【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင်ထွန်းပေါက် ခြင်းကို ဖြစ်ပေါ်စေပါ လိမ့် မယ်။ ကံကြမ္မာကမိမိဘက်မှာ ရပ်တည်နေပါတယ်။ ငွေကြေးကံလဲမြင့်မားနေချိန်ပါပဲ။ လာဘ်ရွှင် မဲ့ ကာလဖြစ်နေ ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေရ လာပါလိမ့်မယ်။ မှန်းထားသည်ထက်ငွေ ပိုဝင်ပါ လိမ့်မယ်။ ယခုတစ် ပတ် လူမှုရေး၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် တနင်္လာ သားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ တဇွတ်ထိုးမလုပ်ပါနဲ့။ အမှားကြုံတတ် ပါတယ်။ လူကြီးတွေ မိမိအပေါ် ငြို ငြင်တာမျိုး မဖြစ်ပါစေနဲ့။ အလုပ်ကံမဆိုးပါ။ စာချုပ် စာတမ်းကိစ္စတွေကြောင့် စိတ်ရှုပ် ရတတ်ပေမယ့် အောင်မြင်ပါလိမ့်မယ်။ ခါး၊ခြေ၊ သွားကိုက်စတာတွေ ဖြစ်တတ်လို့ ဂရုစိုက် သင့်ပါ တယ်။ ပညာရေးကံကောင်းပါတယ်။ အနှောင့်အယှက်တွေကို ရှောင်လိုက်ပါ။ သေချာပေါက် လိုရာရောက်ပါလိမ့်မယ်။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံ ပါမယ်။ အိမ်ထောင်ရှင်များ စကားများ ကွဲကွာရကိန်း ရှိပါတယ်။ စိတ်လျော့ထား သင့်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေး ကံကတော့ အလွန် ကောင်းနေပါတယ်။ ချစ်သူသစ်ရခြင်း ၊ချစ်သူဆီက တန်ဖိုး ထားစရာလက်ဆောင်ရခြင်းမျိုး ကြုံရတတ် ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား တစ်လလုံးကံ့ကော်ပန်း ဖြင့် ပူဇော်ကာ လိုရာ ဆုတောင်းပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောထကာ သံဃာများကို တန်းဆွမ်းလောင်း ပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားတွင် ကံ့ကော်နှင့် အောင်သပြေ ၉ ညွှန်စီ ကပ်လှူ ကာ မိမိလျှောက်ထား သည့်အလုပ်အား အာရုံပြု ဆုတောင်းပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက် တိုင်း စိတ်ကောင်းမွေးကာ မေတ္တာသုတ် သတိရတိုင်း ရွတ်ဆိုပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။နေ့စဉ် အရဟံဂုဏ်တော်ကို သတိရတိုင်း ရွတ်ဆိုပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံး သင်္ကန်း ကပ်လှူ ပေးပါ။
 
ထီကံကောင်းလိုသူများ။ ။ သွားရင်းလာရင်း တွေ့သည့် ထီဆိုင်တွင် ၁အပူးပါ ထီလက်မှတ်ကို ရွေးထိုးပါ။
 
(  Zawgyi  )
 
 ယခုရက္ပိုင္းအတြင္း လုပ္ကိုင္သမွ် ႀကံစည္သမွ် ေအာင္ျမင္ထြန္းေပါက္ ျခင္းကို ျဖစ္ေပၚေစပါ လိမ့္ မယ္။ ကံၾကမၼာကမိမိဘက္မွာ ရပ္တည္ေနပါတယ္။ ေငြေၾကးကံလဲျမင့္မားေနခ်ိန္ပါပဲ။ လာဘ္႐ႊင္ မဲ့ ကာလျဖစ္ေန ပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြရ လာပါလိမ့္မယ္။ မွန္းထားသည္ထက္ေငြ ပိုဝင္ပါ လိမ့္မယ္။ ယခုတစ္ ပတ္ လူမႈေရး၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ တနလၤာ သားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ တဇြတ္ထိုးမလုပ္ပါနဲ႔။ အမွားႀကဳံတတ္ ပါတယ္။ လူႀကီးေတြ မိမိအေပၚ ၿငိဳ ျငင္တာမ်ိဳး မျဖစ္ပါေစနဲ႔။ အလုပ္ကံမဆိုးပါ။ စာခ်ဳပ္ စာတမ္းကိစၥေတြေၾကာင့္ စိတ္ရႈပ္ ရတတ္ေပမယ့္ ေအာင္ျမင္ပါလိမ့္မယ္။ ခါး၊ေျခ၊ သြားကိုက္စတာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္ သင့္ပါ တယ္။ ပညာေရးကံေကာင္းပါတယ္။ အေႏွာင့္အယွက္ေတြကို ေရွာင္လိုက္ပါ။ ေသခ်ာေပါက္ လိုရာေရာက္ပါလိမ့္မယ္။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံ ပါမယ္။ အိမ္ေထာင္ရွင္မ်ား စကားမ်ား ကြဲကြာရကိန္း ရွိပါတယ္။ စိတ္ေလ်ာ့ထား သင့္ပါတယ္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရး ကံကေတာ့ အလြန္ ေကာင္းေနပါတယ္။ ခ်စ္သူသစ္ရျခင္း ၊ခ်စ္သူဆီက တန္ဖိုး ထားစရာလက္ေဆာင္ရျခင္းမ်ိဳး ႀကဳံရတတ္ ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား တစ္လလုံးကံ့ေကာ္ပန္း ျဖင့္ ပူေဇာ္ကာ လိုရာ ဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ နံနက္ေစာေစာထကာ သံဃာမ်ားကို တန္းဆြမ္းေလာင္း ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားတြင္ ကံ့ေကာ္ႏွင့္ ေအာင္သေျပ ၉ ၫႊန္စီ ကပ္လႉ ကာ မိမိေလွ်ာက္ထား သည့္အလုပ္အား အာ႐ုံျပဳ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ မိုးလင္းႏွင့္ မိုးခ်ဳပ္ (သို႔မဟုတ္) အျပင္ထြက္ တိုင္း စိတ္ေကာင္းေမြးကာ ေမတၱာသုတ္ သတိရတိုင္း ႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ေန႔စဥ္ အရဟံဂုဏ္ေတာ္ကို သတိရတိုင္း ႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ထုံး သကၤန္း ကပ္လႉ ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ သြားရင္းလာရင္း ေတြ႕သည့္ ထီဆိုင္တြင္ ၁အပူးပါ ထီလက္မွတ္ကို ေ႐ြးထိုးပါ။