【 သရော်စာ 】 “ ခြေဥရှိခိုးစီးပွားတိုး ”

【 သရော်စာ 】 “ ခြေဥရှိခိုးစီးပွားတိုး ”

သူငယ်ချင်းတစ်ယောက်ရှိ၏။ကျော်စိုးတဲ့။အခုတော့ အမတ်ဖြစ်နေသည်။သူအမတ်ဖြစ်တာကိုစိုပြေတို့လည်းဝမ်းသာရပါသည်။နို့မို့ဆိုခဏခဏပိုက်ဆံချေးလွန်းလို့။

ကျော်စိုး အမတ်ဖြစ်သွားတော့ စိုပြေ တို့ တော်တော်ပျော်ရသည်။အပေါင်းအသင်းတွေ ကိစ္စကြီးငယ်ရှိတိုင်း ကျော်စိုး က ပြန်ကူညီတတ်သည်။

ကျော်စိုး သူငယ်ချင်းအချို့က စီးပွားရေးတွေလုပ်ကြသည်။ဒီတာ့လည်း ဌာနဆိုင်ရာခွင့်ပြုချက်တွေ လိုတာရှိသည်။ရုံးတွေ၊ ကန္နားတွေ သွားရတာရှိသည်။လူကြီးတွေနဲ့ စကားပြောရတာတွေရှိသည်။အဲ့တော့ ခက်ခဲသည့် ဌာနများသို့ ကျော်စိုး ကို ခေါ်သွားလေ့ရှိသည်။ကျော်စိုး က ဘာမှဝင်ပြောစရာမလိုပါ။တိုက်ပုံလေးနှင့် “ကျနော် အမတ်မင်း ကျော်စိုးပါ” ဟုပြောလိုက်ရုံသာ။ဒါပေမဲ့ ဂါစရာရှိတာတော့ ဂါရတာပေါ့လေ။

အရင်က စိုပြေ့ဆီက အရက်ကပ်သောက်နေကြ....။အခုတော့ စိုပြေ က ကျော်စိုး ကို အရက်တိုက်စရာ မလိုတော့ပါ။ကျော်စိုး ကသာ စိုပြေ့ကို ပြန်ပြီးအရက်တိုက်လေ့ရှိသည်။စိုပြေ တိုက်ခဲ့တုန်းကလို ဘီအီးတွေ၊ ရမ်တွေ ပြန်တိုက်ခြင်းမဟုတ်။နာမည်ပင် မခေါ်တတ်သည့် အရက်အကောင်းစားတွေ ပြန်တိုက်ခြင်းဖြစ်သည်။ဆိုင်ကောင်းကောင်းမှာ အမြည်းကောင်းကောင်းတွေနဲ့ပေါ့။

“သောက်သာသောက် ဟရောင့်ရေ...။ ဒါမျိုးတွေ လက်ဆောင်ရထားတာအများကြီး” ဟုဆိုတတ်သည်။စိုပြေ ကလည်း ထိုပုလင်းများပိုလျှင် အိမ်ကိုပြန်သယ်တတ်သည်။ဒါကြောင့် စိုပြေ့ အိမ်တွင် အရက်လက်ကျန် အကောင်းစားများရှိ၏။

တခါတလေမူးလာလျှင်တော့ ကျော်စိုး က ညည်းတတ်သည်။

“အမတ်ဖြစ်ရတာ ပျင်းစရာကြီးပါကွာ....” ဟူ၏။“ဒါဆိုဘာလိုလုပ်နေတုန်းကွာ...ထွက်လိုက်ပေါ့” ဟုစိုပြေက ပြန်ပြောလျှင်တော့...။

“အေးကွ...။ ငါလည်းဒါပဲစဉ်းစားနေတာ....။ ဒီတခါပြီးရင်တော့ ဝင်အရွေးမခံတော့ဘူးကွာ...” ဟု ရုပ်တည်ကြီးနှင့် ပြောတတ်သည်။

ပြီးမှ...“မဖြစ်သေးပါဘူးကွာ....။စုမိစောင်းမိလည်း ရှိသေးတာမဟုတ်ဘူး။နောက်ငါးနှစ်လောက်တော့ ထပ်ငိုက်လိုက်ဦးမယ်ကွာ” တဲ့။

