【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းလုပ်ငန်းခွင်မှာ  စိတ်ရှုပ်စရာတွေ ၊ဆုံးဖြတ်ချက် မှားတာတွေ ဖြစ်တတ်လို့ ဆင်ခြင်သင့်ပါ တယ်။ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ကြီးကဲသူများက အထင် လွဲတတ်လို့ သတိထားပါ။ လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပါ တယ်။အလုပ်အပြောင်းအလဲရှိပါတယ်။ တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရ မှာ ပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ ကျန်းမာရေး ညံ့တတ်လို့ ကံကောင်းရန် ဆေးဝါးဒါန ပြုလုပ်ပါလေ။ ယခု ရက်ပိုင်းအတွင်း သောကြာ နဲ့ စနေ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး ၊စီးပွား ရေး ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင် ပါတယ်။ ခရီးထွက်တာ တွေ၊ဘုရားဖူးသွား ရတာတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးပါ တယ်။  မိသားစု အတွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။အနုပညာ၊ ကား ၊ အလှကုန်၊ကွန်ပျူတာ စတဲ့အ လုပ် တွေ အကျိုးပေးပါလိမ့်မယ်။ ငွေကံကောင်း လွန်းနေလို့ ထီထိုးသင့်ပါတယ်။ ပညာရေးကကောင်းနေပါ တယ်။ အိမ်ထောင်ရှင်များ ပျော်ရွှင်ရသလောက် ချစ်သူများက ကိုယ်ကျန် ခဲ့ ကိန်းမြင်နေပါတယ်။ ကျန်းမာရေးမှာ လေကြောင့် ဖြစ်တတ်တဲ့ ရောဂါ ကို သတိပြုသင့်ပါတယ်။ ဘုရားကို ဆီးယို ကပ်လှူပူဇော်ပေး တာ သင့် အတွက် အကောင်းဆုံး ယတြာပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား နာနတ်သီးဖြင့် ဆွမ်းကပ်ကာ ဒိဝါတပတိဂါထာကို အာရုံမတက်မီ နေဘက် မျက်နှာ မူ ကာ ၉ ခေါက်ရွတ်ဖတ်ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ဘုရားတွင် ပန်းပေါင်းစုံ ကပ်လှူ ကာ အဓိဋ္ဌာန်လုပ်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အလှပြင် ပစ္စည်း အစုတ်များ၊စနေနံပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင် ဂြိုလ်နံ ဘုရား များ ကို ရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်း ခြောက်များ သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။ရွှေသင်္ကန်းကပ်လှူပေးပါ။

ထီကံကောင်းလိုသူများ။       ။ စနေနံအမည်ပါ ထီဆိုင်တွင် ၆/၇  ဂဏန်း များပါသည့် ထီထိုးလိုက်ပါ။

(  Zawgyi  )

 ဒီရက္ပိုင္းလုပ္ငန္းခြင္မွာ  စိတ္ရႈပ္စရာေတြ ၊ဆုံးျဖတ္ခ်က္ မွားတာေတြ ျဖစ္တတ္လို႔ ဆင္ျခင္သင့္ပါ တယ္။ အလုပ္ကို အားသြန္ခြန္စိုက္ လုပ္ေနရတတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း ႀကီးကဲသူမ်ားက အထင္ လြဲတတ္လို႔ သတိထားပါ။ လုပ္ငန္းခြင္မွာ စိတ္ပင္ပန္းစရာေတြ ရွိတတ္ပါ တယ္။အလုပ္အေျပာင္းအလဲရွိပါတယ္။ တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရ မွာ ပါ။ မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ က်န္းမာေရး ညံ့တတ္လို႔ ကံေကာင္းရန္ ေဆးဝါးဒါန ျပဳလုပ္ပါေလ။ ယခု ရက္ပိုင္းအတြင္း ေသာၾကာ နဲ႔ စေန သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး ၊စီးပြား ေရး ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ ပါတယ္။ ခရီးထြက္တာ ေတြ၊ဘုရားဖူးသြား ရတာေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးပါ တယ္။  မိသားစု အတြင္း၊လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။အႏုပညာ၊ ကား ၊ အလွကုန္၊ကြန္ပ်ဴတာ စတဲ့အ လုပ္ ေတြ အက်ိဳးေပးပါလိမ့္မယ္။ ေငြကံေကာင္း လြန္းေနလို႔ ထီထိုးသင့္ပါတယ္။ ပညာေရးကေကာင္းေနပါ တယ္။ အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္ရသေလာက္ ခ်စ္သူမ်ားက ကိုယ္က်န္ ခဲ့ ကိန္းျမင္ေနပါတယ္။ က်န္းမာေရးမွာ ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါ ကို သတိျပဳသင့္ပါတယ္။ ဘုရားကို ဆီးယို ကပ္လႉပူေဇာ္ေပး တာ သင့္ အတြက္ အေကာင္းဆုံး ယၾတာပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား နာနတ္သီးျဖင့္ ဆြမ္းကပ္ကာ ဒိဝါတပတိဂါထာကို အာ႐ုံမတက္မီ ေနဘက္ မ်က္ႏွာ မူ ကာ ၉ ေခါက္႐ြတ္ဖတ္ပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ဘုရားတြင္ ပန္းေပါင္းစုံ ကပ္လႉ ကာ အဓိ႒ာန္လုပ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အလွျပင္ ပစၥည္း အစုတ္မ်ား၊စေနနံပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံ ဘုရား မ်ား ကို ေရသပၸါယ္ပါ ။ပန္းအိုးမွ ပန္း ေျခာက္မ်ား သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။ေ႐ႊသကၤန္းကပ္လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။       ။ စေနနံအမည္ပါ ထီဆိုင္တြင္ ၆/၇  ဂဏန္း မ်ားပါသည့္ ထီထိုးလိုက္ပါ။