【 သရော်စာ 】 အောင်မြင်မှုကို ဆာလောင်နေသည့် လူငယ်တိုင်း မဖြစ်မနေ ဖတ်ရှုရမည့်..စာစုများ (၁)

【 သရော်စာ 】 အောင်မြင်မှုကို ဆာလောင်နေသည့် လူငယ်တိုင်း မဖြစ်မနေ ဖတ်ရှုရမည့်..စာစုများ (၁)

(အချိန်တိုင်းကို အကျိုးဖြစ်စေသော ဦးအောင်မြင်)

''ဟာ..ကိုအောင်မြင်..ခင်ဗျား..ကိုအောင်မြင်ပါနော်''

ကျွန်တော် တအံတသြမေးတော့ သူကပြုံးပြီးခေါင်းငြိမ့်ပြသည်။

ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ လူကုံတန်များသာ စားသောက်နိုင်သည့် အဆင့်မြင့်ဆိုင်တစ်ဆိုင်၏ရှေ့တွင် ကိုအောင်မြင် ကို တွေ့လိုက်ရသဖြင့် ကျွန်တော် အံသြသွားပါသည်။သူ့နောက်တွင် ရပ်ထားသည့် သိန်းထောင်ချီ တန်ဖိုးရှိမည့် လင်ခရူဆာကားကြီးက တောက်တောက်ပြောင်ပြောင်။

''ခင်ဗျား..ပြောင်းလဲသွားလိုက်တာ..ကိုအောင်မြင် ရာ..ဒါနဲ့ ဘယ်တုန်းက ရန်ကုန်ရောက်နေတာလဲ''

နာမည်နှင့်လိုက်အောင် အောင်မြင်မှုကို  ရူးသွပ်သည့် ကိုအောင်မြင် ပြုံးနေပါသည်။

လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်က ကျွန်တော်သိသော ကိုအောင်မြင် သည် ကျွန်တော်တို့ နယ်မြို့ကလေးတွင် ဂတ်စ်မီးခြစ်များကို ဂတ်စ်လိုက်ထည့်သော လူတစ်ယောက်သာ ဖြစ်သည်။ထိုအချိန်က ကျွန်တော်သည် ဆယ့်ငါးနှစ်သား၊ ဆယ်တန်းတက်နေချိန်။ကျွန်တော့်အဖေ ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်လေးတွင် ရိုးရိုးပေါ့ဆိမ့်တစ်ခွက်၊ ကြယ်နီတစ်လိပ်ဖွာရင်း ကိုအောင်မြင့် လာလာအနားယူတတ်သည်။ကိုအောင်မြင် သည် ရှစ်တန်းအထိသာ ကျောင်းနေဖူးသည်။သို့သော်..သူ့လက်ထဲတွင်တော့ ကမ္ဘာကျော် တက်ကျမ်းရေးဆရာကြီးများ၏ ဘာသာပြန်တက်ကျမ်းစာအုပ်တစ်အုပ် အမြဲလိုလို ပါလာတတ်သည်။

''မှတ်ထား..ညီလေးရ..အောင်မြင်မှုကို ရှာဖွေတဲ့နေရာမှာ..လောဘမကြီးရဘူးလို့ ဒေးကာနက်ဂျီ က ပြောခဲ့တယ်။ကိုယ့်အသက်မွေးဝမ်းကြောင်းကို ဖြေးဖြေးနဲ့ မှန်မှန်လုပ်ရင်း…အခွင့်အရေးရလာချိန်မှ အမိအရနင်းပြီး ရှေ့ကိုတိုးရမယ်ကွ''

မီးခြစ်ဂတ်စ်ဖြည့်သည် ကိရိယာများ၊ ဂတ်စ်ဗူးများကို လွယ်အိတ်ထဲ ထည့်လွယ်ကာ နေပူကြဲတဲထဲ တစ်နေကုန် သွားလာနေရသည့်သူက ထိုသို့ စကားကြီးစကားကျယ်များ ပြောသဖြင့် ကျွန်တော် သူ့ကို လုံးဝအထင်မကြီးခဲ့။ကိုအောင်မြင် တွင် ဝါသနာတစ်ခုလည်း ရှိသေးသည်။ဒါကတော့..သီချင်းနားထောင်ခြင်းပင်။ဆိုင်သို့ လာထိုင်တိုင်း လွှမ်းမိုး ၏ ''တုံးခုလို့မှ  လှမ်းမရရင်..တံချူနဲ့ ခူးပစ်မယ်'' ဆိုသည့် သီချင်းကို အမြဲဖွင့်ခိုင်းတတ်သည်။

''အောင်မြင်ချင်တဲ့ လူတစ်ယောက်မှာ အနုပညာကို ခံစားတတ်တဲ့ နှလုံးသားမျိုးလည်း ပိုင်ဆိုင်ထားရမယ်ကွ..အနုပညာဟာ ရုန်းကန်ရင်း ကြမ်းတမ်းလာတဲ့ စိတ်တွေကို နူးညံံ့စေတယ်..'' ကိုအောင်မြင် ၏ အနုပညာအပေါ် ရှုမြင်ခြင်းကပင်..စီးပွားရေးဖြင့်မလွတ်။သုံးလေးလအကြာတွင် ကိုအောင်မြ င်၏ လွယ်နေကျ လွယ်အိတ်ကြီးက  ပိုဖောင်းလာသည်။

