【 သရော်စာ 】 “ လော်နဲ့ ပျော်တဲ့ တို့မြန်မာပြည်”

【  သရော်စာ  】 “ လော်နဲ့ ပျော်တဲ့ တို့မြန်မာပြည်”

မြန်မာပြည်မှာ ဆန္ဒပြချင်ရဲ့နဲ့  အဖမ်းခံရမှာစိုးလို့ ကြောက်နေသလား…။
လားလား မှ မကြောက်နဲ့တော့ အခုနတ်ဆိုးရှိပြီလေ… ။နတ်ဆိုးဘာလဲ ဟုတ်လား။
နတ်ဆိုးဆိုတာ ဘာမှမဟုတ်၊ ဘာအကောင်မှလည်းမဟုတ်။ ဘာမှလည်း ပိုင်ရာဆိုင်ရာမရှိ။ သို့‌ေ သော် နတ်ဆိုးတွင် နည်းလမ်းှရိသည်။ ထိုကြောင့် ပြချင်လျှင် နေပြည်တော်မှာတောင် သွားပြလို့ရတယ်။ ဆန္ဒပြောတာနော်..။
အဟုတ်..။တစ်ကယ်ပြောတာ….။
နတ်ဆိုးတို့က မပိုင်ရင် ခြင်တောင် ခြင်ထောင်ထဲ ရိုက်တဲ့ သူမဟုတ်ဘူး..။

ဘာကြောင့် နတ်ဆိုး ..ဒီလိုပြောဝံ့လဲ…။ နတ်ဆိုးမှာ ရှိတဲ့နည်းကမိုက်သည်။ အလုပ်လည်းဖြစ်သည်။
ဒီနည်းရဖို့ နတ်ဆိုးမှာ လှိုင်သာယာမှာ တစ်နှစ်၊ ရွှေပြည်သာမှာ တစ်နှစ် ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံတောင်မှာ  တစ်နှစ်စီ..။
ဒီလို စက်မူဇုန်တွေကိုလှည့်ပြီး အန္တရာယ်ကင်း ဆန္ဒပြနည်းကိုရှာခဲ့ရသည်။ လွယ်တော့ လွယ်သည်မဟုတ်..။
အခုတော့ နတ်ဆိုးမှာ နည်းရခဲ့ပြီ။
နတ်ဆိုးနည်းသာ အသုံးဝင်ခဲ့ရင် “ သင် ဆန္ဒပြချင်နေပြီလား ၊ နတ်ဆိုးဆီသွား” ဒီလို ဆလိုဂန်တွေနဲ့ ရုပ်သံချန်နယ်တွေမှာ ကြောငြာတောင် မြင်ရကိန်းရှိသည်။   နောင်ဆို ကြေငြာရမည်။
ဒါနောင်မှ ..။အခုမသေချာသေး။

နတ်ဆိုးရဲ့နည်းအတိုင်းဆို….ဆန္ဒပြချင်သူတွေ  ဘယ်မှ သွားစရာမလို ။ နတ်ဆိုးက တာဝန်ယူမည်..။ ဘယ်မှာ ပြချင်သလဲ ..ပြော၊ နေပြည်တော်လား .. ရန်ကုန်လား…။ သူဈေးနဲ့ သူဈေး..။
 ဝန်ကြီးချုပ် အဆင့်သိရအောင်ဆို ဘယ်ဈေး..။ သမ္မတအဆင့် သိရအောင်ဆို ဘယ်ဈေး..။ အတိုင်ပင်ခံအဆင့် သိရအောင်ဆို ဘယ်ဈေး..။
ဒီလို အဆင့်ဆင့် ဈေးသတ်မှတ်ထားမည်။
ဒါ စွေစောင်းတို့ သူကျိုးတို့ဂွင်ကို ဖျက်တာမဟုတ်….။
ဒါ နတ်ဆိုးဂွင်ဖြစ်သည်။  
ဒီလို လုပ်နိုင်လို့ …ဟုတ်လား….။
အဟုတ်တကယ်..။ နတ်ဆိုးက လုပ်နိုင်မှ ပြောခြင်းဖြစ်သည်..။ ဒီအတွက် နည်းလမ်းက အလွယ်လေး..။

