【 သရော်စာ 】 “ပရဟိတ စီးပွားရေး”

【 သရော်စာ 】 “ပရဟိတ စီးပွားရေး”

မြန်မာတွေ အဆင့်မြင့်လာပြီဟုဆိုရမည်။ အရင်က မြန်မာပြည်မှာ ပရဟိတဖြင့် စီးပွားရှာသူတွေ သိပ်မရှိ။ ဓမ္မာရုံက ငွေတွေကို ဘတ်တာလောက်ပဲရှိသည်။ အခုဆို ဒီလိုမဟုတ်။ ပရဟိတလုပ်ငန်းထောင်ကာ စီးပွားရှာနိုင်လေပြီ။

အရင်ကဆို နိုင်ငံခြားကလူတွေပဲ ပရဟိတဖြင့် စီးပွားရှာကြသည်။ NGO များပင်။ NGO ဆိုသည်မှာ အစိုးရမဟုတ်သော အဖွဲ့အစည်း။ အကျိုးအမြတ်မယူသော အဖွဲ့ဟု ဆိုကြသည်။ NGO များသည် ဆင်းရဲသော ဒေသများ၊ ဆင်းရဲသော နိုင်ငံများကို လှူတန်းလေ့ရှိကြသည်။ ဘယ်က ပိုက်ဆံနှင့် လှူသလဲဆိုတော့.... နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြားက သူဌေးများထံတွင် အလှူခံကြသည်။ ဒိုနာရှာသည်ဟု ဆိုသည်။ ဒိုနာက လှူသောငွေကို NGO တွေကရသည်။ ရသည့်ငွေတွေကို ဆင်းရဲသော ဒေသများသို့ သွားလှူကြသည်။

မြန်မာပြည်သို့ ၂၀၀၈ နာဂစ်မုန်တိုင်း အပြီးတွင် NGO များအလုံးအရင်းနှင့် ဝင်လာကြသည်။ လှူကြသည်။ ပေးကြသည်။ ခက်တာက NGO တွေ ဘယ်လောက်လှူလှူ တိုးတက်မလာခြင်းပင်။ ချင်းပြည်ကြည့်ကြည့်၊ ရှမ်းပြည်ကြည့်ကြည့် ရခိုင်ပြည်ကိုကြည့်ကြည့်။ ဘယ်နားကြည့်ကြည့် NGO ရှိသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးဟုဆိုကြသည်။ ဒါပေမဲ့ တကယ်တိုးတက်လားဆိုတော့ ထူးမခြားနာသာဖြစ်သည်။ ငွေချေးပေးသည်။ အရင်းအနှီးကူညီပေးသည်။ ဒါပေမဲ့ ဒုံးရင်းအတိုင်းသာ။ NGO တွေဆီက ချေးထားသောငွေတွေ ပြန်ဆပ်ဖို့ အပြင်က အတိုးကြီးကြီးနှင့်ယူရသည်။ အကြွေးတွေပိုထူလာတာသာရှိသည်။ ရေတွင်းတူးပေး၊ ရေကန်တူးပေးတာလောက်သာ အကောင်အထည်မြင်ရသည်။ အချို့ကတော့ ကျောင်းတွေ ဘာတွေ ဆောက်ပေးတတ်သည်။ ဒါလောက်သာဖြစ်သည်။ ဘယ်သူတွေ တိုးတက်သွားလဲဆိုတော့....။ NGO ဝန်ထမ်းတွေ။ လခကောင်းတာကိုး။

