【 သရော်စာ 】 အတိုက်အခံ ဗြိ

【 သရော်စာ 】 အတိုက်အခံ ဗြိ

တော်လှန်သော ဗြိ ပြန်လာပြီ။

ဘာကို တော်လှန်မှာတုန်း ဆိုတော့ကာ...အိမ်း..ဒီခေတ်ဒီခါ တော်လှန်စရာဘာများရှိသတုံး။ရဲဘော်မေမေ အစိုးရကိုပဲပေါ့။

ဘယ်ပုံဘယ်နည်း တော်လှန်မည်နည်းဆို။အို.. ကွန်မြူနစ်အကြမ်းနည်းက ခေတ်ကုန်ပြီပဲ။ဒီမိုကရေစီနည်းကျကျ အတိုက်အခံလုပ်ပြီး တော်လှန်မှာပေါ့။အစိုးရကောင်းတို့မည်သည် အတိုက်အခံကောင်းရှိရစမြဲတဲ့။ဒီတော့ အစိုးရကောင်းဖို့အရေး အတိုက်အခံကောင်း‌တွေလိုပြီ မဟုတ်ပေလားဗျာ။ခုဆို ကိုရိုနာဗိုင်းရပ်စ်ကလည်း ခေါဘဏီ‌သော ပုလိပ်တပ်ကြီး ဝိုင်းခံရတဲ့ နှစ်ရာကြေးဖဲဝိုင်းလေးလို မျက်နှာမွဲ မြန်မာပြည်ကို ဝိုင်းထားလေရဲ့။ဥက္ကာပျံကြီးကလည်း လာနေပြီဆိုလား။ဒီလို ကမ္ဘာ့ကပ်ဆိုးကြီးတွေကြား ဗိုင်းရပ်စ်မရှိသေးတဲ့ မြန်မာပြည်လေး ဗိုင်းရပ်စ်အလွန်ကာလမှာ လက်မထောင်နိုင်အောင်အလိုငှာ့ မောင်ဗြိ တစ်ယောက် အတိုက်အခံလုပ်ဖို့ ဆုံးဖြတ်ခြင်းရယ်ပါ။

ဟုတ်ပြီ။အတိုက်အခံလုပ်တာတော့ ဟုတ်ပါပြီ။အတိုက်အခံဆိုတာ ဘုံဆိုင်မှာ သူများဒကာခံသမျှ အရက်လိုက်သောက်တဲ့ ကုန်းဆင်းအတိုက်ခံလို အလွယ်လေးမဟုတ်ဘူး။အတိုက်အခံဆိုတာ နောက်ခံနိုင်ငံရေးအင်အားစုရှိမှဖြစ်တာ။ဘယ်မလဲ။နင့်အတိုက်အခံအင်အားစု။ကျောင်းသင်္ကြန်မှာ ကပြီးခုန်ပြီးမှ ကိုရိုနာကို အရေးပေါ်ကြောက်လာလို့ စာမေးပွဲတွေ စတော့ခိုင်းတဲ့ ကျောင်းသားတွေလား။ဒါမှမဟုတ် ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရလို့ မကျေနပ်ကြတဲ့ ရုပ်ရှင်ချစ်သူတွေလား။ဘုရားပွဲတွေ ပါမစ်ပိတ်တော့ အမျိုးဘာသာသာသနာပျက်ပြီ အော်နေတဲ့ ဖုန်ရှုဖင်နှိုက် ပွဲကြိုက်မောင်တွေလား။နို့ ဘယ်သူတွေကို နင်စည်းရုံးမှာလဲဆို။

