။
 
"မတရားတဲ့ ဥပဒေမှန်သမျှ ဖီဆန်ကြ၊ သူတောင်းစားအခွင့်အရေးလျစ်လျူရှုခဲ့တဲ့ အစိုးရကို သပိတ်မှောက်ကြ"
 
ရွှေမျက်မှန်ကား သတ္တုခွက်ကြီးကို မြှောက်သည်။သူ့အင်္ကျီအစုတ်ကြီးကို ဆွဲဖြဲလိုက်သောအခါ အောက်ခံတီရှပ်မှ ခွေးရိုက်တုတ်နှင့် ခွက်ပုံတံဆိပ်ကြီး ပေါ်လာ၏။တံဆိပ်ပေါ်တွင်လည်း "ခွက်အဖွဲ့" ဟူသော စာတမ်းကြီး ပေါ်လာသည်။
 
"ရဲဘော်သူ‌တောင်းစားတို့..ကျုပ်ဟာ သူတောင်းစားထုအခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမယ့် ခွက်အဖွဲ့ကပဲ...ခင်ဗျားတို့အတွက် တီရှပ်တွေ ကားထဲမှာပါတယ်...ဗီနိုင်းတွေလည်းပါတယ်..အားလုံးအတူတကွ ခွက်စွဲ ချီတက်ကြစို့"
 
သူတောင်းစားထုကြီးက မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် သူ့ကို ကြည့်နေကြသည်။
 
"ဘာကြောင်နေကြတာလဲ...ခင်ဗျားတို့ မကြောက်ကြနဲ့..ခင်ဗျားတို့ နောက်မှာ ကျုပ်တို့ "ခွက်" အဖွဲ့ရှိတယ်..ဘာမှ မကြောက်နဲ့"
 
သဘာပတိဗြိ ကား မျက်နှာငယ်ကလေးနှင့်။
 
"မောင်ရင် ကြည့်ကျက်လုပ်ပါကွာ"
 
"ဘာကို ကြည့်ကျက်လုပ်ရမှာလဲ...ခင်ဗျားခုန သူတောင်းစားလှုပ်ရှားမှုအကြောင်းပြောသွားကတည်းက ကျုပ်နားထောင်နေတာ...ခင်ဗျားပြောသွားတာတွေက အစိုးရကို ဖားနေတာပဲဗျ.. သူတောင်းစားနိုင်ငံ‌ရေးလှုပ်ရှားမှုမှာ ကျုပ်လည်းပါခဲ့တယ်..ကျုပ်နာမည်ထည့်မပြောသွားဘူး..အလကား အစိုးရလက်ဝေခံ ငဖားကောင်ကြီး..ခင်ဗျားဟာ ဒန်ခွက်ပြပြီးပေါနေတဲ့ ခွက်ပေါကြီးပဲ"
 
"နေ နေပါဦးကွာ...ဒါနဲ့ မင်းက ကားကြီးလည်းစီးတယ်၊ ဝတ်ကောင်းစားလှနဲ့ နိုင်ငံခြားလုပ် သတ္တုခွက်ကြီးနဲ့ သူတောင်းစားမှ ဟုတ်ရဲ့လား"
 
"ဒီမယ် ခင်‌ဗျားတို့ သူတောင်းစားထုအရေးကို တက်ကြွလှုပ်ရှားပေးဖို့ ကျုပ်က လုပ်နေတာဗျ..ခင်ဗျားတို့ကို နိုင်ငံတကာသူတောင်းစားရေးလှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ပေးမယ်...ခင်ဗျားတို့ကောင်းစားရေးအတွက် အစိုးရကို သပိတ်မှောက်တဲ့အခါ ကူညီပေးမယ့် "ခွက်" အဖွဲ့ကို ခုပဲ ကျုပ်ဖွဲ့ခဲ့ပြီ..ခင်ဗျားတို့အရေးအတွက် ဘက်ဂျက်ကိုလည်း နိုင်ငံခြားကို ဘိုလိုစာရေးပြီး အထောက်အပံ့ အလှူငွေတောင်းဖို့ စီစဉ်ပြီးသွားပြီ...ကဲ..သပိတ်မှောက်ကြမှာလား မမှောက်ကြဘူးလား...မမှောက်ဘူးဆိုလည်း တခြားဂွင်မှာ သွားဖန်တီးရဦးမှာ..ကျုပ်တို့က ယုံကြည်ချက်နဲ့တောင်းစားနေတာ အချိန်မရှိဘူး"
 
