【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမထင်မှတ်ဘဲ ဘာသာရေး၊ပညာရေး၊အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာ တတ်ပါတယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ် ပါတယ်။ ခရီးတိုတွေ မကြာခဏထွက်ရကိန်းရှိပါတယ်။ ယခုရက်ပိုင်း အတွင်း လူမှုရေး ၊စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ သောကြာသားသမီးတွေနဲ့ တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ ဒီကာလမှာ အလုပ်ကောင်းနေလို့ ငွေကံလဲ ကောင်းနေ တတ်ပါတယ်။ ကိုယ်ပိုင်အလုပ်တွေအပါအဝင် နေရာသစ် လုပ်ငန်း သစ်အိမ်ရာသစ် ကိစ္စတွေအား လုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ ရောင်းပန်း ဝယ်ပန်းတွေ ပွင့်လိမ့်မယ်။ လုပ်ငန်းချဲ့ထွင်နိုင်ပါလိမ့်မယ်။ အိမ်အတွင်း အင်းပျက်၊အဆောင်ပျက်တွေ ရှိရင် စွန့်ပစ်ပါ။ စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။ မိသားစု အတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ ကုန်ခြောက်လုပ်ငန်းတွေ  အကျိုးပေးပါလိမ့်မယ်။ ပညာရေးကံ ကောင်းနေ တတ်ပါတယ်။မြင့်မားတဲ့ ပညာသင်ခွင့် အခွင့်အရေး အရမ်းကောင်းနေပါတယ်။  အိမ်ထောင်ရှင်များ သမီးရည်းစားများ ခဏတာခွဲခွာရကိန်း ရှိပေမယ့် ငယ်ရွယ်သူနဲ့ လူလွတ်များ ချစ်သူတွေ့ ကိန်းရှိနေ ပါတယ်။  ကျန်းမာရေးမှာ အအိပ်အစားပျက်တာတွေ၊ အစာမကြေတာ ရင်ပြည့်တာမျိုး တွေ ဖြစ်တတ် ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သစ္စာပန်း ကပ်လှူ ကာ ရှင်သီဝလိဂါထာ ၉ ခေါက် ယခုတစ်ပတ်လုံး ဘုရားရှိခိုးတိုင်း ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသောအရပ်ထောင်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်း တစ်ခုခု လှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံး အောက်ထား အိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ ချစ်သူကို အိမ်ထောင်ဖက်ကို ထမနဲ ခွံ့ကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်ရှိ ပန်းခြောက်များ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ငါး၊လိပ် စသည် ရေသတ္တဝါများကို အစာကြွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ။  ။ ကလေးငယ်ထိုင်နေသည့် ထီဆိုင်တွေ့ပါက ၂ အစ ၆ အဆုံး ထီထိုးပေး ပါ။

( Zawgyi  )

 ဒီရက္ပိုင္းအတြင္းမထင္မွတ္ဘဲ ဘာသာေရး၊ပညာေရး၊အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာ တတ္ပါတယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ ပါတယ္။ ခရီးတိုေတြ မၾကာခဏထြက္ရကိန္းရွိပါတယ္။ ယခုရက္ပိုင္း အတြင္း လူမႈေရး ၊စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေသာၾကာသားသမီးေတြနဲ႔ တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ ဒီကာလမွာ အလုပ္ေကာင္းေနလို႔ ေငြကံလဲ ေကာင္းေန တတ္ပါတယ္။ ကိုယ္ပိုင္အလုပ္ေတြအပါအဝင္ ေနရာသစ္ လုပ္ငန္း သစ္အိမ္ရာသစ္ ကိစၥေတြအား လုံး ဒီကာလအတြင္း ေကာင္းပါလိမ့္မယ္။ ေရာင္းပန္း ဝယ္ပန္းေတြ ပြင့္လိမ့္မယ္။ လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ပါလိမ့္မယ္။ အိမ္အတြင္း အင္းပ်က္၊အေဆာင္ပ်က္ေတြ ရွိရင္ စြန႔္ပစ္ပါ။ စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။ မိသားစု အတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ ကုန္ေျခာက္လုပ္ငန္းေတြ  အက်ိဳးေပးပါလိမ့္မယ္။ ပညာေရးကံ ေကာင္းေန တတ္ပါတယ္။ျမင့္မားတဲ့ ပညာသင္ခြင့္ အခြင့္အေရး အရမ္းေကာင္းေနပါတယ္။  အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား ခဏတာခြဲခြာရကိန္း ရွိေပမယ့္ ငယ္႐ြယ္သူနဲ႔ လူလြတ္မ်ား ခ်စ္သူေတြ႕ ကိန္းရွိေန ပါတယ္။  က်န္းမာေရးမွာ အအိပ္အစားပ်က္တာေတြ၊ အစာမေၾကတာ ရင္ျပည့္တာမ်ိဳး ေတြ ျဖစ္တတ္ ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သစၥာပန္း ကပ္လႉ ကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ယခုတစ္ပတ္လုံး ဘုရားရွိခိုးတိုင္း ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုေသာအရပ္ေထာင္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္း တစ္ခုခု လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံး ေအာက္ထား အိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ခ်စ္သူကို အိမ္ေထာင္ဖက္ကို ထမနဲ ခြံ႕ေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ငါး၊လိပ္ စသည္ ေရသတၱဝါမ်ားကို အစာေႂကြးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ကေလးငယ္ထိုင္ေနသည့္ ထီဆိုင္ေတြ႕ပါက ၂ အစ ၆ အဆုံး ထီထိုးေပး ပါ။