【 သရော်စာ 】 အော်လံခေတ်

【 သရော်စာ 】 အော်လံခေတ်

"ဟင်းရွက်စုံပါတယ်....ဟင်းရွက်စုံ"

"ကြက်သားတစ်ပိဿာ သုံးထောင်ပါ"

"ငါးကြင်းပါတယ်..ငါးမြစ်ချင်းပါတယ်..ဆလားဗီးယားပါတယ်"
"ထောပတ်သီး၊ ပန်းသီး၊ ယိုးဒယားစပျစ်သီးတွေ"
 
ကျွန်တော်ဈေးထဲ ရောက်နေခြင်းမဟုတ်ပါ။အိပ်ယာထဲတွင် အိပ်ရင်း ကြားနေရသည့် အသံများ။
 
ကိုဗစ်တည်းဟူသော ထိုရောဂါသည် ရန်ကုန်တခွင်ကို အော်လံသံ ညံစေခဲ့ပြီ။အရင်ကဆို လော်စပီကာသံ ကျွတ်ကျွတ်ညံသည့် လော်ရာသီရောက်ပြီဆို ‌ကျွန်တော်တို့၏ နားတွေမှာ အင်မတန်သနားစရာကောင်းလှသည်။
 
လော်ရာသီကို ကြောက်ခဲ့ဖူးသည်။လော်သံကို စိတ်ညစ်ခဲ့ဖူးသည်။လော်စပီကာဖို့ဘီးယားဖြစ်ခဲ့ဖူးသည်။
 
အော်လံသည်ကား လော်စပီကာမျိုးစိတ်ကို မော်ဒဖိုင်းလုပ်ထားသည့် မီနီလော်စပီကာလေးများပင်။သူ့အသံက လော်လို သတ္တုသံအက်ကွဲကြီး ဟိန်းမထွက်သော်လည်း သေးသေးလေးနှင့် ကျယ်သည်။
 
"ပုဇွန်တွေ၊ ငါးသလောက်တွေ နော်" ဟု ဈေးထဲမှ သူဌေးစာရောင်းသော ငါးသည်မိန်းမဝဝကြီး၏ ယုံကြည်မှုအပြည့်နှင့်အော်သည့် ဝမ်းခေါင်းသံ နှင့် သူ့ဘေးမှ "ကတတ်ချဉ်၊ ဟင်းကလာချဉ် တစ်စီးတစ်ရာ" ဟူသော ချဉ်ဖတ်သည်၏ စူးရှရှညောင်နာနာအသံလို ကွာသော်လည်း နားဝတွင်
ဒစ္စကိုကပြီး ဝင်သွားသည်ခြင်းကတော့ အတူတူပင်။
 
သို့သော်ငြား ထိုအော်လံများကို ကျွန်တော်တို့ မကြောက်အား၊ စိတ်မညစ်နိုင်အား။ကျွန်တော်တို့ကား ထိုအော်လံများကို ကျေးဇူးပင်တင်ရသေးသည်။ဈေးတွေပိတ်၊ ဆိုင်တွေပိတ်ကာလမှာ သူတို့အော်လံသံကို နားစွင့်ပြီး ကိုယ်လိုတာလေး ဆင်းဝယ်ရသည်မဟုတ်လား။
 
အခုမှ အင်နာဖရန့်တို့ကို ကျွန်တော် ကိုယ်ချင်းစာမိသည်။အင်နာဖရန့်သည် ဒုတိယကမ္ဘာစစ်ကာလ နာဇီများရန်မှလွတ်အောင် တိုက်ခန်းလေးပေါ်မှာ ပုန်းအောင်းနေရသော ဂျူးမိသားစုဖြစ်သည်။သူတို့သည် အခန်းလေးကနေ ဘယ်နေ့များ နာဇီတွေ လာဖမ်းမလဲဟု ရင်တထိတ်ထိတ်နေရသလို ကျွန်တော်တို့မှာလည်း ဘယ်နေ့တော့ ငါတို့အိမ်ရှေ့ PPE အပြည့်နဲ့ ပါဝါရိန်းဂျားကြီးတွေ‌ ဝှီးရောင် ဝှီးရောင် မီးတန်းကားကြီးနဲ့ ရောက်လာမလဲဟု ရင်တမမနေရသည့်ဘဝ။
 
