【 သရော်စာ 】 “မယ်တော်ကြီး သင်တန်းကျောင်း”

【 သရော်စာ 】 “မယ်တော်ကြီး သင်တန်းကျောင်း”

သီချင်းတပုဒ်ရှိလေရဲ့။
“ငါတို့ မြန်မာပြည်မယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဆိုလား။
အဲ့သီချင်းက ကျောင်းစာထဲမယ်လည်းသင်ရ။
လူတိုင်းကလည်း အလွတ်ရလေတော့.....။
မိဘတိုင်းဟာ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးလေသလားမပြောတတ်။
တော်လှန်မယ်ဆိုတာချည်းပဲ။
တော်လှန်စရာမရှိ အချင်းချင်းတော်လှန်နေတာနဲ့ပဲ လက်နက်ကိုင် တပ်ဖွဲ့တွေ မှိုလိုပေါက်နေသလား မပြောတတ်။
ပြည်သူတိုင်းချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း အင်္ဂလိပ်ကိုရော ဂျပန်ကိုရော တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားကြီးမဟုတ်လား......။

တကယ်ဆို အဲ့သီချင်းအစား.....။
“မိဘတိုင်းကကွယ်.... မယ်တော်ကြီးလို လူလိမ်လေးတွေ မွေးရမယ်” ဆိုပြီးဖြစ်သင့်တာ....။
မယ်တော်ကြီးကို သိကြရဲ့လား.....။
သိန်းပေါင်း သောင်းနဲ့ချီပြီး လိမ်သွားသူ။
သာသနာပြုမယ်လို အကြောင်းပြနေသူ။
သေနတ်ကိုင်ထားသူ။
အာဏာရှင်တွေနဲ့ ပလဲနံပသင့်သူ။
အာဏာပိုင်တွေ၊ ဆရာတော်တွေကို ငွေနဲ့ ဝယ်ထားသူ။
အကြားအမြင်ရနေသူ ဆိုပြီး နာမည်တွေကြီးနေလိုက်တာများ....။
မယ်တော်ကြီးကို တတိုင်းပြည်လုံး သိမယ်ထင်တာပါပဲ။

ဒါတင်မကသေး....။
အာဏာပိုင် အကြီးကြီးတွေကလည်း မယ်တော်ကြီးကို ကြောက်ရသေးတယ်။
မယ်တော်ကြီးက အားလုံးသိဆိုပဲ။
သိဆို ကြီးကြီးမာစတာတွေဟာ မယ်တော်ကြီးဆီသွားပြီး ရာထူးတိုးဖို့၊ လာဘ်လာဘပေါများဖို့အတွက် ကပ်ခဲ့ဖူးတာကိုး။  
ဒီတော့လည်း မယ်တော်ကြီးက အားလုံးကို သိနေတာပေါ့။
သိရုံတင်မက။ အသံတွေလည်း ဖမ်းထားသေး။ ဗီဒီယိုလည်း ရိုက်ထားသေးသတဲ့။

မယ်တော်ကြီး လိမ်ပုံကတော့ ရိုးပါတယ်။
လူတွေကို အယုံသွင်းတယ်။
ယုံလာရင် မယ်တော်ကြီးဆီ ပိုက်ဆံအပ်။
ဟိုလူကြီးနဲ့ ချိတ်ပေးမယ်။ သူနဲ့ စီးပွားရေးလုပ်။ အမြတ်ကြမ်းမယ်။
ချေးငွေလိုချင်လား....။
မယ်တော်ကြီးဆီ ပိုက်ဆံခဏအပ်ထား...။
အများကြီးရစေရမယ်....။
ပြီးတော့လည်း အကုန် မ သွားတာပေါ့။

မယ်တော်ကြီးဟာ လူဝတ်ကြောင်နဲ့တုန်းကလည်း “ဇ” ပြင်းလေရဲ့
ဆိုင်ကယ်ခိုးမှုတွေ၊ လိမ်လည်မှုတွေနဲ့ ထောင်တွေလည်း ကျဖူးတယ်။
မယ်တော်ကြီးလုပ်မယ်ဆိုတော့ ယောင်္ကျားကို ကွာတယ်။
ဒါပေမဲ့ ယောင်္ကျားနဲ့တော့ တခန်းထဲနေတယ်။
မယ်တော်ကြီးက ရှေ့က လိမ်တယ်။
တပည့်သားမြေးတွေလည်း ပေါမှပေါ။
လိမ်တော့ ပိုက်ဆံတွေ အများကြီးရ။
အဲ့ပိုက်ဆံတွေထဲကနေ ဟိုပေး၊ ဒီပေးနဲ့ လက်ဖွာတော့ မယ်တော်ကြီးမှာ တပြည့်သားမြေးတွေ ပေါတာပေါ့။
ဒါကြောင့် မယ်တော်ကြီးရှိမှန်းသိတာတောင် မယ်တော်ကြီးကို မဖမ်းရဲ။

