【 သရော်စာ 】 “ငဗစ်မွှေတဲ့ သင်္ကြန်”

【 သရော်စာ 】 “ငဗစ်မွှေတဲ့ သင်္ကြန်”

ငဗစ်ဆိုတာ သိလား..။
တရုတ် ဝူဟန်မှာ မွေးတဲ့ကောင်လေ…။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာမွေးတာ…။အခုမှ လေးငါး ခြောက်လသားပဲရှိသေးတာ..။
လသားပဲရှိတယ်ဆိုပြီး အထင်သေးနေလား…။
သူလက်ချက်ကြည့်လိုက်ဦး…။
သူကိုမွေးမွေးချင်း  လူ သုံးထောင်ကျော် သူလက်ချက်နဲ့ ထိသွားပြီ။
 အခု  ၅ လ ။ ကမ္ဘာတစ်ဝန်း ကူးစက်တာ လူ၁၆ သိန်း။သေတာ တစ်သိန်းကျော်..။
 အဲ့ဒီကောင်လက်ချက်နဲ မြန်မာသင်္ကြန်လည်းပျက်ပြီလေ။
ဒီနှစ်သင်္ကြန်ကတော့ သိတဲ့ အတိုင်းဘဲ ရေပက်ဖို့ မပြောနဲ့ ..အိမ်ပြင်ထွက်ရင်တောင် တစ်ယောက်တဲ့…။
 ဒါ ငဗစ်ကြောင့် သင်္ကြန် ကားပြီလေ…။

ဒီနှစ်သင်္ကြန်ကဲမယ်ကြိမ်းထားတဲ့ မောင်တွေသမျှ စမုံတုန်းလေပြီဘဲ။
တစ်ကယ်ပြောတာ တချို့ဆို ဒီနှစ်မှာ ပေ ၁၅၀  ရေကစားမဏ္ဍပ်တွေ ကြီးတွေ ဟီးနေအောင် ထိုးပြီး ဖွတ်ကလိဒင်္ဂါးတွေ သဲ့ယူမယ်ဆိုတဲ့ကောင်တွေလည်း နားကားပြီလေ။ 

တစ်နှစ်လုံးကြက်ယက်သလိုစုဆောင်းရှာဖွေပြီး ဒီလေးငါးရက်သေအောင် ကမြင်းမယ်ဆိုတဲ့ ကောင်တွေလည်း ကား။
ဒီတော့ တင်းပြီလေ.. ငဗစ် ပြေးနိုင်မှ လွှတ်မယ်ပေါ့….။
ငဗစ်ဆိုလို့သာ ငဗစ်ရတာ ဖြူသလားမည်းသလားလည်းမသိ..။

ဒါပေမယ့် ငဗစ်က ဗိုင်းရပ်စ်လည် ..။သူကြောင့်လူတွေ သိန်းချီသေ ….တကမ္ဘာလုံး စီးပွားပျက်.. ချစ်ခင်သူတွေ ပွေ့ဖက်မရနိုင်အောင် လက်ချက်ပြင်းနေပေမယ့် ခုထိ သိပ်တော်ပါတယ်ဆိုတဲ့ ကမ္ဘာပုလိပ်တို့ သခင်ကြီးတို့ လျှောင်ကီးတို့ တောင် ငဗစ်က ဘယ်လိုမှန်း အခုထိ မသိသေး။
ငဗစ်ကိုသမနိုင်ရင် ဘယ်လောက်ဆိုတာတောင် ငဗစ်ခြေရာကို မမိနိုင်သေး။ဒီတော့ တစ်ကမ္ဘာလုံး မတစ်ရာသားတွေ တင်းပြီလေ..။

သူတို့တောင်တင်းသေးတာ ကိုယ်တွေလို ငဗစ်စခြေချတဲ့နေရာနဲ့နီးတဲ့ နေရာကလူဆိုတာ ဘယ်လောက်တင်းမလဲဆိုတာသာကြည့်..။
အခုချိန် ငဗစ်သာ မရှိရင် ကိုယ်တွေ မဏ္ဍပ်မှာ သာသာယာယာ၊ အရက်ဆိုင်မှာ သာသာယာယာ၊ လမ်းထဲမှာ ဒွန့်လိုက် ဒန့်လိုက်နဲ့…….။
တောက်! ငဗစ်….ငဗစ်….။
ကိုယ်တွေလို တစ်နှစ်တစ်ခါ သောက်ကမြင်းကျောထမယ့်သူတွေလဲ ကား ..။ စီးပွားရှာမယ်ကောင် တွေလည်း ကား၊ သင်္ကြန်မှာ စော်ရှာမယ်ဆိုတဲ့ ကောင်တွေလည်း ကား…။
    