လင်မယားနှစ်ယောက်လည်း တစ်နေ့ တစ်နေ့ မိုးလင်းမိုးချုပ် ဒီမျက်နှာတွေပဲ မြင်နေရတော့ ပြောစရာစကားတွေပင်ကုန်နေပြီ။ကျွန်တော်လည်း စာရေး၊ စာဖတ်၊ သူလည်း ကိုရီးယားကားကြည့်။ပျင်းလာလျှင် သူက နောက်ဖေးမီးဖိုချောင်ကို အလည်အပတ်ခရီးသွား၊ ကျွန်တော်က အိမ်ရှေ့ဝရံတာကို အပန်းဖြေခရီးထွက်။ပြီးရင် နှစ်ယောက်ချိန်းပြီး အိမ်ရှေ့ခန်းမှာ ဆုံကြ။အိမ်ရှေ့ခန်း၊ ဝရံတာ၊ မီးဖိုချောင်၊ အိပ်ခန်း တစ်နေ့ တစ်နေ့ ဒီ ၁၅ ပေ ၆၀ ပေ တိုက်ခန်းထဲ လမ်းသလားရသဖြင့် လူကရူးချင်ချင်ဖြစ်လာသည်။
 
ဒီတော့ တစ်ရက် တစ်ရက် အော်လံလေးတွေ ကိုယ်စီတွင် အသံများသွင်းပြီး တွန်းလှည်းများ၊ လိုက်ထရပ်ကားများနှင့် ‌ဈေးသည်များကို ထိုင်ငေးနေမိသည်။
 
"ဟဲ့..နင်လူပါးမဝ နဲ့ ...အသံကို အခုလျှော့စမ်း"
 
အလို...တိုက်အောက်က ကျယ်အားမြှင့် အသံတုန်းတစ်ခုကြောင့် ကျွန်တော် အောက်ဘက်ကို အာရုံရောက်သွားသည်။လိုက်ထရပ်ကားပေါ်မှ သစ်သီးသည်၏ အော်လံသံကို လွှမ်းသွားသော အသံတစ်ခု။အသံရှင်ကား ပဲပြုတ်၊ နံပြားရောင်းသည့် အမကြီး။
 
"နင်တို့က အော်လံအားကိုနဲ့ အသံကျယ်ကြီး တရစပ်ဖွင့်နေတော့ ငါတို့ ကိုယ့်အားကိုယ်ကိုးပြီး အော်နေရတဲ့သူတွေက ဖင်ပြဲပြီပေါ့ဟဲ့..နည်းနည်း စာနာဦး"
 
အင်း..ဟုတ်ပေသားဗျ။
 
ကျွန်တော်တို့ငယ်ငယ်က အရပ်ထဲ ဈေးပတ်ရောင်းတဲ့ ဈေးသည်များ ကိုယ့်အားကိုယ်ကိုး အော်ရသည်ပဲ။
 
"ဂတ်စ်မီးခြစ် ဂတ်စ်..ထည့်တယ်"
 
"ပဲပြုတ်..နံပြား..အီကြာကွေး"
 
"ဖိနပ်ချုပ်မလား..ဖိနပ်အဟောင်းတွေ ဝယ်တယ်"
 
ဒီအသံတွေကို ကျွန်တော် အခုမှ သတိရမိသွားသည်။အခုအော်လံတွေလို အသံသွင်းထားပြီး ခလုတ်ဖွင့်ထားတာမျိုးမဟုတ်။ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန်တွေရှိသည်ပဲ။
 
ဂတ်စ်ထည့်သည့် မာမဆိုလျှင် "ဂတ်စ်..........ထည့်တယ်"
 
ဂတ်စနှင့် ထည့်သည်ကြားတွင် လေးစက္ကန့်လောက် ခြားအော်သည်။သူ့ရဲ့ ဂတ်စ်နှင့် နောက်က ထည့်သည်ကို တွဲမိဖို့ ကိုယ့်မှာ တော်တော်အာရုံစိုက်ရ၏။ဒါကလည်း အရသာတစ်မျိုး။
 
နောက်ငယ်ငယ်က မှတ်မိသည်က ဖိနပ်ချုပ်သည့်လူ။သူက နှာသံနှင့် ဝမ်းခေါင်းသံ ရောထားသည့် အသံမျိုး။
 
"ပနံချုပ်လှံ..ပနံချုပ်ဟောင်းဒဝယ်"
 
