【 သရော်စာ 】 “ ဆောင်းရယ်..တစ်သောင်းရယ်..ကိုယ့်ချစ်သူရယ်”

 【 သရော်စာ 】 “ ဆောင်းရယ်..တစ်သောင်းရယ်..ကိုယ့်ချစ်သူရယ်”

ဆောင်းက ကောင်းကောင်းသစ်ခဲ့ပြီ။
ဆောင်းသစ်ခဲ့ပြီ ဆိုတာက စားပွဲပေါ်မှ ပြက္ခဒိန်ထဲမှာသာ။ ရန်ကုန်ဆောင်းကတော့..ပန်ကာ တဝီဝီဖြင့်။
ပြာရီရီမြူ တို့ မဝေ ။ ဖြူလွှလွှ နှင်း တို့ မကျဲ ။
ဆောင်းသစ်ပြီဆိုသည်က မိုးကာလ ကြွေစင်သွားပြီဟူသည် အဓိပ္ပါယ်သက်သက်ကို ဖွင့်ဆိုခြင်းသက်သက်မျှသာ။
မတိုက်ချင်တိုက်ချင် မြောက်ပြန်လေ သာ အငြိမ့်သမလေးတစ်ဦး ၏ ပိုးပဝါစလို..တစ်ချက်တစ်ချက် ဝဲဝဲဝေ့လာသည်။
ညဉ့်ကလည်း နက်သည်ထက် နက်လာ၏။
အလုံလမ်းမ ဘက်ဆီမှ ပြိုင်ကားတို့၏ ဒရစ်ဆွဲသံ သဲ့သဲ့ကြားနေရသည်။ လူရှင်းသော လမ်းမပေါ်တွင် ဒဗလျူဘောကန်နေသည့် ငါမနိုင်မသားလေးများ၏ ဆူညံသံတချို့ကိုလည်းကြားရသည်။
အိပ်၍ကားမပျော်။

(နင့်မေကလွှား…နင့်ကိုယ်နင် ဆရာတက္ကသိုလ်ဘုန်းနိုင်များမှတ်နေလား....အိပ်မပျော်တာလေးရေးဖို့ကို ဂလောက်အရစ်ကြောရှည်နေတယ်..ဖင်မယားစမ်းပါနဲ့..ပုံမှန်ပဲရေးစမ်းပါ….သြော်.ဟုတ်ကဲ့..ဟုတ်ကဲ့.. ပြောင်းရေးပါ့မယ်)
ညကြီးမင်းကြီး..အိပ်လို့မပျော်…ငုတ်တုတ်ထထိုင်…အိပ်ရာတွေလည်း.. ကြေမွတွန့်လိပ်..သိပ်စိတ်ညစ်တယ်..မထူးပါဘူး...မိန်းမကိုနှိုး…ဟိုဘက်တိုး..အဲ..အဲ။
(ဒါကျ..ဆရာမကြီး ဒေါ်ကြည်အေး..ကဗျာကို သွားဖျက်မိသလိုဖြစ်နေပြန်ပြီ …ကန်တော့.. ကန်တော့... မနှိပ်သေးပါဘူး..ကဲ..ကိုယ်ရေးတတ်သလို ရေးပြီဗျာ)
ဆတ်ခနဲ နိုးလာသည်။ ပြန်ပြီး အိပ်လို့မပျော် ။
အိပ်မပျော်သည်မှာ ကျွန်တော်တင် မဟုတ်။ ကျွန်တော့်ဇနီးလည်း အိပ်ပျော်ဟန်မရ။ တလူးလူး တလိမ့်လိမ့်နှင့် သက်ပြင်းသံအခါခါကြားရသည်။

