【 သရော်စာ 】 “ချစ်လှစွာသော စစ်ကဲကြီး”

【 သရော်စာ 】 “ချစ်လှစွာသော စစ်ကဲကြီး”

ကျွနု်ပ်သည်ကား ဆာမူရိုင်းတစ်ယောက် ဖြစ်ပေသည်။အမျိုးဘာသာ သာသနာကို ကာကွယ်နေကြသော ခေါင်းဆောင်ကြီးများထံ အသက်နှင့်ထပ်ကာ တာဝန်ထမ်းဆောင်လိုစိတ်ကား ကျွနု်ပ်ငယ်ရွယ်စဉ်ကတည်းက အသွေးထဲအသားထဲ ပါရှိခဲ့၏။ထို့ကြောင့် ကျွန်ုပ်သည် ဆာမူရိုင်းတစ်ယောက်ဘဝကို ရွေးချယ်ဖြစ်ခဲ့ခြင်းပင်။

''အမျိုးသားရေးအတွက် ကျွန်ုပ်၏ ဦးဆောင်မှုကိုခံယူပြီး တိုင်းပြည်ကို ကာကွယ်ပါ။တိုင်းပြည်ကို ကယ်တင်ပါ။တိုင်းပြည်ကို ကြည့်ရှုှပါ။တိုင်းပြည်ကို စောင်မပါ။တိုင်းပြည်ရဲ့ သူရဲကောင်းဘဝကို ခံယူပါ''ယင်းကား ကျွန်ုပ်ကြည်ညိုသော စစ်ကဲကြီး၏ မိန့်ခွန်းများပါပေ။

စစ်ကဲကြီးသည် ရဲစွမ်းသတ္တိထွန်းပြောင်ပြီး အမျိုးသားရေးအတွက်၊ တိုင်းပြည်အတွက် ပေးဆပ်သူ သူရဲကောင်းကြီးအဖြစ် ကျွနု်ပ်ကြည်ညိုမိပေပြီ။ထို့ကြောင့် စစ်ကဲကြီး လက်အောက်ရှိ ဆာမူရိုင်းတပ်ဖွဲ့တွင် ကျွနု်ပ်တာဝန်ထမ်းဆောင်ရန် ရွေးချယ်လိုက်လေ၏။

ယခုကာလသည် ကျွန်ုပ်တို့ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲနေသော ကာလဖြစ်သည်။မေဂျီဘုရင်မင်းမြတ် နန်းတက်ပြီးနောက် တံခါးပိတ်ဝါဒကို ပယ်ဖျက်ပြီး နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေး စတင်တည်ဆောင်နေချိန် ဖြစ်သည်။၁၆ ရာစု အလယ်ပိုင်းတွင် ကျွနု်ပ်တို့ နိုင်ငံသို့ အင်္ဂလိပ်ကုလားဖြူနှင့်် ဒတ်ချ်လူမျိုးအချို့ ရောက်လာခဲ့ကြသည်။ကျွန်ုပ်တို့ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ပြီး ကျွန်ပြုရန် ကြံစည်ခဲ့ကြသည်။ထို့ကြောင့် ဒေသတွင်း စစ်ကဲကြီးများ ညှိနှိုင်းပြီး ၎င်းနိုင်ငံခြားသားတို့အား အပြီးတိုင်နှင်ထုတ်လိုက်ပြီး  တိုင်းပြည်ကိုလည်း တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့လေသည်။ပြည်တွင်းတွင် သင်္ဘောကြီးကြီး မတည်ဆောက်ရ၊ မည်သည့် ဂျပန်လူမျိုးမှ တိုင်းတစ်ပါးမသွားရ၊ မည်သည့် တိုင်းတပါးသားမှ ဂျပန်သို့ မဝင်ရဟု ဥပဒေထုတ် တားမြစ်ခဲ့လေသည်။

စစ်ကဲကြီးများ၏ သြဇာအာဏာကို ထူထောင်ကာ တိုင်းပြည်အား တိုင်းတပါးသားရန်မှ ကာကွယ်ပေးခဲ့ကြသည်မှာ နှစ်ပေါင်း (၂၀၀) ကြာ၏။ယခုတော့ အမေရိကန်တည်းဟူသော နိုင်ငံမှ ရေတပ်ဗိုလ် ကွန်မိုဒိုပဲရီ ဆိုသူကြောင့် ကျွန်ုပ်တို့နိုင်ငံ တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးလာရသည်။

မေဂျီဘုရင်က ကံကျွေးချအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းမည်ဆိုသည့်အခါ တစ်ချိန်က တန်ခိုးတောက်ခဲ့သော  စစ်ကဲကြီးများ မခံချိမခံသာဖြစ်ကြသည်။သို့သော်ငြား…ဘာမှမတတ်နိုင်။ပြည်သူအများနှင့် နိုင်ငံခြားတိုင်းပြည်များမှ မေဂျီဘုရင်အား ထောက်ခံနေချေ၏။