''ညီလေး..ကိုယ်လုပ်ငန်းတိုးချဲ့လိုက်ပြီလေ…ဟိုတစ်နေ့က အိမ်တစ်အိမ်မှာ ဂတ်စ်ဝင်ဖြည့်ပေးရင်း..အဲ့ဒီက ဦးလေးတစ်ယောက်က သူ့သားရေဖိနပ် ပျက်သွားလို့..ချုပ်တဲ့ဆိုင်ကလည်း ပိတ်ထားတော့ ညည်းနေတာတွေ့တယ်..ဒါနဲ့ ကိုယ်လည်း ဈေးထဲက ဖိနပ်ချုပ်တဲ့ ကိုဝင်းကို ဆိုင်ကိုသွား..သူဖိနပ်ချုပ်တာကို နည်းနည်းလေ့လာလိုက်တယ်…ဂတ်စ်ဖြည့်လို့ ရတဲ့အထဲက အမြတ်နည်းနည်းကိုဖယ်ပြီး ဖိနပ်ချုပ်ကိရိယာတွေ ဝယ်လိုက်တယ်ကွာ…ဟုတ်တယ်လေ..ဂတ်စ်ဖြည့်ရင်း..ဖိနပ်လေးပါချုပ်တော့..လမ်းလျှောက်ရတာချင်းအတူတူ ဝင်ငွေရပေါက်တစ်ခု တိုးတာပေါ့''

ကိုအောင်မြင် သည် သူ့စီးပွားရေးကို တဖြည်းဖြည်းချင်း စချဲ့သည်။

''အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ဈေးကွက်ရဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေတတ်ရတယ်လို့..စီအန်အန်ကို ထောင်တဲ့ သူဌေးကြီး တတ်တာနာ က ပြောဖူးတယ်''

''ကိုအောင်မြင် ရယ်..ခင်ဗျားက ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတယ်..အခုလို  နေပူစပ်ခါးထဲ ခြေတိုအောင် လျှောက်နေရတဲ့ ဘဝကနေ ဘာများထပ်ဖြစ်ချင်တာလဲ''

ကျွန်တော်က ခပ်ထေ့ထေ့ပြောလိုက်သည့်အခါ ကိုအောင်မြင့် မျက်နှာက ရုတ်တရက်တင်းမာသွားသည်။

''ဒီမှာ..ငါ့ညီ..နေရိပ်ထဲထိုင်..သီချင်းသံလေးနဲ့ အလုပ်လုပ်ရတဲ့..မင်းအဖေလိုမျိုး ဘဝကို ငါလည်း မကြာခင်ကူးပြောင်းမှာပါကွ….အေး..အဲ့ဒီဘဝကိုလည်း ငါကြာကြာမနေဘူး..အောင်မြင် ဟာ ဘာမှလုပ်စရာမလိုပဲ ငွေတွေဝင်နေတာမျိုးအထိ ရောက်အောင်သွားမယ်…ဆယ်နှစ်အတွင်း အဲ့ဒီလိုမဖြစ်ရင်…ဟော့ဒီမှာ အဆိပ်ပုလင်းတွေ့လား..လည်ပင်းမှာ အမြဲဆွဲထားတယ်…ငါ့ကိုယ်ငါ  သတ်သေမယ်ကွ'' ကိုအောင်မြင် သည် ဆရာကြီးမင်းသိင်္ခ ၏ ပုဏ္ဍားဘကွန်းစာအုပ်ကို ဘုတ်ခနဲပစ်ချ…သူ့လက်ထဲမှ ပုလင်းလေးကို ကျွန်တော့်ကို ထိုးပြသည်။အဆိပ်ပုလင်းတဲ့။

အဲ့ဒီနောက်တော့ ကိုအောင်မြင် အလုပ်တစ်ခု ထပ်တိုးမံတိုးချဲ့ပြန်ပါသည်။မိုးတွင်းကာလ နီးသဖြင့် ထီးပြင်သည့် လုပ်ငန်းကိုပါ သူ့ လမ်းလျှောက်ဝန်ဆောင်မှုထဲ ထည့်သွင်းလိုက်၏။

ကျွန်တော် ဒုတိယနှစ်တက်သည့်အခါ အဖေ့၏ လက်ဖက်ရည်ဆိုင်လေးလည်း ပိတ်လိုက်ရပါသည်။ကျွန်တော်လည်း ကိုအောင်မြင်ကို  မေ့မေ့ပျောက်ပျောက်။တစ်ရက်..။လမ်းထိပ်က ကွမ်းယာဆိုင်တွင် ကျွန်တော်ထိုင်နေစဉ်…လွှမ်းမိုး ၏ ''တုံးခုလို့မှ လှမ်းမရရင်..တံချူနဲ့ ခူးပစ်မယ်..မှတ်ထားကွယ်..ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ်'' ဆိုသည့် သီချင်းသံနှင့်အတူ ရေခဲမုန့်ရောင်းသည့် သုံးဘီးစက်ဘီးလှည်းတစ်ခု ကျွန်တော့်ရှေ့ လာထိုးရပ်သည်။

''ဟေ့..ညီလေး..မင်း ငါ့ကို မှတ်မိလား''

ကိုအောင်မြင်။ရေခဲမုန့်သည် ဖြစ်လာပြန်ပြီ။

''လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအဖေရဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းကို ငါဘာပြောခဲ့လဲ…ငါလည်းတစ်နေ့ အရိပ်ထဲမှာထိုင်ပြီး သီချင်းလေးဖွင့် အလုပ်လုပ်နိုင်ရမယ်ဆိုတာ…ဟင်း..ဟင်း…အခု…ငါ အဲ့ဒီအခြေအနေ ရောက်နေပြီကွ..''