ကျွန်တော့်နားထဲ ထိုသို့ပဲကြားသဖြင့် အဖေ့ကို မေးကြည့်ဖူးသည်။အဖေရှင်းပြမှ "ဖိနပ်ချုပ်မလား..ဖိနပ်အဟောင်းတွေဝယ်တယ်" ဟု သိရသဖြင့် သူ့အသံကို ဇိမ်ခံနားထောင်ဖူးသည်။
 
ပဲပြုတ်သည် အသံကတော့ မြန်မာ့နံနက်ခင်းများ၏ အထိမ်းအမှတ်ပသာဒထဲတွင် ဟိုးအရင်ကတည်းက ပါခဲ့ပြီးသား။
 
အခုတော့ မူလလက်ဟောင်း အော်ရီဂျင်နယ် ဗော်ကယ်ရှင် ပဲပြုတ်သည် နှင့် အော်လံအားကိုး သစ်သီးသည် ငြိကြပြီ။
 
သစ်သီးသည်က တစ်စုံတစ်ခုပြောသည်။သို့သော် သူ့အသံက အော်လံနှင့်မှ ကျယ်နိုင်သည့်အတွက် ကျွန်တော်သေချာမကြားရ။
 
"ဟဲ့ ငါတို့က တစ်လမ်းဝင် တစ်လမ်းထွက် ကိုယ့်အသံအားကိုး ကိုယ်ရောင်းနေရတာ..နင်တို့က အသံကျယ်ကြီးနဲ့ တလစပ်ဖွင့်ထားတော့ ငါတို့ ဘာလုပ်စားရမလဲ..ဈေသည်ချင်း ကိုယ်ချင်းစာ"
 
ကျွန်တော်သည် The Voice သီချင်းဆို ပြိုင်ပွဲထဲမှ ဟိုဦးလေးကြီးကျားပေါက် စတိုင်လ်ဖြင့် မျက်လုံးကိုမှိတ်ကာ နားကိစွင့်ထားလိုက်သည်။
 
ပဲပြုတ်သည်၏ အသံတုံးကာလာကား သူ့အတွေ့အကြုံကို ဖော်ပြနေသည်။စာသားပီပြင်မှုရှိသည်။အသံကြည်လင်မှုရှိသည်။ Mood အပြည့်ပါသည်။ပဲပြုတ်တောင်းကို ခေါင်းပေါ်တွင်ရွက်ထားပြီး လက်တစ်ဖက်က ဟန်အပြည့်လှုပ်ရှားနေသည့် ပါဖော့မန့်ကလည်း ငှက်သွင်ပျံကျမတတ်သော်ပင်။
 
သစ်သီးသံကား သူ့အော်လံလေးကိုကိုင်ကာ ကားနောက်ခန်းထိုင်ရင်း ခေါင်းကလေးပုနေရှာသည်။ခဏအကြာ သစ်သီးကား စက်နှိုးပြီး မောင်းထွက်သွား၏။
 
ပဲပြုတ်သည်ကား စစ်ပွဲကိုအနိုင်တိုက်လိုက်နိုင်သည် စစ်သူကြီးတစ်ယောက်အလား ရင်ကိုကော့လျက် "ပဲပြုတ်" ဟု အော်လိုက်သည်။
 
သို့သော် သူ့အသံကား မကြားရ။ကြားရသည့်အသံကား
 
"ဟိုပါတီကို မဲပေးကြမည်၊ ဒီပါတီကို မဲပေးကြမည်"
 
မဲဆွယ်ကားကြီး ရောက်လာချေပြီ။တူညီဝတ်စုံဝတ် မဲဆွယ်တက်ကြွသူများကား၏ ကားပေါ်မှ လော်ကြီးလော်ငယ်အသွယ်သွယ်က မကြာသေးမီကမှ ‌ရန်သူတော်အော်လံကို အောင်နိုင်ခဲ့သည့် ပဲပြုတ်သည်၏ ဖီကွမ်စီနယ်နိမိတ်လေးကို သိမ်းပိုက်သွားခဲ့လေပြီ။
 
ကျွန်တော်တို့ လမ်းပေါ်မထွက်ကြ။ဈေးသည်တို့ကား သူတို့ဝမ်းရေးနှင့် ကျွန်တော်တို့ အဆင်ပြေရေး လမ်းပေါ်ထွက်ကြသည်။
 