ကျွုန်ုပ်၏သခင် စစ်ကဲကြီးကား အခြားစစ်ကဲကြီးများထက် ပိုမိုအင်အားကြီးသော ဆာမူရိုင်းစစ်တပ်ကြီးကို ပိုင်ဆိုင်ထားလေသည်။နိုင်ငံတော်အား နိုင်ငံခြားသားများရန်မှ ကာကွယ်ပေးရန်နှင့် သာသနာတော်ကို စောင့်ရှောက်ရန် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကျွန်ုပ်တို့ကို ခေါင်းဆောင်၏ မေဂျီအစိုးရက ကျွန်ုပ်တို့တပ်များအား အမြဲခန့်ညားနေရန်အတွက် ကျွန်ုပ်တို့သည် နယ်ပယ်အနှံ့မှ စစ်ကဲများနှင့် တိုက်ပွဲများဆင်နွှဲရသည်။ကျွနု်ပ်တို့ တိုက်ပွဲများဆင်နွှဲပြီးလျှင် ခေါင်းဆောင်ကြီးများက ငြိမ်းချမ်းရေးဆွေးနွေးကြ၏။ကျွန်ုပ်တို့ကား ယခုလိုကာလဆိုးကြီးတွင် အနစ်နာခံ ပေးဆပ်ရမည်ဖြစ်ကြောင်း စစ်ကဲကြီးက အမြဲမိန့်ကြားလေသည်။နိုင်ငံရေးကို ကျွနု်ပ်စိတ်မဝင်စား။
သိလည်းမသိ။ကျွန်ုပ်ကား ကျွနု်ပ်သခင် စစ်ကဲကြီး၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံသည်။

ကျွနု်ပ်တို့သည် စစ်ကဲကြီး၏ ခေါင်းဆောင်မှုအောက်တွင် ခေတ်မီသော နိပွန်တပ်မတော်ကြီးအဖြစ် ငှက်ပျောအူကိုစုပ်ကာ စစ်တိုက်ကြသည်။ခြင်းကျားကြီးများလွယ်ကာ ခရီးဆက်ကြသည်။ခေတ်မမီတော့သော လက်နက်များဖြင့် တိုက်ခိုက်ကြသော်လည်း ကျွနု်ပ်တို့မှာ အလွန်သတ္တိရှိကြပါသည်။စွန့်လွှတ်စွန့်စား ဆာမူရိုင်းဓါးဟု စစ်ကဲကြီးက ချီးကျူးသောအခါ ကျွန်ုပ်မှာ အလွန်ပင် ဝမ်းသာပီတိဖြစ်မိသည်။တိုက်ပွဲနားချိန်တွင် ပြည်သူလူထု အကျိုးဆောင်လုပ်ငန်းများ လုပ်ကြပေသည်။စစ်ကဲကြီးတို့ နေထိုင်သော မြို့ကြီးပြကြီးနေရာတွေကို ရောက်ဖူးရန် ကျွန်ုပ်တို့မှာ အချိန်မရှိ။အားလပ်ချိန်များတွင် အရာရှိကြီးများ ခိုင်းသည်ကို ကျွနု်ပ်တို့ ပါရမီဖြည့် လုပ်ကိုင်ပေးရပြန်သည်။
မည်မျှပင်ပင်ပန်းပါစေ ကျွနု်ပ်တို့မမှု။ကျွန်ုပ်တို့ကား အမျိုသားရေးအတွက် အသက်ပေးကြမည့် ပြည်သူ့ဆာမူရိုင်းများပေတည်း။

စစ်ကဲကြီးက ကျွနု်ပ်တို့ ဆာမူရိုင်းများ ကျဆုံးသည့်အခါ ကျန်ရစ်သည့် မိသားစုများအတွက်ဆိုကာ ကျွန်ုပ်တို့ လစာထဲမှ ဖြတ်ထုတ်ဖြုတ်ပြီး စုဆောင်းပေးထား၏။အမျှော်အမြင်ကြီးသော စစ်ကဲကြီးပေ။

သို့သော်ငြား အချို့ပြည်သူများနှင့် နိုင်ငံရေးသမားများက စစ်ကဲကြီးအား အမြင်မကြည်။စစ်ကဲကြီးကို အမြင်မကြည်ခြင်းသည် ကျွနု်ပ်တို့ကို မကြည်ခြင်းပင် မဟုတ်လော။ထို့ကြောင့် စစ်ကဲကြီးတို့က ဆာမူရိုင်းများသည် လူကြမ်းမဟုတ်ပါဟုပင် ပြောယူကြရသည်။မေဂျီအစိုးရသည် နိုင်ငံခြားနှင့် ကူးလူးဆက်ဆံပြီး နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော ကျွန်ုပ်တို့၏ အမျိုးဘာသာ သာသနာကို နိုင်ငံခြားသားထံ ရောင်းစားတော့မည်ဟု ကျွနု်ပ်တို့၏ ခေါင်းဆောင်ကြီးများက ပြောပြသဖြင့် သိရသည်။