တခါတလေတော့လည်း ကျော်စိုး က ပြည်သူများနှင့် တွေ့တတ်သည်။ပြည်သူတွေကလည်း ဟိုဟိုဒီဒီတောင်းဆိုသည်။ကျော်စိုးကလည်း ကတိတွေပေးသည်။အထက်ကို တင်ပြပေးမည်ဟု ဆိုသည်။တချို့လည်း အကောင်အထည်ပေါ်သည်။လမ်းခင်းတာတို့။
မြောင်းတူးတာတို့ပေါ့။ပြည်သူတွေက ကျော်စိုးကို မေးတတ်သည်။

“အမတ်မင်း.... လွှတ်တော်ထဲမှာ စကားလည်းပြောတာ မတွေ့ပါလား။ဘာဖြစ်လို့များလဲ” တဲ့။ကျော်စိုး ကတော့ အေးဆေးပဲပြန်ဖြေသည်။

“လူကြီးတွေကကောင်းအောင်လုပ်နေတာပဲဗျာ....။ကျနော်တို့က ဘာလို့လျှာရှည်နေရမတုန်း” တဲ့။

ကျော်စိုး စကားကို ပြည်သူတွေ သဘောကျကြသည်။စိုပြေကတော့ သဘောမကျပါ။

“မင်းကလည်းကွာ။ လွှတ်တော်ထဲအဆိုလည်းမတင်၊ ဆွေးနွေးတာလည်းမလုပ်နဲ့ ပျင်းစရာကြီး။မင်းကို လခတွေပေးထားရတာ မတန်လိုက်တာ” လို့ စိုပြေကဆိုလျှင်

ကျော်စိုးက “မင်းဘာနားလည်လို့တုန်း။ လွှတ်တော်ဟ၊ လွှတ်တော်...။ ရပ်ကွက်ဓမ္မာရုံမဟုတ်ဘူးဟ။ ကိုယ်ပြောချင်ရာလျှောက်ပြောလို့ဖြစ်မလား....။အပြောမတတ်ရင်။ ကိုယ်တင်တာကတလွဲဖြစ်နေရင် ကိုယ်ပဲအရှက်ကွဲမှာ....။ ဘာမှမပြောဘဲနေတော့ နောက်ကွယ်က ကြိုးကိုင်နေသူလိုလို....။ဆရာကြီးလိုလို အထင်ခံရသေးတယ်ဟ။ ထပြောလိုက်မှ တလွဲဆိုအရှက်တွေ ဗြန်းဗြန်းကွဲပြီးနောက်ထပ် အရွေးမခံရင် ဘယ်လိုလုပ်မလဲ....။ရှေ့မှာသာဓကတွေ ရှိရဲ့သားနဲ့” တဲ့။

သူပြောတာလည်းဟုတ်နေပြန်သည်။

“ဒါနဲ့ မင်းတို့ပါတီက မင်းတို့ကို ဒီအတိုင်းပဲထားသလားဘာမှ မလုပ်ခိုင်းဘူးလား”

“အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေတော့ တက်ရတာပေါ့ဟ...။ငါလည်း သိပ်နားလည်တာမဟုတ်ပါဘူး။လူကြီးတွေကလည်း ငါ့လို ဘာမှ နားမလည်လေ သဘောကျလေပဲ...။ အဲ့တော့ နောက်ပိုင်းဆို နားလည်တာတောင်မှ နားမလည်ချင်ယောင်ပဲဆောင်တော့တယ်။အချိန်တန် ပါတီရံပုံငွေထည့်လိုက်ရင် ပြီးတာပဲလေ” ဟု ကျော်စိုးက ဆိုသည်။

ဟုတ်တော့လည်းဟုတ်သည်။ကျော်စိုးကို လူကြီးတွေက ဖင်ပေါ့သည်ဆိုပြီး သဘောကျကြသည်။ ၂၀၂၀ နောက်ပိုင်းတွင် ကျော်စိုးလည်း ဝန်ကြီးချုပ်တွေ ဘာတွေဖြစ်နိုင်သည်ဟု ပါတီတွင်း တီးတိုးပြောကြသည်။လူကြီးတွေ ကြိုက်တာကိုး။ကျော်စိုးကတော့ မသိချင်ယောင်ပဲဆောင်နေသည်။