ရပ်ကွက်တကာ ခြေတိုအောင်လျှောက်ပြီး ဂတ်စ်ထည့်၊ ဖိနပ်ချုပ်၊  ထီးပြင် ကိုအောင်မြင် မှ စက်ဘီးဖြင့် ရေခဲမုန့်လိုက်ရောင်းသည့် ကိုအောင်မြင် ဖြစ်လာပြီ။သူ့လှည်းကလေးမှာ အမိုးကလည်းပါတော့ အရိပ်ထဲမှာဖြစ်သည်။ဂျပန်ကက်ဆက် အနီလေးကို ဆောင်းဘောက်စ်ဖြင့်  ဂျွိုင်းကာ သီချင်းကလေးကလည်း ဖွင့်ထားသေး၏။

''ဒီမှာ ညီလေး..အောင်မြင်ချင်တဲ့ လူတစ်ယောက်ဟာ အပြောကြီးရတယ်ကွ။အေး အပြောနောက်ကနေ အလုပ်လဲ လိုက်ရတယ်။ကိုယ်သွားမယ့် ပန်းတိုင်ကို သတ်မှတ်ထားမှ လမ်းဆိုတာ ဖောက်လို့ရတာ..အောင်မြင် ဟာ အောင်မြင်ရမယ်ကွ..ဟားဟားဟား..သွားပြီ..ညီလေးရေ''

ထိုနောက်ပိုင်းတော့ ကျွန်တော်လည်း ရန်ကုန်မြေကို ခြေဆန့်သည်။မြို့ကလေးက ရေခဲမုန့်သည် အောင်မြင်ရေးသမားကြီး ကိုအောင်မြင် ကိုလည်း ကျွန်တော်မေ့သွား၏။

အခုတော့..ဆယ်စုနှစ်တစ်စုကိုကျော်မှ ကိုအောင်မြင် ကို မထင်မှတ်သည့် နေရာတွင် လာတွေ့နေသည်။သူ့အခြေအနေက ကျွန်တော့်ကို အံသြစေသည်။

''ကိုအောင်မြင်..ခင်ဗျား..ဒီလိုဘဝမျိုး ဘယ်လိုရောက်လာတာလဲဗျာ''

ကိုအောင်မြင် က ပြုံးပါသည်။လူကသာ အများကြီးပြောင်းလဲသွားသော်လည်း သူ့အပြုံးသည် လွန်ခဲ့သောနှစ်များကလိုပဲ ပြောင်းလဲမှုမရှိ။

''ဒီလို..ညီလေးရ….ညီလေးနဲ့ ကိုယ် နောက်ဆုံးတွေ့ပြီး…ကိုယ် အဲ့ဒီတွန်းလှည်းစက်ဘီးလေးနဲ့ ရေခဲချောင်းရောင်းတဲ့ အလုပ်အပြင်..ညပိုင်း..မုန့်ဖက်ထုပ်ရောင်းတဲ့ အလုပ်ပါ တိုးချဲ့လုပ်တယ်''

''တီ..တီ..တီ''

ကိုအောင်မြင် စကားမဆုံးခင်..သူ့နောက်မှ သိန်းထောင်ကျော်တန် လင်ခရူဆာကားကြီးက ဟွန်းတီးသည်။ကိုအောင်မြင် က ဖင်ကိုတရွတ်ဆွဲပြီး ဘေးနားရွေ့သည်။သူ့ရှေ့မှ အပြာရောင် ပလပ်စတစ်ခွက်ကလေးကိုပါ နေရာလိုက်ရွှေ့သည်။

''အေးကွာ..တောင်ငူလမ်းဘက် သွားရောင်းတုန်း..နောက်က ကားတစ်စီးက ဝင်ကြုံးတာပဲဟေ့…ကားကိုလည်းမမိလိုက်ဘူး..ငါလည်း ခြေထောက်တစ်ဖက် အကြောဆိုင်းသွားတယ်..နောက်ဆုံးတော့..ဒီလိုဖြစ်လာတာပါပဲကွာ''

''ဖြစ်ရလေ..ကိုအောင်မြင် ရာ'' ထိုစဉ် လင်ခရူဆာကားပေါ်မှ လက်လှလှလေးတစ်ဖက် ထွက်လာပြီး ကိုအောင်မြင့် ထံ တစ်ထောင်တန်တစ်ရွက် ပစ်ချပေးသွားသည်။ကိုအောင်မြင် က တစ်ထောင်တန်ကို ကောက်လိုက်ပြီး ကျွန်တော့်ကို ထပ်ပြုံးပြသည်။

''ဟေ့ကောင်…ညီလေး.မင်းက ငါ့ သနားနေတာလားကွ..''

ကျွန်တော် သူ့ကို စိတ်မကောင်းစွာဖြင့် ကြည့်နေမိသည်။

ကိုအောင်မြင် က သူ့ ခါးပုံစထဲမှ ငါးထောင်တန်၊ တစ်ထောင်တန် အထပ်လိုက်ကို ထုတ်လိုက်သည်။

''မသနားနဲ့..ငါ့ကောင်..ဒီအလုပ်က တစ်ရက်တစ်ရက် သုံးလေးသောင်းခိုင်တယ်ကွ..''