ဆာမူရိုင်းက ရန်သူကို ဓါးနဲ့ခုတ်သတ်လျှင် ငရဲမကြီးဟု ရှင်တိုကိုယ်တော်ကြီးများကလည်း ဟောပေးပြောပေးကြသည်။ကျွန်ုပ်နားမလည်သည်က ပြည်ပရန်ဆိုပြီး ကျွန်ုပ်တို့ အချင်းချင်းသာ ခွတိုက်နေရသည့် ကိစ္စပင်။အမျိုးသားရေးဆိုသည်မှာ ကျွန်ုပ်တို့အချင်းချင်း တိုက်နေကြခြင်းလား။ကျွန်ုပ်ဉာဏ်မမီပါ။သို့သော် ကျွန်ုပ်သည် အမျိုးသားရေး ဆာမူရိုင်းကြီးအဖြစ် တာဝန်ယူရသည်ကို ဂုဏ်ယူနေမိပါ၏။ဂုဏ်ယူလို့မှ မဆုံးခင် တိုက်ပွဲထွက်ရန် အကြောင်းပေါ်လာချေပြီ။ကျွန်ုပ် စစ်တိုက်ရချေတောမည်..အဆွေ။နှှုတ်ဆက်ခဲ့ပါသည်……………………………………။

ကျွန်ုပ်ကား တိုင်းပြည်အတွက် ပေးဆပ်ခဲ့ရပေပြီ။ဒဏ်ရာပြင်းထန်လွန်းခဲ့သဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော်တော့။ဆာမူရိုင်းလူထွက် ဖြစ်ခဲ့ချေပြီ။ဆာမူရိုင်းများ နေထိုင်ရာ တဲတန်းမှလည်း ထွက်ခွာခဲ့ရချေပြီ။နေပြည်တော်သို့ ကျွန်ုပ်တက်လာခဲ့ပေ၏။ကျွနု်ပ်တို့၏ စစ်ကဲကြီးသည် ကျွန်ုပ်တို့အား ကြည့်ရှုပါလိမ့်မည်။ကျွန်ုပ်တို့ ဆာမူရိုင်းလူထွက်တသိုက် နေပြည်တော်တဝိုက် လှည့်လည်ကြ၏။စည်ကားလှပါဘိ။ဥယျာဉ်တစ်ခုအတွင်း ဝင်သောအခါ ခမ်းနားလှသော စားသောက်ဆိုင်ကြီးကို တွေ့ရသည်။လူဂုဏ်တန်များ ဝင်ထွက်သွားလာ စားသောက်နေကြသည်။ကျွန်ုပ်တို့အား ထိုဆိုင်ကြီးများသို့ စားနိုင်ရန် ငွေကြေးမပြည့်စုံပါ။ကျွန်ုပ်တို့ လိုချင်သည်က အလုပ်တစ်ခုခုပင် ဖြစ်သည်။

အလို..ဒီလောက်ကြီးမားသည့် ဆိုင်ကြီး ဘယ်သူပိုင်သနည်း။ကျွနု်ပ်တို့ စုံစမ်းသည့်အခါ ကျွနု်ပ်တို့၏ ချစ်လှစွာသော စစ်ကဲကြီး၏ ချစ်လှစွာသော သားကလေး ပိုင်သည်တဲ့။အလို ကျွန်ုပ်တို့ စစ်ကဲကြီး၏ သားကလေးကား ဖခင်နှင့်တူသဖြင့် တော်လှပါဘိ။အသက်ငယ်ငယ်ကလေးနှင့် လူချမ်းသာ သူဌေးကြီး ဖြစ်နေပေပြီ။အားကျလှပါဘိ။နယ်တွင် ပင်ပင်ပန်းပန်း ပဲငံပြာရည် လုပ်ရောင်းနေရသည့် ကျွန်ုပ်၏ သားကလေးကိုပင်  သတိရမိသေးသည်။သူများသားသမီးများ တော်လှ၏။ထိုဆိုင်တွင် အလုပ်မရသောအခါ ကျွန်ုပ်တို့ကား ယောင်လည်လည်ဖြစ်နေပေပြီ။နာမည်ကြီး ပြဇာတ်အဖွဲ့ကြီးများ ကပြရာ ရပ်ကွက်သို့ ကျွနု်ပ်တို့ ရောက်သွားပြန်သည်။ကျွန်ုပ်တို့ကား ပြဇာတ်ထဲ ဘယ်နေရာခိုင်းခိုင်း အလုပ်ရလိုရငြား မေးမြန်းကြပြန်၏။

အလို..ကျွနု်ပ်များစွာ အံသြချေပြီ။ပြဇာတ်အဖွဲ့ ပိုင်ရှင်များက စစ်ကဲကြီး သမီးပိုင်ဖြစ်နေသည်။ဂေးရှားမယ်များ ရွေးချယ်ရာတွင်လည်း စစ်ကဲကြီး၏ ချွေးမပိုင် ဖြစ်နေပြန်သည်။အလို..တော်လိုက်တဲ့ မိသားစုပါတကား။ဖခင်ဖြစ်သူ စစ်ကဲကြီးက ပတ်လည်တိုက်နေရသော စစ်ပွဲများနှင့် မအားမလပ်ဖြစ်နေချိန်မှာပင် မိသားစုက ရိုးသားကြိုးစားပြီး စီးပွားရှာကြသည်မှာ လုပ်ငန်းရှင်ကြီးများပင် ဖြစ်နေပါပကော။ကျွန်ုပ်တို့ ဆာမူရိုင်းငယ်သားများအိမ်မှ မိသားစုများကား ညံ့လှပေသည်။ဘယ့်နှယ့်…ငါးထွက်ရောင်း၊ ပဲငံပြာရည်ချက် အဆင့်ကမတက်။
စစ်ကဲကြီး သားသမီးမြေးတစ်စုကတော့ မြို့တော်ကြီး၏ နေရာတကာတွင် လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်ထားချေပြီ။အင်မတန်မှ ကြိုးစားပြီး ထူးချွန်အောင်မြင်လာခဲ့သော အားကျဖွယ် မိသားစုကြီးပါတကား။