အော်လံနှင့် အော်ရယ်ဂျင်နယ်အသံ တိုက်ပွဲပင် မကြာမီကပြီးသွားသည်။
 
အခုတော့ မဲဆွယ်ဆရာများ လမ်းပေါ်မှာ စုရုံးလျက်။ကခုန်လျက်။ပျော်ကြရွှင်ကြ။အားကျစရာ။
 
ပဲပြုတ်သည်ကား ထိုလော်ကားကြီးကို ငေးလျက်။
 
ခုနကမှ "လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေးကို ရှောင်ရှားပါ" ဟု အော်လံဖြင့် လိုက်အော်သွားသည့် ရပ်ကွက်ရုံးစာရေးလေးလည်း မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် မတ်တပ်ရပ်လျက်။
 
ကျွန်တော်ကလည်း အိမ်ပေါ်မှ သူတို့ကိငေးလျက်။
 
အော်လံမြို့ပြကား လော်သံများအောက်တွင် သနားစရာအတိပေတကား။
 
ဗြိတိသျှကိုကိုမောင်
အောက်တိုဘာ - ၁၈
 
( Zawgyi )
 
"ဟင္း႐ြက္စုံပါတယ္....ဟင္း႐ြက္စုံ"
" ၾကက္သားတစ္ပိႆာ သုံးေထာင္ပါ"
"ငါးၾကင္းပါတယ္..ငါးျမစ္ခ်င္းပါတယ္..ဆလားဗီးယားပါတယ္"
"ေထာပတ္သီး၊ ပန္းသီး၊ ယိုးဒယားစပ်စ္သီးေတြ"
 
ကြၽန္ေတာ္ေဈးထဲ ေရာက္ေနျခင္းမဟုတ္ပါ။အိပ္ယာထဲတြင္ အိပ္ရင္း ၾကားေနရသည့္ အသံမ်ား။
 
ကိုဗစ္တည္းဟူေသာ ထိုေရာဂါသည္ ရန္ကုန္တခြင္ကို ေအာ္လံသံ ညံေစခဲ့ၿပီ။အရင္ကဆို ေလာ္စပီကာသံ ကြၽတ္ကြၽတ္ညံသည့္ ေလာ္ရာသီေရာက္ၿပီဆို ‌ကြၽန္ေတာ္တို႔၏ နားေတြမွာ အင္မတန္သနားစရာေကာင္းလွသည္။
 
ေလာ္ရာသီကို ေၾကာက္ခဲ့ဖူးသည္။ေလာ္သံကို စိတ္ညစ္ခဲ့ဖူးသည္။ေလာ္စပီကာဖို႔ဘီးယားျဖစ္ခဲ့ဖူးသည္။
 
ေအာ္လံသည္ကား ေလာ္စပီကာမ်ိဳးစိတ္ကို ေမာ္ဒဖိုင္းလုပ္ထားသည့္ မီနီေလာ္စပီကာေလးမ်ားပင္။သူ႔အသံက ေလာ္လို သတၱဳသံအက္ကြဲႀကီး ဟိန္းမထြက္ေသာ္လည္း ေသးေသးေလးႏွင့္ က်ယ္သည္။
 
"ပုဇြန္ေတြ၊ ငါးသေလာက္ေတြ ေနာ္" ဟု ေဈးထဲမွ သူေဌးစာေရာင္းေသာ ငါးသည္မိန္းမဝဝႀကီး၏ ယုံၾကည္မႈအျပည့္ႏွင့္ေအာ္သည့္ ဝမ္းေခါင္းသံ ႏွင့္ သူ႔ေဘးမွ "ကတတ္ခ်ဥ္၊ ဟင္းကလာခ်ဥ္ တစ္စီးတစ္ရာ" ဟူေသာ ခ်ဥ္ဖတ္သည္၏ စူးရွရွေညာင္နာနာအသံလို ကြာေသာ္လည္း နားဝတြင္
ဒစၥကိုကၿပီး ဝင္သြားသည္ျခင္းကေတာ့ အတူတူပင္။
 
