【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ ကံအညံ လေး တွေ များနေပါမယ်။အဖက်ဖက်ကအနှောင့်အယှက်ရှိမယ်။ စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ ယခုရက်ပိုင်းအတွင်းအင်္ဂါသားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက်လူမှုရေး ၊စီးပွားရေး၊ပညာရေးကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းများတတ်တဲ့ ကာလဖြစ်နေပါတယ်။ အသီးအနှံ၊ရေထွက်ကုန်၊သစ်လုပ်ငန်းများတိုးချဲ့သင့်တဲ့ အချိန်အခါပါ။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ အကျိုးမပေးတဲ့ကာလပါ။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြားလူမျိုးခြားအဆက် အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။ ဆရာသမားတွေ သူငယ်ချင်းတွေ ဆီကမထင်မှတ်ဘဲ အကူအညီ ရတတ်ပါ တယ်။ ပညာရေးကံကကောင်းနေပါတယ်။ ကျန်းမာရေးမှာဆေးစားမှားတတ်ကိန်းရှိလို့ ဆရာဝန်မညွှန်ဘဲ ကိုယ်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ အိမ်ထောင်ရှင်များအဆင်ပြေနေသလောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏစိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားသို့ သွားကာပန်းကိုးမျိုး၊သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ စာသင်သံဃာတော်အားလွယ်အိတ်လှူပေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။အင်္ဂါထောင့်အရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ တတ်နိုင်သလောက် အချိန်ပေးကာမေတ္တာပို့ပါ။ ဓာတ်ဗူးအသစ်ထဲနှစ်ဦးစလုံးဓာတ်ပုံထည့်ကာတစ်ပတ်တိတိထားပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီသို့ သွားကာသက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ဘုရားတွင် လူမာ (သို့မဟုတ်)ကိုယ်စားငါး/ငှက် လွှတ်ပေးကာနံနက် စောစောဗောဇ္ဇင်သုတ်ရွတ်ဖတ်ပေးပါ ။
 
ထီကံကောင်းလိုသူများ ။ ။ ကြုံရာထီဆိုင်တွင် ၃/၅ အပူးဂဏန်းပါအောင် ထိုးပါ။
 

( Zawgyi )

ယခုရက္ပိုင္းအလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ ကံအညံ ေလး ေတြ မ်ားေနပါမယ္။အဖက္ဖက္ကအေႏွာင့္အယွက္ရွိမယ္။ စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္။ ယခုရက္ပိုင္းအတြင္းအဂၤါသားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္လူမႈေရး ၊စီးပြားေရး၊ပညာေရးကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားတတ္တဲ့ ကာလျဖစ္ေနပါတယ္။ အသီးအႏွံ၊ေရထြက္ကုန္၊သစ္လုပ္ငန္းမ်ားတိုးခ်ဲ႕သင့္တဲ့ အခ်ိန္အခါပါ။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ အက်ိဳးမေပးတဲ့ကာလပါ။ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခားလူမ်ိဳးျခားအဆက္ အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။ ဆရာသမားေတြ သူငယ္ခ်င္းေတြ ဆီကမထင္မွတ္ဘဲ အကူအညီ ရတတ္ပါ တယ္။ ပညာေရးကံကေကာင္းေနပါတယ္။ က်န္းမာေရးမွာေဆးစားမွားတတ္ကိန္းရွိလို႔ ဆရာဝန္မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ ကိုယ္မေသာက္ပါနဲ႔။ အိမ္ေထာင္ရွင္မ်ားအဆင္ေျပေနသေလာက္ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏစိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားသို႔ သြားကာပန္းကိုးမ်ိဳး၊သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ပူေဇာ္ပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား။ ။ စာသင္သံဃာေတာ္အားလြယ္အိတ္လႉေပးပါ။ 
 
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။အဂၤါေထာင့္အရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။ 
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာေမတၱာပို႔ပါ။ ဓာတ္ဗူးအသစ္ထဲႏွစ္ဦးစလုံးဓာတ္ပုံထည့္ကာတစ္ပတ္တိတိထားေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီသို႔ သြားကာသက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ဘုရားတြင္ လူမာ (သို႔မဟုတ္)ကိုယ္စားငါး/ငွက္ လႊတ္ေပးကာနံနက္ ေစာေစာေဗာဇၨင္သုတ္႐ြတ္ဖတ္ေပးပါ ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ ႀကဳံရာထီဆိုင္တြင္ ၃/၅ အပူးဂဏန္းပါေအာင္ ထိုးပါ။