ဒီနှစ်က သင်္ကြန် ပိတ်ရက် ဆယ်ရက်တောင် မေမေက သဘောကောင်းပြီး ပေးထားတာ..။
အသကုန် ကဲပြီပေါ့ …။
ဒီနှစ် တာဇံတွေက ပြန်ချင်မှ ပြန်မှာ ဆိုပြီး တေးထားတာ..။
အခု ငဗစ်က ဖြစ်တော့ တာဇံတွေခမျာ ရွာလဲ မပြန်ရ … ဒီမှာလဲ မကဲရ နဲ့..။တာဇံတွေညစ်ပြီလေ…။
ဒီတော့ ငဗစ်ကိုတွေ့ရင် တာဇံတွေက ထုမှာ…။

 နိုင်ငံရေးတာဇံတွေလည်း ဒီနှစ်သင်္ကြန်ကို မျှော်တယ်လေ…။ ဒီနှစ်က ရွေးကောက်ပွဲရှိတယ်လေ..။
ဒီသင်္ကြန်မှာသာ  သံချပ်ထိုးပြီး မကျေနပ်တဲ့ သူတွေကို နှက်လိုက်ရရင်..။ မဲလည်းဆွယ်ပြီး အပုတ် လည်းချပြီး..။
အနည်းဆုံးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်…။    

ပျော်နေတာ ပျော်နေတာ…။
သောက် ငဗစ်ဆိုတဲ့ ကောင် ယုတ်လို့ သင်္ကြန်လည်းပျက် ဂွင်တွေလည်း ပျက်..။        
အခုတော့ မပြောချင်ဘူး..။
သင်္ကြန်ရေပက်ဖို့မပြောနဲ့…။ အပြင်ထွက်ရင်တောင် ထောက်ခံစာယူရမယ်ဆိုပဲ ..။
အရင်ကတော့ တမာရွတ်အားကိုး ..ငပိအားကိုးနဲ့ ငဗစ်ဆိုတာ မြန်မာကို မကူးရဲပါဘူး ပါဘူးနဲ့..။     မှတ်ပလား..။ အခု လူသုံးဆယ်ကျော်ပြီ။သေတာ သုံးယောက်ဆိုတော့ …။
မေမေလည်း ပျော်ဖို့မပြောနဲ့ … ကိုယ်လင်ကိုယ်မယားတောင် ၆ ပေကွာရမယ်တဲ့ …။
သေချင်းဆိုးငဗစ်…။    

ဒီတော့ ဆဲပြီ ..ဒါမျိုးမှ မဆဲရင် ဘယ်တော့ ဆဲမလဲ..။
ပျစ်ပျစ်နှစ်နှစ်ကို ဆဲတာ..။ဘယ်သူကိုလဲ ဟုတ်လား..။
အရင်စစ်အစိုးရလား…..အခုမေမေအစိုးရလား…။
အရောင်တောက်တဲ့ နီပေါတွေကိုလား… … နီရင်ဟောင်တဲ့ နီဟောင်တွေကိုလား…။
ဖွတ်မွဲပြာစုတွေကိုလား…..ဖွတ်စိမ်းပြာစုတွေကိုလား…..။
ဘယ်သူမှ မဟုတ်ဘူး….။
သေချင်းဇိုး ဖာလူဒါ ငဗစ်ကို ………။
ငဗစ်ကြောင့် ..အခုလူတွေ အပြင်တောင် မထွက်ကြဘူးလေ..။
စားစရာဝယ်လည်း သုတ်သုတ်…။သောက်စရာဝယ်လည်းသုတ်သုတ်….။
တောက်!  ကမ္ဘာ့မေတ္တာတုံး……။
ခုများ ငဗစ်ကိုဝိုင်းထုဖို့ အခွင့်ရရင် ထုကြမှာ…..။ ဒီထဲမှာ အဆိုးဆုံးက ယမကာလုလင်တွေ….။ သူတို့က တောက်တခေါက်ခေါက် လက်သီးတထိုးထိုးနှင့်..။
သူတို့ထက် ပို စိတ်ထွက်တာ ကလေးတွေ…..။
၉နှစ်အောက် ကလေးတွေ..။
ဟိုဝန်ကြီးက ၉ နှစ်အောက်ကလေးတွေ ငဗစ်မကူးဘူးဆိုလို ငဗစ်ကို လိုက်ရှာနေလေပြီ..။

 ရေပုံးတွေ ရေခွက်တွေနဲ့…။
 ငဗစ်သာ သူတို့တွေ့သွားရင် တွေးတောင်မတွေးရဲ…။
                                                                                           နတ်ဆိုး

(  Zawgyi  )