သို႔ေသာ္ျငား ထိုေအာ္လံမ်ားကို ကြၽန္ေတာ္တို႔ မေၾကာက္အား၊ စိတ္မညစ္ႏိုင္အား။ကြၽန္ေတာ္တို႔ကား ထိုေအာ္လံမ်ားကို ေက်းဇူးပင္တင္ရေသးသည္။ေဈးေတြပိတ္၊ ဆိုင္ေတြပိတ္ကာလမွာ သူတို႔ေအာ္လံသံကို နားစြင့္ၿပီး ကိုယ္လိုတာေလး ဆင္းဝယ္ရသည္မဟုတ္လား။
 
အခုမွ အင္နာဖရန႔္တို႔ကို ကြၽန္ေတာ္ ကိုယ္ခ်င္းစာမိသည္။အင္နာဖရန႔္သည္ ဒုတိယကမာၻစစ္ကာလ နာဇီမ်ားရန္မွလြတ္ေအာင္ တိုက္ခန္းေလးေပၚမွာ ပုန္းေအာင္းေနရေသာ ဂ်ဴးမိသားစုျဖစ္သည္။သူတို႔သည္ အခန္းေလးကေန ဘယ္ေန႔မ်ား နာဇီေတြ လာဖမ္းမလဲဟု ရင္တထိတ္ထိတ္ေနရသလို ကြၽန္ေတာ္တို႔မွာလည္း ဘယ္ေန႔ေတာ့ ငါတို႔အိမ္ေရွ႕ PPE အျပည့္နဲ႔ ပါဝါရိန္းဂ်ားႀကီးေတြ‌ ဝွီးေရာင္ ဝွီးေရာင္ မီးတန္းကားႀကီးနဲ႔ ေရာက္လာမလဲဟု ရင္တမမေနရသည့္ဘဝ။
 
လင္မယားႏွစ္ေယာက္လည္း တစ္ေန႔ တစ္ေန႔ မိုးလင္းမိုးခ်ဳပ္ ဒီမ်က္ႏွာေတြပဲ ျမင္ေနရေတာ့ ေျပာစရာစကားေတြပင္ကုန္ေနၿပီ။ကြၽန္ေတာ္လည္း စာေရး၊ စာဖတ္၊ သူလည္း ကိုရီးယားကားၾကည့္။ပ်င္းလာလွ်င္ သူက ေနာက္ေဖးမီးဖိုေခ်ာင္ကို အလည္အပတ္ခရီးသြား၊ ကြၽန္ေတာ္က အိမ္ေရွ႕ဝရံတာကို အပန္းေျဖခရီးထြက္။ၿပီးရင္ ႏွစ္ေယာက္ခ်ိန္းၿပီး အိမ္ေရွ႕ခန္းမွာ ဆုံၾက။အိမ္ေရွ႕ခန္း၊ ဝရံတာ၊ မီးဖိုေခ်ာင္၊ အိပ္ခန္း တစ္ေန႔ တစ္ေန႔ ဒီ ၁၅ ေပ ၆၀ ေပ တိုက္ခန္းထဲ လမ္းသလားရသျဖင့္ လူက႐ူးခ်င္ခ်င္ျဖစ္လာသည္။
 
ဒီေတာ့ တစ္ရက္ တစ္ရက္ ေအာ္လံေလးေတြ ကိုယ္စီတြင္ အသံမ်ားသြင္းၿပီး တြန္းလွည္းမ်ား၊ လိုက္ထရပ္ကားမ်ားႏွင့္ ‌ေဈးသည္မ်ားကို ထိုင္ေငးေနမိသည္။
 
"ဟဲ့..နင္လူပါးမဝ နဲ႔ ...အသံကို အခုေလွ်ာ့စမ္း"
 
အလို...တိုက္ေအာက္က က်ယ္အားျမႇင့္ အသံတုန္းတစ္ခုေၾကာင့္ ကြၽန္ေတာ္ ေအာက္ဘက္ကို အာ႐ုံေရာက္သြားသည္။လိုက္ထရပ္ကားေပၚမွ သစ္သီးသည္၏ ေအာ္လံသံကို လႊမ္းသြားေသာ အသံတစ္ခု။အသံရွင္ကား ပဲျပဳတ္၊ နံျပားေရာင္းသည့္ အမႀကီး။
 
"နင္တို႔က ေအာ္လံအားကိုနဲ႔ အသံက်ယ္ႀကီး တရစပ္ဖြင့္ေနေတာ့ ငါတို႔ ကိုယ့္အားကိုယ္ကိုးၿပီး ေအာ္ေနရတဲ့သူေတြက ဖင္ၿပဲၿပီေပါ့ဟဲ့..နည္းနည္း စာနာဦး"
 