"မင်းတို့ ယုံကြည်ချက်က ဘာလဲ"
 
"တောင်းရင် ရရမည်ဆိုတဲ့ ယုံကြည်ချက်ပေါ့ဗျ"
 
"အလို..တယ်နှိပ်ပဲဟေ့...မောင်ရင်တို့က ဒီယုံကြည်ချက်နဲ့ ဘိုလိုရေးပြီး တောင်းစားတာဆိုတော့ ဒီလို‌တွေ ဟန်ကျနေတာကိုး..."
 
"အစိုးရကိုဖားတဲ့ ခွက်ပေါကြီး...ခင်ဗျားလူတွေကို မြန်မြန်မေး..ကျုပ်တို့ ခွက်အဖွဲ့ ဝန်းရံတာ လက်ခံပြီး သပိတ်မှောက်မှာလား မမှောက်ဘူးလား"
 
မည်သို့မည်ပုံလုပ်လိုက်သည်မသိ။
 
"ခွက်" အဖွဲ့ ဥက္ကဋ္ဌရှေ့မှ ဝါရင့်သူတောင်းစား သဘာပတိကြီးဗြိ လှစ်ခနဲ ပျောက်ကွယ်သွားသဖြင့် သူတောင်းစားထုမှာ အံဩသွားကြသည်။သူတောင်းစားကြီးဗြိ ဘယ်ရောက်သွားသနည်း။
 
အခြားမဟုတ်...ကိုဗစ်ကာလ ဘိုစာဖိုးစကေး အွန်လိုင်းကလပ်သို့ အမြန်စာရင်းသွင်းရန် ထွက်သွားခြင်းပင်။
 
သဘာပတိကြီးဗြိကား အလင်းပွင့်သွားချေပြီ။ကိုဗစ်ကြီးပြီးသွားလျှင် ဘိုလိုရေးပြီး တောင်းစားမည်။အားလုံးအဆင်‌ပြေနေပါသည်ဆို အကြောင်းပြတောင်းရခက်သည်။ဒီတော့ တောင်းကောင်းအောင် ဟိုအရေး ဒီအရေး နာနာဆွပေးမှဖြစ်မည်။အဲ့ဒီ ဟိုအရေး ဒီအရေး ဘယ်အရေးမဆို နောက်ဖေးပေါက်ကပြေးရန် စနစ်တကျစီစဉ်ပြီးမှ ဝန်းရံမည်။လွတ်လပ်စွာတောင်းရမ်းခွင့်ဟု အော်အော်ပြီး ကိုယ်နှင့်တောင်းစားပုံမတူလျှင် တံဆိပ်မျိုးစုံကပ်မည်။
 
ထိုသို့...သူတောင်းစားအခွင့်အရေး တိုက်ပွဲဝင်ပေးရင်း မော်တော်ကားကြီးလည်းစီးနိုင်ရမည်။အိမ်ကြီးကြီးလည်း ဆောက်နိုင်ရမည်။နေရေးနှင့် စားသောက်ရေးပါ မနှေးအောင်မြင် အဆင်ပြေရမည်။
 
သူတောင်းစားကြီးဗြိ ဘိုလိုရေးပြီး စမတ်ကျကျ တက်ကြွစွာ တောင်းစားတော့မည်။
 
ဂဏှာဟိ မှတ်လော့။
 
အနာရှိ စပ်လော့။
 
ဗြိတိသျှကိုကိုမောင်
နိုဝင်ဘာ - ၁
 
( Zawgyi )
 
