【 သရော်စာ 】 “ဘကြီးကျိုင်းရဲ့ လွှတ်တော်မှတ်တမ်း”

【 သရော်စာ 】 “ဘကြီးကျိုင်းရဲ့ လွှတ်တော်မှတ်တမ်း”

ခင်ဗျားတို့ ကျုပ်ကိုသိကြရဲ့လား။သိတော့ သိမှာပါဗျာ။နာမည်နဲ့ မတွဲမိတာပဲနေမယ်။လွှတ်တော်ချန်နယ်တွေ ဘာတွေ ကြည့်တဲ့သူတွေကတော့ ကျုပ်သိကြမှာပါ။

အော်..ဟုတ်ပါရဲ့။ကျုပ်နာမည် မိတ်ဆက်ပေးဖို့ မေ့နေတာရယ်။တော်ကြာ တကျုပ်ကျုပ်နဲ့ ပြောနေလို့ ဖေ့စဘွတ်ဆိုတာမယ် တရားတွေလိုက်စွဲပြီး နာမည်ကြီးနေတဲ့ ဟိုဆရာမလေး ထင်နေပါဦးမယ်။ကျုပ်နာမည် ဘကြီးကျိုင်းတဲ့ဗျ။

ငါတို့များလည်း လွှတ်တော်ချန်နယ်၊ လွှတ်တော်သတင်းတွေ အမြဲကြည့်၊ အမြဲဖတ်ပါတယ်ကွယ်။ဘကျိုင်းကြီးဆိုတဲ့ နာမည်နဲ့ လွှတ်တော်အမတ်များ ကြားကြားဖူးပေါင်ဗျာ။ဒါနဲ့ဘာလဲ .. ဘောင်းဘီဝတ်အမတ်တွေထဲကလားလို့တော့ မမေးလိုက်ပါနဲ့။ဘကြီးကျိုင်းက ဟိရိဩတ္တပတရားနဲ့ ပြည့်စုံပါတယ်။လွှတ်တော်ထဲ ဘောင်းဘီမဝတ်ပါဘူး။
အိုဟဲ့..တမျိုးမထင်ပါနဲ့။ဒီအသက်အရွယ်ကြီးမှ ဘောင်းဘီကြီးတကားကားနဲ့ဆို ဘကျိုင်းကြီးက ရှက်တတ်လို့ပါကွဲ့။ကဲ..ဟုတ်ပါပြီ။ဘကြီးကျိုင်းဆိုတာကို လွှတ်တော်ထဲ မမြင်ဘူး၊ မသိဘူးကြသူများကို ဘကျိုင်းကြီးကပဲ မိတ်ဆက်ပေးပါ့မယ်။ဘကြီးကျိုင်းဟာ လွှတ်တော်ထဲမှာ အကောင်ကွယ့်။ဘကြီးကျိုင်းလာပြီဆို ရောင်စုံအမတ်တွေအကုန်လုံး မတ်တပ်ရပ်နေကြရတာ။ဘကြီးကျိုင်း နောက်မှာမှ လွှတ်တော်ဥက္ကဋ္ဌက လိုက်ရတာ။အောင်မယ် .. ဘကြီးကျိုင်း လွှတ်တော်ထဲဝင်ရင်လည်း သူများတကာ အမတ်တွေလို လမ်းလျှောက်ဝင်ရတာ မဟုတ်ဘူး။တစ်ယောက်က ထမ်းသွားရတာမောင်။ကိုင်း .. ဒီလောက်ဆို ကျုပ် ဘကြီးကျိုင်းဟာ ဘယ်သူဆိုတာ ခင်ဗျားတို့ သိလောက်ရောပေါ့။

ဒါပေသိ .. ဒီအချက်တွေကိုကြည့်ပြီး . ဘကြီးကျိုင်းဆိုတဲ့ ခင်ဗျားကြီးက လွှတ်တော်ထဲ တယ်ဇိမ်ကျနေမယ်ဆိုပြီးတော့ မတွေးကြပါနဲ့ဗျာတို့။ကျုပ်မယ် တစ်နေ့ တစ်နေ့ လွှတ်တော်ကြီးထဲက အချွတ်အချော်တွေကို ထိုင်ကြည့်နေရတာ ဘယ်လောက်ဒုက္ခများတယ်ထင်တုန်း။သူများတွေက ဒီဒုက္ခကြီးခံရတာကို ဆယ်သိန်းစားရတယ်ဗျ။
ကျုပ်မှာတော့ ငုတ်တုတ်ကြီးမေ့နေရတာ။အဲ..တစ်ခုတော့ရှိတယ်။အခုအခါ မြန်မာပြည်လွှတ်တော်များထဲ ဘကျိုင်းကြီး ထိုင်နေတဲ့အခါ ဗဟုသုတမျိုးစုံ၊ စကားပြောနည်းမျိုးစုံ၊ စကားလုံးဝေါဟာရ ဖွင့်ဆိုချက်မျိုးစုံတော့ ပညာရသဗျာ။ဟိုတနေ့က ကြားလိုက်ကဲ့လား။ပင်လယ်ရေပြင်ကို ရေလုပ်သားတွေမပိုင် .. ရေငံပိုင်ဦးရှင်ကြီးသာ ပိုင်တယ်ဆိုတဲ့ အဆိုလေ။ဒီကိစ္စ ဟိုးလေးတကြော်ဖြစ်တော့ .. ဘကျိုင်းကြီးတောင် ဒီအမတ်မင်းစကားကိုကြားတော့ ရယ်ချင်မိသွားသေး။ရှေ့မှီနောက်မှီ ဘကျိုင်းကြီးဆိုတော့ ဟိုး ၁၉၂၈ ခုနှစ်က အင်္ဂလိပ်ခေတ်မှာဖြစ်ခဲ့တဲ့ အမှှုတစ်ခုကို သွားသတိရမိလိုက်သေးတယ်။

