【 သရော်စာ 】 “ထောက်ခံနက္ခတ်”

【 သရော်စာ 】 “ထောက်ခံနက္ခတ်”

စောရနက္ခတ်၊ ဘီလူးနက္ခတ် စသဖြင့် ကျွန်တော်ကြားဖူးပါသည်။

စောရနက္ခတ်မိသူသည် မခိုးရမနေနိုင်၊ ခိုးတတ်သည်။ဘီလူးနက္ခတ်မိနေသူသည် ကြမ်းတမ်းသည်။ရန်လိုသည်။နက္ခတ်တာရာ၊ ဂြိုလ်သွားဂြိုလ်လာအရ ထိုဇာတာခွင်အတွင်း ကျနေသူတို့ကို နက္ခတ်မိသည်ဟု ဆိုကြသည်။ဆရာမင်းလူ၏ အောင်ဘာလေစာအုပ်ထဲမှ ဇာတ်ကောင်သည် လူတကာကို လိုက်ကူညီတတ်သဖြင့် ကူညီနက္ခတ်များ ရှိသလားဟု ရေးထားတာဖတ်ဖူးခဲ့သည်။ဒါဆို ကျွန်တော်ကရော။

ကျွန်တော်က ဘာနက္ခတ်မိနေသနည်း။ကျွန်တော်စဉ်းစားကြည့်သည်။ကျွန်တော့်ကို မွေးတော့ ၁၉၈၈ ခုနှစ်။အနှီးထွေးလေးနှင့် ပုခက်ထဲတွင်ရှိနေစဉ် ဒီမိုကရေစီအရေးတော်ပုံကို ထောက်ခံပွဲ တစ်အိမ်တစ်ယောက် မတက်မနေရ ထွက်ရမည်ဟုဆိုသဖြင့် အဖေနှင့် ဦးလေးများ ထွက်ကြသည်။နောက် ဒီမိုကရေစီအရေးအတွက် အိမ်ရှင်မများက ထောက်ခံရမည်ဆိုသဖြင့် အမေက ကျွန်တော့်ကိုချီပိုးကာ ထွက်ခဲ့သည်။ဒီလိုနဲ့ ကျွန်တော် တစ်နှစ်သားမပြည့်မီမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်သည်။အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် တစ်အိမ်တစ်ယောက် ထွက်ရမည်ဆိုတော့ ကျွန်တော့်အဖေတွေ အဘိုးတွေ ငှက်ကြီးတောင် တ၀င့်၀င့်ဖြင့် ထွက်ကြသည်။အသစ်စက်စက် စစ်စေတနာရှင်အစိုးရက ဂျီသရီးကျည်ဆန်တွေ တစ်ဒိန်းဒိန်းဖြင် ကံစမ်းမဲဖောက်ပေးသဖြင့် အဖေရော အဘိုးပါ ရေမြောင်းထဲ ဆင်းပုန်းပြီး ထွက်ပြေးခဲ့ရသည်။

ဟော့..စစ်စေတနာရှင်အစိုးရလက်ထက်။ကျွန်တော် မူလတန်းတက်ပါပြီ။''မနက်ဖြန်စောစော ထောက်ခံပွဲသွားရမယ်။ကျောင်းရှေ့ကို မနက်ခြောက်နာရီ အရောက်လာခဲ့ပါ'' ဆရာမကပြောတော့ သုံးတန်းကျောင်းသားကျွန်တော် ဘုမသိကိုးမသိ ပျော်မိသည်။ထောက်ခံပွဲဆိုတာ သင်္ကြန်ပွဲလို ရေပက်ရတာလား။ကျောင်းကထိန်လို့ အကတွေ အတီးတွေနဲ့လားပေါ့။
ဟိုရောက်တော့ အလံလေးတွေ တစ်ယောက်တစ်ချောင်းရသည်။ဆရာမတွေ ဦးဆောင်မှုဖြင့် ဘောလုံးကွင်းကြီးထဲချီတက်။ဘာမှန်းမသိပေမယ့် ရှေ့ကလူကြီးတွေ အော်သည့်အတိုင်း လိုက်အော်။''ထောက်ခံပါတယ်။ထောက်ခံပါတယ်။အမျိုးသားညီလာခံကြီးကို ထောက်ခံပါတယ်။''

အဲ့ဒီတုန်းကတော့ ကျွန်တော်တို့ ပျော်ပျော်ကြီး ထောက်ခံသည်။စာသင်ချိန် တစ်ချိန်လောက် နောက်ကျလည်း နည်းတာကျလို့ဆိုပြီး ကြာကြာလေး ထောက်ခံချင်မိသည်။နောက်တော့ နေပူတဖြည်းဖြည်းပူလာသည်။စင်ပေါ်က လူတွေကလည်း  ဘာတွေပြောနေမှန်းမသိ။သူတို့ပြောပြီးလျှင် ထောက်ခံပါသည်ပဲ အော်နေရသဖြင့် လူက အာတွေခြောက်လာသည်။
ချွေးတွေပြန်လာသည်။ရေတွေဆာလာသည်။ဒီလိုနှင့် ကျွန်တော်သည် ပထမဆုံးအကြိမ် ထောက်ခံခြင်း၏အရသာကို သိခဲ့ရပါသည်။