NGO များနှင့် ပတ်သက်၍ လူတိုင်းပြောကြတာရှိသည်။ ၂၀ း ၈၀ သည့် စကား။ အလှူရှင်က ၁၀၀ လှူလိုက်လျှင် ဆင်းရဲသားတွေဆီသို့ ၂၀ ဖိုးသာရောက်သည်။ ၈၀ ဖိုးက NGO ကလူတွေ သုံးတာ။ စားတာ၊ လခယူတာနှင့် ကုန်သည်။ ဒါကလည်း နိုင်ငံတကာ NGO တွေဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ သုံးရတာကိုး။ ဟိုတယ်မှာနေရသည်။ ကားအကောင်းစားစီးရသည်။ ဟိုတယ်စာတွေပဲ စားရသည်။ ပြီးတော့ လခကလည်း တနင့်တပိုး။ အဲ့လိုမှ မယူရင်လည်း ဒါမျိုး အနစ်နာခံပြီး ဘယ်လိုလုပ်လို့ဖြစ်နိုင်မလဲ။ လခနည်းသည့် ဝန်ထမ်းတွေ လာဘ်စားတာပဲကြည့်။ သူတို့ စားလို့ သုံးလို့ ပိုမှ မရှိဆင်းရဲသားတွေဆီ ကျန်သည့် ငွေလေး ရောက်သွားသည်။ ဒိုနာဆီမှာ အလှူခံတုန်းကတော့ ဆင်းရဲသားတွေကို လှူဖို့ပေါ့။ ဒါကြောင့် NGO နိုင်ငံတကာမှာ NGO ဈေးကွက်က သိပ်ကောင်းသည်။ NGO ဝန်ထမ်းဖြစ်ဖို့ကို သီးသန့်သင်ကြားကြရသေးသည်။

မြန်မာပြည်မှာတော့ NGO မှာ အလုပ်ရဖို့က တော်ဖို့လိုသည်။ ဘာတော်ဖို့လဲဆိုလျှင် အမျိုးတော်ဖို့လိုသည်။ NGO ဝန်ထမ်းထဲမှာ အသိဆွေမျိုး တယောက်ယောက်ရှိမှ အလုပ်ရနိုင်သည်။ အခုဆို နာဂစ်ဖြစ်တာ ဆယ်နှစ်ကျော်ပြီ။ အချို့ NGO တွေလည်း ပြန်ထွက်သွားပြီ။ အချို့လည်း ရှိဆဲပင်....။ ဘာတွေ အမြတ်ထွက်လဲဆိုတော့... မြန်မာတွေလည်း NGO တွေလို လုပ်တတ်လာခြင်းပင်။ မြန်မာပြည်မှာကလည်း လှူစရာနေရာတွေကပေါသည်။ ဘုရားတွေကတော့ သိပ်လှူစရာ မလိုတော့။ တော်တော်လေး ချမ်းသာနေကြပြီ။ လိုနေတာက လူတွေ။ ဆင်းရဲနေကြတုန်းပင်။ NGO ဘယ်လောက်ဝင်ဝင် ဘာမှ ပြောင်းမသွား။ ဒါကြောင့် မြန်မာပြည်က ပရဟိတ သမားတွေက ဆက်လက်ကူညီကြသည်။ ရေဘေးဆိုလည်း အပြေးအလွှား။ မီးဘေးဆိုလည်း အပြေးအလွှား။ နာရေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကုန်ကူညီကြသည်။ ၂၀၁၅ ရေဘေးတုန်းကဆို လမ်းပေါ်မှာ အလှူခံတွေချည်းပဲ ဖြစ်ကုန်လို့ အချင်းချင်း ပြန်အလှူခံကြရသည်။ အချို့ကလည်း အလှူခံရသည့် ငွေကို ဘတ်ပြေးကြသည်။ လုံးလုံးကို ပေါ်မလာတော့....။ အထုတ်အထည်နဲ့ ဖြစ်ကုန်သည်။ အချို့ကလည်း ကားတွေ ဝယ်စီး။ မြေတွေဝယ်၊ တိုက်တွေဆောက်လုပ်ကြသည်။ ဆင်းရဲသားတွေကို မလှူဘူးတော့ မဟုတ်ပါ။ လှူကြပါသည်။ ဆင်းရဲသားတွေကို မလှူလို့လည်း ဘယ်ဖြစ်မလဲ...။ သူတို့ အကြောင်းပြပြီး အလှူခံထားရတာမဟုတ်လား။ ဆင်းရဲသားတွေကို သွားလှူကြ။ သူတို့ရဲ့ သနားစရာပုံလေးတွေ ဓါတ်ပုံရိုက်ကြ။ အင်တာနက်ပေါ်တင်ကြ။ ဒါမှ လူတွေက ပိုသနား။ ပိုသနားတော့ ပိုလှူ။ နှစ်ဦးနှစ်ဖက် အကျိုးရှိ။ ဆင်းရဲသားတွေလည်း ခဏတဖြုတ်တော့ ပြေလည်သွားတာပေါ့လေ။ ပရဟိတသမားကြီးတွေကတော့ ပိုအဆင်ပြေတာပေါ့လေ။