ဟော့..မိန်းမက ထပြီ။ သက်ပြင်းချသည်။ ချွေးသီးချွေးပေါက်တွေလည်းကျေနသည်။
''အဲ့ဒါကြီးကို ဘယ်နှယ့်လုပ်ကြမလဲ'' မိန်းမအသံက သန်းခေါင်ညထဲ ခြောက်ခြားနေပုံ။
''မသိဘူးလေ'' ဒါက ကျွန်တော့်အဖြေ။
မိန်းမက သက်ပြင်းမောကြီး တစ်ချက်ချပြီး ပြန်ခွေသွားသည်။
ကျွန်တော်လည်း အိပ်ရာပေါ်လှဲရင်း ပြန်စဉ်းစားမိ၏။
အဲ့ဒါကြီး။ အဲ့ဒါကြီး။တော်တော်ဒုက္ခပေးတဲ့ အဲ့ဒါကြီး။
အဲ့ဒါကြီး နှစ်ခု ကျွန်တော့်လက်ထဲ ရောက်လာသည်မှာ လွန်ခဲ့သည့် ဆယ့်လေးနာရီခန့်က ဖြစ်သည်။
လူတစ်ယောက်ထံမှ အဲ့ဒါကြီးနှစ်ခုထည့်ထားသည့် စာအိတ်ကို ကျွန်တော်လက်ခံမိလိုက်၏။
တက္ကစီပေါ်ဖွင့်ပြီး စာအိတ်ဖွင့်ကြည့်မှ ကျွန်တော့်မှာ တုန်လှုပ်သွားရသည်။
''ဒါလေး ယူသွားပေးပါလားဗျာ''
တက္ကစီသမားကို မေးကြည့်သည်။
''ဟာ..အဲ့ဒါကြီးတော့ မလုပ်ပါနဲ့..ညီလေးရာ။ ခေတ်အခါလည်း ညီလေးသိတာပဲ။ မလုပ်ပါနဲ့''
ပြဿနာတော့များပြီ။ ကျွန်တော့်လက်ထဲ က အဲ့ဒါကြီးကို အမြန်အပျောက်ရှင်းရန်ကြံရမည်။
ဆင်မင်းဈေးထိပ် ထမင်းဆိုင်က အမားကြီးဆိုင်မှာ ပဲဟင်း ၅၀၀ ဖိုး ဝင်ဝယ်ရင်း အဲ့ဒါကြီးကို အသာလေး ထားခဲ့ဖို့ကြံသည်။
''ဟမ်မလေး…မောင်ဗြိ…အကြွေးယူသွားရင်သွား..အဲ့ဒါကြီးတော့..မထားခဲ့နဲ့..သြားသြား''
ရော်..မောင်းပါထုတ်လေရောလား။

ကိုလှဆောင်ကွမ်းယာဆိုင်မှာ ဆေးပေါ့လိပ် နှစ်ရာဖိုး နဲ့ အချဉ်ထုတ် သုံးရာတန် တစ်ထုတ်ဝယ်သည်။
အဲ့ဒါကြီး မြင်တော့…ကိုလှဆောင် မိန်းမ က မျက်လုံးပြူး မျက်ဆန်ပြူး။
''ကိုဗြိ က ကျွန်မတို့ လင်မယားကို ရဲသတင်းတွေမှာ လက်ထိပ်ကြီးနဲ့ မြင်ချင်တာလား''
ဒုက္ခပဲ..ခက်တော့ခက်ပြီ။
အိမ်ပြန်ရောက်တော့ အဲ့ဒါကြီးကို မိန်းမက မြင်သွားသည်။
''ရှင့်ကို သေချာမှာလိုက်လျက်နဲ့ရှင်.ရှင်မို့ ထောင်နှုတ်ခမ်းမှာ စကိတ်စီးပြီး ဒါကြီး ယူလာတယ်..စိတ်ညစ်ပါတယ်တော်..ရှင့်ပါလာတဲ့ ဟာကြီး ကျွန်မဆီ မထားနဲ့..ကိုယ့်ဟာကိုယ်ရှင်း''
ဟ..ဘာလဲဟ..။ အဲ့ဒါကြီး ပါလာတာနဲ့ မိန်းမက တောင် မကြည်ဖြူတော့ဘူး။
ညနေစောင်းတော အဲ့ဒါကြီးကို အသာဝှက်ပြီး မိုက်ကယ်လင်းကြီးတို့ ဆိုက်ကားဂိတ်ဆီ ထွက်ခဲ့လိုက်သည်။
''မိုက်ကယ်လင်းကြီး..သွားကစ်မလား..ကျွန်တော်တိုက်မယ်''
''ကစ်ချင်နေတာနဲ့ အတော်ပဲလေ..ကိုမောင်ဗြိ ရဲ့''
ကျွန်တော်တို့ ဆင်မင်းဈေးရှေ့က ကိုးသုံးလုံးတွင် စတည်းချသည်။