''ဒါပေမယ့်ဗျာ..ခင်ဗျား ခြေထောက်ကြီးတစ်ဖက်..ရင်းလိုက်ရတာ..ပြီးတော့..ခင်ဗျားက သိပ်အောင်မြင်ချင်တာလေဗျာ''

''ဟာ..ဒီကောင်လေးနှယ့်..မင်းကို  ငါမပြောခဲ့ဘူးလား..နောက်ဆယ်နှစ်အတွင်း ဘာမှမလုပ်ရပဲ ပိုက်ဆံတွေ ဝင်နေတဲ့ လူတစ်ယောက်ဖြစ်ရမယ်ဆိုတာ..အခုဖြစ်နေပြီလေ…ပဲခူးမှာ ငါခြံနှစ်ခြံဝယ်ထားတယ်…ရန်ကုန်မှာလည်း ဒလဘက်မှာ လုံးချင်းအိမ်တစ်လုံး ငှားနေတယ်ကွ…မိန်းမလည်း နှစ်ယောက်ရှိတယ်ကွာ...မယားကြီး ခင်လှ က သားနှစ်ကောင်နဲ့ ပန်းဆိုးတန်း ရူဘီမတ်ရှေ့မှာ တောင်းတယ်..တလောကမှ ယူထားတဲ့ မယားငယ်မလေး အေးအေးသန်း က အိမ်မှာ ထမင်း၊ ဟင်းချက်...ဘုရားပွဲတွေ ဘာတွေရှိရင်တော့...သူ့လည်း လုပ်ငန်းတိုးချဲ့တဲ့အထဲ ခေါ်ရတာပေါ့..ကဲ..ငါအခု ငါ့မိသားစုကိုပါ စီမံခန့်ခွဲနိုင်ပြီ.....အဲ့ဒါ အောင်မြင်တာလို့ ခေါ်တယ်ကွ''

စားသောက်ဆိုင်ရှေ့ တောင်းစားနေသည့် ကိုအောင်မြင် က လက်ရှိ စာရေးဆရာ၊ အယ်ဒီတာ လုပ်နေသည့် ကျွန်တော့်အခြေအနေထက် အများကြီးပိုကောင်းနေသည်။

''ဒါနဲ့..ညီလေး..ကိုယ့်အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို သိချင်လား...လာ..ဒီနားလာ..ပြောပြမယ်''

ကျွန်တော် သူ့နားတိုးသွားလိုက်သည်။ကိုအောင်မြင် က ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြုံးပြီး တစ်လုံးချင်းပြောပြလေသည်။

''ငါ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က…ငါ့ခြေထောက်ပြန်ကောင်းတာ သုံးနှစ်ကျော်ပြီကွ…ဒါပေမယ့် တောင်းရချောင်အောင်လို့ တမင်ပတ်တီးတွေစည်းပြီး  ဒရွတ်ဆွဲနေတာ…ငါ့လုပ်ငန်းက အချိန်တိုင်းအကျိုးဖြစ်နေမှကွ…အကျိုးမဖြစ်ရင်..ငါလည်း လိုက်တောင်းလို့ရမှာ မဟုတ်ဘူး…ဒီတော့ မကျိုးတော့လည်း..ကျိုးသလို ဟန်ဆောင်ရတာပေါ့….ဒါ ငါ့အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပေါ့ကွာ.ဟဲ..ဟဲ..မင်းအချိန်ရရင် ခဏစောင့်ပါလား..ပြီးရင် ဘီယာလိုက်တိုက်မယ်လေ။''

ကျွန်တော့်မှာ သူခေါ်သည်ကိုပင် မလိုက်နိုင်တော့။မဂ္ဂဇင်းတိုက်တွင် ဖောင်ပိတ်ရမည်ဖြစ်သဖြင့် အောင်မြင်နေသူကြီးကို နှုတ်ဆက်ကာ  ဘတ်စ်ကားမှတ်တိုင်သို့ အသည်းအသန် ပြေးသွားရပါတော့သည်။

ဗြိတိသျှကိုကိုမောင်
မတ် - ၃

( Zawgyi )

(အခ်ိန္တိုင္းကို အက်ိဳးျဖစ္ေစေသာ ဦးေအာင္ျမင္)

''ဟာ..ကိုေအာင္ျမင္..ခင္ဗ်ား..ကိုေအာင္ျမင္ပါေနာ္''

ကြၽန္ေတာ္ တအံတၾသေမးေတာ့ သူကၿပဳံးၿပီးေခါင္းၿငိမ့္ျပသည္။

ရန္ကုန္ၿမိဳ႕ ၊ တကၠသိုလ္ရိပ္သာလမ္းရွိ လူကုံတန္မ်ားသာ စားေသာက္ႏိုင္သည့္ အဆင့္ျမင့္ဆိုင္တစ္ဆိုင္၏ေရွ႕တြင္ ကိုေအာင္ျမင္ ကို ေတြ႕လိုက္ရသျဖင့္ ကြၽန္ေတာ္ အံၾသသြားပါသည္။သူ႔ေနာက္တြင္ ရပ္ထားသည့္ သိန္းေထာင္ခ်ီ တန္ဖိုးရွိမည့္ လင္ခ႐ူဆာကားႀကီးက ေတာက္ေတာက္ေျပာင္ေျပာင္။