သူတို့ အဆင်ပြေဖို့လည်း လိုသည်။ သူတို့သာ အဆင်မပြေရင် ပရဟိတကို ဘယ်သူတွေ ဆက်လုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ပရဟိတ အလုပ်ကို ဇောက်ချလုပ်တာကို သဘောကျမိသည်။ နိုင်ငံခြားသားတွေကို မီလာပြီဟု ဆိုရမည်။ နောက်ဆို မြန်မာပြည်က ပရဟိတ သမားတွေဟာ NGO ထောင်ပြီး လုပ်နိုင်တော့မည် ထင်သည်။ ဒါဆိုရင်တော့ နိုင်ငံခြားက NGO တွေကို မောင်းထုတ်ရမည်။ NGO ဝန်ထမ်းတွေပဲ ကောင်းစားနေတာ မဖြစ်သင့်။ မြန်မာပြည်က ပရဟိတသမားကြီးတွေလည်း ကောင်းစားချိန်တန်ပြီ.....။

စိုပြေ
ဇန်နဝါရီ - ၂၇

( Zawgyi )

ျမန္မာေတြ အဆင့္ျမင့္လာၿပီဟုဆိုရမည္။ အရင္က ျမန္မာျပည္မွာ ပရဟိတျဖင့္ စီးပြားရွာသူေတြ သိပ္မရွိ။ ဓမၼာ႐ုံက ေငြေတြကို ဘတ္တာေလာက္ပဲရွိသည္။ အခုဆို ဒီလိုမဟုတ္။ ပရဟိတလုပ္ငန္းေထာင္ကာ စီးပြားရွာႏိုင္ေလၿပီ။

အရင္ကဆို ႏိုင္ငံျခားကလူေတြပဲ ပရဟိတျဖင့္ စီးပြားရွာၾကသည္။ NGO မ်ားပင္။ NGO ဆိုသည္မွာ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္း။ အက်ိဳးအျမတ္မယူေသာ အဖြဲ႕ဟု ဆိုၾကသည္။ NGO မ်ားသည္ ဆင္းရဲေသာ ေဒသမ်ား၊ ဆင္းရဲေသာ ႏိုင္ငံမ်ားကို လႉတန္းေလ့ရွိၾကသည္။ ဘယ္က ပိုက္ဆံႏွင့္ လႉသလဲဆိုေတာ့.... ႏိုင္ငံျခားအစိုးရေတြ၊ ႏိုင္ငံျခားက သူေဌးမ်ားထံတြင္ အလႉခံၾကသည္။ ဒိုနာရွာသည္ဟု ဆိုသည္။ ဒိုနာက လႉေသာေငြကို NGO ေတြကရသည္။ ရသည့္ေငြေတြကို ဆင္းရဲေသာ ေဒသမ်ားသို႔ သြားလႉၾကသည္။