အဲ့ဒီတုန်းက ရန်ကုန် ဒီစတြိတ်မှာ မောရစ်ကောလစ် ဆိုတဲ့ စာရေးဆရာကြီးက တရားသူကြီးလုပ်နေချိန်ပေါ့။ပုလိပ်အဖွဲ့က ကိုသာစု ဆိုတဲ့ လူကို ပုဒ်မ ၁၀၉ ၁၁၀ နဲ့ ဖမ်းပြီး ရုံးတင်လာတယ်။၁၀၉ ၁၁၀ ဆိုတာ အဲ့ဒီခေတ်က အလုပ်မရှိအကိုင်မရှိ အခြေအနေမဲ့တွေကို ခြေချုပ်ထားတဲ့ ဥပဒေပေါ့။အခုခေတ်လို ဘာဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် နေရာတကာ ဝင်လုပ်ချင်နေတဲ့သူတွေကျ ဘာပုဒ်မများ တပ်ကြမလဲမသိဘူး။ကဲ..ထားပါတော့။ကိုသာစု ကို မောရစ်ကောလစ်ကြီးက စစ်မေးတော့ ကိုသာစု က သူ့မှာ အလုပ်ရှိပါတယ်။သူ့အလုပ်က ဦးရှင်ကြီး နတ်တင်ဆရာရဲ့ လက်ထောက်ပါတဲ့လေ။မြန်မာပါးဝလှပါချည်ရဲ့ဆိုတဲ့ မောရစ်ကောလစ်ကြီးတောင် ဒီရာထူးမကြားဖူးလေတော့ သူ့စကားကို ထောက်ခံပေးမယ့် သူ့ဆရာ ဦးရှင်ကြီး တင်တဲ့သူကို သက်သေဆင့်ခေါ်ရတယ်။ဦးရှင်ကြီးနတ်အကြောင်းမေးတော့ နတ်တင်ဆရာက ဦးရှင်ကြီး ဆိုတာ ရေငံပိုင်နတ်ဖြစ်ကြောင်း၊ ရေငံနဲ့ဆက်စပ်နေတဲ့ ဒေသတွေက ကိုးကွယ်ကြကြောင်း ဖြေတယ်။ဟုတ်ပြီ။ဒီတော့ ဒီရန်ကုန်နဲ့ ဦးရှင်ကြီးနတ်နဲ့ ဘာဆိုင်လို့ မောင်မင်းတို့က ဒီမှာ ဦးရှင်ကြီးလာတင်နေရတာတုန်းဆိုတော့ နတ်တင်ဆရာက ဖြေပြန်တယ်။လွန်ခဲ့တဲ့ နှစ် (၂၀) က သူဟာ ကျွန်းညိုကြီးမှာ နေကြောင်း၊ တစ်ရက်မှာ ဦးရှင်ကြီးနတ်ကွန်းကို သွားပသတုန်း ဦးရှင်ကြီး က ဝင်ပူးပြီး သူ ရန်ကုန်ပြောင်းချင်ပြီလို့ အမိန့်ရှိသတဲ့။ကျွန်းညိုကြီးမှာက လူနည်းပြီး ရန်ကုန်မှာက လှေသမား၊ သင်္ဘောသားတွေ များလာလို့ ဦးရှင်ကြီးက သူတို့ကို စောင့်ရှောက်ရင် သူတို့ကလည်း ဦးရှင်ကြီး ကို ပိုပသကြမှာလို့ ပြောတဲ့အတွက် သူတို့ ဆရာတပည့်နှစ်ယောက်ဟာ ဦးရှင်ကြီး ကို ပင့်ပြီး ရန်ကုန်မှာ နတ်ကွန်းဆောက် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ ဦးရှင်ကြီး ကလည်း သူ့မားကက်တင်းဈေးကွက်ကို ချဲ့ထွင်ပေးတဲ့ သူတို့ ဆရာတပည့်ကို ရန်ကုန် ဒီစတြိတ်ရဲ့ နတ်ဆရာအဖြစ် ခန့်ခဲ့တယ်လို့ ထွက်ဆိုသတဲ့လေ။အဲ့ဒီမှာ မောရစ်ကောလစ် လည်း ဘာမှမတတ်နိုင်တော့ဘူး။ဦးရှင်ကြီး ကိုပါ ခေါ်ပြီး သက်သေစစ်ရမလို ဖြစ်နေပြီလေ။ပြီးတော့ ဒီ ကိုသာစု ဟာ ဦးရှင်ကြီးနတ်တင်ရာကနေ ကိုယ်ပိုင်ဝင်ငွေလည်း ရှိနေတော့ အမှုကနေ ကွင်းလုံးကျွတ် လွှတ်လိုက်ရသတဲ့။

