【‌ ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလို မဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ကံအညံ့လေးတွေများနေပါမယ်။အဖက်ဖက်က အနှောင့်အယှက်ရှိမယ်။စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ယခုရက်ပိုင်းအတွင်း အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းများတတ်တဲ့ကာလ ဖြစ်နေပါတယ်။အသီးအနှံ၊ ရေထွက်ကုန်၊ သစ်လုပ်ငန်းများ တိုးချဲ့သင့်တဲ့အချိန်အခါပါ။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ အကျိုးမပေးတဲ့ကာလပါ။မထင်မှတ်ဘဲ နိုင်ငံရပ်ခြား လူမျိုးခြားအဆက်အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။ဆရာသမားတွေ သူငယ်ချင်းတွေဆီက မထင်မှတ်ဘဲ အကူအညီရတတ်ပါတယ်။ပညာရေးကံက ကောင်းနေပါတယ်။ကျန်းမာရေးမှာ ဆေးစားမှားတတ်ကိန်းရှိလို့ ဆရာဝန်မညွှန်ဘဲ ကိုယ်သဘောနဲ့ကိုယ် မသောက်ပါနဲ့။အိမ်ထောင်ရှင်များ အဆင်ပြေနေသလောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏစိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားသို့သွားကာ ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ စာသင်သံဃာတော်အား လွယ်အိတ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အင်္ဂါထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ဓာတ်ဗူးအသစ်ထဲ နှစ်ဦးစလုံးဓာတ်ပုံထည့်ကာ တစ်ပတ်တိတိထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီသို့သွားကာ သက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် လူမမာ (သို့မဟုတ်) ကိုယ်စား ငါး/ငှက် လွှတ်ပေးကာ နံနက်စောစော ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပေးပါ။

ထီကံကောင်းလိုသူများ ။      ။ ကြုံရာထီဆိုင်တွင် ၃/၅ အပူးဂဏန်းပါအောင် ထိုးပါ။

( Zawgyi )

ယခုရက္ပိုင္း အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလို မျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ကံအညံ့ေလးေတြမ်ားေနပါမယ္။အဖက္ဖက္က အေႏွာင့္အယွက္ရွိမယ္။စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ျဖစ္တတ္ပါတယ္။ယခုရက္ပိုင္းအတြင္း အဂၤါ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားတတ္တဲ့ကာလ ျဖစ္ေနပါတယ္။အသီးအႏွံ၊ ေရထြက္ကုန္၊ သစ္လုပ္ငန္းမ်ား တိုးခ်ဲ႕သင့္တဲ့အခ်ိန္အခါပါ။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ အက်ိဳးမေပးတဲ့ကာလပါ။မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခား လူမ်ိဳးျခားအဆက္အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။ဆရာသမားေတြ သူငယ္ခ်င္းေတြဆီက မထင္မွတ္ဘဲ အကူအညီရတတ္ပါတယ္။ပညာေရးကံက ေကာင္းေနပါတယ္။က်န္းမာေရးမွာ ေဆးစားမွားတတ္ကိန္းရွိလို႔ ဆရာဝန္မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ကိုယ္ မေသာက္ပါနဲ႔။အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသေလာက္ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏစိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားသို႔သြားကာ ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ စာသင္သံဃာေတာ္အား လြယ္အိတ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အဂၤါေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ဓာတ္ဗူးအသစ္ထဲ ႏွစ္ဦးစလုံးဓာတ္ပုံထည့္ကာ တစ္ပတ္တိတိထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီသို႔သြားကာ သက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ လူမမာ (သို႔မဟုတ္) ကိုယ္စား ငါး/ငွက္ လႊတ္ေပးကာ နံနက္ေစာေစာ ေဗာဇၨင္သုတ္ ႐ြတ္ဖတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။      ။ ႀကဳံရာထီဆိုင္တြင္ ၃/၅ အပူးဂဏန္းပါေအာင္ ထိုးပါ။