【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း ဒီရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ် ။ အဖိုး တန် စက်ပစ္စည်တွေ၊ပရိဘောဂ ပစ္စည်းတွေ ဝင်တတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဟူး သားသမီးတွေနဲ့  တိုင်ပင်တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး ပညာရေး ကိစ္စတွေမှာ အောင် မြင် နိုင်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်စာတမ်း ကိစ္စတွေ အထစ်အငေါ့ရှိတတ်လို့ သတိထား သင့်ပါတယ်။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြား လူမျိုးခြား အဆက်အသွယ်အကူအညီကောင်းတွေ ရတတ် ပါတယ်။ တပည့်တွေ သူငယ်ချင်းအရင်းတွေ သစ္စာဖောက် တတ် လို့ သတိထားသင့်ပါတယ်။ ဒီကာလမှာ ဆိုင်သစ်၊ အိမ်သစ် ၊အလုပ်အကိုင် အသစ်ကိစ္စတွေ အောင်မြင်တတ်ပါတယ်။   ပညာရေး ကံကကောင်းနေ ပါတယ်။ အိမ်ထောင်ရှင်များ အဆင်ပြေနေသလောက် ငယ်ရွယ် သူများ ကတော့ ဘာမဟုတ်တာနဲ့ ခဏခဏ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ် တတ် ပါတယ်။ ကျန်းမာရေးမှာ ဆေးစားမှားတတ်ကိန်းရှိလို့ ဆရာဝန် မညွှန်ဘဲ ကိုယ်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားသို့ သွားကာ ပန်းကိုးမျိုး၊သစ်သီးကိုးမျိုးဖြင့် ဘုရားရှင် အား ယခုရက်သတ္တပတ်အတွင်း ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ စာသင်သံဃာတော်အား လွယ်အိတ် တစ်လုံး လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဗုဒ္ဓဟူးထောင့်အရပ်ရှိ ဘုရားစေတီ တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။တတ်နိုင်သလောက်အချိန်ပေးကာ မေတ္တာပို့ပါ။ဓာတ်ဗူး အသစ်ထဲ နှစ်ဦးစလုံးပုံထည့်ကာ တစ်ပတ်တိတိထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီသို့ သွားကာ မိမိနေ့နံထောင့်တွင် သက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။စေတီဘုရားတွင် ကာယကံရှင် ၏နေ့နံထောင့်တွင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားဖြင့် ဗောဇ္ဇင်သုတ် သက်စေ့ရွတ်ဖတ်ပေးပါ ။  

ထီကံကောင်းလိုသူများ ။  ။ ကြုံရာ ထီဆိုင်တွင် ၂/၄ /၆ ဂဏန်းပါအောင် ထိုးပါ။

 

(  Zawgyi   )

 ယခုရက္ပိုင္း ဒီရက္ပိုင္း စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္ ။ အဖိုး တန္ စက္ပစၥည္ေတြ၊ပရိေဘာဂ ပစၥည္းေတြ ဝင္တတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း ဗုဒၶဟူး သားသမီးေတြနဲ႔  တိုင္ပင္တာက သင့္အတြက္ လူမႈေရး ၊စီးပြားေရး ပညာေရး ကိစၥေတြမွာ ေအာင္ ျမင္ ႏိုင္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္း ကိစၥေတြ အထစ္အေငါ့ရွိတတ္လို႔ သတိထား သင့္ပါတယ္။ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခား လူမ်ိဳးျခား အဆက္အသြယ္အကူအညီေကာင္းေတြ ရတတ္ ပါတယ္။ တပည့္ေတြ သူငယ္ခ်င္းအရင္းေတြ သစၥာေဖာက္ တတ္ လို႔ သတိထားသင့္ပါတယ္။ ဒီကာလမွာ ဆိုင္သစ္၊ အိမ္သစ္ ၊အလုပ္အကိုင္ အသစ္ကိစၥေတြ ေအာင္ျမင္တတ္ပါတယ္။   ပညာေရး ကံကေကာင္းေန ပါတယ္။ အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသေလာက္ ငယ္႐ြယ္ သူမ်ား ကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္ တတ္ ပါတယ္။ က်န္းမာေရးမွာ ေဆးစားမွားတတ္ကိန္းရွိလို႔ ဆရာဝန္ မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ ကိုယ္မေသာက္ပါနဲ႔။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားသို႔ သြားကာ ပန္းကိုးမ်ိဳး၊သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္ အား ယခုရက္သတၱပတ္အတြင္း ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ စာသင္သံဃာေတာ္အား လြယ္အိတ္ တစ္လုံး လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဗုဒၶဟူးေထာင့္အရပ္ရွိ ဘုရားေစတီ တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။တတ္ႏိုင္သေလာက္အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ဓာတ္ဗူး အသစ္ထဲ ႏွစ္ဦးစလုံးပုံထည့္ကာ တစ္ပတ္တိတိထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီသို႔ သြားကာ မိမိေန႔နံေထာင့္တြင္ သက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ေစတီဘုရားတြင္ ကာယကံရွင္ ၏ေန႔နံေထာင့္တြင္ ကိုယ္တိုင္ (သို႔မဟုတ္) ကိုယ္စားျဖင့္ ေဗာဇၨင္သုတ္ သက္ေစ့႐ြတ္ဖတ္ေပးပါ ။  

ထီကံေကာင္းလိုသူမ်ား ။  ။ ႀကဳံရာ ထီဆိုင္တြင္ ၂/၄ /၆ ဂဏန္းပါေအာင္ ထိုးပါ။