ကျွနု်ပ်ကား ကျွနု်ပ်တို့ ဆာမူရိုင်းစစ်ကဲကြီးအတွက် ဂုဏ်ယူမိပေပြီ။ကျွန်ုပ်တို့လို ငှက်ပျောအူစုပ် ဆာမူရိုင်း၊ ခြင်းကျားလွယ် ဆာမူရိုင်း၊ ကီမိုနိုအစုတ် ဆာမူရိုင်းများကို အထင်သေးသူများ။ကျွန်ုပ်တို့၏ စစ်ကဲကြီးမိသားစုကို ရှှုလော့။တိုက်ပွဲများကြားမှာ ရဲရင့်စွာစီးပွားရှာပြီး မြို့တော်ဂုဏ်ဆောင် လူ့ချမ်းသာကြီးတွေ ဖြစ်နေပေပြီ။ကျွန်ုပ်ကား ဆာမူရိုင်းဘဝတွင် တိုက်ပွဲပေါင်းများစွာ နိုင်လာသည်ကို ယခုလောက် ဂုဏ်မယူစဖူး။ယခုတော့ ရိုးသားကြိုးစား စီးပွားရေးသမားကြီးများ ဖြစ်နေကြသော ကျွနု်ပ်တို့ စစ်ကဲကြီးမိသားစု အောင်မြင်မှုအတွက် ဂုဏ်ယူပေပြီ။

ကျွန်ုပ်တို့၏ ချစ်လှစွာသော စစ်ကဲကြီး ပြောပြောနေတတ်သည့် အမျိုးသားရေး၏ အဓိပ္ပါယ်ကို ကျွန်ုပ် မောင်ဆာမူရိုင်း ကောင်းကောင်းကြီး သဘောပေါက်ချေပြီ။ကျွန်ုပ်၏ရွာမှ အမျိုးများ သာယာရေးအတွက် ကျွန်ုပ်တွင် တာဝန်ရှိပေသည်။ထို့ကြောင့်..ကျွနု်ပ်…ရွာပြန်ချေတော့မည်။ကျွန်ုပ်တို့ကား နိပွန်ပြည်မှ ဆာမူရိုင်းများ ဖြစ်တော့သကိုး။

ထပ်ပြောပါဦးမည်။

ကျွန်ုပ်တို့ကား နိပွန်ပြည်၊ မေဂျီခေတ်အစောပိုင်းမှ ဆာမူရိုင်းများပါနော်။

ဗြိတိသျှကိုကိုမောင်
စက်တင်ဘာ - ၈

( Zawgyi )

ကြၽႏု္ပ္သည္ကား ဆာမူ႐ိုင္းတစ္ေယာက္ ျဖစ္ေပသည္။အမ်ိဳးဘာသာ သာသနာကို ကာကြယ္ေနၾကေသာ ေခါင္းေဆာင္ႀကီးမ်ားထံ အသက္ႏွင့္ထပ္ကာ တာဝန္ထမ္းေဆာင္လိုစိတ္ကား ကြၽႏု္ပ္ငယ္႐ြယ္စဥ္ကတည္းက အေသြးထဲအသားထဲ ပါရွိခဲ့၏။ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္ ဆာမူ႐ိုင္းတစ္ေယာက္ဘဝကို ေ႐ြးခ်ယ္ျဖစ္ခဲ့ျခင္းပင္။

''အမ်ိဳးသားေရးအတြက္ ကြၽႏ္ုပ္၏ ဦးေဆာင္မႈကိုခံယူၿပီး တိုင္းျပည္ကို ကာကြယ္ပါ။တိုင္းျပည္ကို ကယ္တင္ပါ။တိုင္းျပည္ကို ၾကည့္ရႈွပါ။တိုင္းျပည္ကို ေစာင္မပါ။တိုင္းျပည္ရဲ႕ သူရဲေကာင္းဘဝကို ခံယူပါ''ယင္းကား ကြၽႏ္ုပ္ၾကည္ညိဳေသာ စစ္ကဲႀကီး၏ မိန႔္ခြန္းမ်ားပါေပ။