ပုံမှန်အတိုင်းဆို စက်မူဇုန်မှာ ဆန္ဒပြမည်ဆိုလျှင်  သက်ဆိုင်ရာကို စာတင်ရမည်။ ရက်တွေကြာ မည်။ဒီကြားထဲ ခွင့်မပြုလျှင် ပြခွင့်မရ။
သပိတ်စခန်းဖွင့်မည့်။ အခန်မသင့်လျှင်  စက်ရုံကလူမိုက်ငှားပြီး ဝိုင်းရိုက်လျှင် ကျိုးပဲထိခိုက်မည်။ ဒီကြား ထဲ ကံမကောင်းလျှင် တရားစွဲခံရဦးမည်။ အလုပ်လည်းပြုတ်ဦးမည်။
လိုတာရမရ မသေချာ ..။ သေချာတာက ဒုက္ခများမည်။ သတင်းစာရှင်းလင်းရ ဘာရနှင့် အလုပ်ပျက် အကိုင် ပျက်ဖြစ်မည်။ ထောင်ထဲ အတန်းလိုက် ဝင်ရတာတွေ ဖြစ်လာနိုင်သည်။
နတ်ဆိုးသာ အလုပ်အပ်။ ဒီဒုက္ခတွေ ကင်းဝေးသွားမည်။လိုတာလည်းရဖို့ သေချာသည်။
နတ်ဆိုးနည်းက အလွယ်လေး..။

နတ်ဆိုးက ဆန္ဒပြဖို့ လူတွေငှားမည်။ ရပ်ကွက်အလှူခံမဏ္ဍပ်က  လူသုံးယောက်ကိုကြိုက်ဈေးပေးပြီး ငှားရမည်။ဒါမှ ရပ်ကွက်လည်းနားအေး ကိုယ်လည်း အလုပ်ဖြစ်မည်။
ပထမငှားမည့်သူက ရပ်ကွက်ထဲမှာ နေ့စားခနဲ့ အလှူခံလိုက် ပြောတဲ့ဟောတဲ့ အဖိုးကြီး။
ထိုလူကြီးက တောင်းတဲ့ ရမ်းတဲ့နေရာမှာ ဇရှိသည်။ လူတွေ ကျအောင်ပြောတတ်သည်။ အဟောအပြော ကောင်းလွန်းသဖြင့် “ အိမ်မှာ နားညီးတော့မခံဘူး။ လင်နှိပ်စက်တာပဲ ခံမည် ”ဆိုပြီး သူသမီးတွေ အကုန်လုံး လင်တွေ စောစောရကုန်သည်။
သူကို ရလျှင် ဆန္ဒပြတဲ့လုပ်ငန်းအောင်မြင်ဖို့ တစ်ဝက်သေချာပြီ။
နောက်တစ်ယောက်က ဖိုးဆိုချင်။
မိုက်မြင်တာနဲ့ လက်ကမချ။ အလှူခံမှန်သမျှ သိသိမသိသိ သီချင်းလိုက်ဆိုသည်။

နေမကောင်းတာတောင် သူနေရာ သူများဝင်ဆိုသွားမှာစိုးလို့ ညဘက် ဆေးသွင်းပြီး အလှူခံလိုက်တဲ့ သူ။ ဇက နည်းတဲ့ ဇ တော့ မဟုတ်..။
နောက်တစ်ယောက်ကတော့ ညဘက် ကြားကားဆွဲသည့် လိုင်စင်မဲ့ကားသမားတစ်ဦး။ အခုထိ သူ့ကား မောင်းသက်တမ်းတစ်လျှာက် တစ်ခါမှ ကားအဖမ်းမခံရသေး။
သူတို့ သုံးယောက်သာရလျှင် လုပ်ငန်းစနိုင်ပြီ။ လိုလိုမယ်မယ် ဟိုတစ်လောက လော်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ သူတွေကို ပုတ်ပြတ်ခေါ်ဖို့ ဆက်သွယ်ထားလျှင်ရပြီ။  
ကဲ … နတ်ဆိုးဆီ ဆန္ဒပြဖို့ အလုပ်အပ်မလား။