''ခင္ဗ်ား..ေျပာင္းလဲသြားလိုက္တာ..ကိုေအာင္ျမင္ ရာ..ဒါနဲ႔ ဘယ္တုန္းက ရန္ကုန္ေရာက္ေနတာလဲ''

နာမည္ႏွင့္လိုက္ေအာင္ ေအာင္ျမင္မႈကို  ႐ူးသြပ္သည့္ ကိုေအာင္ျမင္ ၿပဳံးေနပါသည္။

လြန္ခဲ့ေသာ ဆယ့္ေျခာက္ႏွစ္ေက်ာ္က ကြၽန္ေတာ္သိေသာ ကိုေအာင္ျမင္ သည္ ကြၽန္ေတာ္တို႔ နယ္ၿမိဳ႕ကေလးတြင္ ဂတ္စ္မီးျခစ္မ်ားကို ဂတ္စ္လိုက္ထည့္ေသာ လူတစ္ေယာက္သာ ျဖစ္သည္။ထိုအခ်ိန္က ကြၽန္ေတာ္သည္ ဆယ့္ငါးႏွစ္သား၊ ဆယ္တန္းတက္ေနခ်ိန္။ကြၽန္ေတာ့္အေဖ ဖြင့္ထားသည့္ လက္ဖက္ရည္ဆိုင္ေလးတြင္ ႐ိုး႐ိုးေပါ့ဆိမ့္တစ္ခြက္၊ ၾကယ္နီတစ္လိပ္ဖြာရင္း ကိုေအာင္ျမင့္ လာလာအနားယူတတ္သည္။ကိုေအာင္ျမင္ သည္ ရွစ္တန္းအထိသာ ေက်ာင္းေနဖူးသည္။သို႔ေသာ္..သူ႔လက္ထဲတြင္ေတာ့ ကမာၻေက်ာ္ တက္က်မ္းေရးဆရာႀကီးမ်ား၏ ဘာသာျပန္တက္က်မ္းစာအုပ္တစ္အုပ္ အၿမဲလိုလို ပါလာတတ္သည္။

''မွတ္ထား..ညီေလးရ..ေအာင္ျမင္မႈကို ရွာေဖြတဲ့ေနရာမွာ..ေလာဘမႀကီးရဘူးလို႔ ေဒးကာနက္ဂ်ီ က ေျပာခဲ့တယ္။ကိုယ့္အသက္ေမြးဝမ္းေၾကာင္းကို ေျဖးေျဖးနဲ႔ မွန္မွန္လုပ္ရင္း…အခြင့္အေရးရလာခ်ိန္မွ အမိအရနင္းၿပီး ေရွ႕ကိုတိုးရမယ္ကြ''

မီးျခစ္ဂတ္စ္ျဖည့္သည္ ကိရိယာမ်ား၊ ဂတ္စ္ဗူးမ်ားကို လြယ္အိတ္ထဲ ထည့္လြယ္ကာ ေနပူႀကဲတဲထဲ တစ္ေနကုန္ သြားလာေနရသည့္သူက ထိုသို႔ စကားႀကီးစကားက်ယ္မ်ား ေျပာသျဖင့္ ကြၽန္ေတာ္ သူ႔ကို လုံးဝအထင္မႀကီးခဲ့။ကိုေအာင္ျမင္ တြင္ ဝါသနာတစ္ခုလည္း ရွိေသးသည္။ဒါကေတာ့..သီခ်င္းနားေထာင္ျခင္းပင္။ဆိုင္သို႔ လာထိုင္တိုင္း လႊမ္းမိုး ၏ ''တုံးခုလို႔မွ  လွမ္းမရရင္..တံခ်ဴနဲ႔ ခူးပစ္မယ္'' ဆိုသည့္ သီခ်င္းကို အၿမဲဖြင့္ခိုင္းတတ္သည္။

''ေအာင္ျမင္ခ်င္တဲ့ လူတစ္ေယာက္မွာ အႏုပညာကို ခံစားတတ္တဲ့ ႏွလုံးသားမ်ိဳးလည္း ပိုင္ဆိုင္ထားရမယ္ကြ..အႏုပညာဟာ ႐ုန္းကန္ရင္း ၾကမ္းတမ္းလာတဲ့ စိတ္ေတြကို ႏူးညံံ့ေစတယ္..'' ကိုေအာင္ျမင္ ၏ အႏုပညာအေပၚ ရႈျမင္ျခင္းကပင္..စီးပြားေရးျဖင့္မလြတ္။သုံးေလးလအၾကာတြင္ ကိုေအာင္ျမ င္၏ လြယ္ေနက် လြယ္အိတ္ႀကီးက  ပိုေဖာင္းလာသည္။

''ညီေလး..ကိုယ္လုပ္ငန္းတိုးခ်ဲ႕လိုက္ၿပီေလ…ဟိုတစ္ေန႔က အိမ္တစ္အိမ္မွာ ဂတ္စ္ဝင္ျဖည့္ေပးရင္း..အဲ့ဒီက ဦးေလးတစ္ေယာက္က သူ႔သားေရဖိနပ္ ပ်က္သြားလို႔..ခ်ဳပ္တဲ့ဆိုင္ကလည္း ပိတ္ထားေတာ့ ညည္းေနတာေတြ႕တယ္..ဒါနဲ႔ ကိုယ္လည္း ေဈးထဲက ဖိနပ္ခ်ဳပ္တဲ့ ကိုဝင္းကို ဆိုင္ကိုသြား..သူဖိနပ္ခ်ဳပ္တာကို နည္းနည္းေလ့လာလိုက္တယ္…ဂတ္စ္ျဖည့္လို႔ ရတဲ့အထဲက အျမတ္နည္းနည္းကိုဖယ္ၿပီး ဖိနပ္ခ်ဳပ္ကိရိယာေတြ ဝယ္လိုက္တယ္ကြာ…ဟုတ္တယ္ေလ..ဂတ္စ္ျဖည့္ရင္း..ဖိနပ္ေလးပါခ်ဳပ္ေတာ့..လမ္းေလွ်ာက္ရတာခ်င္းအတူတူ ဝင္ေငြရေပါက္တစ္ခု တိုးတာေပါ့''