နိုး..နိုး..နိုး။

မောင်ဗြိဟာ ဒီလောက်ညံ့လိမ့်မလားဗျာ။နိုင်ငံရေးမှာ ဘယ်လူတန်းစားကို အခြေခံမယ်ဆိုတဲ့ ကိုယ့်ဘက်ဂ‌ရောင်းကာလာကို အချိန်မတန်ပဲ ထုတ်မရှိုးရဘူးတဲ့ဗျ။နိုင်ငံရေးဆိုတာ ပါးပါးလေး။အထူးသဖြင့် အတိုက်အခံနိုင်ငံရေးဆိုတာ ပိုဖြင့်ခက်သေးတယ်။မောင်ဗြိရဲ့ ပုလင်းခွက်လှည့် ဘကြီးမူးမြင့်အောင် က တခါပြောဖူးတယ်။အခုဆို အရင်အတိုက်အခံဘ၀က လာတဲ့သူတွေ အစိုးရဖြစ်တော့ အစိုးရဖြစ်ရတာ မလွယ်ဘူးဆိုတာ သိသွားတယ်။အစိုးရဘ၀က ဈာန်လျှောသွားတဲ့သူတွေကလည်း အတိုက်အခံဖြစ်တော့ အတိုက်အခံဖြစ်ရတာ မလွယ်ဘူးဆိုတာ သိသွားတယ်တဲ့။
ပြည်သူတွေကလည်း ဘယ်သူဘာဖြစ်ဖြစ် ငါတို့လည်း မလွယ်ဘူးဆိုတာ သိသွားတယ်တဲ့။အခုအရွယ်မှ ကျည်ပွေ့အတက်ပေါက် (အင်း. သူ့ပုံက. ကျည့်ပွေ့လောက်တော့ ရှိဟန်မတူဘူးဗျ) ဝါးတူ‌လောက်ဆိုတော့ ဝါးတူအတက်ပေါက်ပြီး ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားလုပ်နေတဲ့ ဘကြီးမူးမြင့်အောင် ပြောတာနော်။ကျွန်တော် မောင်ဗြိ အာဘော်မဟုတ်ပါ။

အိမ်း..ပြန်ဆက်ကြဦးမဗျာ။ဒီလိုမလွယ်တဲ့ နိုင်ငံတော်ကြီးရဲ့ မလွယ်တဲ့ နိုင်ငံရေးကြီးမှာ ဗြိဟာ အတိုက်အခံအင်အားစုကို ဦးဆောင်တော့မှာဆိုတော့ ဒီကောင်မလွယ်တဲ့ကောင်ပါလားလို့သာ မှတ်ကြဗျာ။ဘယ်ပုံဘယ်နည်းများ အတိုက်အခံလုပ်မလဲ။မတ်တပ်ရပ်၊ ထိုင်ထတွေပဲ လေ့ကျင့်နေမလား။မိုက်ပေးပါ မိုက်ပေးပါ အစချီတဲ့ ရတုလင်္ကာတွေပဲ ရွတ်နေမလား။အဲ့ဒါတွေ တစ်ခုမှမလုပ်ဘူး။သူတို့ထက် မြင့်တဲ့သူတွေ၊ နည်းပညာတွေနဲ့ပဲ မောင်ဗြိဟာ မြန်မာ့အတိုက်အခံအင်အားစုကို ဦးဆောင်မှာ။အဲ့ဒီလို ကြွေးကြော်သံပြီးသကာလ မောင်ဗြိတစ်ယောက် ပထမဆုံး ကန်တော်လေးဘက်က ဘုန်းကြီးကျောင်းတစ်ခုမှာ ဒုလ္လဘသွားစည်းလိုက်တယ်။