ကျုပ်ကတော့ ဒီအကြောင်းကိုတွေးမိပြီး ဒီအမတ်မင်းတော့ ကိုသာစု တို့ ဆရာတပည့်ကို အားကျတယ်ထင်ရဲ့လို့ တွေးပြီးပြုံးမိတာပါ။နောက်တော့ .. အဲ့ဒီလို မဟုတ်ဘူးတဲ့ဗျာ။အဲ့ဒီအမတ်မင်းပြောတဲ့ ဦးရှင်ကြီး ဆိုတာ မြန်မာ့ပင်လယ်ပြင်မှာ ပင်လယ်နဲ့စပ်ဆက် လုပ်စားတဲ့လူတွေအားလုံး မဖြစ်မနေပသရတဲ့ နောက်ပေါ် နတ်ကြီးတစ်ပါးကို ပြောတာတဲ့။မိကျောင်းစီးတဲ့ ဦးရှင်ကြီး မဟုတ်ဘူးတဲ့။သင်္ဘောစီးတဲ့ ဦးရှင်ကြီးတဲ့။သိမြင်သုတကြွယ်ဝတဲ့သူတွေက ဆိုကြပြောကြတော့မှ ကျုပ် ဦးကျိုင်းကြီးလည်း မျက်စိလေးမှေးပြီး စဉ်းစားကြည့်မှ အော် ဦးရှင်ကြီး ဆိုတာ ဦးရှင်ကြီး ကို ပြောတာပါလားဆိုပြီး တရေးရေးပေါ်လာတာပေါ့။အဲ .. ဘယ်ဦးရှင်ကြီးလဲ မမေးပါနဲ့။ရေလုပ်သားတွေ ပသရတယ်ဆိုတဲ့ ခေတ်ပေါ် ဦးရှင်ကြီး လို့ပဲ မှတ်ကြပေါ့ဗျနော့။

ဟော့ … အန်ကယ်လ်ရှင်ကိစ္စ ဟော့နေရှော့နေတုန်း .. နောက်တစ်မှု ထပ်ကြားပြန်သဗျာ။ဒါကတော့ ဘကြီးကျိုင်းတို့ လွှတ်တော်ထဲက ညီညာထကြွ လိမ္မာလှတဲ့ အမတ်သင်းလေးတွေ ပြောတာပါ။ဘာတဲ့ … ပြည်ပနဲ့ တိုက်နေတာမဟုတ်ပဲ ပြည်တွင်းချင်း တိုက်နေတာမို့ စစ်ပွဲလို့မခေါ်ပဲ တိုက်ပွဲလို့ ပြောင်းခေါ်ပေးပါတဲ့လေ။

အလို .. ဘကြီးကျိုင်း ခေါင်းစားပြီ။တစ်သက်နဲ့တစ်ကိုယ် ဒီလွှတ်တော်အဆက်ဆက် ငုတ်တုတ်ကြီး ငိုက်လာတာ ဒါမျိုး အခုမှကြားဖူးတော့တယ်။မှတ်သားဖွယ်ရာပါဟဲ့။ပြည်ပနဲ့တိုက်မှ စစ်ပွဲလို့ခေါ်ရမတဲ့။ပြည်တွင်းမှာ အချင်းချင်းချတော့ တိုက်ပွဲတဲ့။

ဘကြီးကျိုင်း အတွေးတွေ အခုမှ မီးသီးပွင့်သွားပြီလကွယ်။ဟုတ်တာပေါ့။ပြည်ပနဲ့တိုက်မှ စစ်ပွဲလို့ခေါ်ရမယ်ဆို ဘကြီးကျိုင်းတို့ ရွှေမြန်မာနိုင်ငံကြီးမှာ စစ်ပွဲဆိုတာ ဘယ်ရှိတော့မလဲ။အချင်းချင်းဂျိန်းနေတဲ့ တိုက်ပွဲတွေပဲ ရှိတော့မပေါ့။ဒီအကြောင်းကို ဟိုရပ်ပါအမတ်မင်းက ရေးတာလေး ဘကြီးကျိုင်း သဘောကျမိသကွယ်။ဘာတဲ့ ပြည်တွင်းအချင်းချင်း တိုက်တဲ့ပွဲထဲ ထွက်ပြေးနေတဲ့ ပြည်သူတွေကို တိုက်ဘေးရှောင်ဒုက္ခသည်ပေါ့တဲ့။ဒါပေါ့ .. ဘကြီးကျိုင်းက ထပ်ဖြည့်ပေးမယ်။ပြည်တွင်းအချင်းချင်း တိုက်တဲ့ဗျူဟာတွေကို တိုက်ဗျူဟာ၊ တိုက်ဆင်ရေး၊  ပြည်တွင်းအချင်းချင်း တိုက်တဲ့နေရာတွေကို တိုက်မြေပြင်၊ ပြည်တွင်းမှာ တိုက်တဲ့သူတွေကို တိုက်ဗိုလ်၊ တိုက်သား။ပြည်တွင်းအချင်းချင်းတိုက်ပြီး အနားယူသွားတဲ့သူတွေကို တိုက်မှုထမ်းဟောင်း။နောက်ထပ် တိုက်တက္ကသိုလ်၊ တိုက်သင်တန်းကျောင်း၊ တိုက်သမိုင်းပြတိုက်၊ တိုက်အင်ဂျင်နီယာ၊ တိုက်ဆရာဝန်၊ တိုက်ဆေးရုံ .. အင်း .. အင်း .. တပုံကြီးပဲရယ်။

