【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့်တိုင်ပင်ဆောင်ရွက်တာအကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးကတအားဝင်ပြီး တအားထွက်နေလို့ အဖတ်မတင်ဖြစ်နေပါလိမ့်မယ်။ ဒီရက် တွေမှာသွေးရင်းသားရင်းမိသားစုဝင်တွေ ၊ဆရာသမားတွေကြောင့် ဗျာများမယ့် အချိန် ကာလပါ။ ဒီအချိန်မှာလုပ်ငန်းသစ် စတာတွေ၊အလုပ်ပြောင်း တာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းပါ။မစီစဉ်ထားဘဲ ပြည်ပခရီးသွားရတာတွေ ရှိတတ်သလို ခရီးသွား လာရေးလုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့မယ့် ကာလည်း ဖြစ်နေပါတယ်။စီပွားရေး လုပ်ငန်းရှင်တွေဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေ မြေအရောင်း အဝယ်တွေ အလုပ်ပြန်ဖြစ်မယ့်ကာလ ဖြစ်သလို စပ်တူလုပ်ကိုင်လိုသူတွေ လက်ခ မောင်း ခတ်ရလောက်အောင် အောင်မြင်တတ်တဲ့ ကာလပါ။ ရွှေသမားတွေ သတိထား ရောင်းဝယ်ပါ။ လူလိမ်ခံရကိန်းရှိပါတယ်။  ကျန်းမာရေးကတော့ ညံတတ်လို့ သတိထား သင့်ပါတယ်။ ပညာသင်နေတဲ့သူလုပ်ငန်းခွင်ထဲပညာတော်သင်မျှော်မှန်းနေတဲ့ သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာ သင်ကိန်းရှိနေပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာ ရည်မှန်းချက် ပြည်စုံပါမယ်။ ရေလမ်းခရီးရှောင်ပါ။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေ ကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့ တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ်လုံး ထန်းညက် ဖြင့် ဆွမ်းကပ်လှူပါ။  

ပြည်ပထွက်ခွာလိုသူများ။    ။နံနက်စောစောတန်းဆွမ်းကြွသည့် သံဃာတော်များကို သကြား သာကူကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။အိမ်အနီးဘုရားစေတီရှိတနင်္လာထောင့်တွင်  ဒိဝါတပတိဂါထာ သက်စေ့ ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကိုအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာယခုတစ်ပတ်လုံးဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။မကြာခဏဘုရားစေတီများသို့ နံနက်စောစော သွား ကာ ရင်ပြင်၊စင်္ကြံ လမ်းများကိုသန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲ နွမ်းပါးသူ၊ကိုယ်ဝန်ဆောင်များကို ဆေးဝါး ငွေကြေး ထောက်ပံပေးပါ။

ထီကံကောင်းလိုသူများ။     ။မွေးနေ့မွေးရက်နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင် သို့သွားကာ ၄ဂဏန်းအပူးပါသည့်  ထီလက်မှတ်ကိုထိုးပါ။
 

(  Zawgyi  )

 

 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္တိုင္ပင္ေဆာင္႐ြက္တာအေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးကတအားဝင္ၿပီး တအားထြက္ေနလို႔ အဖတ္မတင္ျဖစ္ေနပါလိမ့္မယ္။ ဒီရက္ ေတြမွာေသြးရင္းသားရင္းမိသားစုဝင္ေတြ ၊ဆရာသမားေတြေၾကာင့္ ဗ်ာမ်ားမယ့္ အခ်ိန္ ကာလပါ။ ဒီအခ်ိန္မွာလုပ္ငန္းသစ္ စတာေတြ၊အလုပ္ေျပာင္း တာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။မစီစဥ္ထားဘဲ ျပည္ပခရီးသြားရတာေတြ ရွိတတ္သလို ခရီးသြား လာေရးလုပ္ငန္းလုပ္ကိုင္သူေတြ အခက္ေတြ႕မယ့္ ကာလည္း ျဖစ္ေနပါတယ္။စီပြားေရး လုပ္ငန္းရွင္ေတြေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူေတြ ေျမအေရာင္း အဝယ္ေတြ အလုပ္ျပန္ျဖစ္မယ့္ကာလ ျဖစ္သလို စပ္တူလုပ္ကိုင္လိုသူေတြ လက္ခ ေမာင္း ခတ္ရေလာက္ေအာင္ ေအာင္ျမင္တတ္တဲ့ ကာလပါ။ ေ႐ႊသမားေတြ သတိထား ေရာင္းဝယ္ပါ။ လူလိမ္ခံရကိန္းရွိပါတယ္။  က်န္းမာေရးကေတာ့ ညံတတ္လို႔ သတိထား သင့္ပါတယ္။ ပညာသင္ေနတဲ့သူလုပ္ငန္းခြင္ထဲပညာေတာ္သင္ေမွ်ာ္မွန္းေနတဲ့ သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာ သင္ကိန္းရွိေနပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာ ရည္မွန္းခ်က္ ျပည္စုံပါမယ္။ ေရလမ္းခရီးေရွာင္ပါ။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြ ကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္လုံး ထန္းညက္ ျဖင့္ ဆြမ္းကပ္လႉပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။    ။နံနက္ေစာေစာတန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို သၾကား သာကူကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။အိမ္အနီးဘုရားေစတီရွိတနလၤာေထာင့္တြင္  ဒိဝါတပတိဂါထာ သက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကိုအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာယခုတစ္ပတ္လုံးဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။မၾကာခဏဘုရားေစတီမ်ားသို႔ နံနက္ေစာေစာ သြား ကာ ရင္ျပင္၊စႀကႍ လမ္းမ်ားကိုသန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ကိုယ္ဝန္ေဆာင္မ်ားကို ေဆးဝါး ေငြေၾကး ေထာက္ပံေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ေမြးေန႔ေမြးရက္နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္ သို႔သြားကာ ၄ဂဏန္းအပူးပါသည့္  ထီလက္မွတ္ကိုထိုးပါ။