မူလတန်းမှာ ထောက်ခံပွဲသုံးကြိမ် ကြုံလိုက်ရသည်။အလယ်တန်း စတက်ချင်း ထောက်ခံပွဲတစ်ခု ထပ်ကြုံရပြန်သည်။ပုဂံလူထုအစည်းအဝေးပွဲကြီးမှ လူထုထောက်ခံချက်များကို ထောက်ခံသည့်ပွဲတဲ့။ဟာ..ကြာသလားလို့။ဆရာ ဆရာမတွေ ဦးဆောင်ပြီး မော်တော်ကားကြီးများနှင့် သွားထောက်ခံရသည်ပဲ။ဒီတစ်ခါတော့ ဆမူဆာ တစ်ယောက်တစ်ခုစီ ဝေသည်။
ရေတော့မတိုက်။ကိုယ့်ရေဗူးနှင့်ကိုယ်။ကဲ..ထောက်ခံပါသည်။ထောက်ခံပါသည်။ဘယ်မှာ ဘာကို ဘယ်သူတွေက ဘယ်လိုထောက်ခံတာမှန်းတော့မသိ။ထောက်တော့ ခံလိုက်သည်။ဒီအတွက် ကျွန်တော်တို့အတွက် စာသင်ချိန်လည်း နေ့တ၀က်လွတ်သွားသည် မဟုတ်လား။နောက်ပိုင်းတော့ ဘဘကြီးတွေကို ကြိုဆိုထောက်ခံရတာ။ပြည်ပအားကိုး ပုဆိန်ရိုးတွေကို ရှုံ့ချပွဲလုပ်တာ။ပြည်ထောင်စုအလံကို ထောက်ခံကြိုဆိုတာ ထောက်ခံပွဲတွေ အစုံလာသည့်အခါ ကျွန်တော်သည် ထောက်ခံပွဲကျွမ်းကျင်သူတပိုင်း ဖြစ်လာသည်။

နယ်စပ်မှာ ထိုင်းနဲ့ တိုက်ပွဲတွေဖြစ်တုန်းကတောင် ထောက်ခံပွဲ ဘယ်တော့လုပ်မလဲ မျှော်မိသေးသည်။သို့သော် ထောက်ခံပွဲတော့မလုပ်။ယိုးဒယား - ဗမာ စစ်ပွဲသမိုင်းဆိုလား စာအုပ်တစ်အုပ်ထပ်တိုးပြီး စာသင်ရတာသာ အဖတ်တင်သည်။

အထက်တန်းကျောင်းသားဘဝရောက်တော့ လမ်းညွှန်မြေပုံ ခုနှစ်ချက်ကို ထောက်ခံပွဲဆိုတာကြီး လာပြန်သည်။ဒီတစ်ခါတော့ ကျွန်တော်တို့ ထောက်ခံပွဲဗျူဟာက ချိန်းပြီဖြစ်သည်။ကိုယ့်ဟာကိုယ်တောင် ပထဝီမသင်ချင်လို့ သိပ္ပံတွဲယူပါသည်ဆိုမှ မြေပုံတွေကို ထောက်ခံရမည်ဆိုတော့ သိပ်မလိုက်ချင်။သို့သော်လည်း ထောက်ခံပွဲလိုက်လျင် ဂွင်တစ်ခုက ရှိနေသည်။လမ်းမှာ အသာလစ်၊ ကျော်ဟိန်းထန်းရည်ဆိုင်မှာ ၀င်ကစ်၊ ပြီးတော့မှ နောက်က အသာလိုက်သွားပြီး လူအုပ်ထဲရောနေ။ကိုယ်ကြိုက်သည့် ကောင်မလေးတွေ အုပ်စုနားသွား ရစ်သီရစ်သီလုပ်။ထန်းရည်လေး မူးမူးနှင့် တော်ကီလေးဘာလေးပစ်။အောင်မယ်..လမ်းညွန်မြေပုံခုနှစ်ချက် ဆိုတာသာ ဘာမှန်းမသိတာ။ထန်းရည်တန်ခိုးနှင့် ကွင်းဘေးက ခြုံကောင်းကောင်းတွေမှာ အိမ်သာလမ်းညွှန်မြေပုံကိုတော့ ကောင်းကောင်းသိသွားသည်။