ဟဲ့ .. ဒီလိုဆို သမိုင်းထဲက အခေါ်အဝေါ်တွေပါ ဘယ်နှယ့်လုပ်ရမလဲ .. ဘကြီးကျိုင်း တွေးတယ်။အင်းဝ၊ ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲဟာ အချင်းချင်းချကြတာမို့ နှစ်လေးဆယ်တိုက်ပွဲလို့ ပြောင်းခေါ်ရမလား။အခု အချင်းချင်းချခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကြာ အတွေ့အကြုံတွေကိုရေးရင် တိုက်သားဘဝ အမှတ်တရများလို့ ခေါင်းစဉ်တပ်မှာလား။
ရေဒီယိုအစီအစဉ်တွေမှာလည်း ရှေ့တန်းရောက် တိုက်သည်တော်များအတွက် တိုက်တေးများဆိုပြီး လွှင့်မလား။ငါ့သားများ တိုက်ထဲဝင်ရင်လေတို့၊ အချစ်နဲ့တိုက်မှာ မတရားတာမရှိတို့ ဆိုပြီး စကားပုံတွေပြောင်းကြမလား။

ဟော့ .. ရုပ်ရှင်ကားနာမည်တစ်ခုလည်း ပြောင်းရမယ်။တိုက်ပွဲခေါ်သံဆိုတဲ့ ဇာတ်ကား။အဲ့ဒီဇာတ်ကားက အင်္ဂလိပ်တွေနဲ့ တို့ဗမာအစည်းအရုံး တိုက်ပွဲအကြောင်းဆိုတော့ အချင်းချင်းချတာမဟုတ်ဘူး။ဒီတော့ စစ်ပွဲခေါ်သံလို့ ပြောင်းခေါ်ရမလား။ဟိုအရင် စစ်ပွဲတွေရပ်လို့ ဆန္ဒပြသူတွေကလည်း အချင်းချင်းချနေတဲ့ ပွဲတွေဆိုတော့ တိုက်ပွဲတွေရပ်လို့ ဗီနိုင်းတွေ ပြောင်းရိုက်ရမလား။

အိမ်း…ဘကြီးကျိုင်း ပညာတွေလည်း ရပါတယ်ကွယ်။တခါတခါ  စိမ်းစိမ်းကလေးတွေ ထရန်တွေ့ရင် ဘကြီးကျိုင်းမှာ ရင်ဖိုရမလို ရင်တုန်ရမလိုလည်း ကြုံရသေး။

ဟော့ဒီ … လွှတ်တော်ကြီးထဲ … ထိုင်ငိုက်ရင်း .. ဘကြီးကျိုင်းဟာ ပညာရှိဖြစ်လာတာလည်း မပြောနဲ့။တော်ကြရှာတာကိုးကွဲ့။တာ်ကြရှာတာကိုး။

ဗြိတိသျှကိုကိုမောင်
စက်တင်ဘာ - ၂၂

( Zawgyi )

ခင္ဗ်ားတို႔ က်ဳပ္ကိုသိၾကရဲ႕လား။သိေတာ့ သိမွာပါဗ်ာ။နာမည္နဲ႔ မတြဲမိတာပဲေနမယ္။လႊတ္ေတာ္ခ်န္နယ္ေတြ ဘာေတြ ၾကည့္တဲ့သူေတြကေတာ့ က်ဳပ္သိၾကမွာပါ။

ေအာ္..ဟုတ္ပါရဲ႕။က်ဳပ္နာမည္ မိတ္ဆက္ေပးဖို႔ ေမ့ေနတာရယ္။ေတာ္ၾကာ တက်ဳပ္က်ဳပ္နဲ႔ ေျပာေနလို႔ ေဖ့စဘြတ္ဆိုတာမယ္ တရားေတြလိုက္စြဲၿပီး နာမည္ႀကီးေနတဲ့ ဟိုဆရာမေလး ထင္ေနပါဦးမယ္။က်ဳပ္နာမည္ ဘႀကီးက်ိဳင္းတဲ့ဗ်။