ကိုေအာင္ျမင္ သည္ သူ႔စီးပြားေရးကို တျဖည္းျဖည္းခ်င္း စခ်ဲ႕သည္။

''ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္ခ်င္ရင္ ေဈးကြက္ရဲ႕ လိုအပ္ခ်က္ေတြကို အၿမဲနားစြင့္ေနတတ္ရတယ္လို႔..စီအန္အန္ကို ေထာင္တဲ့ သူေဌးႀကီး တတ္တာနာ က ေျပာဖူးတယ္''

''ကိုေအာင္ျမင္ ရယ္..ခင္ဗ်ားက ႀကီးႀကီးက်ယ္က်ယ္ေတြ ေလွ်ာက္ေျပာေနတယ္..အခုလို  ေနပူစပ္ခါးထဲ ေျခတိုေအာင္ ေလွ်ာက္ေနရတဲ့ ဘဝကေန ဘာမ်ားထပ္ျဖစ္ခ်င္တာလဲ''

ကြၽန္ေတာ္က ခပ္ေထ့ေထ့ေျပာလိုက္သည့္အခါ ကိုေအာင္ျမင့္ မ်က္ႏွာက ႐ုတ္တရက္တင္းမာသြားသည္။

''ဒီမွာ..ငါ့ညီ..ေနရိပ္ထဲထိုင္..သီခ်င္းသံေလးနဲ႔ အလုပ္လုပ္ရတဲ့..မင္းအေဖလိုမ်ိဳး ဘဝကို ငါလည္း မၾကာခင္ကူးေျပာင္းမွာပါကြ….ေအး..အဲ့ဒီဘဝကိုလည္း ငါၾကာၾကာမေနဘူး..ေအာင္ျမင္ ဟာ ဘာမွလုပ္စရာမလိုပဲ ေငြေတြဝင္ေနတာမ်ိဳးအထိ ေရာက္ေအာင္သြားမယ္…ဆယ္ႏွစ္အတြင္း အဲ့ဒီလိုမျဖစ္ရင္…ေဟာ့ဒီမွာ အဆိပ္ပုလင္းေတြ႕လား..လည္ပင္းမွာ အၿမဲဆြဲထားတယ္…ငါ့ကိုယ္ငါ  သတ္ေသမယ္ကြ'' ကိုေအာင္ျမင္ သည္ ဆရာႀကီးမင္းသိခၤ ၏ ပု႑ားဘကြန္းစာအုပ္ကို ဘုတ္ခနဲပစ္ခ်…သူ႔လက္ထဲမွ ပုလင္းေလးကို ကြၽန္ေတာ့္ကို ထိုးျပသည္။အဆိပ္ပုလင္းတဲ့။

အဲ့ဒီေနာက္ေတာ့ ကိုေအာင္ျမင္ အလုပ္တစ္ခု ထပ္တိုးမံတိုးခ်ဲ႕ျပန္ပါသည္။မိုးတြင္းကာလ နီးသျဖင့္ ထီးျပင္သည့္ လုပ္ငန္းကိုပါ သူ႔ လမ္းေလွ်ာက္ဝန္ေဆာင္မႈထဲ ထည့္သြင္းလိုက္၏။

ကြၽန္ေတာ္ ဒုတိယႏွစ္တက္သည့္အခါ အေဖ့၏ လက္ဖက္ရည္ဆိုင္ေလးလည္း ပိတ္လိုက္ရပါသည္။ကြၽန္ေတာ္လည္း ကိုေအာင္ျမင္ကို  ေမ့ေမ့ေပ်ာက္ေပ်ာက္။တစ္ရက္..။လမ္းထိပ္က ကြမ္းယာဆိုင္တြင္ ကြၽန္ေတာ္ထိုင္ေနစဥ္…လႊမ္းမိုး ၏ ''တုံးခုလို႔မွ လွမ္းမရရင္..တံခ်ဴနဲ႔ ခူးပစ္မယ္..မွတ္ထားကြယ္..ငါဟာ ေယာက္်ားတစ္ေယာက္ျဖစ္တယ္'' ဆိုသည့္ သီခ်င္းသံႏွင့္အတူ ေရခဲမုန႔္ေရာင္းသည့္ သုံးဘီးစက္ဘီးလွည္းတစ္ခု ကြၽန္ေတာ့္ေရွ႕ လာထိုးရပ္သည္။

''ေဟ့..ညီေလး..မင္း ငါ့ကို မွတ္မိလား''

ကိုေအာင္ျမင္။ေရခဲမုန႔္သည္ ျဖစ္လာျပန္ၿပီ။

''လြန္ခဲ့တဲ့ ႏွစ္ႏွစ္က မင္းအေဖရဲ႕ လက္ဖက္ရည္ဆိုင္မွာ မင္းကို ငါဘာေျပာခဲ့လဲ…ငါလည္းတစ္ေန႔ အရိပ္ထဲမွာထိုင္ၿပီး သီခ်င္းေလးဖြင့္ အလုပ္လုပ္ႏိုင္ရမယ္ဆိုတာ…ဟင္း..ဟင္း…အခု…ငါ အဲ့ဒီအေျခအေန ေရာက္ေနၿပီကြ..''