“နောက်ငါးနှစ်မှာမင်းကိုဝန်ကြီးချုပ်ခန့်မယ်ဆိုဟုတ်လား” လို့ စိုပြေကမေးတော့

“ဒီလိုပဲလျှောက်ပြောကြတာပါကွာ....။ အမတ်ဖြစ်ရင်ပဲတော်ပါပြီ။ ကံပါလို့ ဝန်ကြီးချုပ်ဖြစ်တော့လည်း ပြည်သူတွေကို ပိုကူညီလို့ရတာပေါ့”တဲ့။

အင်း... ကျော်စိုးတောင် ပြည်သူတွေဆိုသည့် စကားကြီးစကားကျယ် ပြောတတ်လာသည်။အခုတလောတော့ ကျော်စိုး စိတ်ညစ်နေသည်ဟု ဆိုသည်။ဘာလို့တုန်းဆိုတော့ လူတွေက ခြေဥကိုပြင်ကြဖို့ ထောက်ခံပွဲတွေလုပ်နေလို့တဲ့။

စိုပြေလည်းမနေနိုင်တော့....။

“ခြေဥကို ပြင်တာမကောင်းဘူးလားဟ။ ပြင်ဖို့ထောက်ခံတော့ မင်းတို့အမတ်တွေပြင်ဖို့ အားတွေရှိတာပေါ့။ ဟုတ်ဘူးလား” ဆိုတော့။

“ကောင်းတာတော့ ကောင်းတာပေါ့....။ ဒါပေမဲ့....သိပ်တော့ မကောင်းဘူးကွ...”

“ဘာတုန်းဟ...။ ကောင်းတယ်ဆိုကောင်းတယ်ပေါ့။ ဟုတ်ဘူးလား”

“ခြေဥက ပြင်သင့်လို့ ပြင်တာကကောင်းတယ်။ ဒါပေမဲ့ ခြေဥပြင်လိုက်ရင် ငါ့ရဲ့ ဝန်ကြီးချုပ်အိမ်မက်လေးပျက်သွားမှာမို့ မကောင်းတာ”

“ခြေဥပြင်တာနဲ့ မင်းဝန်ကြီးချုပ်အိမ်မက်နဲ့ ဘာဆိုင်လို့တုန်း”

“ဆိုင်တာပေါ့ကွ....။ အခုဆိုစစ်တပ်ကရော ကြံခိုင်ရေးကရော....။ ပြည်နယ်တွေ၊ တိုင်းတွေမှာဝန်ကြီးချုပ်ကိုကိုယ့်ဘာသာကိုယ် ရွေးလို့ရမယ့် ပုဒ်မကို ပြင်မယ်လုပ်နေတယ်။အဲ့ဒါသာ ပြင်လိုက်ရင်။ ဗဟိုအစိုးရက ဝန်ကြီးချုပ်ကို ကိုယ်ခန့်ချင်တာခန့်မရတော့ဘူး။
ပြည်နယ်လွှတ်တော်တွေကရွေးကြမှာ။ ဒါဆို ငါ့အိမ်မက်ဝေးပြီပေါ့ဟ”

“မင်းကိုလည်း ပြည်နယ်အမတ်တွေက ရွေးချင်ရွေးမှာပေါ့”

“မရွေးလောက်ဘူးကွ...။

ငါကလူကြီးတွေကိုပဲကပ်ပြီးဖားထားတာ....။ အခြားလူတွေနဲ့ တည့်တာမဟုတ်ဘူး။ ငါ့လည်းသူတို့က ကြည့်မရ။ ငါကလည်း ကြည့်မရနဲ့....”