အခ်ိန္ကား ကိုဗစ္ဒုတိယလႈိင္းကာလ။ေနရာကား ရန္ကုန္ၿမိဳ႕ ကုန္းတံတားေအာက္ တစ္ေနရာ။အေရးေပၚ သူေတာင္းစားညီလာခံႀကီး စေပၿပီ။
 
ရန္ကုန္တစ္ၿမိဳ႕လုံးမွ အလႊာအသီးသီး သူေတာင္းစားႀကီးမ်ား တက္ေရာက္ၾကသည့္ပြဲမို႔ စည္ကားလွေပသည္။အေရးပၚ သူေတာင္းစားညီလာခံႀကီးကား အဘယ္ကစသနည္း။ဟိုမေအႏွမကလႊား ကိုဗစ္ပိုးႀကီးက စသည္ဟု ဆိုရမည္။ဒီကာလနာပိုးႀကီး မရွိခင္ကေတာ့ သူေတာင္းစားေလာကကား ျပႆနာသိပ္မရွိလွ။
 
"ျဖတ္ေလွ်ာက္ ခြက္ေမာက္" ဟူေသာ သူေတာင္းစား အီကိုေနာ္မီသီအိုရီအရ လူမ်ားမ်ား လမ္းေပၚျဖတ္ေလွ်ာက္သမွ် မစၥတာသူေတာင္းစားတို႔ ခြက္ကား ေမာက္စၿမဲ။လူစည္ကားရာ လမ္းေပၚမွာ ခြက္ကေလးအသာခ် ေညႇာင္နာနာအသံေလးျပဳၿပီးသာ ဇိမ္နဲ႔ဝပ္ေနလိုက္။ခြက္ကေလးက သူ႔အခ်ိန္တန္ ျပည့္သြားသည္ခ်ည္း မဟုတ္တုံေလာ။ဘတ္စ္ကားေပၚ စာ႐ြက္လိုက္ေဝၿပီး ေတာင္းစားသည့္ စကၠဴျဖဴသူေတာင္းစားေတြဆိုလည္း ဘတ္စ္ကားအျပည့္ အိတ္အျပည့္ ရၾကသည္ပဲ။ 
 
အခုေတာ့ ဒီလိုမဟုတ္။ကိုဗစ္ပိုးေၾကာင့္ လူေတြက စေတးဟုမ္းကုန္ၾက၏။သူေတာင္းစားတို႔မည္သည္ ခြက္စုတ္ခ်ည္းက်န္ ရာတန္မလြဲဟူေသာ သူေတာင္းစားမာန္ေလးမ်ားရွိရျငား အရင္လို လမ္းမထက္ ဖင္ေက်ာက္ခ်ျခင္းငွာ မတတ္သာခဲ့ေတာ့။ဒိုးတူဒိုး ဒလီဗာရီေခတ္ျဖစ္လာသည့္အေလ်ာက္ လမ္းေပါက္ေစ့ ေလွ်ာက္ေတာင္းရေတာ့သည္။အရင္လို လမ္းေပၚသာထိုင္ၿပီး အနိမ့္သံျဖင့္ ေတာင္း၍ေတာ့မရ။တိုက္ခန္းအျမင့္ေတြအလယ္ ဟိုက္တုန္းျဖင့္ ဖင္ေဂါင္းဟိန္းေအာင္ ေအာ္ၾကရသည္။
"အေႂကြေလးမ်ားရွိရင္ ထမင္းဖိုးေလး သနားပါခင္ညာ" ဆိုသည္ကို ေညႇာင္ရမည္၊ ပီရမည္၊ က်ယ္ရမည္ဆိုသည့္ ေညႇာင္ပီက်ယ္သုံးသြယ္သံ စနစ္တက်ထုတ္ရသည္။အသံတင္မဟုတ္ မ်က္လုံးကလည္း ေရွ႕ေနာက္ဝဲယာ တိုက္ေဂဟာတို႔ကို မျပတ္တမ္းလိုက္ၾကည့္ရေသးသည္။တိုက္ေပၚမွ ပလူပလံက်လာသည့္ အေႂကြပိုက္ဆံဆိုလ်င္လည္း ေရေျမာင္းထဲမက်ဖို႔အေရး အေျပးေကာက္ရ‌ေသး၏။သူေတာင္းစားသမိုင္းတစ္ေလွ်ာက္ အခက္ခဲဆုံး သူေတာင္းစားတစ္ေခတ္အျဖစ္ စံခ်ိန္တင္ခဲ့ေလၿပီ။
 
