【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် ကြာသပတေးသား သမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းဒွိဟဖြစ်စရာတွေ  ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံ လာစရာရှိပေမယ့် တဇွတ်ထိုးမလုပ်သင့်တဲ့ အချိန်ပါ။ အမှားကြုံတတ် ပါတယ်။ အလုပ်များနေ တတ်သလို ငွေ လည်းကြပ်နေတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်းအတိုက်အခိုက်တွေ များနေတတ်လို့ အပြောအဆို ဆင်ခြင် ပါ။စာချုပ်စာတမ်းကိစ္စတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ဒီရက်ပိုင်းခါး၊ခြေ၊သွားကိုက်စတာတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ အနှောင့်အယှက်တွေကိုရှောင်လိုက်ပါ။ သေချာပေါက် လိုရာရောက်ပါလိမ့်မယ်။ လုပ်ငန်းခွင် စာမေးပွဲ ရာထူး စာမေးပွဲ ဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင် များ စကားများကွဲကွာရကိန်းရှိပါတယ်။ စိတ်လျော့ထားသင့်ပါတယ်။ ငယ်ရွယ်သူများ မထင်မှတ်ဘဲအချစ်ရေးအနှောင့်အယှက်ရှိတတ်ပါတယ်။ အိမ်ထောင်ရှင်များကြားလူစကားကြောင့် အချင်းများကိန်းရှိ နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားစေတီများတွင် ယခုတစ်ပတ်လုံး ကြာသပတေးနံပန်း များ၊အသီးအနှံများဖြင့် ပူဇော်ကပ် လှူပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဂုဏ်တော်ကွန်ခြာကိုနေ့စဉ် မနက်ညပုံမှန် ၉ ပတ်ရအောင် စိပ်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီများ ရှိ ကြာသပတေး ထောင့် တွင် မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။အချစ်ရေး အဆင် မပြေပါက ကြာသပတေးနံသတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာ အစာ ကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် အမှိုက်များ ရှင်းလင်း ပေးခြင်းက အကောင်းဆုံးဖြစ် သည်။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါ သက်စေ့လွှတ်ပါ။

ထီကံကောင်းလိုသူများ။  ။ကားနှင့်ရောင်းသောထီဆိုင် သင့်ရှေ့ရောက် လာပါက ၆ ဂဏန်းများများပါတဲ့ ထီဂဏန်းကိုထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ ၾကာသပေတးသား သမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းဒြိဟျဖစ္စရာေတြ  ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ႀကဳံ လာစရာရွိေပမယ့္ တဇြတ္ထိုးမလုပ္သင့္တဲ့ အခ်ိန္ပါ။ အမွားႀကဳံတတ္ ပါတယ္။ အလုပ္မ်ားေန တတ္သလို ေငြ လည္းၾကပ္ေနတတ္ပါတယ္။ လုပ္ငန္းခြင္အတြင္းအတိုက္အခိုက္ေတြ မ်ားေနတတ္လို႔ အေျပာအဆို ဆင္ျခင္ ပါ။စာခ်ဳပ္စာတမ္းကိစၥေတြေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။ ဒီရက္ပိုင္းခါး၊ေျခ၊သြားကိုက္စတာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာေရးကံေကာင္းပါတယ္။ အေႏွာင့္အယွက္ေတြကိုေရွာင္လိုက္ပါ။ ေသခ်ာေပါက္ လိုရာေရာက္ပါလိမ့္မယ္။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူး စာေမးပြဲ ေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္ မ်ား စကားမ်ားကြဲကြာရကိန္းရွိပါတယ္။ စိတ္ေလ်ာ့ထားသင့္ပါတယ္။ ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲအခ်စ္ေရးအေႏွာင့္အယွက္ရွိတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ားၾကားလူစကားေၾကာင့္ အခ်င္းမ်ားကိန္းရွိ ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားေစတီမ်ားတြင္ ယခုတစ္ပတ္လုံး ၾကာသပေတးနံပန္း မ်ား၊အသီးအႏွံမ်ားျဖင့္ ပူေဇာ္ကပ္ လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဂုဏ္ေတာ္ကြန္ျခာကိုေန႔စဥ္ မနက္ညပုံမွန္ ၉ ပတ္ရေအာင္ စိပ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီမ်ား ရွိ ၾကာသပေတး ေထာင့္ တြင္ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။အခ်စ္ေရး အဆင္ မေျပပါက ၾကာသပေတးနံသတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာ အစာ ေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ရွင္းလင္း ေပးျခင္းက အေကာင္းဆုံးျဖစ္ သည္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေရသတၱဝါ သက္ေစ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား။  ။ကားႏွင့္ေရာင္းေသာထီဆိုင္ သင့္ေရွ႕ေရာက္ လာပါက ၆ ဂဏန္းမ်ားမ်ားပါတဲ့ ထီဂဏန္းကိုထိုးပါ။