ငါတို႔မ်ားလည္း လႊတ္ေတာ္ခ်န္နယ္၊ လႊတ္ေတာ္သတင္းေတြ အၿမဲၾကည့္၊ အၿမဲဖတ္ပါတယ္ကြယ္။ဘက်ိဳင္းႀကီးဆိုတဲ့ နာမည္နဲ႔ လႊတ္ေတာ္အမတ္မ်ား ၾကားၾကားဖူးေပါင္ဗ်ာ။ဒါနဲ႔ဘာလဲ .. ေဘာင္းဘီဝတ္အမတ္ေတြထဲကလားလို႔ေတာ့ မေမးလိုက္ပါနဲ႔။ဘႀကီးက်ိဳင္းက ဟိရိဩတၱပတရားနဲ႔ ျပည့္စုံပါတယ္။လႊတ္ေတာ္ထဲ ေဘာင္းဘီမဝတ္ပါဘူး။
အိုဟဲ့..တမ်ိဳးမထင္ပါနဲ႔။ဒီအသက္အ႐ြယ္ႀကီးမွ ေဘာင္းဘီႀကီးတကားကားနဲ႔ဆို ဘက်ိဳင္းႀကီးက ရွက္တတ္လို႔ပါကြဲ႕။ကဲ..ဟုတ္ပါၿပီ။ဘႀကီးက်ိဳင္းဆိုတာကို လႊတ္ေတာ္ထဲ မျမင္ဘူး၊ မသိဘူးၾကသူမ်ားကို ဘက်ိဳင္းႀကီးကပဲ မိတ္ဆက္ေပးပါ့မယ္။ဘႀကီးက်ိဳင္းဟာ လႊတ္ေတာ္ထဲမွာ အေကာင္ကြယ့္။ဘႀကီးက်ိဳင္းလာၿပီဆို ေရာင္စုံအမတ္ေတြအကုန္လုံး မတ္တပ္ရပ္ေနၾကရတာ။ဘႀကီးက်ိဳင္း ေနာက္မွာမွ လႊတ္ေတာ္ဥကၠ႒က လိုက္ရတာ။ေအာင္မယ္ .. ဘႀကီးက်ိဳင္း လႊတ္ေတာ္ထဲဝင္ရင္လည္း သူမ်ားတကာ အမတ္ေတြလို လမ္းေလွ်ာက္ဝင္ရတာ မဟုတ္ဘူး။တစ္ေယာက္က ထမ္းသြားရတာေမာင္။ကိုင္း .. ဒီေလာက္ဆို က်ဳပ္ ဘႀကီးက်ိဳင္းဟာ ဘယ္သူဆိုတာ ခင္ဗ်ားတို႔ သိေလာက္ေရာေပါ့။

ဒါေပသိ .. ဒီအခ်က္ေတြကိုၾကည့္ၿပီး . ဘႀကီးက်ိဳင္းဆိုတဲ့ ခင္ဗ်ားႀကီးက လႊတ္ေတာ္ထဲ တယ္ဇိမ္က်ေနမယ္ဆိုၿပီးေတာ့ မေတြးၾကပါနဲ႔ဗ်ာတို႔။က်ဳပ္မယ္ တစ္ေန႔ တစ္ေန႔ လႊတ္ေတာ္ႀကီးထဲက အခြၽတ္အေခ်ာ္ေတြကို ထိုင္ၾကည့္ေနရတာ ဘယ္ေလာက္ဒုကၡမ်ားတယ္ထင္တုန္း။သူမ်ားေတြက ဒီဒုကၡႀကီးခံရတာကို ဆယ္သိန္းစားရတယ္ဗ်။
က်ဳပ္မွာေတာ့ ငုတ္တုတ္ႀကီးေမ့ေနရတာ။အဲ..တစ္ခုေတာ့ရွိတယ္။အခုအခါ ျမန္မာျပည္လႊတ္ေတာ္မ်ားထဲ ဘက်ိဳင္းႀကီး ထိုင္ေနတဲ့အခါ ဗဟုသုတမ်ိဳးစုံ၊ စကားေျပာနည္းမ်ိဳးစုံ၊ စကားလုံးေဝါဟာရ ဖြင့္ဆိုခ်က္မ်ိဳးစုံေတာ့ ပညာရသဗ်ာ။ဟိုတေန႔က ၾကားလိုက္ကဲ့လား။ပင္လယ္ေရျပင္ကို ေရလုပ္သားေတြမပိုင္ .. ေရငံပိုင္ဦးရွင္ႀကီးသာ ပိုင္တယ္ဆိုတဲ့ အဆိုေလ။ဒီကိစၥ ဟိုးေလးတေၾကာ္ျဖစ္ေတာ့ .. ဘက်ိဳင္းႀကီးေတာင္ ဒီအမတ္မင္းစကားကိုၾကားေတာ့ ရယ္ခ်င္မိသြားေသး။ေရွ႕မွီေနာက္မွီ ဘက်ိဳင္းႀကီးဆိုေတာ့ ဟိုး ၁၉၂၈ ခုႏွစ္က အဂၤလိပ္ေခတ္မွာျဖစ္ခဲ့တဲ့ အမွႈတစ္ခုကို သြားသတိရမိလိုက္ေသးတယ္။