အလုပ်သာအပ်လျှင်  နတ်ဆိုးက ထိုဆန္ဒပြမည့် အလုပ်ရုံ စက်ရုံ ရှေ့အလှူခံကား (အဲလေ) ဆန္ဒပြ မည့် ကား သွားထိုးကာ အဟောအပြောကောင်း သည့် လူကို ပြောခိုင်းမည်။
ထိုသူက  လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး၊ အခွင့်အရေးပေါင်းစုံ တောင်းခိုင်းမည်။ ထိုသူဟောတာပြောတာ နားညီးပြီး အလုပ်ရှင် လိုက်လိုက်လျောမည်။
မလိုက်လျောလည်းရသေးသည်။

ကိုမိုက်ခဲကို လော်နှင့် သီချင်းဆိုခိုင်းကာ အလုပ်ရှင် အိမ်အသွားအပြန် နောက်က လိုက်ခိုင်းမည်။ ဒါမှမရ လျှင်  ညဘက် အလုပ်ရှင်နေသည်နေရာတစ်ဝိုက် လော်ပြိုင်ပွဲက လော်တွေကိုငှားကာ ဖွင့်မည်။
ဒါဆို ဘယ်အလုပ်ရှင် ခံနိုင်မည်နည်း။မလိုက်လျောဘဲနေနိုင်မည်နည်း..။  
ဒီလိုဖွင့်လို ဘယ်သူကမှ ဖမ်းလည်း ဖမ်းမည်မဟုတ်..။
ရပ်ကွက်ထဲ အလှူခံတွေ ကားနဲ့ ဆိုင်းတွေ ဗုံတွေနဲ့ လော်တပ်ကာ ဝုန်းဒိုင်းကြဲတာတောင် ဘယ်သူမှ အရေးလုပ် ဖမ်းတာမဟုတ်..။တိုင်လည်းဖမ်းကြတာမဟုတ်..။
 ဘာလိုင်းကြေးမှလည်း ပေးစရာမလို။

လူကြီးလမ်းကြောင်းရှိလို တားဆီးထားလို့ ဆန္ဒပြချင်သလား။ ဒါလည်း လွယ်လွယ်လေး။ ဘယ် အာဏာပိုင်ပဲဖြစ်ဖြစ် တားဆီးထားလို့မရသည့် နည်းလမ်းတွေ  နတ်ဆိုးမှာရှိသည်။
ဘာလဲ ဆို ..လူကြီးလမ်းကြောင်းလာမည် လမ်းကြောင်းမှာ လော်ကို ခိုးတပ်မည်။ လူကြီးလာမှ ထဖွင့်။ ထအော် ..။နောက်မှ ဖမ်းမိမည်။
လောလောဆယ်  လော်ကနေ ပြည်သူတွေ ဘယ်လို ဒုက္ခရောက်နေ သည်အကြောင်း၊ ဘယ်သူတွေ လိုင်းကြေးတောင်း သည့် အကြောင်း..လူကြီးတွေ သိမည်။
ဆန္ဒပြည့်မပြည့်တော့မသိ။ အနည်းဆုံးတော့ လူကြီးလည်း လော်ဒုက္ခသိမည်။
မမိုက်ဘူးလား..။ တရားစွဲလည်း အများဆုံးစွဲ လော်အမှုပေါ့။။

