【 ဗေဒင် 】တနင်္ဂနွေသားသမီးများ အတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သင့်အတွက် မမျှော်လင့်ဘဲအခွင့်အရေးကောင်းတွေ ၊ငွေအစုလိုက် အပြုံလိုက် ဝင်တာတွေ တစ်ပုံကြီးပေါ် လာမယ့် အချိန်အခါပါ။ကြာသပတေးသားသမီးတွေနဲ့ တိုင်ပင်တာ က သင့်အတွက် လူမှုရေး ၊စီးပွားရေးပညာရေး ကိစ္စတွေမှာ
အောင်မြင်နိုင် ပါတယ်။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါ တယ်။ လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ  အကျိုးပေးကောင်း နေပါ တယ်။ ကိုယ်နာမည် ဂုဏ်သိက္ခာ တက်မယ့်ကိန်းလည်းရှိနေပါတယ်။ ဆုံးရှုံးခဲ့တဲ့ ငွေတွေ လည်း ပြန်ရကိန်းရှိ ပါတယ်။ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။အနုပညာ၊ ကား၊အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ်မယ်။ ဒီရက်ပိုင်းထီကံကောင်းလို့ ထီထိုးသင့်ပါတယ်။ ပညာရေးကတော့ ကံကောင်းနေပါတယ်။ ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။ အိမ်ထောင်၊ ချစ် သူများ အကြားအပြန်အလှန်ယုံကြည်မှုတွေ တိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခု တစ်ပတ်လုံးအောင်သပြေပန်းကပ် လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဘုရားရှေ့တွင် ကိုးရက်တိတိတဟိ့ ံတဟိ့ ံဂါထာသက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားရှိ တနင်္ဂနွေထောင့် တွင်  ဂုဏ်တော်ပုတီးစိပ်ပြီး အလုပ်အကိုင်နှင့် ပတ်သက်ပြီး လိုရာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထဲရှိဘူး လွတ်၊ ကတ်ထူစက္ကူဗူးအလွတ်တွေရှိပါက ဖယ်ရှားပါ။ သွားတိုက်
ဆေးဗူးအလွတ်တောင် နှမြောပြီးချန်မထားပါနဲ့။ သင်လွတ်သွားမည့် ကိန်းရှိနေပါသည်။

လူမှုရေးအတိုက်အခံများသူများ။  ။အရဟံအစချီ ဂါထာ အား သတိရ တိုင်း ရွတ်ဆိုပါ။ဘုရားတွင်  ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းကလာမည့်ဘေးကနေသင့်ကိုကံဖယ်သွားပါလိမ့်မည်။

ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးထဲသွားရင်း၊ လမ်းသွားရင်းရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ယူကာ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ။  ။ လမ်းတွင်တွေ့သည့် လက်တွန်း လှည်း ထီဆိုင်မှ ၁ /၅ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။

(  Zawgyi  )

 ယခုရက္ပိုင္းအတြင္း သင့္အတြက္ မေမွ်ာ္လင့္ဘဲအခြင့္အေရးေကာင္းေတြ ၊ေငြအစုလိုက္ အၿပဳံလိုက္ ဝင္တာေတြ တစ္ပုံႀကီးေပၚ လာမယ့္ အခ်ိန္အခါပါ။ၾကာသပေတးသားသမီးေတြနဲ႔ တိုင္ပင္တာ က သင့္အတြက္ လူမႈေရး ၊စီးပြားေရးပညာေရး ကိစၥေတြမွာ
ေအာင္ျမင္ႏိုင္ ပါတယ္။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါ တယ္။ လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ  အက်ိဳးေပးေကာင္း ေနပါ တယ္။ ကိုယ္နာမည္ ဂုဏ္သိကၡာ တက္မယ့္ကိန္းလည္းရွိေနပါတယ္။ ဆုံးရႈံးခဲ့တဲ့ ေငြေတြ လည္း ျပန္ရကိန္းရွိ ပါတယ္။ မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။အႏုပညာ၊ ကား၊အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ္မယ္။ ဒီရက္ပိုင္းထီကံေကာင္းလို႔ ထီထိုးသင့္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေနပါတယ္။ က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။ အိမ္ေထာင္၊ ခ်စ္ သူမ်ား အၾကားအျပန္အလွန္ယုံၾကည္မႈေတြ တိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ယခု တစ္ပတ္လုံးေအာင္သေျပပန္းကပ္ လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိတဟိ့ ံတဟိ့ ံဂါထာသက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားရွိ တနဂၤေႏြေထာင့္ တြင္  ဂုဏ္ေတာ္ပုတီးစိပ္ၿပီး အလုပ္အကိုင္ႏွင့္ ပတ္သက္ၿပီး လိုရာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ထဲရွိဘူး လြတ္၊ ကတ္ထူစကၠဴဗူးအလြတ္ေတြရွိပါက ဖယ္ရွားပါ။ သြားတိုက္
ေဆးဗူးအလြတ္ေတာင္ ႏွေျမာၿပီးခ်န္မထားပါနဲ႔။ သင္လြတ္သြားမည့္ ကိန္းရွိေနပါသည္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အရဟံအစခ်ီ ဂါထာ အား သတိရ တိုင္း ႐ြတ္ဆိုပါ။ဘုရားတြင္  ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းကလာမည့္ေဘးကေနသင့္ကိုကံဖယ္သြားပါလိမ့္မည္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးထဲသြားရင္း၊ လမ္းသြားရင္းေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ယူကာ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား။  ။ လမ္းတြင္ေတြ႕သည့္ လက္တြန္း လွည္း ထီဆိုင္မွ ၁ /၅ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။