အဲ့ဒီတုန္းက ရန္ကုန္ ဒီစႀတိတ္မွာ ေမာရစ္ေကာလစ္ ဆိုတဲ့ စာေရးဆရာႀကီးက တရားသူႀကီးလုပ္ေနခ်ိန္ေပါ့။ပုလိပ္အဖြဲ႕က ကိုသာစု ဆိုတဲ့ လူကို ပုဒ္မ ၁၀၉ ၁၁၀ နဲ႔ ဖမ္းၿပီး ႐ုံးတင္လာတယ္။၁၀၉ ၁၁၀ ဆိုတာ အဲ့ဒီေခတ္က အလုပ္မရွိအကိုင္မရွိ အေျခအေနမဲ့ေတြကို ေျခခ်ဳပ္ထားတဲ့ ဥပေဒေပါ့။အခုေခတ္လို ဘာျဖစ္ျဖစ္ ဘယ္ေနရာျဖစ္ျဖစ္ ေနရာတကာ ဝင္လုပ္ခ်င္ေနတဲ့သူေတြက် ဘာပုဒ္မမ်ား တပ္ၾကမလဲမသိဘူး။ကဲ..ထားပါေတာ့။ကိုသာစု ကို ေမာရစ္ေကာလစ္ႀကီးက စစ္ေမးေတာ့ ကိုသာစု က သူ႔မွာ အလုပ္ရွိပါတယ္။သူ႔အလုပ္က ဦးရွင္ႀကီး နတ္တင္ဆရာရဲ႕ လက္ေထာက္ပါတဲ့ေလ။ျမန္မာပါးဝလွပါခ်ည္ရဲ႕ဆိုတဲ့ ေမာရစ္ေကာလစ္ႀကီးေတာင္ ဒီရာထူးမၾကားဖူးေလေတာ့ သူ႔စကားကို ေထာက္ခံေပးမယ့္ သူ႔ဆရာ ဦးရွင္ႀကီး တင္တဲ့သူကို သက္ေသဆင့္ေခၚရတယ္။ဦးရွင္ႀကီးနတ္အေၾကာင္းေမးေတာ့ နတ္တင္ဆရာက ဦးရွင္ႀကီး ဆိုတာ ေရငံပိုင္နတ္ျဖစ္ေၾကာင္း၊ ေရငံနဲ႔ဆက္စပ္ေနတဲ့ ေဒသေတြက ကိုးကြယ္ၾကေၾကာင္း ေျဖတယ္။ဟုတ္ၿပီ။ဒီေတာ့ ဒီရန္ကုန္နဲ႔ ဦးရွင္ႀကီးနတ္နဲ႔ ဘာဆိုင္လို႔ ေမာင္မင္းတို႔က ဒီမွာ ဦးရွင္ႀကီးလာတင္ေနရတာတုန္းဆိုေတာ့ နတ္တင္ဆရာက ေျဖျပန္တယ္။လြန္ခဲ့တဲ့ ႏွစ္ (၂၀) က သူဟာ ကြၽန္းညိဳႀကီးမွာ ေနေၾကာင္း၊ တစ္ရက္မွာ ဦးရွင္ႀကီးနတ္ကြန္းကို သြားပသတုန္း ဦးရွင္ႀကီး က ဝင္ပူးၿပီး သူ ရန္ကုန္ေျပာင္းခ်င္ၿပီလို႔ အမိန႔္ရွိသတဲ့။ကြၽန္းညိဳႀကီးမွာက လူနည္းၿပီး ရန္ကုန္မွာက ေလွသမား၊ သေဘၤာသားေတြ မ်ားလာလို႔ ဦးရွင္ႀကီးက သူတို႔ကို ေစာင့္ေရွာက္ရင္ သူတို႔ကလည္း ဦးရွင္ႀကီး ကို ပိုပသၾကမွာလို႔ ေျပာတဲ့အတြက္ သူတို႔ ဆရာတပည့္ႏွစ္ေယာက္ဟာ ဦးရွင္ႀကီး ကို ပင့္ၿပီး ရန္ကုန္မွာ နတ္ကြန္းေဆာက္ ေျပာင္းေ႐ႊ႕ေပးခဲ့ေၾကာင္း၊ ဦးရွင္ႀကီး ကလည္း သူ႔မားကက္တင္းေဈးကြက္ကို ခ်ဲ႕ထြင္ေပးတဲ့ သူတို႔ ဆရာတပည့္ကို ရန္ကုန္ ဒီစႀတိတ္ရဲ႕ နတ္ဆရာအျဖစ္ ခန႔္ခဲ့တယ္လို႔ ထြက္ဆိုသတဲ့ေလ။အဲ့ဒီမွာ ေမာရစ္ေကာလစ္ လည္း ဘာမွမတတ္ႏိုင္ေတာ့ဘူး။ဦးရွင္ႀကီး ကိုပါ ေခၚၿပီး သက္ေသစစ္ရမလို ျဖစ္ေနၿပီေလ။ၿပီးေတာ့ ဒီ ကိုသာစု ဟာ ဦးရွင္ႀကီးနတ္တင္ရာကေန ကိုယ္ပိုင္ဝင္ေငြလည္း ရွိေနေတာ့ အမႈကေန ကြင္းလုံးကြၽတ္ လႊတ္လိုက္ရသတဲ့။

