【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း စိတ်တိုင်းမကျစရာတွေများနေသလို စိတ်နှစ်ခွ ဖြစ်စရာ တွေ ရှိနေတတ်ပါတယ်။ ဘာလုပ်လုပ် အလွဲလေးတွေ ဖြစ်တတ်ပြီး ခရီးသွားဖို့ စီစဉ် ထား ရင်တောင်  မထင်မှတ်ဘဲ အထစ်အငေါ့ ဖြစ်ရတဲ့ အချိန်ကာလပါ။ ဒါပေမယ့် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူတွေ အတွက် လုပ်ငန်း ကောင်း၊အချိန်ကောင်းကြုံရမယ့် အချိန်ပါ။ ဒီရက်တွေမှာ အဝေး က မိတ်ဆွေကောင်းတွေ ရတတ်ပါတယ်။ မိသားစုနဲ့ မိတ်ကောင်းဆွေကောင်းတွေ စောင်ရှောက်မှု ရတတ်ပါတယ်။ဆိုင်သစ်၊လုပ်ငန်းသစ် ကိစ္စတွေ အောင်မြင်တတ်သလို နိုင်ငံခြားက အကူအညီ ရတတ်တဲ့ အချိန်ကာလပါ။ ဒီအချိန်မှာ  စပ်တူကိစ္စတွေ ၊စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ၊လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ ကောင်းပါတယ်။ ကျန်းမာရေးကတော့ ခါး၊ဝမ်း၊ အစာအိမ် ရောဂါတွေကို ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေးကတော့ ကံကောင်းနေသလို နဂိုက ရည်ရွယ်ထားတဲ့ ပညာသင်ခွင့်တွေ ရတတ်ပါတယ်။ အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက် ယခုတစ်ပတ် လုံး ဘုရားရှိခိုးတိုင်း ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သွားလိုသောအရပ်ထောင့်ရှိ နေထိုင်သူ သက်ကြီးရွယ်အိုကို နေရာ ထိုင်ခင်း တစ်ခုခုလှူဒါန်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံး အောက်ထား အိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်တွင် နှစ်ဦး၏နေ့သင့်နံသင့် ပန်းကို ပန်းအိုး တစ်အိုးဖြင့် သက်သက် ထိုးကာ ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်ရှိ ပန်းခြောက်များ၊သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ငါး၊လိပ် စသည် ရေသတ္တဝါများကို အစာကြွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ။    ။ တနင်္ဂနွေထီဆိုင်တွင် ၁/၆ ဂဏန်းများများပါသောထီကို  ထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာသားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း စိတ္တိုင္းမက်စရာေတြမ်ားေနသလို စိတ္ႏွစ္ခြ ျဖစ္စရာ ေတြ ရွိေနတတ္ပါတယ္။ ဘာလုပ္လုပ္ အလြဲေလးေတြ ျဖစ္တတ္ၿပီး ခရီးသြားဖို႔ စီစဥ္ ထား ရင္ေတာင္  မထင္မွတ္ဘဲ အထစ္အေငါ့ ျဖစ္ရတဲ့ အခ်ိန္ကာလပါ။ ဒါေပမယ့္ ခရီးသြား လုပ္ငန္း လုပ္ကိုင္သူေတြ အတြက္ လုပ္ငန္း ေကာင္း၊အခ်ိန္ေကာင္းႀကဳံရမယ့္ အခ်ိန္ပါ။ ဒီရက္ေတြမွာ အေဝး က မိတ္ေဆြေကာင္းေတြ ရတတ္ပါတယ္။ မိသားစုနဲ႔ မိတ္ေကာင္းေဆြေကာင္းေတြ ေစာင္ေရွာက္မႈ ရတတ္ပါတယ္။ဆိုင္သစ္၊လုပ္ငန္းသစ္ ကိစၥေတြ ေအာင္ျမင္တတ္သလို ႏိုင္ငံျခားက အကူအညီ ရတတ္တဲ့ အခ်ိန္ကာလပါ။ ဒီအခ်ိန္မွာ  စပ္တူကိစၥေတြ ၊စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ၊လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။ က်န္းမာေရးကေတာ့ ခါး၊ဝမ္း၊ အစာအိမ္ ေရာဂါေတြကို ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုက ရည္႐ြယ္ထားတဲ့ ပညာသင္ခြင့္ေတြ ရတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ယခုတစ္ပတ္ လုံး ဘုရားရွိခိုးတိုင္း ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သြားလိုေသာအရပ္ေထာင့္ရွိ ေနထိုင္သူ သက္ႀကီး႐ြယ္အိုကို ေနရာ ထိုင္ခင္း တစ္ခုခုလႉဒါန္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံး ေအာက္ထား အိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္တြင္ ႏွစ္ဦး၏ေန႔သင့္နံသင့္ ပန္းကို ပန္းအိုး တစ္အိုးျဖင့္ သက္သက္ ထိုးကာ ဘုရားပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ငါး၊လိပ္ စသည္ ေရသတၱဝါမ်ားကို အစာေႂကြးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား။    ။ တနဂၤေႏြထီဆိုင္တြင္ ၁/၆ ဂဏန္းမ်ားမ်ားပါေသာထီကို  ထိုးပါ။