ဆယ်တန်းတွေ ဘာတွေအောင်ပြီ။တက္ကသိုလ်ကျောင်းသားကြီးဖြစ်ပြီ။အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ရန်ကုန်မှာ ငပေငတေဖြစ်ပြီ။ကျောင်းသားမဟုတ်တော့ဘူးဆိုလို့ ထောက်ခံပွဲနဲ့ လွတ်ပြီပေါ့။၂၀၀၇ ရောက်တော့ ဘုရားဒကာ၊ ကျောင်းဒကာ စစ်စေတနာရှင်အစိုးရက သံဃာတော်တွေကို တုတ်ဆွမ်းကပ်တဲ့အချိန်။ဆီစျေးတွေကတက်လို့ ဘတ်စ်ကားခတက်တဲ့ အချိန်နဲ့ကိုက်ပြီး သံဃာတော်တွေကိုလည်းထောက်ခံ၊ ဘတ်စ်ကားခလည်းသက်သာဆိုပြီး လမ်းလျှောက်လိုက်ပါလေရောလား။အဲ့ဒီမှာ ထောက်ခံရတာတော့ မစားသာ။ပြေးလိုက်လွှားလိုက် မလွတ်ရင် အနီစည်းနဲ့ ကွန်မန်ဒိုကြီးတွေရဲ့ ဝါးရင်းတုတ်စာလေးခံလိုက်နဲ့ ထောက်ခံတဲ့အရသာကို ကော့နေအောင် ခံလိုက်ရသည်။

အဲ့ဒါပြီးတော့ နာဂစ်ကြီးတိုက်ပြီ။မုန်တိုင်းကြီးထဲ စားရေးနေရေးက ခက်ခဲ။အောင်မယ် အဲ့ဒီလိုကာလတောင် ထောက်ခံပွဲရှိသဗျ။ဘယ့်နှယ့် နာဂစ်မုန်တိုင်းတော့ ဘယ်ထောက်ခံမတုန်း။မရမ်းကုန်း ရယကကို ဧည့်စာရင်းသွားတိုင်တော့..မနက်ဖြန် ဖွဲ့စည်းပုံထောက်ခံပွဲ မတက်မနေရတဲ့။မတက်ရင် ဧည့်စာရင်း မပေးတော့ဘူးတဲ့။ဒီတော့လည်း သူတို့ စီစဉ်ပေးသည့် ကားပေါ် မတက်ခင် ရယကလူကြီးကို မျက်ခွက်ကြီး သွားထိုးပြရသေး။မဟုတ်ရင် ဧည့်စာရင်းမပေးလို့ အချုပ်ထဲသွားအိပ်နေရမယ့်ကိန်းလေ။ဒီတခါတော့ ဟိုးကျောင်းတုန်းကလို မောင်ထောက်ခံလေး မဟုတ်တော့။ထောက်ခံချင်ယောင်ဆောင် ကားပေါ်တက်ပြီး ကားမီးပွိုင့်မိချိန်မှာ ပြေးဆင်းခဲ့ရ၏။

ဘဘကြီးတို့ ဒီမိုကရေစီအစိုးရ တက်ပြန်တော့လည်း လာပြီဟေ့။အိုအိုင်စီ၊ ဖယောင်းတိုင်၊ မြစ်ဆုံ မရိုးမရိုးနိုင်တဲ့ပွဲတွေ။ဒီကာလကတော့ တက်ကြွတဲ့ ကြက်ဖလေး မောင်ဗြိဟာ ဘာဖြစ်ဖြစ် ထောက်ခံလိုက်တာပါပဲ။အဲ..ငါးနှစ်တာကာလပြီး ရွေးကောက်ပွဲကာလရောက်ပြီ။ဒီတခါတော့ ထောက်ခံပြီ။