ဆရာတော်ကြီးတွေကိုလည်း မယ်တော်ကြီးက အိတ်ထဲထည့်ထားပြန်တယ်။
ဆရာတော်ကြီးတွေကို သိန်း တရာ နှစ်ရာ လှူပလိုက်တာပဲ။
ကားလိုလား။ ကျောင်းလိုလား ဖြစ်စေရမယ်။
ဒီတော့ ဆရာတော်ကြီးတွေဟာ ကိုယ့်အလှူရှင်ကို မတွန်းလှန်ရဲ။

ပြီးတော့ မယ်တော်ကြီးဟာ အာဏာပိုင်တွေကိုလည်း ခြိမ်းခြောက်ထားတယ်။
သူ့ကို ဖမ်းရင် နင်တို့အကြောင်းတွေ အကုန်ဖော်ပလိုက်မယ်ဆိုပြီးတော့ပေါ့။
အာဏာပိုင်တွေဟာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့..... မယ်တော်ကြီး ဖော်မှာ ကြောက်ကြတယ်လေ။
ဒီတော့ မယ်တော်ကြီးဟာ အေးဆေးပဲ။

သတင်းထောက်တွေကိုတောင် ငွေပေးပြီး မွေးလိုက်သေးရဲ့။
ပြီးတော့ သတင်းထောက်တွေကိုလည်း သူ့မကောင်းကြောင်းရေးရင်... တရားစွဲမယ်။ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်။

သူလိမ်ခဲ့တဲ့လူတွေက သူ့ကို တရားစွဲတော့လည်း သူက ဦးအောင် တရားပြန်စွဲ။
နင့်အမှုကြေအေးရင်... ငါ့အမှုလည်း ကြေးအေးမယ်ဆိုပြီး လုပ်။

ဒီလောက် အကွက်စေ့ပြီး အကြားအမြင်ရနေတဲ့ မယ်တော်ကြီးဟာ ဟိုနေ့ကတော့ အဖမ်းခံလိုက်ရတယ်။
လမ်းမကြီးရဲ့ တနေရာမှာပေါ့လေ။
အဖမ်းခံရမယ်ဆိုတာ ကြိုမသိလေသလားလို့ လှောင်ကြပေမဲ့ မယ်တော်ကြီးကတော့ အေးဆေးပါပဲ။
အခု လူဝတ်လဲခံရတယ်။
တရားရုံးတင်တယ်။ အာမခံရတယ်။
အေးဆေးပဲ။
အရင်လို ထပ်ပြေးမလား၊
တရားရင်ဆိုင်မလား၊
အာဏာပိုင်အကြောင်းတွေ၊ နိုင်ငံရေးလျှို့ဝှက်ချက်တွေကို ဖော်လေမလားဆိုတာကတော့ အွန်လိုင်းပေါ်မှာ စောင့်ကြည့်ရမှာပဲ။

ဘာပဲဖြစ်ဖြစ် စိုပြေကတော့ မယ်တော်ကြီးကို အားကျတယ်။
သဘောကျတယ်။
အားပေးတယ်။

မယ်တော်ကြီးလို လူမျိုးတွေ မြန်မာပြည်မှာ များများရှိသင့်တယ်။
များများမရှိသေးရင်လည်း များများရှိအောင် ထပ်ပြီးမွေးထုတ်သင့်တယ်။
မယ်တော်ကြီးလို လိမ်တာ ကျွမ်းကျင်သူတွေကို မွေးထုတ်။
ပြီးရင် နိုင်ငံခြားကို လွှတ်။
နိုင်ငံခြားမှာ လိမ်ခိုင်း။