ဘုန်းကြီးကျောင်းဆိုတဲ့အတိုင်း လာရောက်ခိုကပ်နေတဲ့ ဒုက္ခသည် သုနက္ခောအုပ်စုက အများကြီး။ဘဘုန်းတို့ ဆွမ်းကျန်၊ ဟင်းကျန်တွေကို မှီခိုနေတဲ့ အောင်နက်၊ ဂုတ်ကျား၊ မြီးတို၊ ဖြူမ၊ ရမ်ဘို၊ ထိပ်ကွက်၊ မွှေးကြဲတို့တတွေနဲ့ မောင်ဗြိ အဖွဲ့ကျနေတယ်တဲ့။တခါတခါ ‌ဒီခွေးအုပ်ကြီးနဲ့ စကားတွေပြောလိုက်၊ နိုင်ငံရေးတရားတွေဟောလိုက် လုပ်နေတော့ ကျောင်းကကိုယ်တော်တွေကတောင် ဒုလဘ္လဘမောင်ဗြိ ကို ကွက်ကြည့်ကွက်ကြည့်ဖြစ်လာတယ်။ဒီဒုလဘ္ဘကိုယ်တော်ဟာ မာဂဓစကားပဲ တတ်တာလား၊ ဒါမှမဟုတ် ရူးများနေလားဆိုပြီး ကျောင်းကနှင်ထုတ်ချင်လာကြပေရဲ့။
တကယ်က မောင်ဗြိဟာ မာဂဓစကား တတ်တာမဟုတ်ဘူး။သူက အောင်နက်တို့ဂရုကို လူစကားသင်ပေးနေတာတဲ့လေ။

အလိုလေး။အတိုက်အခံအင်အားစုကို ခေါင်းဆောင်မယ်‌ ကြွေးကြော်ပြီး ဘုန်းကြီးပြေး၀တ်တယ်။အခုကျ ကျောင်းနားက ခွေးတွေကို လူစကားသင်ပေးနေပြန်သတဲ့။မောင်ဗြိတစ်ကောင်တော့ ဝူဟန်ကြောက်လို့ ဂေါက်သွားရှာပြီလို့ လူတွေထင်ကုန်ကြတယ်။ဘယ်သူတွေ ဘာပြောပြော ခုဆို အောင်နက်တို့အုပ်စုဟာ ဆရာမောင်ဗြိ အသင်အပြကောင်းလို့ အရင်လို အာဝု အာဝု ဝုတ် ဝုတ်ကနေ လူလို တစ်လုံးစ နှစ်လုံးစ ပီလာပါပြီ။ဟော့ သုံးလုံးစ လေးလုံးစ ပီလာပါပြီ။

ဒီလိုနဲ့ ဆရာတော်ဆီက လူထွက်ခွင့်လျှောက်ပြီး လူထွက်တဲ့နေ့မှာတော့ အတိုက်အခံ ခေါင်းဆောင်လောင်း ဗြိဟာ အောင်နက်တို့တသိုက်ခြံရံပြီး ရပ်ကွက်ထဲ ပြန်၀င်လာပါတော့တယ်။

"ငါသည်ကား အတိုက်အခံ အစစ်ဧကန် ဖြစ်ချေပြီ..ငါ့တွင် နောက်လိုက်နောက်ပါ အတိုက်အခံအင်အားစု ရှိပေပြီ" မောင်ဗြိဟာ လက်ထဲကအမဲရိုးကိုမြှောက်ပြီး ထိုနှယ်ကြွေးကြော်လိုက်ချိန်မှာတော့... အတိုက်အခံ ဆရာကြီးဗြိရဲ့ နောက်လိုက် အောင်နက်တို့ အုပ်စုဟာ ဆရာကြီးဗြိ သင်ပေးထားတဲ့ လေးလုံးသော လူစကားကို ပီပီသသကြီး အူလိုက်ပါတော့တယ်။

“ဂါ..ဂုံ..ဂေါ်…ဂေး”

ဗြိတိသျှကိုကိုမောင်
မတ် - ၂၂
( Zawgyi )
ေတာ္လွန္ေသာ ၿဗိ ျပန္လာၿပီ။

ဘာကို ေတာ္လွန္မွာတုန္း ဆိုေတာ့ကာ...အိမ္း..ဒီေခတ္ဒီခါ ေတာ္လွန္စရာဘာမ်ားရွိသတုံး။ရဲေဘာ္ေမေမ အစိုးရကိုပဲေပါ့။