ရဲဘော်မေမေ အစိုးရအတွက် ထောက်ခံပွဲတွေလုပ်ကြသည်။ မောင်ဗြိတို့ ထိပ်ဆုံးကထောက်ခံသည်။အဲ့ဒီနောက်တော့ မြန်မာပြည်ကြီးထဲ ထောက်ခံပွဲတွေ တစ်နေ့တစ်မျိုးမရိုး။ဘက်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ ထောက်ခံပွဲတွေက မြို့တော်ခန်းမရှေ့ လက်မလည်။ဗိုလ်စိန်မှန်ကွင်းလည်း မအားရ။လမ်းလျှောက်ထောက်ခံပွဲတွေရှိသည်။
ထိုင်လျက်ထောက်ခံပွဲတွေရှိသည်။မော်တော်ကားဖြင့် ထောက်ခံပွဲတွေရှိသည်။ဒံပေါက်စားပြီး ထောက်ခံသူရှိသလို ကိုယ့်ထမင်းကိုယ်စား ထောက်ခံသူလည်းရှိသည်။အထောက်ခံကောင်းသဖြင့် ဘောစိဖြစ်သွားသူရှိသလို အထောက်ခံကောင်းသဖြင့် ဂျေးအောင်းသူတွေပါ ရှိလာတော့သည်။ကန့်ကွက်ပွဲများကို ထောက်ခံပွဲရှိသလို၊ ထောက်ခံပွဲများကို ကန့်ကွက်ပွဲဆိုတာလည်းရှိသည်။ထောက်ခံပွဲများကို ထောက်ခံပွဲရှိသလို၊ ကန့်ကွက်သူပွဲများကို ကန့်ကွက်ပွဲဆိုတာလည်းရှိသည်။ထောက်ခံပွဲစတိုင်လ်တွေကလည်း တဖြည်းဖြည်းပြောင်းလာသည်။အရင်ခေတ်ကလို မလာမနေရ မတက်မနေရမျိုး မဟုတ်တော့။လူတွေက ပျော်ပျော်ကြီးကို လာထောက်ခံကြတော့သည်။ယူနီဖောင်းတွေ၀တ်ပြီး ထောက်ခံတာရှိသလို ဗီနိုင်းမျိုးစုံ၊ စာသားမျိုးစုံကလည်း အဆင့်မြင့်လာသည်။ဆောင်းဘောက်စ်ကြီးတွေနဲ့ သီချင်းတွေဖွင့်၊ အမိုးပွင့်ကားကြီးတွေနဲ့ ပျော်ဖို့ကောင်းသည့် ထောက်ခံပွဲကြီးများ ဖြစ်လာကြသည်။
ပြည်သူတွေက တစ်နေ့တစ်ခြား ထောက်ခံပွဲကျွမ်းကျင်သူတွေ ဖြစ်လာကြသည်။

ဘာလိုလိုနှင့် ၂၀၂၀ ပင် နီးလာချေပြီ။ထောက်ခံပွဲလုပ်စရာ အကြောင်းတွေက ပေါ်လာစမြဲ။ရှိနေစမြဲ။ကျွန်တော်တို့ ထောက်ခံပွဲတွေ လုပ်နေရဆဲ။ထောက်ခံနေရဆဲ။ဒီတော့ ကျွန်တော်သည် ထောက်ခံပွဲနက္ခတ် မိနေသလား။ဒါမှမဟုတ်။တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ကံကြမ္မာကပဲ ထောက်ခံပွဲနက္ခတ်နဲ့ မိနေသလားပေါ့လေ။ဘာပဲဖြစ်ဖြစ် ထောက်ခံစရာရှိတာတော့ ထောက်ခံကြရပါဦးမည်။

သို့သော် ကျွန်တော်ကား အကောင်းမြင်ဝါဒသမားမို့ ဒီလိုတွေးမိပါသည်။နိုင်ငံတကာတွင် စစ်တိုက်ကျွမ်းကျင်သူတွေကို ကြေးစားစစ်သားအဖြစ် ငှားရမ်းကြသည်။နောင်ဆို ကျွန်တော်တို့ ပြည်သူများသည် နိုင်ငံတကာထောက်ခံပွဲများတွင် ထောက်ခံပွဲကျွမ်းကျင်သူများ ဖြစ်လာကြပြီး ပြည်ပမှ ငှားရမ်းလာနိုင်သည်။ဒါ တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တစ်ခုပင် မဟုတ်လော။ဒီတော့ ထောက်ခံပွဲတွေများများတက်ပြီး ထောက်ခံခြင်းပညာများ လေ့ကျင့်ထားသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်ခင်ဗျား။

ဗြိတိသျှကိုကိုမောင်
ဒီဇင်ဘာ - ၂၂

( Zawgyi )

ေစာရနကၡတ္၊ ဘီလူးနကၡတ္ စသျဖင့္ ကြၽန္ေတာ္ၾကားဖူးပါသည္။

ေစာရနကၡတ္မိသူသည္ မခိုးရမေနႏိုင္၊ ခိုးတတ္သည္။ဘီလူးနကၡတ္မိေနသူသည္ ၾကမ္းတမ္းသည္။ရန္လိုသည္။နကၡတ္တာရာ၊ ၿဂိဳလ္သြားၿဂိဳလ္လာအရ ထိုဇာတာခြင္အတြင္း က်ေနသူတို႔ကို နကၡတ္မိသည္ဟု ဆိုၾကသည္။ဆရာမင္းလူ၏ ေအာင္ဘာေလစာအုပ္ထဲမွ ဇာတ္ေကာင္သည္ လူတကာကို လိုက္ကူညီတတ္သျဖင့္ ကူညီနကၡတ္မ်ား ရွိသလားဟု ေရးထားတာဖတ္ဖူးခဲ့သည္။ဒါဆို ကြၽန္ေတာ္ကေရာ။