ရပ္ကြက္တကာ ေျခတိုေအာင္ေလွ်ာက္ၿပီး ဂတ္စ္ထည့္၊ ဖိနပ္ခ်ဳပ္၊  ထီးျပင္ ကိုေအာင္ျမင္ မွ စက္ဘီးျဖင့္ ေရခဲမုန႔္လိုက္ေရာင္းသည့္ ကိုေအာင္ျမင္ ျဖစ္လာၿပီ။သူ႔လွည္းကေလးမွာ အမိုးကလည္းပါေတာ့ အရိပ္ထဲမွာျဖစ္သည္။ဂ်ပန္ကက္ဆက္ အနီေလးကို ေဆာင္းေဘာက္စ္ျဖင့္  ဂြၽိဳင္းကာ သီခ်င္းကေလးကလည္း ဖြင့္ထားေသး၏။

''ဒီမွာ ညီေလး..ေအာင္ျမင္ခ်င္တဲ့ လူတစ္ေယာက္ဟာ အေျပာႀကီးရတယ္ကြ။ေအး အေျပာေနာက္ကေန အလုပ္လဲ လိုက္ရတယ္။ကိုယ္သြားမယ့္ ပန္းတိုင္ကို သတ္မွတ္ထားမွ လမ္းဆိုတာ ေဖာက္လို႔ရတာ..ေအာင္ျမင္ ဟာ ေအာင္ျမင္ရမယ္ကြ..ဟားဟားဟား..သြားၿပီ..ညီေလးေရ''

ထိုေနာက္ပိုင္းေတာ့ ကြၽန္ေတာ္လည္း ရန္ကုန္ေျမကို ေျခဆန႔္သည္။ၿမိဳ႕ကေလးက ေရခဲမုန႔္သည္ ေအာင္ျမင္ေရးသမားႀကီး ကိုေအာင္ျမင္ ကိုလည္း ကြၽန္ေတာ္ေမ့သြား၏။

အခုေတာ့..ဆယ္စုႏွစ္တစ္စုကိုေက်ာ္မွ ကိုေအာင္ျမင္ ကို မထင္မွတ္သည့္ ေနရာတြင္ လာေတြ႕ေနသည္။သူ႔အေျခအေနက ကြၽန္ေတာ့္ကို အံၾသေစသည္။

''ကိုေအာင္ျမင္..ခင္ဗ်ား..ဒီလိုဘဝမ်ိဳး ဘယ္လိုေရာက္လာတာလဲဗ်ာ''

ကိုေအာင္ျမင္ က ၿပဳံးပါသည္။လူကသာ အမ်ားႀကီးေျပာင္းလဲသြားေသာ္လည္း သူ႔အၿပဳံးသည္ လြန္ခဲ့ေသာႏွစ္မ်ားကလိုပဲ ေျပာင္းလဲမႈမရွိ။

''ဒီလို..ညီေလးရ….ညီေလးနဲ႔ ကိုယ္ ေနာက္ဆုံးေတြ႕ၿပီး…ကိုယ္ အဲ့ဒီတြန္းလွည္းစက္ဘီးေလးနဲ႔ ေရခဲေခ်ာင္းေရာင္းတဲ့ အလုပ္အျပင္..ညပိုင္း..မုန႔္ဖက္ထုပ္ေရာင္းတဲ့ အလုပ္ပါ တိုးခ်ဲ႕လုပ္တယ္''

''တီ..တီ..တီ''

ကိုေအာင္ျမင္ စကားမဆုံးခင္..သူ႔ေနာက္မွ သိန္းေထာင္ေက်ာ္တန္ လင္ခ႐ူဆာကားႀကီးက ဟြန္းတီးသည္။ကိုေအာင္ျမင္ က ဖင္ကိုတ႐ြတ္ဆြဲၿပီး ေဘးနားေ႐ြ႕သည္။သူ႔ေရွ႕မွ အျပာေရာင္ ပလပ္စတစ္ခြက္ကေလးကိုပါ ေနရာလိုက္ေ႐ႊ႕သည္။

''ေအးကြာ..ေတာင္ငူလမ္းဘက္ သြားေရာင္းတုန္း..ေနာက္က ကားတစ္စီးက ဝင္ႀကဳံးတာပဲေဟ့…ကားကိုလည္းမမိလိုက္ဘူး..ငါလည္း ေျခေထာက္တစ္ဖက္ အေၾကာဆိုင္းသြားတယ္..ေနာက္ဆုံးေတာ့..ဒီလိုျဖစ္လာတာပါပဲကြာ''

''ျဖစ္ရေလ..ကိုေအာင္ျမင္ ရာ'' ထိုစဥ္ လင္ခ႐ူဆာကားေပၚမွ လက္လွလွေလးတစ္ဖက္ ထြက္လာၿပီး ကိုေအာင္ျမင့္ ထံ တစ္ေထာင္တန္တစ္႐ြက္ ပစ္ခ်ေပးသြားသည္။ကိုေအာင္ျမင္ က တစ္ေထာင္တန္ကို ေကာက္လိုက္ၿပီး ကြၽန္ေတာ့္ကို ထပ္ၿပဳံးျပသည္။

''ေဟ့ေကာင္…ညီေလး.မင္းက ငါ့ သနားေနတာလားကြ..''