စစ္ကဲႀကီးသည္ ရဲစြမ္းသတၱိထြန္းေျပာင္ၿပီး အမ်ိဳးသားေရးအတြက္၊ တိုင္းျပည္အတြက္ ေပးဆပ္သူ သူရဲေကာင္းႀကီးအျဖစ္ ကြၽႏု္ပ္ၾကည္ညိဳမိေပၿပီ။ထို႔ေၾကာင့္ စစ္ကဲႀကီး လက္ေအာက္ရွိ ဆာမူ႐ိုင္းတပ္ဖြဲ႕တြင္ ကြၽႏု္ပ္တာဝန္ထမ္းေဆာင္ရန္ ေ႐ြးခ်ယ္လိုက္ေလ၏။

ယခုကာလသည္ ကြၽႏ္ုပ္တို႔ တိုင္းျပည္၏ ျပဳျပင္ေျပာင္းလဲေနေသာ ကာလျဖစ္သည္။ေမဂ်ီဘုရင္မင္းျမတ္ နန္းတက္ၿပီးေနာက္ တံခါးပိတ္ဝါဒကို ပယ္ဖ်က္ၿပီး ႏိုင္ငံျခားတိုင္းျပည္မ်ားႏွင့္ ဆက္ဆံေရး စတင္တည္ေဆာင္ေနခ်ိန္ ျဖစ္သည္။၁၆ ရာစု အလယ္ပိုင္းတြင္ ကြၽႏု္ပ္တို႔ ႏိုင္ငံသို႔ အဂၤလိပ္ကုလားျဖဴႏွင့္္ ဒတ္ခ်္လူမ်ိဳးအခ်ိဳ႕ ေရာက္လာခဲ့ၾကသည္။ကြၽႏ္ုပ္တို႔ ျပည္တြင္းေရးကိုလည္း ဝင္ေရာက္စြက္ဖက္ၿပီး ကြၽန္ျပဳရန္ ႀကံစည္ခဲ့ၾကသည္။ထို႔ေၾကာင့္ ေဒသတြင္း စစ္ကဲႀကီးမ်ား ညႇိႏႈိင္းၿပီး ၎ႏိုင္ငံျခားသားတို႔အား အၿပီးတိုင္ႏွင္ထုတ္လိုက္ၿပီး  တိုင္းျပည္ကိုလည္း တံခါးပိတ္ဝါဒ က်င့္သုံးခဲ့ေလသည္။ျပည္တြင္းတြင္ သေဘၤာႀကီးႀကီး မတည္ေဆာက္ရ၊ မည္သည့္ ဂ်ပန္လူမ်ိဳးမွ တိုင္းတစ္ပါးမသြားရ၊ မည္သည့္ တိုင္းတပါးသားမွ ဂ်ပန္သို႔ မဝင္ရဟု ဥပေဒထုတ္ တားျမစ္ခဲ့ေလသည္။

စစ္ကဲႀကီးမ်ား၏ ၾသဇာအာဏာကို ထူေထာင္ကာ တိုင္းျပည္အား တိုင္းတပါးသားရန္မွ ကာကြယ္ေပးခဲ့ၾကသည္မွာ ႏွစ္ေပါင္း (၂၀၀) ၾကာ၏။ယခုေတာ့ အေမရိကန္တည္းဟူေသာ ႏိုင္ငံမွ ေရတပ္ဗိုလ္ ကြန္မိုဒိုပဲရီ ဆိုသူေၾကာင့္ ကြၽႏ္ုပ္တို႔ႏိုင္ငံ တံခါးဖြင့္ဝါဒကို စတင္က်င့္သုံးလာရသည္။

ေမဂ်ီဘုရင္က ကံေကြၽးခ်အုပ္ခ်ဳပ္ေရးစနစ္ကို ဖ်က္သိမ္းမည္ဆိုသည့္အခါ တစ္ခ်ိန္က တန္ခိုးေတာက္ခဲ့ေသာ  စစ္ကဲႀကီးမ်ား မခံခ်ိမခံသာျဖစ္ၾကသည္။သို႔ေသာ္ျငား…ဘာမွမတတ္ႏိုင္။ျပည္သူအမ်ားႏွင့္ ႏိုင္ငံျခားတိုင္းျပည္မ်ားမွ ေမဂ်ီဘုရင္အား ေထာက္ခံေနေခ်၏။

