【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း စက်ပစ္စည်းနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေတတ်ပါတယ်။ လုပ်ငန်း လမ်းစသစ်၊ အခွင့်အရေးသစ်များ ပေါ်ပေါက်လာတတ်ပါသည်။ ကံကောင်းရန် ပါလေ။ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး ပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။လုပ်ငန်းပိုင်းမှာဆက် တိုက်အလုပ်တွေ များနေလို့ စိတ်ရှုပ်နေတတ်ပါပေမယ့် နောက်ဆုံး မှာ အလုပ်ထဲ သင့်နာမည်တက်ကိန်းရှိပါတယ်။လူကြီးသူမတွေဆောင်မ ကိန်းရှိပါတယ်။ ငွေဝင်သလို ငွေကုန်လည်းများနေ တတ်တာမို့ ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။ ဒီရက်ပိုင်း အသင်းအဖွဲ့တွေမှာ ငွေကိုင် တွယ်ဖို့ တာဝန်ပေးရင် ငြင်းပယ်ပါ။ငွေကြေးကြောင့် ရှင်းရတတ်ပါတယ်။ ပညာရေး ကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။ မျှော်မှန်းထား သလို မဖြစ်ဘဲနေတတ်ပါတယ်။ မိသားစုအတွင်း  စကား ကတောက် ကဆ ဖြစ်နေတတ်ပါက လာဘ်ပိတ်နေတတ်ပါတယ်။ ကျန်းမာရေး ကတော့ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင် သည်တွေ ချစ်သူတွေ အကျီစားသန်ပြီး သွေးထွက် သံယိုကိန်းဖြစ်တတ် ပါ တယ်။ သစ္စာရှိဖို့ လိုပါတယ်။ဒီတစ်ပတ် သက်ကြီးရွယ်အိုများအား ဖိနပ်လှူဒါန်းတာက သင့်ကံတွေကို ထောက်ကူ ဖွင့်ပေးသလိုဖြစ်တတ် ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သစ်တော်သီးကို  ဆွမ်းကပ်လှူ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သံဃာများကို ထီးဖိနပ် သင်္ကန်း ကပ်လှူပေးပါ ။ နံနက်တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ကျိုက်အမည် ပါသော ဘုရားစေတီ၏ ပန်း ၅ မျိုးဖြင့်  ပဋ္ဌာန်း ကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ မိမိမွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ ရောက်လာသည့် ကလေးငယ်ကို  ကောက်ညှင်းပြန်ပေါင်းကျွေး ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း။စေတီများတွင် ကျောင်း အိမ်သာ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီး ရွယ်အိုတွေ့ပါက ကားခလှူပေးပါ။

ထီကံကောင်းလိုသူများ။  ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၁/၆ ဂဏန်း များများပါအောင် ထီထိုးပေးပါ။

(  Zawgyi  )

 ယခုရက္ပိုင္းအတြင္း စက္ပစၥည္းႏွင့္ပတ္သက္ေသာ လုပ္ငန္းမ်ား အဆင္ေျပတတ္ပါတယ္။ လုပ္ငန္း လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား ေပၚေပါက္လာတတ္ပါသည္။ ကံေကာင္းရန္ ပါေလ။ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။လုပ္ငန္းပိုင္းမွာဆက္ တိုက္အလုပ္ေတြ မ်ားေနလို႔ စိတ္ရႈပ္ေနတတ္ပါေပမယ့္ ေနာက္ဆုံး မွာ အလုပ္ထဲ သင့္နာမည္တက္ကိန္းရွိပါတယ္။လူႀကီးသူမေတြေဆာင္မ ကိန္းရွိပါတယ္။ ေငြဝင္သလို ေငြကုန္လည္းမ်ားေန တတ္တာမို႔ ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။ ဒီရက္ပိုင္း အသင္းအဖြဲ႕ေတြမွာ ေငြကိုင္ တြယ္ဖို႔ တာဝန္ေပးရင္ ျငင္းပယ္ပါ။ေငြေၾကးေၾကာင့္ ရွင္းရတတ္ပါတယ္။ ပညာေရး ကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္ပါတယ္။ ေမွ်ာ္မွန္းထား သလို မျဖစ္ဘဲေနတတ္ပါတယ္။ မိသားစုအတြင္း  စကား ကေတာက္ ကဆ ျဖစ္ေနတတ္ပါက လာဘ္ပိတ္ေနတတ္ပါတယ္။ က်န္းမာေရး ကေတာ့ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္ သည္ေတြ ခ်စ္သူေတြ အက်ီစားသန္ၿပီး ေသြးထြက္ သံယိုကိန္းျဖစ္တတ္ ပါ တယ္။ သစၥာရွိဖို႔ လိုပါတယ္။ဒီတစ္ပတ္ သက္ႀကီး႐ြယ္အိုမ်ားအား ဖိနပ္လႉဒါန္းတာက သင့္ကံေတြကို ေထာက္ကူ ဖြင့္ေပးသလိုျဖစ္တတ္ ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး သစ္ေတာ္သီးကို  ဆြမ္းကပ္လႉ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သံဃာမ်ားကို ထီးဖိနပ္ သကၤန္း ကပ္လႉေပးပါ ။ နံနက္တိုင္း မဂၤလသုတ္ကို ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။က်ိဳက္အမည္ ပါေသာ ဘုရားေစတီ၏ ပန္း ၅ မ်ိဳးျဖင့္  ပ႒ာန္း ကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ မိမိေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သို႔ ေရာက္လာသည့္ ကေလးငယ္ကို  ေကာက္ညႇင္းျပန္ေပါင္းေကြၽး ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း။ေစတီမ်ားတြင္ ေက်ာင္း အိမ္သာ သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီး ႐ြယ္အိုေတြ႕ပါက ကားခလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ကားႏွင့္ေရာင္းေသာထီဆိုင္တြင္ ၁/၆ ဂဏန္း မ်ားမ်ားပါေအာင္ ထီထိုးေပးပါ။