“ဝန်ကြီးချုပ်မဖြစ်လည်းဘာအရေးလည်းကွာ....။ပြည်ထောင်စုဝန်ကြီးလောက်တော့ ခန့်ခိုင်းပေါ့”

“မရဘူးဟ...။ သူ့လူနဲ့ သူပြည့်နေပြီ”

“အေးလေ...။ ဘာမှမဖြစ်ရင်တောင် အမတ်လေးတော့ ပြန်ဖြစ်အောင်လုပ်ပေါ့ကွာ....။အရက်ကောင်းကောင်းသောက်ရလည်းမနည်းပါဘူးဟ”

အခုတော့ ကျော်စိုး တစ်ယောက် ယတြာခြေနေသတဲ့။ဘာယတြာတုန်းဆိုတော့ ခြေဥမပြင်ဖို့ ယတြာတဲ့။ဘယ်ဗေဒင်ဆရာက အကြံပေးလိုက်လည်းမသိ။ညတိုင်း ခြေဥစာအုပ်စိမ်းကြီးကို ကန်တော့ပြီး ခေါင်းဦးအိပ်နေသည်။

ပြီးတော့ ကျော်စိုး ပြောသေးသည်။

“ပြင်ဖြစ်ချင်မှ ပြင်ဖြစ်မှာပါကွာ....။ နောက်ဆုံးရင်ကြားစေ့ရေး ဘာညာဆိုပြီး အီလည်လည်ကြီးမဖြစ်ဘူးရော ဘယ်သူပြောနိုင်မလဲ....။အခုတောင်အရင်တုန်းက ပြင်ပြီးသားဟာ အသက်ဝင်သေးတာမှ မဟုတ်တာ” တဲ့။

စိုပြေ
မတ် - ၁၀

( Zawgyi )

သူငယ္ခ်င္းတစ္ေယာက္ရွိ၏။ေက်ာ္စိုးတဲ့။အခုေတာ့ အမတ္ျဖစ္ေနသည္။သူအမတ္ျဖစ္တာကိုစိုေျပတို႔လည္းဝမ္းသာရပါသည္။ႏို႔မို႔ဆိုခဏခဏပိုက္ဆံေခ်းလြန္းလို႔။

ေက်ာ္စိုး အမတ္ျဖစ္သြားေတာ့ စိုေျပ တို႔ ေတာ္ေတာ္ေပ်ာ္ရသည္။အေပါင္းအသင္းေတြ ကိစၥႀကီးငယ္ရွိတိုင္း ေက်ာ္စိုး က ျပန္ကူညီတတ္သည္။

ေက်ာ္စိုး သူငယ္ခ်င္းအခ်ိဳ႕က စီးပြားေရးေတြလုပ္ၾကသည္။ဒီတာ့လည္း ဌာနဆိုင္ရာခြင့္ျပဳခ်က္ေတြ လိုတာရွိသည္။႐ုံးေတြ၊ ကႏၷားေတြ သြားရတာရွိသည္။လူႀကီးေတြနဲ႔ စကားေျပာရတာေတြရွိသည္။အဲ့ေတာ့ ခက္ခဲသည့္ ဌာနမ်ားသို႔ ေက်ာ္စိုး ကို ေခၚသြားေလ့ရွိသည္။ေက်ာ္စိုး က ဘာမွဝင္ေျပာစရာမလိုပါ။တိုက္ပုံေလးႏွင့္ “က်ေနာ္ အမတ္မင္း ေက်ာ္စိုးပါ” ဟုေျပာလိုက္႐ုံသာ။ဒါေပမဲ့ ဂါစရာရွိတာေတာ့ ဂါရတာေပါ့ေလ။

အရင္က စိုေျပ့ဆီက အရက္ကပ္ေသာက္ေနၾက....။အခုေတာ့ စိုေျပ က ေက်ာ္စိုး ကို အရက္တိုက္စရာ မလိုေတာ့ပါ။ေက်ာ္စိုး ကသာ စိုေျပ့ကို ျပန္ၿပီးအရက္တိုက္ေလ့ရွိသည္။စိုေျပ တိုက္ခဲ့တုန္းကလို ဘီအီးေတြ၊ ရမ္ေတြ ျပန္တိုက္ျခင္းမဟုတ္။နာမည္ပင္ မေခၚတတ္သည့္ အရက္အေကာင္းစားေတြ ျပန္တိုက္ျခင္းျဖစ္သည္။ဆိုင္ေကာင္းေကာင္းမွာ အျမည္းေကာင္းေကာင္းေတြနဲ႔ေပါ့။