 ငဗစ္ဆိုတာ သိလား..။
တ႐ုတ္ ဝူဟန္မွာ ေမြးတဲ့ေကာင္ေလ…။ ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာေမြးတာ…။အခုမွ ေလးငါး ေျခာက္လသားပဲရွိေသးတာ..။
လသားပဲရွိတယ္ဆိုၿပီး အထင္ေသးေနလား…။
သူလက္ခ်က္ၾကည့္လိုက္ဦး…။
သူကိုေမြးေမြးခ်င္း  လူ သုံးေထာင္ေက်ာ္ သူလက္ခ်က္နဲ႔ ထိသြားၿပီ။
 အခု  ၅ လ ။ ကမာၻတစ္ဝန္း ကူးစက္တာ လူ၁၆ သိန္း။ေသတာ တစ္သိန္းေက်ာ္..။
 အဲ့ဒီေကာင္လက္ခ်က္နဲ ျမန္မာသၾကၤန္လည္းပ်က္ၿပီေလ။
ဒီႏွစ္သၾကၤန္ကေတာ့ သိတဲ့ အတိုင္းဘဲ ေရပက္ဖို႔ မေျပာနဲ႔ ..အိမ္ျပင္ထြက္ရင္ေတာင္ တစ္ေယာက္တဲ့…။
 ဒါ ငဗစ္ေၾကာင့္ သၾကၤန္ ကားၿပီေလ…။

ဒီႏွစ္သၾကၤန္ကဲမယ္ႀကိမ္းထားတဲ့ ေမာင္ေတြသမွ် စမုံတုန္းေလၿပီဘဲ။
တစ္ကယ္ေျပာတာ တခ်ိဳ႕ဆို ဒီႏွစ္မွာ ေပ ၁၅၀  ေရကစားမ႑ပ္ေတြ ႀကီးေတြ ဟီးေနေအာင္ ထိုးၿပီး ဖြတ္ကလိဒဂၤါးေတြ သဲ့ယူမယ္ဆိုတဲ့ေကာင္ေတြလည္း နားကားၿပီေလ။

တစ္ႏွစ္လုံးၾကက္ယက္သလိုစုေဆာင္းရွာေဖြၿပီး ဒီေလးငါးရက္ေသေအာင္ ကျမင္းမယ္ဆိုတဲ့ ေကာင္ေတြလည္း ကား။
ဒီေတာ့ တင္းၿပီေလ.. ငဗစ္ ေျပးႏိုင္မွ လႊတ္မယ္ေပါ့….။
ငဗစ္ဆိုလို႔သာ ငဗစ္ရတာ ျဖဴသလားမည္းသလားလည္းမသိ..။

ဒါေပမယ့္ ငဗစ္က ဗိုင္းရပ္စ္လည္ ..။သူေၾကာင့္လူေတြ သိန္းခ်ီေသ ….တကမာၻလုံး စီးပြားပ်က္.. ခ်စ္ခင္သူေတြ ေပြ႕ဖက္မရႏိုင္ေအာင္ လက္ခ်က္ျပင္းေနေပမယ့္ ခုထိ သိပ္ေတာ္ပါတယ္ဆိုတဲ့ ကမာၻပုလိပ္တို႔ သခင္ႀကီးတို႔ ေလွ်ာင္ကီးတို႔ ေတာင္ ငဗစ္က ဘယ္လိုမွန္း အခုထိ မသိေသး။
ငဗစ္ကိုသမႏိုင္ရင္ ဘယ္ေလာက္ဆိုတာေတာင္ ငဗစ္ေျခရာကို မမိႏိုင္ေသး။ဒီေတာ့ တစ္ကမာၻလုံး မတစ္ရာသားေတြ တင္းၿပီေလ..။

သူတို႔ေတာင္တင္းေသးတာ ကိုယ္ေတြလို ငဗစ္စေျခခ်တဲ့ေနရာနဲ႔နီးတဲ့ ေနရာကလူဆိုတာ ဘယ္ေလာက္တင္းမလဲဆိုတာသာၾကည့္..။
အခုခ်ိန္ ငဗစ္သာ မရွိရင္ ကိုယ္ေတြ မ႑ပ္မွာ သာသာယာယာ၊ အရက္ဆိုင္မွာ သာသာယာယာ၊ လမ္းထဲမွာ ဒြန႔္လိုက္ ဒန႔္လိုက္နဲ႔…….။
ေတာက္! ငဗစ္….ငဗစ္….။
ကိုယ္ေတြလို တစ္ႏွစ္တစ္ခါ ေသာက္ကျမင္းေက်ာထမယ့္သူေတြလဲ ကား ..။ စီးပြားရွာမယ္ေကာင္ ေတြလည္း ကား၊ သၾကၤန္မွာ ေစာ္ရွာမယ္ဆိုတဲ့ ေကာင္ေတြလည္း ကား…။
    