ကြၽန္ေတာ္ သူ႔ကို စိတ္မေကာင္းစြာျဖင့္ ၾကည့္ေနမိသည္။

ကိုေအာင္ျမင္ က သူ႔ ခါးပုံစထဲမွ ငါးေထာင္တန္၊ တစ္ေထာင္တန္ အထပ္လိုက္ကို ထုတ္လိုက္သည္။

''မသနားနဲ႔..ငါ့ေကာင္..ဒီအလုပ္က တစ္ရက္တစ္ရက္ သုံးေလးေသာင္းခိုင္တယ္ကြ..''

''ဒါေပမယ့္ဗ်ာ..ခင္ဗ်ား ေျခေထာက္ႀကီးတစ္ဖက္..ရင္းလိုက္ရတာ..ၿပီးေတာ့..ခင္ဗ်ားက သိပ္ေအာင္ျမင္ခ်င္တာေလဗ်ာ''

''ဟာ..ဒီေကာင္ေလးႏွယ့္..မင္းကို  ငါမေျပာခဲ့ဘူးလား..ေနာက္ဆယ္ႏွစ္အတြင္း ဘာမွမလုပ္ရပဲ ပိုက္ဆံေတြ ဝင္ေနတဲ့ လူတစ္ေယာက္ျဖစ္ရမယ္ဆိုတာ..အခုျဖစ္ေနၿပီေလ…ပဲခူးမွာ ငါၿခံႏွစ္ၿခံဝယ္ထားတယ္…ရန္ကုန္မွာလည္း ဒလဘက္မွာ လုံးခ်င္းအိမ္တစ္လုံး ငွားေနတယ္ကြ…မိန္းမလည္း ႏွစ္ေယာက္ရွိတယ္ကြာ...မယားႀကီး ခင္လွ က သားႏွစ္ေကာင္နဲ႔ ပန္းဆိုးတန္း ႐ူဘီမတ္ေရွ႕မွာ ေတာင္းတယ္..တေလာကမွ ယူထားတဲ့ မယားငယ္မေလး ေအးေအးသန္း က အိမ္မွာ ထမင္း၊ ဟင္းခ်က္...ဘုရားပြဲေတြ ဘာေတြရွိရင္ေတာ့...သူ႔လည္း လုပ္ငန္းတိုးခ်ဲ႕တဲ့အထဲ ေခၚရတာေပါ့..ကဲ..ငါအခု ငါ့မိသားစုကိုပါ စီမံခန႔္ခြဲႏိုင္ၿပီ.....အဲ့ဒါ ေအာင္ျမင္တာလို႔ ေခၚတယ္ကြ''

စားေသာက္ဆိုင္ေရွ႕ ေတာင္းစားေနသည့္ ကိုေအာင္ျမင္ က လက္ရွိ စာေရးဆရာ၊ အယ္ဒီတာ လုပ္ေနသည့္ ကြၽန္ေတာ့္အေျခအေနထက္ အမ်ားႀကီးပိုေကာင္းေနသည္။

''ဒါနဲ႔..ညီေလး..ကိုယ့္ေအာင္ျမင္မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သိခ်င္လား...လာ..ဒီနားလာ..ေျပာျပမယ္''

ကြၽန္ေတာ္ သူ႔နားတိုးသြားလိုက္သည္။ကိုေအာင္ျမင္ က ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ၿပဳံးၿပီး တစ္လုံးခ်င္းေျပာျပေလသည္။

''ငါ့ ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္က…ငါ့ေျခေထာက္ျပန္ေကာင္းတာ သုံးႏွစ္ေက်ာ္ၿပီကြ…ဒါေပမယ့္ ေတာင္းရေခ်ာင္ေအာင္လို႔ တမင္ပတ္တီးေတြစည္းၿပီး  ဒ႐ြတ္ဆြဲေနတာ…ငါ့လုပ္ငန္းက အခ်ိန္တိုင္းအက်ိဳးျဖစ္ေနမွကြ…အက်ိဳးမျဖစ္ရင္..ငါလည္း လိုက္ေတာင္းလို႔ရမွာ မဟုတ္ဘူး…ဒီေတာ့ မက်ိဳးေတာ့လည္း..က်ိဳးသလို ဟန္ေဆာင္ရတာေပါ့….ဒါ ငါ့ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေပါ့ကြာ.ဟဲ..ဟဲ..မင္းအခ်ိန္ရရင္ ခဏေစာင့္ပါလား..ၿပီးရင္ ဘီယာလိုက္တိုက္မယ္ေလ။''

ကြၽန္ေတာ့္မွာ သူေခၚသည္ကိုပင္ မလိုက္ႏိုင္ေတာ့။မဂၢဇင္းတိုက္တြင္ ေဖာင္ပိတ္ရမည္ျဖစ္သျဖင့္ ေအာင္ျမင္ေနသူႀကီးကို ႏႈတ္ဆက္ကာ  ဘတ္စ္ကားမွတ္တိုင္သို႔ အသည္းအသန္ ေျပးသြားရပါေတာ့သည္။

ၿဗိတိသွ်ကိုကိုေမာင္
မတ္ - ၃