ဒီနည်းကို  မူပိုင်ရုံးသွားပြီးမှတ်ပုံတင်ဖို့ နတ်ဆိုးမှာ အကြံအစည်ရှိသည်။ မှတ်ပုံမတင်ထားလို့ မဖြစ်..။ ဘာကြောင့်ဆို ဟိုကောင်တွေသာ ဒီနည်းကို သိသွားရင် ခက်မည်။
ဒီနည်းကို ဖတ်ပြီးအားချင်း အခုထလုပ်လျှင်  မူပိုင်ခွင့်ချိုးဖောက်မှုနှင့် တရားစွဲမည်။( ဤကား စကားချပ်)
နတ်ဆိုးက အချဉ်မဟုတ်။လော်နည်းကို တော်တော်လေး ဒုက္ခရောက်ခံပြီးမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လော်ဆိုလို အထင်မသေးနှင့်။လော်နည်းကား နယ်နယ်ရ မဟုတ်။
အစဉ်အဆက် သုံးခဲ့ကြသည့်နည်းဖြစ်သည်။
ဘယ်လောက်ထိ သုံးခဲကြသလဲဆို အခုဖေ့စဘွတ် ဆိုတဲမှာတောင် လော်ဘီဆိုပြီး ခေါ်စမုတ်ပြု ကြတဲ့ အထိ လော်တစ်ခေတ် ဖြစ်ခဲ့သည်။

အလုပ်ဖြစ်မဖြစ်မသိ။ အနည်းဆုံးတော့ လမ်းထိပ်မဏ္ဍပ်က လူတွေကို အလုပ်မရရင်တောင် အားလုံးထောင်ထဲရောက်ပြီး ရပ်ကွက်နားအေးမည်။။
 အခုဘဲ လူတွေ မေးနေကြပြီ။ ဘယ်တော့စမလဲဟု။
လော်သမားတွေ ထောင်ထဲ မြန်မြန်ရောက် အဲလေ.. မြန်မြန်အလုပ်ရစေချင်ကြပြီ။

                                                                        နတ်ဆိုး     

(  Zawgyi  )

 ျမန္မာျပည္မွာ ဆႏၵျပခ်င္ရဲ႕နဲ႔  အဖမ္းခံရမွာစိုးလို႔ ေၾကာက္ေနသလား…။
လားလား မွ မေၾကာက္နဲ႔ေတာ့ အခုနတ္ဆိုးရွိၿပီေလ… ။နတ္ဆိုးဘာလဲ ဟုတ္လား။
နတ္ဆိုးဆိုတာ ဘာမွမဟုတ္၊ ဘာအေကာင္မွလည္းမဟုတ္။ ဘာမွလည္း ပိုင္ရာဆိုင္ရာမရွိ။ သို႔‌ေ ေသာ္ နတ္ဆိုးတြင္ နည္းလမ္းွရိသည္။ ထိုေၾကာင့္ ျပခ်င္လွ်င္ ေနျပည္ေတာ္မွာေတာင္ သြားျပလို႔ရတယ္။ ဆႏၵေျပာတာေနာ္..။
အဟုတ္..။တစ္ကယ္ေျပာတာ….။
နတ္ဆိုးတို႔က မပိုင္ရင္ ျခင္ေတာင္ ျခင္ေထာင္ထဲ ႐ိုက္တဲ့ သူမဟုတ္ဘူး..။

ဘာေၾကာင့္ နတ္ဆိုး ..ဒီလိုေျပာဝံ့လဲ…။ နတ္ဆိုးမွာ ရွိတဲ့နည္းကမိုက္သည္။ အလုပ္လည္းျဖစ္သည္။
ဒီနည္းရဖို႔ နတ္ဆိုးမွာ လႈိင္သာယာမွာ တစ္ႏွစ္၊ ေ႐ႊျပည္သာမွာ တစ္ႏွစ္ ဒဂုံဆိပ္ကမ္းနဲ႔ ဒဂုံေတာင္မွာ  တစ္ႏွစ္စီ..။
ဒီလို စက္မူဇုန္ေတြကိုလွည့္ၿပီး အႏၲရာယ္ကင္း ဆႏၵျပနည္းကိုရွာခဲ့ရသည္။ လြယ္ေတာ့ လြယ္သည္မဟုတ္..။
အခုေတာ့ နတ္ဆိုးမွာ နည္းရခဲ့ၿပီ။
နတ္ဆိုးနည္းသာ အသုံးဝင္ခဲ့ရင္ “ သင္ ဆႏၵျပခ်င္ေနၿပီလား ၊ နတ္ဆိုးဆီသြား” ဒီလို ဆလိုဂန္ေတြနဲ႔ ႐ုပ္သံခ်န္နယ္ေတြမွာ ေၾကာျငာေတာင္ ျမင္ရကိန္းရွိသည္။   ေနာင္ဆို ေၾကျငာရမည္။
ဒါေနာင္မွ ..။အခုမေသခ်ာေသး။