ဆိုင်ထဲက ထွက်တော့...စားပွဲထိုးသည့် အာလာဒင် က အမောတကောလိုက်ဆွဲသည်။
"ကိုဗြိ..အဲ့ဒါကြီးတော့...မထားခဲ့ပါနဲ့ဗျာ....အလကားသောက်ချင်သောက်သြား..''
မိုက်ကယ်လင်းကြီးကတော့..ပြေးဘီ။
ကျွန်တော့်မှာသာ ဗြမ္မာကြီးဦးခေါင်း ကိုင်ထားရသည့် အဖြစ်။
"ဟေ့..မင်းကို ပြည်သူ့ရဲတွေ..ဝိုင်းထားပြီ''
ဝှီးရွန်၊ ဝှီးရွန် အသံတွေလည်း ညံလို့။ ရဲကားတွေက ပတ်လည်ဝိုင်း။
ဟော့..ခေါင်းပေါ်မှာလည်း ဟယ်လီကော်ပတာက ဝဲနေသေး။
သြားပြီ။

"ခင်ဗျားဆီက တစ်သောင်းတန်နှစ်ရွက်မှာ တစ်ရွက်က အတုကြီးမို့..ခင်ဗျားကို ဖမ်းပါတယ်''
နင့်မေကလွှား။ တစ်သောင်းတန်တစ်ရွက်တင်ထားတဲ့ စားပွဲကြီးရှေ့...မျက်လုံးလေးပေကလပ်ပေကလပ် နဲ့ မောင်ဗြိ ပုံလေးကို မြင်ယောင်လာတယ်။
ဟော့..တရားရုံးရောက်သွားပြီ။
တရားသူကြီးက ခေါင်းပေါင်းစကြီး ညာချပြီး ပြုံးဖြီးဖြီး နဲ့လေ။
"စိတ်မပူပါနဲ့...မောင်မင်း..တစ်သောင်းတန်အတုမိတိုင်း..ထောင်မချပါဘူး.ဒါက..တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ သက်ဆိုင်ပါတယ်..ဟဲ...ဟဲ..ဟဲ..ဟဲ''
ကျွန်တော်သိလိုက်ပြီ။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဆိုတာ အဲ့ဒီ ဟဲ..ဟဲ..ဟဲ..ဟဲ ကြီးပဲဆိုတာ။
ဟော့..ခဏကြာတော့..ကျွန်တော့်မိန်းမက တရားသူကြီးမင်းရှေ့ မုန့်ပုံးလေးချ..ကြုံ့ကြုံ့လေးထိုင်လို့။
"ယောက်ျား..ထတော့ …ထတော့ …...မိုးလင်းပြီ''
ဟူး...အိပ်မက်ဆိုးတွေ။ မနေ့က ရလိုက်တဲ့ စာမူခ သုံးသောင်းမှာ တစ်သောင်းတန်နှစ်ရွက်ပါလာရာက စတဲ့..အိပ်မက်ဆိုးတွေ။
"ရှင်..ဘာဖြစ်နေတာတုန်း''
"တစ်သောင်းတန်ကိစ္စ..အိပ်မက်ဆိုးတွေ..မက်နေလို့ဟာ''
"အော်...ဒါများဘာမှမပူနဲ့...ဒီမှာ သတင်းဖတ်ကြည့်..ဗဟိုဘဏ်က ဈေးကျနေတဲ့ ဒေါ်လာတွေကို ဈေးပိုပေးပြီး ဝယ်နေတာ..နှစ်ရက်အတွင်း သုံးဆယ့်လေးသန်းတောင်တဲ့တော့''
"အဲ့ဒါနဲ့..တစ်သောင်းတန် ကိစ္စ..ဘာများဆိုင်သတုန်း...လေဒီမမရယ်''