က်ဳပ္ကေတာ့ ဒီအေၾကာင္းကိုေတြးမိၿပီး ဒီအမတ္မင္းေတာ့ ကိုသာစု တို႔ ဆရာတပည့္ကို အားက်တယ္ထင္ရဲ႕လို႔ ေတြးၿပီးၿပဳံးမိတာပါ။ေနာက္ေတာ့ .. အဲ့ဒီလို မဟုတ္ဘူးတဲ့ဗ်ာ။အဲ့ဒီအမတ္မင္းေျပာတဲ့ ဦးရွင္ႀကီး ဆိုတာ ျမန္မာ့ပင္လယ္ျပင္မွာ ပင္လယ္နဲ႔စပ္ဆက္ လုပ္စားတဲ့လူေတြအားလုံး မျဖစ္မေနပသရတဲ့ ေနာက္ေပၚ နတ္ႀကီးတစ္ပါးကို ေျပာတာတဲ့။မိေက်ာင္းစီးတဲ့ ဦးရွင္ႀကီး မဟုတ္ဘူးတဲ့။သေဘၤာစီးတဲ့ ဦးရွင္ႀကီးတဲ့။သိျမင္သုတႂကြယ္ဝတဲ့သူေတြက ဆိုၾကေျပာၾကေတာ့မွ က်ဳပ္ ဦးက်ိဳင္းႀကီးလည္း မ်က္စိေလးေမွးၿပီး စဥ္းစားၾကည့္မွ ေအာ္ ဦးရွင္ႀကီး ဆိုတာ ဦးရွင္ႀကီး ကို ေျပာတာပါလားဆိုၿပီး တေရးေရးေပၚလာတာေပါ့။အဲ .. ဘယ္ဦးရွင္ႀကီးလဲ မေမးပါနဲ႔။ေရလုပ္သားေတြ ပသရတယ္ဆိုတဲ့ ေခတ္ေပၚ ဦးရွင္ႀကီး လို႔ပဲ မွတ္ၾကေပါ့ဗ်ေနာ့။

ေဟာ့ … အန္ကယ္လ္ရွင္ကိစၥ ေဟာ့ေနေရွာ့ေနတုန္း .. ေနာက္တစ္မႈ ထပ္ၾကားျပန္သဗ်ာ။ဒါကေတာ့ ဘႀကီးက်ိဳင္းတို႔ လႊတ္ေတာ္ထဲက ညီညာထႂကြ လိမၼာလွတဲ့ အမတ္သင္းေလးေတြ ေျပာတာပါ။ဘာတဲ့ … ျပည္ပနဲ႔ တိုက္ေနတာမဟုတ္ပဲ ျပည္တြင္းခ်င္း တိုက္ေနတာမို႔ စစ္ပြဲလို႔မေခၚပဲ တိုက္ပြဲလို႔ ေျပာင္းေခၚေပးပါတဲ့ေလ။

အလို .. ဘႀကီးက်ိဳင္း ေခါင္းစားၿပီ။တစ္သက္နဲ႔တစ္ကိုယ္ ဒီလႊတ္ေတာ္အဆက္ဆက္ ငုတ္တုတ္ႀကီး ငိုက္လာတာ ဒါမ်ိဳး အခုမွၾကားဖူးေတာ့တယ္။မွတ္သားဖြယ္ရာပါဟဲ့။ျပည္ပနဲ႔တိုက္မွ စစ္ပြဲလို႔ေခၚရမတဲ့။ျပည္တြင္းမွာ အခ်င္းခ်င္းခ်ေတာ့ တိုက္ပြဲတဲ့။