ထိုသို႔ႏွင့္ သူေတာင္းစားထု၏ ေတာင္းဆိုခ်က္အရ နယူးေနာ္မယ္ ေတာင္းနည္းစနစ္မ်ား ေပၚထြက္လာရန္အလို႔ငွာ အေရးေပၚ သူေတာင္းစားညီလာခံႀကီးကို ေခၚခဲ့ရျခင္းေပတည္း။သူေတာင္းစားညီလာခံ က်င္းပရာ ကုန္းတံတားမဟာႀကီးေအာက္သို႔ အလႊာစုံသူေတာင္းစားမ်ား စုေဝးေရာက္ရွိေနၾကၿပီျဖစ္သည္။
 
"သဘာပတိႀကီး ႂကြလာၿပီ"
 
ေရွ႕ဆုံးမွ ေခြး႐ိုက္တုတ္ကိုင္ သူေတာင္းစားအရာရွိႏွင့္အတူ ညီလာခံသဘာပတိႀကီးျဖစ္ေသာ သူေတာင္းစားၿဗိ ႂကြလာေလၿပီ။သဘာပတိႀကီးၿဗိကား လက္စြဲေတာ္ ဒန္ခြက္အပိန္ကို ဝင့္ႂကြားစြာကိုင္လ်က္ သဘာပတိထိုင္ရာ အုတ္ခဲတပိုင္းျပတ္ေပၚတြင္ တည္ၿငိမ္ေသာဣေျႏၵျဖင့္ ေစာင့္ေၾကာင့္ထိုင္ခ်လိုက္ေလသည္။
 
"အစီအစဥ္- ၁ အရ သဘာပတိႀကီးမွ အဖြင့္စကားေျပာၾကားေပးပါရန္ ပန္ၾကားအပ္ပါတယ္ရွင့္"
 
အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္သည့္ ဝါးဆစ္ပိတ္တီးဝိုင္းသူေတာင္းစားအလႊာမွ အမ်ိဳးသမီးေလး၏အသံက ေညာင္နာနာျဖင့္ သာယာဖြယ္ထြက္လာသည္။
 
သဘာပတိႀကီး သူေတာင္းစားၿဗိကား ဝါရင့္သူေတာင္းစားႀကီးျဖစ္သည့္အျပင္ ေခတ္အဆက္ဆက္ သူေတာင္းစား အတတ္ပညာမ်ားဆည္ပူးခဲ့သည့္ ဒန္ခြက္ရ သူေတာင္းစားႀကီးမို႔ သူေတာင္းစားထုက အားကိုးၾကရွာသည္။
 
သို႔ေသာ္ သဘာပတိႀကီးကား လူေရွ႕မို႔ ဟန္ကိုယ့္ဖို႔ေနရေသာ္လည္း သူ႔ဒန္ခြက္ႀကီးထဲ အေႂကြမဝင္သည္မွာ သုံးလရွိၿပီမို႔ မန္မန္တူတူပုန္းေနသည္မွာ ၾကာေပၿပီ။
 
"ေလးစားအပ္ပါေသာ..သူေတာင္းစားအေပါင္းတို႔ခင္ဗ်ာ...ကြၽန္ေတာ္တို႔ရဲ႕ သူေတာင္းစားသမိုင္းကို ထြန္းေျပာင္ေစခဲ့တဲ့ ဘုရားအေလာင္း မဒဂၤသူ‌ေတာင္းစားမွ အစခ်ီရလွ်င္ျဖင့္"
 