"ရှင် တော်တော်တုံးတာပဲ..ကိုမောင်ဗြိရယ်..ဆက်စပ်တွေးစမ်းပါ..ကျုပ်တို့နိုင်ငံမှာ.တစ်သောင်းတန်က အတုတွေများလို့..ဗဟိုဘဏ်က.ဒေါ်လာပြောင်းပေးသုံးခိုင်းမလို့...ဒီလောက်ဒေါ်လာတွေ ဈေးကောင်းပေးဝယ်နေတာဖြစ်မှာပေါ့''
အိမ်း..စီးပွားရေးပညာရှင် ဗြော်ကတိ..ပြောသလို..ဒေါ်လာမပြောင်းခင်တော့...လက်ထဲရှိတဲ့ တစ်သောင်းတန်လေး..ရအောင်ထုတ်မှာပါပဲ။
နို့မဟုတ်..တရားသူကြီးရဲ့ ဟဲ..ဟဲ..ဟဲ..ဟဲ ဆိုတဲ့..ဆင်ခြင်တုံတရားဆိုတာကြီးနဲ့..ညားနေမှ။
အဲ့ဒီ..ဆင်ခြင်တုံတရားဆိုတာ ဘယ်ထဲမှာရှိလဲ သိကြလားဗျ။
မသိရင္မွတ္ထား။
ဘလူးလေဘယ်ပုလင်းထဲတို့၊ မုန့်ပုံးထဲတို့မှာ..ရှိ..ရှိ..ဂွိ......။

                                                                           ဗြိတိသျှကိုကိုမောင် 

(  Zawgyi  )

 ေဆာင္းက ေကာင္းေကာင္းသစ္ခဲ့ၿပီ။
ေဆာင္းသစ္ခဲ့ၿပီ ဆိုတာက စားပြဲေပၚမွ ျပကၡဒိန္ထဲမွာသာ။ ရန္ကုန္ေဆာင္းကေတာ့..ပန္ကာ တဝီဝီျဖင့္။
ျပာရီရီျမဴ တို႔ မေဝ ။ ျဖဴလႊလႊ ႏွင္း တို႔ မက်ဲ ။
ေဆာင္းသစ္ၿပီဆိုသည္က မိုးကာလ ေႂကြစင္သြားၿပီဟူသည္ အဓိပၸါယ္သက္သက္ကို ဖြင့္ဆိုျခင္းသက္သက္မွ်သာ။
မတိုက္ခ်င္တိုက္ခ်င္ ေျမာက္ျပန္ေလ သာ အၿငိမ့္သမေလးတစ္ဦး ၏ ပိုးပဝါစလို..တစ္ခ်က္တစ္ခ်က္ ဝဲဝဲေဝ့လာသည္။
ညဥ့္ကလည္း နက္သည္ထက္ နက္လာ၏။
အလုံလမ္းမ ဘက္ဆီမွ ၿပိဳင္ကားတို႔၏ ဒရစ္ဆြဲသံ သဲ့သဲ့ၾကားေနရသည္။ လူရွင္းေသာ လမ္းမေပၚတြင္ ဒဗလ်ဴေဘာကန္ေနသည့္ ငါမႏိုင္မသားေလးမ်ား၏ ဆူညံသံတခ်ိဳ႕ကိုလည္းၾကားရသည္။
အိပ္၍ကားမေပ်ာ္။