လိမ်လို့ရတဲ့ဒေါ်လာတွေ၊ စတာလင်ပေါင်တွေကို မြန်မာပြည်ပြန်သယ်လာ။
မြန်မာပြည်လည်း နိုင်ငံခြားငွေတွေရ။
ဘယ်လောက်ကောင်းလိုက်လဲ။

အဲ့စီမံချက်ကို အကောင်အထည်ဖော်သင့်တယ်။
နိုင်ငံခြားကို အလုပ်ကြမ်းလုပ်သူတွေကို လွှတ်မယ့်အစား....။
မယ်တော်ကြီးလို လူမျိုး အယောက် ၁၀ဝ၀ လောက်ပဲ လွှတ်။
ဒါဆို မြန်မာပြည်ဟာ နိုင်ငံခြားဝင်ငွေတော်တော်ရမှာ။

ဒါကြောင့် မယ်တော်ကြီးကို လွှတ်ပေးပါ။ မဖမ်းပါနဲ့....။
ပြီးရင်....။ ဇီးပင်ကြီးတို့လို ဖောင်ကြီးတို့လိုမျိုး သင်တန်းကျောင်းတွေဖွင့်။
မယ်တော်ကြီးကို ကျောင်းအုပ်ခန့်လိုက်။
လစာကောင်းကောင်းတော့ပေးပေါ့။ နို့မို့ဆို ထပ်လိမ်နေဦးမယ်။

မယ်တော်ကြီးသင်တန်းကျောင်းကနေ လူလိမ်လေးတွေ မွေးထုတ်ရမယ်။
စနစ်တကျသင်တန်းနဲ့ သင်တော့ ပိုအတတ်မြန်တာပေါ့။
ဘာသာစကားကျွမ်းကျင်အောင်လည်း သင်။
အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ စပိန်၊ စတဲ့ဘာသာစကားတွေသင်ပေး။

မယ်တော်ကြီးသင်တန်းကျောင်းကဆင်းရင်.....။
တနှစ်လောက်ပြည်တွင်းမှာ လိုက်လိမ်ခိုင်းကြည့်။ အစမ်းခန့်ကာလပေါ့။
အောင်မြင်ရင် နိုင်ငံခြားလွှတ်ပေတော့ပဲ....။

နောက်ဆို ကျောင်းစာတွေမှာပါ မယ်တော်ကြီးအကြောင်းတို့။
မယ်တော်ကြီး လိမ်နည်းတို့ကိုသင်။
ဒါဆို မြန်မာပြည်သူတိုင်းဟာ လိမ်နည်းတွေ တတ်မယ်။
အချင်းချင်းလိမ်လို့မရတော့ဘူး။
နိုင်ငံခြားမှာ သွားလိမ်မှရတော့မယ်။
အဲ့တော့ အကုန်လုံး နိုင်ငံခြားမှာ သွားလိမ်။
ရတာတွေ မြန်မာပြည်ကို ပြန်သယ်လာ။

ဒါဆို မြန်မာပြည်ကြီးလည်း မြန်မြန်ချမ်းသာလာမယ်။
စင်္ကာပူကို အရင်ဆုံးသွားလိမ်ရမယ်။
ဒီတော့ စင်္ကာပူလည်း အလိမ်ခံရပြီးမွဲ။
အဲ့အချိန်မြန်မာပြည်ကလည်း လိမ်လို့ရတဲ့ ငွေတွေနဲ့ ချမ်းသာ။
ဒါဆို စင်္ကာပူကို နေ့ချင်းညချင်းမှီပါလေရော.......။

စိုပြေ
ဇန်နဝါရီ - ၆

( Zawgyi )

သီခ်င္းတပုဒ္ရွိေလရဲ႕။
“ငါတို႔ ျမန္မာျပည္မယ္ မိဘတိုင္းကကြယ္ ဗိုလ္ေအာင္ဆန္းလို သူရဲေကာင္းေတြ ေမြးရမယ္” ဆိုလား။
အဲ့သီခ်င္းက ေက်ာင္းစာထဲမယ္လည္းသင္ရ။
လူတိုင္းကလည္း အလြတ္ရေလေတာ့.....။
မိဘတိုင္းဟာ ဗိုလ္ေအာင္ဆန္းလို သူရဲေကာင္းေတြ ေမြးေလသလားမေျပာတတ္။
ေတာ္လွန္မယ္ဆိုတာခ်ည္းပဲ။
ေတာ္လွန္စရာမရွိ အခ်င္းခ်င္းေတာ္လွန္ေနတာနဲ႔ပဲ လက္နက္ကိုင္ တပ္ဖြဲ႕ေတြ မႈိလိုေပါက္ေနသလား မေျပာတတ္။
ျပည္သူတိုင္းခ်စ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာလည္း အဂၤလိပ္ကိုေရာ ဂ်ပန္ကိုေရာ ေတာ္လွန္ခဲ့တဲ့ ေတာ္လွန္ေရးသမားႀကီးမဟုတ္လား......။