သဘာပတိႀကီးက သူေတာင္းစားသမိုင္းအဆက္ဆက္ႏွင့္ သူေတာင္းစားတို႔၏ ရည္မွန္းခ်က္သုံးရပ္ကို အက်ဥ္းခ်ဳပ္ေျပာၾကားသြားေလသည္။ ထို႔ေနာက္ ကိုယ္စားလွယ္အသီးသီးက နယူးေနာ္မန္ေတာင္းနည္းမ်ားကို ေဆြးေႏြးၾကေတာ့သည္။
 
"သဘာပတိႀကီးခင္ဗ်ား...ကြၽန္ေတာ္တို႔ဟာ အခုအခါ ေတာင္းၾကရမ္းၾကတဲ့အခါ ေတာင္းစားပုံအေျခခံဥပေဒ အခန္း ၂ အပိုဒ္ႀကီး ၃ (ခ) အရ ေညႇာင္ပီက်ယ္အသံစနစ္ကို သုံးပါတယ္။ဒါေပမယ့္ ေဈးသည္ေတြရဲ႕ ေအာ္လံသံကို မတိုးႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔အသံကို အထပ္ျမင့္တိုက္ေတြက မၾကားႏိုင္ပါဘူး။ဒါေၾကာင့္ ေတာင္းစားပုံ အေျခခံဥပေဒမွာ ေအာ္လံကိုင္ေတာင္းစားခြင့္ဆိုတဲ့ ေနာက္တိုးပုဒ္မေလး ျပ႒ာန္းေပးေစခ်င္ပါတယ္။"
 
"ဂုဏ္သေရရွိ သူေတာင္းစားကိုယ္စားလွယ္ႀကီး တင္ျပသြားတာ ေကာင္းပါတယ္။ဒါေပမယ့္ သူေတာင္းစားတို႔မည္သည္ ေရွး႐ိုးအစဥ္အလာအရ ေညႇာင္နာနာ၊ ေညႇာင္ပီက်ယ္ဆိုတဲ့ မူလသနားစဖြယ္အသံနဲ႔သာ ေတာင္းရမယ္ဆိုတဲ့ ေတာင္းစားပုံအေျခခံဥပေဒ အခန္း ၁၊ အပိုဒ္ ၂ ကို ဆန႔္က်င္ေနပါတယ္။ဒါေၾကာင့္ ကိုယ္စားလွယ္ေတာ္ႀကီးရဲ႕ အဆိုကို ညီလာခံကေန မွတ္တမ္းအျဖစ္ ထားရွိေပးပါ့မယ္။"
 
"သဘာပတိႀကီးခင္ဗ်ား...ကြၽန္ေတာ္ကေတာ့ သူေတာင္းစားယဥ္ေက်းမႈဆိုင္ရာေကာ္မတီ ကိုယ္စားလွယ္ပါ..ကြၽန္ေတာ္ေမးခ်င္တာက..အခုေနာက္ပိုင္း ေဆာင္းေဘာက္စ္နဲ႔ တြန္းလွည္းနဲ႔ သီခ်င္းဆိုၿပီး ေတာင္းေနသူ ေတြကေရာ ေတာင္းစားပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ရာမက်ဘူးလား ခင္ဗ်။"
 
"ဒါကေတာ့ သီဆိုေတာင္းရမ္းသူအစုအဖြဲ႕ဆိုင္ရာ လုပ္ထုံးလုပ္နည္းဥပေဒမွာ ေခတ္၏လိုအပ္ခ်က္အရ ျပင္ဆင္ခြင့္ျပဳေပးရမည္ဆိုတဲ့ အခ်က္အရ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက ခြင့္ျပဳေပးထားတာပါ။"
 