ျမန္မာျပည္သို႔ ၂၀၀၈ နာဂစ္မုန္တိုင္း အၿပီးတြင္ NGO မ်ားအလုံးအရင္းႏွင့္ ဝင္လာၾကသည္။ လႉၾကသည္။ ေပးၾကသည္။ ခက္တာက NGO ေတြ ဘယ္ေလာက္လႉလႉ တိုးတက္မလာျခင္းပင္။ ခ်င္းျပည္ၾကည့္ၾကည့္၊ ရွမ္းျပည္ၾကည့္ၾကည့္ ရခိုင္ျပည္ကိုၾကည့္ၾကည့္။ ဘယ္နားၾကည့္ၾကည့္ NGO ရွိသည္။ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဟုဆိုၾကသည္။ ဒါေပမဲ့ တကယ္တိုးတက္လားဆိုေတာ့ ထူးမျခားနာသာျဖစ္သည္။ ေငြေခ်းေပးသည္။ အရင္းအႏွီးကူညီေပးသည္။ ဒါေပမဲ့ ဒုံးရင္းအတိုင္းသာ။ NGO ေတြဆီက ေခ်းထားေသာေငြေတြ ျပန္ဆပ္ဖို႔ အျပင္က အတိုးႀကီးႀကီးႏွင့္ယူရသည္။ အေႂကြးေတြပိုထူလာတာသာရွိသည္။ ေရတြင္းတူးေပး၊ ေရကန္တူးေပးတာေလာက္သာ အေကာင္အထည္ျမင္ရသည္။ အခ်ိဳ႕ကေတာ့ ေက်ာင္းေတြ ဘာေတြ ေဆာက္ေပးတတ္သည္။ ဒါေလာက္သာျဖစ္သည္။ ဘယ္သူေတြ တိုးတက္သြားလဲဆိုေတာ့....။ NGO ဝန္ထမ္းေတြ။ လခေကာင္းတာကိုး။

NGO မ်ားႏွင့္ ပတ္သက္၍ လူတိုင္းေျပာၾကတာရွိသည္။ ၂၀ း ၈၀ သည့္ စကား။ အလႉရွင္က ၁၀၀ လႉလိုက္လွ်င္ ဆင္းရဲသားေတြဆီသို႔ ၂၀ ဖိုးသာေရာက္သည္။ ၈၀ ဖိုးက NGO ကလူေတြ သုံးတာ။ စားတာ၊ လခယူတာႏွင့္ ကုန္သည္။ ဒါကလည္း ႏိုင္ငံတကာ NGO ေတြဆိုေတာ့ ႏိုင္ငံတကာစံႏႈန္းနဲ႔ သုံးရတာကိုး။ ဟိုတယ္မွာေနရသည္။ ကားအေကာင္းစားစီးရသည္။ ဟိုတယ္စာေတြပဲ စားရသည္။ ၿပီးေတာ့ လခကလည္း တနင့္တပိုး။ အဲ့လိုမွ မယူရင္လည္း ဒါမ်ိဳး အနစ္နာခံၿပီး ဘယ္လိုလုပ္လို႔ျဖစ္ႏိုင္မလဲ။ လခနည္းသည့္ ဝန္ထမ္းေတြ လာဘ္စားတာပဲၾကည့္။ သူတို႔ စားလို႔ သုံးလို႔ ပိုမွ မရွိဆင္းရဲသားေတြဆီ က်န္သည့္ ေငြေလး ေရာက္သြားသည္။ ဒိုနာဆီမွာ အလႉခံတုန္းကေတာ့ ဆင္းရဲသားေတြကို လႉဖို႔ေပါ့။ ဒါေၾကာင့္ NGO ႏိုင္ငံတကာမွာ NGO ေဈးကြက္က သိပ္ေကာင္းသည္။ NGO ဝန္ထမ္းျဖစ္ဖို႔ကို သီးသန႔္သင္ၾကားၾကရေသးသည္။