ကြၽန္ေတာ္က ဘာနကၡတ္မိေနသနည္း။ကြၽန္ေတာ္စဥ္းစားၾကည့္သည္။ကြၽန္ေတာ့္ကို ေမြးေတာ့ ၁၉၈၈ ခုႏွစ္။အႏွီးေထြးေလးႏွင့္ ပုခက္ထဲတြင္ရွိေနစဥ္ ဒီမိုကေရစီအေရးေတာ္ပုံကို ေထာက္ခံပြဲ တစ္အိမ္တစ္ေယာက္ မတက္မေနရ ထြက္ရမည္ဟုဆိုသျဖင့္ အေဖႏွင့္ ဦးေလးမ်ား ထြက္ၾကသည္။ေနာက္ ဒီမိုကေရစီအေရးအတြက္ အိမ္ရွင္မမ်ားက ေထာက္ခံရမည္ဆိုသျဖင့္ အေမက ကြၽန္ေတာ့္ကိုခ်ီပိုးကာ ထြက္ခဲ့သည္။ဒီလိုနဲ႔ ကြၽန္ေတာ္ တစ္ႏွစ္သားမျပည့္မီမွာပဲ စစ္တပ္က အာဏာသိမ္းလိုက္သည္။အာဏာသိမ္းစစ္အစိုးရကို ဆန္႔က်င္သည့္အေနျဖင့္ တစ္အိမ္တစ္ေယာက္ ထြက္ရမည္ဆိုေတာ့ ကြၽန္ေတာ့္အေဖေတြ အဘိုးေတြ ငွက္ႀကီးေတာင္ တ၀င့္၀င့္ျဖင့္ ထြက္ၾကသည္။အသစ္စက္စက္ စစ္ေစတနာရွင္အစိုးရက ဂ်ီသရီးက်ည္ဆန္ေတြ တစ္ဒိန္းဒိန္းျဖင္ ကံစမ္းမဲေဖာက္ေပးသျဖင့္ အေဖေရာ အဘိုးပါ ေရေျမာင္းထဲ ဆင္းပုန္းၿပီး ထြက္ေျပးခဲ့ရသည္။

ေဟာ့..စစ္ေစတနာရွင္အစိုးရလက္ထက္။ကြၽန္ေတာ္ မူလတန္းတက္ပါၿပီ။''မနက္ျဖန္ေစာေစာ ေထာက္ခံပြဲသြားရမယ္။ေက်ာင္းေရွ႕ကို မနက္ေျခာက္နာရီ အေရာက္လာခဲ့ပါ'' ဆရာမကေျပာေတာ့ သုံးတန္းေက်ာင္းသားကြၽန္ေတာ္ ဘုမသိကိုးမသိ ေပ်ာ္မိသည္။ေထာက္ခံပြဲဆိုတာ သၾကၤန္ပြဲလို ေရပက္ရတာလား။ေက်ာင္းကထိန္လို႔ အကေတြ အတီးေတြနဲ႔လားေပါ့။
ဟိုေရာက္ေတာ့ အလံေလးေတြ တစ္ေယာက္တစ္ေခ်ာင္းရသည္။ဆရာမေတြ ဦးေဆာင္မႈျဖင့္ ေဘာလုံးကြင္းႀကီးထဲခ်ီတက္။ဘာမွန္းမသိေပမယ့္ ေရွ႕ကလူႀကီးေတြ ေအာ္သည့္အတိုင္း လိုက္ေအာ္။''ေထာက္ခံပါတယ္။ေထာက္ခံပါတယ္။အမ်ိဳးသားညီလာခံႀကီးကို ေထာက္ခံပါတယ္။''

အဲ့ဒီတုန္းကေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္ေပ်ာ္ႀကီး ေထာက္ခံသည္။စာသင္ခ်ိန္ တစ္ခ်ိန္ေလာက္ ေနာက္က်လည္း နည္းတာက်လို႔ဆိုၿပီး ၾကာၾကာေလး ေထာက္ခံခ်င္မိသည္။ေနာက္ေတာ့ ေနပူတျဖည္းျဖည္းပူလာသည္။စင္ေပၚက လူေတြကလည္း  ဘာေတြေျပာေနမွန္းမသိ။သူတို႔ေျပာၿပီးလွ်င္ ေထာက္ခံပါသည္ပဲ ေအာ္ေနရသျဖင့္ လူက အာေတြေျခာက္လာသည္။
ေခြၽးေတြျပန္လာသည္။ေရေတြဆာလာသည္။ဒီလိုႏွင့္ ကြၽန္ေတာ္သည္ ပထမဆုံးအႀကိမ္ ေထာက္ခံျခင္း၏အရသာကို သိခဲ့ရပါသည္။

