【 ဗေဒင် 】စနေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန်

ဒီကာလက အပြောင်းအလဲများကြုံရတတ်တဲ့ကာလဖြစ်သလို အကောင်းတွေစုဝေးတတ်တဲ့အတွက်လုပ်သမျှ ဖြစ်နေတတ်ပါတယ်။ဒီရက်အတွင်း လူမှုရေး ၊စီးပွားရေး၊ပညာရေး အောင်မြင်လိုသော ကိစ္စများ အ တွက် ဗုဒ္ဓဟူးသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ အဝေးက ဝမ်းသာစရာသတင်း ကောင်းတွေ မကြာခဏ ကြားရတတ်ပါတယ်။လုပ်ငန်းအပြောင်းအလဲရှိပေမယ့် ကောင်းတဲ့အပြောင်းအလဲပါ။ အတိုက်အခံ က တော့ ရှိနေစမြဲပါ။စိတ်မလျော့ပါနဲ့။ မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါတယ်။ အိမ်ခြံမြေ ကိစ္စတွေ၊စာချုပ်စာတမ်းကိစ္စတွေစပ်တူရှယ်ယာလုပ်ငန်းတွေသိပ်မကောင်းပေမယ့် ကားနဲ့ ရေထွက် ကုန် သမားတွေ လုပ်ငန်းကောင်းတဲ့ကာလ ဖြစ်ပါတယ်။ပညာရေးကတော့ ကံကောင်းပေမယ့်အပေါင်းအဖော် တွေကို သတိထားမှ ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဆေးမှားတာတွေ ဖြစ်တတ်ပါတယ်။ ဒီကာလမှာအိမ်ထောင်များကြား အထစ်အငေါ့လေးတွေ ရှိတတ်ပေမယ့် ချစ်သူများအကြား ကြည်နူးစရာပျော်ရွင်စရာတွေ ဆိုက်ရောက်လာပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားသို့ သွားကာ ပန်းကိုးမျိုး၊သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ စာသင်သံဃာတော်အား လွယ်အိတ် လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဗုဒ္ဓဟူးထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။

ဓာတ်ဗူးအသစ်ထဲ နှစ်ဦးစလုံး၏ဓာတ်ပုံထည့်ကာ တစ်ပတ်တိတိ ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီသို့သွားကာသက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ဘုရားတွင် သက်စေ့ ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပူဇော်ပေးပါ။

ထီကံကောင်းလိုသူများ။ ။ အိမ်၏ ဗုဒ္ဓဟူးထောင့်အရပ်ရှိ ထီဆိုင်တွင် ၄/၇ /၉ တစ်ခုခု အပူးဂဏန်းပါအောင် ထိုးပါ။

( Zawgyi )

ဒီကာလက အေျပာင္းအလဲမ်ားႀကဳံရတတ္တဲ့ကာလျဖစ္သလို အေကာင္းေတြစုေဝးတတ္တဲ့အတြက္လုပ္သမွ် ျဖစ္ေနတတ္ပါတယ္။ဒီရက္အတြင္း လူမႈေရး ၊စီးပြားေရး၊ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ား အ တြက္ ဗုဒၶဟူးသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ အေဝးက ဝမ္းသာစရာသတင္း ေကာင္းေတြ မၾကာခဏ ၾကားရတတ္ပါတယ္။လုပ္ငန္းအေျပာင္းအလဲရွိေပမယ့္ ေကာင္းတဲ့အေျပာင္းအလဲပါ။ အတိုက္အခံ က ေတာ့ ရွိေနစၿမဲပါ။စိတ္မေလ်ာ့ပါနဲ႔။ မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါတယ္။ အိမ္ၿခံေျမ ကိစၥေတြ၊စာခ်ဳပ္စာတမ္းကိစၥေတြစပ္တူရွယ္ယာလုပ္ငန္းေတြသိပ္မေကာင္းေပမယ့္ ကားနဲ႔ ေရထြက္ ကုန္ သမားေတြ လုပ္ငန္းေကာင္းတဲ့ကာလ ျဖစ္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေပမယ့္အေပါင္းအေဖာ္ ေတြကို သတိထားမွ ျဖစ္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ေဆးမွားတာေတြ ျဖစ္တတ္ပါတယ္။ ဒီကာလမွာအိမ္ေထာင္မ်ားၾကား အထစ္အေငါ့ေလးေတြ ရွိတတ္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကည္ႏူးစရာေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားသို႔ သြားကာ ပန္းကိုးမ်ိဳး၊သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ စာသင္သံဃာေတာ္အား လြယ္အိတ္ လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဗုဒၶဟူးေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။

ဓာတ္ဗူးအသစ္ထဲ ႏွစ္ဦးစလုံး၏ဓာတ္ပုံထည့္ကာ တစ္ပတ္တိတိ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီသို႔သြားကာသက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ဘုရားတြင္ သက္ေစ့ ေဗာဇၨင္သုတ္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ အိမ္၏ ဗုဒၶဟူးေထာင့္အရပ္ရွိ ထီဆိုင္တြင္ ၄/၇ /၉ တစ္ခုခု အပူးဂဏန္းပါေအာင္ ထိုးပါ။