“ေသာက္သာေသာက္ ဟေရာင့္ေရ...။ ဒါမ်ိဳးေတြ လက္ေဆာင္ရထားတာအမ်ားႀကီး” ဟုဆိုတတ္သည္။စိုေျပ ကလည္း ထိုပုလင္းမ်ားပိုလွ်င္ အိမ္ကိုျပန္သယ္တတ္သည္။ဒါေၾကာင့္ စိုေျပ့ အိမ္တြင္ အရက္လက္က်န္ အေကာင္းစားမ်ားရွိ၏။

တခါတေလမူးလာလွ်င္ေတာ့ ေက်ာ္စိုး က ညည္းတတ္သည္။

“အမတ္ျဖစ္ရတာ ပ်င္းစရာႀကီးပါကြာ....” ဟူ၏။“ဒါဆိုဘာလိုလုပ္ေနတုန္းကြာ...ထြက္လိုက္ေပါ့” ဟုစိုေျပက ျပန္ေျပာလွ်င္ေတာ့...။

“ေအးကြ...။ ငါလည္းဒါပဲစဥ္းစားေနတာ....။ ဒီတခါၿပီးရင္ေတာ့ ဝင္အေ႐ြးမခံေတာ့ဘူးကြာ...” ဟု ႐ုပ္တည္ႀကီးႏွင့္ ေျပာတတ္သည္။

ၿပီးမွ...“မျဖစ္ေသးပါဘူးကြာ....။စုမိေစာင္းမိလည္း ရွိေသးတာမဟုတ္ဘူး။ေနာက္ငါးႏွစ္ေလာက္ေတာ့ ထပ္ငိုက္လိုက္ဦးမယ္ကြာ” တဲ့။

တခါတေလေတာ့လည္း ေက်ာ္စိုး က ျပည္သူမ်ားႏွင့္ ေတြ႕တတ္သည္။ျပည္သူေတြကလည္း ဟိုဟိုဒီဒီေတာင္းဆိုသည္။ေက်ာ္စိုးကလည္း ကတိေတြေပးသည္။အထက္ကို တင္ျပေပးမည္ဟု ဆိုသည္။တခ်ိဳ႕လည္း အေကာင္အထည္ေပၚသည္။လမ္းခင္းတာတို႔။
ေျမာင္းတူးတာတို႔ေပါ့။ျပည္သူေတြက ေက်ာ္စိုးကို ေမးတတ္သည္။

“အမတ္မင္း.... လႊတ္ေတာ္ထဲမွာ စကားလည္းေျပာတာ မေတြ႕ပါလား။ဘာျဖစ္လို႔မ်ားလဲ” တဲ့။ေက်ာ္စိုး ကေတာ့ ေအးေဆးပဲျပန္ေျဖသည္။

“လူႀကီးေတြကေကာင္းေအာင္လုပ္ေနတာပဲဗ်ာ....။က်ေနာ္တို႔က ဘာလို႔လွ်ာရွည္ေနရမတုန္း” တဲ့။

ေက်ာ္စိုး စကားကို ျပည္သူေတြ သေဘာက်ၾကသည္။စိုေျပကေတာ့ သေဘာမက်ပါ။

“မင္းကလည္းကြာ။ လႊတ္ေတာ္ထဲအဆိုလည္းမတင္၊ ေဆြးေႏြးတာလည္းမလုပ္နဲ႔ ပ်င္းစရာႀကီး။မင္းကို လခေတြေပးထားရတာ မတန္လိုက္တာ” လို႔ စိုေျပကဆိုလွ်င္

ေက်ာ္စိုးက “မင္းဘာနားလည္လို႔တုန္း။ လႊတ္ေတာ္ဟ၊ လႊတ္ေတာ္...။ ရပ္ကြက္ဓမၼာ႐ုံမဟုတ္ဘူးဟ။ ကိုယ္ေျပာခ်င္ရာေလွ်ာက္ေျပာလို႔ျဖစ္မလား....။အေျပာမတတ္ရင္။ ကိုယ္တင္တာကတလြဲျဖစ္ေနရင္ ကိုယ္ပဲအရွက္ကြဲမွာ....။ ဘာမွမေျပာဘဲေနေတာ့ ေနာက္ကြယ္က ႀကိဳးကိုင္ေနသူလိုလို....။ဆရာႀကီးလိုလို အထင္ခံရေသးတယ္ဟ။ ထေျပာလိုက္မွ တလြဲဆိုအရွက္ေတြ ျဗန္းျဗန္းကြဲၿပီးေနာက္ထပ္ အေ႐ြးမခံရင္ ဘယ္လိုလုပ္မလဲ....။ေရွ႕မွာသာဓကေတြ ရွိရဲ႕သားနဲ႔” တဲ့။