မူလတန္းမွာ ေထာက္ခံပြဲသုံးႀကိမ္ ႀကဳံလိုက္ရသည္။အလယ္တန္း စတက္ခ်င္း ေထာက္ခံပြဲတစ္ခု ထပ္ႀကဳံရျပန္သည္။ပုဂံလူထုအစည္းအေဝးပြဲႀကီးမွ လူထုေထာက္ခံခ်က္မ်ားကို ေထာက္ခံသည့္ပြဲတဲ့။ဟာ..ၾကာသလားလို႔။ဆရာ ဆရာမေတြ ဦးေဆာင္ၿပီး ေမာ္ေတာ္ကားႀကီးမ်ားႏွင့္ သြားေထာက္ခံရသည္ပဲ။ဒီတစ္ခါေတာ့ ဆမူဆာ တစ္ေယာက္တစ္ခုစီ ေဝသည္။
ေရေတာ့မတိုက္။ကိုယ့္ေရဗူးႏွင့္ကိုယ္။ကဲ..ေထာက္ခံပါသည္။ေထာက္ခံပါသည္။ဘယ္မွာ ဘာကို ဘယ္သူေတြက ဘယ္လိုေထာက္ခံတာမွန္းေတာ့မသိ။ေထာက္ေတာ့ ခံလိုက္သည္။ဒီအတြက္ ကြၽန္ေတာ္တို႔အတြက္ စာသင္ခ်ိန္လည္း ေန႔တ၀က္လြတ္သြားသည္ မဟုတ္လား။ေနာက္ပိုင္းေတာ့ ဘဘႀကီးေတြကို ႀကိဳဆိုေထာက္ခံရတာ။ျပည္ပအားကိုး ပုဆိန္႐ိုးေတြကို ရႈံ႕ခ်ပြဲလုပ္တာ။ျပည္ေထာင္စုအလံကို ေထာက္ခံႀကိဳဆိုတာ ေထာက္ခံပြဲေတြ အစုံလာသည့္အခါ ကြၽန္ေတာ္သည္ ေထာက္ခံပြဲကြၽမ္းက်င္သူတပိုင္း ျဖစ္လာသည္။

နယ္စပ္မွာ ထိုင္းနဲ႔ တိုက္ပြဲေတြျဖစ္တုန္းကေတာင္ ေထာက္ခံပြဲ ဘယ္ေတာ့လုပ္မလဲ ေမွ်ာ္မိေသးသည္။သို႔ေသာ္ ေထာက္ခံပြဲေတာ့မလုပ္။ယိုးဒယား - ဗမာ စစ္ပြဲသမိုင္းဆိုလား စာအုပ္တစ္အုပ္ထပ္တိုးၿပီး စာသင္ရတာသာ အဖတ္တင္သည္။

အထက္တန္းေက်ာင္းသားဘဝေရာက္ေတာ့ လမ္းၫႊန္ေျမပုံ ခုႏွစ္ခ်က္ကို ေထာက္ခံပြဲဆိုတာႀကီး လာျပန္သည္။ဒီတစ္ခါေတာ့ ကြၽန္ေတာ္တို႔ ေထာက္ခံပြဲဗ်ဴဟာက ခ်ိန္းၿပီျဖစ္သည္။ကိုယ့္ဟာကိုယ္ေတာင္ ပထဝီမသင္ခ်င္လို႔ သိပၸံတြဲယူပါသည္ဆိုမွ ေျမပုံေတြကို ေထာက္ခံရမည္ဆိုေတာ့ သိပ္မလိုက္ခ်င္။သို႔ေသာ္လည္း ေထာက္ခံပြဲလိုက္လ်င္ ဂြင္တစ္ခုက ရွိေနသည္။လမ္းမွာ အသာလစ္၊ ေက်ာ္ဟိန္းထန္းရည္ဆိုင္မွာ ၀င္ကစ္၊ ၿပီးေတာ့မွ ေနာက္က အသာလိုက္သြားၿပီး လူအုပ္ထဲေရာေန။ကိုယ္ႀကိဳက္သည့္ ေကာင္မေလးေတြ အုပ္စုနားသြား ရစ္သီရစ္သီလုပ္။ထန္းရည္ေလး မူးမူးႏွင့္ ေတာ္ကီေလးဘာေလးပစ္။ေအာင္မယ္..လမ္းၫြန္ေျမပုံခုႏွစ္ခ်က္ ဆိုတာသာ ဘာမွန္းမသိတာ။ထန္းရည္တန္ခိုးႏွင့္ ကြင္းေဘးက ၿခဳံေကာင္းေကာင္းေတြမွာ အိမ္သာလမ္းၫႊန္ေျမပုံကိုေတာ့ ေကာင္းေကာင္းသိသြားသည္။