ဘႀကီးက်ိဳင္း အေတြးေတြ အခုမွ မီးသီးပြင့္သြားၿပီလကြယ္။ဟုတ္တာေပါ့။ျပည္ပနဲ႔တိုက္မွ စစ္ပြဲလို႔ေခၚရမယ္ဆို ဘႀကီးက်ိဳင္းတို႔ ေ႐ႊျမန္မာႏိုင္ငံႀကီးမွာ စစ္ပြဲဆိုတာ ဘယ္ရွိေတာ့မလဲ။အခ်င္းခ်င္းဂ်ိန္းေနတဲ့ တိုက္ပြဲေတြပဲ ရွိေတာ့မေပါ့။ဒီအေၾကာင္းကို ဟိုရပ္ပါအမတ္မင္းက ေရးတာေလး ဘႀကီးက်ိဳင္း သေဘာက်မိသကြယ္။ဘာတဲ့ ျပည္တြင္းအခ်င္းခ်င္း တိုက္တဲ့ပြဲထဲ ထြက္ေျပးေနတဲ့ ျပည္သူေတြကို တိုက္ေဘးေရွာင္ဒုကၡသည္ေပါ့တဲ့။ဒါေပါ့ .. ဘႀကီးက်ိဳင္းက ထပ္ျဖည့္ေပးမယ္။ျပည္တြင္းအခ်င္းခ်င္း တိုက္တဲ့ဗ်ဴဟာေတြကို တိုက္ဗ်ဴဟာ၊ တိုက္ဆင္ေရး၊  ျပည္တြင္းအခ်င္းခ်င္း တိုက္တဲ့ေနရာေတြကို တိုက္ေျမျပင္၊ ျပည္တြင္းမွာ တိုက္တဲ့သူေတြကို တိုက္ဗိုလ္၊ တိုက္သား။ျပည္တြင္းအခ်င္းခ်င္းတိုက္ၿပီး အနားယူသြားတဲ့သူေတြကို တိုက္မႈထမ္းေဟာင္း။ေနာက္ထပ္ တိုက္တကၠသိုလ္၊ တိုက္သင္တန္းေက်ာင္း၊ တိုက္သမိုင္းျပတိုက္၊ တိုက္အင္ဂ်င္နီယာ၊ တိုက္ဆရာဝန္၊ တိုက္ေဆး႐ုံ .. အင္း .. အင္း .. တပုံႀကီးပဲရယ္။

ဟဲ့ .. ဒီလိုဆို သမိုင္းထဲက အေခၚအေဝၚေတြပါ ဘယ္ႏွယ့္လုပ္ရမလဲ .. ဘႀကီးက်ိဳင္း ေတြးတယ္။အင္းဝ၊ ဟံသာဝတီ ႏွစ္ေလးဆယ္စစ္ပြဲဟာ အခ်င္းခ်င္းခ်ၾကတာမို႔ ႏွစ္ေလးဆယ္တိုက္ပြဲလို႔ ေျပာင္းေခၚရမလား။အခု အခ်င္းခ်င္းခ်ခဲ့တဲ့ ႏွစ္ေပါင္းငါးဆယ္ၾကာ အေတြ႕အႀကဳံေတြကိုေရးရင္ တိုက္သားဘဝ အမွတ္တရမ်ားလို႔ ေခါင္းစဥ္တပ္မွာလား။
ေရဒီယိုအစီအစဥ္ေတြမွာလည္း ေရွ႕တန္းေရာက္ တိုက္သည္ေတာ္မ်ားအတြက္ တိုက္ေတးမ်ားဆိုၿပီး လႊင့္မလား။ငါ့သားမ်ား တိုက္ထဲဝင္ရင္ေလတို႔၊ အခ်စ္နဲ႔တိုက္မွာ မတရားတာမရွိတို႔ ဆိုၿပီး စကားပုံေတြေျပာင္းၾကမလား။

ေဟာ့ .. ႐ုပ္ရွင္ကားနာမည္တစ္ခုလည္း ေျပာင္းရမယ္။တိုက္ပြဲေခၚသံဆိုတဲ့ ဇာတ္ကား။အဲ့ဒီဇာတ္ကားက အဂၤလိပ္ေတြနဲ႔ တို႔ဗမာအစည္းအ႐ုံး တိုက္ပြဲအေၾကာင္းဆိုေတာ့ အခ်င္းခ်င္းခ်တာမဟုတ္ဘူး။ဒီေတာ့ စစ္ပြဲေခၚသံလို႔ ေျပာင္းေခၚရမလား။ဟိုအရင္ စစ္ပြဲေတြရပ္လို႔ ဆႏၵျပသူေတြကလည္း အခ်င္းခ်င္းခ်ေနတဲ့ ပြဲေတြဆိုေတာ့ တိုက္ပြဲေတြရပ္လို႔ ဗီႏိုင္းေတြ ေျပာင္း႐ိုက္ရမလား။

အိမ္း…ဘႀကီးက်ိဳင္း ပညာေတြလည္း ရပါတယ္ကြယ္။တခါတခါ  စိမ္းစိမ္းကေလးေတြ ထရန္ေတြ႕ရင္ ဘႀကီးက်ိဳင္းမွာ ရင္ဖိုရမလို ရင္တုန္ရမလိုလည္း ႀကဳံရေသး။

ေဟာ့ဒီ … လႊတ္ေတာ္ႀကီးထဲ … ထိုင္ငိုက္ရင္း .. ဘႀကီးက်ိဳင္းဟာ ပညာရွိျဖစ္လာတာလည္း မေျပာနဲ႔။ေတာ္ၾကရွာတာကိုးကြဲ႕။တာ္ၾကရွာတာကိုး။

ၿဗိတိသွ်ကိုကိုေမာင္
စက္တင္ဘာ - ၂၂