သူေျပာတာလည္းဟုတ္ေနျပန္သည္။

“ဒါနဲ႔ မင္းတို႔ပါတီက မင္းတို႔ကို ဒီအတိုင္းပဲထားသလားဘာမွ မလုပ္ခိုင္းဘူးလား”

“အစည္းအေဝးေတြ၊ ေဆြးေႏြးပြဲေတြေတာ့ တက္ရတာေပါ့ဟ...။ငါလည္း သိပ္နားလည္တာမဟုတ္ပါဘူး။လူႀကီးေတြကလည္း ငါ့လို ဘာမွ နားမလည္ေလ သေဘာက်ေလပဲ...။ အဲ့ေတာ့ ေနာက္ပိုင္းဆို နားလည္တာေတာင္မွ နားမလည္ခ်င္ေယာင္ပဲေဆာင္ေတာ့တယ္။အခ်ိန္တန္ ပါတီရံပုံေငြထည့္လိုက္ရင္ ၿပီးတာပဲေလ” ဟု ေက်ာ္စိုးက ဆိုသည္။

ဟုတ္ေတာ့လည္းဟုတ္သည္။ေက်ာ္စိုးကို လူႀကီးေတြက ဖင္ေပါ့သည္ဆိုၿပီး သေဘာက်ၾကသည္။ ၂၀၂၀ ေနာက္ပိုင္းတြင္ ေက်ာ္စိုးလည္း ဝန္ႀကီးခ်ဳပ္ေတြ ဘာေတြျဖစ္ႏိုင္သည္ဟု ပါတီတြင္း တီးတိုးေျပာၾကသည္။လူႀကီးေတြ ႀကိဳက္တာကိုး။ေက်ာ္စိုးကေတာ့ မသိခ်င္ေယာင္ပဲေဆာင္ေနသည္။

“ေနာက္ငါးႏွစ္မွာမင္းကိုဝန္ႀကီးခ်ဳပ္ခန႔္မယ္ဆိုဟုတ္လား” လို႔ စိုေျပကေမးေတာ့

“ဒီလိုပဲေလွ်ာက္ေျပာၾကတာပါကြာ....။ အမတ္ျဖစ္ရင္ပဲေတာ္ပါၿပီ။ ကံပါလို႔ ဝန္ႀကီးခ်ဳပ္ျဖစ္ေတာ့လည္း ျပည္သူေတြကို ပိုကူညီလို႔ရတာေပါ့”တဲ့။

အင္း... ေက်ာ္စိုးေတာင္ ျပည္သူေတြဆိုသည့္ စကားႀကီးစကားက်ယ္ ေျပာတတ္လာသည္။အခုတေလာေတာ့ ေက်ာ္စိုး စိတ္ညစ္ေနသည္ဟု ဆိုသည္။ဘာလို႔တုန္းဆိုေတာ့ လူေတြက ေျခဥကိုျပင္ၾကဖို႔ ေထာက္ခံပြဲေတြလုပ္ေနလို႔တဲ့။

စိုေျပလည္းမေနႏိုင္ေတာ့....။

“ေျခဥကို ျပင္တာမေကာင္းဘူးလားဟ။ ျပင္ဖို႔ေထာက္ခံေတာ့ မင္းတို႔အမတ္ေတြျပင္ဖို႔ အားေတြရွိတာေပါ့။ ဟုတ္ဘူးလား” ဆိုေတာ့။

“ေကာင္းတာေတာ့ ေကာင္းတာေပါ့....။ ဒါေပမဲ့....သိပ္ေတာ့ မေကာင္းဘူးကြ...”

