【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ ယခုရက်ပိုင်းအတွင်း ကွဲကွာနေသော ၊ဝေးကွာ နေသောချစ်သူနှင့် ပြန်လည်ဆုံတွေ့ရတတ် သလို မိန်းမနှင့် ပတ်သက်သော အရှုပ်အထွေးများ ရင်ဆိုင်ရတတ်ပြီး အခက်အခဲနဲ့ အနှောင့်အယှက်တွေ ရှိတတ်ပါတယ်။ ငွေကြေးတအားဝင်ပြီး တအားထွက် နေတဲ့ ကာလဖြစ်သလို ရသမျှ အဖတ်မတင်ဖြစ်တတ်သလို လူတိုင်းက အထင်ကြီးနေတတ်တဲ့ ကာလပါ။ ဒီအချိန်မှာ လုပ်ငန်းသစ် စတာ၊အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါ ကောင်းပါ။ စီ စဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ သွားဖြစ်အောင်သွားပါ။  သွပ်၊ သံ၊ သစ်၊ အိမ်ဆောက်ပစ္စည်း လုပ်ငန်းများ လုပ်ကိုင်သူများ အထူးအကျိုးပေးသော အချိန်ကာလ ပါ။ မိတ်ကောင်း ၊ ဆွေကောင်းတွေနဲ့ ဆုံတတ်သလို  စပ်တူရှယ်ယာ အလုပ်တွေ၊ နိုင်ငံခြားသားနဲ့တွဲ လုပ်ရတဲ့ အလုပ်တွေ ဒီရက်ပိုင်း အကျိုးဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်သာစိတ်ပူပန်ရတတ်ပြီး အားလုံးကောင်းနေပါတယ်။  ပညာရပ်တစ်ခုခု ကိုလည်း သင်ရတတ် စိတ်ထင်သလောက် ပညာသင်ရတာ မလွယ်ကူ တတ်တဲ့ ကာလပါ။  အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား နံနက်စောစော၊ ပျားရည်၊ ထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။  

ပြည်ပထွက်ခွာလိုသူများ။    ။နံနက်စောစောတန်းဆွမ်းကြွသည့် သံဃာတော်များကို သကြား သာကူ ကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အိမ်အနီးဘုရားစေတီရှိ ဗုဒ္ဓဟူးထောင့်တွင်  ဒိဝါတပတိဂါထာသက်စေ့ ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကိုအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာယခုတစ်ပတ်လုံးဘုရားပူဇော်ပေးပါ။

 
လူမှုရေးအတိုက်အခံများသူများ။  ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစော သွားကာ ရင်ပြင်၊စင်္ကြန်လမ်း များကို သန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ ကိုယ်ဝန်ဆောင်များကို ဆေးဝါး ငွေကြေးထောက်ပံ့ပေးပါ။

ထီကံကောင်းလိုသူများ။     ။ မွေးနေ့မွေးရက်နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင် သို့သွားကာ ၁/၅/၆ ဂဏန်း အပူးပါသည့်  ထီလက်မှတ်ကိုထိုးပါ။
 
(  Zawgyi  )
 
 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ ယခုရက္ပိုင္းအတြင္း ကြဲကြာေနေသာ ၊ေဝးကြာ ေနေသာခ်စ္သူႏွင့္ ျပန္လည္ဆုံေတြ႕ရတတ္ သလို မိန္းမႏွင့္ ပတ္သက္ေသာ အရႈပ္အေထြးမ်ား ရင္ဆိုင္ရတတ္ၿပီး အခက္အခဲနဲ႔ အေႏွာင့္အယွက္ေတြ ရွိတတ္ပါတယ္။ ေငြေၾကးတအားဝင္ၿပီး တအားထြက္ ေနတဲ့ ကာလျဖစ္သလို ရသမွ် အဖတ္မတင္ျဖစ္တတ္သလို လူတိုင္းက အထင္ႀကီးေနတတ္တဲ့ ကာလပါ။ ဒီအခ်ိန္မွာ လုပ္ငန္းသစ္ စတာ၊အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါ ေကာင္းပါ။ စီ စဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ သြားျဖစ္ေအာင္သြားပါ။  သြပ္၊ သံ၊ သစ္၊ အိမ္ေဆာက္ပစၥည္း လုပ္ငန္းမ်ား လုပ္ကိုင္သူမ်ား အထူးအက်ိဳးေပးေသာ အခ်ိန္ကာလ ပါ။ မိတ္ေကာင္း ၊ ေဆြေကာင္းေတြနဲ႔ ဆုံတတ္သလို  စပ္တူရွယ္ယာ အလုပ္ေတြ၊ ႏိုင္ငံျခားသားနဲ႔တြဲ လုပ္ရတဲ့ အလုပ္ေတြ ဒီရက္ပိုင္း အက်ိဳးျဖစ္တတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္သာစိတ္ပူပန္ရတတ္ၿပီး အားလုံးေကာင္းေနပါတယ္။  ပညာရပ္တစ္ခုခု ကိုလည္း သင္ရတတ္ စိတ္ထင္သေလာက္ ပညာသင္ရတာ မလြယ္ကူ တတ္တဲ့ ကာလပါ။  အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား နံနက္ေစာေစာ၊ ပ်ားရည္၊ ထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။    ။နံနက္ေစာေစာတန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို သၾကား သာကူ ကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ အိမ္အနီးဘုရားေစတီရွိ ဗုဒၶဟူးေထာင့္တြင္  ဒိဝါတပတိဂါထာသက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကိုအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာယခုတစ္ပတ္လုံးဘုရားပူေဇာ္ေပးပါ။

 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာ သြားကာ ရင္ျပင္၊စၾကၤန္လမ္း မ်ားကို သန္႔ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ ကိုယ္ဝန္ေဆာင္မ်ားကို ေဆးဝါး ေငြေၾကးေထာက္ပံ့ေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ ေမြးေန႔ေမြးရက္နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္ သို႔သြားကာ ၁/၅/၆ ဂဏန္း အပူးပါသည့္  ထီလက္မွတ္ကိုထိုးပါ။