(နင့္ေမကလႊား…နင့္ကိုယ္နင္ ဆရာတကၠသိုလ္ဘုန္းႏိုင္မ်ားမွတ္ေနလား....အိပ္မေပ်ာ္တာေလးေရးဖို႔ကို ဂေလာက္အရစ္ေၾကာရွည္ေနတယ္..ဖင္မယားစမ္းပါနဲ႔..ပုံမွန္ပဲေရးစမ္းပါ….ေၾသာ္.ဟုတ္ကဲ့..ဟုတ္ကဲ့.. ေျပာင္းေရးပါ့မယ္)
ညႀကီးမင္းႀကီး..အိပ္လို႔မေပ်ာ္…ငုတ္တုတ္ထထိုင္…အိပ္ရာေတြလည္း.. ေၾကမြတြန႔္လိပ္..သိပ္စိတ္ညစ္တယ္..မထူးပါဘူး...မိန္းမကိုႏႈိး…ဟိုဘက္တိုး..အဲ..အဲ။
(ဒါက်..ဆရာမႀကီး ေဒၚၾကည္ေအး..ကဗ်ာကို သြားဖ်က္မိသလိုျဖစ္ေနျပန္ၿပီ …ကန္ေတာ့.. ကန္ေတာ့... မႏွိပ္ေသးပါဘူး..ကဲ..ကိုယ္ေရးတတ္သလို ေရးၿပီဗ်ာ)
ဆတ္ခနဲ ႏိုးလာသည္။ ျပန္ၿပီး အိပ္လို႔မေပ်ာ္ ။
အိပ္မေပ်ာ္သည္မွာ ကြၽန္ေတာ္တင္ မဟုတ္။ ကြၽန္ေတာ့္ဇနီးလည္း အိပ္ေပ်ာ္ဟန္မရ။ တလူးလူး တလိမ့္လိမ့္ႏွင့္ သက္ျပင္းသံအခါခါၾကားရသည္။

ေဟာ့..မိန္းမက ထၿပီ။ သက္ျပင္းခ်သည္။ ေခြၽးသီးေခြၽးေပါက္ေတြလည္းေက်နသည္။
''အဲ့ဒါႀကီးကို ဘယ္ႏွယ့္လုပ္ၾကမလဲ'' မိန္းမအသံက သန္းေခါင္ညထဲ ေျခာက္ျခားေနပုံ။
''မသိဘူးေလ'' ဒါက ကြၽန္ေတာ့္အေျဖ။
မိန္းမက သက္ျပင္းေမာႀကီး တစ္ခ်က္ခ်ၿပီး ျပန္ေခြသြားသည္။
ကြၽန္ေတာ္လည္း အိပ္ရာေပၚလွဲရင္း ျပန္စဥ္းစားမိ၏။
အဲ့ဒါႀကီး။ အဲ့ဒါႀကီး။ေတာ္ေတာ္ဒုကၡေပးတဲ့ အဲ့ဒါႀကီး။
အဲ့ဒါႀကီး ႏွစ္ခု ကြၽန္ေတာ့္လက္ထဲ ေရာက္လာသည္မွာ လြန္ခဲ့သည့္ ဆယ့္ေလးနာရီခန႔္က ျဖစ္သည္။
လူတစ္ေယာက္ထံမွ အဲ့ဒါႀကီးႏွစ္ခုထည့္ထားသည့္ စာအိတ္ကို ကြၽန္ေတာ္လက္ခံမိလိုက္၏။
တကၠစီေပၚဖြင့္ၿပီး စာအိတ္ဖြင့္ၾကည့္မွ ကြၽန္ေတာ့္မွာ တုန္လႈပ္သြားရသည္။
''ဒါေလး ယူသြားေပးပါလားဗ်ာ''
တကၠစီသမားကို ေမးၾကည့္သည္။
''ဟာ..အဲ့ဒါႀကီးေတာ့ မလုပ္ပါနဲ႔..ညီေလးရာ။ ေခတ္အခါလည္း ညီေလးသိတာပဲ။ မလုပ္ပါနဲ႔''
ျပႆနာေတာ့မ်ားၿပီ။ ကြၽန္ေတာ့္လက္ထဲ က အဲ့ဒါႀကီးကို အျမန္အေပ်ာက္ရွင္းရန္ႀကံရမည္။
ဆင္မင္းေဈးထိပ္ ထမင္းဆိုင္က အမားႀကီးဆိုင္မွာ ပဲဟင္း ၅၀၀ ဖိုး ဝင္ဝယ္ရင္း အဲ့ဒါႀကီးကို အသာေလး ထားခဲ့ဖို႔ႀကံသည္။
''ဟမ္မေလး…ေမာင္ၿဗိ…အေႂကြးယူသြားရင္သြား..အဲ့ဒါႀကီးေတာ့..မထားခဲ့နဲ႔..ၾသားၾသား''
ေရာ္..ေမာင္းပါထုတ္ေလေရာလား။