နတ္ဆိုးရဲ႕နည္းအတိုင္းဆို….ဆႏၵျပခ်င္သူေတြ  ဘယ္မွ သြားစရာမလို ။ နတ္ဆိုးက တာဝန္ယူမည္..။ ဘယ္မွာ ျပခ်င္သလဲ ..ေျပာ၊ ေနျပည္ေတာ္လား .. ရန္ကုန္လား…။ သူေဈးနဲ႔ သူေဈး..။
 ဝန္ႀကီးခ်ဳပ္ အဆင့္သိရေအာင္ဆို ဘယ္ေဈး..။ သမၼတအဆင့္ သိရေအာင္ဆို ဘယ္ေဈး..။ အတိုင္ပင္ခံအဆင့္ သိရေအာင္ဆို ဘယ္ေဈး..။
ဒီလို အဆင့္ဆင့္ ေဈးသတ္မွတ္ထားမည္။
ဒါ ေစြေစာင္းတို႔ သူက်ိဳးတို႔ဂြင္ကို ဖ်က္တာမဟုတ္….။
ဒါ နတ္ဆိုးဂြင္ျဖစ္သည္။  
ဒီလို လုပ္ႏိုင္လို႔ …ဟုတ္လား….။
အဟုတ္တကယ္..။ နတ္ဆိုးက လုပ္ႏိုင္မွ ေျပာျခင္းျဖစ္သည္..။ ဒီအတြက္ နည္းလမ္းက အလြယ္ေလး..။

ပုံမွန္အတိုင္းဆို စက္မူဇုန္မွာ ဆႏၵျပမည္ဆိုလွ်င္  သက္ဆိုင္ရာကို စာတင္ရမည္။ ရက္ေတြၾကာ မည္။ဒီၾကားထဲ ခြင့္မျပဳလွ်င္ ျပခြင့္မရ။
သပိတ္စခန္းဖြင့္မည့္။ အခန္မသင့္လွ်င္  စက္႐ုံကလူမိုက္ငွားၿပီး ဝိုင္း႐ိုက္လွ်င္ က်ိဳးပဲထိခိုက္မည္။ ဒီၾကား ထဲ ကံမေကာင္းလွ်င္ တရားစြဲခံရဦးမည္။ အလုပ္လည္းျပဳတ္ဦးမည္။
လိုတာရမရ မေသခ်ာ ..။ ေသခ်ာတာက ဒုကၡမ်ားမည္။ သတင္းစာရွင္းလင္းရ ဘာရႏွင့္ အလုပ္ပ်က္ အကိုင္ ပ်က္ျဖစ္မည္။ ေထာင္ထဲ အတန္းလိုက္ ဝင္ရတာေတြ ျဖစ္လာႏိုင္သည္။
နတ္ဆိုးသာ အလုပ္အပ္။ ဒီဒုကၡေတြ ကင္းေဝးသြားမည္။လိုတာလည္းရဖို႔ ေသခ်ာသည္။
နတ္ဆိုးနည္းက အလြယ္ေလး..။