ဆယ္တန္းေတြ ဘာေတြေအာင္ၿပီ။တကၠသိုလ္ေက်ာင္းသားႀကီးျဖစ္ၿပီ။အလုပ္တစ္ဖက္ ေက်ာင္းတစ္ဖက္နဲ႔ ရန္ကုန္မွာ ငေပငေတျဖစ္ၿပီ။ေက်ာင္းသားမဟုတ္ေတာ့ဘူးဆိုလို႔ ေထာက္ခံပြဲနဲ႔ လြတ္ၿပီေပါ့။၂၀၀၇ ေရာက္ေတာ့ ဘုရားဒကာ၊ ေက်ာင္းဒကာ စစ္ေစတနာရွင္အစိုးရက သံဃာေတာ္ေတြကို တုတ္ဆြမ္းကပ္တဲ့အခ်ိန္။ဆီေစ်းေတြကတက္လို႔ ဘတ္စ္ကားခတက္တဲ့ အခ်ိန္နဲ႔ကိုက္ၿပီး သံဃာေတာ္ေတြကိုလည္းေထာက္ခံ၊ ဘတ္စ္ကားခလည္းသက္သာဆိုၿပီး လမ္းေလွ်ာက္လိုက္ပါေလေရာလား။အဲ့ဒီမွာ ေထာက္ခံရတာေတာ့ မစားသာ။ေျပးလိုက္လႊားလိုက္ မလြတ္ရင္ အနီစည္းနဲ႔ ကြန္မန္ဒိုႀကီးေတြရဲ႕ ဝါးရင္းတုတ္စာေလးခံလိုက္နဲ႔ ေထာက္ခံတဲ့အရသာကို ေကာ့ေနေအာင္ ခံလိုက္ရသည္။

အဲ့ဒါၿပီးေတာ့ နာဂစ္ႀကီးတိုက္ၿပီ။မုန္တိုင္းႀကီးထဲ စားေရးေနေရးက ခက္ခဲ။ေအာင္မယ္ အဲ့ဒီလိုကာလေတာင္ ေထာက္ခံပြဲရွိသဗ်။ဘယ့္ႏွယ့္ နာဂစ္မုန္တိုင္းေတာ့ ဘယ္ေထာက္ခံမတုန္း။မရမ္းကုန္း ရယကကို ဧည့္စာရင္းသြားတိုင္ေတာ့..မနက္ျဖန္ ဖြဲ႕စည္းပုံေထာက္ခံပြဲ မတက္မေနရတဲ့။မတက္ရင္ ဧည့္စာရင္း မေပးေတာ့ဘူးတဲ့။ဒီေတာ့လည္း သူတို႔ စီစဥ္ေပးသည့္ ကားေပၚ မတက္ခင္ ရယကလူႀကီးကို မ်က္ခြက္ႀကီး သြားထိုးျပရေသး။မဟုတ္ရင္ ဧည့္စာရင္းမေပးလို႔ အခ်ဳပ္ထဲသြားအိပ္ေနရမယ့္ကိန္းေလ။ဒီတခါေတာ့ ဟိုးေက်ာင္းတုန္းကလို ေမာင္ေထာက္ခံေလး မဟုတ္ေတာ့။ေထာက္ခံခ်င္ေယာင္ေဆာင္ ကားေပၚတက္ၿပီး ကားမီးပြိဳင့္မိခ်ိန္မွာ ေျပးဆင္းခဲ့ရ၏။

ဘဘႀကီးတို႔ ဒီမိုကေရစီအစိုးရ တက္ျပန္ေတာ့လည္း လာၿပီေဟ့။အိုအိုင္စီ၊ ဖေယာင္းတိုင္၊ ျမစ္ဆုံ မ႐ိုးမ႐ိုးႏိုင္တဲ့ပြဲေတြ။ဒီကာလကေတာ့ တက္ႂကြတဲ့ ၾကက္ဖေလး ေမာင္ၿဗိဟာ ဘာျဖစ္ျဖစ္ ေထာက္ခံလိုက္တာပါပဲ။အဲ..ငါးႏွစ္တာကာလၿပီး ေ႐ြးေကာက္ပြဲကာလေရာက္ၿပီ။ဒီတခါေတာ့ ေထာက္ခံၿပီ။