ကြၽဳႏ္ုပ္၏သခင္ စစ္ကဲႀကီးကား အျခားစစ္ကဲႀကီးမ်ားထက္ ပိုမိုအင္အားႀကီးေသာ ဆာမူ႐ိုင္းစစ္တပ္ႀကီးကို ပိုင္ဆိုင္ထားေလသည္။ႏိုင္ငံေတာ္အား ႏိုင္ငံျခားသားမ်ားရန္မွ ကာကြယ္ေပးရန္ႏွင့္ သာသနာေတာ္ကို ေစာင့္ေရွာက္ရန္ အမ်ိဳးသားေရးစိတ္ဓာတ္ျဖင့္ ကြၽႏ္ုပ္တို႔ကို ေခါင္းေဆာင္၏ ေမဂ်ီအစိုးရက ကြၽႏ္ုပ္တို႔တပ္မ်ားအား အၿမဲခန႔္ညားေနရန္အတြက္ ကြၽႏ္ုပ္တို႔သည္ နယ္ပယ္အႏွံ႔မွ စစ္ကဲမ်ားႏွင့္ တိုက္ပြဲမ်ားဆင္ႏႊဲရသည္။ကြၽႏု္ပ္တို႔ တိုက္ပြဲမ်ားဆင္ႏႊဲၿပီးလွ်င္ ေခါင္းေဆာင္ႀကီးမ်ားက ၿငိမ္းခ်မ္းေရးေဆြးေႏြးၾက၏။ကြၽႏ္ုပ္တို႔ကား ယခုလိုကာလဆိုးႀကီးတြင္ အနစ္နာခံ ေပးဆပ္ရမည္ျဖစ္ေၾကာင္း စစ္ကဲႀကီးက အၿမဲမိန႔္ၾကားေလသည္။ႏိုင္ငံေရးကို ကြၽႏု္ပ္စိတ္မဝင္စား။
သိလည္းမသိ။ကြၽႏ္ုပ္ကား ကြၽႏု္ပ္သခင္ စစ္ကဲႀကီး၏ ေခါင္းေဆာင္မႈကို အႂကြင္းမဲ့ယုံသည္။

ကြၽႏု္ပ္တို႔သည္ စစ္ကဲႀကီး၏ ေခါင္းေဆာင္မႈေအာက္တြင္ ေခတ္မီေသာ နိပြန္တပ္မေတာ္ႀကီးအျဖစ္ ငွက္ေပ်ာအူကိုစုပ္ကာ စစ္တိုက္ၾကသည္။ျခင္းက်ားႀကီးမ်ားလြယ္ကာ ခရီးဆက္ၾကသည္။ေခတ္မမီေတာ့ေသာ လက္နက္မ်ားျဖင့္ တိုက္ခိုက္ၾကေသာ္လည္း ကြၽႏု္ပ္တို႔မွာ အလြန္သတၱိရွိၾကပါသည္။စြန႔္လႊတ္စြန႔္စား ဆာမူ႐ိုင္းဓါးဟု စစ္ကဲႀကီးက ခ်ီးက်ဴးေသာအခါ ကြၽႏ္ုပ္မွာ အလြန္ပင္ ဝမ္းသာပီတိျဖစ္မိသည္။တိုက္ပြဲနားခ်ိန္တြင္ ျပည္သူလူထု အက်ိဳးေဆာင္လုပ္ငန္းမ်ား လုပ္ၾကေပသည္။စစ္ကဲႀကီးတို႔ ေနထိုင္ေသာ ၿမိဳ႕ႀကီးျပႀကီးေနရာေတြကို ေရာက္ဖူးရန္ ကြၽႏ္ုပ္တို႔မွာ အခ်ိန္မရွိ။အားလပ္ခ်ိန္မ်ားတြင္ အရာရွိႀကီးမ်ား ခိုင္းသည္ကို ကြၽႏု္ပ္တို႔ ပါရမီျဖည့္ လုပ္ကိုင္ေပးရျပန္သည္။
မည္မွ်ပင္ပင္ပန္းပါေစ ကြၽႏု္ပ္တို႔မမႈ။ကြၽႏ္ုပ္တို႔ကား အမ်ိဳသားေရးအတြက္ အသက္ေပးၾကမည့္ ျပည္သူ႔ဆာမူ႐ိုင္းမ်ားေပတည္း။

စစ္ကဲႀကီးက ကြၽႏု္ပ္တို႔ ဆာမူ႐ိုင္းမ်ား က်ဆုံးသည့္အခါ က်န္ရစ္သည့္ မိသားစုမ်ားအတြက္ဆိုကာ ကြၽႏ္ုပ္တို႔ လစာထဲမွ ျဖတ္ထုတ္ျဖဳတ္ၿပီး စုေဆာင္းေပးထား၏။အေမွ်ာ္အျမင္ႀကီးေသာ စစ္ကဲႀကီးေပ။

သို႔ေသာ္ျငား အခ်ိဳ႕ျပည္သူမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ားက စစ္ကဲႀကီးအား အျမင္မၾကည္။စစ္ကဲႀကီးကို အျမင္မၾကည္ျခင္းသည္ ကြၽႏု္ပ္တို႔ကို မၾကည္ျခင္းပင္ မဟုတ္ေလာ။ထို႔ေၾကာင့္ စစ္ကဲႀကီးတို႔က ဆာမူ႐ိုင္းမ်ားသည္ လူၾကမ္းမဟုတ္ပါဟုပင္ ေျပာယူၾကရသည္။ေမဂ်ီအစိုးရသည္ ႏိုင္ငံျခားႏွင့္ ကူးလူးဆက္ဆံၿပီး ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခဲ့ေသာ ကြၽႏ္ုပ္တို႔၏ အမ်ိဳးဘာသာ သာသနာကို ႏိုင္ငံျခားသားထံ ေရာင္းစားေတာ့မည္ဟု ကြၽႏု္ပ္တို႔၏ ေခါင္းေဆာင္ႀကီးမ်ားက ေျပာျပသျဖင့္ သိရသည္။