နတ္ဆိုးက ဆႏၵျပဖို႔ လူေတြငွားမည္။ ရပ္ကြက္အလႉခံမ႑ပ္က  လူသုံးေယာက္ကိုႀကိဳက္ေဈးေပးၿပီး ငွားရမည္။ဒါမွ ရပ္ကြက္လည္းနားေအး ကိုယ္လည္း အလုပ္ျဖစ္မည္။
ပထမငွားမည့္သူက ရပ္ကြက္ထဲမွာ ေန႔စားခနဲ႔ အလႉခံလိုက္ ေျပာတဲ့ေဟာတဲ့ အဖိုးႀကီး။
ထိုလူႀကီးက ေတာင္းတဲ့ ရမ္းတဲ့ေနရာမွာ ဇရွိသည္။ လူေတြ က်ေအာင္ေျပာတတ္သည္။ အေဟာအေျပာ ေကာင္းလြန္းသျဖင့္ “ အိမ္မွာ နားညီးေတာ့မခံဘူး။ လင္ႏွိပ္စက္တာပဲ ခံမည္ ”ဆိုၿပီး သူသမီးေတြ အကုန္လုံး လင္ေတြ ေစာေစာရကုန္သည္။
သူကို ရလွ်င္ ဆႏၵျပတဲ့လုပ္ငန္းေအာင္ျမင္ဖို႔ တစ္ဝက္ေသခ်ာၿပီ။
ေနာက္တစ္ေယာက္က ဖိုးဆိုခ်င္။
မိုက္ျမင္တာနဲ႔ လက္ကမခ်။ အလႉခံမွန္သမွ် သိသိမသိသိ သီခ်င္းလိုက္ဆိုသည္။

ေနမေကာင္းတာေတာင္ သူေနရာ သူမ်ားဝင္ဆိုသြားမွာစိုးလို႔ ညဘက္ ေဆးသြင္းၿပီး အလႉခံလိုက္တဲ့ သူ။ ဇက နည္းတဲ့ ဇ ေတာ့ မဟုတ္..။
ေနာက္တစ္ေယာက္ကေတာ့ ညဘက္ ၾကားကားဆြဲသည့္ လိုင္စင္မဲ့ကားသမားတစ္ဦး။ အခုထိ သူ႔ကား ေမာင္းသက္တမ္းတစ္လွ်ာက္ တစ္ခါမွ ကားအဖမ္းမခံရေသး။
သူတို႔ သုံးေယာက္သာရလွ်င္ လုပ္ငန္းစႏိုင္ၿပီ။ လိုလိုမယ္မယ္ ဟိုတစ္ေလာက ေလာ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲတဲ့ သူေတြကို ပုတ္ျပတ္ေခၚဖို႔ ဆက္သြယ္ထားလွ်င္ရၿပီ။  
ကဲ … နတ္ဆိုးဆီ ဆႏၵျပဖို႔ အလုပ္အပ္မလား။

အလုပ္သာအပ္လွ်င္  နတ္ဆိုးက ထိုဆႏၵျပမည့္ အလုပ္႐ုံ စက္႐ုံ ေရွ႕အလႉခံကား (အဲေလ) ဆႏၵျပ မည့္ ကား သြားထိုးကာ အေဟာအေျပာေကာင္း သည့္ လူကို ေျပာခိုင္းမည္။
ထိုသူက  လူအခြင့္အေရး၊အလုပ္သမားအခြင့္အေရး၊ အခြင့္အေရးေပါင္းစုံ ေတာင္းခိုင္းမည္။ ထိုသူေဟာတာေျပာတာ နားညီးၿပီး အလုပ္ရွင္ လိုက္လိုက္ေလ်ာမည္။
မလိုက္ေလ်ာလည္းရေသးသည္။

ကိုမိုက္ခဲကို ေလာ္ႏွင့္ သီခ်င္းဆိုခိုင္းကာ အလုပ္ရွင္ အိမ္အသြားအျပန္ ေနာက္က လိုက္ခိုင္းမည္။ ဒါမွမရ လွ်င္  ညဘက္ အလုပ္ရွင္ေနသည္ေနရာတစ္ဝိုက္ ေလာ္ၿပိဳင္ပြဲက ေလာ္ေတြကိုငွားကာ ဖြင့္မည္။
ဒါဆို ဘယ္အလုပ္ရွင္ ခံႏိုင္မည္နည္း။မလိုက္ေလ်ာဘဲေနႏိုင္မည္နည္း..။  
ဒီလိုဖြင့္လို ဘယ္သူကမွ ဖမ္းလည္း ဖမ္းမည္မဟုတ္..။
ရပ္ကြက္ထဲ အလႉခံေတြ ကားနဲ႔ ဆိုင္းေတြ ဗုံေတြနဲ႔ ေလာ္တပ္ကာ ဝုန္းဒိုင္းႀကဲတာေတာင္ ဘယ္သူမွ အေရးလုပ္ ဖမ္းတာမဟုတ္..။တိုင္လည္းဖမ္းၾကတာမဟုတ္..။
 ဘာလိုင္းေၾကးမွလည္း ေပးစရာမလို။