“ဘာတုန္းဟ...။ ေကာင္းတယ္ဆိုေကာင္းတယ္ေပါ့။ ဟုတ္ဘူးလား”

“ေျခဥက ျပင္သင့္လို႔ ျပင္တာကေကာင္းတယ္။ ဒါေပမဲ့ ေျခဥျပင္လိုက္ရင္ ငါ့ရဲ႕ ဝန္ႀကီးခ်ဳပ္အိမ္မက္ေလးပ်က္သြားမွာမို႔ မေကာင္းတာ”

“ေျခဥျပင္တာနဲ႔ မင္းဝန္ႀကီးခ်ဳပ္အိမ္မက္နဲ႔ ဘာဆိုင္လို႔တုန္း”

“ဆိုင္တာေပါ့ကြ....။ အခုဆိုစစ္တပ္ကေရာ ႀကံခိုင္ေရးကေရာ....။ ျပည္နယ္ေတြ၊ တိုင္းေတြမွာဝန္ႀကီးခ်ဳပ္ကိုကိုယ့္ဘာသာကိုယ္ ေ႐ြးလို႔ရမယ့္ ပုဒ္မကို ျပင္မယ္လုပ္ေနတယ္။အဲ့ဒါသာ ျပင္လိုက္ရင္။ ဗဟိုအစိုးရက ဝန္ႀကီးခ်ဳပ္ကို ကိုယ္ခန႔္ခ်င္တာခန႔္မရေတာ့ဘူး။
ျပည္နယ္လႊတ္ေတာ္ေတြကေ႐ြးၾကမွာ။ ဒါဆို ငါ့အိမ္မက္ေဝးၿပီေပါ့ဟ”

“မင္းကိုလည္း ျပည္နယ္အမတ္ေတြက ေ႐ြးခ်င္ေ႐ြးမွာေပါ့”

“မေ႐ြးေလာက္ဘူးကြ...။

ငါကလူႀကီးေတြကိုပဲကပ္ၿပီးဖားထားတာ....။ အျခားလူေတြနဲ႔ တည့္တာမဟုတ္ဘူး။ ငါ့လည္းသူတို႔က ၾကည့္မရ။ ငါကလည္း ၾကည့္မရနဲ႔....”

“ဝန္ႀကီးခ်ဳပ္မျဖစ္လည္းဘာအေရးလည္းကြာ....။ျပည္ေထာင္စုဝန္ႀကီးေလာက္ေတာ့ ခန႔္ခိုင္းေပါ့”

“မရဘူးဟ...။ သူ႔လူနဲ႔ သူျပည့္ေနၿပီ”

“ေအးေလ...။ ဘာမွမျဖစ္ရင္ေတာင္ အမတ္ေလးေတာ့ ျပန္ျဖစ္ေအာင္လုပ္ေပါ့ကြာ....။အရက္ေကာင္းေကာင္းေသာက္ရလည္းမနည္းပါဘူးဟ”

အခုေတာ့ ေက်ာ္စိုး တစ္ေယာက္ ယၾတာေျခေနသတဲ့။ဘာယၾတာတုန္းဆိုေတာ့ ေျခဥမျပင္ဖို႔ ယၾတာတဲ့။ဘယ္ေဗဒင္ဆရာက အႀကံေပးလိုက္လည္းမသိ။ညတိုင္း ေျခဥစာအုပ္စိမ္းႀကီးကို ကန္ေတာ့ၿပီး ေခါင္းဦးအိပ္ေနသည္။

ၿပီးေတာ့ ေက်ာ္စိုး ေျပာေသးသည္။

“ျပင္ျဖစ္ခ်င္မွ ျပင္ျဖစ္မွာပါကြာ....။ ေနာက္ဆုံးရင္ၾကားေစ့ေရး ဘာညာဆိုၿပီး အီလည္လည္ႀကီးမျဖစ္ဘူးေရာ ဘယ္သူေျပာႏိုင္မလဲ....။အခုေတာင္အရင္တုန္းက ျပင္ၿပီးသားဟာ အသက္ဝင္ေသးတာမွ မဟုတ္တာ” တဲ့။

စိုေျပ
မတ္ - ၁၀