တကယ္ဆို အဲ့သီခ်င္းအစား.....။
“မိဘတိုင္းကကြယ္.... မယ္ေတာ္ႀကီးလို လူလိမ္ေလးေတြ ေမြးရမယ္” ဆိုၿပီးျဖစ္သင့္တာ....။
မယ္ေတာ္ႀကီးကို သိၾကရဲ႕လား.....။
သိန္းေပါင္း ေသာင္းနဲ႔ခ်ီၿပီး လိမ္သြားသူ။
သာသနာျပဳမယ္လို အေၾကာင္းျပေနသူ။
ေသနတ္ကိုင္ထားသူ။
အာဏာရွင္ေတြနဲ႔ ပလဲနံပသင့္သူ။
အာဏာပိုင္ေတြ၊ ဆရာေတာ္ေတြကို ေငြနဲ႔ ဝယ္ထားသူ။
အၾကားအျမင္ရေနသူ ဆိုၿပီး နာမည္ေတြႀကီးေနလိုက္တာမ်ား....။
မယ္ေတာ္ႀကီးကို တတိုင္းျပည္လုံး သိမယ္ထင္တာပါပဲ။

ဒါတင္မကေသး....။
အာဏာပိုင္ အႀကီးႀကီးေတြကလည္း မယ္ေတာ္ႀကီးကို ေၾကာက္ရေသးတယ္။
မယ္ေတာ္ႀကီးက အားလုံးသိဆိုပဲ။
သိဆို ႀကီးႀကီးမာစတာေတြဟာ မယ္ေတာ္ႀကီးဆီသြားၿပီး ရာထူးတိုးဖို႔၊ လာဘ္လာဘေပါမ်ားဖို႔အတြက္ ကပ္ခဲ့ဖူးတာကိုး။  
ဒီေတာ့လည္း မယ္ေတာ္ႀကီးက အားလုံးကို သိေနတာေပါ့။
သိ႐ုံတင္မက။ အသံေတြလည္း ဖမ္းထားေသး။ ဗီဒီယိုလည္း ႐ိုက္ထားေသးသတဲ့။

မယ္ေတာ္ႀကီး လိမ္ပုံကေတာ့ ႐ိုးပါတယ္။
လူေတြကို အယုံသြင္းတယ္။
ယုံလာရင္ မယ္ေတာ္ႀကီးဆီ ပိုက္ဆံအပ္။
ဟိုလူႀကီးနဲ႔ ခ်ိတ္ေပးမယ္။ သူနဲ႔ စီးပြားေရးလုပ္။ အျမတ္ၾကမ္းမယ္။
ေခ်းေငြလိုခ်င္လား....။
မယ္ေတာ္ႀကီးဆီ ပိုက္ဆံခဏအပ္ထား...။
အမ်ားႀကီးရေစရမယ္....။
ၿပီးေတာ့လည္း အကုန္ မ သြားတာေပါ့။

မယ္ေတာ္ႀကီးဟာ လူဝတ္ေၾကာင္နဲ႔တုန္းကလည္း “ဇ” ျပင္းေလရဲ႕
ဆိုင္ကယ္ခိုးမႈေတြ၊ လိမ္လည္မႈေတြနဲ႔ ေထာင္ေတြလည္း က်ဖူးတယ္။
မယ္ေတာ္ႀကီးလုပ္မယ္ဆိုေတာ့ ေယာက်ၤားကို ကြာတယ္။
ဒါေပမဲ့ ေယာက်ၤားနဲ႔ေတာ့ တခန္းထဲေနတယ္။
မယ္ေတာ္ႀကီးက ေရွ႕က လိမ္တယ္။
တပည့္သားေျမးေတြလည္း ေပါမွေပါ။
လိမ္ေတာ့ ပိုက္ဆံေတြ အမ်ားႀကီးရ။
အဲ့ပိုက္ဆံေတြထဲကေန ဟိုေပး၊ ဒီေပးနဲ႔ လက္ဖြာေတာ့ မယ္ေတာ္ႀကီးမွာ တျပည့္သားေျမးေတြ ေပါတာေပါ့။
ဒါေၾကာင့္ မယ္ေတာ္ႀကီးရွိမွန္းသိတာေတာင္ မယ္ေတာ္ႀကီးကို မဖမ္းရဲ။