ဆာမူ႐ိုင္းက ရန္သူကို ဓါးနဲ႔ခုတ္သတ္လွ်င္ ငရဲမႀကီးဟု ရွင္တိုကိုယ္ေတာ္ႀကီးမ်ားကလည္း ေဟာေပးေျပာေပးၾကသည္။ကြၽႏ္ုပ္နားမလည္သည္က ျပည္ပရန္ဆိုၿပီး ကြၽႏ္ုပ္တို႔ အခ်င္းခ်င္းသာ ခြတိုက္ေနရသည့္ ကိစၥပင္။အမ်ိဳးသားေရးဆိုသည္မွာ ကြၽႏ္ုပ္တို႔အခ်င္းခ်င္း တိုက္ေနၾကျခင္းလား။ကြၽႏ္ုပ္ဉာဏ္မမီပါ။သို႔ေသာ္ ကြၽႏ္ုပ္သည္ အမ်ိဳးသားေရး ဆာမူ႐ိုင္းႀကီးအျဖစ္ တာဝန္ယူရသည္ကို ဂုဏ္ယူေနမိပါ၏။ဂုဏ္ယူလို႔မွ မဆုံးခင္ တိုက္ပြဲထြက္ရန္ အေၾကာင္းေပၚလာေခ်ၿပီ။ကြၽႏ္ုပ္ စစ္တိုက္ရေခ်ေတာမည္..အေဆြ။ႏွႈတ္ဆက္ခဲ့ပါသည္……………………………………။

ကြၽႏ္ုပ္ကား တိုင္းျပည္အတြက္ ေပးဆပ္ခဲ့ရေပၿပီ။ဒဏ္ရာျပင္းထန္လြန္းခဲ့သျဖင့္ ဆက္လက္တာဝန္ထမ္းေဆာင္ရန္ မသင့္ေတာ္ေတာ့။ဆာမူ႐ိုင္းလူထြက္ ျဖစ္ခဲ့ေခ်ၿပီ။ဆာမူ႐ိုင္းမ်ား ေနထိုင္ရာ တဲတန္းမွလည္း ထြက္ခြာခဲ့ရေခ်ၿပီ။ေနျပည္ေတာ္သို႔ ကြၽႏ္ုပ္တက္လာခဲ့ေပ၏။ကြၽႏု္ပ္တို႔၏ စစ္ကဲႀကီးသည္ ကြၽႏ္ုပ္တို႔အား ၾကည့္ရႈပါလိမ့္မည္။ကြၽႏ္ုပ္တို႔ ဆာမူ႐ိုင္းလူထြက္တသိုက္ ေနျပည္ေတာ္တဝိုက္ လွည့္လည္ၾက၏။စည္ကားလွပါဘိ။ဥယ်ာဥ္တစ္ခုအတြင္း ဝင္ေသာအခါ ခမ္းနားလွေသာ စားေသာက္ဆိုင္ႀကီးကို ေတြ႕ရသည္။လူဂုဏ္တန္မ်ား ဝင္ထြက္သြားလာ စားေသာက္ေနၾကသည္။ကြၽႏ္ုပ္တို႔အား ထိုဆိုင္ႀကီးမ်ားသို႔ စားႏိုင္ရန္ ေငြေၾကးမျပည့္စုံပါ။ကြၽႏ္ုပ္တို႔ လိုခ်င္သည္က အလုပ္တစ္ခုခုပင္ ျဖစ္သည္။

အလို..ဒီေလာက္ႀကီးမားသည့္ ဆိုင္ႀကီး ဘယ္သူပိုင္သနည္း။ကြၽႏု္ပ္တို႔ စုံစမ္းသည့္အခါ ကြၽႏု္ပ္တို႔၏ ခ်စ္လွစြာေသာ စစ္ကဲႀကီး၏ ခ်စ္လွစြာေသာ သားကေလး ပိုင္သည္တဲ့။အလို ကြၽႏ္ုပ္တို႔ စစ္ကဲႀကီး၏ သားကေလးကား ဖခင္ႏွင့္တူသျဖင့္ ေတာ္လွပါဘိ။အသက္ငယ္ငယ္ကေလးႏွင့္ လူခ်မ္းသာ သူေဌးႀကီး ျဖစ္ေနေပၿပီ။အားက်လွပါဘိ။နယ္တြင္ ပင္ပင္ပန္းပန္း ပဲငံျပာရည္ လုပ္ေရာင္းေနရသည့္ ကြၽႏ္ုပ္၏ သားကေလးကိုပင္  သတိရမိေသးသည္။သူမ်ားသားသမီးမ်ား ေတာ္လွ၏။ထိုဆိုင္တြင္ အလုပ္မရေသာအခါ ကြၽႏ္ုပ္တို႔ကား ေယာင္လည္လည္ျဖစ္ေနေပၿပီ။နာမည္ႀကီး ျပဇာတ္အဖြဲ႕ႀကီးမ်ား ကျပရာ ရပ္ကြက္သို႔ ကြၽႏု္ပ္တို႔ ေရာက္သြားျပန္သည္။ကြၽႏ္ုပ္တို႔ကား ျပဇာတ္ထဲ ဘယ္ေနရာခိုင္းခိုင္း အလုပ္ရလိုရျငား ေမးျမန္းၾကျပန္၏။