"သဘာပတိႀကီးခင္ဗ်ား...ကြၽန္ေတာ္ကေတာ့ သ႐ုပ္ျပေတာင္းရမ္းသူအစုရဲ႕ ကိုယ္စားလွယ္ပါ။ကြၽန္ေတာ္တို႔မွာ ေက်ာက္ပတ္တီး၊ ခ်ိဳင္းေထာက္နဲ႔ သ႐ုပ္ျပေတာင္းရမ္းရတာမို႔ အခုအခါ ဒိုးတူဒိုးဒလီဗာရီအေတာင္းစနစ္နဲ႔ အဆင္မေျပလွပါ။ဒီေတာ့ ဝွီးခ်ဲေတြ စီစဥ္ေပးၿပီး သ႐ုပ္ျပေတာင္းရင္ျဖင့္ ေခတ္နဲ႔လည္းေလ်ာ္ညီ၊ ခရီးလည္း အျမန္တြင္ေကာင္းပါရဲ႕ခင္ဗ်ာ။"
 
"ကိုယ္စားလွယ္ေတာ္ႀကီးေျပာသလို ဝွီးခ်ဲေတြကို စီစဥ္ေပးဖို႔က ေကာ္မတီရဲ႕ ဘ႑ာေရးအေျခအေနအရ ေလာေလာဆယ္ မျဖစ္ႏိုင္ေသးပါဘူး။"
 
"အဆိုမွန္သမွ် ပယ္ခ်ေနေတာ့ က်ဳပ္တို႔က ဘယ့္ႏွယ္ေတာင္းရမတုန္း သူေတာင္းစားသဘာပတိ ဒန္ခြက္ၿဗိေရ"
 
သူေတာင္းစားထု၏ အသံက ဆူညံစာထြက္လာသည္။
 
ထိုအခ်ိန္တြင္ ကုန္းတံတားေအာက္သို႔ ကားတစ္စီး ထိုးဆိုက္လာေတာ့သည္။
 
"သူေတာင္းစားထုအခြင့္အေရးအတြက္ က်ဳပ္ေရွ႕က မားမားမတ္မတ္ရပ္မယ္။"
 
ကားေပၚက ဆင္းလာသူက ေ႐ႊကိုင္းမ်က္မွန္ႏွင့္ စမတ္က်က်။လက္ထဲမွာလည္း အေမရိကန္လုပ္ သတၱဳခြက္ႀကီး ကိုင္လ်က္။သူေတာင္းစားထုက သူ႔ကိုေငးၾကည့္ေနၾကသည္။သူက သူေတာင္းစားထုကို လႊားခနဲ လႊားခနဲ ခုန္ေက်ာ္ကာ သဘာပတိႀကီးၿဗိေရွ႕ ေရာက္လာသည္။သဘာပတိႀကီးၿဗိကား သူ႔ထိုင္ခုံ အုတ္ခဲက်ိဳးေလးေပၚမွပင္ ဖင္တျခမ္းေလွ်ာက်သြား၏။
 
"မတရားတဲ့ ဥပေဒမွန္သမွ် ဖီဆန္ၾက၊ သူေတာင္းစားအခြင့္အေရးလ်စ္လ်ဴရႈခဲ့တဲ့ အစိုးရကို သပိတ္ေမွာက္ၾက"
 
ေ႐ႊမ်က္မွန္ကား သတၱဳခြက္ႀကီးကို ေျမႇာက္သည္။သူ႔အက်ႌအစုတ္ႀကီးကို ဆြဲၿဖဲလိုက္ေသာအခါ ေအာက္ခံတီရွပ္မွ ေခြး႐ိုက္တုတ္ႏွင့္ ခြက္ပုံတံဆိပ္ႀကီး ေပၚလာ၏။တံဆိပ္ေပၚတြင္လည္း "ခြက္အဖြဲ႕" ဟူေသာ စာတမ္းႀကီး ေပၚလာသည္။
 