ဆရာေတာ္ႀကီးေတြကိုလည္း မယ္ေတာ္ႀကီးက အိတ္ထဲထည့္ထားျပန္တယ္။
ဆရာေတာ္ႀကီးေတြကို သိန္း တရာ ႏွစ္ရာ လႉပလိုက္တာပဲ။
ကားလိုလား။ ေက်ာင္းလိုလား ျဖစ္ေစရမယ္။
ဒီေတာ့ ဆရာေတာ္ႀကီးေတြဟာ ကိုယ့္အလႉရွင္ကို မတြန္းလွန္ရဲ။

ၿပီးေတာ့ မယ္ေတာ္ႀကီးဟာ အာဏာပိုင္ေတြကိုလည္း ၿခိမ္းေျခာက္ထားတယ္။
သူ႔ကို ဖမ္းရင္ နင္တို႔အေၾကာင္းေတြ အကုန္ေဖာ္ပလိုက္မယ္ဆိုၿပီးေတာ့ေပါ့။
အာဏာပိုင္ေတြဟာလည္း ကိုယ့္အေၾကာင္းနဲ႔ကိုယ္ဆိုေတာ့..... မယ္ေတာ္ႀကီး ေဖာ္မွာ ေၾကာက္ၾကတယ္ေလ။
ဒီေတာ့ မယ္ေတာ္ႀကီးဟာ ေအးေဆးပဲ။

သတင္းေထာက္ေတြကိုေတာင္ ေငြေပးၿပီး ေမြးလိုက္ေသးရဲ႕။
ၿပီးေတာ့ သတင္းေထာက္ေတြကိုလည္း သူ႔မေကာင္းေၾကာင္းေရးရင္... တရားစြဲမယ္။ ဘာလုပ္မယ္ ညာလုပ္မယ္ဆိုၿပီး ၿခိမ္းေျခာက္။

သူလိမ္ခဲ့တဲ့လူေတြက သူ႔ကို တရားစြဲေတာ့လည္း သူက ဦးေအာင္ တရားျပန္စြဲ။
နင့္အမႈေၾကေအးရင္... ငါ့အမႈလည္း ေၾကးေအးမယ္ဆိုၿပီး လုပ္။

ဒီေလာက္ အကြက္ေစ့ၿပီး အၾကားအျမင္ရေနတဲ့ မယ္ေတာ္ႀကီးဟာ ဟိုေန႔ကေတာ့ အဖမ္းခံလိုက္ရတယ္။
လမ္းမႀကီးရဲ႕ တေနရာမွာေပါ့ေလ။
အဖမ္းခံရမယ္ဆိုတာ ႀကိဳမသိေလသလားလို႔ ေလွာင္ၾကေပမဲ့ မယ္ေတာ္ႀကီးကေတာ့ ေအးေဆးပါပဲ။
အခု လူဝတ္လဲခံရတယ္။
တရား႐ုံးတင္တယ္။ အာမခံရတယ္။
ေအးေဆးပဲ။
အရင္လို ထပ္ေျပးမလား၊
တရားရင္ဆိုင္မလား၊
အာဏာပိုင္အေၾကာင္းေတြ၊ ႏိုင္ငံေရးလွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ေလမလားဆိုတာကေတာ့ အြန္လိုင္းေပၚမွာ ေစာင့္ၾကည့္ရမွာပဲ။

ဘာပဲျဖစ္ျဖစ္ စိုေျပကေတာ့ မယ္ေတာ္ႀကီးကို အားက်တယ္။
သေဘာက်တယ္။
အားေပးတယ္။

မယ္ေတာ္ႀကီးလို လူမ်ိဳးေတြ ျမန္မာျပည္မွာ မ်ားမ်ားရွိသင့္တယ္။
မ်ားမ်ားမရွိေသးရင္လည္း မ်ားမ်ားရွိေအာင္ ထပ္ၿပီးေမြးထုတ္သင့္တယ္။
မယ္ေတာ္ႀကီးလို လိမ္တာ ကြၽမ္းက်င္သူေတြကို ေမြးထုတ္။
ၿပီးရင္ ႏိုင္ငံျခားကို လႊတ္။
ႏိုင္ငံျခားမွာ လိမ္ခိုင္း။