အင္း..ဟုတ္ေပသားဗ်။
 
ကြၽန္ေတာ္တို႔ငယ္ငယ္က အရပ္ထဲ ေဈးပတ္ေရာင္းတဲ့ ေဈးသည္မ်ား ကိုယ့္အားကိုယ္ကိုး ေအာ္ရသည္ပဲ။
 
"ဂတ္စ္မီးျခစ္ ဂတ္စ္..ထည့္တယ္"
 
"ပဲျပဳတ္..နံျပား..အီၾကာေကြး"
 
"ဖိနပ္ခ်ဳပ္မလား..ဖိနပ္အေဟာင္းေတြ ဝယ္တယ္"
 
ဒီအသံေတြကို ကြၽန္ေတာ္ အခုမွ သတိရမိသြားသည္။အခုေအာ္လံေတြလို အသံသြင္းထားၿပီး ခလုတ္ဖြင့္ထားတာမ်ိဳးမဟုတ္။ကိုယ္ပိုင္အသံ၊ ကိုယ္ပိုင္ဟန္ေတြရွိသည္ပဲ။
 
ဂတ္စ္ထည့္သည့္ မာမဆိုလွ်င္ "ဂတ္စ္..........ထည့္တယ္"
 
ဂတ္စႏွင့္ ထည့္သည္ၾကားတြင္ ေလးစကၠန႔္ေလာက္ ျခားေအာ္သည္။သူ႔ရဲ႕ ဂတ္စ္ႏွင့္ ေနာက္က ထည့္သည္ကို တြဲမိဖို႔ ကိုယ့္မွာ ေတာ္ေတာ္အာ႐ုံစိုက္ရ၏။ဒါကလည္း အရသာတစ္မ်ိဳး။
 
ေနာက္ငယ္ငယ္က မွတ္မိသည္က ဖိနပ္ခ်ဳပ္သည့္လူ။သူက ႏွာသံႏွင့္ ဝမ္းေခါင္းသံ ေရာထားသည့္ အသံမ်ိဳး။
 
"ပနံခ်ဳပ္လွံ..ပနံခ်ဳပ္ေဟာင္းဒဝယ္"
 
ကြၽန္ေတာ့္နားထဲ ထိုသို႔ပဲၾကားသျဖင့္ အေဖ့ကို ေမးၾကည့္ဖူးသည္။အေဖရွင္းျပမွ "ဖိနပ္ခ်ဳပ္မလား..ဖိနပ္အေဟာင္းေတြဝယ္တယ္" ဟု သိရသျဖင့္ သူ႔အသံကို ဇိမ္ခံနားေထာင္ဖူးသည္။
 
ပဲျပဳတ္သည္ အသံကေတာ့ ျမန္မာ့နံနက္ခင္းမ်ား၏ အထိမ္းအမွတ္ပသာဒထဲတြင္ ဟိုးအရင္ကတည္းက ပါခဲ့ၿပီးသား။
 
အခုေတာ့ မူလလက္ေဟာင္း ေအာ္ရီဂ်င္နယ္ ေဗာ္ကယ္ရွင္ ပဲျပဳတ္သည္ ႏွင့္ ေအာ္လံအားကိုး သစ္သီးသည္ ၿငိၾကၿပီ။
 
သစ္သီးသည္က တစ္စုံတစ္ခုေျပာသည္။သို႔ေသာ္ သူ႔အသံက ေအာ္လံႏွင့္မွ က်ယ္ႏိုင္သည့္အတြက္ ကြၽန္ေတာ္ေသခ်ာမၾကားရ။
 
"ဟဲ့ ငါတို႔က တစ္လမ္းဝင္ တစ္လမ္းထြက္ ကိုယ့္အသံအားကိုး ကိုယ္ေရာင္းေနရတာ..နင္တို႔က အသံက်ယ္ႀကီးနဲ႔ တလစပ္ဖြင့္ထားေတာ့ ငါတို႔ ဘာလုပ္စားရမလဲ..ေဈသည္ခ်င္း ကိုယ္ခ်င္းစာ"
 