ဘယ္ပုံဘယ္နည္း ေတာ္လွန္မည္နည္းဆို။အို.. ကြန္ျမဴနစ္အၾကမ္းနည္းက ေခတ္ကုန္ၿပီပဲ။ဒီမိုကေရစီနည္းက်က် အတိုက္အခံလုပ္ၿပီး ေတာ္လွန္မွာေပါ့။အစိုးရေကာင္းတို႔မည္သည္ အတိုက္အခံေကာင္းရွိရစၿမဲတဲ့။ဒီေတာ့ အစိုးရေကာင္းဖို႔အေရး အတိုက္အခံေကာင္း‌ေတြလိုၿပီ မဟုတ္ေပလားဗ်ာ။ခုဆို ကို႐ိုနာဗိုင္းရပ္စ္ကလည္း ေခါဘဏီ‌ေသာ ပုလိပ္တပ္ႀကီး ဝိုင္းခံရတဲ့ ႏွစ္ရာေၾကးဖဲဝိုင္းေလးလို မ်က္ႏွာမြဲ ျမန္မာျပည္ကို ဝိုင္းထားေလရဲ႕။ဥကၠာပ်ံႀကီးကလည္း လာေနၿပီဆိုလား။ဒီလို ကမာၻ႔ကပ္ဆိုးႀကီးေတြၾကား ဗိုင္းရပ္စ္မရွိေသးတဲ့ ျမန္မာျပည္ေလး ဗိုင္းရပ္စ္အလြန္ကာလမွာ လက္မေထာင္ႏိုင္ေအာင္အလိုငွာ့ ေမာင္ၿဗိ တစ္ေယာက္ အတိုက္အခံလုပ္ဖို႔ ဆုံးျဖတ္ျခင္းရယ္ပါ။

ဟုတ္ၿပီ။အတိုက္အခံလုပ္တာေတာ့ ဟုတ္ပါၿပီ။အတိုက္အခံဆိုတာ ဘုံဆိုင္မွာ သူမ်ားဒကာခံသမွ် အရက္လိုက္ေသာက္တဲ့ ကုန္းဆင္းအတိုက္ခံလို အလြယ္ေလးမဟုတ္ဘူး။အတိုက္အခံဆိုတာ ေနာက္ခံႏိုင္ငံေရးအင္အားစုရွိမွျဖစ္တာ။ဘယ္မလဲ။နင့္အတိုက္အခံအင္အားစု။ေက်ာင္းသၾကၤန္မွာ ကၿပီးခုန္ၿပီးမွ ကို႐ိုနာကို အေရးေပၚေၾကာက္လာလို႔ စာေမးပြဲေတြ စေတာ့ခိုင္းတဲ့ ေက်ာင္းသားေတြလား။ဒါမွမဟုတ္ ႐ုပ္ရွင္႐ုံေတြ ပိတ္လိုက္ရလို႔ မေက်နပ္ၾကတဲ့ ႐ုပ္ရွင္ခ်စ္သူေတြလား။ဘုရားပြဲေတြ ပါမစ္ပိတ္ေတာ့ အမ်ိဳးဘာသာသာသနာပ်က္ၿပီ ေအာ္ေနတဲ့ ဖုန္ရႈဖင္ႏႈိက္ ပြဲႀကိဳက္ေမာင္ေတြလား။ႏို႔ ဘယ္သူေတြကို နင္စည္း႐ုံးမွာလဲဆို။