ျမန္မာျပည္မွာေတာ့ NGO မွာ အလုပ္ရဖို႔က ေတာ္ဖို႔လိုသည္။ ဘာေတာ္ဖို႔လဲဆိုလွ်င္ အမ်ိဳးေတာ္ဖို႔လိုသည္။ NGO ဝန္ထမ္းထဲမွာ အသိေဆြမ်ိဳး တေယာက္ေယာက္ရွိမွ အလုပ္ရႏိုင္သည္။ အခုဆို နာဂစ္ျဖစ္တာ ဆယ္ႏွစ္ေက်ာ္ၿပီ။ အခ်ိဳ႕ NGO ေတြလည္း ျပန္ထြက္သြားၿပီ။ အခ်ိဳ႕လည္း ရွိဆဲပင္....။ ဘာေတြ အျမတ္ထြက္လဲဆိုေတာ့... ျမန္မာေတြလည္း NGO ေတြလို လုပ္တတ္လာျခင္းပင္။ ျမန္မာျပည္မွာကလည္း လႉစရာေနရာေတြကေပါသည္။ ဘုရားေတြကေတာ့ သိပ္လႉစရာ မလိုေတာ့။ ေတာ္ေတာ္ေလး ခ်မ္းသာေနၾကၿပီ။ လိုေနတာက လူေတြ။ ဆင္းရဲေနၾကတုန္းပင္။ NGO ဘယ္ေလာက္ဝင္ဝင္ ဘာမွ ေျပာင္းမသြား။ ဒါေၾကာင့္ ျမန္မာျပည္က ပရဟိတ သမားေတြက ဆက္လက္ကူညီၾကသည္။ ေရေဘးဆိုလည္း အေျပးအလႊား။ မီးေဘးဆိုလည္း အေျပးအလႊား။ နာေရးျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ အကုန္ကူညီၾကသည္။ ၂၀၁၅ ေရေဘးတုန္းကဆို လမ္းေပၚမွာ အလႉခံေတြခ်ည္းပဲ ျဖစ္ကုန္လို႔ အခ်င္းခ်င္း ျပန္အလႉခံၾကရသည္။ အခ်ိဳ႕ကလည္း အလႉခံရသည့္ ေငြကို ဘတ္ေျပးၾကသည္။ လုံးလုံးကို ေပၚမလာေတာ့....။ အထုတ္အထည္နဲ႔ ျဖစ္ကုန္သည္။ အခ်ိဳ႕ကလည္း ကားေတြ ဝယ္စီး။ ေျမေတြဝယ္၊ တိုက္ေတြေဆာက္လုပ္ၾကသည္။ ဆင္းရဲသားေတြကို မလႉဘူးေတာ့ မဟုတ္ပါ။ လႉၾကပါသည္။ ဆင္းရဲသားေတြကို မလႉလို႔လည္း ဘယ္ျဖစ္မလဲ...။ သူတို႔ အေၾကာင္းျပၿပီး အလႉခံထားရတာမဟုတ္လား။ ဆင္းရဲသားေတြကို သြားလႉၾက။ သူတို႔ရဲ႕ သနားစရာပုံေလးေတြ ဓါတ္ပုံ႐ိုက္ၾက။ အင္တာနက္ေပၚတင္ၾက။ ဒါမွ လူေတြက ပိုသနား။ ပိုသနားေတာ့ ပိုလႉ။ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိ။ ဆင္းရဲသားေတြလည္း ခဏတျဖဳတ္ေတာ့ ေျပလည္သြားတာေပါ့ေလ။ ပရဟိတသမားႀကီးေတြကေတာ့ ပိုအဆင္ေျပတာေပါ့ေလ။

သူတို႔ အဆင္ေျပဖို႔လည္း လိုသည္။ သူတို႔သာ အဆင္မေျပရင္ ပရဟိတကို ဘယ္သူေတြ ဆက္လုပ္မလဲ။ ဘာပဲျဖစ္ျဖစ္ ပရဟိတ အလုပ္ကို ေဇာက္ခ်လုပ္တာကို သေဘာက်မိသည္။ ႏိုင္ငံျခားသားေတြကို မီလာၿပီဟု ဆိုရမည္။ ေနာက္ဆို ျမန္မာျပည္က ပရဟိတ သမားေတြဟာ NGO ေထာင္ၿပီး လုပ္ႏိုင္ေတာ့မည္ ထင္သည္။ ဒါဆိုရင္ေတာ့ ႏိုင္ငံျခားက NGO ေတြကို ေမာင္းထုတ္ရမည္။ NGO ဝန္ထမ္းေတြပဲ ေကာင္းစားေနတာ မျဖစ္သင့္။ ျမန္မာျပည္က ပရဟိတသမားႀကီးေတြလည္း ေကာင္းစားခ်ိန္တန္ၿပီ.....။

စိုေျပ
ဇန္နဝါရီ - ၂၇