ရဲေဘာ္ေမေမ အစိုးရအတြက္ ေထာက္ခံပြဲေတြလုပ္ၾကသည္။ ေမာင္ၿဗိတို႔ ထိပ္ဆုံးကေထာက္ခံသည္။အဲ့ဒီေနာက္ေတာ့ ျမန္မာျပည္ႀကီးထဲ ေထာက္ခံပြဲေတြ တစ္ေန႔တစ္မ်ိဳးမ႐ိုး။ဘက္ေပါင္းစုံ၊ အဖြဲ႕ေပါင္းစုံ ေထာက္ခံပြဲေတြက ၿမိဳ႕ေတာ္ခန္းမေရွ႕ လက္မလည္။ဗိုလ္စိန္မွန္ကြင္းလည္း မအားရ။လမ္းေလွ်ာက္ေထာက္ခံပြဲေတြရွိသည္။
ထိုင္လ်က္ေထာက္ခံပြဲေတြရွိသည္။ေမာ္ေတာ္ကားျဖင့္ ေထာက္ခံပြဲေတြရွိသည္။ဒံေပါက္စားၿပီး ေထာက္ခံသူရွိသလို ကိုယ့္ထမင္းကိုယ္စား ေထာက္ခံသူလည္းရွိသည္။အေထာက္ခံေကာင္းသျဖင့္ ေဘာစိျဖစ္သြားသူရွိသလို အေထာက္ခံေကာင္းသျဖင့္ ေဂ်းေအာင္းသူေတြပါ ရွိလာေတာ့သည္။ကန္႔ကြက္ပြဲမ်ားကို ေထာက္ခံပြဲရွိသလို၊ ေထာက္ခံပြဲမ်ားကို ကန္႔ကြက္ပြဲဆိုတာလည္းရွိသည္။ေထာက္ခံပြဲမ်ားကို ေထာက္ခံပြဲရွိသလို၊ ကန္႔ကြက္သူပြဲမ်ားကို ကန္႔ကြက္ပြဲဆိုတာလည္းရွိသည္။ေထာက္ခံပြဲစတိုင္လ္ေတြကလည္း တျဖည္းျဖည္းေျပာင္းလာသည္။အရင္ေခတ္ကလို မလာမေနရ မတက္မေနရမ်ိဳး မဟုတ္ေတာ့။လူေတြက ေပ်ာ္ေပ်ာ္ႀကီးကို လာေထာက္ခံၾကေတာ့သည္။ယူနီေဖာင္းေတြ၀တ္ၿပီး ေထာက္ခံတာရွိသလို ဗီႏိုင္းမ်ိဳးစုံ၊ စာသားမ်ိဳးစုံကလည္း အဆင့္ျမင့္လာသည္။ေဆာင္းေဘာက္စ္ႀကီးေတြနဲ႔ သီခ်င္းေတြဖြင့္၊ အမိုးပြင့္ကားႀကီးေတြနဲ႔ ေပ်ာ္ဖို႔ေကာင္းသည့္ ေထာက္ခံပြဲႀကီးမ်ား ျဖစ္လာၾကသည္။
ျပည္သူေတြက တစ္ေန႔တစ္ျခား ေထာက္ခံပြဲကြၽမ္းက်င္သူေတြ ျဖစ္လာၾကသည္။

ဘာလိုလိုႏွင့္ ၂၀၂၀ ပင္ နီးလာေခ်ၿပီ။ေထာက္ခံပြဲလုပ္စရာ အေၾကာင္းေတြက ေပၚလာစၿမဲ။ရွိေနစၿမဲ။ကြၽန္ေတာ္တို႔ ေထာက္ခံပြဲေတြ လုပ္ေနရဆဲ။ေထာက္ခံေနရဆဲ။ဒီေတာ့ ကြၽန္ေတာ္သည္ ေထာက္ခံပြဲနကၡတ္ မိေနသလား။ဒါမွမဟုတ္။တစ္ႏိုင္ငံလုံးက ျပည္သူေတြရဲ႕ ကံၾကမၼာကပဲ ေထာက္ခံပြဲနကၡတ္နဲ႔ မိေနသလားေပါ့ေလ။ဘာပဲျဖစ္ျဖစ္ ေထာက္ခံစရာရွိတာေတာ့ ေထာက္ခံၾကရပါဦးမည္။

သို႔ေသာ္ ကြၽန္ေတာ္ကား အေကာင္းျမင္ဝါဒသမားမို႔ ဒီလိုေတြးမိပါသည္။ႏိုင္ငံတကာတြင္ စစ္တိုက္ကြၽမ္းက်င္သူေတြကို ေၾကးစားစစ္သားအျဖစ္ ငွားရမ္းၾကသည္။ေနာင္ဆို ကြၽန္ေတာ္တို႔ ျပည္သူမ်ားသည္ ႏိုင္ငံတကာေထာက္ခံပြဲမ်ားတြင္ ေထာက္ခံပြဲကြၽမ္းက်င္သူမ်ား ျဖစ္လာၾကၿပီး ျပည္ပမွ ငွားရမ္းလာႏိုင္သည္။ဒါ တိုင္းျပည္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းသစ္တစ္ခုပင္ မဟုတ္ေလာ။ဒီေတာ့ ေထာက္ခံပြဲေတြမ်ားမ်ားတက္ၿပီး ေထာက္ခံျခင္းပညာမ်ား ေလ့က်င့္ထားသင့္ေၾကာင္း တိုက္တြန္းလိုက္ပါသည္ခင္ဗ်ား။

ၿဗိတိသွ်ကိုကိုေမာင္
ဒီဇင္ဘာ - ၂၂