ႏိုး..ႏိုး..ႏိုး။

ေမာင္ၿဗိဟာ ဒီေလာက္ညံ့လိမ့္မလားဗ်ာ။ႏိုင္ငံေရးမွာ ဘယ္လူတန္းစားကို အေျခခံမယ္ဆိုတဲ့ ကိုယ့္ဘက္ဂ‌ေရာင္းကာလာကို အခ်ိန္မတန္ပဲ ထုတ္မရႈိးရဘူးတဲ့ဗ်။ႏိုင္ငံေရးဆိုတာ ပါးပါးေလး။အထူးသျဖင့္ အတိုက္အခံႏိုင္ငံေရးဆိုတာ ပိုျဖင့္ခက္ေသးတယ္။ေမာင္ၿဗိရဲ႕ ပုလင္းခြက္လွည့္ ဘႀကီးမူးျမင့္ေအာင္ က တခါေျပာဖူးတယ္။အခုဆို အရင္အတိုက္အခံဘ၀က လာတဲ့သူေတြ အစိုးရျဖစ္ေတာ့ အစိုးရျဖစ္ရတာ မလြယ္ဘူးဆိုတာ သိသြားတယ္။အစိုးရဘ၀က ဈာန္ေလွ်ာသြားတဲ့သူေတြကလည္း အတိုက္အခံျဖစ္ေတာ့ အတိုက္အခံျဖစ္ရတာ မလြယ္ဘူးဆိုတာ သိသြားတယ္တဲ့။
ျပည္သူေတြကလည္း ဘယ္သူဘာျဖစ္ျဖစ္ ငါတို႔လည္း မလြယ္ဘူးဆိုတာ သိသြားတယ္တဲ့။အခုအ႐ြယ္မွ က်ည္ေပြ႕အတက္ေပါက္ (အင္း. သူ႔ပုံက. က်ည့္ေပြ႕ေလာက္ေတာ့ ရွိဟန္မတူဘူးဗ်) ဝါးတူ‌ေလာက္ဆိုေတာ့ ဝါးတူအတက္ေပါက္ၿပီး ရန္ကုန္တကၠသိုလ္၊ ျမန္မာစာေက်ာင္းသားလုပ္ေနတဲ့ ဘႀကီးမူးျမင့္ေအာင္ ေျပာတာေနာ္။ကြၽန္ေတာ္ ေမာင္ၿဗိ အာေဘာ္မဟုတ္ပါ။

အိမ္း..ျပန္ဆက္ၾကဦးမဗ်ာ။ဒီလိုမလြယ္တဲ့ ႏိုင္ငံေတာ္ႀကီးရဲ႕ မလြယ္တဲ့ ႏိုင္ငံေရးႀကီးမွာ ၿဗိဟာ အတိုက္အခံအင္အားစုကို ဦးေဆာင္ေတာ့မွာဆိုေတာ့ ဒီေကာင္မလြယ္တဲ့ေကာင္ပါလားလို႔သာ မွတ္ၾကဗ်ာ။ဘယ္ပုံဘယ္နည္းမ်ား အတိုက္အခံလုပ္မလဲ။မတ္တပ္ရပ္၊ ထိုင္ထေတြပဲ ေလ့က်င့္ေနမလား။မိုက္ေပးပါ မိုက္ေပးပါ အစခ်ီတဲ့ ရတုလကၤာေတြပဲ ႐ြတ္ေနမလား။အဲ့ဒါေတြ တစ္ခုမွမလုပ္ဘူး။သူတို႔ထက္ ျမင့္တဲ့သူေတြ၊ နည္းပညာေတြနဲ႔ပဲ ေမာင္ၿဗိဟာ ျမန္မာ့အတိုက္အခံအင္အားစုကို ဦးေဆာင္မွာ။အဲ့ဒီလို ေႂကြးေၾကာ္သံၿပီးသကာလ ေမာင္ၿဗိတစ္ေယာက္ ပထမဆုံး ကန္ေတာ္ေလးဘက္က ဘုန္းႀကီးေက်ာင္းတစ္ခုမွာ ဒုလႅဘသြားစည္းလိုက္တယ္။