လိမ္လို႔ရတဲ့ေဒၚလာေတြ၊ စတာလင္ေပါင္ေတြကို ျမန္မာျပည္ျပန္သယ္လာ။
ျမန္မာျပည္လည္း ႏိုင္ငံျခားေငြေတြရ။
ဘယ္ေလာက္ေကာင္းလိုက္လဲ။

အဲ့စီမံခ်က္ကို အေကာင္အထည္ေဖာ္သင့္တယ္။
ႏိုင္ငံျခားကို အလုပ္ၾကမ္းလုပ္သူေတြကို လႊတ္မယ့္အစား....။
မယ္ေတာ္ႀကီးလို လူမ်ိဳး အေယာက္ ၁၀ဝ၀ ေလာက္ပဲ လႊတ္။
ဒါဆို ျမန္မာျပည္ဟာ ႏိုင္ငံျခားဝင္ေငြေတာ္ေတာ္ရမွာ။

ဒါေၾကာင့္ မယ္ေတာ္ႀကီးကို လႊတ္ေပးပါ။ မဖမ္းပါနဲ႔....။
ၿပီးရင္....။ ဇီးပင္ႀကီးတို႔လို ေဖာင္ႀကီးတို႔လိုမ်ိဳး သင္တန္းေက်ာင္းေတြဖြင့္။
မယ္ေတာ္ႀကီးကို ေက်ာင္းအုပ္ခန႔္လိုက္။
လစာေကာင္းေကာင္းေတာ့ေပးေပါ့။ ႏို႔မို႔ဆို ထပ္လိမ္ေနဦးမယ္။

မယ္ေတာ္ႀကီးသင္တန္းေက်ာင္းကေန လူလိမ္ေလးေတြ ေမြးထုတ္ရမယ္။
စနစ္တက်သင္တန္းနဲ႔ သင္ေတာ့ ပိုအတတ္ျမန္တာေပါ့။
ဘာသာစကားကြၽမ္းက်င္ေအာင္လည္း သင္။
အဂၤလိပ္၊ တ႐ုတ္၊ ဂ်ပန္၊ စပိန္၊ စတဲ့ဘာသာစကားေတြသင္ေပး။

မယ္ေတာ္ႀကီးသင္တန္းေက်ာင္းကဆင္းရင္.....။
တႏွစ္ေလာက္ျပည္တြင္းမွာ လိုက္လိမ္ခိုင္းၾကည့္။ အစမ္းခန႔္ကာလေပါ့။
ေအာင္ျမင္ရင္ ႏိုင္ငံျခားလႊတ္ေပေတာ့ပဲ....။

ေနာက္ဆို ေက်ာင္းစာေတြမွာပါ မယ္ေတာ္ႀကီးအေၾကာင္းတို႔။
မယ္ေတာ္ႀကီး လိမ္နည္းတို႔ကိုသင္။
ဒါဆို ျမန္မာျပည္သူတိုင္းဟာ လိမ္နည္းေတြ တတ္မယ္။
အခ်င္းခ်င္းလိမ္လို႔မရေတာ့ဘူး။
ႏိုင္ငံျခားမွာ သြားလိမ္မွရေတာ့မယ္။
အဲ့ေတာ့ အကုန္လုံး ႏိုင္ငံျခားမွာ သြားလိမ္။
ရတာေတြ ျမန္မာျပည္ကို ျပန္သယ္လာ။

ဒါဆို ျမန္မာျပည္ႀကီးလည္း ျမန္ျမန္ခ်မ္းသာလာမယ္။
စကၤာပူကို အရင္ဆုံးသြားလိမ္ရမယ္။
ဒီေတာ့ စကၤာပူလည္း အလိမ္ခံရၿပီးမြဲ။
အဲ့အခ်ိန္ျမန္မာျပည္ကလည္း လိမ္လို႔ရတဲ့ ေငြေတြနဲ႔ ခ်မ္းသာ။
ဒါဆို စကၤာပူကို ေန႔ခ်င္းညခ်င္းမွီပါေလေရာ.......။

စိုေျပ
ဇန္နဝါရီ - ၆