ကိုလွေဆာင္ကြမ္းယာဆိုင္မွာ ေဆးေပါ့လိပ္ ႏွစ္ရာဖိုး နဲ႔ အခ်ဥ္ထုတ္ သုံးရာတန္ တစ္ထုတ္ဝယ္သည္။
အဲ့ဒါႀကီး ျမင္ေတာ့…ကိုလွေဆာင္ မိန္းမ က မ်က္လုံးျပဴး မ်က္ဆန္ျပဴး။
''ကိုၿဗိ က ကြၽန္မတို႔ လင္မယားကို ရဲသတင္းေတြမွာ လက္ထိပ္ႀကီးနဲ႔ ျမင္ခ်င္တာလား''
ဒုကၡပဲ..ခက္ေတာ့ခက္ၿပီ။
အိမ္ျပန္ေရာက္ေတာ့ အဲ့ဒါႀကီးကို မိန္းမက ျမင္သြားသည္။
''ရွင့္ကို ေသခ်ာမွာလိုက္လ်က္နဲ႔ရွင္.ရွင္မို႔ ေထာင္ႏႈတ္ခမ္းမွာ စကိတ္စီးၿပီး ဒါႀကီး ယူလာတယ္..စိတ္ညစ္ပါတယ္ေတာ္..ရွင့္ပါလာတဲ့ ဟာႀကီး ကြၽန္မဆီ မထားနဲ႔..ကိုယ့္ဟာကိုယ္ရွင္း''
ဟ..ဘာလဲဟ..။ အဲ့ဒါႀကီး ပါလာတာနဲ႔ မိန္းမက ေတာင္ မၾကည္ျဖဴေတာ့ဘူး။
ညေနေစာင္းေတာ အဲ့ဒါႀကီးကို အသာဝွက္ၿပီး မိုက္ကယ္လင္းႀကီးတို႔ ဆိုက္ကားဂိတ္ဆီ ထြက္ခဲ့လိုက္သည္။
''မိုက္ကယ္လင္းႀကီး..သြားကစ္မလား..ကြၽန္ေတာ္တိုက္မယ္''
''ကစ္ခ်င္ေနတာနဲ႔ အေတာ္ပဲေလ..ကိုေမာင္ၿဗိ ရဲ႕''
ကြၽန္ေတာ္တို႔ ဆင္မင္းေဈးေရွ႕က ကိုးသုံးလုံးတြင္ စတည္းခ်သည္။

ဆိုင္ထဲက ထြက္ေတာ့...စားပြဲထိုးသည့္ အာလာဒင္ က အေမာတေကာလိုက္ဆြဲသည္။
"ကိုၿဗိ..အဲ့ဒါႀကီးေတာ့...မထားခဲ့ပါနဲ႔ဗ်ာ....အလကားေသာက္ခ်င္ေသာက္ၾသား..''
မိုက္ကယ္လင္းႀကီးကေတာ့..ေျပးဘီ။
ကြၽန္ေတာ့္မွာသာ ျဗမၼာႀကီးဦးေခါင္း ကိုင္ထားရသည့္ အျဖစ္။
"ေဟ့..မင္းကို ျပည္သူ႔ရဲေတြ..ဝိုင္းထားၿပီ''
ဝွီး႐ြန္၊ ဝွီး႐ြန္ အသံေတြလည္း ညံလို႔။ ရဲကားေတြက ပတ္လည္ဝိုင္း။
ေဟာ့..ေခါင္းေပၚမွာလည္း ဟယ္လီေကာ္ပတာက ဝဲေနေသး။
ၾသားၿပီ။