"ရဲေဘာ္သူ‌ေတာင္းစားတို႔..က်ဳပ္ဟာ သူေတာင္းစားထုအခြင့္အေရးအတြက္ တိုက္ပြဲဝင္ေပးမယ့္ ခြက္အဖြဲ႕ကပဲ...ခင္ဗ်ားတို႔အတြက္ တီရွပ္ေတြ ကားထဲမွာပါတယ္...ဗီႏိုင္းေတြလည္းပါတယ္..အားလုံးအတူတကြ ခြက္စြဲ ခ်ီတက္ၾကစို႔"
 
သူေတာင္းစားထုႀကီးက မ်က္လုံးေလး ေပကလပ္ ေပကလပ္ျဖင့္ သူ႔ကို ၾကည့္ေနၾကသည္။
 
"ဘာေၾကာင္ေနၾကတာလဲ...ခင္ဗ်ားတို႔ မေၾကာက္ၾကနဲ႔..ခင္ဗ်ားတို႔ ေနာက္မွာ က်ဳပ္တို႔ "ခြက္" အဖြဲ႕ရွိတယ္..ဘာမွ မေၾကာက္နဲ႔"
 
သဘာပတိၿဗိ ကား မ်က္ႏွာငယ္ကေလးႏွင့္။
 
"ေမာင္ရင္ ၾကည့္က်က္လုပ္ပါကြာ"
 
"ဘာကို ၾကည့္က်က္လုပ္ရမွာလဲ...ခင္ဗ်ားခုန သူေတာင္းစားလႈပ္ရွားမႈအေၾကာင္းေျပာသြားကတည္းက က်ဳပ္နားေထာင္ေနတာ...ခင္ဗ်ားေျပာသြားတာေတြက အစိုးရကို ဖားေနတာပဲဗ်.. သူေတာင္းစားႏိုင္ငံ‌ေရးလႈပ္ရွားမႈမွာ က်ဳပ္လည္းပါခဲ့တယ္..က်ဳပ္နာမည္ထည့္မေျပာသြားဘူး..အလကား အစိုးရလက္ေဝခံ ငဖားေကာင္ႀကီး..ခင္ဗ်ားဟာ ဒန္ခြက္ျပၿပီးေပါေနတဲ့ ခြက္ေပါႀကီးပဲ"
 
"ေန ေနပါဦးကြာ...ဒါနဲ႔ မင္းက ကားႀကီးလည္းစီးတယ္၊ ဝတ္ေကာင္းစားလွနဲ႔ ႏိုင္ငံျခားလုပ္ သတၱဳခြက္ႀကီးနဲ႔ သူေတာင္းစားမွ ဟုတ္ရဲ႕လား"
 
"ဒီမယ္ ခင္‌ဗ်ားတို႔ သူေတာင္းစားထုအေရးကို တက္ႂကြလႈပ္ရွားေပးဖို႔ က်ဳပ္က လုပ္ေနတာဗ်..ခင္ဗ်ားတို႔ကို ႏိုင္ငံတကာသူေတာင္းစားေရးလႈပ္ရွားသူေတြနဲ႔ ခ်ိတ္ဆက္ေပးမယ္...ခင္ဗ်ားတို႔ေကာင္းစားေရးအတြက္ အစိုးရကို သပိတ္ေမွာက္တဲ့အခါ ကူညီေပးမယ့္ "ခြက္" အဖြဲ႕ကို ခုပဲ က်ဳပ္ဖြဲ႕ခဲ့ၿပီ..ခင္ဗ်ားတို႔အေရးအတြက္ ဘက္ဂ်က္ကိုလည္း ႏိုင္ငံျခားကို ဘိုလိုစာေရးၿပီး အေထာက္အပံ့ အလႉေငြေတာင္းဖို႔ စီစဥ္ၿပီးသြားၿပီ...ကဲ..သပိတ္ေမွာက္ၾကမွာလား မေမွာက္ၾကဘူးလား...မေမွာက္ဘူးဆိုလည္း တျခားဂြင္မွာ သြားဖန္တီးရဦးမွာ..က်ဳပ္တို႔က ယုံၾကည္ခ်က္နဲ႔ေတာင္းစားေနတာ အခ်ိန္မရွိဘူး"
 