ဘုန္းႀကီးေက်ာင္းဆိုတဲ့အတိုင္း လာေရာက္ခိုကပ္ေနတဲ့ ဒုကၡသည္ သုနေကၡာအုပ္စုက အမ်ားႀကီး။ဘဘုန္းတို႔ ဆြမ္းက်န္၊ ဟင္းက်န္ေတြကို မွီခိုေနတဲ့ ေအာင္နက္၊ ဂုတ္က်ား၊ ၿမီးတို၊ ျဖဴမ၊ ရမ္ဘို၊ ထိပ္ကြက္၊ ေမႊးႀကဲတို႔တေတြနဲ႔ ေမာင္ၿဗိ အဖြဲ႕က်ေနတယ္တဲ့။တခါတခါ ‌ဒီေခြးအုပ္ႀကီးနဲ႔ စကားေတြေျပာလိုက္၊ ႏိုင္ငံေရးတရားေတြေဟာလိုက္ လုပ္ေနေတာ့ ေက်ာင္းကကိုယ္ေတာ္ေတြကေတာင္ ဒုလဘႅဘေမာင္ၿဗိ ကို ကြက္ၾကည့္ကြက္ၾကည့္ျဖစ္လာတယ္။ဒီဒုလဘၻကိုယ္ေတာ္ဟာ မာဂဓစကားပဲ တတ္တာလား၊ ဒါမွမဟုတ္ ႐ူးမ်ားေနလားဆိုၿပီး ေက်ာင္းကႏွင္ထုတ္ခ်င္လာၾကေပရဲ႕။
တကယ္က ေမာင္ၿဗိဟာ မာဂဓစကား တတ္တာမဟုတ္ဘူး။သူက ေအာင္နက္တို႔ဂ႐ုကို လူစကားသင္ေပးေနတာတဲ့ေလ။

အလိုေလး။အတိုက္အခံအင္အားစုကို ေခါင္းေဆာင္မယ္‌ ေႂကြးေၾကာ္ၿပီး ဘုန္းႀကီးေျပး၀တ္တယ္။အခုက် ေက်ာင္းနားက ေခြးေတြကို လူစကားသင္ေပးေနျပန္သတဲ့။ေမာင္ၿဗိတစ္ေကာင္ေတာ့ ဝူဟန္ေၾကာက္လို႔ ေဂါက္သြားရွာၿပီလို႔ လူေတြထင္ကုန္ၾကတယ္။ဘယ္သူေတြ ဘာေျပာေျပာ ခုဆို ေအာင္နက္တို႔အုပ္စုဟာ ဆရာေမာင္ၿဗိ အသင္အျပေကာင္းလို႔ အရင္လို အာဝု အာဝု ဝုတ္ ဝုတ္ကေန လူလို တစ္လုံးစ ႏွစ္လုံးစ ပီလာပါၿပီ။ေဟာ့ သုံးလုံးစ ေလးလုံးစ ပီလာပါၿပီ။

ဒီလိုနဲ႔ ဆရာေတာ္ဆီက လူထြက္ခြင့္ေလွ်ာက္ၿပီး လူထြက္တဲ့ေန႔မွာေတာ့ အတိုက္အခံ ေခါင္းေဆာင္ေလာင္း ၿဗိဟာ ေအာင္နက္တို႔တသိုက္ၿခံရံၿပီး ရပ္ကြက္ထဲ ျပန္၀င္လာပါေတာ့တယ္။

"ငါသည္ကား အတိုက္အခံ အစစ္ဧကန္ ျဖစ္ေခ်ၿပီ..ငါ့တြင္ ေနာက္လိုက္ေနာက္ပါ အတိုက္အခံအင္အားစု ရွိေပၿပီ" ေမာင္ၿဗိဟာ လက္ထဲကအမဲ႐ိုးကိုေျမႇာက္ၿပီး ထိုႏွယ္ေႂကြးေၾကာ္လိုက္ခ်ိန္မွာေတာ့... အတိုက္အခံ ဆရာႀကီးၿဗိရဲ႕ ေနာက္လိုက္ ေအာင္နက္တို႔ အုပ္စုဟာ ဆရာႀကီးၿဗိ သင္ေပးထားတဲ့ ေလးလုံးေသာ လူစကားကို ပီပီသသႀကီး အူလိုက္ပါေတာ့တယ္။

“ဂါ..ဂုံ..ေဂၚ…ေဂး”

ၿဗိတိသွ်ကိုကိုေမာင္
မတ္ - ၂၂