"ခင္ဗ်ားဆီက တစ္ေသာင္းတန္ႏွစ္႐ြက္မွာ တစ္႐ြက္က အတုႀကီးမို႔..ခင္ဗ်ားကို ဖမ္းပါတယ္''
နင့္ေမကလႊား။ တစ္ေသာင္းတန္တစ္႐ြက္တင္ထားတဲ့ စားပြဲႀကီးေရွ႕...မ်က္လုံးေလးေပကလပ္ေပကလပ္ နဲ႔ ေမာင္ၿဗိ ပုံေလးကို ျမင္ေယာင္လာတယ္။
ေဟာ့..တရား႐ုံးေရာက္သြားၿပီ။
တရားသူႀကီးက ေခါင္းေပါင္းစႀကီး ညာခ်ၿပီး ၿပဳံးၿဖီးၿဖီး နဲ႔ေလ။
"စိတ္မပူပါနဲ႔...ေမာင္မင္း..တစ္ေသာင္းတန္အတုမိတိုင္း..ေထာင္မခ်ပါဘူး.ဒါက..တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားနဲ႔ သက္ဆိုင္ပါတယ္..ဟဲ...ဟဲ..ဟဲ..ဟဲ''
ကြၽန္ေတာ္သိလိုက္ၿပီ။ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားဆိုတာ အဲ့ဒီ ဟဲ..ဟဲ..ဟဲ..ဟဲ ႀကီးပဲဆိုတာ။
ေဟာ့..ခဏၾကာေတာ့..ကြၽန္ေတာ့္မိန္းမက တရားသူႀကီးမင္းေရွ႕ မုန႔္ပုံးေလးခ်..ႀကဳံ႕ႀကဳံ႕ေလးထိုင္လို႔။
"ေယာက္်ား..ထေတာ့ …ထေတာ့ …...မိုးလင္းၿပီ''
ဟူး...အိပ္မက္ဆိုးေတြ။ မေန႔က ရလိုက္တဲ့ စာမူခ သုံးေသာင္းမွာ တစ္ေသာင္းတန္ႏွစ္႐ြက္ပါလာရာက စတဲ့..အိပ္မက္ဆိုးေတြ။
"ရွင္..ဘာျဖစ္ေနတာတုန္း''
"တစ္ေသာင္းတန္ကိစၥ..အိပ္မက္ဆိုးေတြ..မက္ေနလို႔ဟာ''
"ေအာ္...ဒါမ်ားဘာမွမပူနဲ႔...ဒီမွာ သတင္းဖတ္ၾကည့္..ဗဟိုဘဏ္က ေဈးက်ေနတဲ့ ေဒၚလာေတြကို ေဈးပိုေပးၿပီး ဝယ္ေနတာ..ႏွစ္ရက္အတြင္း သုံးဆယ့္ေလးသန္းေတာင္တဲ့ေတာ့''
"အဲ့ဒါနဲ႔..တစ္ေသာင္းတန္ ကိစၥ..ဘာမ်ားဆိုင္သတုန္း...ေလဒီမမရယ္''

"ရွင္ ေတာ္ေတာ္တုံးတာပဲ..ကိုေမာင္ၿဗိရယ္..ဆက္စပ္ေတြးစမ္းပါ..က်ဳပ္တို႔ႏိုင္ငံမွာ.တစ္ေသာင္းတန္က အတုေတြမ်ားလို႔..ဗဟိုဘဏ္က.ေဒၚလာေျပာင္းေပးသုံးခိုင္းမလို႔...ဒီေလာက္ေဒၚလာေတြ ေဈးေကာင္းေပးဝယ္ေနတာျဖစ္မွာေပါ့''
အိမ္း..စီးပြားေရးပညာရွင္ ေျဗာ္ကတိ..ေျပာသလို..ေဒၚလာမေျပာင္းခင္ေတာ့...လက္ထဲရွိတဲ့ တစ္ေသာင္းတန္ေလး..ရေအာင္ထုတ္မွာပါပဲ။
ႏို႔မဟုတ္..တရားသူႀကီးရဲ႕ ဟဲ..ဟဲ..ဟဲ..ဟဲ ဆိုတဲ့..ဆင္ျခင္တုံတရားဆိုတာႀကီးနဲ႔..ညားေနမွ။
အဲ့ဒီ..ဆင္ျခင္တုံတရားဆိုတာ ဘယ္ထဲမွာရွိလဲ သိၾကလားဗ်။
မသိရငၼြတၳား။
ဘလူးေလဘယ္ပုလင္းထဲတို႔၊ မုန႔္ပုံးထဲတို႔မွာ..ရွိ..ရွိ..ဂြိ......။

                                                                           ၿဗိတိသွ်ကိုကိုေမာင္