လူႀကီးလမ္းေၾကာင္းရွိလို တားဆီးထားလို႔ ဆႏၵျပခ်င္သလား။ ဒါလည္း လြယ္လြယ္ေလး။ ဘယ္ အာဏာပိုင္ပဲျဖစ္ျဖစ္ တားဆီးထားလို႔မရသည့္ နည္းလမ္းေတြ  နတ္ဆိုးမွာရွိသည္။
ဘာလဲ ဆို ..လူႀကီးလမ္းေၾကာင္းလာမည္ လမ္းေၾကာင္းမွာ ေလာ္ကို ခိုးတပ္မည္။ လူႀကီးလာမွ ထဖြင့္။ ထေအာ္ ..။ေနာက္မွ ဖမ္းမိမည္။
ေလာေလာဆယ္  ေလာ္ကေန ျပည္သူေတြ ဘယ္လို ဒုကၡေရာက္ေန သည္အေၾကာင္း၊ ဘယ္သူေတြ လိုင္းေၾကးေတာင္း သည့္ အေၾကာင္း..လူႀကီးေတြ သိမည္။
ဆႏၵျပည့္မျပည့္ေတာ့မသိ။ အနည္းဆုံးေတာ့ လူႀကီးလည္း ေလာ္ဒုကၡသိမည္။
မမိုက္ဘူးလား..။ တရားစြဲလည္း အမ်ားဆုံးစြဲ ေလာ္အမႈေပါ့။။

ဒီနည္းကို  မူပိုင္႐ုံးသြားၿပီးမွတ္ပုံတင္ဖို႔ နတ္ဆိုးမွာ အႀကံအစည္ရွိသည္။ မွတ္ပုံမတင္ထားလို႔ မျဖစ္..။ ဘာေၾကာင့္ဆို ဟိုေကာင္ေတြသာ ဒီနည္းကို သိသြားရင္ ခက္မည္။
ဒီနည္းကို ဖတ္ၿပီးအားခ်င္း အခုထလုပ္လွ်င္  မူပိုင္ခြင့္ခ်ိဳးေဖာက္မႈႏွင့္ တရားစြဲမည္။( ဤကား စကားခ်ပ္)
နတ္ဆိုးက အခ်ဥ္မဟုတ္။ေလာ္နည္းကို ေတာ္ေတာ္ေလး ဒုကၡေရာက္ခံၿပီးမွ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
ေလာ္ဆိုလို အထင္မေသးႏွင့္။ေလာ္နည္းကား နယ္နယ္ရ မဟုတ္။
အစဥ္အဆက္ သုံးခဲ့ၾကသည့္နည္းျဖစ္သည္။
ဘယ္ေလာက္ထိ သုံးခဲၾကသလဲဆို အခုေဖ့စဘြတ္ ဆိုတဲမွာေတာင္ ေလာ္ဘီဆိုၿပီး ေခၚစမုတ္ျပဳ ၾကတဲ့ အထိ ေလာ္တစ္ေခတ္ ျဖစ္ခဲ့သည္။

အလုပ္ျဖစ္မျဖစ္မသိ။ အနည္းဆုံးေတာ့ လမ္းထိပ္မ႑ပ္က လူေတြကို အလုပ္မရရင္ေတာင္ အားလုံးေထာင္ထဲေရာက္ၿပီး ရပ္ကြက္နားေအးမည္။။
 အခုဘဲ လူေတြ ေမးေနၾကၿပီ။ ဘယ္ေတာ့စမလဲဟု။
ေလာ္သမားေတြ ေထာင္ထဲ ျမန္ျမန္ေရာက္ အဲေလ.. ျမန္ျမန္အလုပ္ရေစခ်င္ၾကၿပီ။

                                                                        နတ္ဆိုး