အလို..ကြၽႏု္ပ္မ်ားစြာ အံၾသေခ်ၿပီ။ျပဇာတ္အဖြဲ႕ ပိုင္ရွင္မ်ားက စစ္ကဲႀကီး သမီးပိုင္ျဖစ္ေနသည္။ေဂးရွားမယ္မ်ား ေ႐ြးခ်ယ္ရာတြင္လည္း စစ္ကဲႀကီး၏ ေခြၽးမပိုင္ ျဖစ္ေနျပန္သည္။အလို..ေတာ္လိုက္တဲ့ မိသားစုပါတကား။ဖခင္ျဖစ္သူ စစ္ကဲႀကီးက ပတ္လည္တိုက္ေနရေသာ စစ္ပြဲမ်ားႏွင့္ မအားမလပ္ျဖစ္ေနခ်ိန္မွာပင္ မိသားစုက ႐ိုးသားႀကိဳးစားၿပီး စီးပြားရွာၾကသည္မွာ လုပ္ငန္းရွင္ႀကီးမ်ားပင္ ျဖစ္ေနပါပေကာ။ကြၽႏ္ုပ္တို႔ ဆာမူ႐ိုင္းငယ္သားမ်ားအိမ္မွ မိသားစုမ်ားကား ညံ့လွေပသည္။ဘယ့္ႏွယ့္…ငါးထြက္ေရာင္း၊ ပဲငံျပာရည္ခ်က္ အဆင့္ကမတက္။
စစ္ကဲႀကီး သားသမီးေျမးတစ္စုကေတာ့ ၿမိဳ႕ေတာ္ႀကီး၏ ေနရာတကာတြင္ လက္ညႇိဳးထိုးမလြဲ ပိုင္ဆိုင္ထားေခ်ၿပီ။အင္မတန္မွ ႀကိဳးစားၿပီး ထူးခြၽန္ေအာင္ျမင္လာခဲ့ေသာ အားက်ဖြယ္ မိသားစုႀကီးပါတကား။

ကြၽႏု္ပ္ကား ကြၽႏု္ပ္တို႔ ဆာမူ႐ိုင္းစစ္ကဲႀကီးအတြက္ ဂုဏ္ယူမိေပၿပီ။ကြၽႏ္ုပ္တို႔လို ငွက္ေပ်ာအူစုပ္ ဆာမူ႐ိုင္း၊ ျခင္းက်ားလြယ္ ဆာမူ႐ိုင္း၊ ကီမိုႏိုအစုတ္ ဆာမူ႐ိုင္းမ်ားကို အထင္ေသးသူမ်ား။ကြၽႏ္ုပ္တို႔၏ စစ္ကဲႀကီးမိသားစုကို ရွႈေလာ့။တိုက္ပြဲမ်ားၾကားမွာ ရဲရင့္စြာစီးပြားရွာၿပီး ၿမိဳ႕ေတာ္ဂုဏ္ေဆာင္ လူ႔ခ်မ္းသာႀကီးေတြ ျဖစ္ေနေပၿပီ။ကြၽႏ္ုပ္ကား ဆာမူ႐ိုင္းဘဝတြင္ တိုက္ပြဲေပါင္းမ်ားစြာ ႏိုင္လာသည္ကို ယခုေလာက္ ဂုဏ္မယူစဖူး။ယခုေတာ့ ႐ိုးသားႀကိဳးစား စီးပြားေရးသမားႀကီးမ်ား ျဖစ္ေနၾကေသာ ကြၽႏု္ပ္တို႔ စစ္ကဲႀကီးမိသားစု ေအာင္ျမင္မႈအတြက္ ဂုဏ္ယူေပၿပီ။

ကြၽႏ္ုပ္တို႔၏ ခ်စ္လွစြာေသာ စစ္ကဲႀကီး ေျပာေျပာေနတတ္သည့္ အမ်ိဳးသားေရး၏ အဓိပၸါယ္ကို ကြၽႏ္ုပ္ ေမာင္ဆာမူ႐ိုင္း ေကာင္းေကာင္းႀကီး သေဘာေပါက္ေခ်ၿပီ။ကြၽႏ္ုပ္၏႐ြာမွ အမ်ိဳးမ်ား သာယာေရးအတြက္ ကြၽႏ္ုပ္တြင္ တာဝန္ရွိေပသည္။ထို႔ေၾကာင့္..ကြၽႏု္ပ္…႐ြာျပန္ေခ်ေတာ့မည္။ကြၽႏ္ုပ္တို႔ကား နိပြန္ျပည္မွ ဆာမူ႐ိုင္းမ်ား ျဖစ္ေတာ့သကိုး။

ထပ္ေျပာပါဦးမည္။

ကြၽႏ္ုပ္တို႔ကား နိပြန္ျပည္၊ ေမဂ်ီေခတ္အေစာပိုင္းမွ ဆာမူ႐ိုင္းမ်ားပါေနာ္။

ၿဗိတိသွ်ကိုကိုေမာင္
စက္တင္ဘာ - ၈