"မင္းတို႔ ယုံၾကည္ခ်က္က ဘာလဲ"
 
"ေတာင္းရင္ ရရမည္ဆိုတဲ့ ယုံၾကည္ခ်က္ေပါ့ဗ်"
 
"အလို..တယ္ႏွိပ္ပဲေဟ့...ေမာင္ရင္တို႔က ဒီယုံၾကည္ခ်က္နဲ႔ ဘိုလိုေရးၿပီး ေတာင္းစားတာဆိုေတာ့ ဒီလို‌ေတြ ဟန္က်ေနတာကိုး..."
 
"အစိုးရကိုဖားတဲ့ ခြက္ေပါႀကီး...ခင္ဗ်ားလူေတြကို ျမန္ျမန္ေမး..က်ဳပ္တို႔ ခြက္အဖြဲ႕ ဝန္းရံတာ လက္ခံၿပီး သပိတ္ေမွာက္မွာလား မေမွာက္ဘူးလား"
 
မည္သို႔မည္ပုံလုပ္လိုက္သည္မသိ။
 
"ခြက္" အဖြဲ႕ ဥကၠ႒ေရွ႕မွ ဝါရင့္သူေတာင္းစား သဘာပတိႀကီးၿဗိ လွစ္ခနဲ ေပ်ာက္ကြယ္သြားသျဖင့္ သူေတာင္းစားထုမွာ အံဩသြားၾကသည္။သူေတာင္းစားႀကီးၿဗိ ဘယ္ေရာက္သြားသနည္း။
 
အျခားမဟုတ္...ကိုဗစ္ကာလ ဘိုစာဖိုးစေကး အြန္လိုင္းကလပ္သို႔ အျမန္စာရင္းသြင္းရန္ ထြက္သြားျခင္းပင္။
 
သဘာပတိႀကီးၿဗိကား အလင္းပြင့္သြားေခ်ၿပီ။ကိုဗစ္ႀကီးၿပီးသြားလွ်င္ ဘိုလိုေရးၿပီး ေတာင္းစားမည္။အားလုံးအဆင္‌ေျပေနပါသည္ဆို အေၾကာင္းျပေတာင္းရခက္သည္။ဒီေတာ့ ေတာင္းေကာင္းေအာင္ ဟိုအေရး ဒီအေရး နာနာဆြေပးမွျဖစ္မည္။အဲ့ဒီ ဟိုအေရး ဒီအေရး ဘယ္အေရးမဆို ေနာက္ေဖးေပါက္ကေျပးရန္ စနစ္တက်စီစဥ္ၿပီးမွ ဝန္းရံမည္။လြတ္လပ္စြာေတာင္းရမ္းခြင့္ဟု ေအာ္ေအာ္ၿပီး ကိုယ္ႏွင့္ေတာင္းစားပုံမတူလွ်င္ တံဆိပ္မ်ိဳးစုံကပ္မည္။
 
ထိုသို႔...သူေတာင္းစားအခြင့္အေရး တိုက္ပြဲဝင္ေပးရင္း ေမာ္ေတာ္ကားႀကီးလည္းစီးႏိုင္ရမည္။အိမ္ႀကီးႀကီးလည္း ေဆာက္ႏိုင္ရမည္။ေနေရးႏွင့္ စားေသာက္ေရးပါ မေႏွးေအာင္ျမင္ အဆင္ေျပရမည္။
 
သူေတာင္းစားႀကီးၿဗိ ဘိုလိုေရးၿပီး စမတ္က်က် တက္ႂကြစြာ ေတာင္းစားေတာ့မည္။
 
ဂဏွာဟိ မွတ္ေလာ့။
 
အနာရွိ စပ္ေလာ့။
 
ၿဗိတိသွ်ကိုကိုေမာင္
ႏိုဝင္ဘာ - ၁