ဒီႏွစ္က သၾကၤန္ ပိတ္ရက္ ဆယ္ရက္ေတာင္ ေမေမက သေဘာေကာင္းၿပီး ေပးထားတာ..။
အသကုန္ ကဲၿပီေပါ့ …။
ဒီႏွစ္ တာဇံေတြက ျပန္ခ်င္မွ ျပန္မွာ ဆိုၿပီး ေတးထားတာ..။
အခု ငဗစ္က ျဖစ္ေတာ့ တာဇံေတြခမ်ာ ႐ြာလဲ မျပန္ရ … ဒီမွာလဲ မကဲရ နဲ႔..။တာဇံေတြညစ္ၿပီေလ…။
ဒီေတာ့ ငဗစ္ကိုေတြ႕ရင္ တာဇံေတြက ထုမွာ…။

 ႏိုင္ငံေရးတာဇံေတြလည္း ဒီႏွစ္သၾကၤန္ကို ေမွ်ာ္တယ္ေလ…။ ဒီႏွစ္က ေ႐ြးေကာက္ပြဲရွိတယ္ေလ..။
ဒီသၾကၤန္မွာသာ  သံခ်ပ္ထိုးၿပီး မေက်နပ္တဲ့ သူေတြကို ႏွက္လိုက္ရရင္..။ မဲလည္းဆြယ္ၿပီး အပုတ္ လည္းခ်ၿပီး..။
အနည္းဆုံးေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္…။    

ေပ်ာ္ေနတာ ေပ်ာ္ေနတာ…။
ေသာက္ ငဗစ္ဆိုတဲ့ ေကာင္ ယုတ္လို႔ သၾကၤန္လည္းပ်က္ ဂြင္ေတြလည္း ပ်က္..။        
အခုေတာ့ မေျပာခ်င္ဘူး..။
သၾကၤန္ေရပက္ဖို႔မေျပာနဲ႔…။ အျပင္ထြက္ရင္ေတာင္ ေထာက္ခံစာယူရမယ္ဆိုပဲ ..။
အရင္ကေတာ့ တမာ႐ြတ္အားကိုး ..ငပိအားကိုးနဲ႔ ငဗစ္ဆိုတာ ျမန္မာကို မကူးရဲပါဘူး ပါဘူးနဲ႔..။     မွတ္ပလား..။ အခု လူသုံးဆယ္ေက်ာ္ၿပီ။ေသတာ သုံးေယာက္ဆိုေတာ့ …။
ေမေမလည္း ေပ်ာ္ဖို႔မေျပာနဲ႔ … ကိုယ္လင္ကိုယ္မယားေတာင္ ၆ ေပကြာရမယ္တဲ့ …။
ေသခ်င္းဆိုးငဗစ္…။    

ဒီေတာ့ ဆဲၿပီ ..ဒါမ်ိဳးမွ မဆဲရင္ ဘယ္ေတာ့ ဆဲမလဲ..။
ပ်စ္ပ်စ္ႏွစ္ႏွစ္ကို ဆဲတာ..။ဘယ္သူကိုလဲ ဟုတ္လား..။
အရင္စစ္အစိုးရလား…..အခုေမေမအစိုးရလား…။
အေရာင္ေတာက္တဲ့ နီေပါေတြကိုလား… … နီရင္ေဟာင္တဲ့ နီေဟာင္ေတြကိုလား…။
ဖြတ္မြဲျပာစုေတြကိုလား…..ဖြတ္စိမ္းျပာစုေတြကိုလား…..။
ဘယ္သူမွ မဟုတ္ဘူး….။
ေသခ်င္းဇိုး ဖာလူဒါ ငဗစ္ကို ………။
ငဗစ္ေၾကာင့္ ..အခုလူေတြ အျပင္ေတာင္ မထြက္ၾကဘူးေလ..။
စားစရာဝယ္လည္း သုတ္သုတ္…။ေသာက္စရာဝယ္လည္းသုတ္သုတ္….။
ေတာက္!  ကမာၻ႔ေမတၱာတုံး……။
ခုမ်ား ငဗစ္ကိုဝိုင္းထုဖို႔ အခြင့္ရရင္ ထုၾကမွာ…..။ ဒီထဲမွာ အဆိုးဆုံးက ယမကာလုလင္ေတြ….။ သူတို႔က ေတာက္တေခါက္ေခါက္ လက္သီးတထိုးထိုးႏွင့္..။
သူတို႔ထက္ ပို စိတ္ထြက္တာ ကေလးေတြ…..။
၉ႏွစ္ေအာက္ ကေလးေတြ..။
ဟိုဝန္ႀကီးက ၉ ႏွစ္ေအာက္ကေလးေတြ ငဗစ္မကူးဘူးဆိုလို ငဗစ္ကို လိုက္ရွာေနေလၿပီ..။

 ေရပုံးေတြ ေရခြက္ေတြနဲ႔…။
 ငဗစ္သာ သူတို႔ေတြ႕သြားရင္ ေတြးေတာင္မေတြးရဲ…။
                                                                                           နတ္ဆိုး