ကြၽန္ေတာ္သည္ The Voice သီခ်င္းဆို ၿပိဳင္ပြဲထဲမွ ဟိုဦးေလးႀကီးက်ားေပါက္ စတိုင္လ္ျဖင့္ မ်က္လုံးကိုမွိတ္ကာ နားကိစြင့္ထားလိုက္သည္။
 
ပဲျပဳတ္သည္၏ အသံတုံးကာလာကား သူ႔အေတြ႕အႀကဳံကို ေဖာ္ျပေနသည္။စာသားပီျပင္မႈရွိသည္။အသံၾကည္လင္မႈရွိသည္။ Mood အျပည့္ပါသည္။ပဲျပဳတ္ေတာင္းကို ေခါင္းေပၚတြင္႐ြက္ထားၿပီး လက္တစ္ဖက္က ဟန္အျပည့္လႈပ္ရွားေနသည့္ ပါေဖာ့မန္႔ကလည္း ငွက္သြင္ပ်ံက်မတတ္ေသာ္ပင္။
 
သစ္သီးသံကား သူ႔ေအာ္လံေလးကိုကိုင္ကာ ကားေနာက္ခန္းထိုင္ရင္း ေခါင္းကေလးပုေနရွာသည္။ခဏအၾကာ သစ္သီးကား စက္ႏႈိးၿပီး ေမာင္းထြက္သြား၏။
 
ပဲျပဳတ္သည္ကား စစ္ပြဲကိုအႏိုင္တိုက္လိုက္ႏိုင္သည္ စစ္သူႀကီးတစ္ေယာက္အလား ရင္ကိုေကာ့လ်က္ "ပဲျပဳတ္" ဟု ေအာ္လိုက္သည္။
 
သို႔ေသာ္ သူ႔အသံကား မၾကားရ။ၾကားရသည့္အသံကား
 
"ဟိုပါတီကို မဲေပးၾကမည္၊ ဒီပါတီကို မဲေပးၾကမည္"
 
မဲဆြယ္ကားႀကီး ေရာက္လာေခ်ၿပီ။တူညီဝတ္စုံဝတ္ မဲဆြယ္တက္ႂကြသူမ်ားကား၏ ကားေပၚမွ ေလာ္ႀကီးေလာ္ငယ္အသြယ္သြယ္က မၾကာေသးမီကမွ ‌ရန္သူေတာ္ေအာ္လံကို ေအာင္ႏိုင္ခဲ့သည့္ ပဲျပဳတ္သည္၏ ဖီကြမ္စီနယ္နိမိတ္ေလးကို သိမ္းပိုက္သြားခဲ့ေလၿပီ။
 
ကြၽန္ေတာ္တို႔ လမ္းေပၚမထြက္ၾက။ေဈးသည္တို႔ကား သူတို႔ဝမ္းေရးႏွင့္ ကြၽန္ေတာ္တို႔ အဆင္ေျပေရး လမ္းေပၚထြက္ၾကသည္။
 
ေအာ္လံႏွင့္ ေအာ္ရယ္ဂ်င္နယ္အသံ တိုက္ပြဲပင္ မၾကာမီကၿပီးသြားသည္။
 
အခုေတာ့ မဲဆြယ္ဆရာမ်ား လမ္းေပၚမွာ စု႐ုံးလ်က္။ကခုန္လ်က္။ေပ်ာ္ၾက႐ႊင္ၾက။အားက်စရာ။
 
ပဲျပဳတ္သည္ကား ထိုေလာ္ကားႀကီးကို ေငးလ်က္။
 
ခုနကမွ "လက္ကိုခဏခဏေဆးပါ၊ လူစုလူေဝးကို ေရွာင္ရွားပါ" ဟု ေအာ္လံျဖင့္ လိုက္ေအာ္သြားသည့္ ရပ္ကြက္႐ုံးစာေရးေလးလည္း မ်က္လုံးေလး ေပကလပ္ေပကလပ္ႏွင့္ မတ္တပ္ရပ္လ်က္။
 
ကြၽန္ေတာ္ကလည္း အိမ္ေပၚမွ သူတို႔ကိေငးလ်က္။
 
ေအာ္လံၿမိဳ႕ျပကား ေလာ္သံမ်ားေအာက္တြင္ သနားစရာအတိေပတကား။
 
ၿဗိတိသွ်ကိုကိုေမာင္
ေအာက္တိုဘာ - ၁၈